သခင့် ဆီသို့ အပိုင်း ၉

အမြင့်ကြောက်သော ငှက်







ခင်သုန် သွားရောက်စုံစမ်းကြည့်လေရာ အိပ်ဖန်စောင့်တပ်မှူ းဖြစ်လေ၏။ တပ်မှူ းက ခင်သုန့်အား နေရောင်ပြ ခံတပ်မြို ့၏ အနောက်ဘက် မုန်းတားခံတပ်မြို ့ငယ်အား ရန်သူတပ်တို့ ရောက်ရှိလာပြီဖြစ်ကြောင်း . .မုန်းတားမှ ဆက်သားတစ်ဦးလွှတ်လိုက်ကြောင်း သတင်းပေးပြောကြားလေရာ ခင်သုန်လည်း ထိုဆက်သားအား ဧည့်တွေ့ဆောင်တွင် စောင့်မျေှ ာ်ခစားစေလျှ က် သခင်မထံသို့ ဝင်ရောက်အကြောင်းကြားလိုက်လေတော့သည်။

.

.

တာရာဒေဝီလည်း ခင်သုန့်စကားကြားသည်နှင့် ဝတ်လည်းတော်လည်း၍ ဆက်သားနှင့်တွေ့ရန် ဧည့်ဆောင်သို့ ကြွမြန်းခဲ့လေ၏။ ဆက်သားက တာရာဒေဝီကိုတွေ့သည်နှင့်တပြို င်တည်း ခြေတော်ဦးခိုက်လျှ က်



'' မှန်ပါ. . .ရန်သူတို့သည် မုန်းတားသို့ရောက်ရှိ၍ မုန်းတားမြို ့ဝန်နှင့် တပ်မင်းတို့ အစွမ်းကုန် ခုခံနေကြောင်းပါဖျ ား။



သို့သော်ရန်သူမျ ားမှာ အင်အားမျ ား၍ မိဂသီဘက်မှ ကိုယ်ခံပညာ ကျွ မ်းကျ င်သူတွေ မျ ားစွာ ခေါ်ဆောင်လာသဖြင့် မြို ့ဝန်မင်းတို့ အခက်တွေ့နေရကြောင်းပါ။ ရန်သူအင်အားမှာ . . .မင်းကံစီမြို ့စား ငကောင်းနှင့် နယ်ခြားစောင့် တပ်မှူ း ငရဲတို့နှစ်တပ်ပေါင်း အင်အား ၃၀၀၀ . . မိဂသီမှ အင်အား ၃၀၀၀ ပေါင်း ၆၀၀၀ မျှ ရှိလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့မှာမူ မိဂသီဘုရင် စောလူးကိုယ်တိုင်ချ ီလျှ က် အင်အား ၆၀၀၀ မျှ ခေါ်ယူခဲ့ဟန်ရှိသဖြင့် ရန်သူအင်အားပေါင်း ၉၀၀၀ မျှ ဆင်မြင်းလက်နက်အပြည့်အစုံနှင့် ရှိနေကြောင်းပါဖျ ား။



ကျွ န်တော်မျ ို းတို့ ခံတပ်ငယ်တွင် လက်နက်လူသူအင်အား ၁၅၀၀ မျှ သာရှိ၍ ရေရှည်၌ ခံနိုင်ရည်ရှိမည်မဟုတ်ပါ။ သို့အတွက် တပ်တော်တို့ကို သေသပ်ကျ နာစွာ အချ န်အဆုတ် ထုတ်နှုတ်လျှ က် နေရောင်ပြသို့ ဆုတ်ကာခွာ ပူးပေါင်းကြံ့ကြံ့ခိုင်ပါမည့်အကြောင်း သခင်မထံ '' မြို့ဝန်မင်းမှ ရွှေနားတော်သွင်း လျေှ ာက်ထားလိုက်ကြောင်းပါဖျ ား။ ''



ဆက်သားလေးက ၎င်းသယ်ဆောင်လာသမျှ အကြောင်းအရာတို့ကို တာရာဒေဝီအား တစ်ခုမကျ န်လုံးစေ့ပတ်စေ့ လျေ ာက်ထားလိုက်ပြီးနောက် လွန်စွာခရီးပမ်းနွမ်းလျှ ဟန်ဖြင့် ပင့်သက်ကို ရှိုက် ရှိုက်ရှူ နေရှာလေတော့သည်။ သခင်မလည်း ဆက်သားအား တပ်တော်တန်းလျ ားတွင် အေးဆေးသက်သာ အမောဖြေအနားယူရန် အခွင့်ပေးစေလွှတ်လိုက်ပြီး ခင်သုန့်ဘက်သို့လှည့်ကာ



'' ခင်သုန်ရေ ညီမ အိပ်နေလို့ မတော်ဘူးကွယ်။ မောင်တော်မလာခင် ဒီငမိုက်သားတွေကို မဖုရားတို့ ခံထားနိုင်မှ တော်ကာကြမယ်။ အခုချ က်ခြင်း တပ်မင်းသီဟသူကို တပ်သား ၁၅၀၀ လက်နက်အပြည့်အစုံပေးပြီး နေရောင်ပြကို လွှတ်လိုက်ပေရော့။ မဖုရားရဲ့သဘောတော် အမိန့်စာကိုလည်း တပ်သားတွေအာလုံးသိရအောင် ဖတ်ပြလိုက်ပါကွယ်။



ကျ န်တပ်သား ၅၀၀ နဲ့နန်းစောင့်တပ်မျ ားကိုလည်း မီးပေါက်လက်နက်တွေအသင့်ပြင်ခိုင်းထား ။ နန်းမြို ့ရိုးပေါ်ကို အမြှောက်မျ ားနဲ့ မီးတစ်ချ က်ထိုးပြီးလျှ င် ၂၇ ချ က်ဆက်တိုက်ပစ်လို့ရတဲ့ မီးပေါက် စက်လက်နက်ကြီး တွေကို တင်စေလိုက်''



