သစ်တော ၄ ။




အမြင့်ကြောက်သော ငှက်









တည်ငြိမ်ဟာ ချ စ်သူမြင့်မိုလ်ခင်အတွက် စိုးရိမ်လွန်း၍ အတန်တန်သတိပေးစကားပြောကြားလေ၏။ ကောင်းမှုကုသိုလ်တို့ကို လုပ်ရန် တိုက်တွန်းလေ၏။ မိမိအိမ်တွင် သက်ထားဖြူ ရှိနေသောအကြောင်းကိုတော့ ပြောပြလို့လည်းမရ ပြောပြလျှ င်လည်း ယုံကြည်မည်မဟုတ်သဖြင့် ထိန်ချ န်ထားခဲ့လေသည်။





သို့သော် တည်ငြိမ်ပြန်လည်ရှိခဲ့တာက မြင့်မိုလ်၏ အထင်သေးလှောင်ပြောင်မှုပင်။ မြင့်မိုလ်သည် ကုသိုလ်ကောင်းမှုလုပ်ဖို့အသာထား၍ မိမိကိုပင် ကြောင်တောင်တောင်လူ တစ်ယောက်ဟု ထင်မှတ်လာဟန်တူသည်။





နောက်ဆုံး တည်ငြိမ်လည်း မြင့်မိုလ်ကို နားလည်အောင်ရှင်းပြမနေတော့ဘဲ မိမိဘာသာမိမိ သူမကို တတ်စွမ်းသမျှ အကာအကွယ်ပေးတော့မည် ဟုပဲ ဆုံးဖြတ်ချ က်ချ လိုက်ရလေတော့သည်။



.



.



.



.



.



ရဲအုပ် ချ စ်မင်းက ဆေးခွင့်ယူထားသဖြင့်ဦးချ မ်းသာ အသတ်ခံရမှုကို ဟန်နီချ ို ကိုင်တွယ်ရလေသည်။ စုံစမ်းစစ်ဆေးချ က် မျ ားအရလည်း အမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချ က်အလက်မျ ားကို သူမသိရှိခဲ့ကာ ရဲမှူ းထံသို့သတင်းပို့ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမ ဆောင်ရွက်ရမည့်ကိစ္စတစ်ခုကို ဆက်လက်လုပ်ဆောင်ဖို့ရန်သာ ဟန်နီချ ို ပြင်ဆင်ရလေသည်။ ထိုကိစ္စမှာ ကိုယ်ရေးကိုယ်တာဟုပြောလို့ရသလို တာဝန်ဟူ၍လည်း ဆိုနိုင်သည်။





ကိုမိုးထက်တို့ရုံးမှာ တနင်္ဂနွေနေ့တစ်ရက်သာ ပိတ်သော်လည်း ယခုတစ်ပတ်တွင် စနေ တနင်္ဂနွေ ရုံးနှစ်ရက်ဆိုက်တိုက်ဆင့်ပိတ်သဖြင့် ကိုတည်ငြိမ်၏အိမ်သို့ စနေနေ့ညနေကတည်းက သွားရောက်လည်ပတ်ကာ အဲ့ဒီမှာတင် လွတ်လွတ်လပ်လပ် ညအိပ်အနားယူကြမည်ဖြစ်ကြောင်း ကိုမိုးထက်က တိုင်ပင်ညှိနှိုင်းသည်ကို ဟန်နီချ ို လည်း ခေါင်းညိမ့်ခဲ့လိုက်သည်။





'' တို့သွားလည်တော့ တစ်ကိုယ်တည်းဖြစ်နေတဲ့ လူပျ ို ကြီးရဲ ့ဘဝလေးလည်း စိုပြေသွားတာပေါ့ ''





ဟု ကိုတည်ငြိမ်အတွက် တွေးပေးသလိုလိုဖြင့် ကိုမိုးထက်ကပြောနေသော်လည်း တကယ်တမ်းမှာမူ သူ့အတွက်သူတွေးကာ မိမိကို စည်းရုံးပြောဆိုနေမှန်းသိသောကြောင့် ဟန်နီချ ို ပြုံ းမိသေး၏။



.



.



.



.



ထိုနေ့ညက ပျေ ာ်စရာကောင်းသော ညတစ်ညပင်။ ကိုတည်ငြိမ်၏ ချေ ာက်သွေ ့နေသော လူပျ ို ကြီးဘဝသည်လည်း ကိုမိုးထက်ပြောသလို စိုပြေသွားသည်တော့ အမှန်ပင်။ ဟန်နီချ ို တို့ စုံတွဲ ကိုတည်ငြိမ့်အိမ်သို့ရောက်ပြီး ၎င်း၏ကားဖြင့် သုံးယောက်သား ကမ်းနားညဈေ းသို့ မုန့်ထွက်စားကြလေသည်။ ထို့နောက် မြို ့ထဲသို့ပတ်၍ shopping အသေးစားလေးထွက်ကြပြန်၏။





