ပြည့်တန်ဆာ့ ဂုဏ် အပိုင်း ၁၀







နောက်ခန်းမှ ငိုရင်းရှိုက်ရင်း ခင်ဦးလိုက်ပါလာခဲ့ရာ သူမ၏ အိမ်ရှေ့သို့ ရောက်ရှိခဲ့လေပြီ။ ခင်ဦးလည်း မျက်ရည်များကို သုတ်လိုက်ပြီး ကားပေါ် မှဆင်းလိုက်လေ၏။ ငိုနေ၍မပြီးသေး. .. .. .. အိမ်ပေါ်တက် အထုတ်အပိုး ကပြာကယီယူကာ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ကားချိန်မှီအောင်ထွက်ခွာရမည် မဟုတ်ပါလား။ ထို့ကြောင့် ခင်ဦးလည်း တက္ကစီကားဆြာအား ကားဝင်းအထိ ဆက်လက်ငှားရမ်းလိုကြောင်းပြောဆိုဈေးညှိကာ ခေတ္တစောင့်စေ၍ အိမ်ပေါ်သို့ကပြာကယီတက်ခဲ့လေတော့သည်။



အခန်းရှေ့အရောက် တံခါးကို ခပ်သုတ်သုတ်ဖွင့်ပြီး အခန်းထဲသို့ဝင်လေရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ခင်ဦးတစ်ယောက် ကြက်သေသေသွားလေတော့၏။



သေနတ်တစ်လက်ဖြင့်သူမအားချိန်ရွယ်ထားသော ခင်မောင်မြင့်။ ၎င်း၏ ရုပ်လက္ခဏာမှာ ဘီလူးသရဲ စီးနေသည့်နှယ်။



" ကောင်မ. .. .. .. မူဗီကို နင်ဖွလိုက်ပြီ မဟုတ်လား။ ငါ့ဘဝပျက်ပြီ။ နင့်လင် သက်အောင်က ငါ့အရှက်ကိုကောင်းကောင်းခွဲတော့မယ်။ ငါ့ အဖြစ်ဆိုးကို ငါ့ရဲ့ မမရှေ့ အရောက်ပို့တော့မယ်။



ဒီလိုမျိုးတွေ ကြုံရမှာစိုးလို့ ငါနင့်ကို အဲ့ဒီမူဗီဖိုင် အေးအေးဆေးဆေးပြန်တောင်းတယ်။ နင်လက်မခံဘူး။ မာမီစန်းရဲ့အကူအညီနဲ့ လူမိုက်တွေလွှတ်ပြီး ပြန်ရအောင်ကြံစည်ခဲ့တာလည်း မအောင်မြင်ခဲ့ဘူး။ ဖေလိုးမက ကံကောင်းပြီး ကယ်မယ့်သူ ပေါ်ခဲ့တယ်။



အဲ့ဒီတော့. . . . ငါကကိုကံဆိုးပြီး နင်ကကို သေချင်နေတာ လို့ပဲ မှတ်ရတော့မှာပေါ့။ ဒီနေ့တော့ နင် ငါ့လက်က မလွတ်စေရတော့ဘူး။ နင့်ကိုကယ်မယ့် နင့်လင်တွေလာလည်း ဟော့ဒီပြောင်းဝမှာ နင်နဲ့အတူတူ သေစေရမယ်။ ငါဒုက္ခရောက်သလို နင်လည်းသေဖို့သာပြင်ပေတော့ မသာမ "



ဟုဆိုကို ခင်မောင်မြင့်က သေနတ်မောင်းကို ဖြုတ်ချလိုက်လေတော့၏။



" ဖုန်းး "



" မခင်ဦး . . . . "



သေနတ်သံ ၊ စိုးရိမ်တကြီးအော်သံများနှင့်အတူ ခင်ဦး အင့်ခနဲ တစ်ချက်ခံစားလိုက်ရကာ နဘေးသို့လွင့်စင်သွားလေသည်။ လှည့်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ခွေခွေကလေးလဲကျနေသည့် ပန်းရောင်ကို တွေ့လိုက်ရလေ၏။ ခင်မောင်မြင့်ကတော့ သေနတ်ကိုကိုင်ထားဆဲ။



ခင်မောင်မြင့်က သူမအားသေနတ်ဖြင့် အပြစ်တွင် ပန်းရောင်ဝင်လာ၍ သူမအားတွန်းဖယ်ကာ သူမအစား ကြည်ဆံထိမှန်သွားခြင်းဖြစ်ကြောင်း ခင်ဦး သဘောပေါက်လိုက်လေသည်။



" ပန်း ပန်း ရောင် ပန်း ရောင်။ ညီမ ညီမ. .. .. .ဘာ ဘာဖြစ်သွားလည်း။ ပန်းရောင် .. .. . . . . "



စိုးရိမ်တကြီး အော်ဟစ်ကာ ပန်းရောင်ကို ခင်ဦး ချက်ခြင်း ဆွဲယူပွေ့ဖက်ထားလိုက်မိလေ၏။



" ငါမှားပြီ. .. .. ငါလုံးဝမှားပြီ။ ငါကတော့ စိတ်ယုတ်မာမွေးပြီး သူအရှက်ရအောင် အလုပ်မှာသူ့အရှက်ကို ခွဲပြစ်ခဲ့တယ်။ သူကတော့ စိတ်ရင်းစေတနာနဲ့ ငါ့အိမ်အထိလာပြီး ငါ့အသက်ကို ကယ်တယ်။ ခု ခု လောက်ဆိုရင် သူ့ သူ့ရဲ့ မူဗီဖိုင်ကို တရုံးလုံး မြင်ပြီးလောက်ကရောပေါ့။ ငါ ငါ ဘယ်လို လုပ် ရပါ့မလဲ ။ ငါဘယ်လို လုပ်ရပါတော့မလဲ။ ငါ မှားပါပေါ့လားး. .. .. .အောင်မလေး. .. ငါမှားပါပေါ့လား "



သူမ၏ အတ္တများ မာန်မာနများအားလုံး ပန်းရောင် မေတ္တာတရားအောက်တွင် အရေပျော်ကြရချေပြီ။ သွေးစက်လက်ဖြင့် အသက်ကို မောပမ်းစွာရှူရှိုက်နေရရှာသော ပန်းရောင်ကို တွေးပွေ့ထားရင်း ခင်ဦးတစ်ယောက် နောင်တတရားအပြည့်ရင်ဝယ်ပိုက်ကာ ကျူကျူပါအောင် တဟီး ဟီး ငိုချလိုက်မိလေတော့၏။



" ကောင်မ ခုမှသိပ်ချစ်ပြမနေနဲ့။ အဲ့ဖာသယ်မနောက် နင်ပါလိုက်သွား. .. .. .. .. "



ခင်မောင်မြင့်၏ ဒေါသသံကို ခင်ဦးကြားလိုက်ရလေသည်။ သို့သော် သူမ မကြောက်ရွံ ့တော့။ ပန်းရောင်ကို ပွေ့ဖက်ထားလျှက်မှ မျက်နှာကိုမော့ကာ အနှီလူယုတ်မာအား မီးဝင်းဝင်းတောက်သော မျက်လုံးအစုံဖြင့် စူးရဲစွာ စိုက်ကြည့်လို ့နေမိတော့၏။



" သေပေတော့. .. .. ."



ခင်မောင်မြင့်က သူမအား သေနတ်ဖြင့် ပြစ်ရန်ပြင်လိုက်ပြန်သည်။ သို့သော် ထိုအခွင့်အရေးကို ယင်းလူယုတ်မာ မရရှိတော့။ လျှပ်ပြက်သောအရှိန်ဖြင့် အခန်းဝမှ လူတစ်ဦးပြေးဝင်လာကာ ခင်မောင်မြင့်၏ မျက်ခွက်အား ဖြတ်ကန်ထည့်လိုက်သောကြောင့် မှောက်သွားရလေတော့၏။



ထို့နောက် အခန်းအတွင်းသို့ ကိုသက်အောင် အပြေးဝင်လာလေသည်။



" ပန်း ပန်းရောင်. .. .ဘယ် ဘယ်လိုတွေ ဖြစ်ကြတာလဲ။ ပန်းရောင်ရေ. .. .. .. လုပ် လုပ်ကြ ပါဦး. .. .. .. ဖိုးသဲ ရေ ဆေးရုံကား မြန်မြန်ခေါ်ပါဟ. .. .. .. မြန်မြန်ဟေ့ ။



ပန်း ပန်းရောင်. . . . ကိုယ် ကိုယ်ရောက်လာပြီ ။ ကိုယ့် ကိုယ့်ကို ကြည့်ပါဦး. .. .. . ဟုတ်ပြီ . . .အားတင်းထားပန်းရောင် "



စသဖြင့် ကိုသက်အောင်၏ စိုးရိမ်တစ်ကြီး သောကပွေ ဗလာင်ဆူသံများက တစ်ခန်းလုံး လွှမ်းခြုံလျှက် ရှိလေတော့၏။