ဟူ၍ ကြုံ တွေ့လာရတော့မည့် စစ်ပွဲ့ကို ထိပ်တိုက်ရင်ဆိုင်ကျေ ာ်ဖြတ်ရန် အသုံးပြု မည့် နည်းလမ်းမျ ားကို မိန့်တော်မူလေသည်။



ခင်သုန်ကလည်း



'' မှန်ပါ အမိန့်တော်မြတ်အတိုင်းကြေပြွန်အောင် ဆောင်ရွက်ပါမ့ယ်ဖျ ားး ''



ဟု လေးလေးနက်နက် ဝန်ခံကတိပေးလိုက်လေတော့၏။







မင်းကြီးနှင့် ခင်သူဇာတို့နှစ်ဦးလည်း ဆက်ခန်းဆောင်အတွင်း ချ စ်ခြင်ဗျ ူ ဟာ နည်းမျ ို စုံဖြင့် ကြည်နူးပျေ ာ်ရွှင်စွာ စပ်ယှက် ကြပြီးနောက် ဝတ်ရုံမျ ားကို ကိုယ်တွင် အသီးသီး ပြန်လည်ဝတ်ဆင်လွှမ်းခြုံ လိုက်ကြကာ ခေတ္တအနားယူကြလေ၏။



ထိုသို့ အနားယူစဉ် ခင်သူဇာက ဗျ က်စောင်းတီးကာ သီချ င်းဆိုသကဲ့သို့ မင်းကြီးက နွားနို့ပူပူတစ်ခွက်နှင့် ကြက်ဥပြု တ်တို့ကို တဖွဖွ စားသောက်လျှ က် ခင်သူဇာ၏ အဆိုအတီးတို့ကို သောတဆင်ခံစားလေသည်။ ခင်သူဇာ သီချ င်း သုံးပုဒ်မျှ ဆိုပြီးသောအခါ . . .



'' ခင်လေး . . ကိုယ် ဗျ က်စောင်းတီးတာ နားဆင်ချ င်သလော ''



ဟု မင်းကြီးက အမှတ်မထင်မေးလိုက်လေရာ ခင်သူဇာလည်း မျ က်လုံးလေးမျ ားဝိုင်းကာ အံ့သြသွားဟန်ဖြင့်



'' မင်းကြီးက ဗျ က်စောင်းတီးတတ်တယ် . . .ဟုတ်စ ''



ဟု ပြန်လည်မေးမြန်းလေ၏။



'' တီးတတ်တာပေါ့ ခင်လေးရယ် . . .တီးတာမှ ကျွ မ်းကျွ မ်းကျ င်ကျ င်ကို တီးတတ်တာ။ ဒါပေမယ့် သူတပါးကို တီးပြခဲသည်ပ။ ဤလောကမှာ ကိုယ်ဗျ က်စောင်းတီးပြီး သီးချ င်းတစ်ပုဒ်လုံးဆုံးအောင် သီဆိုပြတာကို သောတဆင်ဖူးသူ ဟူ၍ တာရာတစ်ယောက်ပင် ရှိလေစွ။ ယခုမှ ခင်လေးနှင့်ဆို နှစ်ယောက်ဖြစ်ပေတော့မယ် ''



မင်းကြီး၏ ဝန်ခံစကားကြောင့် ခင်သူဇာလည်း မင်းကြီး၏ လက်သံနှင့် သီဆိုဟန်ကို လွန်စွာ နားသောတ ဆင်လိုသဖြင့် သီဆိုတီးခတ်ပြပါရန် ကလေးတစ်ယောက်နှယ် တတွတ်တွတ် ချွဲ နွဲ့ပူဆာလေတော့သည်။ ထိုအခါမင်းကြီးက



'' ကိုယ်တော်တွေ ဘယ်နှစ်ညဆက်တိုက် မအိပ်ဘဲ နေနိုင်သည်ပ ''



ဟု မဆီမဆိုင်မေးမြန်းလိုက်ပြန်သည်။ ခင်သူဇာလည်း မင်းကြီးအား မျ က်စောင်းလှလှလေးထိုးပြီး



'' ငါးရက်ရှင့်. . .ဘဇာကြောင့် မဆိုင်တာတွေ မေးနေသည်ပ ''



ဟု ဆောင့်ဆောင့်အောင့်အောင့်လေး ပြန်ပြောလိုက်သောအခါ မင်းကြီးက ခင်သူဇာ ဖြစ်နေသည့်ပုံကိုကြည့်၍ ရယ်မောလျှ က်



''ခု သီချ င်းဆိုပြပြီးရင်ဖြင့် ခင်လေးနဲ့ ဇာတ်လမ်းဆက်လို သည့်အတွက် မေးရသည်ပ ''



ဟု ပြန်လည်ဖြေကြားလိုက်ပြီး ဗျ က်စောင်းကိုယူကာ '' သည်ဆောင်းဟေမာန် '' သီချ င်းကို တီးလုံးတီးကွက် ပြောင်မြောက်မှန်ကန်စွာ တီးခေတ်လျှ က် အသံဝါကြီးဖြင့် သီဆိုလိုက်လေတော့သည်။



ခင်သူဇာကတော့ နှုတ်ခမ်းလေးကိုက်ကာ ပီတိပြုံ းလေးဖြင့် မင်းကြီး ဆိုတီးပြသော '' သည်ဆောင်းဟေမာန်် '' သီချ င်းကို နားသောတဆင်၍ နေလေတော့၏။







