" ဆိုင်ကယ်မုန်းသော အညာသူ " အပိုင်း ၄


.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

ရွာထဲသို့သွားရန် ဗိမ္မာန်မှအထွက်...



" ဒီမှာရှင့်. . .ကျမလည်းရှင်နဲ့လိုက်ချင်တယ် "



အသံလာရာဆီသို့ကြည့်လိုက်ရာ ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ရပ်နေသော မိုးစက်ဝေကို ရဲရင့်သူတွေ့လိုက်ရလေသည်။ သူမ မိမိအပေါ်သို့ ဆက်ဆံရေးအတော်ပင်ပြေလည်လာကြောင်း သိရသဖြင့် အကြေနပ်ကြီးကြေနပ်မိသော်လည်း ယခုလိုညကြီးအချိန်မတော် အပြင်ထွက်မည့်အရေးတွင်တော့ ရဲရင့်သူ သူမကိုခေါ်မသွားလို။ ထို့ကြောင့် မလိုက်ဖို့ရန်နားချလိုက်လေ၏။



" ညမှောင်နေပြီ မိုးစက်ဝေရဲ့၊ မလိုက်ပါနဲ့ တော့လား၊ အေးကလည်းအေးနဲ့၊ အကိုကမထွက်မဖြစ် ကိစ္စလေးတွေရှိလို့ ထွက်ရမှာ၊ ဗိမ္မာန်မှာနွေးနွေးထွေးထွေးအိပ်ကျန်ရစ်ခဲ့၊ လိမ္မာတယ်နော် "



ထိုအခါ မိုးစက်ဝေက နှုတ်ခမ်းလေးကို ဆူ၍



" မသိဘူး. .လိုက်မှာပဲ၊ ရွာကလူတွေရဲ့ အတွင်းရေးတွေ နဂိုလ်ကတည်းက ကျမက သိချင်နေတာ၊ ကျမစိတ်ထဲ မသင်္ကာတာတွေလည်းအများကြီးရယ်။ ဒါပေမယ့် ကျမတစ်ယောက်တည်းဆို အိမ်စောင့်နတ်တွေက ပေးဝင် မဝင်မသေခြာလို့ မသွားဖြစ်ခဲ့ဘူး၊ ပြီးတော့ နတ်ကြီးဦးတင်ရှိန်ကလည်း ညဘက်အချိန်မတော် ကိုယ်အပိုင်စားတဲ့နေရာမဟုတ်ဘဲ လျှောက်သွားရင် မကြိုက်ဘူးလေ။



ခုတော့ ရှင့်မျက်နှာနဲ့ အိမ်စောင့်နတ်တွေကော ဦးတင်ရှိန်ကြီးကိုပါ အေးဆေးဖြစ်သွားတော့မှာ ဟဲ ဟဲ . .။ ကျမကိုခေါ်သွားပါရှင်၊ ရွာထဲမှာ ဘယ်သူက ဘယ်လိုဆိုတာ သူတို့ရဲ့နောက်ကွယ်က သရုပ်မှန်ကို သေခြာသိချင်လို့ပါ "



ဟု မျက်နှာချိုသွေးကာ ကလေးတစ်ယောက်နှယ် ပူဆာနေလေတော့သည်။ သူမ၏ ပုံစံမှာ မလိုက်ရလျှင် မဖြစ်ဟူသည့်ဟန်။



သူမပြောပြသည်များမှာလည်း အကြောင်းတော့ လျှော်လှပေ၏။ မိန်းခလေးပီပီ သူမရွာ၏ ဇာတ်လမ်းများကို သူမ စပ်စုသိရှိလိုမည်မှာ မလွန်လှ။ ရဲရင့်သူအနေဖြင့်လည်း ကောင်းမွန်စပြုလာပြီဖြစ်သည့် သူမနှင့်ဆက်ဆံရေးအား ပိုမိုခိုင်မြဲအောင် တည်ဆောက်လိုပေသည်။ ထို့အပြင် မိမိတစ်ယောက်တည်း ဘာမသိညာအသိ လျှောက်သွားနေခြင်းထက် သူမကဲ့သို့ ရွာခံတစ်ဦးပါက ပိုမိုအဆင်ပြေမည်ဟု၍ တွေးမိပြန်၏ ။ ထို့ကြောင့် သူမ၏ ဆန္ဒကိုငြင်းဆန်မနေတော့ဘဲ ရွာထဲသို့ခေါ်သွားရန် ခေါင်းငြိမ့်လိုက်မိလေတော့သည်။

.

.

.

တကယ်တမ်း သွားရလာရပြီဆိုသောအခါ ရဲရင့်သူဘယ်သွားလို့သွားရမှန်းမသိ။ မိုးစက်ဝေကို ခေါ်လာမိသည်မှာ အတော်မှန်သွားပေသည်။ ရဲရင့်သူအနေဖြင့် ဘုရားသို့သွားရင်း မျက်မှန်းတန်းမိကာ လေးစားအားကျနေသူတစ်ဦးရှိ၏။ ထိုသူမှာ ဘုရားလူကြီး ဦးဉာဏ်တင်ဟု အမည်ရလေသည်။ ဦးဉာဏ်တင်သည် သူ၏ ဇနီးသည်နှင့်အတူ မနက်တိုင်းလိုလို ဘုရားသို့လာကာ ရင်ပြင်တော်တံမြက်စည်းလှည်းပြီး ဘုရားဝတ်ပြုလေ့ရှိ၏။ ထို့နောက် ဆြာတော်ကြီးကိုလည်း ဝင်ရောက်ဝတ်ပြုကာ တရားဓမ္မများလျှောက်ထားနာကြားလေ့ ရှိသည်။



၎င်းတို့လင်မယားကို မြင်ရသည်မှာ လင်နှင့်မယား အသက်အနည်းငယ်ကွာသည်ကလွဲ၍ ရှေ ့သွားနောက်လိုက်ညီလှပေ၏။ အသက်ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့်ကြီးဟန်ရှိသော ဦးဉာဏ်တင်က သူ၏ ဇနီးသည်ငယ်ငယ်ကို လွန်စွာ ကြင်နာယုရပုံပေါက်ပြီး၊ ဇနီးသည်ကလည်း ဦးဉာဏ်တင်ကို အတော်ပင်ဖေးဖေးမမဖြင့် တလေးတစားရှိပုံရလေသည်။ ၎င်းတို့ဇနီးမောင်နှံကို မမြင် မြင်ရသည့်အချိန်တွင် . . ချစ်သူ၏သစ္စာဖောက်ခြင်းအား ခံခဲ့ရသော ရဲရင့်သူတစ်ယောက် အဖို့တော့ စိတ်ချမ်းသာခြင်းကော ယူကြုံးမရဖြစ်ခြင်းကိုပါ တပြိုင်တည်းခံစားရလေ၏။