ကံကောင်းထောက်မစွာဖြင့် ရုန်းရင်းဆန်ခတ်အခြေအနေ၌ ခင်မောင်မြင့်ပြစ်လိုက်သည့် ဂက်စ်ဂန်းကြည်ဆံဘောစိမှာ ပန်းရောင်ကို ချက်ကောင်းမထိခဲ့။ လက်မောင်းရင်းသို့သာ ရှပ်မှန်ခဲ့၍ စိုးရိမ်စရာမရှိပေ။



အထူးကုဆြာဝန်ကြီးများနှင့် သမားတော်ကြီးများ၏ စစ်ဆေးချက်အရ သွေးအားအနည်းငယ် နည်းနေကြောင်း တွေ့ရှိရသဖြင့် သူမအား ရက်အနည်းငယ်ဆေးရုံတင်ကာ အနားယူကုသစေရမည်ဖြစ်လေသည်။



ယခုလောလောဆယ်တွင် ဆြာဝန်ကြီးများက သူမအားဒဏ်ရာဆေးထည့်ပတ်တီးစည်းပေးပြီး အိပ်ဆေးထိုးပေးထားလေ၏။ ခင်ဦးမှာတော့ ပန်းရောင်အနားမှမခွာနိုင်ဘဲ အရိပ်တကြည့်ကြည့်ဖြစ်နေလေတော့သည်။



ထိုအချိန်တွင် ရုံးမှကြီးကြပ်ရေးမှူးမသိန်း အခန်းအတွင်းသို့ဝင်လာပြီး ခင်ဦးအားလာခေါ်လေ၏။



" ဂျာလေးရေ. .. .. .ဆြာက စကားပြောစရာရှိလို့ ဟိုဘက်ခန်းကိုခဏတဲ့ "



သူမဖွင့်ခဲ့သည့် ပန်းရောင်၏ မူဗီဖိုင်ကိစ္စ ကိုသက်အောင်နှင့်သူမ ရှင်းရပေတော့မည်။ သူမအတွက် ရှောင်လွှဲငင်းဆန်ဖို့ရန် အခွင့်အရေး မရှိတော့။ ပြုခဲ့သမျှ မကောင်းမှုအစုစုတို့အတွက် ကိုသက်အောင်ထံတွင် ဝန်ခံ၍ ပေးအပ်သမျှ ပြစ်ဒဏ်တို့ကို ကြေကြေနပ်နပ်ကြီးခံယူဖို့ရန်သာ ခင်ဦးဆုံးဖြတ်ချက်ချလိုက်ပြီး မသိန်းနှင့်အတူ လိုက်ခဲ့လေတော့သည်။

.

.

.

" ဂျာလေးကတော့ ဘဘောကောင်းတယ်နော်။ တီဗီကနေ ကျမတို့ကို ဖြူဖြူကျော်သိန်းသီချင်းကော သင်္ကြန်သီချင်းတွေပါဖွင့်ပြတယ် "



လမ်းတွင် ဒေါ်သိန်းပြောလိုက်သည့်စကားကြောင့် ခင်ဦးအံ့သြသွားလေ၏။



" ဘာ. .. ဘယ် ဘယ်လို. .. ဖြူဖြူကျော်သိန်း ရဲ့ သီချင်းပြီးတော့ သင်္ကြန်သီချင်းတွေလာတယ် ဟုတ်လား "



" ဟုတ်တယ်လေ. .. .. သူပဲ ဖွင့်ပေးပြစ်ခဲ့ပြီးမမှတ်မိဖူးလား "



" ဒါ ဒါဆို အခြား ဘာမှ မလာဘူးပေါ့ "



" ဘာလာရမှာလည်း ဂျာလေးရယ်။ ဂျာလေးက သင်္ကြန်သချင်းဖွင့်ခဲ့မှတော့ သင်္ကြန်သီချင်းပဲလာတော့မှာပေါ့။ အဲ့သီချင်းသံတွေလည်းကြားရကော ကျမတို့လည်း ပျော်ပြီး စိတ်မထိန်းနိုင်တော့ဘဲ ရေသန့်ဗူးတွေနဲ့ တစ်ယောက်တပြန် ရေပက်သင်္ကြန်ကျကြတာ အလုပ်ရုံတစ်ခုလုံး ဝုန်းဒိုင်းကျဲသွားတာပဲ။ သင်္ကြန်ရက်ရှည် အလုပ်ပိတ်ရက်ကလည်းနီးပြီဆိုတော့ အူမြူးကြတာပေါ့လေ "



သူမ၏အကြံမအောင်မြင်ခဲ့ကြောင်း မသိန်း၏အဖြေအရ ခင်ဦးသိလိုက်ရလေသည်။ သို့သော် ထိုကဲ့သို့ မအောင်မြင်ခြင်းသည်ပင် သူမနှင့် ပန်းရောင် အပါအဝင် အားလုံးအတွက် ကံကောင်းခြင်းမဟုတ်ပါလား။



ခင်ဦးလည်း မသိန်းကို စိတ်ဝင်တစားဆက်လက်မေးမြန်းပြန်လေ၏။



" ကျမ ဒီလိုဖွင့်ခဲ့တာကို ဆြာနဲ့ ကိုသန့်ဇင်တို့က ပိတ်မပြစ်ကြဘူးလား။ ပြီးတော့ ကျမကို စိတ်လည်းဆိုးမနေကြဘူးလား "



" အဲ့ဒီအချိန်မှာ သူဌေးက ကျမတို့ကို ဂရုမစိုက်အားဘူးရှင့်။ သူ့အိမ်ကကောင်လေး လာခေါ်တာနဲ့ ပြာပြာ ပြာပြာပါသွားတာ။ ဂျာကြီးကတော့ ဂျာလေးကို စိတ်မဆိုးမယ့်အပြင် သူတောင် ကျမတို့နဲ့ရောပြီး ရေပက်နေသေးတယ်။



ဟော . . ဂျာလေးရေ ရောက်ပြီ. . . . ဒီအခန်းပဲ။ တံခါးဖွင့်သာ ဝင်သွားလိုက်တော့နော်။ အထဲမှာ သူဌေးစောင့်နေကြတယ်။ ကျမ မပန်းရောင်ကို သွားကြည့်ပေးထားမယ် "



မသိန်းက ပြောပြောဆိုဆိုဖြင့် ခင်ဦးအား အခန်းတစ်ခန်းကို ညွှန်ပြကာ ထွက်ခွာသွားလေသည်။ ခင်ဦးလည်း



" သြော် . . . .ဟုတ် ဟုတ်ပါပြီ။ သွား သွား ပါ . ."



ဟု မသိန်းကိုပြန်ပြောလိုက်ပြီး အခန်းတံခါးကို တွန်းဝင်လိုက်လေတော့၏။

.

.

.

.

" ကိုယ်က တစ်ကောင်ကြွက်လေ။ ကိုယ့်အနေနဲ့ပြောရရင် ကိုသန့်ဇင်တို့ ခင်ဦးတို့ဆိုတာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဆိုရင်းလည်းဟုတ်တယ်။ မောင်ရင်းနှမတွေဆိုရင်လည်း ဟုတ်တယ်။



ခုဖြစ်ခဲ့တဲ့ ကိစ္စတွေမှာလည်း ကိုယ်အကုန်သိတယ် ခင်ဦးရဲ့။ ခင်ဦး ကိုယ့်အပေါ်မှာ စိတ်ညွှတ်နေမှန်း အစကတည်းက ရိပ်မိထားလို့ ရုံးကိုပန်းရောင်ရောက်တော့ ခင်ဦး အဆင်ပြေမှ ပြေပါ့မလားဆိုပြီး အခြေအနေကို ကိုယ်စောင့်ကြည့်နေခဲ့တာ။ ဒါပေမယ့် ခင်မောင်မြင့် ရဲ့ပြသနာဝင်လာတဲ့အချိန်မှာ ကိုယ်အာရုံရှုပ်ပြီး ခင်ဦးဘက်ကို တစ်ချက်သတိလွတ်သွားတယ်။



ကိုယ်သတိပြန်ထားမိလိုက်တော့ ခင်ဦးက ဒီကောင်နဲ့ အဆက်အသွယ် အပေးအယူတွေရှိနေပြီလေ။ ဒါပေမယ့် ဘာတွေအပေးအယူလုပ်နေတယ်ဆိုတာကိုတော့ ကိုယ်သေခြာမသိရသေးဘူးပေါ့။ သေခြာတာတစ်ခုက ဒီလိုလူယုတ်မာမျိုးနဲ့ အပေါင်းအသင်းလုပ်ရင် ခင်ဦးအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတော့ ကိုယ်ကောင်းကောင်းသိတယ်။



ဒါနဲ့ ကိုယ်လည်း ဖိုးသဲကို ခေါ်ပြီး ခင်ဦးကို တိတ်တဆိတ်စောင့်ရှောက်ပေးဖို့ တာဝန်ပေးလိုက်တော့တယ်။ ကိုယ်ကြိုတွေးထားသလို ခင်မောင်မြင့်ကလည်း မာမီစန်းတို့နဲ့ပါင်းပြီး လူဆိုးတွေဘာတွေလွှတ်လို့ခင်ဦးကို ပြသနာရှာလာတော့တာ။ အဲ့ဒီမှာတင် ဖိုးသဲနဲ့ ဒဲ့တွေ့တော့တာပေါ့။