ဥတ္တရနိဂုံး မြို ့ရိုးပေါ်မှာ ကြည့်လျှ င် မြို ့ပြင်၌ ရောင်စုံတံခွန်အလံမျ ား တလွင့်လွင့် ရွှေထီးငွေထီးမျ ား တပြောင်ပြောင်ဖြင့် ရာမာဝတီတပ်တော်ကြီးကို တွေ့မြင်ရပေ၏။ မြို ့တံခါး ဝနှင့် ဝါးသုံးပြန်ခန့်တွင် ဆင်အကောင်ရေ ၂၀၀ ခန့်ရှိသော ဆင်တပ်ကြီးက အစီအရီနေရာယူထားလေ၏။ ဆင်တပ်နောက် ဝါးနှစ်ပြန်ခန့်အကွာတွင် မြင်းကောင်ရေ ၇၀၀ ခန့်နှင့် မြင်းစီးစစ်သည်တော်မျ ားက လှံချွ န်မျ ား ဓားမျ ား မီးပေါက်လက်နက်မျ ားကို ကိုင်ဆွဲထားလျှ က်။ မြင်းတပ်ကိုလွန်သော် စစ်သည်အင်အား ၁၀၀၀၀ ခန့်ရှိသည့် လက်နက်မျ ို းစုံ တပ်ဆင်ထားသော ခြေလျှ င်သူရဲတပ်။ ခြေလျှ င် သူရဲမျ ား၏ အနောက်ဘက် နောက်ပိတ်ဆုံးနေရာမှ အမြှောက်တပ်က အမြှောက်ပေါင်း အလက်တစ်ရာခန့်ဖြင့် ဥတ္တရနိဂုံး မြို ့သို့ အသင့်ချ ိန်ရွယ်ထားလေသည်။

.

.

.

ဥတ္တရနိဂုံး နန်းခန်းမ ဗဟိုထိုင်ခုံနှစ်ခုံတွင် ကိုယ်စီထိုင်လျှ က် မင်းကြီးသုနက္ခတ်နှင့် စစ်သေနာပတိကြီး ဦးကြို င်တို့ လက်ဖက်အဖန်ရေသောက်ရင်း စကားခြေတင်ပြောဆိုနေကြလေသည်။



ခင်သူဇာမှာ ဆောင်ဓားကိုင်၍ မင်းကြီးရဲ့ နောက်တော်ပါးတွင် ကပ်ကာ ခစားနေလေ၏။ ကျ န်အမတ် စစ်သူကြီးမျ ားမှာတော့ ဘေးဘက်ရှိထိုင်ခုံမျ ားတွင် အသီးသီးထိုင်လျှ က်မင်းကြီးနှင့် ဦးကြို င်တို့ ပြောကြဆိုကြသည်မျ ားကို စိတ်ဝင်တစား နားထောင်နေကြလေသည်။



'' မောင်ရင့်ရဲ့ဖခမည်းတော် သတိုးသီရိမဟာမင်းကြီး သုရှင်ထွတ်နှင့် ကျ ု ပ်ဟာ မိတ်ရင်းဆွေရင်း အမှုတော်ထမ်းဖက်ချ င်း ဖြစ်ကြသည့်အတွက် ခင်မင်းရင်းစွဲရှိကြသည့်အားလျေှ ာ်စွာ ချ က်ခြင်းစစ်မပြု သေးဘဲ ယခုကဲ့သို့ မောင်မင်း၏ ဖိတ်ခေါ်သမှုကို လက်ခံပြီး ကျ ု ပ် နန်းတော်ထဲအထိဝင်ရောက် စေ့စပ်ရခြင်းဖြစ်ပေတယ်။



တာရာဒေဝီ သခင်မ အနေဖြင့် မောင်မင်းကို ရွှေနန်းတော်သို့ အပါခေါ်ဆောင်လာစေလိုတယ်။ ဝန်ကြီးချ ု ပ်နဲ့ နန်းတွင်းအထင်ကရ အမတ်ကြီးမျ ားကလည်း ပုန်ကန်ရန်ကြံစည်ကြောင်း မောင်ရင့်ကို ညီလာခံသဘင်မှာ ဆွဲချ က်တင်ထားကြတယ်။ ဒါကြောင့် မောင်ရင် ကျ ု ပ်နဲ့ အသာတကြည်လိုက်ခဲ့ပြီး အနှီအရေးအရာမျ ားကို ထုခြေဖြေရှင်းဖို့ ကျ ု ပ်တိုက်တွန်းပါရစေ ''



အဂ္ဂမဟာသေနာပတိ စစ်မင်းကြီးဦးကြို င်က မင်းကြီးသုနက္ခအား အထက်ပါအတိုင်းစကားဆိုပြီးနောက် နဘေးရှိကျေ ာက်စိမ်းစားပွဲခုံပေါ်မှ ဖန်ခါးရည်ခွက်ကို ယူငင်ကာ တစိမ့်စိမ့်မှုတ်သောက်လို့ နေလေတော့သည်။



ထိုအခါ မင်းကြီးက ပြုံ းသည်ဆိုရုံမျှ ပြုံ းလိုက်၍



'' မှန်ပေသည် ဦးကြီးတော်။ စစ်ဆိုသည်နိုင်လျှ င်ကောင်း၏ မနိုင်လျှ င်ကား ကိုယ်ကျ ို းနည်းလှပေသည်။ စစ်ရှုံး၍ ကိုယ်ကျ ို းနည်းရာတွင် . . . .