ယခုလို ညဘက်လှည့်လှည်ဖြစ်သည့်အခါ ရဲရင့်သူအနေဖြင့်. . ဦးဉာဏ်တင်တို့လင်မယားနှစ်ယောက်၏ အခြေအနေကို အမြင်နှင့် လက်တွေ့ ကိုက်မကိုက် . . သွားရောက် လေ့လာကြည့်ရှု လိုလှပေသည်။ သို့သော် အိမ်မသိ။ ထိုကြောင့် ၎င်းတို့အိမ်ရှိရာသို့ မိုးစက်ဝေကိုပင် လမ်းညွှန်ခိုင်းရလေတော့၏။

.

.

.

ဦးဉာဏ်တင်အိမ်သို့ ရဲရင့်သူတို့ ရောက်ရှိခဲ့လေပြီ။ ရွာခံသူဌေးတစ်ဦး၏အိမ် ဖြစ်သည့်အားလျှော်စွာ ခြံဝန်းကျယ်သလောက် အိမ်မှာလည်း အတော်အတန်ပင် ကြီးမားသည်ဟု ဆိုနိုင်ပေသည်။ အိမ်စောင့် နတ်က ရဲရင့်သူကိုတွေ့လျှင်တွေ့ခြင်း အမြန်နေရာပေးကာအိမ်ပေါ်မှ ဆင်းပေးလေသည်။ သို့သော်မျက်နှာတော့မကောင်းလှ။ ရဲရင့်သူလည်း အိမ်စောင့်နတ်ကိုကြည့်ကာ ဦးဉာဏ်တင်တို့၌ အိမ်တွင်းပြသနာ တစုံတရာရှိလိမ့်မည်ဟု ကြိုတင်တွေးထင်လျှက် မိုးစက်ဝေ၏လက်ကိုဆွဲကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်လေတော့၏။



ပထမဦးစွာ. . နှစ်ယောက်သား မီးရောင်သဲ့သဲ့ရှိသောအခန်းသို့ ဝင်ခဲ့ကြရာ ဇာခြင်ထောင်တစ်လုံးထောင်ထားသည်ကိုတွေ ့ရလေသည်။ ထိုခြင်ထောင်ထဲ၌ ဆံပင်ဖားလျားချထားသော အမျိုးသမီးတစ်ဦးက ပက်လက်အိပ်နေသည့်အမျိုးသားတစ်ဦးအပေါ်သို့ ခွထိုင်ကာ ဖြေးညှင်းစွာလှုပ်ရှားနေလေ၏။ အမျိုးသမီးသည် ခါးတွင် လုံချည်မရှိတော့သလို၊ အင်္ကျ ီမှာလည်း ရင်ဘတ်ဟကွဲဖြစ်၍ ဖြူဖြူဖွေးဖွေးရင်နှစ်မွှာသည်ကား သူမ၏စည်းချက်ကိုလိုက်ကာ တသိမ့်သိမ့်တုန်လျှက်။



အမျိုးသားက အောက်မှ မိန်းမောဇိမ်ခံနေသကဲ့သို့၊ အမျိုးသမီးကလည်း အမျိုးသား၏မျက်နှာကို စူးစိုက်ငုံ ့ကြည့်ရင်း သူမ၏တာဝန်ကို အရှိန်မှန်မှန်ဖြင့် ထမ်းဆောင်နေလေသည်။ သက်ပြင်းရှိုက်သံများ၊ ရှီးသပ်သံများ၊ တဟင်းဟင်းငြီးသံများကတော့ အခန်းအတွင်း မတိုးမကျယ်ပြန့်လွင့်လို့နေကြလေ၏။



" ဟယ်. . ဦးဉာဏ်တင်ကြီး မိန်းမ မမြရင်နဲ့၊ သူ့ရဲ့မောင် ကိုစိုးမြင့်ကြီးတော့်. .. ဘယ်လိုတွေတောင်လား . . ."



မိုးစက်ဝေ နှ ုတ်ဖျားမှ အာမေဋိတ်သံလေးများထွက်ကြလာလေသည်။ ရဲရင့်သူကတော့ တစ်စုံတစ်ရာ ပြန်မပြောဘဲ သူမကို ခပ်ပြုံးပြုံးသာ တစ်ချက်ကြည့်လိုက်လေ၏။ ထို့နောက်



" လာ. . ဦးဉာဏ်တင်ကြီး ဘယ်လိုဖြစ်နေလည်း သွားကြည့်ကြမယ်. ."



ဟုဆိုကာ သူမအား ထိုအခန်းထဲမှ ဆွဲခေါ်လိုက်ခဲ့လေတော့သည်။

.

.

အခန်းမှာ မှောင်နေသော်လည်း ရဲရင့်သူတို့အဖို့တော့ အားလုံးကို ရှင်းလင်းစွာမြင်ရလေသည်။ ဦးဉာဏ်တင်ကြီးမှာ နှစ်ယောက်အိပ်ကုတင်ကြီး တစ်လုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြုက်အိပ်မောကျနေလျှက်။



သို့သော် ရဲရင့်သူတို့ အထင်မှားခဲ့လေပြီ။ အခန်းတွင်းသို့ ၎င်းတို့ရောက်လာပြီး ခေတ္တာအကြာ၌ ဦးဉာဏ်တင်ကြီးမှာ မျက်လုံးပွင့်လာပြီး အခန်းနံရံ ဘက်ဆီသို့ လျှောက်သွားလေတော့၏။ ထို့နောက် ကာရံထားသော ထရံကာမှ အပေါက်တစ်ခုကိုလှပ်ကာ တစ်ဖက်ခန်းသို့ ခြောင်းကြည့်၍ ပုဆိုးကြားသို့ လက်ထည့်လိုက်လေသည်။



ရဲရင့်သူလည်း. .မိမိ လေးစားအားကြခဲ့ရသော ပုဂ္ဂိုလ်ကြီးမှာ တကယ်တမ်းတွင် နွားကြီးလုံးလုံးဖြစ်နေပါပေါ့လား. . ဟုတွေးမိလျှက် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရလေတော့၏။ ထို့အပြင် ဤကဲ့သို့ မြင်ကွင်းမျိုးများအား မိုးစက်ဝေကို ဆက်မမြင်စေလိုတော့။ ထို့ကြောင့် သူမဘက်သို့လှည့်ကာ



