အမြင့်ကြောက်သော ငှက်
တစ်ထပ်တိုက်အိမ်လေးပါသော ခြံဝန်းလေးတစ်ဝန်းကို ဖေဖေ ဦးစစ်မြို င်က ထပ်မံဝယ်ယူလိုက်သောကြောင့် တည်ငြိမ်လည်း နဂိုလ်နေလက်စကွန်ဒိုကို လူငှားတင်ကာ ထိုလုံးချ င်းအိမ်လေးသို့ပြောင်းခဲ့ခြင်းဖြစ်သည်။ ဤခြံလေးနှင့်အိမ်လေး၏ အရင်ပိုင်ရှင်မှာ ဖေဖေ့မိတ်ဆွေ အငြိမ်းစားသစ်တောဝန်ထောက် ဦးလှဘူးဖြစ်လေသည်။ ဦးလှဘူးသည် ဇနီးသည်ဆုံးပါးသွားတာကြာပြီဖြစ်သော မုဆိုးဖိုတစ်ယောက်ဖြစ်ကာ ဤအိမ်လေးတွင် သမီးဖြစ်သူ သက်ထားဖြူ နှင့် အတူတကွ တပည့်တပမ်းမျ ားဖြင့် သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့ကြသည်။
သို့သော် သမီးဖြစ်သူ သက်ထားဖြူ လေး အစာအဆိပ်သင့်ကာ ဆုံးပါးသွားပြီးနောက်မှာတော့ ဦးလှဘူးသည် တပည့်လက်သားမျ ားကိုလည်း အိမ်မှပြန်လွှတ်လိုက်ကာ သူကိုယ်တိုင်လည်း သာသနဘောင်သို့ အပြီးဝင်သွားလေတော့၏။ သာသနဘောင်မဝင်ခင် ဦးလှဘူးသည် သူ၏ အိမ်ကလေးနှင့်ခြံံကလေးကို မိတ်ဆွေဖြစ်သူဦးစစ်မြို င် ထံသို့ရောင်းချ ခဲ့ပြီး ရှိသမျှ ငွေကြေးမျ ားကို ပရဟိတ အဖွဲ ့အစည်းမျ ားသို့ ဆက်သွယ်လှူ တန်းပစ်ခဲ့လေသည်။
တည်ငြိမ်သည် အိပ်ယာထဲတွင် ပက်လက်လှဲလျေှ ာင်းပြီး ဤအိမ်ကလေးကို မိမိတို့သားအဖ ဝယ်ဖြစ်လိုက်ကြသည့် အကြောင်းကို ပြန်လည်တွေးတောနေစဉ်တွင် ပိတ်ထားသောအခန်းတံခါးကို ဖောက်ထွင်းကျေ ာ်ဖြတ်လျှ က် အငွေ့လိုလို အရိပ်လိုလို ခပ်ဖြူ ဖြူ အရာတစ်ခု အခန်းအတွင်းသို့ဝင်ရောက်လာကာ ကုတင်ဘေးတွင် လာရပ်လေတော့သည်။
ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်။ မျ က်နှာဝိုင်းဝိုင်း ဆံပင်မတိုမရှည် ကိုယ်လုံးသွယ်သွယ်နှင့်။ ရုပ်ကလေးကတော့မဆိုးလှ ချေ ာကြီးမဟုတ်ရင်တောင် နှစ်လိုဖွယ်အသွင်ကိုတော့ဆောင်တာအမှန်။ ပါးလွှာသောအဖြူ ရောင်ထက်အောက်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ထိုဝတ်စုံအောက်မှ သူမ၏ ခန္ဓာကိုယ်အရစ်အဝိုက်ကောက်ကြောင်းတို့ကို မထင်မရှားမြင်တွေ ့နေရလေသည်။
'' မင်း လာပြန်ပြီလားးးး ''
တည်ငြိမ်က ထိုမိန်းကလေးကိုတွေ ့လျှ င်တွေ ့ချ င်း ခပ်ငေါက်ငေါက်ပြောလိုက်လေရာ သူမက ပြုံ းကျ ဲကျ ဲမျ က်နှာပေးဖြင့်
'' ကျွ န်မက ရှင့်ကို ခင်နေတာကို။ လာတော့ဘာဖြစ်လဲ ''