ငယ်သူ သဘာနိမ့်သူ လူသူအင်အား နည်းပါးသူမှ ကြီးသူ အတွေ့အကြုံ သဘာရင့်သူ လူသူအင်အားမျ ားသူ၏ ထံတွင် ရှုံးနိမ့်ရသည့်အတွက် ကိုယ်ကျ ို းနည်းရခြင်းထက်



ကြီးသူ အတွေ့အကြုံ သဘာရင့်သူ လူသူအင်အားမျ ားသူမှ ငယ်သူ သဘာနိမ့်သူ လူသူအင်အား နည်းပါးသူထံမှောက်တွင် စစ်ရှုံးရသည်ရှိသော် ပိုမိုသာကဲ၍ပင် အကျ ို းနည်းရပေသေး၏။



ဦးကြီးတော် စိတ်ဝင်စားမည် အထင်ဖြင့် ကျ ု ပ်လိုက်ပြလိုသော အရာမျ ားရှိပေသည်။ အစဉ်သနားခြင်းကို အကြောင်းပြု လျှ က် လိုက်လံရှုစားလှည့်ပါလော့ ''



ုဟု လေသံခပ်အေးအေးဖြင့် ပြန်လည်ပြောကြားလျှ က် ထိုင်ရာမှ ထထွက်သွားလေတော့၏။ မင်းကြီး၏ နောက်မှ ခင်သူဇာ ထပ်ချ ပ်မခွာလိုက်ပါသွားသကဲ့သို့ အမတ်မျ ား တပ်မှူ းတပ်မင်းမျ ားလည်း စီတန်း လိုက်ပါသွားကြလေတော့သည်။ ဦးကြို င်လည်း နေရာမှ ထကာ စူးစမ်းလိုဟန်ဖြင့် ထိုလူအုပ်၏နောက်မှ ခပ်သုတ်သုတ်လိုက်ခဲ့ လိုက်လေတော့၏။

.

.

.

နန်းမြင့်မျေှ ာ်စင် ပေါ်တွင် မင်းကြီးသုနက္ခတ် စစ်သေနာပတိဦးကြို င်နှင့် ငွေကိုယ်တော် ခင်သူဇာ သုံးဦးသာရှိလေ၏။ ဦးကြို င်နှင့် အေးအေးဆေးဆေး ဆွေးနွေးဖို့ရာ ရှိသည်ဟုဆို၍ မင်းကြီးက သူ၏ မှူ းမတ်မျ ား ကိုယ်ရံတော်မျ ားကို မျေှ ာ်စင်အောက်တွင် ထားပြစ်ခဲ့လေသည်။ မျေှ ာ်စင်ပေါ်သို့မတက်မှီ မင်းကြီးက ၎င်း၏သွေးသောက်မျ ားကို . . . အကယ်၍ ၎င်းအနေဖြင့် မျေှ ာ်စင်ပေါ်မှ အသက်ရှင်လျှ က် မဆင်းနိုင်ခဲ့သည်ရှိသော် မည်သူ့ကိုမျှ အပြစ်မယူဘဲ စစ်သေနာပတိကြီး၏ထံပါးတွင် လက်နက်ချ အညံ့ခံကြရန် မှားကြားခဲ့သေး၏။

.

.

'' ဆင်တပ် ပြီးတော့မှ မြင်းတပ် နောက်ခြေလျှ င်သူရဲတပ် အမြှောက်တပ် . . . ကောင်းလိုက်တဲ့ စစ်ခင်းပုံပေပဲ။ မျ ားသောအားဖြင့် ခြေလျှ င်က တပ်ဦး ဒုတိယက မြင်း တတိယ ဆင် နောက်ဆုံးက အမြှောက် . . ဤသို့သာ စစ်ခင်းကြသည်မျ ားသည်ပ။



သို့သော် ဦးကြီးတော်၏ ဗျ ူ ဟာမှာ . . .အင်အား ၁၃၀၀၀ ခန့် ရှိပြီး ဆင်မြင်းလက်နက် အင်အား သာလွန်တောင့်တင်းတဲ့ တပ်တော်ကြီးတစ်ခုအနေနဲ့ အင်အား လေးငါးထောင်မျှ သာ ခံထားတဲ့ ခံတပ်တစ်ခုကို တိုက်ခိုက်လုပ်ကြံရာမှာ ခြေလျှ င်တပ်ကို ဦးစွာ လွှတ်၍ လူမဖြု န်းတော့။ အမြှောက်တပ်မှ တရစပ်ပြစ်ကူပေးလျှ က် မြို ့တံခါးကို ဆင်တပ်နှင့် တိုက်ဖြို ပြီး အကျ အဆုံးအလေအလွင့် နဲပါးစွာဖြင့် အရံအတားအားလုံးကို ဖျ က်ဆီးဖယ်ရှားပစ်မယ့် ဗျ ူ ဟာပေပဲ။



မြို ့ရိုးကျ သော် မြင်းတပ်နှင့်ဝင်နင်းကာ မြင်းတပ်နောက်မှ ခြေလျှ င်သူရဲတပ်ကလည်း ထပ်ချ ပ်မခွာလိုက်၍ မြင်မြင်သမျှ ကိုထိုးခုတ်ပစ်ခတ်ကြတော့မည်သာ။ တော်ပါပေသည် သင့်ပါပေသည်။ မှန်ပါပေသည်။ ဦးကြီးတော်ဟာ ကျ ု ပ်ရဲ့ဖခမည်းတော် မဟာမင်းကြီး သုရှင်ထွတ်ရဲ့ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းဆွေခြာလို့ ပြောစရာမလိုရလောက်အောင် အတွေးအကြံထက်မျ က်တော် မူပါပေတယ်။ ''



မြို ့ပြင်တွင် ဝိုင်းရံလျှ က်ရှိသည့် ရာမာဝတီတပ်တော်ကြီးကို မျေှ ာ်စင်ပေါ်မှကြည့်လျှ က် မင်းကြီး၏က သုံးသပ်ချ ီးကျ ူ းစကားဆိုလိုက်လေသည်။ စစ်သေနာပတိကြီး ဦးကြို င်လည်း . . . မိမိ၏ စစ်ရေးအခင်းအကျ င်းကို မြင်ရုံမျှ ဖြင့် မင်းကြီးသုနက္ခတ်မှာ ခံ့ငြားကြောက်ရွံ့ပြီး မိမိဘက်သို့တိမ်းကာ အသာတကြည်ပင် အရေးတော်အောင်လေတော့မည် . . .ဟု တွေးတောလျှ က် ဝံ့ကြွားဂုဏ်ယူဟန်ဖြင့် နှုတ်ခမ်းမွှေးကားကားကိုပွတ်လို့ မိန့်မိန့်ကြီးပြုံ းနေလေ၏။



ခင်သူဇာမှာတော့ မင်းကြီး၏ နောက်မှနေ၍ အခြေအနေကို အသာအကဲခတ်လျှ က်။ မင်းကြီးက စကားဆက်ပြန်သည်။



'' သို့သော် . . .