လိုအပ်သည်မျ ားကို ဝမ်ချ မ်းပြီး အိမ်သို့ပြန်ခဲ့ကြကာ မြန်မာ idol ပြန် ကြည့်ရင်း သူ့အကြို က်ကိုယ့်အကြို က် ငြင်းခုံကြပြန်လေသည်။ မြန်မာ idol ကြည့်ပြီးနောက်တွင် ကိုတည်ငြိမ်က နှပ်ထားသောကော်ဖီကို နွားနို့ နို့စိမ်း မလိုင် တို့ဖြင့်ပေါင်းစပ်ကာ ကော်ဖီဖျေ ာ်တိုက်လေသည်။ ကိုမိုးထက်တို့ ငယ်သူငယ်ချ င်းနှစ်ဦးမှာ ကော်ဖီသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်မျ ားပြန်လည်ပြောဆိုလျှ က်ရှိကြသလို ဟန်နီချ ို ကတော့ ကော်ဖီကိုအရသာခံပြီး တစိမ့်စိမ့်သောက်ရင်း ၎င်းတို့ပြောသမျှ ကို စိတ်ဝင်တစား နားထောင်၍နေလေတော့၏။ ကိုတည်ငြိမ်၏ ကော်ဖီလက်ရာမှာလည်း ခါးစိမ့်စိမ့်လေးဖြင့် လွန်စွာသောက်လို့ကောင်းလှပေသည်။





ညဆယ့်တစ်နာရီထိုးခါမှ စကားစဖြတ်ဖြစ်ကြပြီး ကိုတည်ငြိမ်က သူ့အိပ်ခန်းထဲသို့ဝင်သွားသလို ကိုမိုးထက်ကလည်း ဟန်နီချ ို ့ပုခုံးလေးကို ဖက်၍ မိမိတို့အိပ်ခန်းရှိရာသို့ ဝင်ခဲ့ကြလေတော့သည်။









ရာသီဥတုမှာ ပူစပ်စပ်ရှိလှသည်က တစ်ကြောင်း စားသောက်လည်ပတ်ထားသဖြင့် ခပ်နုံးနုံးရှိလှသည်က တစ်ကြောင်းကြောင့် ဟန်နီချ ို တို့ချ စ်သူနှစ်ဦးလည်း ရေချ ို ခန်းထဲသို့ဝင်ကာ ရေစိပ်ကန်တွင် နှစ်ယောက်အတူတူရေစိမ်၍ လွတ်လွတ်လပ်လပ်ပင် ရေချ ို းလိုက်ကြလေသည်။ ထို့နောက် ဟန်နီချ ို က ရေစိမ်ကန်မှ အရင်ထလိုက်ပြီး ရေပန်းတွင်ရေသန့် ထပ်ချ ို းကာ တံဘတ်ပွကြီးနှင့် သူမ၏ခန္ဓာကိုယ်အနှံ ့ကို ရေသုတ်၍ ကိုယ်မှာပတ်လိုက်သည်။



ထို့နောက် ရေချ ို းခန်းအပြင်သို့ထွက်လာခဲ့လေ၏။





ဟန်နီချ ို ခေါင်းဖြီးနေစဉ် ရေချ ို းခန်းမှထွက်လာသော ကိုမိုးထက်က နောက်မှသိုင်းဖက်လိုက်ပြီး သူမရဲ့ ဆံနွယ်တို့ကို တစ်ဖက်သို့သတ်ချ လျှ က် လည်တိုင်ကျေ ာ့ကျေ ာ့လေးကို နမ်းရှုံ့လေတော့၏။ ခေါင်းဆက်ဖီးလို့မရတော့သောကြောင့် ဟန်နီချ ို လည်း ဘီးကို မှန်တင်ခုံပေါ်သို့အသာပြန်ချ လိုက်ပြီး မိန်းမောနေမိလေ၏။





တဖန် သူမရဲ့ခန္ဓာကိုယ်ကလေးကို အမှတ်မထင် ဆွေ ့ခနဲပွေ ့ချ ီကာ ကုတင်ပေါ်ရှိ ဒန်းလော့မွေ ့ယာပေါ်သို့ အသာပစ်ချ လိုက်သည့် ကိုမိုးထက်၏လုပ်ရပ်ကြောင့် ဟန်နီချ ို ့ရင်ထဲတွင် တလှပ်လှပ်ဖြစ်သွားရပြန်သည်။ လှပပြည့်ဖြို းသော ကိုယ်ခန္ဓာလေးတွင်ပတ်ထားသည့် တံဘတ်ကြီးမှာလည်း ပြေကျ သွားရလေ၏။ ကိုမိုးထက်ကလည်း အားကျ မခံ သူ့ကိုယ်ပေါ်တွင်ပတ်ထားသည့်တံဘတ်ကို ဖြည်ချ လိုက်လေတော့သည်။



'' အို . . . .မီး ပိတ် ပါ ဦး ကို ရယ် . . . . . .''



.



.



.



.



.



.



ဤကဲ့သို့ မိုးထက်တို့စုံတွဲ ကြည်နူးနေကြချ ိန်တွင် ဒုက္ခရောက်နေသူမှာကတော့ တည်ငြိမ် ပင်။ မိုးထက်နှင့် ဟန်နီချ ို တို့၏ နေပုံထိုင်ပုံမျ ားကို သူမရဲ ့အခန်းမှ အားလုံးမြင်နေကြားနေရသည်ဟု ဆိုကာ သက်ထားဖြူ သည် တည်ငြိမ်ထံရောက်လာပြီး အိပ်ယာပေါ်သို့ အခန့်သားတက်လာတော့သည်။ ကြည့်လိုက်ပြန်တော့ သူမ၏တစ်ထည်တည်းသော ဝတ်စုံက ခပ်ပါးပါး။ ထို့ကြောင့် တည်ငြိမ်လည်း ခေါင်းဦးနှင့်စောင်တစ်ထည်ကိုယူပြီး





'' မင်းအိပ်ချ င်လည်းအိပ်လေ ငါ ဧည့်ခန်းမှာ TV ကြည့်ရင်းသွားအိပ်မယ် ''





ဟူ၍ ဆိုလိုက်လေရာ သက်ထားဖြူ က ခေါင်းဦးကို ဆွဲထားလျှ က်





'' မသွားပါနဲ့ ။ သွားစရာမလိုပါဘူး။ ဒီကက ဝိဉာဉ်ပဲ ကိစ္စမရှိပါဘူး ''





