သူစိမ်း ၁



အမြင့်ကြောက်သော ငှက်









ပုံစံတူ ကန်ထရိုက်တိုက်အိမ်ကလေးမျ ား ငါးလုံးတန်းထားသည်။ ထို့ကြောင့် ငါးလုံးတန်းဟု အလွယ်ခေါ်လို့ရ၏။



ငါးလုံးတန်း၏ ညာဘက်သည် ဘုန်းကြီးကျေ ာင်းဝန်းကြီးဖြစ်ပြီး ဘယ်ဘက်တွင် အစိုးရရုံးဝန်းမျ ားကနေရာယူထားသည်။





ငါးလုံးတန်း၏ မျ က်နှာစာတွင် ကတ္တရာလမ်းလေးတစ်လမ်းရှိကာ လမ်း၏ တဘက်ခြမ်းတွင် ရေကန်ကြီးတစ်ကန်ရှိလေသည်။ ထိုရေကန်၏အလယ်တွင် ကျွ န်းတစ်ကျွ န်းပေါ်နေပြီး ကျွ န်းပေါ်တွင် ဆုတောင်းပြည့် ရေလယ်ဘုရားနှင့် အောင်ချ မ်းသာ ဓမ္မာရုံတို့တည်ရှိကြသည်။





ငါးလုံးတန်းရှိသည့် ကန်ဘက်ခြမ်းနှင့် ရေလယ်ကျွ န်းကို အမိုးလေးပါသော တံတားလေးထိုးကာ ဆက်သွယ်ထားလေသည်။ ရေလယ်ကျွ န်းပေါ်ရှိ အောင်ချ မ်းသာဓမ္မာရုံတွင် ဂန္ဓာရီခရီးလှည့်လည်နေသည့် လောကီဝိဇ္ဇာဆြာကြီး ဆြာအောင်မြတ်ဟိန်း သည် ရပ်မိရပ်ဖ ဘုရားဂေါပက လူကြီးတို့၏ ခွင့်ပြု ချ က်ကိုရယူပြီး လာရောက်နေထိုင်သည်မှာ အချ ိန်တစ်နှစ်ကျေ ာ်မျှ ကြာညောင်းခဲ့လေပြီ။





ငါးလုံးတန်းကို ညာဘက် ဘုန်းကြီးကျေ ာင်းဘက်မှ ရေတွက်သော် ပထမဦးဆုံးအိမ်၌ စိုက်ပျ ို းရေးပညာရှင် ကိုကျေ ာ်သာတို့မိသားစု နေထိုင်ကြသည်။





ဒုတိယမြောက်အိမ်မှာတော့ ဆြာဝန် ဒေါက်တာ သိန်းမြင့် နှင့် သူ၏ဇနီးသည် ဒေါ်သူဇာအောင် တို့နေထိုင်ကြပြီး. . . . .





တတိယမြောက် အိမ်မှာမူ နာပ်စမအပျ ို ကြီး ဒေါ်ထားထား တစ်ယောက် တစ်ကိုယ်တည်းသာ နေထိုင်လေသည်။





နံပါတ်၄ အိမ်မှာမူ ပင်စင်စားကြီးမျ ားဖြစ်ကြသော ဘိုးလေးမြညွန့်နှင့် အဖွားဒေါ်သောင်းမေ တို့၏အိမ် ဖြစ်ကာ . .





ဘယ်ဘက်အစွန်းအကျ ဆုံး နံပါတ် ၅ အိမ်မှာတော့ ဇာနည်ဟူသော အသက် ၂၅ နှစ်အရွယ်ခန့် လူရွယ်တစ်ယောက် လာရောက်နေထိုင်သည်မှာ ခြောက်လခန့်မျှ ရှိသေးသည်။





ထိုလူရွယ်ရောက်မလာခင် ထိုအိမ်မှာ ပိတ်ထားသောအိမ်ဖြစ်ပြီး အိမ်ပိုင်ရှင် ဘယ်သူဘယ်ဝါဆိုသည်ကိုတော့ ပတ်ဝန်းကျ င်မှ မသိကြပေ။





အတော်လေး နွမ်းလျှ နေပြီဖြစ်သော ကျေ ာင်းဝတ်စုံ အဖြူ အစိမ်းလေးကို ညဝတ်အနေဖြင့်ဝတ်ကာ စာကြည့်စားပွဲခုံတွင် ဆြာမ မသက်မာအမှတ်ထိုင်ခြစ်နေလေသည်။ ကိုကျေ ာ်သာက မိမိကိုကျေ ာခိုင်းလျှ က် အမှတ်ထိုင်ခြစ်နေသော ဇနီးသည်မသက်မာ၏ သွယ်သွယ်သပ်သပ်နှင့်ပြည့်ပြည့်တင်းတင်းရှိလှသည့် နောက်ပိုင်းအလှကို ခြင်ထောင်ထဲမှ လှမ်း၍ကြည့်ကာ . . . .





