" ဆိုင်ကယ်မုန်းသော အညာသူ " အပိုင်း ၃



( ဤဇာတ်လမ်းတွင် ပါဝင်သော အချက်အလက်များသည် စိတ်ကူးယဉ်မျှသာဖြစ်၍ စာရေးသူဘက်မှ တစ်စုံတရာ တာဝန်မခံပါ)

.

.

အမြင့်ကြောက်သော ငှက်

.

.

စကားပြောပုံဆိုပုံနှင့် စတိုင်တွေက ခပ်ရင့်ရင့်ပင်။ နတ်ပေစိက မိုးစက်ဝေကို ရဲရင့်သူနောက်အသာပြောင်းပို့ပြီး ရှေ့သို့ ထွက်သွားလေသည်။ မိုးစက်ဝေခမြာမှာတော့ ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်သောလက်အစုံဖြင့် ရင့်ရင့်သူ၏ လက်မောင်းတစ်ဖက်အား ဆုပ်ကိုင်ထားရှာလေ၏။



" ကိုတော်တို့. .. ဒါ ကျတော့်ဆီမှာ ခဏမှီခိုနေတဲ့ ဧည့်သည်ကလေးမလေးပါ။ မကြာခင် လွတ်ရာကျွတ်ရာကိုလည်း သွားတော့မှာပါ။ ဒါ ဒါ့ ကြောင့် အလွတ်ပေးဖို့ တောင်ပန်ချင်ပါတယ်ခဗျာ "



နတ်ပေစိက ရိုရိုကျိုးကျိုးပြောဆိုတောင်းပန်နေသော်လည် ငနှဲနှစ်ကောင်က အရေးစိုက်ဟန်မရှိ။



" ဟား ဟား ဟား ဟား. .. တို့ မိတ်ဆွေ နတ်ကြီးသိုက်ထွန်းပြောတာတော့မှန်နေပြီပေါ့။ ချော့တော်မျက်ပြေမှာ ပြိတ္တာမတစ်ကောင် လမ်းသွားလမ်းလာတွေကို နှောက်ယှက်နေတယ်၊ ရွာစောင့်နတ်ပေစိကလည်း ခွင့်ပြုထားတယ်၊ နောက်ဆုံး ရွာသူရွာသားတွေက ကြောက်လန်တကြားဖြစ်လာရပြီး ပြိတ္တာမအတွက် နတ်ကွန်းတောင်ဆောက်ပေးထားရတယ်. . လို့ တို့ကို သတင်းပေးထားတယ်။



ကဲ. .ခုတော့ ဘာငြင်းဦးမလည်း နတ်ပေစိ။ လူတွေကို ဒုက္ခပေးပြီး လူပါးဝနေတဲ့ အဲ့ပြိတ္တာမကို ကျုပ်တို့လက်ထဲအပ်။ ကောင်းကောင်းအပြစ်ပေးရမယ်၊ ကျုပ်တို့နယ်မှာ ဒီလိုအချိုးတွေ လာချိုးလို့မရဘူး။ ပြီးတော့ ခဗျားလည်း ကောင်းကောင်း ပြစ်ဒဏ်ထိဖို့ပြင်ထား။ မနက်ဖြန်မနက် မယ်တော်ကြီး နတ်သဘင်တက်တာနဲ့ ကုဝေရနတ်မင်းကြီးဆီမှာ ခဗျားအကြောင်းကို တိုင်ခိုင်းရမယ် "



ဘင်္ဂလီ နတ်နှစ်ကောင်၏ စကားကြောင့် နတ်ပေသီးမှာ အတော်ပင် ညှိုးခြုံးသွားသည့်ဟန်ရှိပြီး ပြာပြာသလဲ တောင်းပန်ရှာလေ၏။



" အဲ့ အဲ့ လိုတော့မလုပ်ပါနဲ့ ကိုယ်တော်တို့ရယ်။ ကျတော်ကိုယ်တိုင် နောက်မှ နတ်မင်းကြီးကို သေခြာလျှောက်ထားပါ့မယ်။ ပြီးတော့ကလေးမလေးကိုလည်း ကျတော့်ဆီမှာပဲ. . . ."



သို ့သော် ဘင်္ဂလီနှစ်ကောင်မှာ တောင်းပန်နေခြင်းကို ဂရုမစိုက်ဘဲ နတ်ပေစိ စကားမဆုံးခင်မှာပင် ရဲရင့်သူနောက်ရှိ မိုးစက်ဝေကို ဝင်ဆွဲရန် ပြင်လေတော့သည်။ ပါးစပ်မှလည်း



" ရွှေဥလေးကို ဘယ်လိုချစ်၊ ကိုကိုချစ် ကိုကိုချစ်



 ရွှေဥကလေးကို ဘယ်လိုဖမ်း၊ ကျားနဲ့ဖမ်း ကျားနဲ့ဖမ်း "



ဟု အမြီးအမောက်တည့်သော သံချပ်လိုလို ကဗျာလိုလို စာသားများ သီဆိုအော်ဟစ်ကြလေ၏။



" အို. .မလုပ်ပါနဲ့ရှင်၊. .နတ် နတ် ကြီး ပေစိရေ. .ကယ်ပါဦး၊ အို. . မဆွဲနဲ့လေ. ."



မိုးစက်ဝေမှာလည်း ရဲရင့်သူကို ပါတ်ကာ ငနှဲသားနှစ်ကောင်၏လက်မှ လွတ်မြောက်အောင် ရှောင်ရှားနေရ ရှာလေတော့သည်။ သို့သော် အချိန်ခဏအတွင်းမှာပင် မိုးစက်ဝေကို မိသွားကြလေ၏။ ထို့နောက် ၎င်းတို့နှင့် ခေါ်သွားကြရန် အတင်းဆွဲလေတော့သည်။



" အို မလိုက်ဘူး၊ မလိုက်ဘူး. . လွှတ်ပါ ၊ ကျမတောင်းပန်ပါတယ်ရှင်၊ ကျမကိုလွှတ်ပါ၊ ကို ကို ရဲရင့်ရေ ကျ ကျမကို မကယ်နိုင်တော့ဘူးလား. . "



ကိုယ်တော်ကြီး ကိုယ်တော်လေး ဟူသည်ကို လူ့ဘဝမှာကတည်းက ရဲရင့်သူကြားဖူးထားလေ၏။ အမှန်ပြောရလျှင်မူ ယခုလို ဝိဉာဉ်ဘဝ၌ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရစဉ်တွင် ၎င်းတို့အဆင့် ၎င်းတို့အစွမ်း ဘာမှန်းမသိ၍ ရဲရင့်သူ ပြသနာမဖြစ်လို။ သို့သော် ၎င်းတို့လုပ်နေပုံမှာ ရုပ်ပေါက်လှလေသည်။



