ဝက်သားကြို က်တဲ့ တောကား ၆



အမြင့်ကြောက်သော ငှက်









ည အားလုံး အိပ်ယာဝင်သွားကြတော့ လူခန့်လည်း အခေါက်ကင်ပန်းကန်လေးယူပြီး ကားရှိရာကို ထွက်ခဲ့တော့တယ်။ ဦးတိတ်ရှောင်နဲ့ တိုင်ပင်ဖို့ လိုအပ်လာပြီလေ။ ဦးသောင်းငွေက မစိတ်မွှန်ပြီး ခြံရောင်းမယ် ဘာဘာညာညာ လျေှ ာက် လုပ်နေတာမဟုတ်လား။ အခန့်မသင့်ရင် ကိုယ်ပါ ဘုံပျေ ာက်မယ့်ကိန်း။





ဦးတိတ်ရှောင်နဲ့တွေ့တော့ စားရင်းသောက်ရင်း ဦးသောင်းငွေရဲ ့အစီအစဉ်ကို လူခန့်က ပြောပြလိုက်တော့. . . ဦးတိတ်ရှောင်က လူခန့်မျ က်နှာကို ပြုံ းပြီး ကြည့်လိုက်ရင်း





'' လူ့ဆြာ ဦးသောင်းငွေက ဒီခြံကို ရောင်းချ င်တယ်။ အကြောင်းက သူ့နောက်မိန်းမရဲ ့ဇာတိမှာ အခြေသွားချ ကြဖို့။ ဘယ်သူ့ကို ရောင်းချ င်တာလည်းဆိုတော့ အုံနာ ဦးပုကို။ ဦးပုကို ခြံဝယ်ဖို့ကြတော့ လူ့ကို တိုက်တွန်းခိုင်းတယ်။ ဦးပုက ဒီခြံကို ဝယ်မယ် မဝယ်မယ် မသေခြာဘူး။ တကယ်လို့ ဝယ်ဖြစ်ရင် လူ့က ဦးပု ဆီမှာ ခွင့်တောင်းပြီး ဆက်နေခွင့်ရမယ်။ ဦးပု ကမဝယ်ဖြစ်ဘဲ အခြားသူဝယ်သွားရင်တော့ လူ့ လည်း ဒီမှာ ဆက်နေရဖို့ ခက်ပြီ . .။ လူ့ပြောချ င်တာ ဒါပဲမဟုတ်လား ''





'' ဟုတ်တယ် ဦးတိတ်ရှောင်ရဲ ့ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ''





ထိုအခါ ဦးတိတ်ရှောင်က လက်ဖျေ ာက်တစ်ချ က်တီးလိုက်ပြီး





'' ဘာလုပ်ရမှာလည် လူ့ရဲ ့။ ဒီခြံကို လူ့ဝယ်လိုက်တော့ပေါ့။ '' . . . . .





ဟု လူ့ခန့်ကို ခြံဝယ်ဖို့ အကြံပေးလေတော့တယ်။ ဦးတိတ်ရှောင်က ဆက်ပြီးပြောပြန်တယ် . . .





'' ဒီခြံက အတော်ကျ ယ်ပြီး မြို ့အထွက် ဟိုင်းဝေးလမ်းမပေါ်မှာ ရှိတာမှန်တယ်။ ဒါပေမယ့် ဒီဘက်ကသိပ်မစည်သေးသလို မြို ့နဲ့လည်း ဆယ့်ငါးမိနစ်လောက် သွားရသေးတာမဟုတ်လား။ အဲ့ဒီတော့ မြို ့အစွန်လိုဖြစ်ပြီး လူနေလည်းနည်းသေးတယ်။ ခြံဈေ းတွေကလည်း ဘာမှမရှိသေးဘူး။





လူ့ဆြာကီးကို မေးလိုက်။ ဘယ်လောက်ရရင်ထုတ်မလဲ . .လို့။ လူ့ဝယ်နိုင်တဲ့ အနေအထားလောက်ဆို ဝယ်လိုက်ပေတော့။ ဝ ထင်တယ် . . .လူ့ဆြာကီး ၂၀၀ လောက်ရရင် ထုတ်မှာ။ ဘာလို့လည်း ဆိုတော့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ဟိုဘက်ဘေးတစ်ခြံကျေ ာ် အရောင်းအဝယ်ဖြစ်သွားတာ ၂၂၀ နဲ့တဲ့။ ဒါကို သူလည်းကြားမှာပဲ။ ဒါပေမယ့် သူက ခု လက်ငင်းငွေလိုနေတာမဟုတ်လား။ တကယ်လို့ ၂၀၀ ဆိုရင်တော့ ဈေ းဆစ်မနေနဲ့။ ဝယ်သာ ဝယ်လိုက်တော့။ ''





'' အေးဗျ ာ . . . ဦးတိတ်ရှောင် ကောင်းမယ်ထင်လို့ လမ်းညွှန်မှတော့ . . . နောက်နေ့ ဆြာ့ကို မေးပြီး အဆင်ပြေရင် ဝယ်လိုက်တော့မယ်။ ရွှေတွေတော့ ရောင်းပြစ်ရမှာပေါ့ ''





လူခန့်က ဦးတိတ်ရှောင်ရဲ ့ အကြံပေးမှုကို အလွယ်တကူ လက်ခံလိုက်လေရာ ဦးတိတ်ရှောင်လည်း ရွှင်ပြုံ းသောအမူအရာဖြင့်





'' ကောင်းတယ် လူ့။ ဝ ပြောတာကို လိုက်လုပ်လို့ လူ ့ ဘယ်တော့မှ နောင်တမရစေရဘူး။ လူ့ ဒီခြံကို ဝယ်လိုက်ရင် လူ့မှာ ခြံကျ ယ်ဝန်းကျ ယ်တစ်ခု ပိုင်ဆိုင်သွားမယ်။ လူ့ဆြာသမားလည်း ငွေရေးကြေးရေးအဆင်ပြေသွားမယ်။ ပြီးတော့ ဦးပုကိုလည်း ဘာမှသွားပြီး နားပူနားဆာလုပ်နေစရာမလိုတော့ဘူး။ ဒီလူကြီးက မိန်းမဆန်တော့ တချ ို ့နေရာတွေမှာ ပြောလို့ဆိုလို့ အဆင်ပြေသလောက် တစ်ခါတလေကျ တော့လည်း ကိုးတိုးကတ်တတ်ရယ်။





ပြီးတော့ ဒီခြံနဲ့ပတ်သက်ပြီး လူ့ အတွက် ရှေ ့ဆက်တွေးထားတဲ့ အစီအစဉ်တွေ ဝ မှာ အမျ ားကြီး ရှိသေးတယ် ''





ဟု ကောင်းချ ီးသြဘာ ပေးလေတယ်။





'' ဟုတ်ပါပြီ ဦးတိတ်ရှောင်ရယ်။ ခင်ဗျ ားပြောတာတွေကို ကျွ န်တော် တသွေမတိမ်းလိုက်နာပါ့မယ်။ ကျ ု ပ်အတွက် ခင်ဗျ ားဘယ်တော့မှ စိတ်မပျ က်စေရပါဘူး ''





လူခန့်က ဦးတိတ်ရှောင်ကို ထိုကဲ့သို့ ပြန်ပြောလိုက်ပြီး နှစ်ယောက်သား စကားစမြီ ပြောကြလို့ ည ၁၀ နာရီခွဲလောက်မှာ ဦးတိတ်ရှောင် ဆီကနေ ပြန်ခဲ့ပါတော့တယ်။