ဟု အသံဆာဆာကလေးဖြင့် တည်ငြိမ်ကို ပြန်ပြောလိုက်လေ၏။ တည်ငြိမ်လည်း ပက်လက်လှဲနေရာမှ စိတ်ရှုတ်ထွေးစွာဖြင့် မိမိခေါင်းရှိဆံပင်တို့ကို လက်ဖြင့်ထိုးဖွလျှ က် ထထိုင်လိုက်ပြီး
'' ဒုက္ခပါပဲကွာ။ မင်းက ဘယ်လိုသရဲမလဲ။ အိမ်တက်လုပ်ပြီး တရားပေးနာ သာဓုခေါ်ခိုင်းတော့လည်း မခေါ်ဘူး။ ပြီးရင် ငါအိပ်ချ ိန်ကျ စကားတွေလာလာပြောပြီ။ ခက်တော့တာပဲ။ ''
ဟူ၍ ညဉ်းညူ တောက်တီးလိုက်လေသည်။ ထိုအခါ သူမက
'' ကျွ န်မက နောက်တာပါ။ တကယ်တော့ ကျွ န်မရှင့်ကို ပြောစရာရှိလို့လာခဲ့တာ ''
ဟု ပြန်ပြောလိုက်တော့ တည်ငြိမ်လည်း မျ က်နှာကို ခပ်တည်တည်ခပ်တင်းတင်းထားကာ
'' ကဲ. . ပြော။ ဘာကိစ္စ ရှိလို့လည်း။ ''
ဟု ခပ်ပြတ်ပြတ်မေးလိုက်လေတော့သည်။
'' ဒီလိုရှင့် နေ့လည်က အိမ်ကို လူစိမ်းတွေလာတယ်။ စုံတွဲနှစ်ယောက်။ ''
'' ဟုတ်တယ်လေ။ ဘာဖြစ်လည်း အဲ့ဒါ ငါ့သူငယ်ချ င်းစုံတွဲပဲ။
'' ရှင့်သူငယ်ချ င်းစုံတွဲဆိုတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သူတို့က ကျွ န်မအခန်းရဲ ့ဘေးခန်းမှာ ဝင်ပြီး မတော်တရော်တွေလုပ်ကြတယ်ရှင့်။ ''
'' ဘာမတော်တရော်လုပ်ရမှာလည်း။ ငါ့ရဲ ့သူငယ်ချ င်းမိုးထက်က သူ့ချ စ်သူနဲ့အားလပ်ရက်တွေမှာ ဒီလိုပဲ ငါ့အိမ်လာပြီး လွတ်လွတ်လပ်လပ်ပျေ ာ်ပျေ ာ်ရွှင်ရွှင်နေနေကြ။ ခု ဒီအိမ်မှာမှမဟုတ်ဘူး။ အရင် ငါနေတဲ့ ကွန်ဒိုမှာကတည်းက အဲ့လိုပဲ။
လူမမြင်ကွယ်ရာ မှာ ချ စ်သူနှစ်ယောက် အေးအေးဆေးဆေးတွေ ့ကြတာပဲ။ ဒီလောက်တော့ရှိမှာပေါ့။ ''
'' ရှင့်သူငယ်ချ င်းတွေ လွတ်လွတ်လပ်လပ်နေကြတာက အရေးမကြီးဘူး။ သူတို့ရဲ ့ဗရုပ်သုတ်ခ ပုံတွေ အသံတွေကို ဒီက မြင်နေကြားနေရတယ်ရှင့် ''
'' အို. . .ဒါကတော့ မင်းဘာလို့သွားကြည့်လည်း။ ကိုယ်အခန်းထဲမှာကိုယ်နေ သူ့အခန်းထဲမှာသူနေရင် အားလုံးအနေသာကြီး။ ''
'' ဒီမှာ ကိုဟွာ . . .ကျွ န်မက ရှင့်သူငယ်ချ င်းတွေ အရှက်မရှိချ စ်နလန်ထနေကြတာကို တကူးတက သွားကြည့်နေတာမဟုတ်ဘူး။ ကျွန်မက ဝိဉာဉ် ရှင့် . .ဝိဉာဉ် ။ ကိုယ့်အခန်းထဲမှာကို ထိုင်နေရင်းက နံရံကိုဖောက်ပြီး ရှင့်လူတွေရဲ ့ ရုပ်တွေ အသံတွေ မြင်နေကြားနေရတယ်။
တကယ်တည်း ရှင့်လူတွေတွေက အတော့်ကို တဏှာရာဂအားကြီးကြတဲ့သူတွေ။ အိမ်ထဲဝင်လာကတည်းက သူတို့ကိုယ်ကထွက်တဲ့ ကိုယ်ရောင်တွေက ရဲတောက်နေတာပဲ။ မိန်းမကဆို ပိုဆိုးသေးတယ်။ သူ့ရဲ ့ကိုယ်ရောင်က တွတ်တွတ်ကိုနီနေတာ။ ပြီးတော့ အဲ့ဒီမိန်းမက ကျွ န်မအခန်းထဲကိုဝင်လာပြီး စပ်စုသွားသေး ''