ထိုအပြင် မိုးစက်ဝေအား မိမိရှေ့တွင် ယခုလို ကိုယ်ထိလက်ရောက် ပြုမူနေသည်ကိုလည်း ရဲရင့်သူ လုံးဝလက်မခံနိုင်။ မိမိနှင့် ဝေးရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အပစ်ပေးမည် ဆိုသည်ကတော့ အတော်ပင် လွန်သွားပေပြီ။ မိုစက်ဝေကလည်း မိမိကို တ ကာ အားကိုးတကြီးအကူအညီတောင်းနေ ရှာလေပြီ။



ရဲရင့်သူ စိတ်လွတ်သွားလေ၏။



" ရွှေဥတော့မရဘူး လဥပဲရမယ်. . သေပေရော့ "



ဟု အော်ဟစ်ကြုံးဝါး၍ နီးရာတစ်ကောင်ကို ကြုံးကန်လိုက်လေတော့သည်။



" ဘုန်း " ခနဲ အသံကြီးနှင့် အကန်ခံရသောကောင် လွင့်ထွက်သွားလေ၏။



" ဟင်. ညီတော် ညီတော်. . "



ကျန်သောတစ်ကောင်လည်း မိုးစက်ဝေလက်ကိုလွှတ်ကာ ၎င်း၏ ညီဖြစ်သူထံပြေးလေသည်။



" ညီလေး ညီလေး.. သတိထားဦးလေ "



" အင်း အင်း. ကို ကို ကြီး "



အကန်ခံရသည့်ကောင်မှာ အတော်ပင်အထိနားသွားပုံရလေသည်။ အကိုဖြစ်သူ၏လက်ပေါ်တွင် တအီးအီး ညဉ်းငြူနေရရှာလေ၏။ ညီတော်တွေ အကိုတော်တွေလည်း မလုပ်နိုင်ကြတော့။ အကိုကောင်လည်း ညီဖြစ်သူ၏ အဖြစ်ကိုကြည့်ရင်း ကြိတ်မနိုင်ခဲမရဖြစ်ဟန်ဖြင့် ညီကိုအသာချပြီး ကျောတွင်လွယ်ထားသည့် ဓားရှည်ကို ဓားအိမ်မှဆွဲထုတ်ကာ ရဲရင့်သူထံသို့ ရန်ပြုရန် ပြန်လည်ပြေးဝင်လာလေသည်။ ရဲရင့်သူလည်း မိုးစက်ဝေကို နောက်ပို့ကာ အသင့်အနေအထား ပြင်ဆင်လိုက်လေ၏။



ထိုစဉ် လျှပ်စီးရောင်တစ်ချက် ဝင်းခနဲလက်သွားပြီး မင်းကြီး၏လက်ထဲမှဓား လွတ်ကျသွားလေသည်။



" မင်းကြီးမင်းလေးတို့. .ဒုက္ခမရောက်ချင်ရင် ဟော့ဒီက သူငယ်လေးကို ပြသနာမရှာကြနဲ့။ အေးအေးဆေးဆေးပြန်ကြ။ ကလေးမရဲ့ ကိစ္စကိုလည်း မယ်တော်ကော နတ်မင်းကြီးနဲ့ပါ ကျုပ်နောက်မှရှင်းမယ်။ ကဲ ကဲ. သွားကြသွားကြ "



ဘင်္ဂလားနှစ်ကောင်အား မောင်းထုတ်နေသည့်အသံ။ အသံက အသံလုံးကြီး၏။ သြဇာသံပါ၏။ အသံလာရာသို့ ရဲရင့်သူလှည့်ကြည့်လိုက်သောအခါ ယောဂီရောင်ဝမ်းဆက်ကို ဆင်မြန်းထားသည့် ဆံပင်မွှေး ပါးသိုင်းမွှေး မုတ်ဆိတ်မွှေးဖြူဖြူဖြင့် တည်ငြိမ်ရင့်ကျက်ဟန်ရှိသော ပုဂိ္ဂုလ်ကြီးတစ်ဦးကို တွေ့လိုက်ရလေတော့သည်။



" ဟာ.. နတ်ကြီးဦးတင်ရှိန်. . "



နတ်ပေစိက အံအားတသင့်ရေရွတ်လိုက်လေ၏။ ရဲရင့်သူကတော့ နတ်ကြီးတင်ရှိန် ဆိုသည့်ပုဂ္ဂိုလ်ကြီးကို စူးစမ်းအကြည့်ဖြင့် ကြည့်ရှုနေမိလေသည်။ မင်းကြီးမင်းလေး ဘင်္ဂလီနှစ်ကောင်မှာတော့ ညီဖြစ်သူကို အကိုက မြင်းပေါ်သို့တင်ပေးကာ လစ်ရန်ပြင်ကြလေတော့၏။



" နတ်ကြီး သိုက်ထွန်းကိုလည်း ပြောလိုက်ပါ၊ ကုသိုလ်ကံအဟုန်လေးကောင်းပြီး ဒီဘဝမှာ တန်ခိုးသြဇာရှိနေတာကို အဟုတ်မှတ်မနေပါနဲ့။ မကောင်းမှု အကုသိုလ်တွေများလာရင် ဆုံးမမယ့်သူ တစ်ယောက်ယောက်တော့ တစ်နေ့ပေါ်လာမှာ မလွဲဘူး. .လို့ "



ဦးတင်ရှိန် က မင်းကြီးမင်းလေးမထွက်ခွာမှီအမှာစကားပါးနေပြန်သေး၏။ ထို့နောက်တွင်မှ ရဲရင့်သူတို့ဘက်ကိုလှည့်ကာ



ဧည့်သည်လေးနဲ့ နတ်ပေစိတို့လည်း ဗိမ္မာန်ကို ပြန်ကြတော့လေ. အချိန်မစောတော့ဘူး၊ ကလေးမလည်း တခါတည်းလိုက်သွား "



ဟု ရဲရင့်သူတို့အား ဗိမ္မာန်သို့ပြန်ကြရန် တိုက်တွန်းလေသည်။



ရဲရင့်သူလည်း ၎င်း၏စကားကို နားထောင်သည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ နတ်ပေစိ မိုးစက်ဝေတို့နှင့်အတူ ဗိမ္မာန်သို့ ပြန်ခဲ့ကြလေတော့၏။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

" မင်းကြီးမင်းလေးဆိုတာ အရင်က ကြားဖူးတယ်၊ အတော်လည်းကိုးကွယ်သူပေါပုံပဲ၊ သူတို့က ဒီနယ်ပိုင်လား "



" အင်းး ဘယ်လိုပြောရမလဲ၊ နယ်ပိုင်ဆိုတာထက် နယ်ခံနတ်တွေလို့ပြောရင် ပိုမှန်တာပေါ့ဆြာသမားရယ်၊ ကျတော့်ကို ရွာပိုင်နတ်ခန့်သလို နတ်မင်းကြီးတွေခန့်ထားတာခံရတဲ့ နယ်ပိုင်နတ်ကသတ်သတ်ရှိတယ်။ ဥပမာဆိုကြပါဆို့ ကျတော်တို့က မြို့တစ်မြို့ နယ်တစ်နယ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ၊ သူတို့က အဲ့ဒီမြို့ အဲ့ဒီနယ်က မြို့ခံနယ်ခံတွေ. .အဲ့လိုပြောရမှာပဲ။



