သခင့် ဆီသို့ အပိုင်း ၆

မြောက်ပိုင်းမင်းကြီး သုနက္ခတ်၏ ဥတ္တရနိဂုံး နန်းတော် . .

ရာမာဝတီ ရွှေနန်းတော်ကြီးကဲ့သို့ ရွှေငွေရတနာကျေ ာက်သံပတ္တမြား မျ ား စီချ ယ်မွမ်းမံထားခြင်းမရှိသော်လည်း ကြီးမားသောကျေ ာက်တုံး ကြီးမျ ားကို ဆင့်ကာဆင့်ကာ အသုံးပြု ၍ ဆောက်လုပ်ထားသောနန်းတော်ကြီးမှာ တောက်ပသစ်လွင်မှုထက် ရင့်ကျ က်ခိုင်မာမှု ဟူသည့်အဓိပ္ပါယ်ကို ပိုမိုဖော်ဆောင်နေလေသည်။



နန်းရင်ပြင်တွင် မင်းကြီးသုနက္ခတ်အပါအဝင် မင်းကြီးအားခစားကြကုန်သော မှူ းမတ်ဗိုလ်ပါ စစ်သူကြီးအပေါင်းတို့က ငွေကိုယ်တော်ခင်သုန်၏ တေးသံသာ ဖျေ ာ်ဖြေမှုကို သောတဆင် ခံစားကြလျှ က်။

.

.

. ..မြောက်လေညှင်းညှင်း လွမ်းခြင်းကုဋေကဋာချ ီ . . . အေးလှတဲ့ နှင်းရာသီမယ် သခင်ဘယ်မယ် ဘယ်သူထွေးပါ့ . . . တွေးစိတ်ရယ်ပို ရွှင်စိုမလန်း တမ်းတရ အလီလီ . . . . ဒီဘဝမှာ ဝေးရပြီကွယ် နောင်ဆယ်ကမ ္ဘ္ဘာ ဆယ်သက် . . . .ရွှေလက်တော်ဆက်ဖို့အရေး . . . . ကံကြမ္မာပေးဖို့ တောင်းစုပန်ဆင် . . .မြတ်ဘုရားထံတွင် . . . . . . . .

.

.

.

အစချ ီသည့် ' သခင့်ဆီသို့အလွမ်း ' အမည်ရသော တမ်းချ င်းသီချ င်းတစ်ပုဒ်ကို တီးလုံးတီးကွက် အသံနေအသံထား အပျေ ာ့အပြောင်းအယိမ်းအနွဲ့ မှန်ကန်ကောင်းမွန်စွာ တီးခတ်သီဆိုပြီးနောက် ခင်သူဇာလည်း တီးကွက်ကို အဆုံးသတ်ကာ သောတဆင်သူအပေါင်းအား ဦးညွှတ်အရိုအသေပေးလိုက်လေ၏။



ထိုအခါ မှူ းမတ်ဗိုလ်ပါမျ ားက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်းတီးလျှ က် ခင်သူဇာ့ကို အားပေးကြပြီး .ရုပ်အဆင်းရူပကာ နုရွလှပသလောက် အသံလည်း အင်မတန်မှကောင်းမွန်လှသည့် မိန်းခလေးဖြစ်ပေကြောင်း . . .ဗျ က်ဆောင်းကို ပိုင်ပိုင်နိုင်နိုင် တီးခတ်သွားသည်မှာလည်း တကယ့်ပညာရှင်များပင် အရှုံးပေးရမည်ဖြစ်ကြောင်း . . . သံသာနတ်မယ် ဟု တင်စားခေါ်ဆိုခြင်းငှာ ထိုက်တန်ပါကြောင်း . . စသဖြင့် တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းကာ ချ ီးမွှမ်းခန်းဖွင့်ကြလေတော့သည်။



ဤကဲ့သို့ မှူ းမတ်မျ ား လှုပ်လှုပ်ရွရွ တွတ်ထိုးနေကြသော်လည်း နန်းရင်ပြင် အဆုံးတစ်ဖက်ရှိ အကြီးဆုံးကျေ ာက်ခုံကြီးပေါ်တွင် ထိုင်နေသော မင်းကြီးသုနက္ခတ်မှာမူ အဆွေးရိပ်သန်းသည့် မျ က်လုံးမျ ားဖြင့် တစ်နေရာသို့ အဓိပ္ပါယ်မဲ့စွာ ငေးမောလျှ က် ငြိမ်သက်နေဆဲ။ အတန်ကြာသောအခါမှ မင်းကြီးက သတိဝင်လာဟန်နှင့် လက်ခုပ်ကို တချ က်ခြင်း တဖျေ ာက်ဖျေ ာက်တီးလိုက်ပြီး



' ကောင်းလိုက်တဲ့ တီးဟန် ဆိုဟန်ကွယ်။ ဒီလိုမှန်းသိခဲ့ရင် ငွေကိုယ်ကို အစကတည်းက ကျ ု ပ်ရဲ့နန်းမှာ ခေါ်ထားပါရဲ့။ ဒါမှ အမြဲ လိုလို တိတ်ဆိတ်ခြောက်သွေ့နေတတ်တဲ့ ကျ ု ပ်တို့ရဲ့နန်းတော်လည်း နေ့စဉ်နဲ့အမျှ တေးသံသာတွေလွှမ်းခြုံ ပြီး သာယာစိုပြေသွားမည်ပ။ မဟုတ်ဘူးလား အမတ်ကြီးတို့ရဲ့ '



ဟု ငွေကိုယ်တော်ခင်သူဇာကို ချ ီးကျ ူးထောပဏာပြု ၍ အမတ်တို့ကို မေးမြန်းလိုက်လေရာ . . . . စစ်ရေးစစ်ရာမျ ား တာဝန်ဝတ္တရားမျ ား လုံခြုံ ရေး စီးပွားရေး ပြည်ပဆက်ဆံရေး စသည့်အစီအမံမျ ားနှင့်သာ အမြဲတစေ လုံးလည်လိုက်လျှ က်ရှိကုန်ကြသော အမတ်ဝန်မင်းတို့လည်း ငွေကိုယ်တော်ရောက်လာသည်မှာ နောက်ကျ လှပေကြောင်း နှမြောတသစွာ ဝန်ခံကြကုန်၏။



အမတ်တို့၏ အသံဗလံမျ ားဆဲသွားသောအခါ မင်းကြီးက



' ကဲ . . အမတ်မင်းတို့။ ဟောဒီက ငွေကိုယ်လေးရဲ့ အဆိုအတီးကောင်းကောင်းနဲ့ ကျ ု ပ်တို့ရဲ့ ညသဘင်ပွဲကို မင်္ဂလာရှိရှိစတင်ဖွင့်လှစ်ပြီးပြီမို့ ပြောဆိုတိုင်ပင်စရာအမှုတို့ကို စတင် ဆောင်ရွက်ကြပါစို့ '