'' မင်း ဘာမှ ကိုယ်ရောင်တွေမြင်ရတယ် ဘာတယ် အပိုတွေပြောမနေနဲ့။ မင်းအခန်းထဲကို ဟန်နီချ ို ဝင်ကြည့်တာလည်း မင်းတစ်ခုခုသွားလုပ်လို့နေမှာပေါ့။ ဒီအတိုင်းကတော့ ချ စ်သူနှစ်ဦး ကြည်ကြည်နူးနူးနေရမယ့်အချ ိန်မှာ ဘယ်သူမှ အပိုတွေလျေှ ာက်မလုပ်ဘူး။ မင်းဘာသွားလုပ်လည်း ငါ့ကို မှန်မှန်ပြောစမ်း ''
တည်ငြိမ်ကမေးလိုက်လေရာ သူမက ရယ်ကျ ဲကျ ဲဖြင့် ပါးစပ်ကိုလက်ဝါးကလေးဖြင့်အုပ်ကာ
'' တောက် . .သွားခေါက်တယ် ''
ဟုဖြေလေသည်။ တည်ငြိမ်လည်း မိုးထက်တို့ကိစ္စကို သူမအားပွင့်ပွင့်လင်းလင်းပြောပြထားရမည်ဟု ဆုံးဖြတ်လိုက်ပြီး
'' မိုးထက်နဲ့ ဟန်နီချ ို တို့က ငါ့သူငယ်ချ င်းစုံတွဲ။ သူတို့က ပိတ်ရက်တွေ တခါတလေ လွတ်လွတ်လပ်လပ်နေချ င်ရင် ငါ့အိမ်ကိုလာကြတယ်။ အဲ့ဒါ မင်း သူတို့ကို ဘာမှသွားမလုပ်ဖို့ ငါသတိပေးချ င်တယ်။ မဟုတ်ရင် မင်းကြောင့် ငါ သူငယ်ချ င်းတွေနဲ့ မျ က်နှာပျ က်ရလိမ့်မယ် ''
ဟု သူမကိုသဘောပေါက်အောင်ပြောထားလိုက်လေသည်။ ထိုအခါ သူမက မဲ့ကာရွဲ ့ကာဖြင့်
'' ဟုတ်ပါပြီ။ ရှင့်သူငယ်ချ င်းတွေ အိမ်လာပြီး ချ စ်နလန်ထကြတာက ထားပါတော့။ ကျွ န်မက သူတို့ တွေကို ရုပ်ရှင်ကြည့်သလိုဒီအတိုင်းထိုင်ကြည့်နေရတော့မှာလား။ သူတို့လာတာ ကျွ န်မအတွက်လုံးဝ မလွတ်လပ်ဘူး။ ''
'' . . .ဒါကတော့ သူတို့လာတဲ့ရက်တွေမှာ မမြင်ရတဲ့ နောက်ဖေးထမင်းစားခန်း မီးဖိုချေ ာင် အိမ်ရှေ ့ဧည့်ခန်းလိုဟာမျ ို းတွေမှာ မင်း သွားရှောင်နေပေါ့။ ဒါမှမဟုတ် ဝါသနာပါတော့လည်း ထိုင်ကြည့်ပေါ့။ ''
'' အို းးး . . .ကျွ န်မကို ရှင့်လို နှာဗူးမြန်းမှတ်နေလား။ ပြီးတော့ ဧည့်ခန်းတွေ ထမင်းစားခန်းတွေထဲမှာလည်း ကျွ န်မသွားမနေနိုင်ဘူး။ အဲ့ဒီနေရာတွေက လင်းလွန်းတယ်။ ရှင်ကျွ န်မအတွက် တစ်ခုခုစီစဉ်ပေးရမယ် ''
သူမက နှုတ်ခမ်းလေးဆူကာ တည်ငြိမ့်ကို ဂျ စ်တိုက်လေ၏။ နောက်ဆုံးတည်ငြိမ်လည်း
'' ဒါဆိုလည်း ငါ့အခန်းထဲမှာ လာနေကွာ။ ဟုတ်ပြီလား ''
ဟု ပြောလိုက်တော့မှ သူမလည်းကြေနပ်သွားလေတော့သည်။ ထို့နောက် တည်ငြိမ်လည်း အိပ်ချ င်လာပြီဖြစ်သဖြင့်
'' ကဲ . . .ဒါပဲမဟုတ်လား။ ပြီးရင် ကိုယ့်အခန်းကိုယ်သွားတော့ ''
ဟု သူမကို နှင်ထုတ်လိုက်သော်လည်း သူမကထွက်မသွားသေးဘဲ
