အမြင့် ကြောက်သော ငှက်
'' မင်းတို့တွေဟာ အတော်ကျေ းဇူးကန်းတဲ့ကောင်တွေ။ မင်းတို့ အပေါ်မှာ ငါဒီလောက်ကောင်းခဲ့တာကို. . .ငါ့အပေါ်ကြတော့ ပြန်ပြီး အသိတတ်တရားမထားကြဘူး။ ဘယ့်နှယ့်ကွာ . . .ငါ့ ကား ကိုအနားထားပြီး ဘဲကင် အခေါက်ကင်ကို တနယ်လုံးမှာ ဒီလောက်အထိနာမည်အကြီးဆုံးဖြစ်သွားအောင် ရောင်းရလား ''
ဦးပုရဲ ့ဒေါသတွေက အထွတ်အထိတ်ကို ရောက်နေချေ ပြီ။ လူခန့်လည်း မျ က်နှာငယ်လေးဖြင့် အရဲကိုးပြီး ရှင်းပြဖို့ ကြို းစားရတော့တာပေါ့။
'' ကျွ န်. . .ကျွ န် . . .ကျွ န်တော်. .တို့ . . .''
'' ဟေ့ကောင် . . .လုပ်ချ င်တာလုပ်ပြီး ခုမှ ငါ့ရှေ ့မှာ အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်ပြမနေနဲ့။ မင်းတို့ကို ငါ ဘာစိတ်အဆိုးဆုံးလည်း သိလား ''
'' မ. . .မ. .သိ ''
'' အေးးးး မသိရင် သေအောင်မှတ်ထား ဘဲကင် အခေါက်ကင်တွေကို ဒီနယ်တစ်ဝိုက်မှာ နာမည်အကြီးဆုံးဖြစ်အောင်ရောင်းပြီး ငါ့အတွက်ကြတော့ တစ်ခွက်မှ ပို့မပေးတာကိုပဲကွ . . .။
ခုချ က်ခြင်း တို့အတွက် အခေါက်ကင်တွေ ဘဲကင်တွေချ စမ်းကွာ . . .။ အပြတ်စားပြစ်လိုက်မယ် . . . ''
ဦးပုရဲ ့စကားလည်း ဆုံးကော လူခန့်နဲ့ အောင်ဘုလည်း
'' ဗျ ာ. . . . .'' ကနဲ
သံပြို င်ရေရွတ်လိုက်ကြပြီး တစ်ယောက်မျ က်နှာကို တစ်ယောက်ကြည့်လိုက်ကြတော့တယ်။ ဦးပုက လူခန့်တို့ဘေးမှာ ဝိုင်းထားကြတဲ့ သူ့တပည့်တွေကိုလည်း
'' ဟေ့ကောင်တွေ . . .ဘာကြောင်တောင်တောင်လုပ်နေတာလည်း။ လွတ်တဲ့ဝိုင်း ဝင်ထိုင်ကြလေ။ ဒီနေ့ ငါဒကာခံမှာ ''
ဟု ပြောလိုက်လေရာ . . .ထိုသူတို့မျ ားကလည်း ပျေ ာ်ရွှင်ဝမ်းမြောက်စွာဖြင့်
'' ဟေးးး ခနဲ '' အော်ဟစ်လိုက်ကြပြီး နီးစပ်ရာဝိုင်းမျ ားတွင် သူ့ထက်ငါဦးအောင် အလုအယက် နေရာအသီသီး ဝင်ယူကြပါတော့တယ်။
ထို့နောက် ဦးပုက အဖြစ်အပျ က်တွေကို လူခန့်နဲ အောင်ဘု နားလည်သွားအောင် ရှင်းပြလေတယ် . . . .