ဒါပေမယ့် ဒီနယ်မှာက နယ်စောင့်နတ်က သိပ်သြဇာမရှိဘူး၊ နယ်ခံ ပုပ္ပါးမယ်တော်ရဲ့ သြဇာပဲညောင်းတယ်။ မယ်တော်က အထက်နတ်မင်းကြီးတွေ ထွက်ရပေါက်ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့အပြင် အတော်လည်းတန်ခိုးကြီးတယ်။ မင်းကြီးမင်းလေးက မယ်တော်ရဲ့သားတွေဆိုတော့ ဒီနယ်တကြောမှာ ထင်တိုင်းကျဲခွင့်ရနေတော့တာ။ မယ်တော်က သူတို့ကိုသိပ်ချစ်တာလေ၊ တော်ရုံဘာမှမပြောဘူး။ နတ်မင်းကြီးတွေကလည်း မယ်တော့်မျက်နှာရှိနေတော့ အဲ့ညီနှောင်နှစ်ပါးကို မပြစ်မယူသာဘူးပေါ့။ "



" အင်းး ခက်တော့ခက်တော့တာပဲ. .. "



" ခက်တာတော့ မပြောပါနဲ့တော့ ဆြာသမားရယ်၊ အဲ့ကုလယ်နှစ်ယောက်ကြောင့် ကျတော်တို့နတ်တွေလည်း ဝက်သားငတ်တော့တာပဲ၊ လူ ့ဘဝက ကျတော်ဆို ဝက်သားသိပ်ကြိုက်တာ၊ ဒါပေမယ့် နတ်ဘဝရောက်တော့မှ လုံးလုံးကိုဝက်သားမစားရတော့ဘူး "



" ဟင်. .ဘယ်လိုဖြစ်တာလည်း ကိုနတ်ပေစိရဲ့၊ ခဗျားဟာက အဆန်းပါလား၊ ရှင်းအောင်ပြောစမ်းပါဦး. .. "



" ဒီလို ဆြာသမားရေ. . .ပြောရမယ်ဆိုရင် သူတို့ဖအေ ဇာတ်လမ်းက စပြောရမှာပဲ။ ဘင်္ဂလားပြည်ဆိုတာ ဆြာလေးသိတယ်မဟုတ်လား၊ ဘင်္ဂလားပြည်က နေရာလည်းကျဉ်း လူဦးရေလည်းများ မုန်တိုင်းလည်း ခဏခဏတိုက်တော့ တချို့ ဘင်္ဂါလီတွေဟာ သူ့တို့တိုင်းပြည်မှာ မနေချင်ကြတော့ဘူး။ အဲ့ဒီလူတွေဟာ လှေတွေဖောင်တွေနဲ့ ပင်လယ်ထဲကိုထွက် အသက်နဲ့ရင်းပြီး နေစရာထိုင်စရာအသစ်ရှာဖွေခဲ့ကြတယ်။



သူတို့ရဲ့မူလရည်ရွယ်ချက်က ကျတော်တို့နိုင်ငံ မော်လမြိုင်တို့ သထုံတို့မှ ခရီးတစ်ထောက်နားပြီး သူတို့နဲ့ ဘာသာတူနိုင်ငံတွေဖြစ်တဲ့ အင်ဒိုတို့၊ မလေးတို့ကို ခရီးဆက်ဖို့ဘဲ။ ဒါပေမယ့် အဲ့နိုင်ငံတွေအထိမရောက်တော့ဘဲ ဒီမှာ သောင်တင်သွားတဲ့လူတွေလည်း မနည်းဘူး။ အဲ့လိုသောင်တင်တဲ့ထဲကမှ သထုံကထွက်ရပေါက်ဘုန်းးကြီးတစ်ပါးက ဘင်္ဂလီလေးနှစ်ယောက်ကို ခေါ်မွေးစားလိုက်တယ်။



တိုတိုပြောရရင် အဲ့ဘင်္ဂလီနှစ်ယောက်ဟာ အသက်ရလာတော့ ဗြတ်ဝိ ဗြတ်တ္တ ဖြစ်လာကြပြီး၊ ဗြတ္တဆိုသူက ပုဂံကိုရောက်လ မယ်တော်နဲ့အကြောင်းပါလို့ မင်းကြီးမင်းလေး ကိုမွေးတယ်။



အဲ့မှာတင် အစားအသောက် ပြသနာက စတော့တာပဲ။ မယ်တော်ကတော့ အစကတည်းက အသားကြီးငါးကြီးတွေကို မနှစ်သက်လို့ ဘာအသားကိုမှသိပ်မစားဘူး။ မင်းကြီးမင်းလေးကြတော့လည်း သူ့ဖအေ ဘက်လိုက်ပြီး ဝက်သားမစားဘူးပေါ့။



ဖြစ်ချင်တော့ မြန်မာပြည်ကနတ်ကတော်တွေက မင်းကြီးမင်းလေးကို ကျတော်တို့ခုမြင်ရသလို ကုလားဒိန်နှစ်ယောက်ပုံ မဟုတ်ဘဲ၊ ဘုရင့်မြေး ငယ်ငယ်ချောချောလေးတွေအဖြစ် ပုံဖော်လိုက်ကြတယ်။ ဒါ့ကြောင့် မြန်မာပြည်က နတ်ဝါသနာအိုး ဒေါ်ဒေါ် မမ မီးမီး တွေရဲ ့ ပါးစပ်ဖျားမှာ မင်းကြီးမင်းလေးဟာ အတော်ကိုရေပန်းစားလာတော့တာပေါ့။



ကြာလာတော့ မင်းကြီးမင်းလေးက ဝက်သားမကြိုက်တာနဲ့ ကျန်တဲ့နတ်တွေအားလုံးပါ ဝက်သားမကြိုက်ဘူးလို့ ရောယူလိုက်ကြပြီး ဘယ်နတ်ကိုမှ ဝက်သားမဆက်ကြတော့ဘူး၊ တကယ်တော့ ဘာဆိုင်လည်းဗျာ. . သူတို့က သူတို့ဖအေ ဘင်္ဂလီမို့ ဝက်သားမစားတာ မြန်မာစစ်စစ်ကဖြစ်တဲ့ ကျတော်တို့လို မြန်မာနတ်တွေကတော့ ဝက်သားစားချင်တာပေါ့။ "



" ဟား ဟား ဟား ဟား ကိုပေသီးရယ်၊ ဖြစ်မှဖြစ်ရလေ။ ခဗျားလည်း တန်ခိုးရှိတာပဲ၊ လူတွေမဆက်တော့လည်း ဖန်ဆင်းစားပေါ့ဗျာ "



" ဟာ.. ဆြာလေးရယ်၊ ဖန်ဆင်းလို့ရရင်တော့ စားတာကြာကောပေါ့၊ ဖန်ဆင်းမရလို့ခက်နေတာ။ ဆြာလေးက အထက်နတ်ဘုံက အရမ်းတန်ခိုးကြီးတဲ့ နတ်မင်းကြီးလောင်းလျာဆိုတော့ အားလုံးဖန်ဆင်းလို ့ရတယ်။ ကျတော်တို့က အောက်နတ်တွေဆိုတော့ အကန့်အသတ်နဲ့ပဲ ဖန်ဆင်းလို့ရတာ။ အဖြစ်ဆိုးချင်တော့ ကျတော်တို့ဖန်ဆင်းလို့ရတဲ့စာရင်းထဲမှာ ဝက်သားမပါဘူး။ လူတွေဆက်မှပဲ စားရမှာ "



" ဟား ဟား ဟား ဟား. . ခဗျားအဖြစ်ကလည်းမလွယ်ပါလားဗျာ။ ကဲပါလေ. . ကျုပ်ညနေကြရင် ကျုပ်ခဗျားတို့လင်မယားကို ဝက်သားဟင်း ဖန်ဆင်းကြွေးပါ့မယ်. .ဟုတ်ပြီလား. ."