ကိုယ်တို့လည်း . . . ခင်ဦးတို့အပေးအယူလုပ်ကြတာဟာ ပန်းရောင်ရဲ့မူဗီဖိုင်ဖြစ်ကြောင်း သိလိုက်ကြရတယ်။ အဲ့ဒါကြောင့် ကိုယ်လည်း ကိုသန့်ဇင်နဲ့တိုင်ပင်ပြီး နံရံကပ်တီဗီတွေ ဝင်လို့ရတဲ့ကုတ်နံပါတ်ကို ခင်ဦးဆီကို တမင်တကာပေးလို့ ပန်းရောင်အပေါ်မှာထားတဲ့ အာဃာတတွေကို ဖောက်ခွဲဖို့ လမ်းဖွင့်ပေးလိုက်တာ။ ဒါမှ ခင်ဦးရဲ့ရင်ထဲမှာ အနည်းနဲ့အများ ပေါ့ပါးသွားမှာလေ။



ဒီမူဗီတင်ပြီးရင် ခင်ဦးအလုပ်ကနေ အပြီးထွက်သွားတော့မှာ. .. .. တင်တဲ့အခါလည်း ရုံးခန်းထဲက အပြင်ကို ထွက်ချိန်ရအောင် မူဗီရှေ့ကနေ သီချင်းတစ်ပုဒ်ပုဒ်ခံတင်မယ်ဆိုတာကိုလည်း ကိုယ် ကြိုတွေးထားပြီးသား။



ဒါကြောင့် ဘာတင်ချင်တင်ချင် ကွန်ပြူတာထဲမှာ ထည့်ထားပေးတဲ့ ဖြူဖြူကျော်သိန်းရဲ့ " အရှုံးထက်ပိုသော " သီချင်းကို ရှေ့ကမခံဘဲ တင်လို့မရအောင်လို့ပရိုဂရမ်မာတစ်ယောက်ခေါ်ပြီး ပရိုဂရမ်ကောင်းကောင်းတစ်ခု ကိုယ်ဆွဲထားလိုက်တယ်။



အဲ့သီချင်းခံတင်မှ ကွန်ပြူတာက လက်ခံမယ် . . ပြီးရင် တင်တဲ့ဖိုင်ကို အော်တိုတမ်းဖျက်ပြစ်လိုက်မယ့်အပြင် သူနဲ့ချိတ်ဆက်ထားတဲ့ ဒီဗိုက်ထဲက ဖိုင်ကိုပါ လှမ်းဖျက်ပြစ်လိမ့်မယ်။ အဲ့ဒီနောက် ဖျက်ထားတဲ့ ဖိုင်အစား သင်္ကြန်သီချင်းဖိုင်တွေ ပွင်လာကြလိမ့်မယ်။ အဲ့ဒါ ကိုယ်တို့ဆွဲထားတဲ့ ပရိုဂရမ်ပဲ။ မယုံရင် နောက်မှအေးဆေးစစ်ကြည့်လိုက်. . . . .ခင်ဦးရဲ့ဖုန်းထဲမှာ ပန်းရောင်ရဲ့ မူဗီဖိုင်မရှိတော့ဘဲ သင်္ကြန်သီချင်းတွေ ရောက်နေလိမ့်မယ်။



ဒီီလိုလုပ်ခြင်းအားဖြင့် ခင်ဦးလက်ထဲမှာရှိတဲ့ မူဗီဖိုင်လည်းပျက်သွားပြီး .. .. ခင်ဦးလည်း မွန်းကြပ်မှုတွေလျော့သွားလိမ့်မယ်. .. .ဒီမူဗီဖိုင် လက်ထဲမှာရှိနေသမျှ ခင်ဦးကို ဒုက္ခလိုက်ပေးနေမယ့် ခင်မောင်မြင့်ရန်လည်း ချုပ်ငြိမ်းသွားလိမ့်မယ်. .. ဒါ ကိုယ်တို့ရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်ပဲ ။



ပြီးတော့မှ ခင်ဦးကို ကားဂိတ်မှာတားပြီး အကောင်းဘက်ကို ပြန်လည်စည်းရုံးနားချဖို့ ကိုယ်စီစဉ်ပြီးသား။ ခင်မောင်မြင့်ကိုလည်း ညပိုင်းသွားတွေ့လို့ ခင်ဦးရဲ့လက်ထဲမှာရှိတဲ့ ပန်းရောင်ရဲ့မူဗီဖိုင် ပျက်သွားပြီဖြစ်ကြောင်း. .. .. ဒီမူဗီဖိုင်အတွက် သူ့ကို ကိုယ်အပြစ်ယူမှာမဟုတ်လို့ ခင်ဦးကို ရှေ့ဆက် မပတ်သက် ဒုက္ခမပေးဘဲ စိတ်အေးလက်အေး လိမ်လိမ်မာမာနေဖို့အကြောင်း နားချမယ်လို့ ကိုယ်ကြံစည်ထားတယ်။



ဖြစ်ချင်တော့ ဒီကောင်က ခင်ဦးလက်ထဲက မူဗီဖိုင်ဘာဖြစ်သွားတယ် သေခြာမသိဘူး။ မာမီစန်းအကူအညီနဲ့ လူမိုက်တွေလွှတ်ခဲ့တာလည်း မအောင်မြင်တော့ သူ့ကို ကိုယ်သမတော့မယ် သူဘဝပျက်ပြီဆိုတဲ့ အတွေးနဲ့ခင်ဦးကို ဒုက္ခပေးဖို့ အိမ်ကနေကြိုစောင့်နေခဲ့တော့တာ။



ပန်းရောင်ကလည်း အလုပ်ကိစ္စတစ်ခုနဲ့ အပြင်ကအပြန် ခင်ဦးငိုယိုပြီး ကားပေါ်တက်သွားတာတွေ့လို့ စိုးရိမ်စိတ်နဲ့ ကားတစ်စီးထပ်ငှါးပြီး ခင်ဦးရဲ့နောက်ကိုလိုက်တယ်လေ။



ဒီမြင်ကွင်းကို ခင်ဦးကိုစောင့်ကြည့်နေတဲ့ ဖိုးသဲကမြင်တော့. . . ပထမ ခင်ဦးက ကားပေါ်ငိုတက်သွားတယ်. .. နောက် ပန်းရောင်က ကားငှါးပြီး နောက်ကလိုက်သွားတယ်. .. .. လို့ ကိုယ့်ကိုဝင်ပြောတယ်။



ကိုယ်လည်း. .. .. ခင်ဦးတော့လစ်ပြီ။ ငါစီစဉ်သလိုဖြစ်ပြီ။ ဒါပေမယ့် ပန်းရောင်က ခင်ဦးနောက် ဘာလို့လိုက်သွားတယ် မသိဘူး။ ခင်ဦးက ပန်းရောင်ကို နဂိုလ်ကမှကြည်တာမှမဟုတ်တာ . . .ခင်ဦးကို အကောင်းဘက်ကို နားချ ဆွဲခေါ်မလို့ဟာ ဒီအချိန်ကြမှပျက်ရင် ဒုက္ခပါပဲ. .. .လို့တွေးပူပြီး ဖိုးသဲကိုခေါ်လို့ ကားနဲ့ခင်ဦးအိမ်ကို လိုက်လာခဲ့ကြတော့တာ။



အိမ်ရောက်တော့ သောက်ပြသနာကောင် ခင်မောင်မြင့်နဲ့တွေ့ပြီး ဒီကောင်လည်းမှောက် ပန်းရောင်လည်းဆေးရုံရောက်တွေ ဖြစ်ကုန်ကြတော့တာပဲ။



သက်အောင်က ခင်ဦးကို အထက်ပါအတိုင်း အရှည်သဝေးရှင်းပြပြီး မောသွားဟန်ဖြင့် ရှေ့စားပွဲပေါ်မှ ရေသန့်ဘူးကို ယူမော့လိုက်သည်။ ခင်ဦးကတော့ မျက်ရည်များရစ်ဝဲလျှက် သူမထပ်မံသိလိုသည်များကို အသံအတုန်ကယီဖြင့် မဝံ့မရဲ ဆက်လက်မေးမြန်းရှာလေ၏။



" ဒါ ဒါဆို ပန်းရောင်ကကော ခင် ခင်ဦး သူ့အပေါ် မနာလိုအငြိုးထားနေမှန်း သိတာပေါ့နော် "



" သူလည်း အနည်းနဲ့အများတော့ ရိပ်မိတာပေါ့ခင်ဦးရယ်။ ခင်ဦးရှေ့မှာ ဆင်ဆင်ခြင်ခြင်နေထိုင်ကြဖို့. .. သူနဲ့ကိုယ့်ကြောင့် ခင်ဦးမှာ မလိုအပ်ဘဲ ခံစားချက်စူးစူးနစ်နစ်တွေမရအောင် သတိထားဖို့. .. .ခင်ဦးကို ဂရုစိုက်ဆက်ဆံဖို့. .. သူ ကိုယ့်ကို အမြဲပြောတယ်လေ။ "



သက်အောင်၏ အဖြေစကားကြောင့် ခင်ဦးခမြာ မျက်ရည်ရစ်ဝဲနေရမှ ချုံးပွဲချ ငိုရသော အဖြစ်သို့ ရောက်ရှိရလေတော့သည်။