'' နေ . . .နေပါဦး တစ်ခုပြောစရာရှိသေးတယ် ''
ဟူ၍ စကားဆက်ပြန်သည်။
'' ကဲ . . .ပြောကွာ။ ဘာပြောစရာကျ န်သေးလို့လည်း ''
တည်ငြိမ်လည်း စိတ်တိုတိုဖြင့် မေးလိုက်လေရာ
'' အိမ်တက်တုန်းက ရှင့်ဘေးနာမှာထိုင်နေတဲ့ ခပ်ချေ ာချေ ာမိန်းမက ရှင့် ချ စ်သူလား ''
မြင့်မိုလ်ခင် ကိုပြောမှန်း တည်ငြိမ်အတတ်သိလိုက်လေသည်။
'' ဟုတ်တယ်။ ငါ့ ချ စ်သူပဲ ''
ဟု ပြန်ဖြေလိုက်တော့ သူမက ခပ်ရွံ့ရွံ့အမူအရာဖြင့်
'' ရှင် အဲ့ မိန်းမနဲ့ ဆက်မတွဲပါနဲ့တော့လား။ ရှင့်ကို သစ္စာဖောက်လိမ့်မယ်။ သူမှာ ရှင်ကို လျှ ို ့ဝှက်ထားတဲ့ အကြောင်းတွေ အမျ ားကြီးရှိတယ်။ သူ့ဟာ အတ္တကြီးသလောက် သစ္စာမဲ့မယ့်သူပဲ။ သူ့ရဲ ့ခန္ဓာကိုယ်ဝန်းကျ င်မှာ ခရမ်းရင့်ရောင် အငွေ ့အသက်တွေ ကျွ န်မအမျ ားကြီးတွေ ့နေရတယ်။ ''
ဟု ပြောကြားလေသည်။
ဒီတစ်ခါတော့ တည်ငြိမ်လုံးဝပေါက်ကွဲလေပြီ။ အနှီသရဲမသည် မိမိကို အိပ်ရေးပျ က်အောင် စကားလာမျ ားပြီး မိမိ၏သူငယ်ချ င်းမျ ား အိမ်သို့လာလည်သည်ကို ပြသနာရှာလေသည်။ ထိုမှအားမရသေးဘဲ အရောင်တွေ အငွေ ့တွေ စသဖြင့် ပါးစပ်ထဲတွေ ့ကရာတွေလျေှ ာက်ပြောကာ မိမိနှင့်မိမိချ စ်သူကြားမှာ ကတုံးကတိုက်လုပ်နေပြန်ချေ ပြီ။ ထို့ကြောင့်တည်ငြိမ်လည်း
'' ဒီမှာ သရဲမ . . .မင်း စိတ်ထဲထင်ရာ အရောင်တွေ ဘာတွေလျေှ ာက်ပြောပြီး တို့ချ စ်သူနှစ်ယောက်ကြားမှ ကုန်းမတိုက်နဲ့။ ငါတို့နှစ်ယောက်က တစ်ကယ့်မေတ္တာစစ်မေတ္တာမှန်နဲ့ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိချ စ်ကြတာ။ ငါကလည်း မြင့်မိုလ်ကို သိပ်ချ စ်သလို မြင့်မိုလ်ကလည်း ငါ့ကို သိပ်ချ စ်တယ်။ အဲ့ဒါကို မင်းနားလည်ထား။ နောက်တစ်ခါ ဘယ်တော့မှ တို့ချ စ်သူနှစ်ယောက်ကြားမှာ ဒီလို ပလီစေ့ချေ ာက်ချ က်စကားတွေ လာမပြောပါနဲ့။ ဒါမင်းကို ငါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သတိပေးခြင်းပဲ ''
ဟူ၍ သူမကို ခပ်တင်းတင်းခပ်ကျ ယ်ကျ ယ်ကို ငေါက်လိုက်လေ၏။ ထိုအခါ သူမက နှုတ်ခမ်းကိုဆူလျှ က်
'' ရပါတယ်။ ရပါတယ်။ ဒီက သူ အသဲဟက်တက်ကွဲကျ န်ခဲ့ပြီး ဖုတ်လိုက်ဖုတ်လိုက်ဖြစ်မှာဆိုးလို့ သတိပေးတာပါ။ တားမရလည်း ဆက်ချ စ်ပေါ့။ ပြီးတော့မှ တဟီးဟီး ထိုင်ငိုနေရရင် လုံးဝသနားလိမ့်မယ်မထင်နဲ့ ''