'' သက်မာ မအိပ်သေးဘူးလား။ ဒီမှာ သားလေးတောင်အိပ်သွားတာတော်တော်ကြာပြီ ''





'' အိပ်တော့မှာပါ ကိုရဲ ့။ ဒီမှာ ဒါလေးလက်စသတ်နေလို့ ''





 မသက်မာက အမှတ်ခြစ်နေရင်း ပြန်ပြောလိုက်တော့





'' အဲ့ဒါဆိုလည်း မြန်မြန်လုပ်မိန်းမရယ်. . . ည အရမ်းနက်ရင် အိပ်ရေးပျ က်ပြီး ကျ န်းမာရေးထိခိုက်နေဦးမယ် ''





'' အင်းးပါ။ ပြီးပါပြီ ကိုရဲ ့. . . . ''





မသက်မလည်း ပြောလက်ပြော အမှတ်ခြစ်ခြင်းကိုလည်း လက်စသတ်ကာ မိမိလက်ထဲရှိ စာအုပ်ကို အမှတ်ခြစ်ပြီးသားစာအုပ်မျ ားထပ်ထားသည့် စာအုပ်ပုံပေါ်သို့ ထပ်လိုက်တော့သည်။ ထို့နောက် စားပွဲမှထကာ ယောကျ ်ားနှင့် သားငယ်ရှိရာ ကုတင်သို့လှမ်းလာခဲ့၏။





မသက်မာသည် အိပ်ယာထဲသို့ တန်းမဝင်သေးဘဲ ကုတင်ဘေးတွင်ရပ်လျှ က် ခြင်ထောင်ထဲရှိ ခင်ပွန်းသည် ကိုကျေ ာ်သာ၏မျ က်နှာကို ပြီတီတီလေးကြည့်ကာ





'' သူမျ ားကို တကယ်ကောအိပ်ရေးပျ က်မှာစိုးတာကော ဟုတ်ရဲ ့လား ဆြာကြီးရယ် . . . . .''





'' ဟုတ်ပါတယ် သက်မာရဲ ့. . .ကိုက မင်း့ကျ န်းမာရေးထိခိုက်မှာ စိုးလို့ပါ ။ ယုံပါသက်မာရယ်. . . .နော်. . .''





'' ယုံပါပြီတဲ့ရှင်. . .ယုံပါပြီတဲ့။ ကဲဒါဖြင့်မီးပိတ်လိုက်တော့မယ်။ ''





မသက်မာက သူမ၏ချ စ်စဖွယ် မျ က်နှာကလေးကို ပြုံ းလျှ က် ခင်ပွန်းသည် ကိုကျေ ာ်သာကို စကားပြန်ပြောလိုက်ပြီး ခေါင်းရင်း နံရံပေါ်ရှိ မီးခလုတ်ကိုပိတ်ကာ အိပ်ယာထဲသို့ဝင်ခဲ့လေတော့သည်။





အိပ်ခန်းတစ်ခန်းလုံးမှောင်မဲသွားသော်လည်း မသက်မတို့လင်မယား၏ စကားသံခပ်တိုးတိုးတို့က ထွက်ပေါ်နေဆဲ. . . . .





'' အို. . . .ဒါက ဘာလုပ်တာလည်းး ။ သူမျ ားကို သူပဲ အိပ်ရေးပျ က်မှာစိုးလို့ဆို ''





'' သက်မာရယ်. . . ကိုယ်က ဒီနေ့မှ နယ်ကပြန်ရောက်တာလေ။ ကိုယ်သိပ်ချ စ်ရတဲ့ ဒီကကိုယ့်ရဲ ့မိန်းမ ဆြာမလှလှလေးနဲ့ ခွဲနေရတာ ဘယ်နှစ်ရက်ရှိသွားပြီလည်း . . .သိရဲ ့လားး ''





'' သိဘူးး။ ဘယ်နှစ်ရက်လည်း ပြောပါဦး . . . .''