'' ဒီလိုကွ . . .ငါ ငယ်ငယ်တုန်းက ဝက်သားသိပ်ကြို က်တာ။ တစ်ခါတော့ ငါအကြီးအကျ ယ်နေမကောင်းဖြစ်တာ သေကောင်ပေါင်းလည်းပဲ။ အဲ့ဒီအချ ိန်မှာ ငါ့အဖေက ငါ့ကိုဆြာဝန်ပြပေးသလို နတ်ယုံတဲ့ ငါ့အမေကလည်း သူကိုးကွယ်တဲ့ နတ်တွေကိုပင့်ပြီး ပွဲပေးဘာပေး လုပ်တော့တာ။ ဆြာဝန်ရဲ ့ကုသမှုနဲ့ ငါပြန်ပြီးနလံထလာပေမယ့် မေမေက ဖေဖေထက်စာရင် ငါနဲ့အနေပိုနီးတော့ သူပြောပြသလို သူ့ရဲ ့နတ်တွေ စောင့်ရှောက်မစလို့သာ ငါအသက်ချ မ်းသာရာရခဲ့တယ် လို့ ယုံကြည်မိခဲ့တယ်။ အဲ့ဒီကတည်း ငါလည်း ငါသိပ်ကြို က်တဲ့ ဝက်သားကို စွန့်လွှတ်ခဲ့ပြီး နတ်တွေကို ကိုးကွယ်ပသတော့တာပဲ။
ခုတော့ အမှန်တရားကို ငါကောင်းကောင်းသိပါပြီ။ တကယ့်လက်တွေ ့ဘဝမှာ ဒီနတ်တွေဟာ ဘာမှ အရေးမပါဘူး . . .ကိုယ့်အတွက် တကယ် မှီခိုရာ အားထားရာအစစ်ဟာ ကိုယ်ပြု ခဲ့တဲ့ ကောင်းမှုကုသိုလ်ကံနဲ့ မိတ်ဆွေရင်းခြာတွေပဲ ဖြစ်ကြတယ်ဆိုတာကိုပေါ့။ အဲ့ဒါကြောင့် ငါဆိုတဲ့ကောင်က နတ်ယုံတဲ့ အခြောက်ဦးပုမဟုတ်ဘူး . . .ဝက်သားကြို က်တဲ့ ဦးပုဆိုတာကို မင်းတို့သိအောင်လက်တွေ ့လာပြရတာပဲဟေ့။
ငါခုလိုအမြင်မှန်တွေ ပြန်ရလာအောင် ငါ့ကို လမ်းပြပေးခဲ့တဲ့ ့လမ်းပြကြယ်လေးလည်းရှိသေးတယ် . . .''
ဦးပုဟာ လူခန့်တို့ကိုရှင်းပြနေရင်း ခရောင်းကားဆီသို့ ထွက်သွားပြီး ကားနောက်ခန်းတံခါးကို ဖွင့်လို့ . . .
'' လာ . . .စတားလေး ''
ဟု ခေါ်လိုက်လေရာ ကားပေါ်မှ ဆံပင်တိုတို မျ က်နှာဝိုင်းဝိုင်း မျ က်လုံးပေါက်ကျ ဉ်းကျ ဉ်း နဲ့ ခန္ဓာကိုယ်ပြည့်တင်းလှပတဲ့ တရုတ်မတစ်ယောက် ဆင်းလာပါတော့တယ်။ အသက် ၃၀ ဝန်းကျ င်ရှိ အနှီတရုတ်မဟာ ဦးပုရဲ ့လက်မောင်းတစ်ဖက်ကို ဆွဲယူမှီခိုလိုက်ပြီး လူခန့်တို့ ရှိရာသို့ နှစ်ဦးတွဲလို့လျေှ ာက်လှမ်းလာကြလေတယ်။
လူခန့်တို့လည်း ဦးပုလုပ်သမျှ ကို အံ့သြမှင်သက်စွာ လိုက်ကြည့်နေကြရတော့တာပေါ့။ အနားကိုရောက်တော့ ဦးပုက . . .
'' ဒါက ခင်မေလွမ် တဲ့။ ငါကတော့ စတားလေး လို့ပဲခေါ်တယ်။ ငါ့ရဲ ့လမ်းပြကြယ်လေးမို့လို့။ ပြီးခဲ့တဲ့ အပတ်ကမှ သူနဲ့ ငါနဲ့ ရုံးတက်လက်ထပ်လိုက်ကြတာ။ ငါ ခုလိုပြောင်းလည်းသွားတာဟာ သူ့ကြောင့်အမျ ာကြီးပါတယ် ။
ဘယ်လိုလည်း . . .ငါ့မိန်းမ မိုက်တယ်မဟုတ်လား။ ပြီးတော့ ဦးပုဆိုတဲ့လူဟာ အိုမင်းမစွမ်းမဟုတ်ဘူး။ အိုပေမယ့်စွမ်းတုန်း သန်တုန်း ဆိုတာကို မင်းတို့ကို ငါ သက်သေလာပြတာပဲ ''
ဟု၎င်းရဲ ့စကားကို အဆုံးသတ်လိုက်မှ လူခန့်တို့လည်း '' ဟူးးးး းး ခနဲ '' သက်ပြင်းချ နိုင်တော့တာပေါ့။လူခန့်က . . .
'' ဦးလေးရယ် . . .မိန်းမယူတာ ကျွ န်တော်တို့တောင်မသိရပါလား ''
လို့ပြောလိုက်တော့
'' ငါက မင်းတို့ကို စပရိုက်လုပ်ချ င်လို့ '' တဲ့လေ။
'' တရုတ်မလေးကို ယူထားမှတော့ ဦးလေး ဘယ်ဝက်သားရှောင်လို့ဖြစ်ပါတော့မလဲ။ ဝက်သားရှောင်မလား လူသားရှောင်မလား ကြို က်တစ်ခုခုရွေးရတော့မှာလေ ''
အောင်ဘုက အရွှန်းထဖောက်လိုက်တယ်။
'' အေးပေါ့ကွာ. . .ပြောပါ ပြောပါ။ ငါကလည်း အိုကြီးအိုမကြမှ ဟောဒီက တရုတ်မလေးကို ချ စ်မိသွားတာကိုးးးကွ . . . .ဟားး ဟားး ဟားး ဟားး''
ဦးပုက ပြန်ပြောလိုက်ပြီး သုံးယောက်သား ပြို င်တူရယ်လိုက်ကြတော့တာပေါ့။
'' အို. . .ကိုကြီးနဲ့ မောင်လေးတို့ကလည်း ဘာတွေပြောမှန်းလည်းမသိဘူး ''
ခင်မေလွမ်ကတော့ အရှက်သည်းလျှ က်။
.