လူခန့်က '' ရွှေတိုးတိုး '' ရွှေဆိုင်ကိုသွားပြီး သူအပ်ထားတဲ့ရွှေတွေကို ရောင်းလိုက်ရတယ်။ ဦးတိတ်ရှောင်က





'' တခါတည်းသာ အားလုံးရောင်းခဲ့တော့ကွာ။ ရွှေဈေ းက မက်ဇီမန် ဖြစ်နေလောက်ပြီ။ ဒီထက်တက်လည်း နဲနဲပေါ့ ''





လို့မှာလိုက်တာနဲ့ လူခန့်လည်း ရွှေတွေ အားလုံးကို ရောင်းလိုက်တာ ဆိုင်က တစ်ကျ ပ်သား ၈ သိန်း ၉ သောင်းနှုန်းပေးတော့ ၃၅ ကျ ပ်သားအတွက် သိန်း ၃ သုံးရာကျေ ာ်ရတယ်လေ။ အတိအကျ ဆို ၃၁၁၅၀၀၀၀ ။





ဝယ်ရင်းဈေ း ၂၄၅ သိန်း ကို ပြန်ရောင်းတဲ့အခါ ၃၁၁၅၀၀၀၀ ရတယ်ဆိုတော့ ခြောက်လတစ်နှစ်လောက်အတွင်းမှာတင် လူခန့် ၆၆ သိန်းခွဲလောက် မြတ်သွားတာ။ ဒါကြောင့် လူခန့်လည်း ဦးတိတ်ရှောင်ကို အကြိမ်ကြိမ်ကျေ းဇူးတင်မိတော့တယ်။





ဦးသောင်းငွေက သူ့ခြံကို သိန်း ၂၁၀ လောက်လိုချ င်ပေမယ့် လူခန့်ယူမယ်ဆိုတော့ သိန်း ၁၉၀ နဲ့ပေးရှာတယ်လေ။ ဒါပေမယ့် လူခန့်က သူတို့ စုံတွဲအတွက် မင်္ဂလာလက်ဖွဲ ့ ၁၀ သိန်းပြန်ထည့်ပြီး သိန်း ၂၀၀ လောက်အထိ ပေးလိုက်ဖို့ ရည်မှန်းထားတယ်။ ဒါကြောင့် လူခန့်ဆီမှာ ငွေသားအနေနဲ့ သိန်းတစ်ရာကျေ ာ်လောက်ပိုနေသေးတာပေါ့။





ဒီငွေပိုတွေကို အိမ်သယ်မသွားချ င်တာနဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ဆိုင်ရှင် ဒေါ်တိုးတိုး ကို အကြံဉာဏ်တောင်းတော့ သူမက. . .





၎င်းဆီမှာ အပ်နှံခဲ့ရင် တစ်လကို ငွေတစ်ရာအတွက် ၁ ကျ ပ်နဲ့ ၂၅ ပြားတိုးပေးနိုင်ကြောင်း . . . .





ငွေ တစ်ရာ့ဆယ့်တစ်သိန်းငါးသောင်းအတွက် တစ်လလျှ င် အတိုးနှုန်း တစ်သိန်းလေးသောင်း ခန့် ( ၁၃၉၃၇၅ ) လူခန့်ရရှိမှာဖြစ်ကြောင်း . . .





သုံးလလျှ င်တစ်ခါ အတိုးရှင်းပေးမည်ဖြစ်ပြီး အပ်ငွေပြန်ဖော်လိုပါက တစ်လခန့် ကြို တင် အသိပေးပါရန် အကြောင်း . . .





စသဖြင့် ရှင်းပြပြောဆိုလေရာ လူခန့်လည်း ပျေ ာ်ရွှင်စွာဖြင့် ပိုငွေမျ ားကို ရွှေတိုးတိုးရွှေဆိုင်တွင် အပ်နှံကာ ဘောင်ချ ာဖြတ်ခဲ့ပါတော့တယ်။



.



.



.





ဦးသောင်းငွေ ကတော့ ပျေ ာ်တာပေါ့။ ဘယ်သူမှမသိလိုက်ဘဲ ခြံရောင်းခြံဝယ်က သိုသိုသိပ်သိပ်နဲ့ ပွဲပြီးသွားတာကိုး။ တခါတည်းရှေ ့နေခေါ် စာချ ု ပ်ချု ု ပ်ပြီး စာရွှက်စာတမ်းတွေအားလုံး လူခန့်ကို အပ်လိုက်တော့တာ။ အဲ့ဒီနောက် လူခန့်ပေးတဲ့ သိန်း ၂၀၀ ကိုယူ အထုတ်အပိုးပြင်လို့ ကားငှါးပြီး အင်းမကို ချ က်ခြင်းထွက်ခွါသွားကြတော့တယ်။





လူခန့်က ဦးတိတ်ရှောင်နဲ့တွေ ့တဲ့အခါမှာ ပိုငွေသိန်းတစ်ရာကျေ ာ်ကို ရွှေတိုးတိုး ရွှေဆိုင်မှာ အတိုးနဲ့ အပ်ခဲ့ကြောင်း ပြောပြလိုက်တော့ ဦးတိတ်ရှောင်က လူခန့်ကို မိန့်မိန့်ကြီးပြုံ းကြည့်ပြီး





'' လူ့ တောင် ဝ နဲ့အနေနီးလို့လာမသိဘူး။ တဖြေးဖြေး တော် လာပြီ။ မှန်တယ် လူ့။ ဝ သာလူ့နေရာမှာဆိုလည်း ဘာလုပ်ရမှန်းမသိသေးခင် ငွေပိုကြီး လက်ထဲကိုင်မထားဘူး။ ခုလို စိတ်ချ ယုံကြည်ရတဲ့နေရာမှာ အတိုးရင်းပွါးလုပ်ထားမိမှာပဲ ''





ဟု ချ ီးကျူ းထောပနာ ပြု လေတယ်။





ဒီလိုနဲ့ လူခန့်တစ်ယောက် အခါတော်ပေးဦးတိတ်ရှောင်ရဲ ့ကောင်းမှုနဲ့ မြို ့စွန် ဟိုက်ဝေးလမ်းမပေါ်က ဦးသောင်းငွေပိုင် ခြံဝန်းကျ ယ်ကြီးကို ဝယ်ယူဖြစ်လိုက်တော့တာပေါ့။ မကြီးမြသီကလည်း မောင်ဖြစ်သူ လူခန့်ရဲ ့လုပ်ရပ်ကို ကြေနပ်ပီတိဖြစ်နေပါတော့တယ်။





လူခန့် မကြီးမြသီနဲ့ စပါယ်ရာ အောင်ဘု တို့ဟာ တက်ညီလက်ညီနဲ့ အလုပ်ကို ကြို းစားလုပ်ကိုင်ကြပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေ အောင် ထမ်းဆောင်ကြတယ်။ စပါယ်ရာအောင်ဘု ကိုလည်း တစိမ်းဆိုပြီးဘေးဖယ်မထားဘဲ မောင်နှမရင်းခြာတစ်ယောက်လိုပဲသဘောထားကြတာကြောင့် လူခန့်တို့ခြံဝန်းလေးဟာ အတော်ကို ပျေ ာ်စရာကောင်းတဲ့ ခြံဝန်းလေးဖြစ်နေတော့တာပေါ့။





ခုနောက်ပိုင်း မကြီးနဲ့ အောင်ဘု တပူးတွဲတွဲဖြစ်နေသလိုပဲ။ တွေ ့လိုက်ရင် နှစ်ယောက်သား ရယ်လို့ ပြုံ းလို့။ သူတို့နှစ်ယောက် ဘယ်အခြေအနေတွေဖြစ်နေကြပြီလည်း ဆိုတာ လူခန့်မေးကြည့် ရတော့မယ်။ ဒါပေမယ့် ကာယကံရှင်တွေကို မမေးခင် ဦးတိတ်ရှောင်နဲ့ တိုင်ပင်ကြည့်တော့ ၎င်းက . . .