မသက်မာက စကားကို မပီကလာလုပ်၍ ခပ်ချွဲ ချွဲ လေး ပြန်ပြောလိုက်တော့ . . . . .





'' တစ်ပတ်ဗျ ။ တစ်ပတ်တောင်ရှိသွားပြီ။ သူမျ ားတွေအတွက်တော့ တစ်ပတ်ဆိုတာ ခုနှစ်ရက်တည်းဆိုပေမယ့် ကိုယ့်အတွက်တော့ ခုနှစ်ကမ္ဘ ္ဘာမကဘူးထင်ရတယ် သက်မာရယ် ''





'' ခစ် ခစ် ခစ် . . .ဒီလူကြီးက အပိုတွေ သိပ်ပြောတတ်တယ်. . .သွားးး. . .လူညာကြီးး ''





'' ကို မညာပါဘူးကွာ. . .ကဲပါမိန်းမရယ် အချ ိန်တွေကြာပါတယ်. . .လာပါ။''





'' ဒါဖြင့် သူမျ ားကို ဘာလို့ အိပ်ရေးပျ က်မယ် ဘာမယ်ပြောပြီး ညာ ခေါ်သေးလည်း ''





'' ဒါကတော့ ဝေ့တဲ့သူကလည်းဝေ့နေတဲ့ ညာတဲ့သူကလည်း ညာရတာပေါ့ မိန်းမလေးရဲ ့။ ကဲ. . . .ပြောနေကြာတယ်. . . .





'' အို. . .အို. . .သားလေးနိုးသွားဦးမယ်။ . . .ခစ် ခစ်. . .တကယ်တည်း. . .ဘယ်လိုဖြစ်နေပါလိမ့်. . .ခစ်. . ခစ် . . .ခစ်. . .အို . . အို. .သွားပါ. .လူဆိုးကြီး ''





ဆြာမလေးမသက်မာ၏ သယာလှိုက်မောသော အသံစူးစူးကလေးမျ ားသည် မှောင်မိုက်လျှ က်ရှိသော အိပ်ခန်းအတွင်း၌ ဆဲလည်းခတ်သံအလား တညှင်းညှင်း တလွင့်လွင့် ထွက်ပေါ်လျှ က်ရှိလေတော့၏။







'' ဂုံးဂုံးဂွမ်ဂွမ် '' အသံမျ ားကြောင့် မသက်မာ နိုးလာခဲ့သည်။ သူမ၏ ဘေးကိုကြည့်လိုက်တော့ ဘယ်ဘက်မှာ သားလေးက အိပ်မောကျ လျှ က် ညာဘက်တွင် ကိုကျေ ာ်သာက '' တဟူး ဟူး '' ဟောက်လျှ က်။ တိုင်ကပ်နာရီမှ ည တစ်ချ က်တီးသံကြားလိုက်ရသည်။





'' ဟူးး. . .အပျ ို ကြီးရဲ ့ကြောင် ဟင်းဝင်ခိုးစားပြန်ပြီထင်တယ်။ သွားမောင်းဦးမှ . . .'' မသက်မာ တွေးလိုက်ပြီး ပြု တ်နေသည့် အတွင်းခံအကျၤ ီချ ိတ်ကို ပြန်ချ ိတ်လိုက်သည်။ ရင်ဘတ်ဟပြဲဖြစ်နေသည့် အကျၤ ီကို နှိပ်စေ့တွေပြန်တပ်လိုက်ပြီး ပြေလျှ က်ရှိသော ထဘီကိုဆွဲယူကာ ခပ်တင်းတင်းလေး ပြင်စီးလိုက်သည်။ ထို့နောက် အိပ်ယာထဲမှထကာ စားပွဲပေါ်ရှိ ဓာတ်မီးကို ယူ၍ နောက်ဖေးထမင်းစားခန်းဘက်ဆီသို့ ထွက်ခဲ့လေ၏။





