မင်းသားကြီး အပိုင်း ၆


အမြင့်ကြောက်သော ငှက်


ရွှေရတီကို ဝေယံမတွေ့ရတာ သုံး လေးရက်ရှိပြီ။ ညအိပ်ချိန်တွေမှာလည်း ပေါ်မလာဘူး။ လွတ်ရာ ကျွတ်ရာမြန်း ရောက်သွားတာလားတော့ ဝေယံလည်းမပြောတတ်။





ကိုစိုင်းတံခွန် အောင်ထွန်းကိုခေါ်ပြီး နယ်ထွက်သွားလို့ အိမ်မှာလူလျော့သွားရတဲ့အထဲမှာ ဦးမြကြီးနဲ့ ဒေါ်မယ်က ရွာခဏပြန်ကြဖို့ပြောလာပြန်တယ်။ သူတို့ ရဲ့ဦးကြီး ဘုန်းကြီး ပြန်တော်မူလို့ တဲ့။ နာရေးကိစ္စဆိုတော့လည်း မတားသာဘူးလေ။ ဒါနဲ့ ဇွန်သူဝင်းလည်း ခွင့်ပြု လိုက်ရတော့တယ်။





တော်သေးတာက ရယ်တီကျော်တစ်ယောက် အမြင်မှန်ရသွားပုံပဲ။ မကြာခဏ အိမ်မကြီးဘက်ကိုကူးလာပြီး ပြောပြောဆိုဆို ရွှင်ရွှင်ပြုံးပြုံး ဖြစ်လာတယ်။ အဝတ်အစားအနေအထိုင်လည်း အရင်လို ဖုန်မွှားမွှား ပေစုတ်စုတ်မဟုတ်တော့ဘဲ ပုဆိုး ရှပ်အင်္ကျီ စတဲ့ မြန်မာဝတ်စုံတွေကို သားသားနားနားဝတ်စားလာတယ်။





ဝေယံနဲ့ ဇွန်သူဝင်းတို့နှစ်ယောက် ဧည့်ခန်းမှာ တီဗီထိုင်ကြည့်နေတုန်း ရောက်ချလာပြီး အရင်က သူမိုက်မှားမိခဲ့ကြောင်း . . .ခုအခါ သူ့အမှားသူ အချိန်မှီ ပြု ပြင်နေပြီဖြစ်ကြောင်း . . .ကိုစိုင်းတံခွန်ပြန်လာရင်လည်း သူရဲ့ပြောင်းလည်းချက်ကောင်းတွေကို ဝေယံနဲ့ ဇွန်သူဝင်းကနေ ကိုစိုင်းတံခွန်သိအောင် ဖေးဖေးမမ ပြောဆိုပေးကြဖို့အကြောင်း . . ဝေယံ့ကိုလည်း သူ့အပေါ်မှာ ခွင့်လွတ်ဖို့အကြောင်း . . စသဖြင့် လာတောင်းပန်သွားသေးတယ်။





ဝေယံကော ဇွန်သူဝင်းပါ အမှားသိပြီး အမှန်ကို ပြင်မယ့်လူတစ်ယောက်ကို ဘာမှ ခွင့်မလွှတ်နိုင်စရာအကြောင်းမရှိတာကြောင့် ကြေကြေနပ်နပ် ပျော်ပျော်ရွှင်ရွှင်ပဲ ခွင့်လွှတ်ပေးလိုက်ကြတော့တယ်။ ကိုစိုင်းတံခွန် ပြန်လာရင်လည်း သူ့ဘက်ကနေ သာသာထိုးထိုးလေး ပြောဆိုတောင်းပန်ပေးပါမယ် လို့လည်း ကတိပေးလိုက်ကြတာပေါ့။





ဒီလို လူကောင်းသူကောင်းပုံစံနဲ့ သပ်သပ်ရပ်ရပ် နေထိုင်လိုက်တော့ ရယ်ဒီကျော်လည်း အချောသေးသူမဟုတ်ဘူးဆိုတာ ဝေယံသိလိုက်ရတယ်။ အသားဖြူ ဖြူ အရပ်မြင့်မြင့်နဲ့ မျ က်နှာကျ ကလည်း ကိုစိုင်းတံခွန်နဲ့တောင် ဆင်သေး။ ဒါကြောင့် ဝေယံ့စိတ်ထဲမှာ ရယ်ဒီကျော် ပြု ပြင်ပြောင်းလည်းလာတာကို ဝမ်းသာရသလို တဖက်ကလည်း ရွှေရတီရဲဲ့ဇာတ်လမ်းအတွက် ရယ့်ဒီကျော့်ကို သံသယတွေ တိုးပွားလာရပြန်တယ်။





ဒါနဲ့ ရယ်ဒီကျော့်ကို ပွင့်ပွင့်လင်းလင်းပဲ စပ်စုကြည့်လိုက်တော့ . . သူ ရန်ကုန်မှာ အထိုင်ချ နေလိုက်ပြီး အနုပညာလုပ်ငန်းတွေကို ဇောက်ချ လုပ်တာ တစ်နှစ်ကျော် တစ်နှစ်ခွဲလောက်သာ ရှိဦးမှာဖြစ်ကြောင်း . . ဒီမတိုင်ခင်ကလည်း မကြာမကြာ ရန်ကုန်ကိုရောက်ဖြစ်ပြီး တစ်ခါတလေ နှစ်လ သုံးလလောက် ကြာတတ်ကြောင်း . . .ထိုအချိန်က အိမ်လေးမဆောက်ရသေးတာမို့ အိမ်ကြီးမှာပဲ နေရကြောင်း . . .အိမ်လေးမှာမူ သူရန်ကုန်တက်လာခါနီး နှစ်လလောက်အလိုမှ ကိုစိုင်းတံခွန်က သူ့အတွက်ဆောက်ပေးခြင်းဖြစ်ကြောင်း . . စတဲ့ အချက်အလက်အချို့ကို ဝေယံ သိခွင့်ရလိုက်တော့တယ်။





တစ်ညနေတော့ ရယ်ဒီကျော်က





'' ဒီနေ့ ကျွန်တော့်မွေးနေ့ ။ အဲ့တာ အားလုံးကို ညနေစာကြွေးချင်တယ် ''