.
.
ဦးပုတို့ဆုံတွဲဦးဆောင်တဲ့ အဖွဲ ့ဟာ လူခန့်တို့ဆိုင်မှာ စိတ်တိုင်းကြ ပျေ ာ်ပျေ ာ်ရွှင်ရွှင် စားသောက်ကြပြီး ပြန်လည်ထွက်ခွာသွားကြတော့တယ်။ ဦးပုက ပြန်နီး လူခန့်နား ကပ်လို့ . . . ကာမအားတိုးစေမယ့် ဟင်းလျှ ာတစ်မျ ို းလောက် စီစဉ်ပေးဖို့အကြောင်းကို နားပူနဆာလုပ်သွားသေးတာ။ ဒါနဲ့ လူခန့်လည်း ဦးတိတ်ရှောင်ကိုမေးစမ်းကြည့်တော့ ဦးတိတ်ရှောင်က. . .
'' ဒါမြန်းကွာ။ ဘဲတစ်ကောင်ဝယ်။ ပရဆေးဆိုင်က ဆင်တုန်းမနွယ် x x x သား ။ အိမ်နောက်ဖေးမှာ အလေ့ကျ ပေါက်နေတဲ့ ရှဉ့်မတက်က x x xသား ''
စသဖြင့် ဦးပုအတွက် ဟင်းချ က်ပေးဖို့ လမ်းညွှန်ပြသလိုက်လေတယ်။လူခန့် နောက်နေ့ဟင်းချ က်ပြီး သွားပို့တော့ အဘိုးကြီးက သိပ်ကိုပျေ ာ်ရွှင်တက်ကြွလို့။
နောက်သုံးရက်လောက်ကြာတော့ ဦးပု လူခန့်ဆီရောက်လာပြန်ပါကော။
'' မင်းဟင်းက သိပ်စွမ်းတယ်။ အဲ့ဒီနေ့ညကဆိုရင် စတားလေး ငိုပြီးတော့ကို တားယူရတာ။ အစကတော့ မရပ်ချ င်ဘူးပေါ့။ နောက်ပိုင်း သနားလာတာနဲ့ ငါလည်းကိစ္စကို အပြီးသတ်ပေးလိုက်ရတယ်။ သူ့ခမြာ ပျေ ာ့ခွေသွားတာပဲ။
မင်းဟင်းကိုတော့ ငါသိပ်သဘောကြသွားပြီ။ နောက်နေ့တွေမှာ လည်း ငါ့ဖို့ အဲ့ဒီဟင်း စီစဉ်ပေးပါဦးကွာ။ ငါ ကျ သ၍ ရှင်းပေးပါ့မယ်။ ပြီးတော့ ငါ့လို မိန်းမငယ်ငယ်ယူထားကြတဲ့ ငါ့ဘော်ဒါ အဖိုးကြီးတွေကိုလည်း မင်းဟင်း ညွှန်းပေးမယ်။ ''
ဟု တောင်းဆိုတာကြောင့် လူခန့်လည်း ထိုဟင်းကို သုံးရက်ခြားတစ်ခါလောက်ချ က်ပြီး ဦးပုဆီကိုပို့ပေးနေရတော့တာပေါ့။
ဦးတိတ်ရှောင်နဲ့ တွေ ့တဲ့အခါ ဦးတိတ်ရှောင်က လူခန့်ကို
'' အဲ့ဒီဟင်းနည်းက တကယ်စွမ်းတဲ့ တရုတ်နန်းတွင်းနည်းကွ။ စားရတာလည်း အရသာရှိသလို စွမ်းဆောင်ရည်ကလည်း အံ့မခန်းဘဲ။ ကြည့်ပါလား . . .ဦးပုလို အသက်ခြောက်ဆယ်ကျေ ာ် အဖိုးကြီးမှာတောင် ဒီလောက်အစွမ်းပြနေသေးရင် အသက်လေးဆယ်ကျေ ာ် ငါးဆယ် ဝန်းကျ င် အမျ ို းသားတွေဆို ဘာပြောကောင်းပါ့မလဲ။
အဲ့ဒီတော့ လူ့အနေနဲ့ ဒီဟင်းချ က်ရောင်းရင်. . .ရောင်းကောင်းမှာ မြေကြီးလက်ခတ်မလွဲပဲ။ ဈေ းလည်းကြို က်သလောက်ဆိုပေတော့။ လူ့ တို့ ဝ တို့ ယောကျ ်ားတွေဆိုတာ ဒီလိုကိစ္စမျ ို းတွေဆို မနှမြောတတ်ကြဘူးမဟုတ်လား ''