'' အလကားပါကွာ . . . သူတို့နှစ်ယောက် ကြို က်ကြတာမဟုတ်ပါဘူး။ ရွယ်ကောင်းတွေဖြစ်တဲ့ သူစိမ်းမိန်းမတစ်ယောက်နဲ့ ယောကျ ်ားတစ်ယောက် တစ်ခြံတည်းမှာ အတူတူနေတာကြာလာတော့လည်း တခါတလေသရိုးသရီလေးတွေဖြစ်လာတတ်တာပေါ့။ ဒါ သဘာဝပဲလေ။ စိတ်ပူမနေစမ်းပါနဲ့ လူ့ရယ် . . .''





လို့ လူခန့်ကို ပြန်ပြောတယ်လေ။ ဒါနဲ့လူခန့်လည်း အဲ့ဒီကိစ္စကို ဘာသိဘာသာ နေလိုက်တော့တယ်။



.



.



.





ဦးတိတ်ရှောင်ပြောတာမှန်နေပြီ။ နောက်တစ်လလောက်ကြာတော့ စပါယ်ရာ အောင်ဘုက လူခန့်ကို ပြောလာတယ်။





'' ကားဆြာ ကျွ န်တော် မိန်းမယူတော့မယ်။ ဈေ းနားက ကျွ န်တော်တို့ကုန်ချ နေကြဆိုင်မှာ အလုပ်လုပ်တဲ့ သူဇာ နဲ့လေ . . .။ အဲ့ဒါ . . .ကျွ န်တော်တို့လက်ထပ်ပြီးသွားရင်လည်း ခုကျွ န်တော်နေနေတဲ့ တဲလေးမှာ တစ်လလောက်တော့ ဆက်နေပါရစေ။ ဒီကြားထဲ နေစရာ ရှာချ င်လို့ပါ။ အဲ့ဒါလေးခွင့်တောင်းတာ . . .'' တဲ့။





သူဇာ ဆိုတဲ့ကောင်မလေးက အသားညို ညို မျ က်နှာဝိုင်းဝိုင်း အရပ်ပုပုနဲ့ ။ ကိုယ်လုံးလေးလှပြီး ရုပ်ရည်လေးက သနားကမား။ ဆံပင်လည်း အတော်သန်တယ်။ လူခန့်နဲ့ ဒီကလေးမကလည်း အရင်းအနှီးကြီး မဟုတ်တောင် မစိမ်းကြ။ သို့ပေမယ့် မိမိရဲ ့ စပါယ်ရာ အောင်ဘုနဲ့ ဘယ်အချ ိန်မှာ ဘယ်လိုတွေ ကြို က်သွားကြတယ်ဆိုတာကိုတော့ လူခန့်လည်းမတွေးတတ်။ မေးလည်းမေးမနေတော့။





'' အောင်ဘုရယ် မင်းနဲ့ ငါနဲ့က ပြောရမယ့်လူတွေလား။ ငါကကားဆြာမို့လို့သာ လေးစားသမှုနဲ့ ဆြာသမား ဘာညာခေါ်နေတာ။ တကယ်ဆို မင်းက ငါ့ထက် နှစ်နှစ်တောင်ကြီးသေးတယ်။ ခု ငါတောင် အသက်က ၂၅ နှစ်ရှိနေပြီဆိုတော့ မင်းဆိုရင် အသက် ၂၇ နှစ်ထဲမှာဖြစ်နေပြီ။ အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အချ ိန်မစောတော့ပါဘူး။ ပြီးတော့ မင်းမှာလည်း စုထားဆောင်းထားတာတွေရှိနေပြီ မဟုတ်လား. . . ။





နေဖို့ထိုင်ဖို့ ကိစ္စကိုလည်း ဘာမှပူမနေနဲ့။ ဒီမှာ အဆင်ပြေရင် ဒီမှာပဲ ဆက်နေပေါ့ '' . . .





လူခန့်က အောင်ဘုကို ပြန်ပြောလိုက်တော့ အောင်ဘုလည်း လူခန့်ကို ကျေ းဇူးအထပ်ထပ် တင်သွားပါတော့တယ်။



.



.



.



အောင်ဘုနဲ့ သူဇာ ဘုန်းကြီး သုံးပါးပင့် . . .မင်္ဂလာဦးဆွမ်းကပ် . . .တရားနာ . . .ရုံးတက်လက်မှတ်ထိုးပြီး အကျ ဉ်းပဲ မင်္ဂလာ ဆောင်လိုက်ကြတယ်လေ။ မင်္ဂလာဆောင်လည်း ပြီးကော သူဇာနဲ့အတူ ညီမဖြစ်တဲ့ သီတာပါ လူခန့်တို့ခြံထဲကို ပါလာလေရဲ ့။ သူဇာက အသက် ၂၃ နှစ်လောက်ရှိပြီး သီတာလေးကတော့ ၂၀ လောက်ပဲ ရှိလိမ့်ဦးမယ်ထင်ပ။ ညီအစ်မနှစ်ယောက်စလုံး ဈေ းနားက ကုန်စုံဆိုင်မှာ အလုပ်လုပ်ကြတာ။





သူဇာတို့ညီအစ်မနှစ်ယောက်တိုးလာတော့ လူခန့်တို့ခြံထဲမှာ အရင်ကထက်စာရင် လူပိုစည်သွားတယ်။ အောင်ဘုနဲ့ သူဇာ လင်မယားက တဲလေးမှာ နေကြပြီး သီတာ့ကိုတော့ ညားခါစလင်မယားနဲ့ တဲသေးသေးလေးထဲမှာ အတူမထားသင့်တာမို့ မြသီ အဖော်ရအောင် အိမ်မကြီးထဲမှာ ခေါ်ထားလိုက်ရတယ်လေ။





မနက်. . .လူခန့်နဲ့အောင်ဘု ကားထွက်တဲ့အချ ိန် သူတို့ညီအစ်မကိုပါ ခေါ်သွား . . .ဈေ းဘက်ချ ပေးပြစ်ခဲ့. . .ညနေ ဈေ းသိမ်းတော့ ပတ်ကြို . . ကားမှာနေခိုင်းပြီး ကားနားချ ိန်မှ အိမ်ကိုအတူတူ ပြန်ကြရတာပေါ့။ ကြာလာတော့ အိမ်မှုကိစ္စတွေ မကြီးတစ်ယောက်တည်းမနိုင်တာနဲ့ ကူညီညာလုပ်ဖို့ လူခန့်က သီတာ့ကို အလုပ်ထွက်ခိုင်း လိုက်တော့တယ်။



.



.



.