ဆိုပြီး ဟော်တယ်ကနေ စားကောင်းသောက်ဖွယ်တွေကိုလှမ်းမှာကာ တစ်အိမ်လုံးကို ကျွေးမွေးလေတော့တယ်။ သူကိုယ်တိုင်လည်း ဝင်စားတယ်။ ဒေါ်မယ် ပြန်သွားလို့ သင်းသင်းနဲ့ ဝင်းဝင်းရဲ့ မချက်တတ်ခ က်တတ် မကောင်းတကောင်းလက်ရာတွေကို စားသောက်နေရတဲ့ ဝေယံနဲ့ ဇွန်သူဝင်းလည်း ဟော်တယ်စာကောင်းကောင်းကို ဗှိုက်အစ်အောင် တစ်ဝကျိတ်လိုက်ကြတော့တာပေါ့။ ဝေယံတို့ သုံးယောက်ရဲ့ ထမင်းစားခန်းဝိုင်းမှာ မြိုင်နေသလို နောက်ဖေး မီးဖိုချောင်ထဲက စားပွဲမှာလည်း ဟိုညီမနှစ်ယောက်က ကောင်းကောင်းအုပ်နေတာ. . . ခေါင်းကိုမဖော်ကြဘူး။





အားလုံးပျော်ပျော်ပါးပါး စားသောက်ပြီးတော့ ဧည့်ခန်းမှာ စုထိုင်ကြလို့ တီဗီကြည့် စကားပြော ရင်းအချို တည်းဖို့ ဇွန်သူဝင်းက သင်းသင်းကို ကော်ဖီနဲ့ ကွတ်ကီးတွေ ပြင်ဆင်ခိုင်းလေရာ ရယ်ဒီကျော်က လက်ကာပြပြီး





'' ဟိုးး ဟိုးး ခဏဆောင့်ပါဦး။ နောက်ထပ်အစီအစဉ်ရှိပါသေးတယ် ''





လို့ သင်းသင်းကို တားဆီးလိုက်တယ်။ ဇွန်သူဝင်းက ရယ်ဒီကျော့်ကို နားမလည်သလိုကြည့်လိုက်ပြီး





'' ဘာကိုစောင့်ရမှာ လည်း ရယ်ဒီကျော်ရဲ့ ''





လို့ ပြန်မေးလိုက်တော့ ၎င်းကရယ်ကျဲကျဲနဲ့





'' ခဏလေးပါဗျာ။ လာပါလိမ့်မယ် ''





တဲ့။ ဒီအချိန်မှာပဲ အိမ်တံခါး ဘဲလ်သံကြားရတယ်။ သင်းသင်းနဲ့ ဝင်းဝင်းက သွားစုံစမ်းလိုက်တော့ ရေခဲမုန့်ဆိုင်က ရေခဲမုန့်တွေ လာပို့တာ။ ဒါနဲ့ ဝေယံတို့လည်း ရယ်တီကျော့်ရဲဲ့ ကုသိုလ်ကို အားပါးတရ ကုသိုလ် ထပ်ခေါ်လိုက်ကြတော့တယ်။ သူ့အတွက်လည်း အသက်ရှည်စွာ အနာမဲ့ကြောင်း ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ကြသေးတယ်။





အသက်ရှည်ကာ အနာမဲ့ကြောင်း ဆုတောင်းတယ် ဆိုလို့ ဒကာဖြစ်တဲ့ ရယ်ဒီကျော့်ခမြာ အာသီးရောင်နေတာမို့ သူများတွေကို ရေခဲမုန့်ကျွေးပြီး သူကိုယ်တိုင်တော့ မစားရရှာဘူး။ အိမ်က ကော်ဖီပဲ သောက်ရှာတယ်။ အဆိုတော်ဆိုတော့ လည်ချောင်း အာခေါင် အာသီး စတာတွေကို ဂရုစိုက်ရတယ် မဟုတ်လား။





ဒီလိုနဲ့ ဧည့်ခန်းထဲမှာပဲ အားလုံးစု ရေခဲမုန့်စားရင်း ဝေယံတို့ သုံးယောက်က ဟိုဟိုဒီဒီပြောကြ . . သင်းသင်းဝင်းဝင်း တောသူညီမနှစ်ယောက်က မျက်လုံးလေး ကလယ်ကလယ်နဲ့ နားထောင်လိုက်ကြ . . . ။ ခဏနေတော့ မနက်စောစောထပြီး အိမ်မှုကိစ္စလုပ်ရရှာတဲ့ သင်းသင်းဝင်းဝင်း ညီမနှစ်ယောက်ခမြာ စားလက်စရေခဲမုန့်ကို ကိစ္စမြန်မြန်ဖြတ်ပြီး အိပ်ယာဝင်သွားကြပါကော။





ဝေယံတို့ သုံးယောက်လည်း နောက်ထပ် ခဏတဖြုတ်စကားပြောကြပြီး အစားကော စကားပါ လက်စသတ်လိုက်ကြပါတော့တယ်။ ဇွန်သူဝင်းက တဝါးဝါးသမ်းပြီး သူမတို့အခန်းရှိတဲ့ အပေါ်ထပ်ကိုတက်သွားသလို ရယ်ဒီကျော်ကတော့ အိမ်ပြန်သွားလေရဲ့။ ဝေယံလည်း တံခါးတွေ သေခြာလိုက်ပိတ်ပြီး ကိုယ့်အိပ်ခန်းထဲကိုယ် ဝင်ခဲ့တော့တာပေါ့။





ဝေယံ အိပ်ပျော်နေရာက တစ်စုံတစ်ယောက်က လာနှိုးလို့ နိုးထလာတယ်။ ကြည့်လိုက်တော့ ရွှေရတီရယ်။





'' ထ ထ ထပါဦးရှင်။ ကျွန်မ သူငယ်ချင်းကို ကယ်ပါဦးး ''





သူမက ကပြာကယာဟန်နဲ့ နှိုးနေပေမယ့် ဝေယံကတော့မဆူနိုင်အောင်ဖြစ်နေတာမို့ ထဖို့အတော်ကိုကြိုးစားနေရတာ။





'' နေဦးကျွန်မလုပ်ပေးမယ်။ ရော့ ဒီမှာ နတ်ရေစင်သောက်လိုက် ''





ဆိုပြီး ရွှေရတီက သူမရဲ့လက်ခုပ်ထဲမှာ ရှိတဲ့ အရည်နဲနဲကို တိုက်လိုက်တော့မှ ဝေယံလည်း ကြည်ကြည်လင်လင်နဲ အဆင်ပြေသွားတော့တယ်။





'' ခဗျား ဘယ်တွေသွားနေတာလည်း။ ခုလည်း ဘယ်ကပြန်လာပြီး ဘာတွေဖြစ်ပြန်ပြီလဲ ''





ဝေယံရဲ့ မေးခွန်းတွေကို သူမက မဖြေသေးဘဲ လက်ကာပြပြီး





'' အဲ့ဒါတွေက နောက်မှ ရှင်းပြပါ့မယ်ရှင်။ ခုလောလောဆယ် အရေးကြီးနေတာက ကျွန်မသူငယ်ချင်းဇွန်သူဝင်းပါ။ ဇွန်သူဝင်း ကိုသွားကယ်ရအောင်ရှင် . . .လာပါ ''