ဟု တားဆီးပြန်သည်။





'' မင်းငါ့ကို မကြောက်ဘူးပေါ့ ''





'' မကြောက်ပါဘူး။ ရှင်က လူကောင်းပဲ။ ပြီးတော့ ကျွ န်မကို ရှင်ဘာလုပ်နိုင်မှာ မို့လို့လဲ ''





သက်ထားဖြူ က ဝံ့ကြွားဟန်လေးဖြင့် ပြောလိုက်လေရာ တည်ငြိမ်၏စိတ်ထဲတွင် . . . .သူမျ ားအိပ်ယာလည်း ဝင်အိပ်သေးတယ်။ ဒီလောက်တောင် ကြီးကျ ယ်တဲ့ဟာလေး . . .တွေ ့မယ် . . . . . ဟု သူမကို ပညာပေးချ င်စိတ်မျ ားဖြစ်ပေါ်လာပြီး





'' ဘာလို့မလုပ်နိုင်ရမှာလည်း ''





ဟုဆိုလျှ က် သူမကို သိမ်းဖက်ပစ်လိုက်လေတော့သည်။





'' အို . . . .''



.



.



'' ဟာ . . . . ''



.



.





နုအိ နွေးထွေး ပျေ ာ့ပြောင်းသော အထိအတွေ ့. . . . .တည်ငြိမ်က သက်ထားဖြူ ကို သူရဲ ့ ရင်ခွင်ထဲမှ ဆတ်ခနဲ ပြန်လွှတ်လိုက်မိလေသည်။ ထို့နောက်





'' မင်း မင်းး က လူ လူ လိုပါပဲလားးး ''





'' ရှင် ရှင် ကျွ န်မကို တကယ်ဖက်တယ် ကြည့်စမ်း ''





တစ်ယောက်မျ က်နှာတစ်ယောက်ကြည့်ကာ တအံ့တသြဖြင့်အပြန်အလန် ပြောဆိုမိကြပြီး နှစ်ဦးစလုံးရင်တွေ တဒိုင်းဒိုင်ခုန်လျှ က် ကြက်သီးမွေးညင်းတွေ ထကုန်ကြလေသည်။





'' မင်းကဝိဉာဉ်ဆိုတော့ ငါဖက်လိုက်ရင် ပျေ ာက်သွားမယ် ဒါမှမဟုတ် အငွေ ့ပြန်သွားမယ်လို့ ငါကထင်နေတာ ''





ဟု တည်ငြိမ်ကဆိုတော့ သက်ထားဖြူ က အရှက်သဲစွာမျ က်စောင်းလေးထိုးလျှ က်





'' သွားပါ။ ဒီက တကယ်မလုပ်ဘူး အောက်မေ့လို့။ ကျွ န်မရှင့်ကိုပြောထားပါကော။ ကျွ န်မက ဖျေ ာက်နိုင်တယ် ပေါ်နိုင်တယ် အရာဝတ္ထု တွေ လူတွေ သတ္တဝါတွေနဲ့ ထိတွေ ့နိုင်တယ် ဆိုတာကိုလေ။ ခု ရှင်မြင်အောင် ကျွ န်မရဲ ့ ခန္ဓာကိုယ်ကို ဖော်ထားတုန်းရှိသေးတော့ ရှင်တို့လိုလူသားတွေနဲ့ အားလုံးအတူတူပဲပေါ့ ''





ဟူ၍ မျ က်နှာရဲကလေးဖြင့် ပြန်ပြောလေ၏။ ထိုအခါမှ တည်ငြိမ်လည်း ပြုံ းတုံးတုံး မျ က်နှာပေးဖြင့်





'' ကဲ. . .ခုတော့မှတ်ပြီပေါ့။ သူမျ ားကို စိမ်ခေါ်ချ င်တာ သူအဖက်ခံရတာပဲ အဖတ်တင်ပြီလေ ''





ဟု စနောက်လေရာ သက်ထားဖြူ က နှုတ်ခမ်းလေးဆူလျှ က် တည်ငြိမ့်ကို ခေါင်းဦးမျ ား ဆောင်မျ ားဖြင့် ပစ်ပေါက်လေတော့သည်။ တည်ငြိမ်လည်း အပေါက်ခံရသော ခေါင်းဦးတစ်လုံးနှင့် ဆောင်တစ်ထည်ကို ကောက်ယူလိုက်ပြီး





'' ကဲ ကဲ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်အိပ်တော်မူ။ ကျွ န်တော်မျ ို းကြီး ဧည့်ခန်းမှာပဲ သွားအိပ်ပါတော့မယ်။ ဘယ်လိုမှန်းလည်းမသိဘူး ဖောင်းဖုဖုနဲ့ . . . . ''





ဟုဆိုကာ ခပ်ရွှင်ရွှင်အမူအယာဖြင့် အိမ်ရှေ ့ဧည့်ခန်းသို့ ထွက်ခဲ့လေတော့သည်။ သက်ထားဖြူ ကတော့ ဒန့်လော့ပေါ်တွင် ထိုင်ရင်းကျ န်ရစ်ခဲ့ကာ ပါးစပ်မှပွစိပွစိရေရွတ်ပြီး သူမကိုနောက်ပြောင်သွားသော တည်ငြိမ့်အား မေတ္တာပို့သ၍ နေလေတော့သည်။