ဒီလိုနဲ့ သူတို့ငါးယောက် ခြံထဲမှာ သင့်သင့်မြတ်မြတ်နေလာကြရင်း ခြောက်လလောက်ကြာတဲ့အခါ . . ရွာမှာရှိတဲ့ . . သူဇာတို့ရဲ ့ဖခင်ကြီး ဆုံးပါးသွားပြန်တယ်။ မိခင်ဖြစ်တဲ့ ဒေါ်နွဲ ့နဲ့ မောင်အငယ်ဆုံးလေး မောင်သူရ တို့ ကျ န်ရစ်ခဲ့ကြပြီး ဖခင်ကြီးမဆုံးခင် ဆေးဖိုးဝါးခစရိတ်တွေထောင်းလို့ ပိုင်တဲ့ဝိုင်းလေးကို ရောင်းလိုက်ရတော့ ခုအခါမှာ နေစရာမရှိတော့ပဲ အတော်ဒုက္ခရောက်နေကြလေရဲ ့။





သူဇာတို့ညီအစ်မကလည်း သူတို့ရဲ ့အပူကို လူခန့် တို့မောင်နှစ်မ သိအောင် မပြောရှာပါဘူး။ သူဇာ့ ခင်ပွန်းဖြစ်တဲ့ အောင်ဘုကတော့ သိလား မသိလား မပြောတတ်။ သူတို့ညီအစ်မနှစ်ယောက် မျ က်နှာမကောင်းဘဲ တမှိုင်ဆွေးဆွေး ဖြစ်နေကြတာ တွေ ့ရလို့ လူခန့်တို့က ခေါ်မေးကြည့်မှ သူတို့ရဲ ့ အပူသောက ကို သိကြရတာ။





ဒါနဲ့ လူခန့်လည်း အောင်ဘုနဲ့တိုင်ပင်ပြီး မိမိက ငွေစိုက်ထုတ်လို့ သူတို့လင်မယားနေနေတဲ့ တဲလေးကို လူထပ်နေနိုင်အောင် သွပ်မိုးထရံကာ တစ်ထပ်အိမ်လေးအဖြစ် ပြင်ဆောက်လိုက်တော့တယ်။ အဲ့ဒီနောက် ဒေါ်နွဲ ့တို့ သားမိကိုပါ သူဇာတို့လင်မယားနဲ့အတူ ခြံထဲမှာ လာနေဖို့ လူခန့်က ခေါ်ထားလိုက်တော့ . . .ထိုမိသားစုဟာ လူခန့်အပေါ်မှာ ကျေ းဇူးရှင်ကြီး တစ်ယောက်လိုကို မှတ်ထင်လေးစားနေ ကြတော့တာပေါ့။





လူခန့်ဘဝမှာ မိမိနဲ့ မကြီး မောင်နှမနှစ်ယောက်တည်း ခြောက်ခြောက်သွေ ့သွေ ့ရှိရာက . . . စပါယ်ရာအောင်ဘုကို အကြောင်းပြု ပြီး ၎င်းမိန်းမနဲ့ မိန်းမဘက်က ဆွေမျ ို းတွေပါရောက်လာကြတော့ လူခန့်တို့ဘဝလည်း အတော်ကို စိုပြေသိုက်ဝန်းသွားတော့တယ်။





ဆွေမျ ို းသညာရှားပါးလှတဲ့ လူခန့်တို့မောင်နှမဟာ အချ ိန်တိုအတွင်းမှာပဲ ထိုသူတွေကို ခင်မင်တွယ်တာသွားခဲ့ကြသလို . . .ထိုသူတွေကလည်း လူခန့်တို့ကို အားကိုးအားထားအနေနဲ့ ချ စ်ခင်လေးစားကြလျှ က်။





အောင်ဘုရဲ ့ယောက်ဖ မောင်သူရလေးက လူခန့် ကြော်တတ်လှော်တတ်တာကို သိသွားတော့ စိတ်ဝင်စားသွားပြီး သင်ကြားပေးဖို့တောင်းပန်တာကြောင့် လူခန့်လည်း ဦးတိတ်ရှောင်ရဲ ့ခွင့်ပြု ချ က်နဲ့ အားတဲ့အချ ိန်တွေမှာ မောင်သူရကို ကြော်နည်းလှော်နည်းတွေ သင်ကြားပေးနေတော့တာ။ အဲ့ဒီလိုပဲ အောင်ဘုကလည်း မောင်သူရဆီကနေ ကားမောင်းသင်ရင်း ခုဆိုရင် အတော်ကို စိတ်ချ လက်ချ မောင်းနိုင်နေပြီ။



.



.



.



နောက်ထပ်တစ်နှစ်လောက်ကြာတဲ့အချ ိန် . . မောင်သူရလည်း ပညာကုန်သလောက်ရှိ အောင်ဘုလည်းလက်လွှတ်နိုင်တဲ့ အခြေအနေလည်းရောက်ကော ဦးတိတ်ရှောင်က လူခန့်ကိုစကားဆိုလာတော့တယ်။





'' ဒီမှာ လူ ့ . . .ခုဆိုရင် ဒီဘက်က တဖြေးဖြေးနဲ့ စည်လာပြီ။ အစိုးရ ပြောင်းကတည်းက လူ့ ခြံရှေ ့က လမ်းမကြီးကို အသစ်ခင်းထားတာ . . ကြည့်လိုက်စမ်း။ ဖြူ းနေတာပဲ။





နောက်ဆို ဒီဘက်တွေမှာ ကားဂိတ်တွေ ဘာတွေတောင် ပြောင်းချ င်ရင်ပြောင်းလာနိုင်တယ်။ ခုတောင် လမ်းကောင်းပြီး မီးတိုင်တွေ ထိန်နေအောင်လင်းနေတော့ ညဘက် လေညှင်းခံရင်း ကား ဆိုင်ကယ် စသဖြင့် ထွက်စီးကြတဲ့လူတွေ တစ်နေ့ထက်တစ်နေ့မျ ား လာကြပြီ။ အဲ့ဒီတော့ လူ့က ကားဆက်မမောင်းနဲ့တော့။ မောင်သူရ နဲ့အတူတူ လူ့ရဲ ့ခြံရှေ ့မှာ အခေါက်ကင် ဘဲကင် ကြေးအိုး စတာတွေရောင်းတဲ့ တရုတ်အစားအစာဆိုင်ဖွင့် . . ။





အဘိုးကြီးကို နောက်ထပ် စပါယ်ရာ တစ်ယောက်ထပ်ရှာခိုင်းပြီး ကားကို အောင်ဘုနဲ့လွှတ်လိုက်။ သူ့မှာလည်း ကားလေးလိုင်စင်ရနေပြီပဲ။ မြို ့ထဲပတ်မောင်းတာလောက်က ကိစ္စမရှိပါဘူး။ ''





ဦးတိတ်ရှောင်ရဲ ့အကြံပေးမှုကို လူခန့်နားထောင်ပြီး





'' ကားကို အောင်ဘုနဲ့ လွှဲပေးလိုက်တာကတော့ ဟုတ်ပါပြီ။ ဦးပုကိုလည်း ကြည့်ပြောလို့ရပါတယ်။ ပြီးတော့ အောင်ဘုက နဂိုလ်ကတည်းက သူရှာပေးထားတဲ့ သူ့လူပဲ. . .သူနဲ့ရင်းနှီးပြီးသား။