ဟု အဖွင့်စကားမိန့်ဆိုလိုက်လေရာ နန်းရင်ပြင်ခန်းမအတွင်းရှိ မှူ းမတ်ဗိုလ်ပါ အားလုံးတို့၏ အာရုံမှာ မင်းကြီးထံသို့ရောက်ရှိသွားလေတော့သည်။ မင်းကြီးက ဆက်လက်၍ ခင်သူဇာ့ဘက်သို့ လှည့်လိုက်ပြီး



' ငွေကိုယ်ခင်သူဇာ မသိသေးတဲ့ . . .ကျ ု ပ်နဲ့ ကိုယ်တော်တွေကြားက လျှ ို ့ဝှက်ချ က်ကို ဦးစွာပြောပြရမည်ပ။



ကိုယ်တော် ငါးပါးထဲမှာ နန်းတော်က အပါးတော်မြဲ ရွှေကိုယ်တော်ခင်သုန်ဟာ ကျ ု ပ်နဲ့ တာရာရဲ့ သံယောဇဉ်ကိုသိရှိနားလည်ပြီး ကျ ု ပ်ရဲ့သစ္စာတော်နဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း ယုံကြည်ခဲ့တယ်။ အရှေ့အရပ်မှာ တာဝန်ကြနေတဲ့ ကြေးကိုယ်တော်ကြီးဦးတိတ်ခ ကလည်း နောက်ပိုင်း ခင်သုန့်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ကျ ု ပ်နဲ့ ပူးပေါင်းခဲ့တယ်။



ဒါ့ကြောင့် ကျ ု ပ်က မယ်မင်းတို့ ကိုယ်တော်တွေ သိထားသမျှ လျှ ို ့ဝှက်ချ က်အားလုံးကို သိနေခဲ့ရတဲ့အပြင် နန်းတွင်းအခြေအနေ ဘယ်သို့ ဘယ်ပုံ ဖြစ်နေပြီဆိုတာလည်း ကျ ု ပ်ဆီကို အစဉ်အမြဲ သတင်းရောက်ခဲ့တယ်။



တစ်နေ့တော့ ခင်သုန်က . . . ကိုယ်တော်တွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စာပို့ ဆက်သွယ်ရမယ့်အချ ိန်မှာ တောင်အရပ်က သံကိုယ်တော် ကိုနန်းတင်ဆီက စာရောက်မလာဘူးရယ်လို့ ကျ ု ပ်ကို လှမ်းအကြောင်းကြားတယ်။ ခင်သုန်ရဲ့အကြောင်းကြားစာရပြီး မရှေးမနှောင်းမှာပဲ ကြေးကိုယ်တော်ဦးတိတ်ခကလည်း . . သံကိုယ်ရဲ့စာ မရောက်ကြောင်း ကျ ု ပ်ကို လှမ်းပြောပြန်တယ်။



ဦးတိတ်ခကြီးရဲ့ အဲ့ဒီစာကလည်း ကျ ု ပ်ဆီကို နောက်ဆုံးရောက်လာခဲ့တာပဲ။ အဲ့ဒီနောက်ပိုင်း ဦးတိတ်ခကြီးနဲ့ပါ ကျ ု ပ်အဆက်အသွယ် ပြတ်သွားတော့တယ်။ ကျ ု ပ်လည်း ကိုယ်တော်တွေ ဘေးတွေ့ကြပြီ ဆိုပြီး စိုးရိမ်သွားတော့တာပေါ့။ တစ်ခုရှိတာက ကိုယ်တော်တွေရဲ့ ကြံရည်ဖန်ရည် ဉာဏ်ရည်ဉာဏ်သွေး နဲ့ ကိုယ်ခံပညာအရဆိုရင် သူတို့ကို ဒုက္ခပေးနိုင်မယ့် သူစိမ်းဆိုလို့ ကျ ု ပ်ကလွဲရင် အခြားသူမရှိနိုင်ဘူး။ အဲ့ဒီတော့ အချ င်းချ င်းသစ္စာဖောက်ပြီး လုပ်ကြံခံကြရပြီလို့ ကျ ု ပ်ယူဆမိတယ်။



တချ ိန်တည်းမှာပဲ အနောက်ဘက် မိဂသီနယ်စပ်က မင်းကံစီမြို ့စားမောင်ကောင်း ဟာ ကျ ု ပ်ကိုအားကြပြီး အနောက်ဘက်မှာ ပလွှားနေကြောင်း. . . နယ်ခြားစောင့်တတ်မှူ း ငရဲက သင်းကို အထောက်အပံ့ပေးနေကြောင်း . . .ကျ န်တဲ့ ဒေသသုံးခုက ကိုယ်တော်တွေဟာ ဒေသဆိုင်ရာ အရာရှိတွေကို သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်လို့ အသိမပေးကြပေမယ့် အနောက်အရပ်က သတ္ထု ကိုယ် ငမှတ်ကတော့ မောင်ကောင်းတို့နဲ့အသွားအလာရှိနေကြောင်း . . .ယခုအခါ သတ္ထု ငမှတ်ကို မင်းကံစီမြို ့မှာ မတွေ့ရတော့ကြောင်း . . .စတဲ့ သတင်းတွေကို ကျ ု ပ်လွှတ်ထားတဲ့ အထောက်တော်က သတင်းပေးလာပြန်တယ်။



ဒီသတင်းတွေအရဆိုရင် ငမှတ်က သံကိုယ်နဲ့ ကြေးကိုယ် ကို အယုံသွင်း လုပ်ကြံ ကွပ်မျ က်လိုက်ပြီဆိုတာ သေခြာသွားပြီပေါ့။ ဒါနဲ့ ကျ ု ပ်လည်း အခြေနေတွေအားလုံး ခင်သုန့်ကိုလှမ်းအသိပေးလိုက်ပြီး တာရာ့ကို သတိကြီးကြီးထားစောင့်ရှောက်ဖို့ မှာကြားလိုက်တော့တယ်။ နောက်ပြီး ငမှတ်ရဲ့နောက်ဆုံး ပစ်မှတ်ဖြစ်လာမယ့် မယ်မင်းကို အပြင်မှာ မထားတော့ဘဲ ကျ ု ပ်ရဲ့နန်းတော်ထဲကို ခေါ်သွင်းခဲ့ရတော့တာပဲ။



အခုနောက်ဆုံး ခင်သုန်ပို့ဆက်တဲ့ စာအရဆိုရင် နန်းတွင်းမှာ အခြေအနေတွေ အတော်ကို ရှုပ်ထွေးနေပြီ။ ဝန်ကြီးချ ု ပ်ဦးမြတ်စံ နန်းရင်းဝန်ဦးသာလှိုင်နဲ့ ရွှေပြည်ဝန် ဦးအေး စတဲ့ အမတ်ကြီးသုံးဦးဟာ တာရာ့ကို ပုန်ကန်ဖီဆန်လိုတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေကြသတဲ့။