" ဟာ. . ဒါဆိုရင်တော့ အရမ်းကိုကျေးဇူးတင်ပြီပေါ့ ဆြာသမားရယ်၊ တကယ်ပါ။ ဆြာသမားကျေးဇူးမမေ့ပါဘူး "



" ဟုတ်ပါပြီဗျာ. .ဟုတ်ပါပြီ။ ဒါနဲ့ တစ်ခုမေးဦးမယ်၊ နတ်ကြီးသိုက်ထွန်းဆိုတာကော ဘယ်သူလည်းဗျ၊ သူကကော တန်ခိုးကြီးလား. .. "



" ကြီးတာပေါ့ဗျာ။ အတော်ကိုတန်ခိုးကြီးတာ၊ နတ်ကြီးဦးတင်ရှိန် တို ့ ပုပ္ပါးမယ်တော်တို့ထက်တောင် တန်ခိုးသာလိမ့်ဦးမလားပဲ။ ခရီးသွားရင်း ဒီနယ်အရောက် ရဟန္တာကြီးတစ်ပါးကို ဆွမ်းကပ်မိပြီးမှ ကားအက်ဆီးဒန့်နဲ့ဆုံးလို ့ နတ်ဖြစ်တယ်ဆိုပဲ။ အသောက်သမားဖြစ်တဲ့အတွက် အထက်နတ်ဘုံတွေကိုတော့မရောက်ဘူး။ ဒါပေမယ် ရဟန္တာကြီးကို ဆွမ်းကပ်ခဲ့တဲ့ ကုသိုလ်ကံအားနဲ့ အောက်နတ်ဘုံမှာတော့ အတော်ကို တန်ခိုးထွားတာ။



ခု ဟိုဘက် ညောင်ပင်ဆိပ်ရွာမှာ ရွာစောင့်နတ်လုပ်နေလေရဲ့။ အသောက်သမားချင်းချင်းဆိုတော့ မင်းနှစ်ပါးနဲ့လည်း အလွမ်းသင့်ကြတယ်။ မင်းနှစ်ပါး ဒီကိုရောက်လာတာလည်း သူမြှောက်ပေးလိုက်တာပေါ့။ ကျုပ်တို့ ့အတော်တော့သတိထားမှဖြစ်တော့မယ်။ ဘာလိုလည်းဆိုရင်. . မိုးစက်ဝေကိစ္စကို သူစိတ်ဝင်စားနေပြီ။ မင်းနှစ်ပါးကို အရင်ဆုံးလွှတ်လိုက်တာက ကျုပ်တို့ကို အားစမ်းတဲ့သဘောပဲ။ နောက်ပိုင်း သူကိုယ်တိုင် စွက်ဖက်လာတော့မှာ. . ကျုပ်မှန်းရင် မလွဲဘူး။ ဟူးးး... ခက်တော့တာပဲ "



" ဘာခက်လို့လဲဗျ၊ သူ့ဘာသာသူ ဘာကောင်ကြီးဖြစ်နေနေ မိုးစက်ဝေကို ကွိင်လာရှာလို့ကတော့ မနက်က ကုလားဒိန်ကောင်ကိုကန်နည်းကား ကြုံးကန်ပြစ်ဖို့ပဲရှိတယ်။ ကျတော်ကတော့ တန်ခိုးတွေဘာတွေ မသိပါဘူး၊ ရှိလည်းမရှိပါဘူး။ သူ့ဦးသူစား ကိုယ်ဦးကိုယ်စားပဲ။ ဒါပေမယ့် မိုးစက်ဝေကို လာထိလို့ကတော့ အသက်နဲ့လည်းဖို့ကို ဝန်မလေးဘူး "



ရဲရင့်သူ ခပ်မာမာစကားဆိုလိုက်ပြီးနောက် စကားဝိုင်းမှာ တိတ်ဆိတ်သွားလေသည်။ နတ်ပေစိတို့လင်မယားက ရဲရင့်သူ၏ မျက်နှာအား သြဘနန်းဖြစ်ဟန်ဖြင့် ကြောင်ငေးငေးလေးတွေ ကြည့်နေကြလေ၏။ ခေတ္တကြာတော့မှ နတ်ပေစိက ပြုံးတုံ့တုံ့ မျက်နှာပေးဖြင့် ခေါင်းကိုခပ်လေးလေးခါကာ



" ကိုယ့်ဆြာကတော့ မိုးစက်ဝေကိုထိရင် မရဘူးနော်... "



ဟု မှတ်ချက်ပြုလေသည်။ ထိုအခါမှ ရဲရင့်သူလည်း ကိုယ့်စကားကိုကိုယ် ပြန်လည်သုံးသပ်မိသွားပြီး ရယ်ကျဲကျဲဖြင့်



" ကောင်မလေးက သနားဖို့ကောင်းလို့ပါဗျာ၊ ပြီးတော့ ခုဆိုရင် သူလည်းသူ့အပြစ်တွေသူသိပြီး ဆိုင်ကယ်သမားတွေကို ဒုက္ခမပေးတော့ဘူး မဟုတ်လား.. "



ဟူ၍ စကားကိုလျောချလိုက်ရလေ၏။



ထို့နောက် ညစာ အဖြစ် ဝက်သားဟင်း အမျိုးမျိုးကို ဖန်ဆင်းစားသောက်ဖို့ရာ ပြင်ဆင်ရန် စကားဝိုင်းသိမ်းလိုက်ကြလေတော့၏။ ၎င်းတို့စကားဝိုင်းအား အခန်းထောင့်တစ်နေရာမှ ခိုးနားထောင်နေသူ မိုးစက်ဝေကိုတော့ သုံးယောက်စလုံး သတိမထားမိကြတော့။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