ကျ ု ပ်က ကားဒရိုင်ဘာအလုပ်ကို စွန့်လွှတ်ပြီး ဒီခြံရှေ ့မှာ ကြော်လှော်ရောင်းရမယ်ဆိုတာကတော့ . . . .မြို ့ထဲမှာလည်း ဒါမျ ို းတွေက ရနေတာပဲ။ လူတွေက မြို ့ထဲမှာပဲ ဝယ်စားကြမှာပေါ့။ ဒီကို လာစားကြပါ့မလား . . .ကျ ု ပ်စိုးရိမ်တာလေးကို ပြောပြတာပါ ''





ဆိုပြီး စောဒက ပြန်တက်လိုက်တော့ ဦးတတ်ရှောင်က လူခန့်ရဲ ့မျ က်နှာကို လေးလေးနက်နက်စိုက်ကြည့်ရင်း





'' ဒီလိုရှိတယ် လူ့ ရဲ ့။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယစိတ်မျ ု ိ း ဘယ်တော့မှ မထားရဘူး။ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျ ို းနဲ့ ရဲရဲ ရင့်ရင့် ဆောင်ရွက်ရတယ်။





လူ့ရဲ ့နေရာကို သူတို့မလာမှာစိုးရင် လာချ င်အောင်လုပ်ရမယ်။ မြို ့ထဲက လူတွေဟာ တစ်နေ့တာအလုပ်တွေဖိဆီးပြီး မျ ားသောအားဖြင့် စိတ်တွေ မွန်းကျ ပ်နေကြတာမျ ားတယ်။ အဲ . . .လူ ့ဆိုင်ကို ရောက်တာနဲ့ သူတို့ရဲ ့မွန်းကျ ပ်နေတဲ့စိတ်တွေ အနည်းနဲ့အမျ ားပြေလျေ ာ့သွားအောင် လူ့က ဝန်ဆောင်မှုပေးနိုင်ရမယ်။ လူ့မှာမြို ့ထဲက ဆိုင်တွေထက်သာတာက နေရာအကျ ယ်အဝန်းပဲ။ လူ ့ခြံထဲကိုရောက်လို့ သူတို့ရဲ ့ စိတ်တွေ ထွက်ပေါက်ရသွားပြီ ကြေနပ်နှစ်သိမ့်မှုရသွားကြပြီဆိုရင် လူ့ဆီကို မရောက်ရောက်အောင်သူတို့လာကြတော့မှာ။





ပြီးတော့ ဝ တစ်ခု အာမခံနိုင်တာရှိသေးတယ်။ အဲ့ဒါက. . . ဝ လူ့ကို သင်ကြားပေးထားတဲ့ ပညာတွေဟာ ဝ တို့ မျ ို းရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့ကြတဲ့ တရုတ်နန်းတွင်း ဟင်းချ က်ပညာတွေပဲ။ ပြောရရင် ပီကင်း လက်ရာစစ်စစ်တွေပေါ့။





ဒါကြောင့် လူ့ရဲ ့ လက်ရာကို လူ့ ဘယ်တော့မှ အထင်မသေးလိုက်နဲ့။ လူ့ရဲ ့ လက်ရာကို မှီတဲ့သူဆိုတာ ဒီလို ခရိုင်မြို ့သာသာ တိုင်းခွဲမြို ့မှာမပြောနဲ့ ရန်ကုန်လို မန္တလေးလို မြို ့ကြီးတွေမှာတောင် နှစ်ယောက်သုံးယောက်အပြင် ပိုမရှိဘူး။ ဒါကို ဝ ရဲရဲကြီး အာမခံနိုင်တယ်။





ဒါ့ကြောင့် ဝ အကြံပေးတာကိုသာ ယုံယုံကြည်ကြည်လက်ခံပြီး ရဲရဲကြီး လုပ်ပြစ်လိုက်စမ်းပါ လူ့ရယ် ''





ဟု အရှည်သဝေးရှင်းပြ တိုက်တွန်းလေတယ်။ လူခန့်လည်း ဦးတိတ်ရှောင်ရဲ ့ စကားကို နားထောင်ရင် အမှားမရှိဘူးဟု ယုံကြည်တာကြောင့် ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ၎င်းရဲ ့အကြံပေးချ က်ကို အလွယ်တကူပင်လက်ခံခေါင်းငြိမ့်လိုက်ပါတော့တယ်။



.



.



.



.



လူခန့်နဲ့ အောင်ဘု ကားအုံနာ ဦးပုဆီကိုသွားပြီး. . . လူခန့်က တရုတ်အစားအစာဆိုင်ဖွင့်တော့မှာမို့ ကားမမောင်းတော့ကြောင်း . . .ထို့ကြောင့် အောင်ဘုကို ကားဆက်မောင်းခွင့်ပြု ပါရန်အကြောင်း . . .စသဖြင့် ပြောပြတောင်းဆိုကြတော့ ဦးပုက မျ က်နှာသိပ်မကောင်းလှဘူး။



'' လုပ်ပေါ့ကွာ။ မင်းတို့ လုပ်သမျှ ခံရမှာပဲ။ စိတ်ကြို က်သာလုပ်ပေတော့။ စပါယ်ရာလည်း ငါရှာမပေးနိုင်ဘူး။ မင်းတို့ဘာသာမင်တို့ရှာကြ ။ ညနေကားသိမ်းလို့ပြန်လာရင် ငါငွေရှင်းပေးမယ်။ ''





လို့ ဆောင့်ဆောင့်အောင့်အောင့်ပြောလွှတ်တာနဲ့ လူခန့်တို့နှစ်ယောက်လည်း ကုတ်ပြီးပြန်လာခဲ့ရတယ်။





'' ဦးလေးရဲ ့ကားကို သပ်သပ်ခြံတစ်ခြံလိုကန့်ပြီး ထားပေးမှာပါ။ ဟို စားသောက်ဆိုင်ကိစ္စတွေနဲ့ လုံးဝမရောစေရပါဘူး ''





မပြန်ခင် လူခန့်က မရဲတရဲနဲ့ ကတိပေးလိုက်တော့





'' လုပ်ချ င်သလိုလုပ် ''





ဆိုပြီး ဘုချ ည်းတောလွှတ်နေလို့ လူခန့်တို့လည်း အခြေအနေမကောင်းတာနဲ့ မြန်မြန်လစ်ခဲ့ကြတော့တာပေါ့။



.



.



.