" တွေ့လား. .မိုးစက်ဝေ။ လောကမှ ကိုယ်သိထား ကိုယ်မြင်ထားတာတွေရဲ့နောက်ကွယ်မှာ၊ ပြောပြလို့မရတဲ့ ဇာတ်လမ်းတွေလည်းရှိနေတတ်ကြတယ်။ အချို့အရာတွေမှာ အဲ့ဇာတ်လမ်းတွေအထိ သိအောင်လုပ်နိုင်မှ အမှန်တရားနဲ ့နီးစပ်မယ်. . "



ဟု စကားဆိုလျှက် . . ယခင်မမြင်ဖူးခဲ့သည်များကို နဖူးတွေ့ဒူးတွေ ့ မြင်တွေ ့လိုက်ရ၍ တဆတ်ဆတ်တုန်ယင်နေသည့် သူမ၏လက်ကို ဆွဲကာ အိမ်ထဲမှ ပြန်ထွက်ခဲ့လေတော့၏။

.

.

" ဦးဉာဏ်တင်ကြီးက ဘယ်လိုကြီးလည်းမသိဘူးနော်။ သူ့မိန်းမဖောက်ပြန်နေတာကိုသိသွားရင် ဒေါသူပုန်ထလိမ့်မယ်လို့ ကျမကထင်နေတာ။ ခုတော့ သူက ဒေါသူပုန်ထဖို့နေနေသာသာ ဟွန်းးး မပြောလိုက်ချင်ဘူး. . ။ ပြီးတော့ မမြရင်ကလည်း မောင်အရင်းနဲ့ ပြန်ဖြစ်ရတယ်လို့. .. "



" ဒီမှာ. .ဆြာမလေးရဲ့ မမြရင်ရဲ့မောင်ကိုစိုးမြင့် ဆိုတာက ဒီရွာသားလား၊ ဒါမှမဟုတ် အခြားရွာသားလား၊ အခြားရွာသားဆိုရင် ရွာကိုရောက်တာကြာပြီလား. . "



" အင်းး. . မမြရင်တို့က မြင်းခြံဘက်ကရှင့် ဒီရွာဇာတိတွေမဟုတ်ကြဘူး။ သူ့မောင်ဆိုတာကလည်း ဒီရွာကိုရောက်တာသိပ်မကြာသေးဘူး။ ကျမ မသေခင် တစ်နှစ်လောက်ကမှရောက်တာ "



" သြော်. ဒါဆိုအဖြေကရှင်းနေတာပဲ။ သူ့မောင်မဟုတ်လို့ ဖောက်ပြန်တာပေါ့။ ဒီလိုကွာ. . ဦးဉာဏ်တင်နဲ့ မမြရင်က အသက်ကွာကြတယ်။ ဒီကြားထဲ အဖိုးကြီးက ရောဂါရှိလားဘာလားမပြောတတ်ဘူး. .မမြရင် အလိုကြအောင် မစွမ်းဆောင်နိုင်တော့ဘူး။ အဲ့ဒီမှာတင် မမြင်ရင်က ငယ်ငယ်က သူနဲ့ဖြစ်ခဲ့ဖူးတဲ့ကောင်ကို သူ့မောင်ဆိုပြီး အိမ်ပေါ်ခေါ်တင်. .ဖောက်ပြန်တော့တာပဲ။ ဒါကို အဘိုးကြီးက သိလျှက်နဲ့ မိန်းမကိုချစ်တဲ့ဇောကြောင့် မိန်းမဆန္ဒပြည့်ရင် ပြီးကောဆိုပြီး လွှတ်ပေးထားတယ်။ နောက်ပိုင်း သူကပါ သူ့မိန်းမနဲ့ ကိုစိုးမြင့် အတူတူနေကြတာကို ကြည့်ပြီး အရသာခံရတာ ဘဝင်တွေ့လာပုံရတယ်။ ဇာတ်လမ်းက ဒါပဲလေ. . "



" သြော်. .အဲ့လိုကြီးလား. .. ခ် ခ် "



" အဲ့လိုကြီး အဲ့လိုကြီး "



ရဲရင့်သူနှင့် မိုးစက်ဝေတို့ နှစ်ယောက်သား ရွာလမ်းလမ်းမပေါ်တွင် ဖြေးဖြေးခြင်းလျှောက်ကာ ဦးဉာဏ်တင်တို့အကြောင်း အထက်ပါအတိုင်း ပြောဆိုဆွေးနွေးလာဖြစ်ခဲ့ကြလေသည်။ ထို့နောက် ရဲရင့်သူက မိုးစက်ဝေသွားလိုသည့်နေရာကိုမေးမြန်းရာ သူမ၏အိမ်သို့သွားရောက်ကြည့်ရှုလိုကြောင်းပူဆာလေ၏။



သို့သော် ရဲရင့်သူအနေဖြင့် လောလောလတ်လတ်တွင် နတ်ကြီးဦးတင်ရှိန်ဖြင့် အတိုက်အခံမလုပ်လို၍. . အချိန်တန်က သူမ၏အိမ်သို့သွားရမည်ဖြစ်ကြောင်း ပြောဆိုချော့မော့ကာ ယခုအခါတော့ အချိန်မသင့်သေး၍ အခြားနေရာတစ်ခုခု ပြောင်းလည်းရွေးချယ်ရန် တိုက်တွန်းရလေသည်။ ထိုအခါ မိုးစက်ဝေက သူမ၏ မေးဖျားလေးကို လက်ဖြင့်ကိုင်ကာ အတန်ကြာအောင်စဉ်းစားပြီးမှ



" ဟာ. .ဒါဆို စာရေးဆြာမထူး ဆီကိုသွားမယ်. . သူက ကျမလေးစားအားကျရတဲ့ စာရေးဆြာမတစ်ယောက်ပဲ။ ကျမတို့မိန်းကလေးတွေအတွက် စံပြပေါ့။ ခုညပိုင်း သူ့အခြေအနေဘယ်လိုရှိလည်း ကျမသွားကြည့်ချင်တယ် "



ဟု သူမ၏ဆန္ဒကို ထုတ်ဖော်ပြောကြားလေသည်။ ထို့ကြောင့် ရဲရင့်သူလည်း စာရေးဆြာမထူး ဟူသည့် ပုဂ္ဂိုလ်၏အိမ်ရှိရာသို့ မိုးစက်ဝေကိုလမ်းပြစေ လိုက်လေတော့၏။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