ဟု ဆောင့်ဆောင့်အောင့်အောင့်ကလေးပြောကာ တည်ငြိမ်၏ အခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပါတော့သည်။
'' သစ်ပင်ဆိုတာ သင်ရှိသတ္တဝါတွေ အတွက် သိပ်ကိုအရေးကြီးတယ်။ သစ်ပင်တွေဟာ မြေဆီလွှာကိုကာကွယ်တယ်။ ရာသီဥတုကို မျှ တစေတယ်။ သက်ရှိတွေကို ဒုက္ခပေးတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို စုပ်ယူပြီး အကျ ို းပြု တဲ့ အောက်ဆီဂျ င်ဓာတ်ငွေ ့ကို ထုတ်လွှတ်ပေးတယ်။
ဒါ့အပြင် သစ်ပင်တွေဟာ ရေစီးဆင်းမှုကိုလည်း ထိန်းညှိပေးတယ်။ တောင်တန်းတွေ တောင်ကုန်းတွေမှာသာ သစ်ပင်တွေမရှိတာ့ဘူးဆိုရင် မိုးရွာတဲ့အခါ တောင်ကျ ရေတွေ ဒလဟောဆင်းပြီး အနီးအနားမှာရှိတဲ့ မြို ့တွေရွာတွေ ရေလွှမ်းမိုးခံရမယ်။ ကမ ္ဘာလောက သတ္တလောက အပေါ်မှာ သစ်ပင်တွေရဲ ့အကျ ို းပြု ပုံဟာ ပြောပြလို့မကုန်နိုင်ဘူး။
ဒါပေမယ့် လူသားဆိုတာ သိပ်ကိုလောဘကြီးတဲ့အမျ ို းမဟုတ်လား။ နည်းပညာတိုးတက်မှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ စက်ရုံတွေအမျ ို းမျ ို းဆောက် ယာဉ်ရထားတွေ ပုံစံစုံတီတွင်ပြီး ကာဗွန်ဓာတ်ငွေ ့တွေကို အချ ိန်နဲ့အမျှ ထုတ်လွှတ်နေကြသလို တဖက်မှာလည်း မြို ့ရွာတည်ဖို့ မြို ့သစ်ချ ဲ ့ထွင်ဖို့ လောင်စာရဖို့ အိမ်ထောင်ပရိဘောကတွေပြု လုပ်ဖို့ စတဲ့ အကြောင်းပြချ က်မျ ို းစုံနဲ့ သစ်ပင်တွေကို ခုတ်လှဲလာကြတယ်။ ဒါ့အပြင် ခရိုနီ လို့ခေါ်တဲ့ သိုက်တူးသမား ခေတ်ပျ က်သူဌေးတွေဟာလည်း အကျ င့်ပျ က်သစ်တောဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး သစ်ပင်သစ်တောတွေကို လူအင်အား စက်အင်အား မြောက်မျ ားစွာသုံးပြီး ခုတ်လှဲရောင်းချ ကြတယ်။
ဒါကြောင့် အဲ့ဒီခရိုနီတွေဟာ ချ မ်းသာသထက် ချ မ်းသာသွားကြပြီး မြန်မာနိုငိငံရဲ ့ သစ်တောပြု န်းတီးမှုဟာလည်း ဆယ်စုနှစ်တစ်စုအတွင်းမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားခဲ့ရတယ်။ သစ်တောတွေမှာ မှီခို ရှင်သန်ကြရတဲ့ အဖိုးတန် သက်ရှိ သက်မဲ့တွေလည်း မျ ို းတုန်းရှားပါးကုန်ကြတယ်။ သစ်တောရေးရာ ဝန်ကြီး ဌာန ဆိုတာက သစ်ပင်သစ်တောတွေကို ကာကွယ်ထိန်းသိမ်းတဲ့ ဝန်ကြီးဌာန မဟုတ်တော့ဘဲ သစ်ပင်ခုတ်ဖို့ ခွင့်ပြု ပေးရတဲ့ ခရိုနီတစ်စုရဲ ့ ခါးပိုက်ထောင်ထဲက ဌာန ဖြစ်သွားခဲ့ရတာကိုးး။