ဦးကြို င် မျ က်မှောင်ကြုံ ့သွားလေ၏။



'' ရာမာဝတီတပ်တော်ကြီး၏ အမြှောက်မျ ားမှာ တစ်ယူဇနာအကွာသို့သာ အလွန်ဆုံး ပစ်ခတ်နိုင်ပေသည်။ ဟိုးဘက်ယွန်ယွန်း တောင်ကုန်းပေါ်တွင် အရောင်တစ်လက်လက် တောက်ပနေသော အရာကို ဦးကြီးတော်ရှုပါလော့ ''



ဦးကြို င်မျ က်မှောက်ကျ ုံ ့လျှ က် ညာဘက်တောင်ကုန်းပေါ်သို ကြည့်လိုက်သောအခါ တစ်စုံတစ်ရာ လက်ခနဲ လက်ခနဲ တောက်ပနေလေသည်။



'' မြင်ပါလေစ ''



'' မြင်ပါသည် ''



'' ဦးကြီးတော်၏ အမြှောက်တပ် တပ်စွဲထားသည့်နေရာနှင့် အနှီတောင်ထိပ် မည်မျှ ကွာဝေးသည်ထင်ပါသနည်း ''



'' တစ်ယူဇနာခွဲခန့် ကွာဝေးကောင်းပေ၏ ''



ဦးကြို င်က တောင်ထိပ်သို့ ထပ်မံလှမ်းကြည့်လိုက်ပြီး ချ င့်ချ င့်ချ ိန်ချ ိန် ဖြေကြားလိုက်လေသည်။



'' မှန်ပေသည် ဦးကြီးတော်။ တစ်ယူဇနာနှင့် သုံးတိုင်မျှ ကွာဝေးလေသည်။ ဦးကြီးတော်၏ အမြှောက်လက်နက်မျ ားဖြင့် ထိုနေရာသို့ပြစ်ခတ်သော် အမြောက်ကြည်အလျှ င်းမရောက်နိုင်။



ကျ ု ပ်လည်း စစ်သည်မျ ို းရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည့်အားလျေှ ာ်စွာ ဥတ္တရနိဂုံးသို့ ရာမဝတီတပ်တော်ချ ီလာသည်ရှိသော် အဘယ်နေရာ၌ အမြှောက်တပ်ကို နေရာချ မည်နည်း အဘယ်နေရာသည် မြို ့ရိုးနှင့် မြို ့တွင်းသို့ အမြှောက်မျ ားဖြင့် ပြစ်ထည့်ရန် အကောင်းဆုံးနေရာ ဖြစ်သနည်း ဟူသည်ကို ကောင်းကောင်းချ င့်ချ ိန်တွက်ဆနိုင်ပေ၏။



သို့သော် ရာမာဝတီတပ်ကို ကြီးမှူ းလာသည့် စစ်မင်းကြီးမှာ ဦးကြီးတော်ဖြစ်နေသည်မို့ ကျ ု ပ်အနေဖြင့် ခပ်ပေါ့ပေါ့ စဉ်းစားတွေးခေါ်၍ မရပေ။ ကျ ု ပ်ပြောတာမလွဲသည်ရှိသော် ရာမာဝတီအမြှောက်တပ်ကို နေရာချ စဉ်အချ ိန်ကတည်းကပင် ဦးကြီးတော်သည် ဘောဘီဝန်းကျ င် တစ်ယူဇနာခန့်ကို စတည်းနာခဲ့ပြီးပြီ မဟုတ်ပါလား။ ''



'' မှန်ပေသည်မောင်ရင် . . .ကျ ု ပ် တစ်ယူဇနာပတ်လည် လေ့လာပြီး အန္တရာယ်ကင်းသည်ဟု ယုံမှတ်ရသောအခါမှ အမြှောက်မျ ားကို နေရာချ ခြင်းဖြစ်၏။ ''



ဦးကြို င်၏ အဖြေစကားကြောင့် မင်းကြီး၏ မျ က်နှာတော်ပေါ်တွင် ခပ်ဖြုံ ့ဖြုံ ့အပြုံ းတစ်ပွင့် ပေါ်လွင်သွားလေသည်။



ထို့နောက်ခေါင်းကို ခပ်လေးလေးခါယမ်းလျ က်



'' အမြှောက်ဟူသည် တစ်ယူဇနာမျှ သာ အမျ ားဆုံးပစ်ခတ်နိုင်သည်ဟု ဦးကြီးတော်ထင်မှတ်ထားခြင်းသည် လွန်စွာ မှားလေစွ။ တောင်ကုန်းပေါ်တွင် ကျ ု ပ်တင်ထားသည့် ဥတ္တရနိဂုံး ရွှေတပ်တော် အမြှောက် အလက် ၇၀ သည် တစ်ယူဇနာခွဲခန့် အကွာအထိ ပြစ်မှတ်မလွဲဘဲ ပြစ်ခတ်နိုင်ပေ၏။