မီးပိတ်ထားသောကြောင့် ထမင်းစားခန်းတစ်ခုလုံးမှာ မှောင်မဲလို့နေလေသည်။ ဆြာမ မသက်မာသည် နံရံရှိ ထမင်းစားခန်းမီးခလုတ်ကို ဖွင့်လိုက်ရာ မီးလင်းမလာပေ။ ထမင်းစားခန်းမီး ကျွ မ်းသွားသဖြင့် ညစာစားရင်း ဖယောင်းတိုင်ထထွန်းခဲ့ရသည့်အဖြစ်ကို ထိုအခါကျ မှ သူမ၏စိတ်ထဲတွင် ပြန်လည်သတိရလာလေသည်။





မသက်မာ မီးဖွင့်ဖို့မကြို းစားတော့ဘဲ လက်ထဲရှိဓာတ်မီးနှင့်ပင် ထမင်းစားပွဲပေါ်သို့ထိုးကြည့်လိုက်ရာ စားပွဲပေါ်၌ အုပ်ဆောင်းနှင့်အုပ်လျှ က် ထမင်းခွက် ဟင်းခွက်မျ ား ခြေရာလက်ရာမပျ က်။





'' ဒါဆို အသံ ဘယ်ကလာတာလဲ '' မသက်မာတွေးရင်း ခေါင်းထဲမှာ အကြံတစ်ခုရလာသည်။





'' ထမင်းစားခန်းနှင့် ရေချ ို းခန်းက ကပ်နေတာ။ ရေချ ို းခန်းမီးကို ဖွင့်ပြီး ရေချ ို းခန်းတံခါးဖွင့်လိုက်ရင် အနည်းနဲ့ အမျ ားတော့ ထမင်းစားခန်းဘက်ကိုလည်း မီးရောင်လာမှာပဲ။ အဲ့ဒီအလင်းရောင်နဲ့ ဓာတ်မီးရောင်ပေါင်းလိုက်ရင် ဘယ်ကအသံထွက်တာလည်းဆိုတာ ငါကောင်းကောင်းရှာလို့ရပြီ . . . .''





မသက်မာလည်း ရေချ ို းခန်းပေါက်ဝအနီး နံရံပေါ်ရှိ ရေချ ို းခန်းမီးခလုတ်ကို ဖွင့်လိုက်ပြီး တဆက်တည်း ရေချ ို းခန်း တံခါးကိုပါ တွန်းဖွင့်လိုက်လေသည်။ ထိုအခါ ရေချ ိို းခန်းမီးရောင်သည် အခန်းအပေါက်ဝရှိ မသက်မာကို ဖြတ်လျှ က် ထမင်းစားခန်းအတွင်းသို့ ထိုးကြလာလေတော့၏။





ထို့နောက် မသက်မာသည် အသံထွက်ပေါ်လာခဲ့သည့်အရင်းအမြစ်ကို ရှာဖွေဖို့ရန် ထမင်းစားခန်းဘက်သို့ ကိုယ်ကိုပြန်အလှည့်တွင် . . . .





'' အမေ့ . . . .''





သူမ၏ ခန္ဓာကိုယ် သွယ်သွယ် သပ်သပ်ကလေးကို တစ်စုံတစ်ဦးက ၎င်း၏ရင်ခွင်ထဲသို့ ဆွဲပွေ ့လိုက်ခြင်း ခံရလေတော့သည်။ ထို့အပြင် သူမ၏ နှုတ်ခမ်း ပါးပါးတို့ကိုလည်း အဆက်မပြတ်ဆုပ်နမ်းလေတော့၏။





ခဏ ကြာတော့မှ . . . .





'' ဟွန်းးး. . .ကို မကောင်းဘူး။ အသံမပေး ဘာမပေးနဲ့ ။ ဒီမှာ လူကိုလန့်သွားတာပဲ ''





'' ငါ့မိန်းမကို ချ စ်လို့ ကြည်စယ်တာပါကွာ. . . .။ ဒါနဲ့ ညကြီး ဘထလုပ်လည်း အသဲလေးရဲ ့''





'' သွားပါ . . .ခုမှ လာပိုမနေနဲ့။ ဒီက ဂုံးဂုံးဂွမ်ဂွမ် အသံတွေကြားတော့ အပျ ို ကြီးရဲ ့ကြောင် ဟင်းခိုးတယ်ထင်ပြီး ထကြည့်ရတာ။ သူကဖြင့် သိုးနေအောင် အိပ်နေပြီးတော့ . . . .''