အစ်ကိုတို့ နိုင်ငံမှာက သဘာဝပတ်ဝန်းကျ င် သစ်ပင်သစ်တော အဲ့ဒါတွေနဲ့ပတ်သက်ရင် သိပ်ကို အသိပညာကနည်းခဲ့ကြတာမဟုတ်လား။ အစိုးရနဲ့ ခရိုနီတွေက သစ်ပင်ခုတ်ရောင်းနေကြသလို တိုင်းသူပြည်သားတွေကလည်း သစ်ပင်သစ်တောတွေကို ထိန်းသိမ်းစောက်ရှောက်ရမယ် ဆိုတဲ့ ဗဟုသုတမရှိရှာဘူး။ သူမျ ားဝိုင်းထဲက ကုက္ကို ပင်ကို ခုတ်ပြီး မီးသွေးဖုတ်ရောင်းလိုက်တာ ဘယ်နှစ်သိန်းတော့ရသွားပြီ ဆိုတဲ့အသံကြားရင် အားကျ မခံ ကိုယ့်ဝိုင်းထဲက မန်ကျ ီးပင်ကို မျ က်စောင်းထိုးချ င်ကြတယ်။
ဒါတွေအားလုံးကို ပြု ပြင်ထိန်းသိမ်းဖို့လိုတယ်။ လူတွေ သစ်ပင်သစ်တောတွေကို ခုတ်ထစ်ရောင်းချ နေတာ ဘာနဲ့တူလည်းဆိုတော့ တစ်နပ်စားဉာဏ်နဲ့ ကိုယ့်အသားကိုယ်လှီးပြီး စားသောက်နေကြသလိုပဲ။ ခုဆိုရင် ကမ ္ဘာကြီး ပူနွေးလာမှုဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထားကို ရောက်နေပြီ။
အဲ့ဒီတော့ ခုလို ပြည်သူကရွေး ပြည်သူက တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ အုပ်ချ ု ပ်နေတဲ့အချ ိန်မှာ အစိုးရကလည်း နည်းဥပဒေ မူဝါဒတွေချ မှတ်ပြီး သစ်ပင်သစ်တော သဘာဝပတ်ဝန်းကျ င်ကို ကာကွယ်ထိန်းသိမ်း သလို တိုင်းသူပြည်သားတွေကလည်း သစ်ခုတ် ထင်းခုတ်တာတွေကို ချ က်ခြင်းရပ်တန့်ပြီး သဘာဝပတ်ဝန်းကျ င်ကို သာယာလှပအောင် အားဖြည့်ပါဝင်ရမယ်။ သစ်ပင် တွေကို မိမိတတ်နိုင်သလောက် စိုက်ပျ ို းကြရမယ်။ ခု စလုပ်မှ အချ ိန်မှီတော့မှာ။ မြန်မာပြည်ရဲ ့သစ်တော သဘာဝပတ်ဝန်ကျ င် ရာသီဥတုတွေဟာ တကယ့်ကို ပျ က်ဆီးဆုတ်ယုတ်နေကြပြီ။ ''
တည်ငြိမ်က အားပြည့်မာန်ပြည့် ရှင်းပြပြီးနောက် မောသွားသည့်ဟန်ဖြင့် စားပွဲပေါ်မှ ရေခွက်ကို မော့သောက်လိုက်သည်။ အောင်ပြည့်က တည်ငြိမ်ပြောပြသည်မျ ားကို စိတ်ဝင်တစားနားထောင်နေပြီး မြင့်မိုလ်ကတော့ နားထောင်ရသည်မှာ ခပ်ပျ င်းပျ င်းရှိဟန်တူသည်။ ထိုစဉ် မြင့်မိုလ်၏ ဖုန်းမှ ရင်းတုန်းသံမြည်လာသဖြင့် သူမက ဖုန်းကိုကောက်ကိုင်လိုက်ပြီး ပေါ်လာသောနံပါတ်ကိုကြည့်ကာ အနည်းငယ်မျ က်နှာပျ က်သွားလေ၏။ ထို့နောက် တည်ငြိမ့်ကို ပါးချ ို င့်လေးပေါ်အောင်ပြုံ းပြလိုက်ပြီး
'' ကို ခဏလေးနော် ''
ဟု ခွင့်တောင်းကာ အိမ်ရှေ ့ဘက်သို့ထွက်၍ ဖုန်းစကားပြောနေတော့လေသည်။