ထို့အပြင် အနှီအမြှောက်လက်နက်မျ ားသည် ရာမာဝတီတပ်တော်၏ အမြှောက်မျ ားကဲ့သို့ တစ်ချ က်ယမ်းထိုး တစ်ချ က်ပြစ်မဟုတ်ကြဘဲ တစ်ချ က်ယမ်းထိုးထားပြီးပါက နှစ်ချ က်တိတိ ပြစ်ခတ်နိုင်စွမ်းလေသည်။ ယခုအခါ ထိုအမြှောက်မျ ားကို ယမ်းအသင့်ထိုးလျှ က် ရာမာဝတီအမြှောက်တပ်အား ချ ိန်ရွ

ယ်ထားနှင့်ပြီးလေပြီ။ကျ ု ပ်အချ က်ပြလိုက်ယုံမျှ ဖြင့် ရာမာဝတီအမြှောက်တပ်သည် မည်သည့်အရပ်မှ ကျ ရောက်လာမှန်း နားလည်နိုင်စွမ်းမရှိသည့် အမြှောက်ဆံတို့အောက်တွင် တပ်ပျ က်ရချေ တော့မည်။ ''



ဟု ဦးကြို င်အား ခပ်သွက်သွက်ခပ်ငေါက်ငေါက်ပြောလိုက်ပြီး



'' ရော့ ရှုလော့ . . .''



ဟူ၍ မှန်ပြောင်းတစ်လက်ကိုပါ ဦးကြို င်၏လက်သို့ ထိုးပေးလိုက်လေ၏။ ဦးကြို င်လည်း မယုံမရဲဖြင့် မှန်ပြောင်းကိုယူလျှ က် အရှေ့ဘက်တောင်ကုန်းသို့ အတော်ကြာအောင် လှမ်းမျေှ ာ်ကြည့်လိုက်ပြီးနောက် ချ က်ခြင်းဆိုသလို မျ က်နှာညှို းနွမ်းကျ လျှ က် စွံ့အ၍ သွားလေတော့သည်။

.

.

.

မင်းကြီးက ဦးကြိုင်ကို စိတ်ဓာတ်ရေးရာ စစ်ဆင်နေလေပြီ။ ဦးကြို င်ရဲ့ အပေါ်တွင် မင်းကြီး၏ စိတ်ကော ကိုယ်ပါအာရုံစိုက်ထားလေ၏။ ထို့အပြင် မင်းကြီးသည် ၎င်းသေဆုံးသွားပါကလည်း အပြစ်မယူဖို့ရာ ငယ်သားမျ ားအား မှားကြားထားပြန်သေး၏။



ဤအခြေအနေသည် ခင်သူဇာအတွက် မင်းကြီးအား လုပ်ကြံရန် အကောင်းဆုံးအချ ိန်ဖြစ်ပေသည်။ မင်းကြီးကို အောင်မြင်စွာလုပ်ကြံနိုင်မှသာလျှ င် မိဂသီဘုရင်၏ လက်တွင်း သက်ဆင်းကျ ရောက်နေရရှာသော သူမ၏ဖခင်ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။



ခင်သူဇာ ဆောင်ဓားကို ဓားအိမ်မှချွ တ်ရန် ဓားရိုးပေါ်သို့ ဓားတင်လိုက်လေ၏။



'' အို . . .ခင်သူဇာ . . မလျေှ ာ်သောအတွေးကို အဘယ်အတွက် ညဉ်းတွေးနေအံ့နည်း။ မလျေှ ာ်သည့်အကြံအား ဘဇာကြောင့် ညဉ်းကြံနေအံ့နည်း။ မင်းကြီးဟူသည် ညဉ်းအသက်မက ချ စ်ရသူ။ မင်းကြီးကို လုပ်ကြံပါက ကိုယ့်နှလုံးသားကို ကိုယ် ပြန်လည်လုပ်ကြံခြင်းသာ ဖြစ်ပေတော့မည်။ ညဉ်းရဲ့ဖခင် ဘဝတစ်သက်တာ ညဉ်းအပေါ်ကောင်းခဲ့သမျှ ကို စုစည်းသော်မှ တစ်ရက်စာမျှ မင်းကြီး ညဉ်းအပေါ်ထားခဲ့သော စေတနာ မေတ္တာ တို့ကို မမှီချေ . . .''



ခင်သူဇာ ဤသို့တွေးမိပြီး ဓားရိုးပေါ်ရှိလက်ကို ပြန်ချ လိုက်လေသည်။

.

.

.

ထိုအချ ိန်တွင် ဦးကြို င်က လွန်စွာမခံမရပ်နိုင်ဖြစ်ဟန်ဖြင့် မေးကြောကြီးမျ ားထောင်ထလာလျှ က်



'' အမြှောက်တပ်ကျ ၍ အမြှောက်မပြစ်ရလျှ င်လည်း ကျ ု ပ်မမှု။ ကျ ု ပ်ရဲ့ဆင်တပ်ကြီးသည် မောင်မင်း၏ မြို ့ရိုးနှင့် အလွန်နီးသောနေရာတွင် အသင့်နေရာယူထားပြီးဖြစ်သည်။ ဆင်တပ်နှင့် တွန်းဖွင့်သော် မောင်မင်း မြို ့ရိုး အဘယ်သို့ ခံနိုင်မည်နည်း။ မြို ့ရိုးပွင့်လျှ င် ဆင်တပ် မြင်းတပ် ခြေလျှ င်တပ် မျ ားမြို ့တွင်းသို့ အဟုန်ဖြင့်ဝင်ကာ မြင်မြင်သမျှ ကို အမှုန့်ချေ အံ့။ ထိုအခါ တောင်ပေါ်ရှိ မောင်မင်း၏ အမြှောက်မျ ားသည်လည်း ကိုယ့်မြို ့တွင်းသို့ ကိုယ်ပြန်ပြစ်ဖို့ရာ မဖြစ်နိုင်တော့ဘဲ လက်မှိုင်ချ ၍ မြို ့ပျ က်သည်ကို ထိုင်ကြည့်နေရပေတော့မည် ''