ဟန်နီချ ို အိတ်ထဲမှ ထက်အောက်တစ်ဆက်တည်း ညအိပ်ဂါဝန်တစ်ထည်ကိုထုတ်၍ ကိုယ်တွင်စွပ်လိုက်လေသည်။ ဗှိုက်ထဲတွင် အနည်းငယ်ဆာသလိုလိုရှိသဖြင့် ရေခဲသေတ္တာထားရာ ထမင်းစားခန်းဆီသို့ထွက်ခဲ့လေ၏။ ရေခဲသေတ္တာထဲတွင် သူမ ညဈေ းကဝယ်လာခဲ့သော စပျ စ်သီးမျ ားကို ရှိသည်မဟုတ်ပါလား။





အိပ်ခန်းမှအထွက် လျေှ ာက်လမ်းအရောက် အိမ်ရှေ ့ဧည့်ခန်းဆီမှ မီးလင်းနေကြောင်း သတိပြု မိသဖြင့် ဟန်နီချ ို လည်း နောက်ဖေးသို့မဝင်သေးဘဲ ဧည့်ခန်းဘက်သို့ထွက်ခဲ့လိုက်ရာ နိုင်ငံခြားဇာတ်ကားတစ်ကားကိုထိုင်ကြည့်နေသော ကိုတည်ငြိမ်ကိုတွေ ့ရလေသည်။





'' ကိုတည်ငြိမ်။ မအိပ်သေးဘူးလား . . .''





ဟန်နီချ ို က စကားစလိုက်တော့မှ ၎င်းက ဟန်နီချ ို ရောက်နေတာကိုသတိပြု မိသွားပြီး





'' ဟုတ်တယ်. . .ဟန်နီ။ ဒီမှာ ဇာတ်လမ်းကကောင်းနေလို့ ။ ဟန်နီကော တစ်ရေးနိုးလာတာလား ''





ဟုဆိုကာ ဟတ်နီချ ို ဝင်လာတာကို အတော်ကြာအောင်ပင် ငေးကြည့်၍ နေလေတော့သည်။ ထိုအခါမှ ဟန်နီချ ို လည်း ရှိန်းတိန်းဖိန်းတိန်းဖြစ်လာပြီး ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မိတော့မှ . . . . . .အင်းး ကိုတည်ငြိမ် ကြည့်မယ်ဆိုလည်းကြည့်ချ င်စရာပဲ။ ငါ့ဝတ်စားထားတာက အတော်ကို ကပိုကယိုနဲ့ မလုံမလဲဖြစ်နေတာကိုးး . . . .ဟု သတိထားမိလေ၏။ ကိုတည်ငြိမ့်လို အေးအေးဆေးဆေး တည်တည်တန့်တန့် နေသူတစ်ဦးကပင် မှင်သက်ငေးမောသွားရလောက်သည့် သူမ၏ အလှတရားမျ ားအတွက်လည်း ဟန်နီချ ို အနည်းငယ်တော့ ကြေနပ်ပီတီစိတ်ဖြစ်ပေါ်မိတာအမှန်ပင်။





သို့သော် ဟန်နီချ ို အချ ိန်ကြာကြာ ဘဝင်ဟတ်မနေနိုင်ဘဲ





'' အခွင့်သင့်တုန်း ကိုတည်ငြိမ်ကို ငါမေးချ င်တာမေးမှပဲ ''





ဟု ကြံစည်တွေးတောမိလေ၏။ ထို့ကြောင့် . .





'' အိုးးး ဘာလို့ လူကို ဒီလောက်တောင် ငေးနေတာလည်း အကိုရဲ ့ ''





ဟန်နီချ ို က တိတ်ဆိတ်ခြင်းကို ဦးစွာဖြို ခွင်းလိုက်ရာ ကိုတည်ငြိမ်က သတိဝင်လာပြီး ရှက်ကိုးရှက်ကန်းအမူအရာဖြင့်





'' ဟို . . .ဟို . . .ဟန်နီချ ို လိုမိန်းမလှမျ ို းတစ်ယောက်နဲ့ ချ စ်သူဖြစ်ရတာ ကျွ န်တော့်ကောင်ကြီး အတော်ကံကောင်းတာပဲ လို့ တွေးမိသွားလို့ပါ ''





ဟု သူမကို ပြန်ပြောလေ၏။





'' အို. . .ကိုတည်ငြိမ်ကလည်း ဟန်နီ့အလှက မြင့်မိုလ်ရဲ ့ခြေဖျ ားကိုမမှီသေးပါဘူးနော်. . . .''





ဟု ဟန်နီချ ို က မူရာပိုပိုလေးဖြင့် ချေ ပလိုက်လေရာ . . .





'' ဒါဆို ကျွ န်တော်က ပိုကံကောင်းတာပေါ့နော် ''





'' ဒါပေါ့ရှင့်။ ကိုတည်ငြိမ်က ပိုကံကောင်းတာပေါ့ ''





'' ဟုတ်တယ် ကျွ န်တော်ကပိုကံကောင်းတယ်။ ဟိုကောင်နိုးလာမှ ဒါကိုပြောပြရဦးမယ် ''





'' ဟားး ဟားး ဟားး ''





'' ခစ် ခစ် ခစ် ခစ် ''





အရွှန်းဖေါက်ကာ နှစ်ဦးသား ရယ်မောမိကြလေသည်။ ဟန်နီချ ို လည်း ကိုတည်ငြိမ်အရှက်ပြေသွားအောင် အခြားအာလာဘ သလာဘမျ ားကိုပြောပြီးကာမှ သေဆုံးသူ ဦးချ မ်းသာနှင့် မိမိချ စ်သူ ကိုမိုးထက်တို့ စားသောက်ဆိုင်တွင် ပြသနာဖြစ်ခဲ့သည့်အကြောင်းကို မေးမြန်းလိုက်ပါတော့သည်။