မိဂသီတမာန်က နယ်စပ်မှာ သူပုန်ထတယ်လို့ နန်းတွင်းကို လျေှ ထား အကူအညီတောင်းတယ်။ သူပုန်ကို ကူညီနှိမ်နင်းဖို့ နန်းတွင်းကစေလွှတ်လိုက်တဲ့ တပ်မင်း နေမျ ို းဗလရဲ့ တပ်ကို အဖွဲ့တစ်ဖွဲ့က ကျ ု ပ်ရဲ့ ဥတ္တရနိဂုံး ရွှေတပ်တော်ဟန်ဆောင်လို့ ဝင်တိုက်ပြီး နေမျ ို းဗလကို သုတ်သင်ပြစ်လိုက်တယ်။ နန်းတွင်းမှာ အမတ်အိုကြီးသုံးယောက်က . . .ကျ ု ပ်ရဲ့မဟုတ်မခံစိတ်ကို အကြောင်းပြု ပြီး ကျ ု ပ်ကို တာရာအစစ်တော်ရှိအောင် အမြဲသွေးထိုးနေကြတယ်။ တာရာက ကျ ု ပ်ကို စစ်ဖို့ ငြင်းဆန်တော့ ဝန်ကြီးချ ု ပ် ငမြတ်စံက ကျ ု ပ်မခံနိုင်အောင် စာလွှာဆင့်ထုတ်စစ်ဆေးပြန်တယ်။



သူတို့ရဲ့ အဓိက ရယ်ရွယ်ချ က်ကတော့ ကျ ု ပ်နဲ့ တာရာ့ကြားမှာ ရန်မီးပျ ို းပေးဖို့ပဲ။ ဒီအရေးဟာ မသေးဘူးမယ်မင်း။ မိဂသီဟာ ရာမာဝတီရဲ့ လက်အောက်ခံအခွန်ဆက်အဖြစ်နေနေရပေမယ့် မည်သည့်အခါကမျှ ရာမာဝတီကို မကြည်ဖြူ ခဲ့။ အားမတန်လို့သာ မာန်လျေ ာ့နေကြရတာ။ သို့အတွက် သည်အရေးမှာ မိဂသီပါ ပါဝင်ပတ်သက်နေတယ်လို့ ကျ ု ပ်ယူဆမိတယ် ။



ယခု ဖြစ်ဖော်နေတဲ့ အခြေအနေတွေ အာလုံးကို သုံးသပ်ကြည့်မယ်ရင်. . သတ္ထု ကိုယ်မောင်မှတ်က တာရာ့ရဲ့ ဒေါက်တိုင်တွေဖြစ်ကြတဲ့ ကိုယ်တော်တွေကို တစ်ယောက်ခြင်းလိုက်ရှင်းနေတယ်။ နယ်ခြားစောင့်တပ်မှူ း ငရဲနဲ့ မြို ့စား ငကောင်းတို့က တာရာအားထားရတဲ့ တပ်မင်းနေမျ ို းဗလကို သုတ်သင်ပြစ်လိုက်ကြတယ်။ အမတ်အိုကြီး သုံးဦးက ဒီကိစ္စကိုအကြောင်းပြု ပြီး ကျ ု ပ်ဆီကို ရာမာဝတီတပ်တော်လွှတ် အရေးယူရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ အားသွန်ကြလိမ့်မယ်။



ရာမာဝတီတပ်တော် ကျ ု ပ်ဆီရောက်ရင် မြို ့တော်မှာ ကာကွယ်ရေးအင်အား အတော်နည်းသွားပြီ။ ရာမာဝတီတပ်တော်နဲ့ ကျ ု ပ်ရဲ့ရွှေတပ်တော်တို့ တဖက်နဲ့တဖက်တိုက်ခိုက် အထိနာနေကြချ ိန် အနောက်အရပ်က မိဂသီတပ်တွေနဲ့ နယ်ခြားစောင့်ငရဲရဲ့ တပ်တွေပူးပေါင်းပြီး ရွှေမြို ့တော်ကို ချ ီတက်လုပ်ကြံကြလိမ့််မယ်။



ခံသာတာတစ်ခုက တာရာ ကျ ု ပ်အပေါ် ယုံကြည်သမှုအလျှ င်းရှိနေတာနဲ့ နန်းရင်းဝန် ထိန်းချ ု ပ်ထားတဲ့ ကိုယ်ရံတော်တပ်ကို ခင်သုန်ရလိုက်တာပဲ။ ဒီအချ က်ကိုပဲ အသုံးချ ပြီး ကျ ု ပ်တို့ ရှေ့ဆက်လုပ်ဆောင်စရာ ရှိတာတွေကို လုပ်ဆောင်ရမည်ပ။ '



ဟူ၍ ငွေကိုယ်တော်အား ၎င်းစုံစမ်းသိရှိထားသည့် အခြေအနေတို့ကို ဆက်စပ်ပြီး အထက်ပါအတိုင်း အရှည်သဝေးရှင်းပြလိုက်လေတော့သည်။

.

.

ထိုအခါ ခင်သူဇာလည်း မျ က်လုံးလေပြူ းကာ နှုတ်ခမ်းလေးဝိုင်းလျှ က် အံ့သြ စိုးရိမ်ဟန်ဖြင့်



' ဒါ ဒါဆို သခင်မမှာ ရန်ဆွယ်တွေဝိုင်းနေပြီပေါ့။ ခု မင်းကြီး စုံစမ်းသိရှိရတဲ့ အကြောင်းအရာတွေကို သခင်မကိုတိုက်ရိုက်လျေှ ာက်တင်လို့ ဒီရန်စွယ်တွေကို သုတ်သင်ရှင်းလင်းစေမှ တော်ကာကြတော့မည်ပ။ '



ဟု အကြံပေးလိုက်လေရာ မင်းကြီးက ခေါင်းကို လေးသွဲ့သွဲ့ခါယမ်းလိုက်ပြီး



' ကျ ု ပ်က ဒီကိစ္စကို တာရာ့ကိုလျေှ ာက်တင်လိုက်ပြီထားပါဦး။ နန်းတွင်းမှာ တာရာနဲ့ ခင်သုန်သာ ကျ ု ပ်ကိုယုံကြည်ကြလိမ့်မယ်။ ကျ န်သူတွေ အင်အားမျ ားနေတာမို့ ညီလာခံသဘင်မှာ ကျ ု ပ်စကား အောင်နိုင်မှာမဟုတ်ပေဘူး။ အခန့်မသင့်ရင် ကျ ု ပ်ကပင် ကုန်းလျေ ာ မုသားဆိုသူဖြစ်သွားနိုင်သည်ပ။