အပြန်လမ်းမှာ လူခန့်နဲ့ အောင်ဘုစကားပြောဖြစ်ကြတယ်။





'' ဟုတ်တော့လည်း ဟုတ်တယ် ကိုအောင်ဘုရဲ ့။ ကျ ု ပ်စားသောက်ဆိုင်ဖွင့်မှာက သူ့ရဲ ့နတ်ကိစ္စနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျ င်နေတော့တာ။ အဖိုးကြီး တင်းမယ်ဆိုလည်း တင်းစရာပဲ။ ''





'' စိတ်မပူပါနဲ့ ကားဆြာရယ် အဖိုးကြီးမကြေနပ်လည်း ခုအချ ိန်မှာ သူကျ ု ပ်တို့ကို ပြစ်ပယ်လို့မရပါဘူး။ သူ့အသက်က ၆၀ လောက်ဖြစ်နေတော့ အကျ ပိုင်းရောက်နေပြီလေ။ အခြားကားတွေကလည်း တဖြေးဖြေးပျ က်လာတော့ ထင်သလောက်ငွေကမဝင်တော့ဘူး။





ဒီကြားတယ် ကျ ု ပ်တို့လို ယုံကြည်ပြီး မျ က်နှာလွှဲရတဲ့ ဒရိုင်ဘာတွေ စပါယ်ရာတွေကလည်း အရှားသား။ အဲ့ဒီကား အဲ့ဒီလူတွေနဲ့ အရှုံးမပေါ်အောင် မနည်းရပ်တည်နေရလောက်တယ်။ သူ့မှာ အားကိုးအားထားပြု ရလောက်အောင် ဝင်ငွေရပြီး ကားသန့်သေးတာဆိုလို့ ကျ ု ပ်တို့ကားပဲရှိတော့တာ။





ဲဒီတော့ ကားဆြာ စားသောက်ဆိုင်ဖွင့်မှာ သူသိပ်ဘဝင်မကြပေမယ့် ကျ ု ပ်ကို ဒရိုင်ဘာထပ်ခန့်ဖို့ကိုတော့ ခွင့်ပြု ရတာပေါ့။ မြို ့ထဲတစ်ဝိုက်နဲ့ ဈေ းပတ်ဝန်းကျ င်က မိတ်မှန်သမျှ ကလည်း ကျ ု ပ်တို့နှစ်ယောက်မျ က်နှာတွေနဲ့ပဲရင်းနှီးပြီးသားမဟုတ်လား။ သူအခြား ဒရိုင်ဘာတင်ရင် လက်ရှိ အလုပ်ဖြစ်နေတဲ့ ဂယ်ပေါက်လေးပါ မွတ်သွားမှာပေါ့။





နောက်တစ်ခုက နေရာ. . . .။ ဒီခေတ်ကြီးထဲမှာ ခုလိုကားအကြီးတစ်စီးထားရအောင် နေရာတစ်ခုရဖို့ဆိုတာ အတော်ကိုမလွယ်တဲ့ကိစ္စ။ ခုအခြေအနေက သူကျ ု ပ်ကို ဒရိုင်ဘာဆက်ခန့်လိုက်တာနဲ့ သ့ူကားကို ဖရီးထားဖို့ နေရာကောင်းတစ်ခုက အဆင်သင့်ရှိနေပြီးသားလေ။ သူ ဒီအခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလည်း။ ဘိုးတော်ကြီးက လူလည်ကြီးပါ။ ဆြာသမားလုပ်စရာရှိတာသာ စိတ်ဖြောင့်လက်ဖြောင့် ဆက်လုပ်တော့ ''





'' ဟုတ်ပါပြီ။ ကိုအောင်ဘုရယ် . . .။ ကျ ု ပ်လည်း . . . တကယ်တမ်းအရေးရယ်အကြောင်းရယ်ဆို သူကိုးကွယ်ပသနေတဲ့ နတ်တွေက သူ့ကို ဘာတစ်ခုမှ အကူအညီမပေးနိုင်ဘူး။ သူ့ကို စေတနာထားဆက်ဆံတဲ့ ကျ ု ပ်တို့ကပဲ ကူညီစောင့်ရှောက်နိုင်မယ် . .ဆိုတာ အဘိုးကြီး တစ်နေ့တော့ နားလည်လာမယ်. . . လို့ ယုံကြည်ပါတယ်။





လူခန့်ရဲ ့ခြံက မျ က်နှာစာ ပေ ၁၀၀ လောက်ကျ ယ်ပြီး နောက်ကို ပေ ၃၀၀ လောက် ရှည်သွားတာ။ လူခန့်က ခြံရှေ ့ ညာဘက်ထောင့်လေးမှာ ကွန်ကရစ် အနည်းငယ် ခင်းလိုက်ပြီး ကြော်ဖို့လှော်ဖို့ ဒယ်တွေ မီးဖိုတွေ နဲ့ ဆိုင်ခုံကိုပါ နေရာချ လိုက်တယ်။ မြေကိုပြောင်အောင်လှည်း မာကျ ူ ရီမီးကို ထိန်နေအောင်ထွန်းပြီး ဝိုင်းတွေကိုလည်း ဆိုင်ခုံနဲ့ မနီးမဝေးတွေမှာ စနစ်တကျ တည်ခင်ထားတာ။ စစခြင်းအနေနဲ့ ဝိုင်းခုနှစ်ဝိုင်း ချ ထားပြီး တစ်ဝိုင်းကို ထိုင်ခုံ လေးခုံထိုးထားတယ်။





အစားအစာတွေကိုလည်း အမယ် အမျ ားကြီးမရောင်းသေးဘဲ





အခေါက်ကင်



ဘဲကင်



ကြေးအိုး ကြေးအိုးဆီချ က်



ထမင်းကြော်



ထမင်းပေါင်း



ခေါက်ဆွဲကြော်



ကြဇံကြော်





စတဲ့ အမယ်ခုနှစ်မျ ို းလောက်နဲ့ စတင်လိုက်တာလေ။ ဦးတိတ်ရှောင်ရဲ ့အကြံပေးချ က်အရ လူခန့်ဟာ ဆိုင်စဖွင့်မယ့် မနက်နဲ့ နေ့လည်ပိုင်းတွေမှာ မြို ့ထဲကိုပတ်ပြီး ကားဆြာဘဝက ရင်းနှီးခဲ့ကြတဲ့ ကုန်စုံဆိုင် ကုန်စိမ်းဆိုင် ပိုင်ရှင်တွေ . . .ကုန်သည်ပွဲစားတွေ . . . ပွဲရုံပိုင်ရှင်တွေကို အခေါက်ကင်နဲ့ ဘဲကင် အမြည်းနဲနဲစီလိုက်ဝေလို့ ဆိုင်ကြော်ငြာခဲ့တယ်။





ထူးခြားကောင်းမွန်လှတဲ့ လူခန့်ရဲ ့လက်ရာကို မြည်းစမ်းပြီးကြတဲ့နောက် ထိုသူတွေစွဲလန်းသွားကြပြီး လူ ၁၀ ယောက်မှာ ၉ ယောက်လောက်က အဲ့ဒီညမှာပဲ လူခန့်ရဲ ့ဆိုင်ကို ရောက်လာကြတော့တာပေါ့။ လူခန့်ဟာ ထင်မှတ်မထားပဲ ဆိုင်စစဖွင့်ခြင်းညမှာပဲ အတော်ရောင်းလိုက်ရတယ်။





နောက်နေ့တွေမှာလည်း တဆင့်စကားတဆင့်ကြားပြီး လူခန့်ရဲ ့ ဆိုင်ကို လာရောက် စမ်းသပ်စားသုံးသူတွေ အမျ ားအပြား။ အထူးသဖြင့် လူခန့်ရဲ ့ ဘဲကင်နဲ့ အခေါက်ကင်ဟာ တစ်ပတ်ဆယ်ရက်အတွင်းမှာပဲ လူခန့်တို့ နယ်တစ်ဝိုက်မှာ နာမည်ကြီးသွားပါလေကော။ လူခန့်က ဆိုင်နာမည်ကို



 '' မြို ့စားကြီး '' လို့ပေးထားတော့ လူတွေပါးစပ်ဖျ ားမှာ မြို ့စားကြီး ဘဲကင်နဲ့ အခေါက်ကင်မှ မစားဘူးသေးရင် ခေတ်မမှီတော့ဘူးလိုကို ဖြစ်ကုန်ကြတော့တာ။