စသဖြင့် အကြံဉာဏ်တွေ ထပ်ပေးလိုက်ပြန်ရာ . . . လူခန့်လည်း ထိုဟင်းကို '' ကျ ားတစ်ရာ ဘဲပေါင်း '' လို့ ကင်ပွန်းတပ်ပြီး ကြော်လှော်ရောင်းချ ရမယ့်ဟင်းစာရင်းထဲမှာ ထည့်ထားလိုက်တော့တယ်။
လူခန့်ရဲ ့ဆိုင်လည်း အရင်အလုပ်ဖြစ်တယ်ဆိုတာထက် ၄၀ ရာခိုင်နှုန်းလောက် ပိုမိုပြီး ရောင်းအားတိုးတက်သွားပါတော့တယ်။
လတွေနှစ်တွေလည်း ပြောင်းခဲ့ပြီပဲ။ လူခန့်လည်း အသက် ၂၉ နှစ်တင်းတင်းပြည့်ခဲ့ပြီး အခြားသူမျ ားလည်း ကိုယ်စီကိုယ်စီ အသက်အရွက်တွေ ကြီးရင့်ကုန်ကြတော့တယ်။
'' မြို ့စားကြီး '' စားသောက်ဆိုင်မှာလည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုအောင်မြင်လာတာ အခုဆိုရင် မူလဆိုင်ဟောင်းရဲ ့ဘေးမှာ ကားအဝင်အထွက်အတွက် ပေ ၂၀ လောက်လမ်းချ န်ထားပြီး ကျ န်တဲ့ ခြံမျ က်နှာစာတစ်ခုလုံးကို ဆိုင်ခန်းကျ ယ်ကြီး အသစ်ထပ်ဆောက်လိုက်ရတယ်။
ဆိုင်မှာ စည်ဘီယာ ကော့တေး အပျေ ာ့ အပြင်း red black green blue gold စသဖြင့် အဖျေ ာ်ယမကာမျ ို းစုံကို ရရှိနိုင်ပြီလေ။ ဘဲကင်နဲ့ အခေါက်ကင်ကလည်း ကောင်းလွန်းဆိုတော့ လူခန့်ရဲ ့ဆိုင်ဟာ အချ ိန်တိုင်း ဝိုင်းပြည့်နေတော့တာ။ ဘဲကင်နဲ့ အခေါက်ကင် ကကောင်းတယ်ဆိုလို့ ကျ န်တဲ့ အစားအစာတွေကလည်း ညံ့မယ်မထင်လေနဲ့ . . . ရန်ကုန်က တော်ရုံ တန်ယုံ ဟိုတယ်လောက်ကို သနားတယ် . . .။
ကြော်တဲ့ ချ က်တဲ့ အလုပ်ကိုတော့ လူခန့်ကိုယ်တိုင် မလုပ်တော့ဘူး။ မီးဖိုခန်းမှာ လူခန့်ရဲ ့လက်ထွက် စားဖိုမှူ း သုံးယောက်ခန့်ထားတယ်။ အဲ့ဒီသူတွေကို မောင်သူရက ကြီးကြပ်ရတယ်။ ဆိုင်မှာ အလုပ်သမား စားပွဲထိုး ကျ ားမ ပေါင်း အယောက်အစိတ်လောက်ရှိပြီး ဆိုင်ရဲ ့အနောက်ဘက်မှာ ကျ ားဆောင်တစ်ဆောင် မဆောင်တစ်ဆောင် ဆောက်ပြီး ထားထားရတာ။ အလုပ်သမားအရေးနဲ့ ဈေ းဝယ်ဖို့ချ မ်းဖို့ ကုန်တွေအော်ဒါမှာဖို့ကို မကြီးက တာဝန်ယူပြီး ဆိုင်ရဲ ့အလှအပသန့်ရှင်းသပ်ရပ်ရေးကိုတော့ ဒေါ်နွဲ့ နဲ့ သီတာက တာဝန်ယူကြတယ်။
လူခန့်က စာရင်းလောက်ပဲလုပ်တော့တာ။ ဆိုင်ကို အရေးကြီး ဧည့်သည်တွေ ခင်မင်ရတဲ့ မိတ်ရင်းဆွေညာတွေ လာတယ်ဆိုရင်တော့ လူခန့်က ကိုယ်တိုင် ကြော်ချ က်ပြီး ဧည့်ခံလေ့ရှိတယ်။ လူခန့်မှာက အခြားအာရုံစိုက်စရာ ကားလုပ်ငန်းကလည်းရှိနေပြီမဟုတ်ပါလား. . .။