" နေပါဦးမမလေးရဲ့ ခဗျားတို့တောမှာ ဘယ်ကစာရေးဆြာမက ရှိနေတာလည်း. . ကျုပ်နားလည်အောင်ရှင်းပြစမ်းပါဦး "



" အောင်မယ်. .သူများတို့ရွာကိုအထင်သေးလို့ ဟွန့်။ ဒီမှာရှင့် မသိရင်မှတ်ထား. .စာရေးဆြာမထူးဆိုတာ မျိုးရိုးစဉ်ဆက်ချမ်းသာလာတာ၊ ဒီရွာမှာအချမ်းသာဆုံးလို့တောင်ပြောလို့ရတယ်။ အဝေးသင်နဲ့လည်း ဘွဲ့ရပြီးသား။ နာမည်ရင်းက ထူးထူးဝေတဲ့။ သူအသက် သုံးဆယ်လောက်မှာ မိဘနှစ်ပါစလုံး ဘုရားဖူးသွားရင်း ကားမှောက်ဆုံးကြတော့ ကျန်ခဲ့တဲ့အမွေတွေနဲ့ အတိုးရင်းပွားချပြီး ရွာလည်အိမ်ကြီးမှာ သူတစ်ယောက်တည်း တင့်တောင့်တင်တယ်နေနေနိုင်တာ။



အိမ်ထောင်လည်းမပြုဘူး။ သူ့ဘာသာသူအေးအေးဆေးဆေး စာရေးတယ်၊ ဘုရားသွားကျောင်းတက်လုပ်တယ် "



" သြော်. . ဟုတ်ပါပြီ. . ခု ကိုယ်မေးနေတာက ဘယ်ကနေဘာ်လိုလုပ် စာရေးဆြာမဖြစ်သွားရသလဲဆိုတဲ့အကြောင်း. . "



" ဒါက ဒီလိုလေ. .ဆြာမထူးက ဂျူးရဲ့ဝတ္ထုတွေကို အများကြီးဖတ်ထားတာ။ ဒါ့ကြောင့် အမျိုးသမီးတွေ ကိုယ့်အားကိုယ်ကိုးကြဖို့၊ ယောကျ်ားတွေလှည့်တိုင်းမယုံမိဖို့၊ ယောကျ်ားတွေကို အထင်မကြီးဖို့. . စသဖြင့် ကျမတို့အမျိုးသမီးထုအတွက် အရေးကြီးတဲ့ ဆုံးမစကားလေးတွေ၊ ပညာပေးဇာတ်လမ်းလေးတွေကို ကောင်းကောင်းရေးတတ်တယ်လေ။ သူ့ရဲ့မိဘတွေမျက်ကွယ်ပြုသွားပြီးနောက်ပိုင်း သူလည်းစာတွေရေးဖြစ်လာပြီး ညောင်ဦးစာတိုက်ကနေတဆင့် မဂ္ဂဇင်းတိုက်တွေ၊ ဂျာနယ်တိုက်တွေကို စာမူတွေပို့နေတာ ဒီနေ့ထိပဲ။ "



" ဟား ဟား ဟား. .ဖြစ်မှဖြစ်ရလေကွာ. .လက်စသတ်တော့ မင်းဆြာမကြီးက ဂျူးတစ်လိုင်းကြီးကိုးး။ စောင်ဘဝင်ခေါ်တာပေါ့ကွာ၊ အလကားဟာတွေပါ. .. ။ ကဲလေ. . ရှိစေတော့. . ဒါနဲ့ မင်းဆြာမက ခု အသက်ဘယ်လောက်လောက်ရှိပြီလဲ "



" အင်းး. . ခုဆိုရင်တော့ လေးဆယ် လေးဆယ့်ငါး လောက်တော့ရှိကရောပေါ့ "



" ခုထက်ထိလည်း လင်မရ အပျိုကြီးပေါ့. . .ဟုတ်လား "



" အောင်မယ်. . မရတာမဟုတ်ပါဘူး၊ မယူတာပါနော်၊ ဆြာမထူးကို လိုချင်တဲ့သူတွေမြန်း တန်းစီနေတာပဲ "



" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ခုမကြာခင် မင်းရဲ ့အဖိုးတန်အမျိုးမှန်ကြီး ဘယ်လောက် အိနြေ္ဒရလည်း မြင့်ရတော့မှာပါ၊ စောင့်သာကြည့်လိုက် "



"ကြည့်တယ်လေ. .ကျမရဲ့ဆြာမထူးက အေးဆေးပဲနေမှာ "



" သေခြာတယ်ပေါ့ "



" လုံးဝသေခြာတယ် . . ဟော. . ပြောရင်းဆိုရင်း ဟိုမှာ ဆြာမအိမ်ရောက်ပြီ "



မိုးစက်ဝေနှင့် အပြန်အလှန် ငြင်းကြခုံကြရင်း ရဲရင့်သူတစ်ယောက် ယောကျ်ားမုန်းဝါဒီ စာရေးဆြာမထူး၏ ခြံရှေ ့သို့ ရောက်ရှိလာခဲ့ရာ . . အနှီ ဘဝင်လေဟတ် ဗုံမဟုတ်ပါတ်မဟုတ် စာရေးဆြာမ၏ ပိတ်ကားနောက်ကွယ်က ဇာတ်လမ်းများကို သိရှိလိုစိတ်များ ပြင်းပြလာခဲ့လေသည်။ ထို့ကြောင့် မိုးစက်ဝေ၏လက်ကိုဆွဲကာ ခပ်မြန်မြန်ပင် ခြံထဲသို့ ဝင်ခဲ့လိုက်လေတော့၏။

.

.

.

ဆြာမထူး၏ အိမ်သို့ရောက်ခဲ့လေပြီ။ အိမ်ကြီးမှာ ခြေတံပါကျွန်းသားတစ်ထပ်အိမ်ကြီးဖြစ်ပြီး အတော်ကြီး၏။ အိမ်စောင့်နတ်မှာ ခပ်ငယ်ငယ်သာရှိသေး၍ ရဲရင့်သူတို့ကိုမြင်သောအခါ ပြုံးဖြီးဖြီးမျက်နှာပေးဖြင့် အိမ်မှဆင်းပေးလေသည်။ ရဲရင့်သူတို့လည်း အိမ်ထဲသို့ဝင်ခဲ့လေရာ ရှေးဦးစွာ မှောင်မဲနေသည့် ဧည့်ခန်းဆောင်ကိုရောက်ရှိလေ၏။



" ဖတ် ဖတ်. . အ. . အင့်. .အမေ့. .