ကျေ ာင်းအားရက်တွင် တည်ငြိမ်သည် မြင့်မိုလ်တို့မောင်နှမ အိမ်သို့အလည်ရောက်ရှိနေပြီး မြင့်မိုလ်လည်း ဗဟုသုတရ အောင်ပြည့်လည်း လက်ချ ာရစေရန်အတွက် သစ်တောနှင့်ဆိုင်သောမိမိ၏ အတွေ ့အကြုံ မျ ားနှင့် သစ်ပင်သစ်တောတို့၏ အရေးကြီးပုံ ကမ ္ဘာကြီးနှင့် သက်ရှိတို့ကို မည်သို့မည်ပုံ အကျ ို းပြု ပုံတို့ကို ရှင်းလင်းပြောပြနေခြင်းဖြစ်သည်။ မြင့်မိုလ်တို့၏ မိဘမျ ားမှာ ပဲခူးဘက်ကဖြစ်ကြပြီး တည်ငြိမ်တို့လောက်မဟုတ်သော်လည်း သူတို့ဒေသတွင်တော့ အတော်အတန် ကြွယ်ဝသူမျ ားဖြစ်ကြ၏။ ယခု မြင့်မိုလ် တို့နေနေသောအိမ်မှာလည်း ရန်ကုန်တွင် သမီးနှင့် သား ကျေ ာင်းတက်ရန်အတွက် မိဘမျ ားက လုံးချ င်းငှါးပေးထားခြင်းဖြစ်သည်။
စကားကောင်းနေကာမှ မြင့်မိုလ်က ဖုန်းထွက်ပြောနေသဖြင့် တည်ငြိမ်လည်း စကားမဆက်သေးဘဲ သူမကိုစောင့်ဆိုင်းနေလိုက်လေသည်။ ထိုအချ ိန်တွင် အောင်ပြည့်က တည်ငြိမ့်အနားသို့ကပ်လာပြီး
'' ဆြာ . . . မမ ကိုဘယ်လိုမြင်လည်း ''
'' ဟ. . .ဘယ်လိုမြင်ရမှာလည်း အောင်ပြည့်ရ ။ မင်းအစ်မနဲ့ ငါနဲ့ကချ စ်သူတွေလေ။ ချ စ်သူလို့ပဲမြင်တာပေါ့ ''
အောင်ပြည့် မျ က်နှာ အီလည်လည်ဖြစ်သွားပြီး ခေါင်းကိုကုတ်လျှ က် . . . .
'' မဟုတ်ဘူးဆြာရဲ ့။ ရိုးသားမှုရှိလား။ မရှိဘူးလား။ ဒါကိုပြောတာ ''
ဟူ၍ ထပ်မေးလိုက်တော့
'' အင်းးး . . .ရိုးသားပါတယ်။ ဘာဖြစ်လို့လဲ ''
ဟု တည်ငြိမ်က ပြန်မေးလိုက်လေသည်။
'' ဒီလို ဆြာရဲ ့။ ဆြာ့ကိုတွေ ့ကတည်းက ကျွန်တော်အနေနဲ့ ကိုယ့်အကိုအရင်းတစ်ယောက်လို ချ စ်ခင်မိတာ။ ပြီးတော့ ဆြာက ကျွန်တော်နဲ့ ဝါသနာတွေ အကျ င့်စရိုက်တွေလည်း အတော်ကလေးတူတယ်။ မမကကြတော့အဲ့ဒီလိုမဟုတ်ဘူး။ ကျွ န်တော်နဲ့ ဝါသနာ အကျ င့်စရိုက် စသဖြင့် ဘာတစ်ခုမှမတူတဲ့အပြင် ငယ်စဉ်အခါကတည်းကလည်း ကျွ န်တော်တို့မောင်နှမနှစ်ယောက်က သိပ်အပေါင်းအသင်းမလုပ်ခဲ့ကြဘူး။
မမဟာ ကျွ န်တော်ရဲ ့အစ်မအရင်းဖြစ်ပေမယ့် ကျွ န်တော်က မမထက်စာရင် ဆြာ့ကို ပိုခင်တယ်။ ပြီးတော့ ကျွ န်တော်နဲ့ပတ်သက်ပြီးမှ မမနဲ့ဆြာတွေ ့ခဲ့ကြရတာဆိုတော့ မမအတွက် ကျွ န်တော့်မှာ တာဝန်အမျ ားကြီးရှိတယ်လေ။
တကယ်တော့ ဆြာ မမကို မချ စ်သင့်ဘူး။ ဘာလို့လည်းဆိုရင် ဆြာက အနေအေးတယ် ရိုးသားတယ် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချ င်တယ်။ မမကတော့ဆြာနဲ့မတူဘူး။ သူက ဘဝကို ရှုပ်ယှက်ခတ်ပြီး တည်ဆောက်လိုတယ်။ မာယာတွေနဲ့စကားရတာဝါသနာပါတယ်။ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းလိုတဲ့စိတ်မျ ို း သူ့မှာလုံးဝမရှိဘူး။ အနိမ်အမြင့်အလှည့်အပြောင်းတွေကြားထဲမှာ ရှင်သန်ရတာကိုပဲ သူက ဘဝရဲ ့အရသာလို့ ထင်မှတ်ထားတဲ့ပုံ။