ကားလုပ်ငန်းအစက ဒီလို . . . .ဦးပုက ခင်မေလွမ်နဲ့ငြားပြီးနောက်ပိုင်း ကားတွေကို တဖြေးဖြေးလျေ ာ့ချ ပြီး ခင်မေလွမ်တို့ရဲ ့ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ ကုန်စုံဆိုင်ကို အားစိုက်ချ င်တယ်။ အဲ့ဒါနဲ့ပဲ ကားတွေရောင်းဖို့ လူခန့်ကိုလာတိုင်ပင်တော့ လူခန့်လည်း ဦးတိတ်ရှောင်သံယောဇဉ်နဲ့ မိမိတို့ဆီမှာထားထားတဲ့ ကားနီကြီးကို ဖြစ်ညှစ်ပြီးအရင်ဝယ်လိုက်တော့တာ။
လူခန့်ကော အောင်ဘုကပါ ကားလုပ်ငန်းနဲ့ အကျွ မ်းဝင်ပြီးသားသူတွေဖြစ်တဲ့အပြင် ဦးတိတ်ရှောင်ရဲ ့ ပံ့ပိုးမှုကလည်း ပါသေးတာကြောင့် ကားနီကြီးက လူခန့်တို့လက်ထဲမှာ အတော်အလုပ်ဖြစ်တယ်။ အဲ့ဒါနဲ့ လူခန့်ဟာ ကားလုပ်ငန်းကိုပါ စိတ်ဝင်စားသွားပြီး ဦးပုပိုင်တဲ့ ကားခြောက်စီးထဲက လတ်သေးတဲ့ကား သုံးစီးကို တစ်စီးစီ တဖြေးဖြေးချ င်း ဝယ်ယူဖြစ်လိုက်တော့တာပေါ့။ ကျ န်တဲ့ကားတွေကိုတော့ ဦးပုက တောဘက်ကို အောက်ဈေ းနဲ့ရောင်း ထုတ်လိုက်တယ်လေ။
ခုတော့ အောင်ဘုလည်ကားမမောင်းတော့ဘူး။ ကားသုံးစီးမှာ ဒရိုင်ဘာတွေ စပါယ်ရာတွေ ရွေးချ ယ်ခန့်ထားပြီး ကြီးကြပ်လုပ်ကိုင်ရတယ်။ ကားနီကြီးကိုတော့ လူခန့်က လုံးလုံးအနားပေးလို့ ခြံခေါင်းရင်းမှာ သူ့အတွက် ဂိုထောင်ဆောက်ပြီးကို သိမ်းထားတော့တာ။
အရင် အိမ်တွေ တဲတွေကိုလည်း ဖျ က်လိုက်ပြီး အိမ်နေရာမှာ အာစီ နှစ်ထပ်တိုက် ကောင်းကောင်းတစ်လုံးဆောက်လို့ လူခန့်တို့မောင်နှမ နေကြတယ်။ တဲနေရာမှာ တော့ လူခန့်က အာစီ တစ်ထပ်တိုက်တစ်လုံးကို ခပ်ကျ ယ်ကျ ယ်ဆောက်လိုက်ပြီး အောင်ဘုတို့ မိသားစု ဆွေမျ ို းတစ်သိုက်ကို ပေးနေလိုက်တော့တယ်။ နောက်ပိုင်းမှာ မကြီးမြသီက သူ့အတွက်အဖော်ရအောင်ဆိုပြီး သီတာကို နှစ်ထပ်တိုက်ဆီကို ပြန်ခေါ်ထားလိုက်လေရဲ ့။
အောင်ဘုနဲ့ သူဇာမှာလည်း သားလေးတစ်ယောက်ရတာ သုံးနှစ်သားတောင်ရှိသွားပြီလေ။ လူခန့်က မိမိနဲ့မကြီး အတွက် ခရောင်းကားတစ်စီးနဲ့ အောင်ဘုတို့အတွက် ဖီဒါ တစ်စီး ဝယ်ထားတော့ အားလုံးသွားရေးလာရေးကအစ အဆင်ပြေနေကြတာပေါ့။ ဒါ့အပြင် လူခန့်ဟာ. . . . မကြီးကလွဲရင် ကျ န်တဲ့ အောင်ဘု သူဇာ သီတာ ဒေါ်နွဲ ့ မောင်သူရ တို့ကို ၎င်းတို့လုပ်ဆောင်ရတဲ့ တာဝန်တွေကိုလိုက်ပြီး လစာကောင်းကောင်းပေးထားသေးတယ်။ မကြီးကတော့ လစာမလိုဘူးလေ . . . လူခန့်ဆီက ကြို က်သလောက်ယူသုံးလို့ရနေတာပဲ။