နတ်ဘဝ၌ အချိုအရာများက အလွန်လွယ်လှပေသည်။ နတ်ပေစိက ဧည့်ခန်းအား ထမင်းစားခန်းအဖြစ် ချက်ခြင်းပြုပြင်ဖန်ဆင်းပြစ်လိုက်လေ၏။ ရဲရင့်သူက စားကောင်းသောက်ဖွယ်များကို အမျိုးမျိုးဒိုင်ခံဖန်ဆင်းလေသည်။ ထို့နောက် ပျော်ရွှင်စွာ စားသောက်ကြလေ၏။



အစပိုင်းတွင် နတ်ပေစိ၏မိန်းမစန်းမြင့်မှာ ဝက်သားစားရမည်ကို ပါးစပ်မရဲဖြစ်နေလေသည်။ မင်းနှစ်ပါးနှင့် ကွိင်တက်မည်ကိုလည်း စိုးရိမ်ပုံရ၏။ ရဲရင့်သူနှင့် နတ်ပေစိတို့က သူမအားကျအောင် အားပါးတရစားသောက်ပြပြီး အကြိမ်ကြိမ်တိုက်တွန်းသောအခါမှ အတူတူဝင်ရောက်စားသောက်လေတော့သည်။



မိုးစက်ဝေမှာ ရဲရင့်သူအပေါ်တွင် အမြင်ပြောင်းလာဟန်ရှိလေသည်။ အရမ်းကြီး ဟက်ဟက်ပက်ပက်မဟုတ်သော်လည်း တည်တည်အမ်းအမ်းမျက်နှာပေးလေးဖြင့် စားသောက်ပွဲမှာ ပါဝင်ရှာလေ၏။ သူမ၏ ပါးနှစ်ဖက်မှာလည်း ပန်းရောင်သမ်းနေဟု ရဲရင့်သူ ထင်မြင်မိလေသည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ မိုးစက်ဝေ မိမိနှင့်အတူတကွ တစ်ဝိုင်းတည်းလက်စုံစားလာသည်အထိ စိတ်သဘောထားပြေလျော့သွားခြင်းအပေါ်၌ ရဲရင့်သူတစ်ယောက် အကြေနပ်ကြီးကြေနပ်နေမိလေတော့၏။



.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

အသီသီး အိပ်ယာဝင်ခဲ့ကြသော်လည်း ရဲရင့်သူမှာမူ အတော်နှင့်အိပ်မပျော်ခဲ့။ အတွေးများထဲတွင် မိုးစက်ဝေကသာ စိုးမိုးနေလေသည်။ တစ်ခွန်းစနှစ်ခွန်းစ မိုးစက်ဝေ ပြောဆိုဆက်ဆံလျှင်ပင်ကြေနပ်နေမိ၏၊ သူမနှင့် တစ်ဝိုင်းတည်းထမင်းစားရသည်ကို ပျော်သည်၊ သူမမျက်နှာလေးကို မြင်တွေ့နေရလျှင် စိတ်ချမ်းသာ၏။ သူမအတွက်ဆိုလျှင် အားလုံးကိုရင်ဆိုင်ဖို့ ရဲရင့်သူဝန်မလေး။ ထိုအရာကို အချစ်ဟုခေါ်ဆိုပါမူ ရဲရင့်သူ မိုးစက်ဝေကို ချစ်မိနေလေပြီ။



အချိန်တန်လျှင် ကိုယ့်ဘဝအမှန် ကိုယ်ပြန်သွားရမည်ကို ရရင့်သူသိနှင့်ပြီးသား၊ မိုးစက်ဝေမှာလည်း သူ့ခရီးလမ်းနှင့်သူ။ ယခုလို ဘဝမျိုးများတွင် ချစ်ခင်တွယ်တာ သံယောဇဉ်ထားဖို့ရာ မသင့်သည်အမှန်ပင်။ သို့သော် ချစ်၏။ အချစ်ဟူသည် အချိန်၊ နေရာ၊ ဒေသ နောက်ဆုံးကုန်ကုန်ပြောရပါမူ ဘဝ ပင်အကန့်အသတ်မရှိ။ သံသရာအဆက်ဆက် မိုးစက်ဝေကို မိမိချစ်လာမိသင့်ထင့်။ ထို့ကြောင့် ယခုလည်း ချစ်မိပေဦးတော့မည်။



ရဲရင့်သူတစ်ယောက် ကိုယ့်အတွေးနှင့်ကိုယ် အိပ်မပျော်ဖြစ်နေဆဲတွင် နတ်ပေစိတို့ အခန်းဘက်မှ အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် နောက်ထက်အသံများ ဆက်ကာဆက်ကာ ကြားရလေတော့၏။ အသံများသည် ပုံမှန်မဟုတ်။ မည်သို့သော အချိန်၌ ထွက်လေ့ရှိသော အသံများဖြစ်ကြောင်း. .အတွေ့အကြုံရှိသူပီပီ ရဲရင့်သူအတတ်သိလိုက်လေ၏။ နတ်များ မည်သို့မည်ပုံပြုမူနေထိုင်ကြသည်ကိုလည်း ရဲရင့်သူ တွေ ့မြင်လိုလှပေသည်။ ထို့ကြောင့် လှဲနေရာမှ အသာကုန်းထကာ အမြင်အာရုံကိုကော အကြားအာရုံကိုပါ နံရံဘက်သို့ အားစိုက်လိုက် မိလေတော့၏။

.

.

ထူးဆန်းလေသည်။ အခန်းနှစ်ခန်းကိုခြားထားသော နံရံမှာ တဖြေးဖြေးကြည်လင်လာပြီး အမြင်အာရုံများလည်းပီပြင်လာသလို အသံပလံများလည်း ပိုကျယ်လာလေ၏။ နောက်ဆုံးတွင်နတ်ပေစိနှင့် မစန်းမြင့်တို့လင်မယား ချစ်ရည်လူးနေကြသည်ကို ထင်ထင်ရှားရှားမြင်ရကြားရလေတော့သည်။



နတ်များ ဖိုမဆက်ဆံကြသည်ကို ရဲရင့်သူ နဖူးတွေ့ဒူးတွေ့ တွေ့ရလေပြီ။ ၎င်းတို့သည်လည်း လူတို့နှင့် ဘာမှမကွာခြား။ ကုတင်ထက်၌လင်မယားနှစ်ယောက်စလုံး အဝတ်ဗလာဖြင့် ရှိကြကုန်၏။



မစန်းမြင့်မှာ သာမာန်အားဖြင့် ရိုးပုံရိုးလက်ဟန်ရှိသည့် နတ်ပြိတ္တာမတစ်ယောက်ဟု ထင်ရသော်လည်း ယခုလိုအချိန်မျိုး၌ ဖြူဖွေးသောအသားအရည်၊ ပြေပြစ်တောင့်တင်းသော ခန္ဓာကိုယ်၊ ရှည်လျှားနက်သန်သော ဆံနွယ်တို့ဖြင့် အတော်ပင်ဆွဲဆောင်အားကောင်းသူတစ်ဦးဖြစ်ကြောင်း ရဲရင့်သူ သိရှိလိုက်ရလေသည်။ နတ်ပေစိမှာလည်း လူကောင်ညှက်သည့်တိုင် စွမ်းဆောင်ရည် မသေးလှ။