ကိုတည်ငြိမ်ကလည်း မိုးထက်နှင့် ဦးချ မ်းသာတို့၏ ဇာတ်လမ်းကို မခြွင်းမချ န် အားလုံးပြောပြပြီး





'' ဒီကိစ္စနဲ့ ပတ်သက်လို့ ဟန်နီတို့ မိုးထက်ကို သံသယရှိနေတယ်ဆိုတာ ကျွ န်တော်သိပါတယ်။ ခုလို ဟန်နီ ကျွ န်တော့်ကိုလာမေးတာကလည်း ပိုသေခြာချ င်လို့ပဲမဟုတ်လား။ ကျွ န်တော်မပြောလည်း ဟန်နီတို့ အားလုံးသိထားနှင့်လောက်ပါပြီ။ ပြီးတော့ ဟန်နီချ ို ဟာ တရားဥပဒေအတွက်ဆိုရင် အချ စ်တွေဘာတွေ နားမလည်ဘဲ ကိုယ့်နှလုံးသားကို စတေးပြစ်သင့်ရင့် စတေးပြစ်မယ့် ရဲဝန်ထမ်းကောင်းတစ်ယောက် ဆိုတာလည်း ကျွ န်တော် ခန့်မှန်းမိတယ် .''





ဟု ပြန်လည်ပြောကြားလေရာ ဟန်နီချ ို လည်း ဟုတ်မှန်ကြောင်း ဝန်ခံလိုက်ရလေသည်။ ကိုတည်ငြိမ်က စကားဆက်ပြန်သည်။





'' ဒီကိစ္စမှာ စုံထောက်အမြင်အရကြည့်ရင် မိုးထက်က သံသယဖြစ်စရာအကောင်းဆုံးသူဆိုတာမှန်ပေမယ့် ကျွ န်တော်ကတော့ ဦးချ မ်းသာကို သူ မသတ်ဘူးလို့ ယုံကြည်တယ်။ ဟန်နီချ ို နဲ့ တွေ့ပြီးကတည်းက သူ့ရင်ထဲမှာ ခင်သူဇာဆိုတာလည်းမရှိတော့သလို ဦးချ မ်းသာဆိုတာလည်း မရှိတော့ဘူး ''





'' ကျွ န်မလည်း အဲ့ဒီလိုပဲ ယုံကြည်ပါတယ် ကိုတည်ငြိမ်ရယ်။ ဒါပေမယ့် အမှုအသွားအလာအရ တရားခံနေရာ ထည့်စဉ်းစားရမယ့်လူတွေထဲမှာ သူက ထိပ်ဆုံးက ပါနေတယ်လေ။ ခုတောင် ကျွ န်မ အာမခံထားလို့ ပြီးတော့ ကျွ န်မရဲ ့ စိတ်ဓာတ်ကိုလည်း ယုံကြည်လို့ ရဲမှူ းက သူ့ကို မဖမ်းခိုင်းသေးတာ။ ကျွ န်မက သူသာတရားခံသေခြာရင် ကျွ န်မကိုယ်တိုင်လက်ထိပ်ခတ်ပြီး စခန်းကိုခေါ်လာပေးမယ် လို့ ရဲမှူ းကို ပြောထားတယ်လေ ''





'' အေးပါဗျ ာ။ ဘုရားသိကြားမလို့ ဒီကောင်မဟုတ်ပါစေနဲ့ လို့ပဲဆုတောင်းရတော့မှာပဲ။ ဒါနဲ့ သူ့ကိုကော ဒီအကြောင်းပြောဖြစ်သေးလား ''





'' မပြောဖြစ်ဘူးရှင့်။ သူ့ကိုဒီအတိုင်းလွှတ်ထားတာအကောင်းဆုံးလို့ ကျွ န်မယူဆလို့ မပြောတော့တာပါ။ သူသာ တရားခံအမှန်ဆိုရင်လည်း ဒီလို ဘာမှမပြောတာ မမေးတာက ကျွ န်မတို့အတွက် သူ့ဆီကအစဆွဲထုတ်လို့ပိုကောင်းသလို သူတရားခံမဟုတ်ရင်လည်း သူ့စိတ်ထဲမှာ ဘာမှမသိတော့ ဘာမှမတွေးဘဲ စိတ်အေးအေးနေရတာပေါ့ ''





'' ဟုတ်ပါပြီလေ။ ဟန်နီတို့ ကောင်းသလိုသာစီစဉ်ကြပါ။ ကျွ န်တော်လည်း သူ့ကို ဒီကိစ္စမပြောပါဘူး။ ကျွ န်တော်က မိုးထက်နဲ့ ဟန့်နီကြားမှာ ကြားလူဖြစ်နေတော့ ကျွ န်တော်ဘယ်ဘက်ကမှ ဝင်မပါတာ ကောင်းတယ်လေ။ သူသာ ဥပဒေကိုတကယ်ချ ို းဖောက်ခဲ့တာမှန်ရင် ချ ို းဖောက်တဲ့ ပြစ်ဒဏ်ကို ခံရမှာပေါ့။ သူမဟုတ်ဘူးဆိုရင်တော့လည်း . . . အကောင်းဆုံးပေါ့ဗျ ာ ''





'' စိတ်ချ ပါ ကိုတည်ငြိမ်။ ကျွ န်မ အနေနဲ့ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ဒီအမှုရဲ ့တရားခံကို ဖော်ထုတ်သွားမှာပါ။ သူကျ ူ းလွန်တာ တကယ်မဟုတ်ဘူးဆိုရင် ကျွ န်မရဲ ့ချ စ်သူ ရှင့်ရဲ ့သူငယ်ချ င်း ကိုမိုးထက် ဘာမှမဖြစ်စေရပါဘူး လို့ ကျွ န်မကတိပေးပါတယ် ''