ဖတ် ဖတ် ဖတ် . . အား . . အမလေး. ..အင်းး "



ည၏တိတ်ဆိတ်မှုကို ဖောက်ခွင်းကာ အမျိုးသမီးတစ်ယောက်၏ အော်သံ ငြီးများနှင့် တဖတ်ဖတ်အသံများက အိမ်အတွင်းပိုင်းဆီမှ ရဲရင့်သူတို့နားဝသို့ တိုးဝင်လာလေသည်။ ရဲရင့်သူနှင့် မိုးစက်ဝေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ ဧည့်ခန်းနှင့်ကပ်လျှက် ပထမဆုံးအခန်းသို့ ဝင်ခဲ့လိုက်ကြလေ၏။



အခန်းထဲတွင် ခြင်ထောင်တစ်ခုထောင်ထားသော ကုတင်တစ်လုံးကိုတွေ့ရကာ ထိုကုတင်ပေါ်၌ အသက် ၁၆ နှစ် ၁၇ နှစ်ခန့်ရှိသော ကောင်မလေးတစ်ယောက် အိပ်နေလေသည်။ သူမသည် ရုပ်ရည်အတော်အတန်လှပပြီး ဝတ်ပုံစားပုံအရ အိမ်ဖော်ဖြစ်ဟန်ရလေ၏။ တစ်နေ့တာလုံး အိမ်အလုပ်များဖြင့် ပင်ပမ်းရသည်ထင့်၊ ကောင်မလေးခဗျာ ပါးစပ်အဟောင်းသားအတော်ပင်အိပ်မောကြကာ ခါးရှိထဘီပင်ပြေလျော့နေလေသည်။



ဧည့်ခန်းထဲ၌ ရဲရင့်သူတို့ကြားခဲ့ရသော အသံများကိုလည်း ယခုအိပ်ခန်းမှနေ၍ ပိုမိုနီးနီးကပ်ကပ်ကြားလာရလေ၏။ ထို့ကြောင့် ရဲရင့်သူတို့လည်း ကောင်မလေး၏အခန်းမှ အသံလာရာဆီသို့ ကူးခဲ့ကြလေတော့သည်။

.

.

အသံများ၏ တရားခံတွေ့လေပြီ။ အိမ်အနောက် ညာဘက်ထောင့်စွန်းအခန်းကျယ်အတွင်းရှိ အိပ်ယာထက်တွင် ပိန်ညောင်ရိုးလူတစ်ယောက်က ဒေါ်ထူးထူးဝေအား လေးဘက်ကုန်းခိုင်းကာ အနောက်မှ အသားကုန်ဗြုန်းနေခြင်းဖြစ်လေသည်။



" ဟယ်. . ဆြာမထူးနဲ့ ငမူးဦးဇော်ကြီးတော့်. .. "



မိုးစက်ဝေ ပါးဖျားမှ အာမိဋိတ်သံ ထွက်လာပြန်လေ၏။ သူမ၏ မျက်လုံးအစုံသည်လည်း အံ့သြသည့်အရှိန်ဖြင့် ပြူးကျယ်ဝိုင်းစက် သွားနေလေသည်။ ရဲရင့်သူကတော့ မိုးစက်ဝေဖြစ်နေပုံကိုကြည့်ကာ ခွက်ထိုးခွက်လံရယ်မိလေ၏။



" ဟားး ဟား းး ဟားးး ဟားး း ဟားးး. .. .. .. ဒီမှာ မမလေးရဲ ့ ခမြားပြောတော့ ယောကျ်ားတွေကို အထင်မကြီးတဲ့ ဆြာမကြီးဆို၊ အမျိုးသမီးတွေရဲ ့ စံပြဆို၊ မတရားကို လေးစားစရာကောင်းတယ်ဆို. . ဟား ဟား ဟား ဟား. .ခု ခု တော့. .. ဖြစ် ဖြစ် မှ ဖြစ်ရလေဗျာ. . ဟား ဟားး ဟားး ဟားး ဟားး "



ရဲရင့်သူ ရယ်နေဆဲမှာပင် ငမူးဇော်ကြီးက အရှိန်တင်လိုက်ပြီး လေးငါးဆယ်ချက်ခန့် အားကုန်ဆောင့်ကာ ၎င်းစုံကိုင်ထားသည့် ဒေါ်ထူးထူးဝေ၏ ခါးအား လွှတ်ပေးလိုက်လေသည်။ ဒေါ်ထူးထူးဝေတစ်ယောက်လည်း အသံအတော်ကျယ်သည်အထိ အမလေးချင်းထပ်အောင် အော်ပြီး မွှေ ့ယာထက်သို့ ဟတ်ထိုးပြစ်ကျသွားလေတော့၏။



မိုးစက်ဝေခမြာမှာတော့ အနှီ အထူးတဆန်း ခပ်ကြမ်းကြမ်း ဖိုမသံဝါသအမှုကိုကြည့်ကာ. . ရင်ခုန်ပြင်းပြခြင်း၊ အံ့သြခြင်း၊ မယုံနိုင်ခြင်း. . စသည့်ခံစားချက်များစွာ စုဝေးပေါင်းစုံသွားသည့်ဟန်ဖြင့် အသက်ရှုသံများပြင်း၊ အသားများတဆတ်ဆတ်တုန်ယင်လျှက် တုံနှိဘာဝေကြီး ရပ်၍နေရှာ လေတော့သည်။



ရဲရင့်သူ. . မိုးစက်ဝေအား သည့်ထက်ပိုပြီး အခန်းထဲတွင် ဆက်မထားလိုတော့။ ထို့ကြောင့် အရယ်ရပ်ကာ သူမ၏ လက်ကို ဆွဲလျှက် အပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်လေ၏။



" .. ငါ့အတွက်အရက်ဖိုးက ထုံးစံအတိုင်း အိမ်ရှေ ့ကြောင်အိမ်ပေါ်မှာပဲမဟုတ်လား... အေးဆေးနားတော့၊ ငါ ကောင်မလေးအခန်းဘက် ကူးလိုက်ဦးမယ်... "