'' ဟုတ်ပါပြီ မိန်းမရယ်။ ကဲ. . .ခုကြောင်ကောတွေ ့ရဲ ့လား ''





'' တွေ ့ပါ့ရှင်. . . တွေ ့ပ. . .တွေ ့ပ. . .''





'' ဘယ်မလဲ။ ပြေးပြီးလား ''





'' မပြေးပါဘူး မပြေးပါဘူး ဒီမှာပါ ဒီမှာပါ . . .လူကို အသံမပေး ဘာမပေးနဲ့ ဖက်နမ်းတဲ့ ကြောင်ဆိုးကြီးက ဒီမှာပါရှင်ရေ . . . .''





မသက်မာက အသံစာစာလေးနှင့်ရန်တွေ ့သလိုပြောကာ ကိုကျေ ာ်သာ၏ ဗှိုက်ကို လိမ်ဆွဲလေတော့သည်။





'' ဟ. . .မလုပ်နဲ့ မိန်းမရဲ ့. . .ယားတယ်. . .ဟားး ဟားး မလုပ်ပါနဲ့ဆို. . .ယားတယ် ဆြာမလေးရဲ ့. . . .''





ကိုကျေ ာ်သာမှာ တွန့်လိမ်ကောက်ကွေးလျှ က် ဗှိုက်ကို ဆက်အလိမ်မခံရစေဖို့ရာ သူ၏လက်မျ ားဖြင့် မသက်မာရဲ ့လက်ကလေးမျ ားကို လိုက်လံတားဆီးနေလေတော့သည်။ မသက်မလည်း တခစ်ခစ် သဘောကျ လျှ က် ကြေနပ်လောက်အောင် လိမ်ဆွဲလို့ပြီးကာမှ . . .





'' ကဲ. . . .အိပ်ခန်းကို ပြန်ရအောင်။ တစ်နာရီတောင်ကျေ ာ်နေပြီ။ မနက် သူမျ ားက ကျေ ာင်းသွားရဦးမှာ . . . .''





ဟုပြောလိုက်တော့. . . .





'' နေပါဦး မိန်းမရယ်။ အခန်းထဲမှာက သားလေးနဲ့ မလွတ်လပ်ဘူး . . . . ''





ဟုဆိုကာ ကိုကျေ ာ်သာက မသက်မာ၏ ပခုံးဝိုင်းဝိုင်းလေးနှစ်ဘက်ကို ကိုင်လျှ က် ရေချ ို းခန်းအတွင်းသို့ ခပ်တွန်းတွန်းလေးလုပ်နေလေတော့သည်။





'' အို. . . .တော်ပြီလေ။ ဆြာကြီးရဲ ့ စောနကပဲ သူ့စိတ်တိုင်းကျ ကို. . .ကဲကို ကဲလွန်းတယ် တကတည်းးး ''





မသက်မာက မျ က်စောင်းလေးထိုးကာ နှုတ်ခမ်းလေးကိုက်လို့ ကိုကျေ ာ်သာကို ပါးစပ်ကခပ်ဆတ်ဆတ်ကလေးပြန်ပြောလိုက်သော်လည်း ကိုယ်ခန္ဓာကမှု ၎င်းခေါ်ဆောင်ရာနောက်သို့ လိုက်ပါဖို့ရာ မငြင်းဆန်မိ။





'' လုပ်ပါ မိန်းမရယ်. . . ပြန်ရောက်ကာစဆိုတော့ ဒီက ကိုယ့်မိန်းမအချေ ာလေးကို ချ စ်လို့မဝလို့ပါ . . . .လိမ္မာပါတယ် အချ စ်ရယ် . .လာပါ။ ''





ကိုကျေ ာ်သာက လက်နှစ်ဘက်ဖြင့် မသက်မာ၏ ပုခုံးကို ကိုင်ထားရာမှ သူမ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး ရေချ ို းခန်းထဲသို့ တွန်းထိုး ခေါ်ဆောင်သွားလေတော့ရာ . . . . . .