" အောင်မလေး ပန်းရောင်ရယ်. .. ညီမလေးရယ်. . ဒီလိုသိနေတာတောင် မမကို စိုးရိမ်တကြီး ဝင်ကယ်ရသေးတယ်လို့။ ညီမတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ပါ့မလဲ။ ဒီအမိုက်မကြီးနဲ့ ညီမ လည်းဖို့တန်လို့လား ညီမလေးရယ်။ ဒီအမိုက်မကိုသာ သေပါစေတော့လား. .. .ဟီး ဟီး ဟီး ဟီး "



သက်အောင်က ဝမ်းပမ်းတနည်းငိုကြွေးနေရှာသည့် ခင်ဦးကို ဂရုဏာသက်စွာ ကြည့်လိုက်ပြီး



" အင်း. .. ပြောလက်စနဲ့ ပန်းရောင်ရဲ့ အကြောင်း ပန်းရောင်ရဲ့မြင့်မြတ်ပုံ ပန်းရောင်ရဲ့ ခန္ဓီတရား ပန်းရောင်ရဲ့ ဂုဏ် ကို ခင်ဦးသိအောင် ကိုယ်ပြောပြပါ့မယ်။ တကယ်တော့ ပန်းရောင်ဟာ ဒီကိစ္စတစ်ခုတည်းတင် ခင်ဦးတို့အပေါ်မှာ ခွင့်လွှတ်ခဲ့တာမဟုတ်ပါဘူး. .. . "



ဟု အစချီလျှက် သူသိထားသမျှ ပန်းရောင်နှင့် ခင်ဦးတို့ကြားရှိ ပတ်သက်မှုတို့ကို ဆက်လက်ပြောကြားလိုက်လေတော့၏။

.

.

.

" ဟင်. .. .ဒါ ဒါဆို ခင်ဦးရဲ့ဖေဖေက ဆြာ့ဖေဖေဆီက ငွေတွေအလွဲသုံးစားလုပ်ပြီး ပန်းရောင်ရဲ့ အဖေကို သင်ကာလွှဲချခဲ့ဖူးတာပေါ့နော် "



" ဟုတ်တယ်ခင်ဦး။ ဒီ့အတွက် ကိုယ့်ဖေဖေက ပန်းရောင်တို့မိသားစုကို အလုပ်ကနေ နှင်ထုတ်ခဲ့တယ်။ ပန်းရောင်အဖေ ဦးခိုင်ကျော်လည်း ကိုယ်ကျင့်တရားကို အစော်ကားခံရတယ် ဆိုတဲ့စိတ်နဲ့ နှလုံးရောဂါဖောက်ပြီး သေခဲ့ရတဲ့အပြင် ပန်းရောင်တို့သားမိလည်း ဘဝပျက်ခဲ့ရတော့တာပဲ။ ပန်းရောင်ဆိုရင် ခင်ဦးသိတဲ့အတိုင်း. .. .. .. "



သက်အောင်က စကားမဆက်နိုင်တော့ဘဲ ပန်းရောင်အတွက် လွန်စွာ ယူကြုံးမရဖြစ်ဟန်ဖြင့် အသံတိမ်ဝင်သွားလေတော့၏။



" ဒါ ဒါဆို ဆြာက ခင်ဦးကို အလုပ်စခန့်ကတည်းက ဖေဖေ့ရဲ့သမီးမှန်း သိခဲ့တာပေါ့နော်. .. .. ."



သက်အောင်လည်း စိတ်ကို တတ်နိုင်သမျှ ပြန်လည်ထိန်းမတ်စုစည်းလိုက်ပြီး ခင်ဦးအမေးကို ပြန်လည်အဖြေပေးရလေသည်။



" ခင်ဦးကို အလုပ်ခန့်စက ဖခင်အမည်နေရာမှာ ဦးဌေးသန်း လို့ရေးထားလို့ စိတ်ထဲ တစ်မျိုးတော့ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဖေဖေ့ဆီက ငွေလိမ်သွားတဲ့ ဦးဌေးသန်းမှန်းတော့ ကံသေကံမ မပြောနိုင်သေးဘူးပေါ့။ နောက်ပိုင်း ဆက်ပြီးစုံစမ်းကြည့်တော့မှ ဖေဖေ့တပည့်ဦးဌေးသန်းဆိုတာ သေခြာသွားတော့တာ "



" ဒါ ဒါ နဲ့မြန်း ဆြာရယ် ခင်ဦးကို အလုပ် ဆက်ခန့်ထားသေးတယ်လား. .. .. .ဒီအမျိုးယုတ်မကို အလုပ်ထုတ်လိုက်ပါတော့လား ဟီး ဟီး အီးး "



ခင်ဦးခမြာ ပြောလည်းပြော ပူဆွေးဝမ်းနည်းခြင်းကြီးစွာဖြင့် တဟီးဟီးလည်း ရှိုက်ငိုနေရလေတော့၏။



" ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲခင်ဦးရယ်။ အပြစ်တွေက ခင်ဦး ကျူးလွန်တာမှမဟုတ်ဘဲ။ အဲ့ဒီအချိန်မှာ ခင်ဦးလည်း ကိုယ်တို့လို ငယ်ငယ်ပဲရှိသေးမှာပေါ့။ လူကြီးတွေ လုပ်ခဲ့ကြတဲ့အပြစ်အတွက် နောက်တက်လူငယ်တွေကိုပါ ဒဏ်ခတ်အပြစ်ပေးနေရမယ်ဆိုရင် သံသရာ ဘယ်မှာဆုံးနိုင်ပါတော့မလဲ။



ပြီးတော့ ခင်ဦးက ကိုယ်သတ်မှတ်ထားတဲ့ ဘွဲ့တွေ အရည်အချင်းတွေနဲ့ ပြည့်စုံတယ်။ အလုပ်မှာလည်း အကွက်စေ့ထောင့်စေအောင် လုပ်နိုင်ကိုင်နိုင်တယ်။ ခင်ဦးမှာ ကိုယ်အလုပ်ဖြုတ်စရာ ပြစ်ချက်ဘာတစ်ခုမှ မှမရှိတာ။ နောက် . . ကိုယ်ခင်ဦးကို အလုပ်မဖြုတ်ရတဲ့အခြားအကြောင်းကတော့ ခင်ဦးကိုကိုယ် ညီမရင်းလေးတစ်ယောက်လို သံယောဇဉ်တွယ်သွားမိလို့ပါပဲ။



ခင်ဦးကို အလုပ်မထုတ်ခဲ့ပေမယ့် ပန်းရောင်တို့နဲ့ကိုယ်ပြန်စုံလိုက်ရတော့ ပန်းရောင်ရဲ့မေမေ ဒေါ်လေးမေကို . . . ဦးဌေးသန်းကို ကိုယ်ပြန်တွေ့ထားကြောင်း ဝတ္တရားအရ ကိုယ်အသိပေးလိုက်ရတယ်။ အဲ့ဒီအချိန်မှာသာ ဒေါ်လေးမေက ခင်ဦးရဲ့ဖေဖေကို ဒေါသအညှိုးမပြေသေးဘဲ လက်စားခြေချင်တယ်ဆိုရင် မလွဲမသွေကူညီပေးရတော့မှာ။



ဦးဌေးသန်းကြာင့် ကိုယ်နဲ့ပန်းရောင် ဝေးသွားရတယ်ဆိုတဲ့မကြေနပ်ချက်နဲ့ ကိုယ်အရွက်ရောက်ကတည်းက သူ့ရဲ့အလွဲသုံးစားမှုကို သေသေခြာခြာစုံစမ်းမေးမြန်းထားခဲ့လို့ သူ့အမှုကိုပြန်ဖော်ပြီး ဒုက္ခပေးနိုင်မယ့် သက်သေသက္ကာရတွေ ကိုယ့်မှာ စုံစုံလင်လင်ရှိထားတယ်လေ။



ဒါပေမယ့် ဒေါ်လေးမေ က. ဦးဌေးသန်းကျန်းမာရေးမသိပ်မကောင်းတာကိုလည်းသိ . . .ခင်ဦးကိုလည်း သိက္ခာကျ အရှက်ကွဲ ဒုက္ခရောက် အဲ့ဒီလိုတွေဖြစ်မှာစိုးတာကြောင့် ဖြစ်သမျှအကြောင်း အကောင်းလို့မှတ်ပြီး အားလုံးကို ခွင့်လွတ်ကြေအေး ပေးခဲ့ရှာတယ်။



ဒေါ်လေးမေ ကိုယ့်ကိုပြန်ပြောခဲ့တာက. . .



ပြုသူအသစ် ဖြစ်သူအဟောင်း အကြောင်းကြောင့် အကျိုးဖြစ်တာပါ သားရယ်။ ဒေါ်လေး ဒီအညှိုးတွေကို နောင်သံသရာ မသယ်ချင်တော့ပါဘူး. ..တဲ့လေ "



သက်အောင်က စကားကိုအဆုံးသတ်လိုက်ပြီး လွန်စွာ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းမောတစ်ချက်ကို ချလိုက်လေတော့သည်။

.

.