ထို့နောက် သူမနှင့် ကိုတည်ငြိမ်သည် အမှုအကြောင်းကိုကော အခြားအကြောင်းတို့ကိုပါ ဆယ့်ငါးမိနစ်ခန့် စကားစမြီပြောဆိုကြပြီး ဟန်နီချ ို လည်း မိမိအိပ်ခန်းရှိရာသို့ ပြန်ခဲ့ပါတော့သည်။









ကြောခိုင်းထွက်ခွာသွားသော ဟန်နီချ ို ၏ ညအိပ်ဂျ ာဝန်ပါးပါးအောက်မှ ပြည့်တင်းဖွံ ့ဖြို းသည့် နောက်ပိုင်းအလှကို ငေးကြည့်ရင်း တည်ငြိမ် သက်ပြင်းတစ်ချ က် ချ လိုက်မိလေသည်။





မြင်ကွင်းထဲမှ ဟန်နီချ ို ပျေ ာက်သွားသောအခါ ဦးချ မ်းသာ၏အမှုအကြောင်းက တည်ငြိမ့်ခေါင်းထဲသို့ဝင်လာပြန်၏။ ဟန်နီချ ို ပြောသွားသော စကားတွေအရ. . . .သေသူ ဦးချ မ်းသာရဲ ့တူ ခင်မောင်ဇင်ဟာ သစ်မှောင်ခိုကိစ္စအပါအဝင် အခြားအမှုတွေအတွက်နဲ့ပါ ရဲဘက်ကသံသယထားစောင့်ကြည့်ခံနေရသူဖြစ်ကြောင်း . . . .အိမ်မှာမနေဘဲ နေရာစုံလျေှ ာက်သွားနေတတ်ကြောင်း . . .နောက်ဆုံးအကြိမ်အိမ်မှထွက်ခွာသွားကာနီးတွင် ဦးလေးဖြစ်သူ ဦးချ မ်းသာနှင့် ခွန်းကြီးခွန်းငယ် စကားမျ ားခဲ့ကြောင်း . . . .စသဖြင့် အချ က်အလက်တချ ို ့ကို တည်ငြိမ်သိရှိလိုက်ရပြန်သည်။ ထို့ကြောင့် တည်ငြိမ်လည်း





'' . . .ဦးချ မ်းသာကို သူ့တူခင်မောင်ဇင်ကသတ်တာဆိုရင် ငါ့သူငယ်ချ င်းမိုးထက်သတ်တာ မဖြစ်နိုင်တော့ဘူး။ ဟုတ်ပါတယ်။ ဒီလိုပဲဖြစ်မှာပါလေ. . .မိုးထက်က တရားခံမဟုတ်လောက်ပါဘူးး . . .''





ဟု ကိုယ့်ကိုကိုယ်ဖြေသိမ့်လျှ က် တစ်ညတာအတွက် အိပ်ဆက်ရန်ပြင်ဆင်လိုက်လေတော့သည်။



.



.



.



.



.



.



မနက်ရောက်တော့ မိုးထက်တို့စုံတွဲလည်း တည်ငြိမ့်ကို နှုတ်ဆက်၍ ပြန်သွားလေသည်။ တည်ငြိမ်က အိမ်ဝအထိလိုက်ပို့ပေးလိုက်လေ၏။ မိုးထက်ကတော့ လူသတ်မှုအတွက် ရဲကသူ့ကိုသံသယဝင်နေကြောင်း ဆက်စပ်တွေးမိပုံမရ။ ညက ချ စ်သူနဲ့ လွတ်လပ်စွာ နှစ်ပါးသွားလိုက်ရသည့်အတွက် အူမြူ းနေပုံရသည်။ ပြန်ခါနီးတွင် တည်ငြိမ့်နားသို့ကပ်ကာ . . .





'' ချ စ်လို့တောင်သိပ်မဝသေးဘူးကွာ . .ဒီ ငါ့လခွီးးရုံးကပြန်တက်ရတော့မယ် ''





ဟူ၍ ပင် ငြီးတွား တောက်တီးသွားလိုက်သေး၏။ မှန်ပေသည်။ မိုးထက်၏စိတ်ကို မိမိနားလည်သလောက်ခန့်မှန်းပြရရင် ထက်ပြီး မဟုတ်မခံနှင့် စိတ်ဆတ်စိတ်တိုလွယ်သော်လည်း အငြို းအတေးမထားတတ်။ လက်ရှိဘဝ လက်ရှိအခြေအနေတွင်သာ ပျေ ာ်အောင်နေတတ်သူမဟုတ်ပါလား။ ယခုလည်း ၎င်း၏စိတ်အာရုံထဲတွင် ဦးချ မ်းသာတွေ ခင်သူဇာတွေ မရှိလောက်တော့ဘဲ ဟန်နီချ ို ဖြင့်သာ ပျေ ာ်ရွှင်စွာ ဘဝကိုတည်တောက်နေသည်ဟု တည်ငြိမ်ယုံကြည်မိ၏။ တည်ငြိမ်လည်း မိုးထက်အတွက်တွေးရင်း သက်ပြင်းတစ်ချ က်ချ ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့ပါတော့သည်။