လို့ ဇွန်သူဝင်းကို ကယ်ဖို့ချည်း ဝေယံ့ကို ဆော်သြောနေတော့တာ။





'' မဇွန်သူဝင်းက ဘာဖြစ်လို့ ကျုပ်က ကယ်ရမှာလည်း။ ပြီးတော့ ခဗျားမှာ တန်ခိုးတွေရှိနေတာပဲ။ ခဗျားသူငယ်ချင်းကို ခင်ဗျားဘာသာ သွားကယ်ပေါ့ ''





ဝေယံလည်း ချက်ခြင်းထလိုက်မသွားသေးဘဲ ရွှေရတီ့ကို ဆင်ခြေကန်လိုက်လေရာ သူမက အတော်ကို စိတ်ညစ်သွားတဲ့ မျက်နှာနဲ့ . . .





'' ရှီးးးးး . . ခက်လိုက်တဲ့ ဖြစ်ခြင်းရှင်။ ဘယ်လို လျှာရှည်တဲ့လူပါလိမ့်။ ဒီမှာ အရေးအရမ်းကြီးနေပြီရှင့်။ သူ့ကို ကျွ န်မအိမ်မက်ပေးပြီး သိချင်တာတွေ မေးမိမြန်းမိတာကို သူကြောက်သွားပုံရတယ်။ သူ့အခန်းမှာ အဆောင်တွေ အစီအရင်တွေ လုပ်ထားတယ်။ အဲ့ဒါတွေကြောင့် ကျွန်မ ဝင်လို့မရတော့ဘူး။ ဟိုနေ့က သူ့ဆီကို သူငယ်ချင်းတွေလာတာ အလည်သက်သက်တင်မဟုတ်ဘူး။ အထက်လမ်းဆြာတစ်ယောက် ပေးထားတဲ့ အဆောင်ပါလာပေးတာ။





အို . . ပြောနေကြာပါတယ်ရှင် လာပါ လာပါ ကျွန်မနဲ့သာ လိုက်ခဲ့ပါ . . . .ကျွန်မရဲ့သူငယ်ချင်းတော့ ဒုက္ခရောက်ပြီ ထင်ပါတယ်ရှင်။ ''





လို့ ဇွန်သူဝင်းအခန်းထဲကို သူမဝင်လို့မရတော့ကြောင်း ရှင်းပြလည်းရှင်းပြ . . .ဝေယံလက်ကို ဆွဲလည်းဆွဲကာ စိုးရိမ်စွာ ငြီးညူ မြည်တမ်းပြီး ဝေယံ့ကို သူမနဲ့ အပါခေါ်လေတော့တယ်။ သူမပြောသလိုဆို အချိန်ဆွဲနေဖို့မသင့်တာနဲ့ ဝေယံလည်း ပြာယိပြာယာထပြီး ခပ်သုတ်သုတ်လိုက်ခဲ့တော့တာပေါ့။



.



.



.



မဇွန်သူဝင်းရဲ့အခန်းတံခါးက ပိတ်ထားတယ်။ ဘယ်လိုလုပ်မလဲဆိုတဲ့ အကြည့်နဲ့ ဝေယံက ရွှေရတီကိုကြည့်လိုက်တော့ သူမက





'' ကျွန်မက အုတ်မဟုတ်တဲ့ သစ်သားတွေဆို ဖောက်မြင်ရအောင် လုပ်နိုင်တယ်။ ကျွန်မပြမယ်။ အထဲမှာ ဘာတွေဖြစ်နေလဲကြည့်။ ပြီးရင်တော့ တံခါးကို ပွင့်အောင်ဖွင့်ပြီး ကျွန်မသူငယ်ချင်းကို သွားကယ်ပေးပါ ''





လို့ပြောရင်း အဝေးကနေ တံခါးကို လက်နဲ့ယက်လိုက်တယ်။ အဲ့ဒီအခါ ကျွန်သားတံခါးကြီးက မှန်တစ်ချပ်လို ကြည်လင်သွားပြီး အခန်းထဲမှာ ဖြစ်ပျက်နေတာတွေလည်း ဒိုးယိုပေါက်ပေါ်လာပါလေကော။ မြင်ကွင်းက မကောင်းလှ . . .။





အခန်းထဲမှာ မဇွန်သူဝင်းနဲ့ ရယ်ဒီကျော်။ နှစ်ယောက်စလုံး အဝတ်အစားတွေ မရှိကြတော့ဘူး။ မဇွန်သူဝင်းကို ကုတင်စောင်းမှာ ပက်လက်နေခိုင်းပြီး သူမရဲ့ ပေါင်တံသွယ်သွယ်နှစ်ချောင်းကို တစ်ဘက်တစ်ချက်မပြီး ရယ်ဒီကျော်က အားနဲ့အင်နဲ့ကို လှုပ်ရှားနေတော့တာ။





မယုံနိုင်စရာမြင်ကွင်းကို ဝေယံကြောင်ကြည့်နေတုန်း ရယ်ဒီကျော်က မဇွန်သူဝင်းကို ပုံစံပြောင်းစေပြီး ကုတင်ခြေရင်းဘောင်ကို လက်ထောက်ထားခိုင်းလို့ သူမရဲ့ အနောက်ကနေ ဆက်ဆံပြန်တယ်။ မဇွန်သူဝင်းရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ အနေအထားဖြစ်သွားတာမို့ ဝေယံလည်း သိခြာသိရအောင် ရှေ့ကိုအနည်းငယ်တိုးကြည့်လိုက်တော့တာပေါ့။





သူမဟာ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာခံရသလို အသိစိတ်ကင်းမဲ့နေပုံရတယ်။ ကာမဆက်ဆံနေချိန်မို့ တဏှာဆိပ်တက်ပြီး မျက်နှာက ရီဝေနေပေမယ့် ကြောင်တောင်တောင် မျက်နှာသေကြီး။ လိုလားတာ မလိုလားတာ ချစ်တာ မုန်းတာ စတဲ့ ခံစားချက်မျိုးမတွေ့ရဘူး။ နောက်ကနေ ရယ်ဒီကျော် တစ်ချ က်ဆောင့်လိုက်တိုင်း မျက်ဖြူ လန်တက်ပြီး ပါးစပ် ဟ ဟသွားလေရဲ့။





ခုလိုအဖြစ်ပ က်နေတဲ့ အခြေအနေမှာ ဘာလုပ်ရင်အကောင်းဆုံးဖြစ်မလဲ ဝေယံတွေးတောဆင်ချင်နေတုန်းမှာပဲ ရွှေရတီက အားမရဟန်နဲ့ သူ့ကို တွန်းထိုးပြီး မြည်တွန်တောက်တီးတော့တယ်။