ဘဲကင် အခေါက်ကင် နာမည်ရသွားတော့ လူတွေဟာ မြို ့ထဲနဲ့ နီးတယ်ဝေးတယ် သိပ်မကြည့်ကြတော့ဘူး။ စိတ်ပြေလက်ပျေ ာက် ဆိုင်ကယ်စီးရင်း ကားစီးရင်းနဲ့ လူခန့်ရဲ ့ဆိုင်ကို လာထိုင်ကာ ပျေ ာ်ပွဲစားကြတော့တယ်။ အစားအသောက်ကလည်းကောင်းပြီး ခြံကျ ာ်ဝန်းကျ ယ်နဲ့ဆိုတော့ စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးရတယ် မဟုတ်ပါလား။





လူခန့်ဟာ တစ်လအတွင်းမှာပဲ ဝိုင်း ၇ ဝိုင်းကနေ ၁၅ ဝိုင်းအထိတိုးလိုက်ရပြီး ရေခဲသေတ္တာပုံးကြီးတစ်ခုဝယ်လို့ ရေခဲစိမ်အအေးတွေကိုလည်း ရောင်းချ နေရတော့တယ်။ ဒါတောင် ပက်စီနဲ့ ကိုကာကိုလာက . . သူတို့ရဲ ့ မတ်ရပ်ရေခဲသေတ္တာတွေ လာထား ပေးပါရစေ . . .လို့ ခွင့်တောင်းနေကြတာကို လူခန့်က. . . ''ဆိုင်ခန်းသေခြာမဖွဲ ့ရသေးလို့ နောက်လလောက်မှ လာထားပါ ''. . .လို့ တောင်းပန်ထားရသေး။





အဲ့ဒီလို . . .လူခန့်ရဲ ့ ဆိုင်က မထင်မှတ်ဘဲ ရောင်းအား ကောင်းနေတော့ ကာယကံရှင်ဖြစ်တဲ့ လူခန့်ကော. . .ဒိုင်ခံကူညီရတဲ့ မောင်သူရ မကြီးမြသီ ဒေါ်နွဲ ့ သီတာ တို့တွေလည်း အားရတယ်ကိုမရှိတော့ဘူး။ ဒါနဲ့ လူခန့်လည်း စားပွဲထိုးဖို့နဲ့ လက်တို့လက်တောင်းခိုင်းဖို့အတွက် အနီးပါးနားက ကောင်လေးနှစ်ယောက်ကို နေစားနဲ့ထပ်ခေါ်လိုက်ရတော့တယ်။





မအားတဲ့ကြားထဲက မကြီးမြသီနဲ့ ဒေါ်နွဲ ့တို့က ဝိုင်းတွေရဲ ့မလှမ်းမကမ်းမှာ ပန်းပင်တွေ သစ်ခွစင်တွေ ရွက်လှပင်တွေ စိုက်ပျ ို းကြပြန်တယ်။ မောင်သူရကလည်း အောင်ဘုနဲ့တိုင်ပင်ပြီး အောင်ဘုအားတဲ့အချ ိန်တွေမှာ ပန်းပင်တွေကြားထဲ အလှမီးတွေလိုက်ဆင်ကြပြန်တော့ ထိုအလှအပ ပသာဒမြင်ကွင်းတွေဟာ ဆိုင်ကိုလာသမျှ ဧည့်သည်တွေရဲ ့စိတ်ကို ညှို ့ယူဖမ်းစားဆွဲဆောင်ကြတော့တာပေါ့။





ဒီလိုနဲ့ လူခန့်လည်း တစ်လကျေ ာ် နှစ်လလောက် ဆိုင်ဖွင့်ပြီးကော . . .ဆိုင်ရဲ ့ရောင်းအားအရ . . .ခု ဆိုင်ခုံခင်းထားတဲ့ ခြံရှေ ့ညာဘက်ထောင့်နေရာမှာ ပေ ၂၀ x ၄၀ လောက်ကျ ယ်မယ့် ဆိုင်ခန်းတစ်ခန်းကို သစ်သားတိုင်ထောင် . .သွပ်မိုး. . . အုပ်နဲ့ သံဇကာကာပြီး တည်ဆောက်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချ က်ချ လိုက်ပါတော့တယ်။









ဦးတိတ်ရှောင်ကို တိုင်ပင်တော့ . . .





'' လူ့ဆိုင်ရဲ ့ရောင်းအားကို လူ့သိနေတာပဲ။ တစ်လ နှစ်လနဲ့တင် လူ့ ဒီလောက်ရောင်းကောင်းနေရင် နောက်ဒီထက်ပိုရောင်းကောင်းဖို့ပဲရှိတော့တယ်။ မယုံရင်လူ့စောင့်ကြည့်နေ။ ဝ သင်ပေးထားတဲ့ ဘဲကင်နဲ့ အခေါက်ကင်လက်ရာတွေကို အနယ်နယ်အရပ်ရပ်ကနေကို တကူးတက လူ့ဆီမှာလာစားကြလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ခု ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ရွှေဘဲ ဘဲကင်ဆိုတာတောင် ဝ ရဲ ့ဘဲကင် လောက်မကောင်းလို့ပဲ။





အဲ့ဒီတော့ ဆိုင်ကို လည်း ကရော်ကမယ်ဆောက်မနေနဲ့တော့။ ရန်ကုန်ဆိုင်တွေလို သံဘောင်တွေခွေ . . .သွပ်ထူထူမိုး။ တဖက်ခြံဘက်က အခြမ်းကိုပဲ အုတ်တံတိုင်းကာ . . . ကျ န်တဲ့ မျ က်နှာစာသုံးဘက်ကို သံပန်းတံခါးတွေ အလူမီနီယံဆွဲတံခါးတွေတပ် . . . ဝိုင်းတွေကိုလည်း ထပ်တိုးဖို့လုပ်။ မီးဖိုချေ ာင်ကိုလည်း ကောင်းကောင်းနေရာပေးရမယ်။ သန့်သန့်ရှင်းရှင်းလုပ်ရမယ် ''





ဦးတိတ်ရှောင်က လူခန့်ကို အလုပ်တိုးချ ဲ ့ဖို့ မြှောက်ပေးလေတော့တယ်။ လူခန့်လည်း ဦးတိတ်ရှောင်ရဲ ့ စိတ်တိုင်းကျ လိုက်လုပ်လိုက်တာ ရွှေဆိုင်မှာ အပ်ထားတဲ့ သိန်းတစ်ရာကျေ ာ်ကော ရတဲ့အတိုးတွေပါ ပြောင်တလင်းခါသွားလေရဲ ့။ ဒါ့အပြင် ကားမောင်းပြီးစုထားတဲ့ငွေတွေနဲ့ နှစ်လအတွင်း ဆိုင်ရောင်းလို့ရတဲ့ အမြတ်ငွေတွေပါ ကုန်ခမ်းသွားတော့တာပေါ့။





ဆိုင်ကတော့ ကျ ယ်ကျ ယ်ဝန်းဝန်း သားသားနားနား လင်းလင်းထိန်ထိန်နဲ့ အတော်ကို ဖိုင်းသွားတော့တာ။ ဦးတိတ်ရှောင်ကတော့ . . .