ခင်ဦးအား နောင်တတရားတို့ နှိပ်ဆက်ကြလေပြီ။



. . . . . ဖအေဖြစ်သူ၏ ချောက်တွန်းမှုကိုခံရ၍ မိသားစုကော ဘဝပါပျက်ဆီးဆုံးရှုံး ခဲ့ကြရရှာသော ပန်းရောင်ကို သမီးဖြစ်သူက တဖန်ထပ်မံကာ ရည်းစားလုဖက်ဟုသဘောထားလျှက် အရှက်လှလှခွဲဖို့ရန် ကြံစည်ခဲ့ပြန်၏။



ပန်းရောင်တို့ ဘက်ကမူ. . . ပန်းရောင်၏မိခင်ဒေါ်လေးမေက တရားသဘောနှင့်ယှဉ် ၊ သူမကိုငဲ့ပြီး သူမ၏ဖခင်ဦးဌေးသန်း၏ အပြစ်ဟူသမျှကို သင်ပုန်းချေပေးခဲ့သလို . . . .ရန်သူသဖွယ်သဘောထားနေမှန်း သိလျှက်နှင့်ပင် ပန်းရောင်ကိုယ်၌ကလည်း သူမကို အသက်နဲ့လည်းပြီး ဂရုစိုက်ကာကွယ်ပေးခဲ့လေသည်။



မှားလေပြီ။ သူမတို့သားအဖသည် ပန်းရောင်တို့ မိသားစုအပေါ်တွင်မည်သို့မျှ ပြုပြင်လို့မရသော အမှားများကို အဆက်မပြတ် မိုက်မှားကျူးလွန်မိခဲ့လေပြီ။ ပန်းရောင်တို့ သားမိ မြင့်မြတ်သလောက် ဂုဏ်သိက္ခာကြီးမားသလောက် သည်းခံခွင့်လွှတ်နိုင်စွမ်းသလောက် သူမတို့မှာမူ ယုတ်ညံ့လှ နိမ့်ကျလှ မိုက်ကန်းလွန်းလှပေ၏။



တစေ့စေ့တွေးလေ သူမ၏ လုပ်ရပ်သည် ရှက်ရွံ့ ရွံရှာဖွယ်ကောင်းလေ ဖြစ်၍နေလေတော့သည်။ သူမသည် ခွင့်လွှတ်ခြင်းငှါ မည်သို့မျှ မထိုက်တန်တော့။ သူမကိုယ်သူမလည်း ခွင့်မလွှတ်နိုင်တော့. .. .. .. .. .



အထက်ပါ ဒေါမနဿဝေဒနာများ နောင်တ တရားများက ခင်ဦး၏ ရင်ထဲ အသဲထဲ ဦးနှောက်ထဲ နှလုံးသားထဲတို့တွင် စဉ်ဆက်မပြတ် လူးလာနှိပ်ဆက်လို့နေလေတော့၏။ နောက်ဆုံး၌ ခင်ဦးသည် မည်သို့မျှ မခံစားနိုင်တော့ဘဲသက်အောင်၏ရှေ့တွင်ရပ်လျှက် ငိုကြွေးနေရာမှ ကြမ်းပေါ်သို့ ခွေခနဲပုံကြသွားလေတော့သည်။

.

.

.

.

ခင်ဦးသတိပြန်ဝင်လာသောအခါ ကုတင်တစ်ခုပေါ်တွင် သူမပက်လက်အိပ်နေခြင်းဖြစ်ကြာင်း သတိပြုမိလေ၏။ မျက်လုံးကိုဖြေးဖြေးခြင်းဖွင့်ကြည့်လိုက်ရာ ဖိုးသဲ၏ မျက်နှာကို ဦးစွာတွေ့ရှိရလေသည်။



" ဟာ. .. မမ သတိရလာပြီ။ ဖြေးဖြေး. . . မမ။ ချက်ခြင်းမထနဲ့ဦး ကျွန်တော်ထူပေးမယ် "



ဖိုးသဲက သူမ၏ ခန္ဓာကိုယ်လေးကို ညင်သာစွာ ထွေးပွေ့မထူပေးလေ၏။



" ဖိုးသဲ အစ်မ ဘာဖြစ်သွားတာလည်းဟင် "



" ဘာမှ မဖြစ်ပါဘူးမမရဲ့ နှလုံးအားနည်းနည်း နည်းနေလို့ သတိ ခဏလစ်သွားတာပါ။ ခု ဆြာဝန်ကြီးတွေ ကုပေးထားလို့ စိုးရိမ်စရာမရှိတော့ပါဘူး "



ခင်ဦးလည်း ဖိုးသဲရင်ခွင်ကိုမှီရင်း ဘေးဘယ်ညာကို မျက်စိကစားကြည့်လိုက်ရာ . . . . သူမကုတင်ဘေးတွင် ပန်းရောင်က ဝှီးချဲနှင့်ထိုင်နေပြီး ကိုသက်အောင်က ပန်းရောင်နောက်မှ ဝှီးချဲကိုင်ပေးထားကြောင်း တွေ့ရလေသည်။ ၎င်းတို့နဘေး၌ လွန်စွာအေးချမ်း၍ နှစ်လိုဖွယ်အဆင်းကိုဆောင်သည့် အဒေါ်ကြီးတစ်ယောက် ရပ်၍နေလေ၏။ ထိုအဒေါ်ကြီးအား မာန်နေဂျာကိုသန့်ဇင်က ဖေးမကူတွဲထားလေသည်။



ကိုသန်ဇင်၏ အနောက်တွင်တော့ သူမ၏ဖခင် ဦးဌေးသန်းကို ခင်ဦး မြင်နေရလေ၏။ ဖခင်၏ အမူအရာမှာ အဒေါ်ကြီးကို လွန်စွာ အလေးထားရိုးကြိုးကြောင်းသိသာလွန်းလှပေသည်။



" ဖေဖေ ဘယ်တုန်းကရောက်လဲ "

.

.

" ကိစ္စပြီးရင် ခင်ဦး ဦးလေးဌေးသန်းဆီ ပြန်ပြေးမယ်မှန်းသိလို့ အကိုက ဦးလေးကို ဒီမှာ ကြိုခေါ်ထားတာ သုံးရက်လောက်ရှိပြီ။ နေ့လည်တုန်းကလည်း ခင်ဦးကို ဆီးနားချဖို့ ဦးလေးတို့က ကားဂိတ်ကနေ စောင့်နှင့်ပြီးသား။ ခင်မောင်မြင့် ဝင်ရှုပ်တာနဲ့ ချိန်သားမကိုက်ဘဲ ဖြစ်ကုန်ကြတာ "



သူမ၏ဖခင်အား ခင်ဦး လှမ်းမေးလိုက်သောအမေးကို သက်အောင်က ကြားဖြတ်ဖြေကြားလိုက်ခြင်းဖြစ်လေ၏။



" သမီးရေ.. .. .ဒီက အမကြီးက ပန်းရောင်ရဲ့မေမေ မမမေ ပေါ့။ ဖေဖေတို့ကို ခွင့်လွှတ်ခဲ့တဲ့ ကျေးဇူးရှင်ကြီးလေ "



ဖခင်ကြီးဦးဌေးသန်းက ခင်ဦးသူအား ပန်းရောင်၏မိခင် ဒေါ်လေးမေ ကို ညွှန်ပြပြန်လေသည်။



ခင်ဦးလည်း ဖိုးသဲ၏ရင်ခွင်ထဲမှနေ၍ လက်အုပ်လေးချီကာ



" ဒေါ်ဒေါ် ကျ ကျမကို ခွင့် ခွင့်လွှတ်ပါ။ ပန်းရောင် ညီ ညီမလေးလည်း အ အစ်မကို ခွင့်လွှတ်ပါ။ ကိုသက်အောင်လည်း ခင်ဦးကို ခွင့်လွှတ်ပါနော် "



ဟူ၍ အားလုံးကို ဝန်ချတောင်းပန်ရှာလေတော့၏။



ထိုအခါ ဒေါ်လေးမေက ခင်ဦး၏လက်တို့အား ကြင်နာစွာ လာရာက်ဆုပ်ကိုင်လိုက်ပြီး



" အမှားကို အမှန်သိပြီးပြင်တာ မင်္ဂလာတစ်ပါးပါပဲကွယ်။ ဒါပညာရှိ လူလိမ္မာတွေရဲ့ လုပ်ရပ်ပါ။ ဒေါ်ဒေါ် သမီးလေးကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ခွင့်လွှတ်ပါတယ်။ သမီးလေးအပေါ်မှာကော သမီးလေးရဲ့ ဖေဖေ့အပေါ်မှာပါ ဒေါ်ဒေါ့်ရဲ့ အမုန်းတရား အငြိုးတရားတွေ မရှိတော့ဘူး လို့မှတ်လိုက်ပါတော့ "