'' ဘာကြည့်နေတာလည်း . . ။ ကျွ န်မသူငယ်ချ င်းကို ဆေးခပ်ပြီး ဟိုမသာကောင်မတရားကျင့်နေတာ . . .တံခါးကို ရအောင် ဖွင့်ပြီး ကယ်ပေးပါတော့။ . . . လုပ်ပါ မြန်မြန်ကယ်ပါ။ . . ကြည့်ကောင်းနေတာလား . . အခန်းထဲကို ခုချ က်ခြင်းဝင်ပြီး ဟို လူယုတ်မာကို ဆုံးမပေးပါတော့ ''





ရွှေရတီက သူငယ်ချ င်းဇောနဲ့ ဝေယံ့ကို အခန်းထဲကိုဝင်ဖို့ တတွတ်တွတ် တိုက်တွန်းနေပေမယ့် ဝေယံကတော့စိတ်ထဲမှာ အတွေးတစ်ခုဝင်လာတာမို့





'' ခု ဝင်ကယ်လို့မရသေးဘူး။ လာ . . ကျုပ်ရဲ့ အခန်းပြန်ကြမယ် ''





လို့ ရွှေရတီ့ကို အခန်းပြန်ကြဖို့ ခေါ်လိုက်တယ်။ ဝေယံ့စကားကိုကြားတော့ ရွှေရတီ အတော်ကို မကြေမချမ်းဖြစ်သွားပြီး





'' ရှင်ဟာ လူစိတ်မရှိတဲ့သူပဲ။ ရှင်လည်း နှာဗူးပဲ။ ရှင်မကယ်ရင်နေ။ ကျွန်မ သူငယ်ချ င်းကို ကျွန်မဝင်ကယ်မယ်။ အဆောင်ရဲ့ တန်ခိုးကြောင့် ဝင်မရလည်း မရ ရအောင်ကိုဝင်ပြီး ကယ်ဖြစ်အောင်ကို ကယ်မှဖြစ်မယ်။ သေနာကျ ကောင် လူယုတ်မာ နင့်ကို ငါသတ်မယ်။ သေဖို့ပြင်ထား ''





စသဖြင့် ဝေယံ့ကိုလည်း ပြစ်တာပြောဆို . . ရယ်ဒီကျော့်ကိုလည်း ဒေါသူပုန်တွေထပြီး အခန်းထဲကို ဝင်မယ် တကဲကဲ လုပ်တော့တာပေါ့။ ဒါပေမယ့် အခန်းထဲမှာ ဇွန်သူဝင်းထားထားတဲ့ အဆောင်ရဲ့တန်ခိုးကြောင့် ရွှေရတီအထဲကို ဝင်လို့မရဘူး။ တံခါးနားရောက်ရင် နောက်ကိုပြန်ပြီးလွင့် လွင့်လာလို့ သူမရဲ့ ခန္ဓာကိုယ်လေးကို ဝေယံက ဆီး ဆီးဖမ်းထားရတယ်။ နောက်ဆုံးတော့ ဝေယံလည်း သူမကို သိုင်းဖက်ချုပ်နှောင်လို့ ပါးစပ်ကိုပါအတင်းပိတ်ပြီး ၎င်းရဲ့ အခန်းရှိရာသို့ ဆွဲလွဲ ခေါ်ဆောင်လာခဲ့ပါတော့တယ်။





ရွှေရတီကတော့ တွန်းထိုးရုန်းကြွရင်း ဝေယံ့လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ပါသွားတော့တာပေါ့။





'' ဒီမှာ . .ခဏလေး အေးဆေးနေပြီး ကျုပ်ပြောတာကို သေခြာနာထောင်စမ်းပါဦးဗျ ''





ဝေယံက ရွှေရတီကို ပုခုံးနှစ်ဘက်ကကိုင်ပြီး ကုတင်ပေါ်မှာ ဆွဲထိုင်ခိုင်းလိုက်တော့မှ သူမရဲ့ ရုန်းကန်မှုတွေလည်း ရပ်တန့်သွားတော့တယ်။ ဒါပေမယ့် မျက်ထောင့်နီကြီးနဲ့တော့ ဝေယံ့ကို ကြည့်နေဆဲ။ ဝေယံက အခန်းတံခါးကို သေခြာသွားပြန်ပိတ်ပြီး သူမနားလည်အောင် အောက်ပါအတိုင်း ရှင်းပြလိုက်တော့တာပေါ့။





'' စိတ်အေးအေးထားပြီးနားထောင် ရွှေရတီ။ မင်း မင်းရဲ့သူငယ်ချင်းကို အရမ်းကို ကူညီချင်ကယ်တင်ချင်နေတာ ငါနားလည်တယ်။ ငါလည်း မင်းထက်မလျော့ဘူး။ ကိုစိုင်းတံခွန်ကို အကိုတစ်ယောက်လို ငါသဘောထားလို့ မဇွန်သူဝင်းကိုလည်း ငါနဲ့ရွယ်တူလောက်ဆိုပေမယ့် ငါ့အစ်မတစ်ယောက်လို ငါမှတ်ယူထားတာ။ ငါ့အနေနဲ့ မဇွန်သူဝင်းကို ချက်ခြင်းဝင်ကယ်ချင်သလို ငါ့တို့အားလုံးအပေါ်မှာ လှည့်စားတစ်ပတ်ရိုက်ပြီး မဇွန်သူဝင်းကို ကြောရအောင်ကြံတဲ့ ဟိုမအေယိုးကိုလည်း ငါသတ်ပြစ်ချင်လောက်အောင် ဒေါသထွက်နေတာ။





ဒါပေမယ့် လောလောဆယ် ငါတို့ ဘာမှလုပ်လို့မရဘူး။ ဟိုကောင်လူယုတ်မာရဲ့ အစီအစဉ်အထမမြောက်သေးခင်မှာ ဒီအကြောင်းကို ငါတို့သိတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ခုတော့ အခြေအနေက အားလုံးလွန်နေပြီလေ။ ငါတို့ မဇွန်သူဝင်းအတွက် တွေးရမယ်။ ''





ထိုအခါ ရွှေရတီက နှုတ်ခမ်းကို အစွမ်းကုန်ဆူလျှက်





'' အင်းလေ . . အင်းလေ . . ဇွန်သူဝင်းအတွက်တွေးလို့ပဲ သူ့ကိုကယ်ဖို့လုပ်ရမှာပေါ့။ ရှင်ဟာ အတော်လူမဆန်ဘူး။ အတော်ကို ယေကျ်ားမပီသဘူး။ ကျွန်မ ခရီးထွက်နေတုန်းမို့ ကျွန်မသူငယ်ချင်း ဒီလိုစော်ကားခံရတာ။