နောက်တစ်ချ က်ဆိုရလျှ င် ဒီအရေးမှာ အမတ်အိုသုံးဦးတည်းနဲ့အဆုံးမသတ်ဘဲ သူတို့ကိုနောက်ကွယ်က ကြို းကိုင်စေခိုင်းနေသူ ရှိတယ်လို့ ကျ ု ပ်သံသယရှိနေတယ် မယ်မင်း။ ဒါ့ကြောင့် ဒီလူထွက်လာဖို့ရာ နန်းတွင်းကို နေမြဲအတိုင်းလွှတ်ထားစောင့်ကြည့်ရင်း ကျ ု ပ်က ဒီဘက်မှာ ပြု ဖွယ်အမှုတို့ကို ဆောင်ရွက်ပြု ပြင်ထားရခြင်းဖြစ်ပေတယ်။ '



ဟု ခင်သူဇာကို ပြန်လည်ရှင်းပြလေသည်။ ထိုသို့ မင်းကြီး ရှင်းပြလိုက်သောအခါ ခင်သူဇာလည်း သက်ပြင်းလေးတစ်ချ က် ဟင်းး းခနဲ ချ လိုက်ပြီး



' အင်းပါလေ . . .မင်းကြီးရဲ့အကြံအစည်က သင့်လျေှ ာ်လျေှ ာင်ပတ်လှပါပေတယ်။ ဒါပေမယ့် အခုအချ ိန်မှာ သူဇာ့အနေနဲ့ သခင်မကိုစိုးရိမ်တာ တစ်ခုသာ သိတော့တာပဲ '



ဟု မျ က်နှာလေးငြို းငယ်လျှ က် အစိုးရိမ်ပိုဟန်ရှိလေတော့၏။ ထိုအခါ မင်းကြီးက သူမကို ကြည့်၍ပြုံ းလိုက်ပြီး



' မယ်မင်းရဲ့ တာရာ့အပေါ်ချ စ်ခင်ပူပန်မှုက အားရကြေနပ်စရာပေပဲ။ သို့သော် ဒီလောက်လည်း စိုးရိမ်မကြီးပါနဲ့လေ။ တာရာ့နားမှာ ရွှေကိုယ်တော်ခင်သုန်လည်းရှိသည်ပ။ ခင်သုန် တာရာ့ကိုကောင်းကောင်းကာကွယ်နိုင်မှာပါ။



ဒီဘက်ကလည်း ကျ ု ပ်က လိုအပ်သမျှ ကို အချ ိန်နဲ့တပြေးညီ အကွက်ကျ ကျ ဖြည့်ဆည်းဆောင်ရွက်နေတာမို့ . . . .နောက်ဆုံးမှာ ရာမာဝတီကို ထောင်ထားခြားနားသူမှန်သမျှ ပြု တ်ပြု တ်ပြု န်းရမည်ပ။ ဒီကြားထဲတော့ မယ်မင်းလည်း ကျ ု ပ်နန်းတော်မှာ သက်သောင့်သက်သာ သာ နားနေပါလေ '



ဟူ၍ ဖြေသိမ့်စကားပြောကြားလိုက်လေသည်။ ထို့နောက် မင်းကြီးက အမတ်မျ ားဘက်သို့လှည့်၍ . . .



၎င်းတို့နှင့် ဆိုင်ရာ ကိုယ်စီတာဝန်မျ ားဆောင်ရွက်ထားရှိမှုကို မေးမြန်းစုံစမ်းလေရာ



တပ်မှုးကြီး ဦးသူရက ရွှေတပ်တော်တွင် ယခင်က စစ်သည်အင်အား ၃၀၀၀ ရှိရာမှ ယခု အခါ တပ်သားသစ် ၁၀၀၀ ခန့်ထပ်မံစုစည်းနိုင်သဖြင့် စုစုပေါင်းစစ်သည်အင်အား ၄၀၀၀ ခန့် အခိုင်အမာရှိပြီဖြစ်ကြောင်း . . .၎င်းစစ်သည်တို့ကိုလည်း လေ့ကျ င့်သားပြည့်ဝစေရန် လေ့ကျ င့်ရေးတာဝန်ခံမျ ားက နေစဉ်နဲ့အမျှ လေကျ င့်သင်ပြလျှ က်ရှိကြောင်း . . . ပံ့ပိုးမှု တာဝန်ခံမျ ားကလည်း တပ်သားတို့ ကာယဉာဏအင်အားပြည့်ဝရေးနှင့် ၎င်းတို့၏ဘဝနေထိုင်မှုမြင့်မားစေရေး တပ်တော်အတွင်းပျေ ာ်ရွှင်ကြေနပ်မှု ရရှိကြစေရေးအတွက် အထူးအလေးပေးပြီး လိုအပ်သည့် စားနပ်က္ခာနှင့် အထောက်အပံ့ပစ္စည်းမျ ားကို စဉ်ဆက်မပြတ် ဂရု ပြု ထောက်ပံ့ကျေွ းမွေးလျှ က်ရှိကြောင်း . . . .စသဖြင့် လျေှ ာက်တင်လေသည်။



စီးပွားရေးတာဝန်ခံ ဦငွေရ ကလည်း . . . တောင်ပိုင်းမှ ဆားမျ ားကို မြောက်ပိုင်း သလာပြည်သို့တင်သွင်းရောင်းချ လေရာ လွန်စွာပင်အကျ ို းအမြတ်ရရှိကြောင်း . . . ထို့အပြင် သာလာမှ ပိုးထည်မျ ားကို အရှေ့ဘက် ဘရဏီ ပြည်သို့ ကုန်သွယ်လေရာ ဆတိုးမြတ်လျှ က်ယခုအခါ ဘဏ္ဍာတိုက်တော်တွင် ငွေကြေးအင်အားလွန်စွာ ခိုင်မာတောင့်တင်းလျှ က်ရှိကြောင်း အားပါးတရလျေှ ာက်ထားလေသည်။



လက်နက်ဝန် ကိုတိတ်ချွ န်ကတော့ . . . ယမ်းတစ်ခါထိုးပြီးပါက အချ က်ရေ ၉ ချ က်အထိ အဆက်မပြတ်ပစ်ခတ်နိုင်သော ပြောင်းရှည်မီးပေါက်သေနတ်မျ ားကို ယခင် အခုရေအကန့်အသတ်နှင့် ထုတ်လုပ်နေရာမှ ယခုအခါ အလိုရှိသလောက် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း . . .ထို့အပြင် အနောက်တိုင်းသားတို့၏ နည်းပညာနှင့် သလာပြည်၏ အကောင်းမွန်ဆုံး ယမ်းဘီလူးတို့ကို ပေါင်းစပ်လျှ က် စီရင်အပ်သော အမြှောက်လက်နက် အလက် ၅၀ ကိုလည်း အဆင်သင့် ထုတ်လုပ်ထားရှိပြီးဖြစ်ကြောင်း . . . ဝမ်းမြောက်ဝမ်းသာစွာဖြင့် လျေှ ာက်တင်စကား ဆိုလေသည်။