ဟု သူမတို့သားဖကို ကြေကြေနပ်နပ်ကြီး ခွင့်လွှတ်စကားဆိုလေသည်။ ပန်းရောင်ကလည်း



" မခင်ဦးရယ် ကျမတို့က လုပ်ဖေါ်ကိုင်ဘက် ညီကိုမောင်နှမချင်းတွေပဲ. .. ဘာခွင့်မလွှတ်စရာရှိမလဲ။ အရေးကြီးတာက အစ်မရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ။ နှလုံးရောဂါဆိုတာ စိတ်ညစ်တာတွေ ဝမ်းနည်းတာတွေ ဖြစ်လို့မရဘူးမဟုတ်လား။ အဲ့ဒါတွေ ဘာမှခေါင်းထဲထည့်မနေနဲ့ "



ဟူ၍ ဒဏ်ရာဒဏ်ချက်တစ်ဖက်နှင့်ပင် ခင်ဦးကို ခွင့်လွှတ်အားပေးရှာလေ၏။



" ဟုတ်ပါတယ်ခင်ဦးရယ်။ ကျန်းမာရေးကသာ အရေးကြီးတာ။ ကျန်းမာအောင်သာနေ။ ကိုယ်တို့အားလုံးက ခင်ဦးကိုခွင့်လွှတ်ပြီးသား။ ခုဆိုရင် ရန်ငြိုးတွေ အမုန်းတရားတွေ အားလုံးကုန်ဆုံးသွားပါပြီ။ ရှေ့ဆက်ပြီး ကိုယ်တို့တွေ ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြဖို့ပဲရှိတော့တယ် "



" ဟုတ်ကဲ့ပါ ဆြာရယ်. .. အားလုံးက ခုလို ခင်ဦးကို အပြစ်မယူဘဲ ခွင့်လွှတ်ပေးကြတဲ့အတွက် ခင်ဦး အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်း အရမ်းတင်ပါတယ်ရှင်. .. . "



မေတ္တာအရင်းခံသော သည်းခံခွင့်လွှတ်ခြင်း ဟူသည် ဒေါသမီး သောကမီး နောင်တမီး စသည့် ပရိဒေဝမီးဟူသမျှကို ငြှိမ်းသတ်နိုင်စွမ်းသည့် ရေစင်ရေအေးတစ်လက်ပင် မဟုတ်ပါလား။



ထိုအချိန်တွင် အခန်းအတွင်းသို့ မာမီသော်ဝင်လာလေသည်။ သူမ၏ အနောက်တွင် စစ်သားနှစ်ဦးလည်း ပါလာလေ၏။



" သားရေ. .. .. မိစန်းတို့ကိုတော့ ဖမ်းလာခဲ့ပြီဟေ့။ မာမီတို့အချိန်မှီရောက်သွားတာ သား ကံကောင်းတယ်သိလား. .. .. ။ ကောင်မက သားကော မန်နေဂျာတွေပါ ဒီဆေးရုံကိုရောက်ပြီး အလုပ်များနေမှန်းသိလို့ ဒီည သားရဲ့စက်ရုံဂိုထောင်တွေကို မီးရှို့ဖို့ ကြံနေတာ။ မာမီတို့ရောက်သွားတော့ ဒင်းတို့အဲ့ဒီကိစ္စတိုင်ပင်နေကြတာနဲ့ ဒဲ့တိုးပြီး ကွိခနဲမိတော့တာပဲ "



မာမီသော်က ခရီးရောက်မဆိုက် သူမ မာမီစန်းကို ဖမ်းလာပြီဖြစ်ကြောင်း သက်အောင်ကို လှမ်းပြောလိုက်လေသည်။ သက်အောင်လည်း မာမီသော်ကို ပြုံးပြလိုက်ပြီး



" တော်သေးတာပေါ့မာမီရယ်။ မာမီကယ်ပေလို့. .. . မဟုတ်ရင် အခက်ပဲ။ စက်ရုံပိတ်ရတာက ကျတော့်အတွက် ပြသနာမရှိပါဘူး။ ကျတော့်ဆေးကို သုံးစွဲနေကြတဲ့ မိဘပြည်သူတွေနဲ့ ကျတော့်အလုပ်သမားတွေကတော့ ဒုက္ခရောက်ကြတော့မှာ။ ဒါနဲ့ မာမီက ဘယ်ကစစ်သားတွေခါ်လာတာလည်း "



ဟု ပြန်လည်ပြောဆိုမေးမြန်းလိုက်လေ၏။



" ဒါ တိုင်းစစ်ဌာနချုပ်ရုံးက သားဦးလေးရဲ့ စစ်သားတွေလေ။ မိစန်းတို့သားကို ဒုက္ခပေးနေတဲ့အကြောင်း စစ်ရုံးကို သွားပြီး သားဦးလေးကို မာမီတိုင်လိုက်တယ်။ ဒါနဲ့ မင်းဦးလေးက စိတ်တွေဆိုးပြီး ဒီကောင်မတွေကို ဖမ်းဖို့ စစ်သားတွေထည့်ပေးလိုက်တော့တာပဲ။



ဒီလိုလုပ်မှသားရေ. .. .မဟုတ်ရင် ဒီကောင်မတွေနဲ့ ရဲတွေက ပွတ်နေကြတာ။ ဒီနေ့ မာမီဖမ်းလည်း နောက်နေ့ပြန်လွတ်လာမှာပဲ။ ခုလို တပ်ကနေဖမ်းပြီး ပို့လိုက်တာဆိုတာ့ ပုလိပ်တွေလည်း ပြန်လွှတ်ပေးရဲမှာမဟုတ်တော့ဘူးလေ။



မာမီလည်း မိစန်းကို စိတ်ပေါက်ပေါက်ရှိတာနဲ့ သူ့တပည့်တွေကော သူ့လင်တွေကို သူ့မယားတွေကော အားလုံး စစ်ကားပေါ်ဖမ်းတင်လာခဲ့တာ။ စခန်းရောက်မှ စစ်သင့်တာစစ် ဖမ်းသင့်တာဖမ်း လွှတ်သင့်တာလွှတ် လုပ်ရတော့မှာပဲ။



မိစန်းကတော့ မာမီအကြောင်း ကောင်းကောင်းသိစေရမယ်။ ကောင်မက မာမီလေနာရောဂါထလို့ နိုင်ငံခြားဆေးထွက်ပြတာကို အူကင်ဆာဘာညာနဲ့ ရောင်တော်ပြန်လွှတ်နေတာ. .. .။ ခုတော့ သင်းနားကားပြီ။ လုပ်ခဲ့သမျှ မကောင်းမှုတွေကိုရင်မှာပိုက်ပြီး ထောင်ထဲမှာ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်တော့ အေးဆေးဝင်နေဖို့ ပြင်ပေရော့။ သူ ခုလုပ်နေတဲ့ မူးယစ်ဆေးဝါးမှုအတွက်ပါ မာမီ့မှာ စုံစမ်းထားတဲ့ သက်သေတွေရှိတယ် ဟွင်း ဟွင်း. .. .. "



မာမီသော်က စကားကိုအဆုံးသတ်လိုက်ပြီး သူမလွန်စွာပိုင်နိုင်သည်ဟူသောဟန်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာရှိလေတော့သည်။



သက်အောင်လည်း မာမီသော်ကို ချီးမွမ်းစကားများကော ကျေးဇူးတင်စကားများပါ ခပ်များများပြောကြားလိုက်ပြီး ဖိုးသဲလက်ချက်ဖြင့် နှာရိုးကျိုး၍ ဆေးရုံရောက်နေသည့် ခင်မောင်မြင့်ကိုပါ တလက်စတည်း အိမ်သို့ပြန်ပို့ပေးရန် အကူအညီတောင်းလိုက်လေ၏။



ထိုအခါ မာမီသော်က



" ဟို အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ လိမ်ဖယ်ဖယ်ကောင်မဟုတ်လား။ အဲ့ကောင် တကယ့်တဏှာရူး. .. . ကားပေါ်ရောက်ကာမှ ဗိုလ်လေးကို သုံးချက်လောက် နားရင်းတီးခိုင်းရဦးမယ် "



ဟု ကြုံးဝါးလိုက်ပြီး ခင်မောင်မြင့်ကို အိမ်ပြန်ပို့ပေးမည့်အကြောင်းကတိပေးကာ စစ်သားလေးများကိုခေါ်ယူလျှက် ထွက်ခွာသွားလေတော့သည်။



မာမီသော်ထွက်သွားသောအခါ သက်အောင်က အခန်းဘက်သို့ပြန်လှည့်လိုက်ပြီး



" အခု ဝမ်းသာစရာ သတင်းတစ်ခုကို ကျတော်ပြောပြချင်ပါတယ်။ ဟောဒီ အဆင့်မြင့် အထွေထွေအထူးကုဆေးရုံကြီးဟာ အရင်က ကျတော်နဲ့ ကျတော့်မိတ်ဆွေ ဆြာဝန်တစ်ယောက် ရှယ်ယာဖွင့်ခဲ့ကြတဲ့ ဆေးရုံကြီးပါ။ ဒါပေမယ့် ခုတော့ ကျတော့်ရဲ့မိတ်ဆွေက နိုင်ငံခြားကိုအပြီးထွက်သွားပါပြီ။ ရှယ်ရာအားလုံးကိုလည်း ကျတော်က သူ့ကိုအမ်းလိုက်တာမို့ ဒီဆေးရုံကြီးဟာ ကျတော် တစ်ဦးတည်းပိုင် ဖြစ်သွားပါပြီ။