ငမူးဇော်ကြီးက အိပ်ယာမှကုန်းထားရင်း ဒေါ်ထူးထူးဝေကို ပြောနေခြင်းဖြစ်သည်။ ဒေါ်ထူးထူးဝေမှာတော့ အိပ်ယာထက်၌ ဖင်အပြောင်သားဖြင့် မှောက်လျှက်ကြီးဖြစ်ကာ စကားပင်မပြန်နိုင်ရှာပေ။



ရဲရင့်သူလည်း . . အမျိုးသမီးများရဲရင့်ကြဖို့၊ ယောကျ်ားများအား မယုံကြည်ကြဖို့၊ အထင်မကြီးမိကြဖို့၊ ကိုယ့်အားကိုယ်ကိုးကြဖို့ စသဖြင့် အပြင်ဗန်းဟောပြောရေးသားပြီး ကုလာကာနောက်ကွယ်တွင် ဗလာနံငမူးတစ်ကောင်နှင့် ဖြစ်ချင်တိုင်းဖြစ် ကုန်းချင်တိုင်းကုန်းလို ့အားမရနိုင်သေးဘဲ အိမ်ဖော်မလေးကိုပါ ထိုးကြွေးသော ဒေါ်ထူးထူးဝေ၏ အိပ်ယာတွင်းဇာတ်လမ်းများကို ရွံရှာစက်ဆုပ်လှသဖြင့် မိုးစက်ဝေကိုခေါ်၍ အိမ်တွင်းမှ အမြန်ပြန်ထွက်လိုက်လေတော့၏။



မထွက်ခင် ငမူးဇော်ကြီး၏ ဖင်အား ဆောင့်ကန်ပြစ်ခဲ့သေးရာ ငမူးဇော်ကြီးခမြာ ကောင်မလေးအခန်းသို့ ကူးဖို့နေနေသာသာ သရဲခြောက်သည်အထင်ဖြင့် ကြောင်အိမ်ပေါ်ရှိ အရက်ဖိုးကိုပင်မယူနိုင်တော့ဘဲ ပုဆိုးစွန်တောင်ဆွဲလျှက် တချိုးတည်းထွက်ပြေးသွားရှာလေတော့သည်။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

ရဲရင့်သူသည် နေ့ပိုင်းတွင် ရွာထဲသို့ပတ်ကာ ဘယ်သူက ဘယ်လိုဆိုသည်ကို လိုက်လံကြည့်ရှုလေသည်။ ညပိုင်း၌ မိုးစက်ဝေနှင့်အတူ ထိုသူများ၏ လူမသိသောအကြောင်းအရာများကို သွားရောက်စပ်စုလေ၏။ ထိုအခါ တစ်ချို့သောသူများသည် နေ့ဘက်နှင့်ညဘက် သဘောသဘာဝခြင်းတူညီကြသော်လည်း တချို့မှတော့ နေ့ဘက်နှင့်ညဘက် ထင်မှတ်မထားလောက်အောင် ကွဲလွဲကြကြောင်း တွေ့မြင်ကြရလေသည်။



နတ်ကတော်စိန်သောင်းသည် စည်းပွားရေးအရ နေ့ဘက်လူမြင်ကွင်း၌ မိန်းမလျာအခြောက်ကြီး လုံးလုံးလုပ်နေသော်လည်း ညဘက်လူခြေတိတ်ချိန်တွင် ယောကျ်ားစင်စစ်ဧကန်ပြန်ဖြစ်ကာ အိမ်ရှိ ၎င်း၏ညီမဝမ်းကွဲဆိုသူနှင့် အိပ်လေသည်။ လက်မရွံ ့ရွာလူမိုက် ကျော်ဦးဆိုသူသည် ညအချိန် လွန်စွာ သရဲကြောက်တတ်သူဖြစ်၏။ အများလေးစားခန့်ငြားရ၍ တွေ့သမျှသူကို ရိုးသားရန်၊ ကြိုးစားရန်တိုက်တွန်းဆုံးမစကားဆိုလေ့ရှိသော ရွာလူကြီး ဦးဘလှတွင် ဓမ္မာရုံအတွက်ဟုဆိုကာ ဘုန်းထားသောငွေများ အမြောက်အများရှိသည့်အပြင် အိမ်ဖော်မလေးကိုလည်း ခြေတော်တင်နေသေးသည်။ ရွာတွင် အတော်ပင်မွဲသော တနေ့လုပ်တနေ့စား မောင်ငြိမ်းနှင့် ခေါင်းရွက်ဗြက်ထိုးဈေးသည် မသီ တို့လင်မယားတွင် ချစ်စဖွယ်သမီးလေးတစ်ယောက်ရှိပြီး ညဘက်အလုပ်နားချိန်၌ မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် ကြည်နူးပျော်ရွှင်ဖွယ်ရာ ရှိကြလေ၏။



ရဲရင့်သူလည်း အထက်ပါအဖြစ်အပျက်များကို ကိုယ်တိုင်လည်း သုံးသပ် သံဝေဂယူမိသကဲ့သို့၊ မိုးစက်ဝေအားလည်း. . လောကတွင် အမှန်တရားဟု သူမထင်မြင်နေသော မျက်နှာစာ၏ အခြားတစ်ဘက်၌. . တကယ်တမ်း သူမ သိမထား ထင်မထားသော အကြောင်းအရာများ ရှိနေနိုင်သေးကြောင်း လက်တွေ ့ပြသနိုင်ခဲ့လေသည်။ ထို့အပြင် နှစ်ယောက်တူတူလျှောက်သွားကြရင်း သူမနှင့်အတော်အတန်ပင် ရင်းနှီးကြွမ်းဝင်ခွင့် ရရှိခဲ့လေ၏။



မိုးစက်ဝေသည် အညာသူအရိုးခံလေးဖြစ်သည့်အတိုင်း ညဘက်လျှောက်သွားရင်း ဖိုမသံဝါသ ကိစ္စများကို တွေ့မြင်ရသည့်အခါ ရဲရင့်သူအား ခရေစေ့တွင်းကြ မေးမြန်းစပ်စုလေ့ရှိလေသည်။ ရဲရင့်သူမှာ သိပ်မဖြေချင်သော်လည်း ကိုယ်စခဲ့သည့်ဇာတ်မို့ သူမကြေနပ်သည်အထိ ရှင်းလင်းဖြေကြားပေးရလေ၏။ ထိုကဲ့သို့ ဆွေးနွေးပြောဆိုကြချိန်များ၌ မိုးစက်ဝေမှာ အသက်ရှုသံများ အတော်ပင်မြန်နေပြီး ရဲရင့်သူကိုကြည့်သောအကြည့်တို့မှာလည်း စူးရှရွန်းလဲ့၍နေလေတော့သည်။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