ထို့နောက် မင်းကြီးလည်း စစ်မှူ းစစ်ကဲမျ ားနှင့် သယ်သူပို့ဆောင်ရေးတာဝန်ခံ အမတ်မျ ားကို ၎င်းဆန္ဒတော်ရှိသည့်အတိုင်း အစီအစဉ်ဆွဲဆောင်ရွက်ဖို့ရာ သွန်သင် မိန့်ကြားပြီး ဆွေးနွေးတိုင်ပင်မှုတို့ကို ရပ်နားကာ အစားအသောက်မျ ားကို ပျေ ာ်ပျေ ာ်ပါးပါး စားသောက်လိုက်ကြလေတော့သည်။



မင်းကြီးသုနက္ခတ်က သူမကို ၎င်း၏အခန်းနှင့် ယှဉ်လျှ ဆက်ရွှေခန်းဆောင်၌ နေရာချ ထားပေးလေသည်။ ညသန်းခေါင်ယံကျေ ာ်ပြီဖြစ်သော်လည်း အိပ်မပျေ ာ်သည်မို့ ခင်သူဇာလည်း ခန်းဆောင်အပြင်ဘက် ကြယ်မြင်လမြင်ကဲလားသို့ ထွက်ခဲ့လေရာ ကဲလားတွင် လူတစ်ယောက်ရှိနှင့်နေကြောင်း တွေ့ရပေ၏။



ထိုသူသည် ကဲလားပန်းပွတ်လက်ရန်းကို ကိုင်ရင်း ရွှေပြည်တော်ရှိရာဘက်သို့ မျေှ ာ်ငေးနေလေ၏။ ထိုသူ၏ ခေါင်းနှင့် ခါးတို့တွင် စည်းနှောင်ထားသော ပုဝါစမျ ားက ဆောင်းဦးလေပြေအေး တဖြူ းဖြူ းတွင် တလွင့်လွင့်လိုက်ပါ မြောလွင့်နေကြလျှ က်။ တန်ဆောင်မုန်း လပြည်ည၏ လရောင်ဝင်းဝင်းက ထိုသူ၏ တည်ကြည်ခန့်ငြားလှသော မျ က်နှာကို ပိုမိုတင့်တယ်သွားစေရန် မီးမောင်းထိုးထားသည့်နှယ်။



မင်းကြီး သုနက္ခတ် . . . သူလည်း ဆက်မပျေ ာ်နိုင်သေး။



လရောင်ဖွေးဖွေးအောက်ရှိ ထောင်မောင်း တောင့်တင်းသန်မာသည့် ၎င်း၏ ကိုယ်ဟန်ကိုမြင်တွေ့ရသည်မှာ ခင်သူဇာ၏ ဘဝင်၌ မျ ားစွာ တင့်တယ်၍ နေပေတော့သည်။ အစဉ်သဖြင့် အေးတိအေးစက်အမူအရာ ဖြင့် ရင့်ကျ က်တည်ငြိမ်လွန်းဟန်ရှိသော ယောကျ ်ားကောင်းကြီးတစ်ယောက် အဆွေးရိပ်သန်းနေသည့်မြင်ကွင်းသည် သူမအတွက် တစ်သက်မမေ့နိုင်စရာ။



လှုပ်ရှားခဲ့ဖူးခြင်းမရှိသေးသည့် ခင်သူဇာ၏ နှလုံးသည်းပွတ်သည် တဒုတ်ဒုတ်စတင်ကာ ခုန်ပေါက် လှုပ်ရှားစပြု လာလေ၏။ မည်သူ့ကိုမျှ မသွန်းလောင်းခဲ့ဖူးသေးသော သူမ၏မေတ္တာရေစင်သည် မင်းကြီး၏ အပေါ်ကိုမှ တားမရဆီးမရ တစိမ့်စိမ့် ယိုဖိတ်ကာ ထွက်ကြလို့ လာရချေ ပြီ။



ဤသို့သောအခြေအနေတွင် ဤသို့သောသူကို သူမ မည်သည့်ခွန်အားမျ ို းဖြင့် လုပ်ကြံတိုက်ခိုက်မှု ပြု နိုင်ပါအံ့နည်း။ သူမ၏ အသဲနှလုံးကို သူမကိုယ်တိုင် အဆိပ်ခတ်နင်းခြေဖျ က်ဆီးသကဲ့သို့ ဖြစ်ရပေတော့မည်။



သို့သော် တဖက်ကလည်း မွေးသဖခင်ကျေ းဇူးရှင်၏ အသက်အရေးဖြစ်နေပြန်တာမို့ သူမအတွက် လွန်စွာ တွေးရကြံရခက်နေသည့် အနေအထားပင်။ ဖခင်ဆိုးသည် သွမ်းသည် မိုက်သည် ပေသည်ကား တကဏ္ဍ . . .သူမအပေါ်တွင် မွေးသဖခင် ဟူသည့်ကျေ းဇူးရှိသည်က တကဏ္ဍ ။ ထို့အပြင် ဤလောကအလည်၌ ခင်သူ့ဇာအတွက် ဆွေမျ ို းရင်းခြာဟူ၍ ပြေးကြည့်မှ ဒီသားဖနှစ်ယောက်တည်းသာ ရှိတော့သည်မဟုတ်ပါလား။

.

.

.

မင်းကြီးသုနက္ခတ်ကိုကြည့်ကာ ခင်သူဇာတစ်ယောက် အထက်ပါအတိုင်း တွေးတောရင်မောနေမိစဉ်တွင် . . မင်းကြီးက သူမရောက်လာသည်ကို သတိထားမိသွာဟန်ဖြင့် သူမဘက်သို့လှည့်ကာ



' သြော် . .ငွေကိုယ် ရောက်နေပါကော။ မှေးဆက်လို့မပျေ ာ်လေရော့လား။ နေရာအပြောင်းလည်းကြောင့် ဖြစ်နိုင်သလို သခင်မအတွက် အတော်ကို အစိုးရိမ်ကြီးနေတာလည်း ပါမည်ထင်ပ '



ဟု နှုတ်ဆက်စကားဆိုလေသည်။ ထိုအခါ ခင်သူဇာက ပါးပြင်မို့မို့နှစ်ဖက်ရှိ ပါးချ ို င့်လေးမျ ားကို ပေါ်အောင် ပြုံ းလိုက်ပြီး



' မင်းကြီးက သခင်မအတွက် သူဇာစိုးရိမ်နေတယ်လို့သာ မိန့်နေတာ . . .အမှန်စင်စစ် မင်းကြီးရဲ့ မျ က်နှာတော်ပေါ်မှာလည်း တာရာဒေဝီသခင်မကို အစိုးရိမ်ပိုနေတဲ့ အရိပ်အယောင်တွေက သူဇာ့ထက်ပင် အဆမျ ားစွာ သာကဲသည်ပ။ သူဇာတွေ့နေရပါဘိ. .'