ဒီတော့ နောက်လကစလို့ ကျတော်နဲ့ ပန်းရောင်က ဒီဆေးရုံကြီးကို တာဝန်ယူကြီးကြပ်ရမှာဖြစ်တဲ့အတွက် အထွေထွေမာန်နေဂျာ ကိုသန့်ဇင်ကို CEO အဖြစ်ခန့်ထားပြီးနတ်သြသဓဆေးဝါးလုပ်ငန်းက ကျတော့်ရဲ့နေရာမှာ တာဝန်ယူစေမှာဖြစ်ပါတယ်။



ကိုသန့်ဇင်ကို ရာထူးတိုးသလို ခင်ဦးကလည်း အထွေထွေမာန်နေဂျာရာထူးကို တဆင့်တိုးယူပြီး ကိုယ်သန်ဇင်နဲ့အတူတူ ညှိနှိုင်းတိုင်ပင်လို့ တွဲဖက်လုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။ "



လုပ်ငန်းတိုးချဲ့လိုက်ကြောင်းနှင့် ကိုသန်ဇင်၊ခင်ဦးတို့အား ရာထူးအသီးသီးတိုးမြှင့်ပေးလိုက်ကြောင်း သက်အောင်က အထက်ပါအတိုင်း ကြေငြာလေသည်။ ထို့နောက် စကားကိုခေတ္တရပ်ကာ ခင်ဦးရှိရာ ကုတင်နားသို့ တိုးသွားပြီးမှ ခင်ဦးနှင့် ဖိုးသဲကို ညွှန်ပြ၍ စကားဆက်ပြန်၏။



" တစ်လက်စတည်း ကျတော် ဒီထက်ဝမ်းသာစရာအကြောင်းအရာတစ်ခုကို ဆက်လက်ကြေငြာချင်ပါသေးတယ်။ အဲ့ဒါကတော့ ကျွန်တော်က ခင်ဦးကို စောင့်ရှောက်ဖို့ တာဝန်ပေးအပ်ထားတဲ့ မောင်ဖိုးသဲဟာ ခင်ဦးကို အနီးကပ်စောင့်ရှောက်ရင်း အမှန်တကယ်ကို မတ္တာသက်ဝင်ချစ်ခင်သွားပြီး တစ်သက်လုံးစောင့်ရှောက်ချင်ကြောင်း ကျတော့်ကို ခွင့်တောင်းလာပါတယ်။



သိုပေသိ သကောင့်သားက အတိုက်အခိုက်မှာ ရဲရင့်ဖြတ်လတ်သလောက် ဒီလိုကိစ္စမျိုးမှာ ကြောက်ရွံ့လေးလံနေတာမို့ ကျတော်ကပဲ ဆြာကောင်းပီပီ ရှေ့ကနေ လမ်းဖောက်ပေးရခြင်းပါ။ ဒီကလေးရဲ့ အကြင့်စာရိတ္တနဲ့ လုပ်ရည်ကိုင်ရည်ပိုင်းကို ကျတော် တာဝန်အပြည့်ယူပါတယ်။



ဒါ့အပြင် ဒီကလေးနဲ့ ခင်ဦး မေတ္တာသက်ဝင်ဆုံဖက်ဖြစ်ကြမယ်ဆိုရင် သူတို့နှစ်ယောက်လုံးကို ညီလို ညီမလို သဘောထားပြီး တိုက်တစ်လုံး ကားတစ်စီး လက်ဖွဲ့ဖို့အစီအစဉ် ကျတော့်မှာရှိကြောင်း ခုကတည်းက သတင်းကောင်းပါးထားပါရစေ။



အဲ့ဒါ ဦးလေးဌေးသန်းနဲ့ ခင်ဦးတို့ ဘယ်လို သဘောထားရှိတယ်ဆိုတာ ဖြေးဖြေးခြင်း စဉ်းစားကြပါ။ "



သက်အောင်၏ စကားဆုံးသောအခါ ဦးဌေးသန်းကတော့ သမီးဖြစ်သူအတွက် ပီတိဖြစ်ဟန်ဖြင့် အောက်ပါအတိုင်း စကားဆိုရှာလေသည်။



" သမီးရဲ့သဘောပါကွယ်။ ဦးလေးကတော့ နောက်လကစလို့ ရာသက်ပန်သင်္ကန်းဝတ်ပြီး ဦးလေးရဲ့ မိုက်ကြွေးတွေကို ဓမ္မရေအေးနဲ့ ဆေးကြောဖို့ ဆုံးဖြတ်ပြီးပါပြီ။ သမီးလေးအတွက် မောင်သက်အောင်လို သမီးပန်းရောင်လို မောင်သန့်ဇင်လို မောင်ဖိုးသဲလို ဆြာကောင်း ညီကိုမောင်နှမ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ရှိနေကြတာ သိရတော့ ဦးလေး စိတ်ချသွားနိုင်ပါပြီကွယ်. .. .. "



" စိတ်ချပါဦးရယ်။ ခင်ဦးကို ညီမလေးအရင်းတစ်ယောက်လို ကျတော် စောင့်ရှောက်မှာပါ "



သက်အောင်လည်း ဦးဌေးသန်းကို ခင်ဦးအားစောင့်ရှာက်မည်ဖြစ်ကြောင်း ပြန်လည်ကတိပေးလိုက်လေတော့၏။



ခင်ဦးကတော့ ဖိုးသဲ၏ ရင်ခွင်ထဲ၌ အရှက်သည်းစွာဖြင့် သူမ၏ ခေါင်းဖွက်ထားလိုက်လေတော့သည်။



အထက်ပါအဖြစ်အပျက်များပြီးဆုံး၍ တစ်လခန့်အကြာတွင် ကိုတိုးကြီးတစ်ယောက် ဆေးဝါးအတုလုပ်မှုဖြင့် အဖမ်းခံထိလေတော့သည်။ ဝင်ရာက်ဖမ်းဆီးသူမှာ လက်ထောက်ညွှန်ကြားရေးမှူးခင်မောင်မြင့် ဦးဆောင်သော အဖွဲ့ဖြစ်သည်ဟု သိရလေ၏။



ခင်မောင်မြင့်ဦးဆောင်သောအဖွဲ့သည် စားသောက်ကုန်လုပ်ငန်းများ ဆေးဝါးလုပ်ငန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ စံချိန်စံညွှန်းမပြည့်မှီသော စည်းကမ်းမညီညွတ်သော လုပ်ငန်းများကို ချက်ခြင်းတရားစွဲပိတ်သိမ်းကြောင်း နာမည်ကြီးလေသည်။ လာဘ်ထိုးခြင်း ညှိနိုင်းခြင်းများကိုလည်း လုံးဝလုံးဝ လက်မခံချေ။ ခင်မောင်မြင့် ပါးစပ်မှမချသော စကားတစ်ခွန်းမှာ



" စည်းကမ်းအတိုင်းပဲ ကျုပ်သွားမယ်။ ပြည်သူလူထုရဲ့မျက်နှာကိုပဲ ကြည့်တယ်။ ငွေမျက်နှာကိုမကြည့်ဘူး။ ကျုပ်ကိုလာဘ်ထိုးရင် အမှုပိုကြီးသွားမယ် '



ဟူ၍ ဖြစ်လေတော့၏။



သက်အောင်တို့လည်း စစ်ဆေးခံရန် အသင့်ပြင်ကြရလေသည်။ သို့သော် ခင်မောင်မြင့်သည် နတ်သြသဓ ဘက်ကိုတော့ ခြေဦးပင် မလှည့်ပေ။ သက်အောင်အား တယ်လီဖုန်းနှင့်ဆက်သွယ်ကာ



" ကိုသက်အောင်တို့ လုပ်ငန်းကတော့ အရည်းအသွေးပြည့် စံချိန်ပြည့်ပါဗျာ။ ကျတော်ယုံကြည်ပါတယ်။ ဆေးဝါးသောက်သုံးသူ ပြည်သူလူထုအပေါ်မှာ ကိုသက်အောင်ထားတဲ့စေတနာကို ကျတော်ကောင်းကောင်းနားလည်ပြီးသား။ အထွေအထူးလာစစ်နေစရာမလိုပါဘူး "



ဟု ၎င်းတို့အဖွဲ့မလာရောက်တော့ကြောင်း လှမ်းပြောလေ၏။ သက်အောင်တို့လည်း ဖိုးသဲကန်လိုက်သောကန်ချက်သည် ခင်မောင်မြင့်၏ နှာခေါင်းကိုပါမက ခေါင်းကိုပါ ထိသွားလေသလားဟူ၍ အံသြကြရလေတော့သည်။

.

.

.