၎င်းပြုသမျှတွင် မစန်းမြင့်တစ်ယောက် ကော့ကာ ပျံကာ လန်ကာဖြင့် အလူးအလည်းဖြစ်နေရရှာလေသည်။ ပါးစပ်မှလည်း မခံချိမခံသာဖြစ်ခြင်းကော. . အသဲခိုက်ခြင်းပါ နှစ်မျိုးရောယှက်နေသည့် အသံမျိုးစုံတို့ကို တရှီးရှီးတအားအား အော်ဟစ်ငြီးငြူနေလေ၏။



ရဲရင့်သူလည်း ချစ်တလင်းဝယ် ချစ်ဖြူဟာနည်းမျိုးစုံဖြင့် ချစ်ပွဲခင်းနေကြသော နတ်ပေစိတို့လင်မယားအား ကြည့်ကောင်းကောင်းဖြင့် ယောင်ကြည့်နေမိရာမှ ဆယ်မိနစ်ခန့်အကြာတွင် သတိဝင်လာပြီး. လူများနှင့် ထူးမခြားနားပါပဲလေ. . ဟု မှတ်ချက်ပြု စိတ်ဒုံးဒုံးချလျှက် အာရုံစူးစိုက်မှုကို လျော့ချကာ အိပ်ယာပြန်ဝင်ခဲ့လိုက် လေတော့သည်။ တဖက်ခန်းတွင်တော့ ဖိုမ သံဝါသသံများက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ထွက်ပေါ်ပြန့်လွင့်နေဆဲ။

.

.

.

အမြင့်ကြောက်သော ငှက်

.

.

.

.

နောက်နေ့မနက်သို့အရောက် ရဲရင့်သူလည်း နတ်ပေစိတို့လင်မယားကို မျက်နှာချင်းဆိုင်ဖို့ အလိုလို အားတောင့်အားနာဖြစ် နေမိလေ၏။ မစန်းမြင့်ကတော့ ဘာမှမသိဟန်ဖြင့် အလုပ်အကိုင်အနေအစားမပျက်။ ထူးခြားသည်မှာ နတ်ပေစိပင်။ ၎င်း၏ပုံမှာ ရဲရင့်သူကို အတော်ကို ရှက်ကိုးရှက်ကန်းဖြစ်နေဟန်ရှိလေ၏။ ရဲရင့်သူလည်း



" ငါ သူတို့ကိုထိုင်ကြည့်နေတာ နတ်ပေစိမြန်း သိသွားလို့လား "



ဟူ၍ စိုးရိမ်မကင်းဖြစ်နေရလေတော့သည်။



ခေတ္တကြာသော် မစန်းမြင့်တစ်ယောက် ရွာထဲခဏဟူ၍ ထွက်သွားလေ၏။ ထိုအခါမှ နတ်ပေစိက ရဲရင့်သူ အနားကိုကပ်လာကာ



" ညက ကျုပ်တို့လင်မယားနေကြထိုင်ကြတာကို ဆြာလေးမြင်သွားတယ်မဟုတ်လား ".



ဟု တီးတိုးမေးမြန်းလေတော့သည်။ ရဲရင်သူလည်း မညာချင်၍ ဟုတ်မှန်ကြောင်းဝန်ခံလိုက်ရာ နတ်ပေစိက ခေါင်းကိုငြိမ့်လျှက် ရယ်ကျဲကျဲဟန်ဖြင့်



" ကျတော်ထင်တော့ထင်သား ဆြာလေးမြင်တော့မယ်လို့။ ဒီလိုဗျ ၊ ဆြာလေးနဲ့ ကျုပ်တို့နဲ့က ဘုန်းချင်းမတူဘူး။ ကျုပ်တို့က သာမာန်လူနေအိမ်နံရံတွေ တံတိုင်းတွေကို ဖြတ်ဖောက်ပြီး မြင်နိုင်သွားနိုင်ပေမယ့်၊ နတ်ဗိမ္မာန်တွေရဲ့ တံတိုင်းတွေ နံရံတွေဆို မြင်လို့သွားလို့ မစွမ်းကြဘူး။ ဆြာလေးမှာ ဘုန်းဘယ်၍ဘယ်မျှရှိတယ် ကျုပ်သေခြာမသိနိုင်ပေမယ့် အဲ့လိုတွေ တကယ်သာ မြင်ချင်သွားချင်ကြားချင် ခဲ့ရင် ဖြတ်ဖောက်ပြီး မြင်နိုင်သွားကြားနိုင်လိမ့်မယ်ဆိုတာကိုတော့ ကျုပ်ရိပ်မိတယ်။



ဒါ့ကြောင့် ဆြာလေး ကျုပ်တို့ဆီကိုရောက်ကတည်းက ကျုပ် မစန်းမြင့်နဲ့ အတူတူမနေခဲ့တာ။ တော်ကြာ မြင်သွားကြားသွားရင်မကောင်းဘူးလေ၊ အားနာစရာကြီး။ ဒါပေမယ့် မနေ့ညကတော့ ဆြာလေးဖန်ဆင်းပေးတဲ့ ဝက်သားဟင်းအမယ်စုံတွေစားပြီး အားအင်တွေအင်မတန်ပြည့်ဖြိုးလာတော့ လင်မယားနှစ်ယောက်စလုံး ဘယ်လိုမှ မနေနိုင်ကြတော့ဘူး။ အဲ့ဒါနဲ့ ဆြာလေးအိပ်လောက်မယ့်အချိန်ကိုမှန်းပြီး ခပ်ကြိတ်ကြိတ်လှုပ်ရှားခဲ့ကြတာ။



သို့ပေသိ ဒါမျိုးတွေနဲ့လည်း အတော်ကိုဝေးကြနေတယ်၊ နှစ်ယောက်စလုံးကလည်း အားပြည့်အင်ပြည့်ဖြစ်နေကြတယ်ဆိုတော့ ထုံးစံအတိုင်းပေါ့ဆြာလေးရယ်. . အသံတွေ တဖြေးဖြေးကျယ်လာတော့တာပေါ့။ အဲ့မှာတင် ဆြာလေးလည်းနိုးပြီး ခုလိုအားနာစရာတွေဖြစ်ကုန်တော့တာပဲ။ အားနာလိုက်တာဆြာလေးရယ်. . "



ဟု ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရင်း အားနာစကားဆိုလေသည်။



ရဲရင့်သူလည်း ပွင့်ပွင့်လင်းလင်းပြောလာသော နတ်ပေစိ၏စကားကြောင့် မိိမိသိလိုသည်များကို စပ်စုရတော့မည်ဟု စိတ်အကြံဖြစ်လျှက်



" မဟုတ်တာဗျာ. .ကျတော်က ကိုပေစိတို့ကို အားနာရမှာပါဗျ။ ကိုယ့်ဘာသာကိုယ်အေးဆေးမနေဘဲ သူများလင်မယားအတွင်းရေးတွေကို လျှောက်ကြည့်နေမိခဲ့တာကို. ."