တစ်ည. .. မြို့မှရောက်လာသော သူနာပြုဆြာမလေးနှင့် ရွာခံဇိုးသမား ဖိုးသကြားတို့၏ မတန်တရာ တိတ်တခိုးအချစ်ဇာတ်လမ်းကို မြင်ကြရပြီးနောက် စုပ်တသပ်သပ် ရင်တနာနာဖြင့် ဆြာမလေး၏အိမ်မှ ရဲရင့်သူတို့ထွက်လာခဲ့ကြရာ. . လမ်းတွင် ရုတ်တရက် လေပြင်းများကြလာလေသည်။ ညသည် မှောင်သည်ထက်ပိုမိုမှောင်မှိုက်သွားပြီး တော်လည်းသံကဲ့သို့ တဟူးဟူး တဟောဟော မြည်သံကြီးများလည်း ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာလေ၏။



ရွာလယ်လမ်းမထက်၌ ရဲရင့်သူနှင့် မိုးစက်ဝေနှစ်ယောက်တည်း။ အခြားသော တိရိစ္ဆာန် နတ် လူ ပြိတ္တာ သတ္တဝါဟူ၍ ခွေးတစ်ကောင်ကြောင်တမြီးမှ မတွေ့ရတော့။ အဖြစ်အပျက်မှာ လွန်စွာထူးဆန်း၍ မူမှန်မဟုတ်ကြောင်း ရဲရင့်သူ ကောင်းကောင်းသဘောပေါက်မိလေသည်။ ထို့ကြောင့် ထိတ်လန့်နေဟန်ဖြင့် ၎င်း၏ပုခုံးအား အားကိုးတကြီးစုပ်ကိုင်ထားသော မိုးစက်ဝေကို အကျိုးအကြောင်းမေးမြန်းလိုက်လေ၏။



" ဘာတွေဖြစ်တာလည်း မိုးစက်ဝေ. . ဘာအန္တရာယ်ရှိလို့လည်း "



" ဟို ဟို. . ကျမလည်း သေ သေခြာမပြောတတ်ဘူး၊ နတ် နတ်ကြီး သိုက် သိုက်ထွန်း လာတာမြန်းလား. .. "



သူမ ခန့်မှန်းချက်မှန်လေသည်။ ရဲရင့်သူတို့ ပြောဆိုနေကြချိန်၌ပင် ရွာပြင်ဘက်ဆီမှ မဲမဲသဏ္ဍာန်တစ်ခု ရွာလယ်လမ်းမတစ်လျှောက် လျှင်မြန်စွာဝင်ရောက်လာပြီး ရဲရင့်သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားလေ၏။ ထိုအရာသည် အမဲရောင်အခိုးအငွေ ့များ တငွေ ့ငွေ့ထနေသည့် ကနုတ်ပန်းခက်ပန်းနွယ်များဖြင့်ပြီးသော ယဉ်ပျံတစ်စီးဖြစ်လေသည်။ အနှီယာဉ်ပေါ်၌ လွန်စွာပြောင်လက်တောက်ပသော အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထား၍ ခေါင်း၌ ပန်းကနုတ် စုလစ်မွန်းချွန် ဦးဆောင်းနက်ကိုကြကြနနဆောင်းထားသည့် လူသန်သန်ထွားထွား ရုပ်ရည်ခပ်ကြမ်းကြမ်း နတ်ကြီးတစ်ပါးကို ရဲရင့်သူတွေ့မြင်လိုက်ရလေ၏။



" နတ် နတ်ကြီး သိုက်ထွန်း. . "



မိုးစက်ဝေထံမှ ကြောက်လန့်တကြား အာမေဋိတ်သံတိုးတိုးလေးထွက်သွားလေသည်။ နတ်ကြီးသိုက်ထွန်းက ထိုအသံကိုကြားဟန်ဖြင့် အသံကွဲအက်အက်ကြီးဖြင့် တဟားဟားအော်ရယ်ကာ. ..



" အေး. . ဟုတ်တယ်၊ နတ်ကြီးသိုက်ထွန်းပဲ။ ချော့တော်မျက်ပြေမှာ အဘိုးကြီး ဦးတင်ရှိန်နဲ့ ငပေစိတို့ လုပ်ချင်တိုင်းလုပ်နေတယ်ကြားလို့ ငါလာကြည့်တာ. .။ ခုတော့ ကြားရတဲ့အတိုင်း တကယ်ဟုတ်နေပါကောလား။ ကြည့်စမ်းပါဦး စိတ်ကြိုက်သောင်းကျန်းပြီးအားမရသေးလို့ သရဲနှစ်ကောင်ကိုပါ မွေးထားသေးတယ်။ နင်တို့နဲ့ ငါနဲ့တော့ တွေ့ကြပြီပေါ့. . "



ဟု ရဲရင့်သူနှင့် မိုးစက်ဝေတို့အား နှိမ့်ချပြောဆိုလျှက် မောက်မာရိုင်းစိုင်းစွာ ကြုံးဝါးလေ၏။ ထို့နောက်၎င်းကပင်ဆက်လက်၍. .



" ဒီမှာ သရဲမ. . မင်းက ချော့တော်မျက်ပြေမှာနေပြီး ဆိုင်ကယ်စီးခရီးသွားတွေကို နှောက်ယှက်နေတယ်ဆို၊ မင်းကိုမင်းဘာမှတ်နေလည်း။ ခုလည်း နောက်အသစ်ရောက်လာတဲ့ သရဲတစ်ကောင်နဲ့ အိမ်တွေလိုက်ချောင်းနေပြန်ပြီ၊ တင်ရှိန်မွေးထားတဲ့ သရဲတွေဆိုတော့ အိမ်စောင့်နတ်တွေကလည်း လွှတ်ထားရတယ်ထင်ပါ့။



အေး. .တင်ရှိန်က လွှတ်ထားပေမယ့် ငါကတော့လွှတ်မထားနိုင်ဘူး၊ ဒီနယ်မြေမှာ မင်းတို့စိတ်ထင်တိုင်း လာလုပ်နေလို့မရဘူးကွ။ နတ်ကြီးသိုက်ထွန်းဆိုတာ ဘယ်လိုကောင်လဲ မင်းတို့သိစေရမယ်။ ကဲ. .ပြောနေကြာတယ် . .သရဲမ ငါနဲ့လိုက်ခဲ့စမ်း. .. နင် ချက်ခြင်းဘဝကူးချင်စိတ်ပေါ်သွားအောင် ငါဆုံးမပေးမယ်။ "