ဦးဌေးသန်းမှာတော့ သာသနဘောင်သို့ ဝင်လေရာ ပန်းရောင်၏မိခင် ဒေါ်လေးမေ ကရဟန်း ဒယိကာမအဖြစ် ခံယူလေ၏။ သက်အောင်လည်း စက်ရုံနှစ်ရက်ပိတ်၍ အလှူကြီးပေးလေတော့သည်။



အလှူအပြီးတွင် သက်အောင်နှင့် ပန်းရောင်သည် ခင်ဦးကို အိမ်သို့လိုက်ပို့ကြကာ လမ်းတွင်ဝင်ရောက်ဝယ်ယူလာခဲ့သည့် အစားအစာများကို ပျော်ပျော်ပါးပါးစားသောက်ကြလျှက် ရှေးဟောင်းနှောင်းဖြစ်များ အနာဂတ် အစီအစဉ်များကို ပြောကြဆိုကြလေ၏။ ထို့နောက် ထိုညအတွက် ခင်ဦးအခန်း၌ပင် အိပ်ဆက်လိုက်ကြလေသည်။



ခင်ဦးလည်း ဧည့်သည်များဖြစ်ကြသော ကိုသက်အောင်နှင့် ပန်းရောင်တို့ကို အဲကွန်းရှိသည့် သူမ၏ အိပ်ခန်းအတွင်း၌ပေးသိပ်လိုက်၍ သူမကမူ အိမ်ရှေ့ ဧည့်ခန်းတွင် ပြတင်းတံခါးများဖွင့်ကာ အိပ်ယာခင်း အိပ်ဆက်လိုက်လေသည်။ အိပ်ယာအပြင်အဆင် အခက်အခဲကြောင့် ကိုသက်အောင်တို့နှစ်ယောက်ကို အိပ်ယာတော့ ခွဲမပေးဖြစ်လိုက်တော့။

.

.

.

ညကတစ်ဖြေးဖြေးနက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်လာလေသည်။ တစ်ချက်တစ်ချက် ဂစ်ခနဲ အော်လိုက်သော ညဉ့်ငှက်သံများမှလွဲ၍ အခြားအသံပလံများမကြားရတော့။



တစ်နေကုန်ပင်ပမ်းထားသဖြင့် အိပ်ဆက်အနားယူလိုက်တော့မည်ဟုတွေးလျှက် ခင်ဦး အိပ်ချင်ပျိုးလိုက်လေ၏။ ထိုအချိန်တွင် အခန်းတွင်းမှ ပန်းရောင်၏ . ." အ " ခနဲ အသံစူးစူးလေးတစ်ချက် ခပ်အုပ်အုပ်ထွက်ပေါ်လာလေသည်။



ခင်ဦးလည်း မျက်စိကျယ်သွားကာ အခန်းတွင်းသို့အာရုံစိုက်၍ ဆက်လက်နားစွင့်လိုက်လေ၏။ အခန်းသည် လုံသော်လည်း ဖော်မီကာပြားများဖြင့်ပင် ဖွဲ့ထားသည့်အခန်းဖြစ်သောကြောင့် သေခြာနားစိုက်ထောင်ပါမူ အခန်းတွင်းက အသံပလံတိုကို အပြင်မှ ကြားရပေမည်။



ခင်ဦးလည်း ဆက်လက်နားစွင့်နေလိုက်ရာ တပြွတ်ပြွတ်နမ်းရှုံ့သံများနှင့်အတူ တဒုတ်ဒုတ် တဘုတ်ဘုတ် လူးလွန့်သံများ၊ ပန်းရောင်၏ တဟင်းဟင်း တဟားဟား ညဉ်းတွားရှိုက်ငင်သံများကိုပါ ခပ်သဲ့သဲ့ ကြားလာရလေတော့သည်။



ခင်ဦး အိပ်မရနိုင်တော့။ ရင်ခုန်သံများ တဒိန်းဒိန်းမြန်ဆန်လာပြီး ကြက်သီးမွေးညင်းများလည်း တဖြန်းဖြန်းထောင်ထလာရလေတော့၏။ ယခင် သူမ ရူးသွပ်စွဲလမ်းခဲ့ရသော၊ အကြိမ်ကြိမ်မှန်းဆ စိတ်ဖြေခဲ့ရသော သူမချစ်ခဲ့ရသူနှင့် ထိုသူ၏ချစ်သူမိန်းကလေးတို့သည် ယခုအခါ သူမ၏ နဘေးအနီး အခန်းတစ်ခုအတွင်း၌ ချစ်ရည်လူးနေကြပြီမဟုတ်ပါလား။



စိတ်အစဉ်တွင် လှိုင်းတံပိုးများ ဝုန်းဒိုင်းဆန်လျှက် ခင်ဦးတစ်ယောက် အိပ်မရနိုင်ဘဲရှိလေရာ. . . ခေတ္တကြာသောအခါ အခန်းတွင်းမှ အနမ်းသံများပျောက်သွားပြီး ကိုသက်အောင်၏ ဟင်းခနဲ ဟင်းခနဲ ကျိတ်မှိတ်မာန်တင်းသံများ နှင့်အတူ ပန်းရောင်၏ . . . . အမေ့...အ. .. .အကို. .. ကျွတ်ကျွတ် ကျွတ်. .. .အ..အမလေး . . .စသဖြင့် ပြင်းပြင်းရှရှ ညီးတွားသံကလေးများပါ တလွင်လွင် ထွက်ပေါ်လာသည်ကို ကြားသိရလေတော့သည်။



ဤကဲ့သို့ ခင်ဦး အခန်းထဲ အာရုံရောက်နေစဉ် သူမ၏ကျောကို တစ်စုံတစ်ယောက်က ခြင်ထောင်အပြင်မှ ခပ်ဖွဖွလာရောက်ပုတ်ခတ်လေ၏။ ခင်ဦးလည်း အလန့်တစ်ကြားဖြင့် ကပြာကယီထိုင်ပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ. ..



" ရှူးး ကျတော်ပါ မမရဲ့။ ဖိုးသဲပါ "



လက်ညှိုးကိုပါးစပ်တွင်ကပ်၍ ပြောင်ချော်ချော်မျက်နှာပေးဖြင့် သူမအားပြုံးပြနေသော ဖိုးသဲကိုတွေ့လိုက်ရလေသည်။ ခင်ဦးလည်း ဖိုးသဲကို အံလေးကျိတ်ပြလိုက်ပြီး



" ကောင်စုတ်လေး ဘယ်ကရောက်လာတာလဲ "



ဟူ၍ မေးမြန်းလိုက်သောအခါ ဖိုးသဲက ဖွင့်ထားသည့်ပြတင်းပေါက်ကိုလက်ညှိုးထိုးပြလျှက်



" ဟို အပေါက်ကပေါ့မမရဲ့ "



ဟု ပြန်လည်ဖြေကြားလေသည်။



" ငါတော့ စိတ်ညစ်တာပါပဲဟယ်။ အိမ်ရှေ့လှေကားကလာလည်းရသား. .. .တော်ကြာ ပြုတ်ကျ ဘယ့်နှယ့်လုပ်မလဲ "



" မမက ကျတော့်ကို စိတ်ပူတယ်ပေါ့. .. .. "



ခင်ဦးက ဖိုးသဲအမေးကိုပြန်မဖြေဘဲ မျက်နှာလေးတည်လိုက်ပြီး



" ဒါတွေထားပါ. .. .. ခု မင်းဒီကို ဘာလာလုပ်တာတုန်း "



" မမရယ် မမကို ကျတော်အမြဲစောင့်ရှောက်ပါရစေ လို့ ခွင့်တောင်းပြီးလို့ မမက လည်း ခေါင်းငြိမ့်ခဲ့ပြီးပြီပဲ။ အဲ့ဒီတော့ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် မမအနားမှာ ကျတော်အမြဲရှိနေတာပေါ့ "



ဖိုးသဲ၏ စကားတတ်မှုကြောင့် ခင်ဦးမျက်နှာတည်တည်လေးလည်း ပြုံးယောင်သန်းသွားရလေ၏။



" အပိုတွေပါကွာ. .. .မယုံပါဘူး။ စကားတတ်တိုင်း လျှောက်ပြောနေတာ "



" ယုံပါမမရယ်။ ကျတော်မမကို တကယ်ချစ်တာပါ။ နေဦး . . . မမယုံအောင် ကျတော်သက်သေပြမယ်။"



" အို . . .ဟဲ့ . .ဘယ့်နှယ့် "



ဖိုးသဲက ပြောပြောဆိုဆိုဖြင့် ခင်ဦးခြင်ထောင်ထဲသို့ ဝင်လိုက်ခြင်းဖြစ်လေ၏။



အခန်းအတွင်းရှိ ကိုသက်အောင်တို့ စုံတွဲကြောင့် ချစ်ရည်ဝင်းပ ရွှန်းမြနှင့်ပြီး ဖြစ်သောခင်ဦးလည်း ဖိုးသဲကို ထွေထွေထူးထူး ငြင်းဆန်မနေမိတော့. .. .. .. ။



မိနစ်အနည်းငယ်ကုန်လွန်သွားပြီးနောက် တိုက်ခန်းအတွင်းတွင် ပန်းရောင်၏ ချစ်သံစဉ်တေးသွားသံများနှင့်အတူ ခင်ဦး၏ ချစ်သီချင်းရှိုက်ငင်ဆိုငြီးသံများသည်လည်း တဆထက်တဆ ကျယ်လောင်စွာ အပြိုင်အဆိုင် ထွက်ပေါ်လာလျှက် ရှိလေတော့သည်။

.

.

.

ပြီးပါပြီ



(ပုထုဇနော ဥမ္မတကော)



ရေတွင်မပျော်သော ငါး