ဟု စကားပုလ္လင်ခံ၍



" ဒါနဲ့. .. ကျတော်မေးပါဦးမယ်။ ခဗျားတို့ နတ်တွေလည်း ယောကျ်ားမိန်းမ ဆက်ဆံကြတာ ကျုပ်တို့လူတွေနဲ့ ဘာမှ မကွာကြပါလား။ ကျုပ်မျက်စိထဲတော့ အားလုံးအတူတူပဲရယ်။ အဲ့ဒါ ဘယ်ဟာတွေတူပြီး ဘယ်ဟာတွေကွာတယ်ဆိုတာ ဖြစ်နိုင်ရင် ကျုပ်သိအောင်ရှင်းပြပါလားဗျာ "



ဟူ၍ မေးမြန်းလိုက်လေတော့၏။



ထိုအခါ နတ်ပေစိက



" ဒါက ဒီလိုရှိတယ်ဗျ၊ နတ်တွေမှာက အတော်ကိုပြောရခက်တယ်၊ ဘုန်းတန်ခိုးချင်းမှမတူကြတာကိုးး။ အမှန်ဝန်ခံရရင် ကျုပ်လည်း အစုံအစေ့ မှန်မှန်ကန်ကန်မသိဘူး။ ဆြာလေးစိတ်ဝင်စားရင်တော့ ကျုပ် သိသလောက်မှတ်သလောက် ကြားဖူးနားဝတွေနဲ့ ရှင်းပြမယ်လေ. . "



ဟု စကားခံလျှက် ၎င်းသိရှိထားသည့် နတ်ဖိုမဆက်ဆံရေးအကြောင်းများကို ရဲရင့်သူနှင့် အောက်ပါအတိုင်း ဆွေးနွေးပြောဆိုကြလေတော့သည်။.

.

.

" တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တွေကစပြီး လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်ရဲ့အမြင့်ဆုံး ဝဿဝတီနတ်ပြည်အထိ ကာမဘုံတွေလို့ ခေါ်ကြတယ်ဆြာလေးရဲ့။ ကာမဘုံတွေမှာက သူ့နည်းသူ့ဟန်နဲ့သူ ကာမသံဝါသအာရုံတွေကိုခံစားကြတာချည်းပဲ။ ကာမဘုံက လွန်မြောက်သွားတဲ့ ဗြဟ္မာဘုံတွေမှာတော့ သံဝါသအမှုမရှိကြတော့ဘူးပေါ့။



အဲ့လိုကာမဂုံ ခံစားကြတဲ့နေရာမှာ စတုမဟာရာဇ်အောက်နတ်တွေ၊ နတ်ပြိတ္တာတွေ၊ တချို့အသူရကာယ်တွေက လူတွေနဲ့ အတော်ကိုနီးနီးစပ်စပ်တူကြတယ်။ ပဋိသန္ဓေလွယ်ရတာ သားသမီးမွေးဖွားရတာတွေလည်း အားလုံးအတူတူနည်းပါးပဲ။ နတ်တွေမှာ တစ်ခုသာတာက ဖိုမအင်္ဂါတွေကို သူတို့ရဲ့တန်းခိုးအစွမ်းနဲ့ လိုသလို အတိုးအလျော့ ချိန်ညှိလို့ရကြတာပဲ။ ပြောရရင် နှစ်ဦးနှစ်ဖက် အကောင်းဆုံးအရသာကိုခံစားနိုင်မယ့် အနေအထားကိုဖန်ဆင်းပြီး ဆက်ဆံကြတာပေါ့လေ။



နောက်တစ်ခုက ကြာချိန်ကိုလည်းထိန်းသိမ်းထားနိုင်စွမ်းရှိကြတယ်။ အပေးအယူမျှတဲ့ နတ်စုံတွဲဖြစ်ဖို့တော့လိုတာပေါ့။ ဒါဆိုရင်နှစ်ဦးသဘောတူ တစ်ညလုံး နေထိုင်ပျော်ပါးလို့ ရကြလေရဲ့ "



" သြော. . ဒါကြောင့် မစန်းမြင့်ရဲ့အသံတွေက ကျတော်ကြားဖူးသမျှ အသံတွေထဲမှာ အတော်ကို လှိုက်လှိုက်လှဲလှဲ အရှိဆုံးဖြစ်နေတာကို။ ကိုပေစိတို့က မထိထိအောင် ချိန်ထားကြတာပေါ့. . ဟုတ်လား။ စတုမဟာရာဇ်ရဲ့အထက်က နတ်ဘုံတွေကကော ဘယ်လိုတွေခံစားကြလည်း လင်းစမ်းပါဦးဗျာ. . စိတ်ဝင်စားစရာပဲ "



" အင်းး စတုမဟာရစ်ကနေ အရမ်းဝေးတဲ့ တုဿိတာတို့ ဝဿဝတီတို့တော့ ဘယ်လိုတွေပျော်ပါးကြတယ် ကျုပ်လည်းမပြောတတ်ဘူး၊ သူတို့က ဘုန်းတန်ခိုးအရမ်းကြီးတော့ လိုက်မမှီဘူးလေ၊ သူတို့နည်း သူတို့ဟန်နဲ့တော့ရှိကြမှာပေါ့။ တာဝတိံသာနဲ့ ယာမာနှစ်ဘုံကတော့ ကာမဂုံခံစားရာမှာ စတုမဟာရစ်ထက် နဲနဲအဆင့်မြင့်သွားကြတယ်။



သူတို့က လက်ခွဲ ခွဲပြီး ခံစားလို့ရတယ်။ ဥပမာ. . သိကြားမင်းဆိုပါတော့ဗျာ၊ သူ့မှာ မိဖုရားငါးယောက်ရှိတယ်ပေါ့။ အဲ့ငါးယောက်ကို တစ်နေ့တစ်ယောက်ပျော်ပါးစရာမလိုဘူးဗျ၊ ငါးကိုယ်ခွဲလိုက်ပြီး တပြိုင်တည်း ငါးယောက်စလုံးနဲ့ နေလို့ရတယ်။ အဲ့လိုနေနေတဲ့အချိန်မှာ ခံစားချက်ငါးမျိုးစလုံးကို စုပြီးတော့ တစ်ကိုယ်တည်းကပဲ ခံစားနေနိုင်ပြန်တယ်။ ကျုပ်ပြောတာနားလည်လားမသိဘူး "



" ဟုတ်ကဲ့ နားလည်ပါတယ်. . ဆက်ပါဦးဗျ "