ကျွန်မပြန်ရောက်ရောက်ခြင်း သူ့ကိုသွားကြည့်မယ်လုပ်တော့ အခန်းထဲဝင်လို့မရဘူး။ ဒါကြောင့် အခန်းတံခါးအပြင်က ကြည့်လိုက်တာ အထဲကို ဟိုလူယုတ်မာရောက်နေပြီး သူ့ရဲအင်္ကျီ  တွေ ထဘီတွေကို ချွတ်နေပြီလေ။ အဲ့ဒါကြောင့် ရှင့်ကို အမြန်လာခေါ်တာပေါ့။ ဒါတောင်ရှင်က သူ့ကို ကယ်မပေးဘူး . . .အီးးး ဟီးးး ဟီးးးး ''





စသဖြင့် ဝေယံ့အပေါ်မှာ မကျေမချ ာမ်းရေရွတ်ပြီး ကလေးတစ်ယောက်လို တဟီး ဟီး ငိုချ ပါလေကော။ ဝေယံလည်း သူမရဲ့ပုခုံးနှစ်ဘက်ကို ပြန်လည်ဆွဲကိုင်လိုက်ပြီး





'' မငိုပါနဲ့ ရွှေရတီရယ်. . ကျုပ်ပြောတာကို ဆုံအောင်နာထောင်းပါဦး ''





လို့ ဆိုကာ ပြောလက်စ စကားကို ဆက်ပြန်တယ်။





'' ဒီလို . . . ခု ကိစ္စမှာ မဇွန်သူဝင်းက သက်သက်ယုတ်မာခံရတာ။ အလိုတူအလိုပါမဟုတ်သလို . . ဆေးမိထားလို့ သူ့မှာ ငြင်းဆန်နိုင်စွမ်းလည်းမရှိဘူး။ ဒါပေမယ့် ဒီလို အဖြစ်အပျက်မျိုးကို ကိုစိုင်းတံခွန်သာသိသွားရင် မဇွန်သူဝင်းကို လက်ခံနိုင်မယ်ထင်လား။ လက်ခံနိုင်တယ်ပဲထားဦး နောက်ပိုင်း စိတ်ထဲမှာတနှုံ့နှုံ့ပြန်တွေမိတိုင်း ကျိတ်မနိုင်ခဲမရဖြစ်ပြီး သူတို့အိမ်ထောင်ရေးအတွက် အနှောက်အယှက်တွေ ပေါ်လာနိုင်တယ်။ အဲ့ဒီအခါကျ ရင် သူ့ခမြာ အလိုမတူဘဲလည်း ယုတ်မာခံရသေး ယောကျ်ားဖြစ်သူနဲ့လည်း ပြသနာရှင်းရ အငြူ ဆူခံရသေး . . ကံဆိုးရင် အိမ်ထောင်ရေးတောင် ပျက်ဆီးသွားနိုင်တဲ့ အခြေအနေမျိုးရောက်ရှာတော့မှာ။





ရယ်ဒီကျော်က ကျုပ်တို့အားလုံးကို အိပ်ဆေးခပ်ပြီး ပိုင်ပြီအထင်နဲ့ လှုပ်ရှားနေတာ။ ခုအချိန်မှာသာ ကျုပ်က တံခါးအတင်းအဖွင့်ခိုင်းပြီး ရယ်ဒီကျော်ကျူးလွန်လက်စ လုပ်ရပ်ကိုတားဆီးမယ်ဆိုရင် ဒီကိစ္စက လူသိရှင်ကြားဖြစ်ပြီ။ မဇွန်သူဝင်းလည်း တစ်သက်လုံး ကျုပ်ရှေ့မှာ မျက်နှာဖော်ရဲမှာ မဟုတ်တော့ဘူး။ ဒီကြားထဲ ရယ်ဒီကျော်က . . ကျုပ်တို့ သိသွားမှ တော့ ကိုစိုင်းတံခွန်လည်း အနှေးနဲ့အမြန်သိတော့မှာ. . .အထင်နဲ့ မထူးဇာတ်ခင်းပြီး ပေါက်ကရတွေ လျှောက်လုပ်တော့မှာ။ အဲ့ဒီအခါကျ မှ ကိုစိုင်းတံခွန် တကယ်သိသွားပြီး မဇွန်သူဝင်းအတွက် ပြသနာ အကြီးကြီး တက်ပြီပဲ။





ခုလို လွှတ်ထားလိုက်တော့ ရယ်ဒီကျော်လည်း ကိစ္စပြီးရင် သူ့အိမ်သူပြန်သွားလိမ့်မယ်။ မဇွန်သူဝင်းလည်း တစ်ရှက်ကနေ နှစ်ရှက်မဖြစ်တော့ဘူး။ နောက်နေ့တွေမှ မင်း သူ့ကို အိပ်မက်သွားပေးပြီး ခုညအဖြစ်အပျက်ကို ကိုစိုင်းတံခွန်မသိအောင် ဖုံးဖုံးဖိဖိ လုပ်ထားကြဖို့ တိုင်ပင်ကြပေါ့။ ပြီးတော့ ဟိုကောင်လူယုတ်မာလည်း လောလောဆယ် သူ့မိုက်ပြစ်နဲ့သူ ဒီဘက်အိမ်လာရဲမှာမဟုတ်သေးတော့ သင်းကို ဘယ်လို အပြစ်ပေးဆုံးမရမယ်ဆိုတာ ကျုပ်တို့ အတွက် စဉ်းစားချိန်ရတယ်။





တစ်ခုရှိတာက သွေးအေးသွားရင် ဒီကောင်လက်ရဲဇက်ရဲ ပိုရှိလာပြီး မဇွန်သူဝင်းကို အဲ့ဒီကိစ္စနဲ့အကျပ်ကိုင်မှာပဲ ဆိုးရတယ်။ ဒါပေမယ့် ပြသနာတော့မရှိဘူး။ ဒီကောင်က လူလည်ပါ။ ဒီအကြောင်း အခြာနည်းလမ်းတစ်ခုခုနဲ့ ကိုစိုင်းတံခွန်ရဲ့နားကို မရောက်မခြင်း ဒီကောင်က စပြီးတော့ တော့ အသိခံမှာမဟုတ်ဘူး။ ကိုစိုင်းတံခွန်ရဲ့အမျက်သင့်ရင် သူ့ဘဝမြောင်းထဲ ရောက်သွားလိမ့်မယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်ပါတယ်။ အဲ့ဒီတော့ မဇွန်သူဝင်းကို . . ကိုစိုင်းတံခွန်ကို ပေးသိလိုက်ရမလား . . .လို့သာ ခြိမ်းခြောက်ချ င် ခြိမ်းခြောက်မယ်။ တကယ်တမ်းကြ သူကိုယ်တိုင်လည်း ဒီကိစ္စကို ကိုစိုင်းတံခွန် အသိခံရဲမှာ မဟုတ်ဘူး။