'' ရင်းရမယ့်အချ ိန်တန်လို့ ရင်းတာ။ ဘာမှ နှမြောမနေနဲ့။ လူ ့ မှာသေခြာတဲ့ဈေ းကွက်နဲ့ ဖောက်သယ်တွေရှိတယ်။ ဒီထက်မက လုပ်ငန်းတိုးတက်လာဖို့လည်း အလားအလာကောင်းတွေအမျ ားကြီး။ လူ့ ရှေ ့ဆက် ဒီထက်မက တိုးတက်ချ င်ရင် သေခြာတဲ့ နေရာတွေမှာ ရင်းနှီးမြှပ်နှံဖို့ ဘယ်တော့မှ မစိုးရွံ့နဲ့ ''





ဟု လူခန့်ကို အားပေးစကားပြောကြားပြီး သင်ကြားပြသပေးလေတယ်။



.



.



.



.



.



ဆိုင်အသစ်ဆောက်ပြီး စဖွင့်တဲ့နေ့မှာပဲ မှန်မဲတပ်ထားတဲ့ ၂၀၀၂ မော်ဒယ် တိုယိုတာ ခရောင်း အနက်ရောင်ကားတစ်စီး ခြံထဲကို ခပ်ကြမ်းကြမ်းဝင်ချ လာပြီး ဆိုင်ရှေ့အထိမောင်းလာလျှ က် ဆိုင်ရှေ ့မှာ ထိုးရပ်လိုက်တယ်။





'' အဘိုးကြီးကားမဟုတ်လားဗျ ။ အဘိုးကြီး မစီးစဖူးကားတွေဘာတွေထုတ်စီးနေပါလား။ ဘာကိစ္စလည်းမသိဘူး ''





အောင်ဘု ကားသိမ်းပြီးချ ိန်မို့ ဆိုင်ထဲမှာရှိနေတော့ . . . . လူခန့်က ၎င်းကိုလက်ကုတ်ပြောလိုက်ပြီး အံ့အားသင့်နေကြတာပေါ့။ မောင်သူရလည်း အနားကို ရောက်လာတယ်။





'' အဖိုးကြီး ပြသနာလာရှာတာလားမသိဘူးနော် ''





'' မပြောတတ်ဘူး။ ဒီလူကြီးက တစ်ခါတလေ မိန်းမစိတ် ''





လူခန့်တို့ တစ်ယောက်တစ်ပေါက် ထင်မြင်ချ က်ပေးနေဆဲမှာပဲ ခြံရှေ ံလမ်းမဘေးကို ဦးပုပိုင်တဲ့ ကုန်ကား လေးစီးထပ်မံထိုးစိုက်လာပြီး ကားတွေပေါ်မှ ကားဆြာတွေ စပါယ်ရာတွေအပါအဝင် ဦးပုရဲ ့အခြားတပည့်တပမ်းတွေ ၁၅ ယောက်လောက်ဆင်းလာလို့ ခြံထဲကို ရှူ တီတီမျ က်နှာပေးတွေနဲ့ ဝင်လာကြပါကော။





အဲ့ဒီနောက် ခရောင်းကားနက်ကြီးရဲ ့ ရှေ ့ခန်းတံခါးပွင့်လာပြီး ဦးပုထွက်လာကာ လူခန့်တို့ဆိုင်အတွင်းကို ဦးဆောင်ဝင်လာတော့တယ်။ နောက်မှာ တပည့်တပမ်းတွေက ဝန်းရံလျှ က်. . .။ ဦးပုရဲ ့မျ က်နှာကြောဟာ အတော်ကို ခက်ထန်မာကြောနေတယ်။ ဥရောပအဝတ်အစားအနက်ရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ ၎င်းဟာ လက်ထဲကတောင်ဝှေးနဲ့ သံမံတလင်းကို တဒေါက်ဒေါက် မြည်အောင်ထောက်ပြီး လူခန့်တို့ရပ်နေတဲ့နေရာကို တလှမ်းချ င်းလှမ်းလာပုံမှာ မာဖီယား ဂိုဏ်းခေါင်းဆောင်တစ်ဦးနှယ်။





သေခြာပြီ။ ဦးပု ပွဲလာကြမ်းတော့မယ်။ လူခန့်တို့ သုံးယောက်သားလည်း တစ်ယောက်လက်ကိုတစ်ယောက် ကိုင်လိုက်ကြပြီး ကြုံ တွေ ့သမျှ ပြသနာကို ရင်ဆိုင်ဖို့ အားမွေးလိုက်ကြတော့တာပေါ့။ မြသီ ဒေါ်နွဲ ့ သူဇာ သီတာ စတဲ့ လူခန့်တို့ အိမ်သားတွေနဲ့ ခေါ်ထားတဲ့ စားပွဲတိုးလေးနှစ်ယောက်ဟာလည်း ဆိုင်နောက်ဘက်မှာ စိုးရိမ်ထိတ်လန့်စွာနဲ့ အခြေအနေကို စောင့်ကြည့်နေကြတော့တယ်။





ဦးပုက လူခန့်တို့ သုံးဦးရှေ ့ရောက်ကော လေသံမာမာနဲ့ စကားစလိုက်တယ်။





'' ဒီမှာ ဟိတ်ကောင်တွေ . . . မင်းတို့က ငါ့ကို အိုမင်းမစွမ်းကြီးဆိုပြီး ဘေးဖယ်ချ င်ကြတယ်။ နတ်ယုံ ဘာယုံနဲ့ သောက်ခြောက်ကြီးလို့လည်း အထင်သေးကြတယ်။ ဒီမှာ . . .မင်းတို့ မသေမခြင်းမှတ်ထား။ ငါဆိုတဲ့ကောင်က မလုပ်ချ င်ရင်လည်း မလုပ်ဘူး။ အေးး လုပ်မိပြီဆိုရင်လည်း ပွဲသိမ်းပဲ။





 ငပု ကမင်းတို့ထင်ထားသလို သောက်သုံမကြတဲ့ ငပု မဟုတ်ဘူး . . .ငပုဘာကောင်ဆိုတာ ဒီနေ့တော့ မင်းတို့ သိရပြီပေါ့ကွာ . . .''





ဦးပုက လူခန့်တို့ကို ကြိမ်းမောင်းပြောဆိုနေတဲ့အချ ိန်မှာ သူ့တပည့်တွေက လူခန့်တို့ကို ဝိုင်းဝန်းပိတ်ဆို့ပြီးနှင့်ကြပြီ။ . . . .





ဦးပုရဲ ့ ဒေါသ သံတွေကို နားထောင်ရင်း လူခန့်နဲ့အောင်ဘုတို့လည်း ကြုံ လာရတော့မယ့် အန္တရာယ်ကို စိုးရိမ်စွာနဲ့ စောင့်စားနေလိုက်ကြတော့တယ်။ အဘိုးကြီးရဲ ့ မျ က်နှာအမူအရာတွေ ပြောသံဆိုသံတွေ ဟာ ဘာမှ မစဉ်းစားတော့ဘဲ လုပ်ချ င်တာကို ဇွတ်လုပ်ပြစ်တော့မယ့်ပုံ။ မောင်သူရလေးကတော့ အသက်ငယ်သူမို့ ကြောက်လန့်ပြီး အသားတွေ တဆတ်ဆတ်တုန်လျှ က် . . . . .



.



.



ဆက်ရန်





အမြင့်ကြောက်သော ငှက်