ဟု မင်းကြီးကို ခွန်းတုန့်စကားဆိုလိုက်လေသည်။ ထိုအခါ မင်းကြီးလည်း မျ က်နှာတော်ကို ငုံ့လျှ က်



' ကျ ု ပ်ဝန်ခံပါတယ် ငွေကိုယ်ရယ်။ အခုလို တာရာ အရေးကြုံနေရတဲ့အချ ိန်တွေမှာ ကျ ု ပ်အနေနဲ့သူရဲ့အနားမှာ ရှိနေချ င်တာ ရှိနေသင့်တာ အမှန်ပါပဲ။ သို့ပေသိ ရက်စက်လှတဲ့ ကံကြမ္မာဇာတ်ဆြာက ကျ ု ပ်တို့ကို တနယ်စီ ဝေးကွာစေခဲ့ပြီ . . အခြေအနေတစ်ခုစီ ပိုင်းခြားထားခဲ့ပြီ လေ။



သူလည်းသူ့ကြင်ယာတော်နဲ့သူ တင့်တင့်တယ်တယ်ရှိနေမှပဲ။ ကျ ု ပ်လည်း ကျ ု ပ်တာဝန်နဲ့ကျ ု ပ်နေပျေ ာ်နေပါပြီ။ ငယ်ကချ စ် အနှစ်တစ်ရာ မမေ့သာ . . . ဆိုသလို ကျ ု ပ်ရဲ့ရင်ထဲမှာ တာရာက နေရာယူထားဆဲဖြစ်ပေမယ့် အခုအရေးမှာတော့ . . ကျွ န်က အရှင့်အတွက် စိုးရိမ်ပူပန်သလို မင်းချ င်းက ရှင်ဘုရင်အတွက် ဗျ ာပါကြောင့်ကျ သလို ပူပန်ကြောင့်ကျ နေရတဲ့စိတ်ကသာ ပိုပါတယ်လေ။ ဒါ ကျ ု ပ်ရဲ့ သစ္စာစောင့်သိမှုသက်သက်ရယ်ပါ။ '



ဟူ၍ ခင်သူဇာကို တစ်ခွန်းခြင်း ပြန်လည်ရှင်းပြလေ၏။ ခင်သူဇာလည်း မင်းကြီး စိတ်မကောင်းဖြစ်နေမည်စိုးသဖြင့် စကားလမ်းလွှဲသည့်အနေဖြင့်



' ဒါဆို. . .မင်းကြီးက သူဇာဟာ ငွေကိုယ်တော်ဖြစ်ကြောင်း နဂိုကတည်းက သိနေနှင့်ပြီးတာပေါ့ '



ဟု မေးမြန်းလိုက်လေရာ ခပ်ညှို းညှို းဖြစ်နေရှာသည့် မင်းကြီးရဲ့မျ က်နှာတော်လည်း ပြန်လည် ရွှင်ပြုံ းသွားပြီး



' ဒီမှာ ငွေကိုယ်လေးရဲ့။ ကျ ု ပ်ကို ဘယ်သူမှတ်လို့တုန်း။ မြောက်ပိုင်းမင်းကြီး သုနက္ခတ်ဗျ ။ ကျ ု ပ်အပိုင်စားတဲ့ မြောက်ပိုင်း ဥတ္တရနိဂုံးတစ်ခွင်မတင်မကဘူး . . နေပြည်တော်ကစပြီး ကျ န်တဲ့ မြို ့ရွာဒေသ တိုင်းပြည်နိုင်ငံ အနှံ့အပြားမှာ ဘယ်နေရာ ဘာဖြစ်နေပြီဆိုတာ ကျ ု ပ် အားလုံးနီးပါးသိတယ်။



ကျု ု ပ်ရဲ့အထောက်တော်တွေလည်း နေရှာဒေသအနှံ့မှာရှိကြသလို သူတို့ဟာ ကျ ု ပ်သိလိုတာမှန်သမျှ ကို အချ ိန်မလင့်စေဘဲ ချ က်ခြင်းလက်ငင်း မရရအောင် စုံးစမ်းထောက်လှမ်းပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ကြတယ်။ မယ်မင်းနားလည်အောင်ပြောရရင် . . မင်မင်းတို့ ကိုယ်တော်တွေလိုပေါ့ကွယ် '



ဟု သူ၏ အထောက်တော်မျ ားအကြောင်း ခင်သူဇာကို ပြောပြလေ၏။ ထို့နောက် ညအိပ်ဝတ်ရုံပါးပါးနှင့် ထွက်လာမိသည့် သူမကို ကြည့်၍ မင်းကြီးက . . . .



' ညဉ့်ကနက်တော့ အေးလာပြီငွေကိုယ်ရယ် အနွေးဝတ်ရုံလေးဘာလေး ခြုံ မှပေါ့ '



ဟုဆိုကာ ခါးတွင် စည်းထားသော ပုဝါကို ဖြေလျှ က် အပေါ်ထပ် သားမွှေးဝတ်ရုံကို ချွ တ်လို့ သူမ၏ ကိုယ်လေးပေါ်သို့ လွှမ်းခြုံ ပေးလိုက်လေတော့သည်။ မင်းကြီး၏ အငွေ့အသက်လေးမျ ား ကပ်ခိုနေသည့် အနွေးဝတ်ရုံသည် ခင်သူဇာ့အတွက်တော့ နလုံးသည်းပွတ်အထိပင် နွေးထွေးလှပေစွ။



ထို့နောက် ခင်သူဇာလည်း မင်းကြီးနှင့် ရောက်တတ်ရာရာစကားစမြီမျ ားကို ခေတ္တခဏမျှ ပြောဆိုကြပြီးနောက် စကားလက်စသိမ်းလမ်းခွဲကာ ဆက်ခန်းဆောင်မျ ားဆီသို့ ကိုယ်စီဝင်ရောက်ခဲ့ကြ ပါတော့သည်။



ရာမာဝတီမြို ့တော်၏ အနောက်ဘက်စွန်း တောအုပ်ခင်တန်းမျ ား ထူထပ်ပေါမျ ားရာနေရာတစ်ခု၌ လျှ ို ့ဝှက်အပ်သည့် ခြံဝိုင်းတစ်ခုနှင့် အုတ်ခံအိမ်တစ်လုံးရှိလေ၏။ ညအချ ိန်ဖြစ်သည်ကြောင့် ထိုခြံဝန်း၏ ပတ်ဝတ်ကျ င်တွင် သစ်ရိပ်ဝါးရိပ်မျ ားနှင့် အုံ့မှိုင်းမှောင်မိုက်လျှ က်ရှိသော်လည်း ခြံဝန်းအတွင်းရှိ အိမ်ကလေးထဲမှ မီးရောက်သဲ့သဲ့ ထွက်ပေါ်လျှ က်ရှိလေသည်။