" အင်းး ဆက်ရရင်တော့. . ခု လူတွေလျှောက်ပြောနေကြတဲ့ သေးပေါက်ချိန်တောင်မရဘူး ဘာညာဆိုတာတွေက အမှန်မဟုတ်ဘူးဗျ။ မသိလို့ လျှောက်ပြောနေကြတာ။ တကယ်တမ်းက ဘုန်းတန်ခိုးကြီးတဲ့နတ်သားဖြစ်လို့ နတ်သမီး တစ်ဖက်ငါးရာနဲ့ စံစားရစေဦး. . အလှည့်ကျစနစ်နဲ ့မသွားဘဲ တစ်ပြိုင်တည်း တစ်ထောင်လုံးနဲ့ ခံစားပြစ်လိုက်လို့ရတယ်။ အဲ့ဒီခံစားချက်တွေကို တစ်ခုချင်းခွဲခြမ်းစိတ်ဖြာပြီးမှ ပြန်လည်စုပေါင်းခံစားနိုင်တဲ့ အစွမ်းတွေလည်း ရှိကြတယ်။ တန်ခိုးကြီးတဲ့ နတ်သမီးတွေလည်း အဲ့ဒီလိုပဲ။ ကဲ. . ကျုပ်သိတာတော့ ဒါအကုန်ဘဲ ဆြာလေး ကျန်တာဘာမေးစရာရှိသေးလည်း "



" အင်းလေ. . ကိုပေစိရှင်းပြလို့ သဘောပေါက်သင့်သလောက်လည်းပေါက်ပါပြီ။ မေးစရာထွေထွေထူးထူးမရှိတော့ပါဘူး။ တစ်ခုပဲ တာဝတိ ံသာတို့ ယာမာ တို့မှာ ကိုယ်ဝန်ဆောင်တာ သားသမီးမွေးတာကြတော့ စုမဟာရာဇ်တို့ လူ့ပြည်တို့နဲ့ တူလားဗျ. .အဲ့တာလေးသိချင်တယ် "



" အဲ့တာတော့မတူဘူးဗျ။ အဲ့ဘုံတွေမှာက ပဋိသန္ဓေလွယ်ရတဲ့ ဒုက္ခမရှိတော့ဘူး။ ကျေးကျွန်၊ တပည့်တပမ်း၊ ဇနီး ခင်ပွန်း၊ သားသမီး စသဖြင့် ဖြစ်လာကြမယ့် နတ်သား နတ်သမီးတွေက ဘွားခနဲပေါ်လာကြတာ။ နတ်ဗိမ္မာန်ဝန်းထဲမှာပေါ်ရင် ကျေးကျွန်၊ ဧည့်ခန်းဆောင်မှာပေါ်ရင် တပည့်တပမ်း၊ အိပ်ယာထက်မှာပေါ်ရင် ဇနီး သို့မဟုတ် ခင်ပွန်း၊ စုံတွဲနှစ်ယောက်အိပ်နေတဲ့ကြားထဲမှာ လာပေါ်ရင် သားသမီး. . အဲ့လို ဆိုင်ရာဆိုင်ရာ သတ်မှတ်ချက်တွေတော့ ရှိကြတာပေါ့။ တန်ခိုးတကယ်ကြီးတဲ့ နတ်မင်းကြီးတွေကြတော့လည်း ဘယ်သူ့ဆီမှာမှ မဝင်စားကြပြန်ဘဲ သူ့ဗိမ္မာန် သူ့အခြံအရံ သူ့ဇနီးမယားဖြစ်မယ့်သူတွေနဲ့အတူတူ တပြိုင်တည်း ဘွားခနဲပေါ်ကြလေရဲ့။ ဆြာလေးက နောက်ဘဝကြရင် ယာမာနတ်ပြည်မှာ အဲ့လိုပေါ်ရမှာ။ ဆြာလေး ဘာသိချင်သေးလည်း "



" မသိချင်တော့ပါဘူး ကိုပေစိရယ်. . အတော်လည်းစုံသလောက်ဖြစ်နေပါပြီ။ ခဗျားလည်း ကျတော့်ကိုရှင်းပြရတာမောကောပေါ့။ အဲ့တော့ ခဗျားနဲ့ကျတော် ဖာလူဒါအေးအေးလေး ဖန်ဆင်းပြီး သောက်ကြရအောင်လား. .လာဗျာ "



သိလိုရာများကို မေးမြန်းစပ်စုပြီးပြီမို့ ရဲ့ရင့်သူလည်း နတ်ပေစိကို ဖာလူဒါသောက်ဖို့ဆော်သြကာ စကားပွဲသိမ်းလိုက်လေတော့သည်။

.

.

ဖာလူဒါသောက်နေရင်း ရဲရင့်သူခေါင်းထဲတွင် အကြံတစ်ခုဝင်လာလေ၏။ ထိုအကြံမှာ တစ်ပါတ်တွင် နှစ်ရက်သုံးရက်ခန့် နတ်ပေစိတို့လင်မယား လွတ်လွတ်လပ်လပ်နေထိုင်နိုင်ကြရန်အတွက် ညဦးပိုင်းအချိန်များ၌ ရဲရင့်သူက ဗိမ္မာန်တွင်မနေဘဲ ရှောင်ပေးပြီး ညသန်းခေါင်ယံကျော်မှ ပြန်လာအိပ်ရန်ဖြစ်လေသည်။



နတ်ပေစိကတော့ လွန်စွာအားနာဟန်ဖြင့် ထိုအကြံအား အကြောက်အကန်ငြင်းလေ၏။ ရဲရင့်သူက. . ကာမဂုံဘုံသားများဖြစ်၍ သူသူကိုယ်ကိုယ် ထိုကိစ္စဖြင့်မကင်းနိုင်ကြကြောင်း၊ မိမိအတွက် နတ်ပေစိတို့လင်မယား ယခုကဲ့သို့အနေအထိုင်ကျဉ်းကြပ်နေမည့်ဖြစ်အင်ကိုလည်း မိမိအနေဖြင့် လုံးဝမလိုလားကြောင်း၊ လူတို့၏သဘောမှာ. . လူသိမခံလိုသော လုပ်ရပ်များကို ညပိုင်းတွင် လုပ်လေ့လုပ်ထရှိသောကြောင့် ထိုအချိန်များတွင် မိမိအနေဖြင့် ရွာထဲသို့လှည့်လည်ကာ ကလယ်ကာနောက်ကွယ်မှ လူတို့၏ ဇာတ်လမ်းများအား လေ့လာစပ်စုမည်ဖြစ်ကြောင်း၊ သို ့ဖြစ်၍ ယခု အစီအစဉ်မှာ နတ်ပေစိတို့လင်မယားအတွက်တင်မဟုတ်ဘဲ မိမိအတွက်ပါ အဆင်ပြေကြောင်း. . စသဖြင့် ပြောသည်ထက်မက တိုက်တွန်းပြောဆိုသောအခါမှပင် ရဲရင့်သူ၏အလိုကိုလိုက်၍ ခေါင်းငြိမ့်ရှာလေသည်။



သို့ဖြစ်၍ ထိုနေညမှ စတင်ကာ နတ်ပေစိတို့လင်မယားအား ရှောင်ပေးရင်း ရဲရင့်သူတစ်ယောက် ချော့တော်မျက်ဖြေ ရွာထဲသို့ တိုင်းခန်းလှည့်လည်ဖြစ်ခဲ့လေတော့၏။

.

.

.

ဆက်ရန်



အမြင့်ကြောက်သော ငှက်



.