ဒီလိုနဲ့ လူခန့်တို့ရဲ ့ ညီညီညွတ်ညွတ်ကြို းစားမှု . . .ဦးတိတ်ရှောင်ရဲ ့ လမ်းညွှန် အကြံပေးမှု ဆောင်မကြည့်ရှုမှုတွေကြောင့် လူခန့်ရဲ ့ဘဝဟာ ကိုးနှစ် ဆယ်နှစ်အတွင်းမှာကို အပြောင်းလည်းကြီး ပြောင်းလည်းလာခဲ့ပါတော့တယ်။
တစ်ညတော့ ဦးတိတ်ရှောင်ရဲ ့ ကားဂိုဒေါင်ခေါင်မိုးပေါ်မှာ လူခန့်နဲ့ ဦးတိတ်ရှောင် ထိုင်ပြီး စကားလက်ဆုံကြ နေကြလေရဲ ့။ ဆိုင်ပိတ်ချ ိန်တော့မရောက်သေးဘူး။ လူတိုင်းက သူ့အလုပ်နဲ့သူလည်ပတ်နေကြဆဲ။ လူခန့်တစ်ယောက်သာ ဦးတိတ်ရှောင်နဲ့ စကားအေးဆေးမပြောရတာကြာလို့ ဂိုဒေါင်ပေါ်တက်ခဲ့တာ။
လူမှုရေး စည်းပွားရေး သာရေး နာရေး စသဖြင့် ရောက်တတ်ရာရာပြောကြရင်း ဦးတိတ်ရှောင်က လူခန့်ကို စကားစလာတယ်။
'' လူ့ရဲ ့ ရိုးသားကြို းစားမှု ဝရဲ ့ လမ်းညွှန်ပမ့်ပိုးမှု တွေကြောင့် ခုဆိုရင် လူ့ရဲ ံ့ရည်ရွယ်ချ က်တွေပြည့်မြောက်ပြီး လော်ပန် ဘဝကို ရောက်ခဲ့ရပြီ။ ဝ လည်း ဒီထက်ကောင်းတဲ့ ဒီထက်မြင့်တဲ့ နတ်ဘုံကို သွားချ င်ပြီ။ ဒါပေမယ့် ဝ မှာ ကိစ္စတစ်ခုကို နောက်ဆံတင်းနေရတာကြောင့် စိတ်ချ လက်ချ မသွားနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒါ ဝ အနေနဲ့ စိတ်ချ လက်ချ နတ်ဘဝကို သွားနိုင်ဖို့ . . . လူ့ ဝ ကိုကူညီပါလို့ အကူအညီတောင်းပါရစေ ''
'' အို . . .ဦးတိတ်ရှောင်ရယ် . . . ဒီလောက်တောင်စကားပလ္လင်တွေ ခံနေရလား။ ကျ ု ပ်နဲ့ခင်ဗျ ားက ပြောရမယ့်လူတွေမှမဟုတ်တာ။ ခင်ဗျ ားအတွက်ဆို ကျ ု ပ်က ဘာမဆိုကူညီဖို့အသင့်ပဲ။ နောက်ဆုံး ကျ ု ပ်ခုပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ခင်ဗျ ားအတွက်ဆို ဝဲလ်ကမ်း ပဲ။ ဘာလို့လည်းဆိုတော့ ခဗျ ားနဲ့ ကျ ု ပ်က မိတ်ရင်းဆွေရင်းတွေဆိုလည်းဟုတ်တယ်. . . ဆြာတပည့်ဆိုလည်းဟုတ်တယ်. . .တူဝရီးတွေဆိုလည်း ဟုတ်တယ်. . .မဟုတ်လား။ ကဲ. . .ပြောမှာသာပြော . . .ကျ ု ပ် ဘာကူညီရမလဲ ''
စိတ်စေတနာအရင်းခံနဲ့ တက်ကြွလန်းဆန်းစွာ ပြောလိုက်တဲ့ လူခန့်ရဲ ့စကားသံကို ကြားလိုက်ရတော့ ဦးတိတ်ရှောင်လည်း ပီတိအပြုံ းတွေ ဝေဆာသွားကာ . . .