' ဘယ်လိုလဲ . . .ကိုသာလှိုင်ရဲ့။ စစ်သူကြီးက ကျ ု ပ်တို့ရဲ့ အလိုဘက် ပါပါ့မလား။ ဒီတစ်ခါအရေးတော့ ကျ ု ပ်စိုးရိမ်လှတယ်။ သူ့မှာက စစ်တပ်နဲ့မဟုတ်လား။ သူသာ ဖီဆန်ရင် ကျ ု ပ်တို့အားလုံး ကိုယ်ကျ ို းနည်းရချေ ့ရဲ့ '



' မပူပါနဲ့ ဝန်ကြီးချ ု ပ်ရယ်။ သူ့ရဲ့နိုင်ကွက် ကျ ု ပ်တို့ဆီမှာ ရှိပါတယ်။ မဟုတ်ဘူးလား . . .ကိုအေး ရေ။ ဝန်ကြီးချ ု ပ်မင်း ရွှေစိတ်တော်အေးနိုင်အောင် ရှင်းပြလိုက်ပါဦးဗျ '



' ဒီလို . . .ဝန်ကြီးချ ု ပ်မင်းရဲ့။ စစ်သူကြီးက သူ့ရဲ့တစ်ဦးတည်းသောသား မောင်သုတကို သူ့ရဲ့အရိုက်အရာ လွန်စွာ ဆက်ခံစေချ င်တာမဟုတ်လား။ ဒါကြောင့် မောင်သုတ အနေနဲ့ ဖခင်ကိုအားကြလို့ ကြို းစားသမှုပြု ဖို့ရည်စူးပြီး . . . စစ်သူကြီးက သူ့ရဲ့စစ်ဦးစီးရုံးခန်းထဲ မောင်သုတကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ပေးထားတယ်။



မောင်သုတဟာ လူပေါ့လူသွမ်းတစ်ဦး ဖြစ်တာမို့ ဒီအခွင့်အရေးကို အရယူပြီး ဖခင်ရဲ့ စစ်ဦးဆီးတံဆိပ်ကို ခိုး . . .သူ့တပည့်တပန်းတွေနဲ့ တပ်တော်ရိက္ခာတွေထုတ် လို့ မိဂသီနယ်စပ်ကို ရောင်းစားခဲ့တယ်။ အဲ့ဒီလိုရောင်းစားတဲ့အထဲမှာ စစ်လက်နက်ပစ္စည်းအချ ို ့ပါ ပါဝင်ခဲ့သေး။ ဒီပစ္စည်းတွေက စစ်သူကြီးရဲ့ စစ်ဦးစီးတံဆိပ်ပါမှ တပ်တော်ထဲက ထွက်ခွင့်ရှိတာမို့ အခုရေတိုင်းကို တံဆိပ်ရိုက်နှိပ်ထားကြတာပေါ့။



တကယ်တော့ ဒီပစ္စည်းတွေကို မိဂသီပြည်က ဝယ်ယူတာမဟုတ်ဘူး။ ကျ ု ပ်ရဲ့ ရွှေပြည်ထိန်း ရဲဘော်တွေက တဖက်လှည့်နဲ့ ဝယ်ထားကြတာ။ ဒါကြောင့် စစ်ဦးစီးတံဆိပ်တော်ရိုက်နှိပ်ထားတဲ့ လက်နက်ရိက္ခာတွေ တပ်တော်ထဲက အပြင်ကို ခိုးထွက်လာကြတဲ့အရေး ကျု ု ပ်တို့ဆီမှာ သက်သေအထောက်အထား အခိုင်အမာ ရှိနှင့်ပြီးပြီ။ ဒီပြစ်မှုဟာ နိုင်ငံတော် လုံခြုံ ရေးနဲ့သက်ဆိုင်တာမို့ တာရာဒေဝီသိသွားရင်ဖြင့် စစ်သူကြီးတို့အနေနဲ့ ဆွေခုနှစ်ဆက် သေဒဏ်ကြခံသွားရနိုင်တာပ။

အဲ့ဒီလို နိုင်ကွက်ကောင်းမျ ို းကိုကျ ု ပ်ရဲ့ ပြည်ထဲရေးက ကိုင်ထားနိုင်မှတော့ စစ်သူကြီးအနေနဲ့ ကျ ု ပ်တို့ကို ဘယ်လိုအင်အားနဲ့ ဖီဆန်ဝ့ံတော့မှာလည်း ဝန်ကြီးချ ု ပ်မင်းရဲ့ '

.

.

အိမ်လေးထဲရှိ အခန်းတစ်ခန်း၏အစွန်းတစ်ဖက် နံရံနှင့်ကပ်လျှ က်တွင် ပုလ္လင်ကဲ့သို့ ရွှေပိန်းချ ထိုင်ခုံကြီးတစ်လုံး ထားရှိလေသည်။ ထိုခုံကြီး၏ ရှေ့ ခန်းမအလယ်တွင် မီးလင်းဖိုလေးတစ်ဖိုရှိနေပြီး ထိုမီးဖိုလေး၏ ဘေးတစ်ဖက်တစ်ချ က်ခုံမျ ားပေါ်တွင် နန်းရင်းဝင် ဦးသာလှိုင် ဝန်ကြီးချ ု ပ်ဦးမြတ်စံနှင့် ရွှေပြည်ဝန်ဦးအေးတို့ သုံးဦးသည် ဖန်ခါးရည်ကို အရသာခံသောက်ရင်း ၎င်းတို့၏ အကြံအစီမျ ားအား အထက်ပါအတိုင်း ပြောဆိုတိုင်ပင်နေကြခြင်းဖြစ်လေသည်။



' အ ဟမ်းးး '



ထိုအချ ိန်တွင် ချေ ာင်းသံတစ်ချ က်ပြု ကာ အခန်းဝမှ စစ်သေနာပတိချ ု ပ်ဦးကြို င် ဝင်ရောက်လာလေ၏။



' ဟော . . လာပါပြီဗျ ာ။ ဘယ်လိုလည်း စစ်သူကြီးရဲ့ . . .ကျ ု ပ်တို့သဘောနဲ့ ညီတယ်မဟုတ်ပါလား '



ရွှေပြည်ဝန် ဦးအေးက ဆီးကြို မေးမြန်းလိုက်လေရာ စစ်သူကြီးက ရှူ တင်းတင်းမျ က်နှာထားဖြင့်