'' အို. . . .ခက်ပြီ. . .ဇွတ်ပဲ. . .ခစ်. . .ခစ်. . .သိပ်ကဲနေ. . .ဒီက လူရှင့်. . စက်ရုပ်မဟုတ်ဘူးး . . .သိလားး. . .အို . .ခစ်. . .ခစ်. . .ခစ် ''





မသက်မာလည်း အသံစာစာလေးဖြင့် တတွတ်တွတ်ပြောဆိုရယ်မောကာ ရေချ ို းခန်းအတွင်းသို့ နောက်ပြန်အနေအထားဖြင့် ယက်ကန်ယက်ကန်လေး ပါသွားလေတော့သည်။





ထို့နောက် ကိုကျေ ာ်သာက ရေချ ို းခန်းတံခါးကို လှမ်းပိတ်လိုက်ရာ တံခါးပိတ်သံ '' ဒုန်း '' ခနဲမြည်သွားပြီး ထမင်းစားခန်းတစ်ခုလုံး ပြန်လည်မှောင်မဲ သွားလေတော့၏။









အဝတ်အစားတွေကို တစ်ခုချ င်းစီပြန်ဝတ်ကာ ရေချ ို းခန်းထဲမှ တယီးတယိုင်ဖြင့် မသက်မာထွက်လာခဲ့လေသည်။ သူမ၏ တစ်ကိုယ်လုံးလွန်စွာပင်ပမ်းနွမ်းလျှ နေချေ ပြီ။ ဒီအချ ိန်တွင် အိပ်ယာထက်သို့ ဘုန်းခနဲ လှဲအိပ်လိုက်ဖို့ရန်ကိုသာ သူမလွန်စွာ ဆန္ဒရှိတော့၏။ ကိုကျေ ာ်သာကတော့ အိမ်သာဝင်ဦးမည်ဟုဆိုကာ နောက်ဖေးတွင် ကျ န်ခဲ့လေသည်။





အိပ်ခန်းအတွင်းသို့ရောက်သောအခါ မသက်မာသည် ခြင်ထောင်ကိုမ၍ အိပ်ယာထဲသို့ဝင်ကာ မိမိနေရာတွင်ပစ်လှဲချ လိုက်တော့သည်။





ထိုကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ပစ်လှဲလိုက်ပြီးကာမှ အသိစိတ်တစ်ခု၏ ရုတ်တရက် စေ့ဆော်မှုကြောင့် မသက်မာ ဆတ်ခနဲဖြစ်သွားလေသည်။ ထို့နောက် မျ က်လုံးတို့ကို ဖွင့်ပြီး မိမိ၏ဘေးကိုကြည့်လိုက်ရာ '' တ ခူး ခူး တ ခွီး ခွီးးး '' ဟောက်၍ အိပ်မောကျ လျှ က်ရှိသော ကိုကျေ ာ်သာကို တွေ ့ရလေတော့သည်။





မသက်မာ မျ က်လုံးပြူ းသွားပြီး ချ က်ခြင်းကောက်ထိုင်လိုက်လေသည်။ မိမိ၏ဘေးတွင် အိပ်မောကျ လျှ က်ရှိသော ကိုကျေ ာ်သာကိုကြည့်ရင်း . . .





'' ကို က အိမ်သာတက်လိုက်ဦးမယ်ဆိုပြီး နောက်ဖေးမှာ ငါ့ရှေ ့တင် အိမ်သာထဲဝင်သွားတာလေ။ ဘယ်နှယ့်ကြောင့် ငါ့ထက်အရင် အိပ်ယာထဲပြန်ရောက်ပြီး အိပ်နေရတာလည်း။





ငါ့ဘေးနားကဖြတ်သွားတာကို ငါမျ ားမသိလိုက်တာလား. . .။ အို. . . .မဖြစ်နိုင်တာ။ နောက်ဖေးနဲ့ အိပ်ခန်းသွားတဲ့လမ်းက ရှင်းရှင်းကြီးပါ။ ပြီးတော့ ငါဘယ်လောက်ပင်ပမ်း ပင်ပမ်း ဘေးနားကနေလူတစ်ယောက်ဖြတ်သွားတာကို မသိရလောက်အောင်တော့ သတိမမဲ့သေးပါဘူး။





ဒါ. . .ဒါ ဆို ကိုကျေ ာ်သာက ဒီမှာ အိပ်နေတာဆိုတော့ ဟို. . .ဟိုနောက်ဖေးကတစ်ယောက်က ကိုကျေ ာ်သာ မဟုတ်ဘူးလား။ ဒါလည်း မဖြစ်နိုင်ဘူး။ ခုနက နောက်ဖေးမှာ ငါနဲ့အတူနေခဲ့တဲ့လူဟာ ကိုကျေ ာ်သာမှ ကိုယ်ကျေ ာ်သာအစစ်ပါ။





ဒီလိုဆို ကိုကျေ ာ်သာက ဘာလို့ငါ့ထက်အရင် ခြင်ထောင်ထဲပြန်ရောက်ပြီး အိပ်နေနှင့်တာလည််း။ ''





စသဖြင့် မသက်မာ၏ ခေါင်းထဲတွင် တွေးတောအဖြေရှာလို့မရသည့် မေးခွန်းပေါင်းမြောက်မျ ားစွာဖြင့် ချ ာလည် လည်နေလေတော့သည်။ နောက်ဆုံးတွင် . . .