ဒီတစ်ချက်က နောက်ပိုင်း မဇွန်သူဝင်းကို ကျုပ်တို့ ကာကွယ်ပေးမယ့်နေရာမှာ အဓိကအထောက်အကူပေးမယ့် အချက်တစ်ချက်ပဲ။ ''





အထက်ပါအတိုင်း ဝေယံရှင်းပြလိုက်တော့မှာ ရွှေရတီလည်း အဖြစ်အပျက်ရဲ့ အနေအထားနဲ့ ဝေယံ့ရဲ့ရည်ရွယ်ချက်ကို နားလည်သွားတာမို့ အငိုတိတ်ကာ





'' ရှင့်ရဲ့သဘောထားကို ကျွန်မနားလည်ပါပြီရှင်။ ကျွန်မရဲ့သူငယ်ချင်းအပေါ်မှာ အဲ့ဒီလောက်အထိတွေးပေးလို့လည်း ကျေးဇူးအရမ်းတင်ပါတယ်။ ဒါပေမယ့် ဟိုကောင် လူယုတ်မာကိုတော့ ကျွန်မ ကောင်းကောင်းဆုံးမချင်သေးတယ်။ ဖြစ်နိုင်ရင် အသေမသတ်ဘဲ မသေမရှင်ကိုထားချ င်တာ ''





 လို့ ပြောကြားရင်း မျ က်ရည်များသုတ်လိုက်တော့တယ်။ ရွှေရတီ့စကားအဆုံးမှာ ဝေယံက . . .





'' စိတ်ရှည်ရှည်နဲ့ စောင့်ပါဗျာ။ အချိန်တန်ရင် ဆုံးမရမှာပေါ့။ ဒီကောင့်ကို ကျုပ်လည်း ကောင်းကောင်း ပညာပေးမှာပါ။ ဒီလိုကောင်မျိုးကို ကြာကြာ မော်ကြွားခွင့်ပေးထားရင် လောကအတွက် အဆိပ်အတောက်ပဲ ဖြစ်လာလိမ့်မယ် ''



လို့ အေးဆက်ဆက်လေသံနဲ့ တစ်လုံးချင်း ပြန်လည် ပြောကြားလိုက်ပါတော့တယ်။



.




အဲ့ဒီလို သူ့စကားကို ရွှေရတီနားဝင်ပြီး အငိုတိတ်သွားတော့မှ ဝေယံလည်း သူသိချင်တာတွေကို မေးရတော့တာပေါ့။





'' ဒါနဲ့ . . .နေပါဦး မင်း ဒီရက်ပိုင်း ဘယ်ပျောက်နေတာလည်း ''





'' ကျွန်မလား . . .ကျွန်မ ကိုစိုင်းတံခွန်ဆီ လိုက်သွားတာရှင့်။ သူ ကလောကို နယ်ဆင်းပြီး ရုပ်ရှင်သွားရိုက်မယ်ဆိုတဲ့ ပြောနေဆိုနေသံတွေ ကျွန်မကြားနေတာပဲ။ ကျွန်မလည်း အဲ့ဒီကို လိုက်သွားတာပေါ့ ''





'' ဟင် . . ကလောလိုက်သွားတာ ဟုတ်လား။ လိုက်ပြီး ဘာသွားလုပ်တာလည်း ''





'' သူတစ်ယောက်တည်း ရှိတုန်း ကျွန်မကိုယ်ထင်ပြဖို့ ကြိုးစားကြည့်တော့ ပြလို့ရတယ်ရှင့် ''





'' အဲ့တော့ သူက မင်းကိုမှတ်မိလား ''





'' မှတ်မိတယ်ရှင့်။ ရုတ်တရက် ကျွန်မကိုတွေ့လိုက်ရတော့ သူလည်း အတော်ကိုဝမ်းသာသွားတဲ့ပုံပဲ။ ကျွန်မ အဖြစ်ဆိုးနဲ့ကြုံ ပြီး ဆုံးသွားခဲ့တာကို သူမသိဘူး။ သူ့ကို ကျွန်မက စိတ်ဆိုးပြီး အဆက်အသွယ်ဖြတ်သွားတယ်လို့ပဲ သူကထင်နေတာ။





ကျွန်မက ဖြစ်ကြောင်းကုန်စင်ကို သူ့ကိုပြောပြလိုက်တော့ သူအရမ်းစိတ်မကောင်းဖြစ်သွားပြီး ငိုတောင် ငိုတယ်။ ပြီးတော့ အဲ့ဒီရက်မှာ သူက ကျုံကူးဆိုတဲ့ ရွာမှာ ရောက်ကြောင်းကိုလည်း ကျွ န်မ လက်ခံအောင် အထပ်ထပ်ရှင်းပြတောင်းပန်နေတော့တာ။ ကျွန်မလည်း သူ့ကို ယုံကြည်ကြောင်း ပြန်ပြောပြီး ဘယ်လိုမှ မျက်ရည်မထိန်းနိုင်ဘဲ သူနဲ့အတူတူ လိုက်ငိုချ ပြစ်လိုက်တာပေါ့။





နှစ်ယောက်သား အားရအောင် ငိုကြပြီးတော့မှ သူက တက်တခေါက်ခေါက် ခေါက်ရင်း ကျွ န်မကို သူ့ဟန်ဆောင် ယုတ်မာခဲ့တဲ့သူကို မရ ရအောင်ဖော်ထုတ်ပြီး အပြစ်ပေးပါ့မယ် လို့ ကျွန်မဆီမှာ ကတိပေးလိုက်တယ်။ ကျွ န်မကိုလည်း . . ခု ဘယ်မှာနေလဲ . . .တဲ့။ ကျွန်မလည်း ဒီအိမ်ကို ရောက်နေပြီး ရှင်နဲ့ နားလည်မှုယူ . . အတူတူ နေကြတယ် လို့ ပြောပြလိုက်တော့ . . . ဒီမှာ အေးအေးဆေးဆေး စိတ်ချလက်ချနေဖို့အကြောင်း လိုအပ်တာရှိရင် အချိန်မရွေး သူ့ကို ပြောဖို့အကြောင်း ကျွ န်မကို မှာရှာတယ်။