ဟု ကြုံ းဝါးပြောဆိုလေသည်။



ဦးကြို င်၏ စကားအဆုံး၌ မင်းကြီးက အားပါးတရ တဟားးဟား ရယ်မောလိုက်ပြီး အေးဆက်သောလေသံဖြင့် အောက်ပါစကားတို့ကို ဆက်လက်ပြောကြလိုက်လေ၏။



'' ဒီမှာ . . သေနာပတိကြီးရဲ့။ ဦးကြီးတော်ဟာလေ တော်တော့အလွန်တော်ပါရဲ့ . . သို့သော် ခေတ်နှင့်မလျေှ ာ်တော့။

ရော့ . . .မှန်ပြောင်းယူ . . . ဘယ်ဘက်တောင်ကုန်းပေါ်သို့ကြည့် စမ်းပါဦးလေ။ အနှီတောင်ပေါ်တွင် အမြှောက် အလက် ၅၀ တိတိရှိ၏။ အမြှောက်အားလုံးသည် ခြေလျှ င်တပ်သို့ ချ ိန်ထားလေသည်။



ညာဘက်တောင်ပေါ်ရှိ အမြှောက်မျ ားက ရာမာဝတီ အမြှောက်တပ်ကို ပစ်ခတ်ခြေမှုန်းသည်နှင့် တပြို င်တည်း ဘယ်ဘက်တောင်ပေါ်ရှိအမြှောက်မျ ားကလည်း ရာမာဝတီ ခြေလျှ င်တပ်ကို ပစ်ခတ်ပေတော့မည်။



ထိုအခါ ဦးကြီးတော် မည်သို့ အမိန့်ပေးမည်နည်း။ ဆင်တပ်နှင့် မြို ့ရိုးကို အတင်းတွန်းဖျ က်၍ အမြှောက်ဒဏ်လွတ်ရာ မြို ့တွင်းဆီသို့ တပ်အလုံးစုံကို ချွ န်းဖွင့်သွင်းဖို့ရာသာ ရှိပေတော့သည်။ သို့သော် မြို းရိုးပေါ်ရှိ ရဲမက်မျ ားသည် ဟန်ပြသက်သက်သာ။ အမှန်တွင် မြို ့ရိုးပေါ်နှင့် မြို ့ရိုးအတွင်း၌ ရမ်းဘီလူးမျ ားသာ ထားရှိ ထားလေသည်။



ဘယ်ညာ ညှပ်ပြစ်ခတ်သော အမြှောက်ဒဏ်တို့ကြောင့် ရာမာ ဆင်တပ် မြို ့ရိုးဆီသို့ အတင်းတိုးဖို့လာသည်နှင့် မြို ့ရိုးပေါ်မှ အစောင့်ရဲမက်မျ ားသည် ယမ်းဘီလူးစနက်တံမျ ားကို မီးရှို့ကာ ထွက်ပြေးကြပေလိမ့်မည်။ မြို ့ရိုးအနီးသို့ ဆင်တပ်ရောက်သော် ယမ်းဘီလူးမျ ားပွင့်ထွက်လျှ က် မြို ့ရိုးလည်းကြေ ဆင်တပ်လည်း မရှုမလှ ဇာတ်သိမ်းရမည်သာ။ မသေသော ဆင်တို့သည် ယမ်းဘီလူးပေါက်ကွဲသံကြောင့် ကြောက်ရွံ့လျှ က် ခြေဦးတည့်ရာထွက်ပြေးကြရင်း နောက်မှ ပါလာသည့် မြင်းတပ် ခြေလျှ င်တပ်မျ ားကို နင်းခြေပြစ်ရန်မှာ မြေကြီးလက်ခတ်မလွဲ။



ဤသို့ ရာမာတပ်ကြီး ဖယိုဖရဲနှင့် တပ်ပျ က်နေချ ိန်တွင် ကျ ု ပ်၏ ရွှေတပ်တော်ရဲမက်မျ ားသည် မီးတစ်ချ က်ထိုးပြီးပါက ကိုးချ က်မျှ တဆက်တည်းပြစ်ခတ်စွမ်းသည့် မီးပေါက်သေနတ်မျ ားနှင့် နန်းတော်တံတိုင်းပေါ်တွင်နေရာယူလျှ က် ရာမာတပ်ကြီးအား စိမ်ပြေနပြေပစ်ခတ်နေရုံသာ။ ''



မင်းကြးီက စကားဆုံးသည်နှင့် ဘယ့်နှယ့်ရှိစဟူသည့် အကြည့်မျ ို းဖြင့် ဦးကြို င်ကို ကြည်လိုက်လေသည်။ ထိုအခါ ဦးကြို င်ထံမှ စကားပြန် ထွက်မလာဘဲ မျ က်နှာကြီး နီမြန်း၍ အံကိုတင်းတင်းကျ ိတ်ကာ စူးရဲသောမျ က်လုံးအစုံဖြင့် မင်းကြီးအား စားတော့ဝါးတော့မတတ် စိုက်၍သာကြည့်လို့နေလေတော့၏။

.

.

.