'' အဲ့ဒါဆို သစ်ပင်သစ်တော သဘာဝပတ်ဝန်းကျ င်တွေ ပျ က်ဆီးဆုတ်ယုတ်လာတာဟာ လူဦးရေတိုးပွားလာမှုနဲ့ တိုက်ရိုက်အချ ို းကျ တာပေါ့နော် . . .ဆြာ့ ''





'' အေးပေါ့ကွာ။ ယေဘူယတော့ အဲ့ဒီလိုပြောလို့ရတာပေါ့။ တကယ်တော့ သစ်တောတွေ ပျ က်ဆီးရတဲ့အကြောင်းအရင်းတွေ အမျ ားကြီးရှိတယ်။ သဘာဝအလျေှ ာက် တောမီးလောင်လို့ မုန်တိုင်းကျ လို့ မီးတောင်ပေါက်လို့ ငလျှ င်လှုပ်လို့ တိရိစ္ဆာန်တွေ ဖျ က်ဆီးလို့ စသဖြင့်ပေါ့ကွာ။





သဘာဝအလျေှ ာက်ပျ က်ဆီးသွားတဲ့ သစ်တောသစ်ပင်တွေကိုတော့ သူ့ဘာသာသူပြန်လည်ရှင်သန်ပေါက်ဖွားခြင်းအားဖြင့် သဘာဝကပဲအလျှ င်မှီအောင် ပြန်လည်ဖြည့်တင်းပေးတယ်။ တိရိစ္ဆာန်တွေကြတော့လည်း လူလိုလောဘ မရှိကြတော့ သူတို့ကြောင့် သစ်ပင်သစ်တောပျ က်ဆီးတာက ဘာမှမပြောပလောက်ဘူးပေါ့။





အေးး ပြဿ နာက တို့လူသားတွေပဲ။ လူသားတွေဟာ ဉာဏ်ရည်မြင့်တယ်။ သစ်ပင် သစ်သားရဲ ့အသုံးဝင်ပုံတွေကို နားလည်တယ်။ လောဘလည်းကြီးကြတယ်။ အဲ့ဒီတော့ သစ်ပင်တွေကို ခုတ်ပြီး ရောင်းစားတယ် အိမ်ဆောက်တယ် ပရိဘောဂတွေလုပ်တယ် ထင်းစိုက်တယ်။ အဲ့ဒီတော့ မင်းခုနကပြောသလို လူဦးရေမျ ားလာတာနဲ့အမျှ သစ်တောတွေပျ က်ဆီးကုန်တော့တာပေါ့။





အမှန်ဆို သစ်ပင်ကြီးတစ်ပင်ဟာ လူဆယ်ယောက်စာအတွက် အောက်စီဂျ င်ကို ထုတ်ပေးနိုင်တယ်။ ဒါကို လူတွေက သစ်ပင်ကို တန်ဖိုးထားထိန်းသိမ်းရကောင်းမှန်းမသိဘဲ ခုတ်ကြ ဖြတ်ကြ သုံးစွဲကြတဲ့အပြင် တဖက်မှာလည်း စက်မှုတွေ သိပ္ပံတွေ ထွေလီကာလီတွေ အမျ ို းမျ ို းထွန်းကားအောင်တီထွင်ကြပြီး နေ့စဉ်အဆိပ်ငွေ ့မျ ို းစုံကို ခေါင်းတိုင်မြောက်မြားစွာက ထုတ်လွှတ်နေကြတယ်။





အဲ့ဒီတော့ လူတွေမျ ားလာတာနဲ့အမျှ တီထွင်ဖန်တီးမှုတွေမျ ားလာသလို အဆိပ်ငွေ ့ထုတ်လွှတ်မှုတွေလည်းမျ ားလာတယ်။ တခါ . . .လူတွေရဲ ့ မဆင်မခြင် သစ်သုံးစွဲမှုကြောင့် အောက်စီဂျ င်ထုတ်ပေးတဲ့ သစ်ပင်တွေကြတော့ တဖြေးဖြေးလျေ ာ့နည်းလာပြီး ကြာရင် ကမ ္ဘာမှာ အောက်စီဂျ င်မလုံလောက်မှုပြသနာ ကြီးမားလာနိုင်တယ်။ ''





'' အိုးး ဒါဆိုကြောက်စရာကြီးပါလား ဆြာရယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့်နည်းလည်းကော မတွေ ့ကြသေးဘူးလား ''





'' ခုလောလောဆယ် အကောင်းဆုံးနည်းလမ်းအနေနဲ့ကတော့ သစ်ပင်သစ်တောတွေရဲ ့ အရေးပါပုံကို လူတွေကို ပညာပေးဟောပြောပြပြီး သစ်သုံးစွဲမှု သစ်ပင်ခုတ်မှု လျေ ာ့နည်းသွားအောင် တားမြစ်ဖို့ စည်းကမ်းတွေ ဥပဒေတွေထုတ် ပြီးတော့ နေစဉ်ထုတ်လုပ်နေတဲ့ စက်မှုလုပ်ငန်းတွေ ယာဉ်ရထားတွေက မီးခိုးငွေ ့တွေကို တတ်နိုင်သမျှ အလျေ ာ့နည်းဆုံးဖြစ်အောင် တီထွင်ကြံဆရမှာပေါ့။ လက်ရှိအနေနဲ့ကတော့ ဒါအကောင်းဆုံး ဖြေရှင်းမှုပဲလို့ အားလုံးခံယူထားကြတယ်။ ''





'' ဒါပေမယ့် effective သိပ်မဖြစ်လောက်ဘူးလို့ ကျွ န်တော်တော့ထင်တယ်ဆြာ ''