'' လူ့ပြောသလောက်ကြီးလည်း မဟုတ်ပါဘူး လူ့ရယ် . . .။ ဝ ကိုကူညီလို့ လူ့ရဲ ့စည်းစိမ်ဥစ္စာတွေလည်း မစွန့်လွှတ်ရပါဘူး။ စည်းစိမ်တွေ မစွန့်လွှတ်ရတဲ့အပြင် ကံကောင်းရင် လူ့အတွက် ဖြူ ဖြူ လှလှဇနီးလိမ္မာလေးတစ်ယောက်တောင် ရဦးမယ် ''
'' အိုးး ပစ္စည်းဥစ္စာတွေ မဆုံးရှုံးတဲ့အပြင် မိန်းမချေ ာချေ ာလေးတောင်ရဦးမယ် ဟုတ်လားး။ ဒီကလည်း အသက်သုံးဆယ်နားကပ်နေပြီ ခုထိမစွံသေးလို့ မိန်းမလိုချ င်နေတာနဲ့အတော်ပဲ။ ပြောစမ်းပါ . . .ဘာအကူအညီလည်း ခုချ က်ခြင်းကို ပေးချ င်လာပြီ ''
လူခန့်က အရွှန်းဖောက်လိုက်ပြီး နှစ်ယောက်သား '' တဟား ဟား '' ရယ်မိလိုက်ကြပြန်တယ်။ အဲ့ဒီနောက် အရယ်တန့်လို့လူခန့်က
'' ကဲပြော . . .ကျွ န်တော် ဘာကူညီရမှာလည်း ''
လို့ ဦးတိတ်ရှောင်ကို မေးလိုက်ရာ ဦးတိတ်ရှောင်က အဝေးတစ်နေရာကို ဆွေးဆွေးမြေ့မြေ့တစ်ချ က်မြှော်ကြည့်ပြီး ၎င်းအကူအညီတောင်းလိုတဲ့ ကိစ္စကို လူခန့်သိအောင် ဖြေးဖြေးခြင်း ရှင်းပြနေပါတော့တယ်။
.
.
.
'' ဒီလို လူ့ ရဲ ့ . . .ဝ လူ့ဘဝတုန်းက ရန်ကုန်ပြည်လမ်းမပေါ်မှာရှိတဲ့ အင်းမဆိုတဲ့ မြို ့ကလေးမှာ စားသောက်ဆိုင်အလုပ်ကို လုပ်ကိုင်ခဲ့တာ အရမ်းကို အလုပ်ဖြစ်တယ်။ အင်းမကလည်း မြို ့သာသေးတာ။ ပတ်ဝန်းကျ င်ကောစကံရွာတွေက အမျ ားသား။ လယ်ယာကိုင်းကျွ န်းလည်း ကောင်းကြတော့ ရွာသားတွေဟာ အရမ်းကို ငွေရွှင်ကြတယ်။ ရွာတွေမှာက မီးမရတော့ သူတို့ဟာ ညမှောင်ပြီဆို အင်းမမြို ့ပေါ်ကိုတက်လာကြပြီး တစ်မြို ့လုံးမှာ မီးအလင်းဆုံးဖြစ်တဲ့ ဝ ရဲ ့ဆိုင်မှာ စတည်းချ လို့ သောက်ကြစားကြ ပျေ ာ်ကြပါးကြတော့တာပဲ။ ဒါက နယ်မိတ်နော်။
ကျ န်တဲ့ ဟိုင်းဝေးခရီးသည်ကားတွေက တစ်ညကို အနည်းဆုံး ၃ စီးလောက် ဝ ဆိုင်မှာ ထမင်းဝင်စားကြတဲ့အပြင် ကုန်တင်ကားသမားတွေဟာလည်း ဝ ဆိုင်က လက်ရာနဲ့ ဆက်ဆံရေးကို သဘောခွေ ့ကြတယ်။ ပြောရရင် ဝ ရဲ ့စားသောက်ဆိုင်ဟာ ခု လူ့ ရဲ ့ဆိုင်လောက်မဟုတ်ရင်တောင် တော်တော်တော့ အလုပ်ဖြစ်တယ်လို့ ဆိုရမှာပဲ။ ဒါပေမယ့် ဝ က ဒီဆိုင်နဲ့တင်ကြေနပ်မနေဘဲ ကားအလုပ် လယ်ယာအလုပ်တွေကိုလည်း လုပ်လို့ရသမျှ အကုန်ဖြန့်ကျ က်လုပ်ဆောင်ထားတာ။
ငွေရှိနေပြီိဆို ဘာလုပ်လုပ် အဆင်ပြေတယ်လေ။ ဝ လုပ်တဲ့အလုပ်တိုင်း အောင်မြင်ပြီး အမြတ်အစွန်းတွေ အမျ ားကြီးရတာချ ည်းပဲ။ အဲ့ဒီတော့ ဝ ဟာ နှစ်စဉ် ဝ ရတဲ့အမြတ်အစွန်းတွေထဲက လှူ သင့်တာလှူ ပြန်ရင်းသင့်တာရင်း ပေးကမ်းသင့်တဲ့သူကို ပေးကမ်းပြီး ကျ န်တာတွေကို ပြည်ဘဏ်မှာ တက်အပ်ထားတာ အားလုံးပေါင်း သိန်း ၅၀၀ ကျေ ာ်လောက်ရှိတယ်။ ဝ ပိုင်တဲ့ လယ်တွေကလည်း ဧက ရာကျေ ာ်တောင်။ အဲ့ဒီလယ်တွေကိုတော့ ဝ ရဲ့မိတ်ဆွေ ရှေ ့နေကြီးဦးသိန်းအောင်က ထိန်းသိမ်းလုပ်ကိုင်ပေးတယ်။ သူက မိရိုးဖလာလယ်သမားမျ ို းရိုးက ဆင်းသက်လာတော့ အားလုံးကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တယ်လေ။ ဝ က နှစ်စဉ်အမြတ်စာရင်းလောက်ပဲ စစ်ရတာ။