'' အို. . . .ရှုပ်ပါတယ်လေ။ အိပ်တာပဲကောင်းပါတယ်ကွာ. . . ''





မသက်မာသည်လွန်စွာပင်ပမ်းနွမ်းနယ် နေသောကြောင့် ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ အိပ်ယာထက်သို့ ပစ်လှဲချ လိုက်ပြီး အိပ်ပျေ ာ်ခြင်းအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။









နောက်နေ့မနက်တွင် မသက်မာ '' ခွင့်ယူလိုက်တော့မယ် '' ဟုတွေးကာ မထဘဲ ဆက်အိပ်နေလိုက်သည်။ ကိုကျေ ာ်သာနှင့် သားလေးကတော့ စောစောထကာ ဘုရားသို့သွားကြသည်။ ထို့နောက် သားဖနှစ်ယောက် မနက်မုန့်စားပြီး ဟက်ပီးဝေါ တိရိစ္ဆာန်ရုံ စသည်တို့ကို ခရီးဆက်ကြမည်ဖြစ်သဖြင့် အိမ်သို့တော်တော်နှင့် ပြန်ရောက်မည် မဟုတ်သေးပေ။





သားကလေးက အခုမှ သုံးနှစ်ကျေ ာ်လေးနှစ်အတွင်းဝင်ရုံသာရှိသေးသည်။ ကိုကျေ ာ်သာက တစ်လကို နှစ်ခါလောက် နယ်သို့ခရီးထွက်ရသဖြင့် ကိုကျေ ာ်သာ မရှိချ ိန်တွင် မသက်မာက သားလေးကို ကျေ ာင်းသို့တစ်နေကုန်ခေါ်ထားရလေသည်။ ကိုကျေ ာ်သာ ပြန်ရောက်ချ ိန်တွင်တော့ သားလေးက ကိုကျေ ာ်သာနှင့်အချ ိန်ကုန်တာ မျ ားလေသည်။





ကိုကျေ ာ်သာ၏ အလုပ်မှာ တစ်လနှစ်ခါ တစ်ခါကို လေးငါးရက် နယ်ဆင်းရသော်လည်း နေ့တိုင်းရုံးတက်နေရခြင်းမျ ို းမရှိသောကြောင့် နယ်မဆင်းရသောနေမျ ားတွင် ကိုကျေ ာ်သာ ကသာ သားလေးကို ဒိုင်ခံထိန်းပေးလေ့ရှိသည်။





မသက်မာလည်း ၈ နာရီခွဲကာနီးမှ အိပ်ယာကထကာ မျ က်နှာသစ်ပြီး မနက်စာစားဖို့ပြင်ရလေသည်။ ထမင်းစားပွဲသို့သွား၍ အုပ်ဆောင်းကို လှန်ကြည့်လိုက်ရာ . . .ပဲပြု တ်နိုင်းခြင်းကို ကြက်သွန်နီကြော်လေးမျ ားဖြူ းထားသော ထမင်းကြော်နှင့် ကြက်ဥနှစ်လုံးကို ဟတ်ဖရိုက်ကြော်ထားသည့် ကြက်ဥကြော်တစ်ခုကို အဆင်သင့် တွေ ့ရလေသည်။





'' ဒါကြောင့်မို့ ကိုကျေ ာ်သာကို ချ စ်ရတာ '' လို့မသက်မာတွေးလိုက်ပြီး စားပွဲတွင် ထိုင်ကာ ညကပင်ပမ်းခဲ့သမျှ အတိုးချ လျှ က် မနက်စာ ထမင်းကြော်ကို အပီဆွဲလိုက်လေတော့သည်။





. . . .ဆက်ရန် . . .





အမြင့်ကြောက်သော ငှက်