အဲ့ဒီနောက်တော့ ကျွန်မမဆုံးခင် ကျွန်မပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်မနဲ့ ပတ်သက်ခဲ့သူတွေအကြောင်းမေးကို မေးတယ်။ ကျွန်မလည်း ရွှေရတီနဲ့ သူရအောင် ရဲ့အကြောင်းကို ပြောပြလိုက်တော့တာပေါ့။ အဲ့ဒီနောက် ကျွန်မ ကားကြုံ စီးပြီး ဒီပြန်လာခဲ့တာ ရောက်ရောက်ခြင်းကို ရွှေရတီ ဒုက္ခတွေ့နေတာနဲ့ တိုးတော့တာပါပဲရှင် ''





ဝေယံလည်း ဟင်းခနဲ သက်ပြင်းတစ်ချက်ချ လိုက်ပြီး





'' ဒီလို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာလည်း ကောင်းပါတယ်လေ။ သူတော့စိတ်မကောင်းဖြစ်ရတာပေါ့။ ဒါပေမယ့် တရားခံ စုံစမ်းမယ့် သူတွေထဲမှာ သူပါလာတာ ကိုယ်တို့အတွက်တစ်အားပဲ။ ဘာလို့လည်းဆိုတော့ ဒီဇာတ်လမ်းမှာ လူယုတ်မာက သူ့အယောင်ဆောင်ခဲ့တာဆိုတော့ သူနဲ့ နီးနီးစပ်စပ်ထဲက လည်းဖြစ်နိုင်တာပဲလေ။ ဥပမာ ရယ်ဒီကျော်လို ကောင်မျိုးပေါ့ ''





လို့ မှတ်ချက်ချ လိုက်တော့ ရွှေရတီက





'' ဟုတ်တယ်နော် . .အဲ့ကောင်ကို ကျွန်မလည်း မသင်ကာဘူး။ သူကသားသားနားနားနေလိုက်ရင် ရုပ်ကလေးက သန့်ပြီး ကိုစိုင်းတံခွန်နဲ့လည်း ခပ်ဆင်ဆင်တူတော့ ဆေးမူးနေတဲ့ အချိန် ကျွန်မလူမှားမယ်ဆိုလည်း မှားစရာပဲ။ နောက်ပြီး သူက သူတပါးကို ဆေးခတ်ပြီး မကောင်းကြံတတ်တဲ့ တဏှာရူးဇကလည်း ရှိတယ် ''





လို့ ဝေယံ့ရဲ့စကားကို ထောက်ခံလေတော့တယ်။ ထို့နောက် ရွှေရတီက ဆက်လက်၍





'' ဒါနဲ့ ခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ''





လို့ ဝေယံကိုမေးလိုက်တော့ ဝေယံလည်း မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်ပြီး . ဖျောက် ခနဲ လက်ဖျောက်တစ်ချ က်တီးကာ





'' ဒီလိုလုပ် ရွှေရတီ။ ခုလောက်ဆိုရင် ဒီကောင် ကိစ္စပြီးလို့ သူ့အိမ်သူပြန်သွားလောက်ပြီ။ မဇွန်သူဝင်း အခြေအနေဘယ်လို နေသေးလည်း မင်းသွားကြည့်ချေ ။ ငါက တံခါးတွေ လုံမလုံ သေခြာလိုက်စစ်လိုက်မယ်။ နောက်နေ့ကြမှ သော့တွေဝယ်ပြီး ဒီကောင်မဝင်နိုင်အောင် အထဲကခေတ်သင့်တာတွေ ခတ်ရမှာပေါ့။





အဲ . .မနက်ဖြန်ကနေ စပြီး ဒီကောင်ကို မင်း သရဲသွားခြောက်တော့။ ကိုယ်ထင်မပြနဲ့ . . ဒီကောင်မှာ မြင်ရမယ့်ရေစက်ပါလာရင် မင်းအတွက် အန္တရာယ်ရှိတယ်။ ဒီအတိုင်း ကိုယ်ဖျောက်ရက်သား ခြောက်။ အိပ်မက်ဆိုးတွေပေး။ မကြောက် ကြောက်အောင်သာခြောက်။ သေမသွားရင် ပြီးကော . . .။ ဒီကောင်သာ မင်းကို ယုတ်မာခဲ့တဲ့ တရားခံမှန်ရင် သူ့ဆီက စကားတစ်ခွန်းခွန်း ထွက်လာလိမ့်မယ် ''





ဝေယံ့ရဲ့အကြံကို ရွှေရတီက အရမ်းသဘောကျသွားဟန်နဲ့





'' ကောင်းတာပေါ့ရှင်။ ကျွန်မ ဒီကောင့်ကို ဒုက္ခကောင်းကောင်းပေးချင်နေတာ။ ခုတော့ အတော်ဖြစ်သွားတာပေါ့။





ဟွင်း ဟွင်းး ငါ့သူငယ်ချင်းကို ယုတ်မာထားတဲ့ မသာကောင် ကိုယ်ကျိုးနည်းဖို့သာ ပြင်ပေတော့''





စသဖြင့် ကောင်းကောင်းကို ကြိမ်းဝါးနေတော့တာ။ ဝေယံလည်း





'' ကဲ ကဲ ဒါဖြင့် မင်းလည်း မဇွန်သူဝင်းဆီ သွားကြည့်လိုက်ဦး . . ငါလည်း တံခါးတွေ လိုက်စစ်လိုက်ဦးမယ် ''





လို့ ဆိုကာ နှစ်ယောက်သား အခန်းအပြင်သို့ ထွက်ခဲ့ကြပါတော့တယ်။





နောက်တနေ့ ည . . . .





'' ဟွင်း ဟွင်း အကြီးဆိုပြီး ငါ့ကို အနိုင်ကျင့်တဲ့ကောင် ခုတော့ ဘာတတ်နိုင်သေးလည်း။ ဆော်ပွေတာမြန်း ဆောက်ပြစ်လုပ်လို့ . . သူကကော ဘယ်လောက်အထိ စင်ကျယ်နေလို့တုန်း။ ခုတော့ ဘာတတ်နိုင်သေးလည်း။ သူ့မိန်းမကို ငါကောင်းကောင်း ဆော်ထည့်လိုက်ပြီ။





ကောင်မ . . ခွေကျ သွားတာပဲ . . ဒါတောင် အကင်းပဲရှိသေးတာ။ သားရေပေါ်အိပ် သားရေ နားစား ဝေယံဆိုတဲ့ကောင်ကော တောသူမနှစ်ယောက်ပါ ငါခတ်တဲ့ အိပ်ဆေးမိပြီး တုတ်တုတ်တောင်မလှုပ်နိုင်ဘဲ ငါဘာလုပ်လိုက်တယ်ဆိုတာ သိတောင် သိကြမှာမဟုတ်ဘူး။ ပိုင်တယ်ကွာ . . . ''