ဟု ထပ်မံခြိမ်းခြောက်စကားဆိုကာ မိုးစက်ဝေအား ၎င်း၏လက်မှ ကြာပွတ်ရှည်ဖြင့် လှမ်းပါတ်လေတော့သည်။



သို့သော် မိုးစက်ဝေထံသို့ ကြာပွတ်မရောက်လိုက်။ ရဲရင့်သူက ကြာပွတ်ကိုလမ်းမှ ဖမ်းတားလိုက်လေ၏။



အမှန် ရဲရင့်သူအနေဖြင့် နတ်ကြီးသိုက်ထွန်းနှင့် ပြသနာမဖြစ်လို၊ စကားဖြင့် မည်မျှ မိုက်ရိုင်းဆော်ကားပါစေ သည်းခံဖို့ရာအသင့်။ သို့သော် မိုးစက်ဝေအား ကိုထိလက်ရောက် ကျူးလွန်ခြင်းကိုတော့ မည်သို့မျှ လက်သင့်မခံနိုင်ပေ။



ကြာပွတ်မှာ အတော်ပူလေလည်။ ချက်ခြင်းဆိုသလို အမဲရောင်မီးခိုးများထွက်လာကာ ရဲရင့်သူ၏လက်ကို လောင်လေ၏။ သို့သော် ရဲရင့်သူက ကြာပွတ်ကိုမလွှတ်ဘဲ ဒေါသတကြီးဆွဲဖြတ်လိုက်ရုံသာမက၊ ဆောင့်ပါဆွဲလိုက်လေရာ... ကြာပွတ်လည်းတွင်တွင်ပြတ်၍ နတ်ကြီးသိုက်ထွန်းလည်း အမလေးတကာ ယာဉ်ပေါ်မှ အကားသားကျလေတော့သည်။



ရဲရင့်သူ အားပါးတရ အော်ရယ်ပြစ်လိုက်လေသည်။



" ဟား ဟား ဟား ဟား. . ဘာနတ်ကြီးလည်း၊ လိနတ်ကြီးလား၊ တဏှာရူးအရက်သမား၊ နောက်တစ်ခါ မိုးစက်ဝေကိုထိရင် ဒီ့ထက်နာမည်။ ငါဘယ်လိုကောင်လည်းဆိုတာ မင်းဘော်ဒါ ကုလားဒိန်တွေကို မေးလိုက်အူးး "



ရင်ခေါင်းသံဖြင့် ရဲရင့်သူကြုံးဝါးလိုက်သော အသံကြီးမှာ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေ၏။ နတ်ကြီးသိုက်ထွန်းလည်း ယာဉ်ပါ်သို့ ကတိုက်ကရိုက်ပြန်တက်ကာ. .



" မင်းဘာကောင်ပဲဖြစ်နေနေ သိကြားမင်းချီးမြှင့်ထားတဲ့ ဘွဲ့ဖြူလက်နက်ရဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူး၊ နောင်အခါ ငါနဲ့တွေ့ရင် ဘွဲ့ဖြူလက်နက်ကို ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထား "



ဟု ကြိတ်မနိုင်ခဲမရ ကြုံးဝါး၍ ပြောပြေးပြေးလေတော့သည်။



" စိတ်လျော့ပါတော့ ကိုရဲရင့်ရယ်. . နတ်ကြီးသိုက်ထွန်းလည်း ပြေးပြီပဲ. .. "



မိုးစက်ဝေ၏ မျက်ဖြေသံချိုချိုကြောင့် ရဲရင့်သူစိတ်လျော့ကာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်လေ၏။



" မှန်းစမ်းပါဦး. . လက်တွေကြည့်ရအောင်. .. "



မိုးစက်ဝေက ရဲရင့်သူ၏လက်ကိုကိုင်ကာ လက်ဖဝါးများကို ဖြန့်ကြည့်လေသည်။ ကန့်လန့်ကြိုးရာကြီးများမှာ အတော်နက်၍ မီးခိုးများပင်ထွက်နေဆဲ။



" သြော်. . .အကိုရယ်. .. "



မိုးစက်ဝေတစ်ယောက် မိမိအတွက် အတော်ပင်စိတ်မကောင်းဖြစ်သွားကြောင်း ရဲရင့်သူ ကောင်းကောင်းသဘောပေါက်လိုက်လေသည်။ သူမ မျက်နှာညိုရသည်ကို ရဲရင့်သူမလိုလား။ ထို့ကြောင့် ဟုတ်သော်ရှိမဟုတ်သော်ရှိ အတတ်နိုင်ဆုံး အစွမ်းထုတ်ကြည့်ဦးမည်ဟု အကြံဖြစ်မိလေ၏။



" ကိုယ့်ရဲ့ လက်ကဒဏ်ရာတွေကြောင့် မိုးစက်ဝေ စိတ်မကောင်းဖြစ်နေတာလား။ စိတ်မကောင်းဖြစ်မနေပါနဲ့ မိုးစက်ဝေရယ်။ ဒါတွေက ပျောက်ချင်ရင် ခုပျောက်ပါတယ် "



အထက်ပါအတိုင်း မိုးစက်ဝေအား နှစ်သိမ့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကိုပူး၍



" ကဲ. .ဒီဒဏ်ရာတွေ ပျောက်စမ်း "



ဟု အမိန့်ပေးကာ လက်ဝါးများပြန်ခွာလိုက်သောအခါ. .. ရဲ့ရင့်သူ ကိုယ့်ကိုယ်ကိုပင် မယုံနိုင်အောင်ဖြစ်သွားမိလေသည်။ လက်ဝါးနှစ်ဖက်မှာ အကောင်းပတိအတိုင်း ပြန်လည် ပြည့်ဖြိုးဝင်းမွှတ်လျှက်. . ။



ညှိုးငယ်နေသော မိုးစက်ဝေ၏ မျက်နှာလှလှလေးသည်လည်း ကုမုဒ္ဒရာကြာဖြူပန်းသကဲ့သို့ ချက်ခြင်းဆိုသလို ရွှင်ပြလန်းဆန်းသွားရှာလေတော့သည်။ အမိုက်မှောင်တို့ ကင်းသွားချေပြီ။ ကောင်းကင်၌ လမင်းကြီးက ထိန်ထိန်သာလျှက်ရှိလေတော့၏။

.

.

ဆက်ရန်



အမြင့်ကြောက်သော ငှက်