မောင်တစ်ယောက်က နှမတစ်ယောက်ကို လင်ကောင်းသားကောင်းမရစေလျ င်လို့ ပြောတဲ့စကားမျ ို းတော ့မဟုတ်ပါဘူး။ ဒါပေမယ့် မမဟာ ဆြာနဲ့လုံးဝလိုက်ဖက်ညီသူတစ်ယောက်တော့ မဟုတ်တာအမှန်ပဲ တကယ်လို့ ဆြာ့အနေနဲ့ မမကို လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ဆြာတို့အိမ်ထောင်ရေး သာယာနိုင်လိမ့်မယ်လို့ ကျွ န်တော်တော့မထင်ဘူး ''
အောင်ပြည့်က စေတနာအရင်းခံကာ ဆြာဖြစ်သူ တည်ငြိမ်နှင့် အစ်မဖြစ်သူ မြင့်မိုလ်ခင်တို့နှင့် စပ်လျှ င်း၍ ၎င်း၏ထင်မြင်ယူဆချ က်ကို ပွင့်ပွင့်လင်းလင်းပြောပြလေ၏။ တည်ငြိမ်လည်း စိတ်မသက်သာဟန်ဖြင့် မျ က်နှာကို အပေါ်ကိုမော့လျှ က် လေပူတစ်ချ က်ကို '' ဟူးး '' ခနဲ မှုတ်ထုတ်လိုက်ပြီး
'' ဘယ်တတ်နိုင်မလည်းကွာ။ ငါက မင်းအစ်မကို ချ စ်မိနေပြီပဲ။ ပြီးတော့ မြင့်မိုလ်ကလည်း ငါ့ညီထင်သလောက်ဆိုးချ င်မှလည်း ဆိုးခဲ့မှာပါ။ တကယ်လို့ ဆိုးခဲ့မိုက်ခဲ့တယ်ဆိုရင်တောင် ဆြာနဲ့မတွေ ့ခင် သူငယ်စဉ်အချ ိန်က ရူးရူးမိုက်မိုက်လုပ်ခဲ့တာတွေ ဖြစ်ပုံရပါတယ်။ ခုတော့ သူလည်းအသက်ကလေးရပြီး ရင့်ကျက်သင့်သလောက် ရင့်ကျ က််လာပြီပဲ။ ရှေ ့ဆက်ပြီး သူ့ဘဝကိုသူ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြတ်သန်းသွားလိမ့်မယ်လို့ ဆြာယုံကြည်တယ်။ ''
ဟု ပြန်လည်ပြောကြားလိုက်လေတော့သည်။
'' အင်းးလေ. . .ဆြာယုံကြည် မျေှ ာ်လင့်တဲ့အတိုင်းဖြစ်ပါစေ လို့ပဲ ကျွ န်တော် ဆုတောင်းပါတယ်။ တကယ်တမ်းဆို ကျွ န်တော်ကသူ့ရဲ ့မောင်အရင်းပါ။ ဆြာလို လူကောင်းလူတော်တစ်ယောက်နဲ့ သူ့ကို ကျွ န်တော် ဘာမှ သဘောမတူစရာမရှိပါဘူး။ ''
ထိုစဉ် မြင့်မိုလ် ပြန်ဝင်လာ၍ဆြာတပည့်နှစ်ယောက် စကားစပြတ်သွားလေတော့သည်။
တည်ငြိမ်သည် မြင့်မိုလ်တို့မောင်နှမနှစ်ယောက်နှင့်အတူ လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့ကြပြီး လက်ဖက်ရည်နှင့်မုန့်မျ ားကိုမှာယူကာ ညနေခင်းစာအဖြစ် စားသောက်ကြလေ၏။ ထိုနောက်တည်ငြိမ်လည်း မြင့်မိုလ်တို့ကို ပြန်ပို့ပြီး အိမ်သို့ ပြန်ခဲ့လေတော့သည်။
ဆက်ရန်
အမြင့်ကြောက်သော ငှက်