'' အေးး ဟုတ်တယ် မောင်အောင်ပြည့်။ ဘယ်လောက်ပဲ ပညာတွေပေးပေး လူဆိုတာလောဘသားပဲဖြစ်တာကြောင့် သူမျ ားတွေက မလိုက်နာရင် ကိုယ်လည်းမလိုက်နာချ င်ကြဘူး။ ပြီးတော့ . . .ငါကသာလိုက်နာနေတာပါကွာ။ ဟိုကောင် မောင်ဘယ်သူနဲ့ အောင်ဘယ်ဝါကတော့ မလိုက်နာပါဘူး။ အဲ့ဒီတော့ ငါမခုတ်ရင် ငါမရရုံပဲရှိမယ် . . . .ဆိုတဲ့ အတွေးမျ ို းလူတစ်ယောက်စီတိုင်းမှာ တွေးပြီး နောက်ဆုံးမှာ အားလုံး ဒုန်းရင်းအတိုင်းပြန်ဖြစ်သွားကြတာမျ ားတယ်။ ဒါက တနိုင်တပိုင် သစ်ခုတ်ထင်းဆိုက် အိမ်ဆောက် လုပ်တဲ့ အောက်ခြေလူတန်းစားကိုပြောတာနော်။





ဒီလို ဘာမဟုတ်တဲ့ အောက်ခြေလူတန်းစားတွေတောင် လောဘကိုအရင်းခံပြီး စည်းကမ်းမလိုက်နာကြဘူးဆိုရင်ဟို ခရိုနီ သစ်သူဌေးတွေကတော့ ပြောကိုမနေနဲ့တော့ပဲ။ သူတိုရဲ ့ မွေးရာပါ ဘယ်သူသေသေ ငတေမာဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ သစ်တောတစ်တောပြီးတစ်တောကို အပြောင်ခုတ်ကြတော့တာ။ ခုဆိုရင် တို့တိုင်းပြည်က ရိုးအတော်မျ ားမျ ားလည်းပြောင်ကုန်ပြီ။ ပဲခူးရိုးမဆို ကုန်သလောက်ဖြစ်သွားပြီ။ တောနေတိရိစ္ဆာန်နဲ့ သဘာဝသယံဇာတတွေလည်း အားလုံးကုန်ဆုံးကုန်ကြပြီ။





ကမ ္ဘာကြီး တစ်ခုလုံးအနေနဲ့ ပြောရင်လည်း ကမ ္ဘာ့သစ်တောတွေ ပြု န်းတီးမှုကြောင့် အပူရှိန်တွေမြင့်မားလာတယ်။ အပူရှိန်မြင့်လာတော့ သစ်တောတွေထပ်ပြု န်းတီးမယ်။ ဒီကြားထဲ စက်မှုဘက်ပိုင်းက မီးခိုးငွေ ့တွေ တစေလွှတ်ပေးနေမယ်။အဲ့လိုတွေ လုံးလည်လိုက်ပြီး နောက်ဆို ကမ ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ ရှင်သန်နိုင်ဖို့တောင် စိမ်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်တယ်။





ဟူးးးး ခက်တော့လည်း ခက်ပါတယ်ကွာ။ အဲ့ဒီ ပြသနာရဲ ့အကြောင်းအရင်းခံကတော့ ငါတို့ လူသားတွေရဲ ့ အဆုံးမရှိတဲ့ အတ္တအရင်းခံတဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့်ပဲ။





ကဲ . . .ကဲ . ,လာ။ စကားကောင်းနေတာနဲ့အချ ိန်မရှိတော့ဘူး။ လမ်းထိပ်က သပြေရိပ်မှာ မနက်မုန့်သွားစားရအောင်။ မင်းလည်း သူငယ်ချ င်းတစ်ယောက်ဆီသွားစရာရှိသေးတယ်ဆို။ ငါလည်း မြို ့ထဲကို စာအုပ်သွားဝယ်ရဦးမယ်။ မုန့်စား လက်ဖက်ရည်သောက်ပြီးမှ တို့နှစ်ယောက်လမ်းခွဲကြတာပေါ့။ ''





တည်ငြိမ်က တပည့်ကျေ ာ်ယောက်ဖလောင်းလေး မောင်အောင်ပြည့်အား သစ်ပင်သစ်တောတွေရဲ ့အရေးပါပုံတွေကိုအရှည်သဝေးရှင်းပြနေရာမှ စကားစသတ်လိုက်ပြီး မနက်စာမုန့်သွားစားကြရန် ဆော်သြလိုက်လေ၏။ မြင့်မိုလ်ခင်ကိုခေါ်တော့ မနက်စာစားပြီးပြီဖြစ်ကြောင်း အိမ်အလုပ်ကလေးတွေလုပ်စရာရှိလို့ မလိုက်တော့ကြောင်းပြောသဖြင့် ဆြာတပည့်နှစ်ယောက်တည်းသာ လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့ကြလေသည်။





ဆိုင်ကိုရောက်တော့ မနက်မုန့်အသီးသီး မှာယူစားသောက်လိုက််ကြပြီး လက်ဖက်ရည်ကိုဇိမ်ခံသောက်ရင်း နာရီဝက်ခန့် စကားစမြီပြောကြပြန်သည်။ ထို့နောက်တွင်မှ နှစ်ယောက်သားလမ်းခွဲကာ တြည်ငိမ်က မြို ့ထဲဖက်သို့ကားမောင်းထွက်ခဲ့၍ အောင်ပြည့်ကတော့ ဘစ်ကားစီးရန်အတွက် မှတ်တိုင်ရှိရာသို့ ခပ်သွက်သွက်လျေှ ာက်ခဲ့လေတော့သည်။









ဆက်ရန်





အမြင့်ကြောက်သော ငှက်