'' မင်းကြီးက သေနာပတိဦးကြို င်ကို ရွှေတပ်သည် ရာမာတပ်တော်ထက် လက်နက်အင်အား မျ ားစွာသာလွန်ကြောင်း . . သူတင်ကိုယ်တင် ယှဉ်ပြို င်တိုက်ခိုက်ပါက ရာမာတပ်သည် ရွှေတပ်တော်ကို မည်သို့မျှ ယှဉ်ပြို င်နိုင်စွမ်းရှိမည်မဟုတ်ကြောင်း . . .နှစ်ဦးနှစ်ဖက် သွေးထွက်သံယို မရှိသေးချ ိန်တွင် ဦးစွာရှင်းပြ ပြောဆိုနေချေ ပြီ။ စစ်မတိုက်မှီ တဖက်လူ ကိုယ့်ဖက်ပါလာစေရန် မိမိ၏ အင်အားသာလွန်ကောင်းမွန်ကြောင်းကို တဖက်လူကို ကြို တင်ပြသ၍ စည်းရုံးသိမ်းသွင်းသောနည်းလမ်းဖြစ်လေသည်။

.

.

.

. . . . ယခုအခြေအနေအရဆိုလျှ င် ဦးကြို င်လည်း အတွေးရအကြံရ အတော်ပင်ခက်နေသည့်ဟန်။ ထို့အပြင် မင်းကြီးသည်လည်း သခင်မအပေါ်တွင် သစ္စာစောင့်သူ။ ဦးကြို င်သည်လည်း ပေးဖူးကျေွ းဖူး ကျေ းဇူးအထူးတို့ကို နားလည်လျှ က် ဖြောင့်မှန်မှန်ကန်စွာ သစ္စာမြဲတတ်သူ။ ၎င်း၏ မိသားစုအပေါ်တွင် ကျ ရောက်လာမည့် ၎င်း၏သား ပြု ခဲ့သော မိုက်အပြစ်အတွက်သာ ဤအရေးတွင် ဇွတ်မှိတ်နေရရှာသည် မဟုတ်ပါလား။



မင်းကြီး အနည်းငယ်မျှ ရှေ့ဆက်စည်းရုံးပါက နဂိုလ်စိတ်ခံ ဖြောင့်မတ်မှန်ကန်သော ဦးကြို င်သည် မင်းကြီးဘက်သို့ လုံးလုံးပါချေ တော့မည်။ ထိုအခါ သခင်ကြီး၏ အကြံပျ က်၍ ဖခင်ဖြစ်သူ အသက်ပေးရချေ အံ့။ မဖြစ်ချေ . . .ဦးကြို င် စိတ်မပြောင်းမှီ မင်းကြီးအား လုပ်ကြံပေမှ . . . .



ခင်သူဇာ ဓားရိုးပေါ်သို့ လက်တင်မိပြန်သည်။ သို့သော် . . . တကယ်လက်တွေ့ လုပ်ကြံရန်မူ သူမတွင် စိုးစိမျှ ခွန်အားမရှိ။



. . . . နဂိုရိုးလ်၍ မတတ်သာသော အခြေအနေတစ်ခုကြောင့် အဆိုးလမ်းပေါ်တွင် လျေှ ာက်လှမ်းနေရသည့် လူတစ်ယောက်အား မင်းကြီးက အမှန်လမ်းပေါ်သို့ မရအရပြန်လည်စွဲတင်ပေးနေခြင်းဖြစ်ပေသည်။ ဤသို့သော ဖြစ်စဉ်ကို မလိုလားလျှ က် ပျ က်လို့ပျ က်ဆီးကြံရွယ်မည်ဆိုပါက သူမလောက် ဆိုးသော မိုက်သော အပြစ်ကြီးသောသူ ဤလောကတွင် ရှိတော့မည်မဟုတ်။



ထို့အပြင် မင်းကြီးသည် သူမ အသက်မက ချ စ်မြတ်နိုးရသောသူဖြစ်၏။ သူမအပေါ်တွင် နားလည်မှုအပေးနိုင်ဆုံး အကြင်နာဆုံး အယုယဆုံး သူလည်းဖြစ်၏။ အမှန်တရားပေါ်၌ ခိုင်မာမြဲမြံစွာရပ်တည်လျှ က် သစ္စာတရားကြီးမားသူလည်းဖြစ်၏။



မိမိ၏ ချ စ်သူ. . . မိမိ၏ ကျေ ဇူးရှင် . . .မိမိရင်ခွင်၏ အိမ်ဦးနတ် . . . အမှန်တရား၏ ဘက်တော်သား . . .သစ္စာတရား စောင့်သိသူ လူကောင်းလူတော်တစ်ယောက်ကို ဆိုးသွမ်းလေလွင့်နေသည့် ဖခင်၏ အသက်ဘေးအတွက် သုတ်သင်လုပ်ကြံရမည်ဆိုပါက မိမိအတွက် ပစ္စပ္ပန်သံသရာ အကျ ို းမဲ့ရာ မဲ့ကြောင်းမျ ားသာလျှ င် ဖြစ်ရပေတော့မည်။



ယခုသို့ သူမတွေးတောနေခြင်းသည်ပင် မင်းကြီးအပေါ်၌ လွန်စွာ မတရားရာကျ ၍ နေချေ ပြီ။ သစ္စာတရား မေတ္တာတရားတို့၏ ရန်သူစစ်စစ် . . . လောက၏ အန္တရာယ် . . . အမှန်တရား၏ ခလုတ်ကန်သင်း အလျှ င်း ဖြစ်လို့နေချေ ပြီ။ . . . .

.

.

အထက်ပါအတိုင်း အရှည်အဖြင့် တွေးတောသုံးသပ်မိရင်း ခင်သူဇာ လက်ကို ဓားရိုးပေါ်မှ ပြန်ချ လိုက်လေ၏။ သူမ၏ မျ က်ဝန်းအစုံတွင် မျ က်ရည်မျ ားက ရစ်ဝဲလျှ က်။ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း တဆတ်ဆတ် တုန်ယင်နေလျှ က်။

.

.

.

ဆက်ရန်







အမြင့်ကြောက်သော ငှက်