' မညီလိုသော်လည်း ညီရတော့မယ်ပ။ ခင်ဗျ ားတို့က နိုင်ကွက်ရထားမှပဲ '



ဟု လေသံခပ်မာမာ ပြန်လည်ဖြေကြားလျှ က် ဦးမြတ်စံနဘေးရှိ လွတ်နေသောခုံတစ်လုံးတွင် ဆောင့်ဆောင့်အောင့်အောင့် ဝင်ထိုင်လိုက်လေ၏။ ထို့နောက် စစ်သူကြီးကပင် ဆက်လက်၍



' ခဗျ ားတို့ မိဂသီအားကိုးနဲ့ ရာမာဝတီကို ပုန်စားကြတာတော့ ဟုတ်ပါပြီ။ တော်ကြာ မိဂသီဘုရင်က သခင်မထက်ဆိုးနေရင် မခက်သလော။ နိုင်ငံလည်း လက်လ့ွှတ်ရ အာဏာလည်းမရ ဖြစ်မည်ပ '



ဟု စိုးရိမ်စွာမေးမြန်းလေသည်။ ထိုအခါ ဝန်ကြီးချ ု ပ်ဦးမြတ်စံက ခပ်အေးအေးအမူအရာဖြင့် စစ်သူကြီးကိုကြည့်ကာ



' ပူပင်မနေပါနဲ့ စစ်သူကြီးရယ်။ မိဂသီ ဘုရင်က တဏှာကြီးပေမယ့် အနေအေးပါတယ်။ သူ့ရဲ့ဆန္ဒတော်က ရာမာဝတီကိုနှစ်စဉ်အခွန်မဆက်ရဖို့နဲ့ တာရာဒေဝီကို မယားအဖြစ်သိမ်းပိုက်ဖို့သာ အဓိကပါ။ ပြီးတော့သူ့မှာ အင်အားလည်း ဒီလောက်မရှိပါဘူး။ တစ်နိုင်ငံလုံးပေါင်းမှ စစ်သည်အင်အား ၈၀၀၀ ကျေ ာ်သာရှိတယ်။ အဲ့ဒီ ၈၀၀၀ ကျေ ာ်ထဲကမှ တဝက်လောက်ပဲ ရာမာဝတီကို ချ ီတက်လာကြမှာပါ။ ခင်ဗျ ားရဲ့ ရာမာဝတီတပ်တော်မှာက အင်အား ၁၅၀၀၀ လောက်ရှ်တယ်မဟုတ်လား။



တကယ်ဆိုရင် ခင်ဗျ ားရဲ့ ရာမာဝတီတပ်နဲ့တင် အာဏာသိမ်းလို့ရပါရဲ့။ ကျ ု ပ်တို့ အရေးတော်ပုံ စတဲ့အချ ိန် ငသုနက္ခတ်တို့ ဆင်းလာမှာ စိုးလို့သာ ခင်ဗျ ားကို ရာမာဝတီတပ်အလုံးအရင်းနဲ့ သင်းဆီအရင်လွှတ်ပြီး နှိမ်နင်းစေရမှာ။



ကျ ု ပ်တို့က ဒီဘက်မှာ မိဂသီတပ်ရဲ့အကူအညီနဲ့ နန်းစောင့်တပ်ကို လုပ်ကြံပြီး မြို ့တော်ကို သိမ်းထားနှင့်မယ်။ ခင်ဗျ ားက မြောက်ပိုင်း ငမိုက်သားတွေကို ချေ မုန်းပြီး ဒီကိုအမြန်ပြန်လာလို့ မြို ့တော်ကို ဝိုင်းထားလိုက်။ မိဂသီကောင်တွေ မူမှန်ရင် တမျ ို းပေါ့။ မူမမှန်ခဲ့ရင် တော့ ကျ ု ပ်တို့ အတွင်းအပြင်ညှပ်ပြီး ဒီကောင်တွေကို တစ်ခါတည်း အပြတ်ရှင်းပြစ်လိုက်ရုံပ။



ဒီတော့ . . .ဘာမှ စိုးရိမ်ကြောင့်ကြမနေပါနဲ့ စစ်သူကြီးရယ်။ ကျ ု ပ်ခုပြောတာ အကြမ်းဖျ င်း အစီအစဉ်ပဲရှိသေးတာ။ လစ်ဟာမှုမရှိဘဲ ထောင့်စေ့အကွက်စေ့အောင် အသေးစိပ်ကျ ကျ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို သခင်ကြီးက ရေးဆွဲထားပြီးသားပါ။ သခင်ကြီးလာရင် စစ်သူကြီးကို ရှင်းပြပါလိမ့်မယ်။ '



ဟူ၍ စစ်သူကြီး လက်ခံနိုင်အောင် ပြန်လည်အဖြေပေးလိုက်လေသည်။

.

.

' ခင်ဗျ ားတို့ သခင်ကြီးက ဘယ်သူလည်း။ သူက ဘယ်တော့လာမှာလည်း . . .'



စစ်သူကြီး ဦးကြို င်က စိတ်မရှည်ဟန်ဖြင့် အမတ်ကြီးမျ ားကို မေးမြန်းလိုက်စဉ်



' ကျ ု ပ်ရောက်ပါပြီ . . .'



ဟု အခန်းဝမှ အသံတစ်သံထွက်ပေါ်လာပြီး လူပုဂ္ဂို လ်တစ်ဦး ဝင်ရောက်လာလေ၏။ အမတ်ကြီးတို့က ထိုင်ရာမှ ထလျှ က် ထိုသူကို အရိုအသေပေးလိုက်ကြလေသည်။ စစ်သူကြီး ဦးကြို င်မှာတော့ ထိုင်ရမှ မထမိဘဲ ထိုလူ့မျ က်နှာကိုသာ တအံ့တသြ လိုက်ကြည့်နေမိလေတော့၏။



' ရပါတယ် . . ရပါတယ် . . .ထိုင်ကြပါ ဘိုးဘိုးတို့ ပြန်ထိုင်ကြပါ '



ထိုသူက နံရံနှင့်ကပ်လျှ က် ရွှေပိန်းချ ခုံကြီးပေါ်တွင် ထိုင်ချ လိုက်ကာ အမတ်ကြီးမျ ားကိုလည်း ပြန်ထိုင်စေလေသည်။ ထိုအခါ အမတ်ကြီးတို့လည်း. . .



' မှန်ပါ . . .ကျေ းဇူးကြီးလှကြောင်းပါ ကေသီမိဖုရားကြီး ဖျ ားး . . .'



ဟု ကျေ းဇူးတင်စကားဆိုလျှ က် ကိုယ့်နေရာတွင်ကိုယ် ပြန်ထိုင်သွားကြလေတော့၏။

.

.

.

ဆက်ရန်



အမြင့်ကြောက်သော ငှက်