သူ့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်အတွက် ရယ်ဒီကျော် ပီတီတွေ ဖြာဝေနေတာ ရေးလက်စ သီးချင်းတွေတောင် ဆက်မရေးနိုင်ဘူး။ ပြီးတော့ နောက်လုပ်မယ့်အစီအစဉ်တွေကို ကြို တွေးထားလိုက်သေးတယ်။





'' တောသူမနှစ်ယောက်ဆိုလို့ အဲ့ဒီနှစ်ယောက်ကလည်း မျ က်နှာတိတိရိရိ အသားညို ညက်ညက်လေးတွေနဲ့ အတော်ကို ချစ်ဖို့ကောင်းသား။ လူကောင်လေးတွေ သေးတယ်ထင်ရပေမယ့် သူ့နေရာနဲ့သူတော့ အတော်တင်းတင်းရင်းရင်းရှိကြတာ။





အင်းးး လောလောဆယ်တော့ ဟိုဘက်အိမ်ကို အသွားအလာသိပ်မလုပ်ဘဲ မသိသလို အသာနေလိုက်ဦးမယ်။ နောက် တစ်ဖြေးဖြေးကြမှ ခုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ဆော်ကြီးကိုထပ်အကြပ်ကိုင်ပြီး လစ်တိုင်းသွားဗျင်းရမယ်။ ဆော်ကြီးကို ဝအောင်တွယ်ပြီး ရိုးအီလာတော့မှ တောသူမလေးနှစ်ယောက်ဘက်ကို လှည့်တာပေါ့။ ဒီနှစ်ယောက်က စည်းရုံးရတာ သိပ်ခက်မယ့်ပုံ မပေါ်ပါဘူး။





ဟင်း ဟင်း လူပါးဝတဲ့ စိုင်းတံခွန်ရေ . . .ရှေ့ဆက်ပြီး ခင်ဗျားရဲ့မိန်းမကို ကျုပ်နဲ့အတူတူ ရှယ်ယာခွဲပြီး ပေါင်းဖို့သာ ပြင်ထား။ ပြီးရင် ခင်ဗျားဘဝကိုပါ ကျုပ်ဖျက်ဆီးပြမယ် . . ဘုရားတရားသာ တနေပေတော့။ ''





ရယ်ဒီကျော်ဟာ လူယုတ်မာပီပီ ကျေးဇူးရှင် အကို ဖြစ်တဲ့ မင်းသားစိုင်းတံခွန် အပေါ်မှာ အညှိုးထားပြီး စိုင်းတံခွန်ရဲ့အကျိုးမဲ့ရာမဲ့ကြောင်းတွေကို အထက်ပါအတိုင်း တွေးတောကြံနေတော့တာ။ အဲ့ဒီနောက် သီချင်းရေးဖို့ စဉ်းစားမရတဲ့အတူတူ စတီရီယိုခန်းလေးထဲကထွက်ခဲ့ပြီး အိပ်ယာဝင်ခဲ့တော့တာပေါ့။




'' ရယ်ဒီကျော် . . လူယုတ်မာ ။ ရှင် ကျွန်မကို မှတ်မိလား . . .''





အသံကြားလို့ ရယ်ဒီကျော် လှည့်ကြည့်လိုက်တော့ အထက်အောက်တဆက်တည်း ဂါဝန်အနက်ကို ဝတ်ဆင်ထားတဲ့ ဖြူဖြူချောချော တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမတစ်ယောက်။ လှလွန်းမိုက်လွန်း တဲ့ ထိုမိန်းမကို သူ တစ်ခုခုပြန်ပြောဖို့ ကြိုးစားပေးမယ့် ပါးစပ်က အသံထွက်မလာ။ အဲ့ဒီအချိန်မှာပဲ ထိုမိန်းမချောက ဆံတွေကျွတ်ကျ နားရွက်တွေကား အစွယ်တွေထွက် မျက်လုံးတွေပြူး ခါးကြီးကုန်းပြီး ကြောက်မက်ဖွယ်အသွင်ကို တဖြေးဖြေးပြောင်းသွားတော့တယ်။





ရယ်ဒီကျော်လည်း ထိုပြောင်းလည်းမှုကို မျက်မြင်တွေ့ရှိလိုက်ရပြီး ကြောက်ရွံ့လွန်းတာကြောင့် ကယ်ပါယူပါ အော်ဟစ်အကူအညီတောင်းဖို့ ကြိုးစားတော့တာပေါ့။ သို့သော် သူ့ရဲ့လည်ပင်းကို တစ်စုံတစ်ယောက်က ညှစ်ထားသလို ခံစားနေရပြီး ပါးစပ်ကလည်း '' အစ် အစ် အ အ '' ဆိုတဲ့ အသံတွေကလွဲရင် ဘာသံမှ ထွက်မလားဘူး။





ရယ်ဒီကျော်တစ်ယောက်တည်း အရူးမီးဝိုင်းသလို ဒုက္ခ သုက္ခတွေရောက်နေဆဲမှာ မိန်းကလေးက ချောမောလှပတဲ့အသွင်ကို ပြန်ပြောင်းသွားပြီး





'' ပြောစမ်းပါရှင့် . . ရှင် ကျွ န်မကို မှတ်မိလားဆိုတာ။ ဟင်း ဟင်း ရှင်မေ့နေရင်တော့ ကျွန်မကပဲ ပြောပြရမှာပေါ့ရှင့်။ ကျွန်မက . . ကိုယ်စိုင်းတံခွန်ယောင်ဆောင်ပြီး ရှင်တို့ ဝိုင်းယုတ်မာကြတာကို ခံခဲ့ရလို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး အသက်နဲ့အရှက်ကို လည်းသွားတဲ့ ရွှေရတီလေ . . ။ မှတ်မိပြီမဟုတ်လား။ ပြော . . .''





လို့ ရယ်ဒီကျော့်ကို သူမ မည်သူမည်ဝါဖြစ်ကြောင်း အစဖော်ပေးလို့ ထပ်မံမေးမြန်းလိုက်ပြန်တယ်။ ထိုအခါ ကြမှ ရယ်ဒီကျော့်ရဲ့လည်ချောင်းရှိ တင်းကြပ်မှုတွေ လျော့နည်းသွားကာ '' အင်းးး . . .'' ခနဲ အသံကြီးတစ်ချက်ထွက်သွားပြီးနောက် ကြောက်လန့်တကြားနဲ့ . . . . .



.


ဆက်ရန်





အမြင့်ကြောက်သော ငှက်