ဝ ကားစမ်းမောင်းရင် ကားတိုက်သေတော့ ဝ မှာ ဇူးဇူးမောင်လို့ခေါ်တဲ့ သားလေးတစ်ယောက်နဲ့ ဆူးစူးနှင်းဆီ ဆိုတဲ့ သမီးလေးတစ်ယောက် ကျ န်ရစ်ခံ့တယ်။ သူတို့လေးတွေခမြာ သနားပါရဲ ့ . . .ငယ်စဉ်ကတည်းက သူတို့အမေ ဆုံးပါးသွားလို့ မိတဆိုးလေးတွေဖြစ်နေရာက . . . ဝ ပါထပ်ဆုံးပါးတော့ ဖ တဆိုးလေးတွေပါ ထပ်ဖြစ်ကုန်ကြတော့တာပေါ့။
ဝ ရဲ ့သား ဇူးဇူးက ဆိုးသွမ်းတဲ့အကျ င့်ရှိတယ်။ အရွယ်နဲ့မလိုက်အောင် အပေါင်းအသင်းစုံပြီး ဝ ရဲ ့အလုပ်အကိုင်တွေကိုလည်း ဘာမှ စိတ်မဝင်စားဘူး။ လောင်းကစားမှာလည်း လက်စကြီးသလို အသုံးအဖြု န်ကလည်း အားကြီးလက်ဖွာတယ်။ ဒါပေမယ့် သားကြီးအတွက်တစ်ခုခံသာတာက ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဝ မိဘ. . သူ့အဘိုးအဖွားတွေရဲ ့ အမွေကို ဝ တို့ တရုတ်လူမျ ို းတွေထုံးစံအတိုင်း ဝ မရှိရင် သားကြီးက ဆက်ခံရမှာ။ အဲ့ဒီအတွက် စာရွက်စာတန်းတွေလည်း ရှေ ့နေကြီး ဦးသိန်းအောင်ဆီမှာရှိပြီးသား။ သားကြီး အသက် ၁၈ နှစ်ပြည့်တာနဲ့ တစ်ခါတည်းလွှဲပေးလိုက်ရုံပဲ။
ဝ စိတ်ပူမိတာက ဝ ရဲ ့သမီးငယ်လေး ဆူး အတွက်ပဲ။ ဒါနဲ ့ ဝ လည်း ကားအက်စီးဒင့်မဖြစ်ခင် နှစ်လလောက်အလိုမှာ သမီးလေးရဲ ့နောင်ရေးကို စိတ်မအေးဖြစ်ပြီး ရှေ ့နေကြီးနဲ့တိုင်ပင်လို့ . . . ဝ ပိုင်တဲ့ လယ်ယာကိုင်းကျွ န်းတွေ နဲ့ ဘဏ်က သိန်း ၅၀၀ ကျေ ာ်အပါအဝင် ဝ ဆိုင်ဖွင့်ထားတဲ့ အိမ်နဲ့ခြံကိုပါ သမီးလေး ဆူး နာမည်နဲ ့လွှဲထားမိခဲ့တယ်။
ဒါပေမယ့် . . .ဝ ရုတ်တရက်တိမ်းပါးသွားခဲ့ရင် သားကြီးက သူ့ညီမကို အနိုင်ကျ င့်ပြီး ငွေတွေ . . .ပိုင်ဆိုင်မှုတွေကို လုယူဖြု န်းတီးပြစ်မှာ စိုးရိမ်တာကတစ်ကြောင်း . . . . သမီးလေး ဆူး က ငယ်ရွယ်သေးတာက တစ်ကြောင်းကြောင့် . . . . .သမီး ဆူး ၂၃ နှစ်ပြည့်လို့ ယောကျ ်ားရပြီးကာမှ ဒီဟာတွေကို လွှဲပေးရမယ် . . . .လို့ စာချ ု ပ်ထဲမှာ ထည့်ရေးပြီး ရှေ ့နေကြီးဆီမှာ စာချ ု ပ်ကော ပိုင်ဆိုင်မှုအထောက်အထားတွေအားလုံးကိုပါ အပ်ထားလိုက်တော့တာပေါ့။
ဒီလိုလုပ်ခဲ့တာ သိပ်မှန်သွားတယ်။ ဝ က ခုလို စောစောစီးစီး စံစီလောသွားတော့ သမီးလေးခမြာ သိပ် ဒုက္ခရောက်ရှာတယ်။ ဝ ဆုံးတော့ သူ့အသက်က ၁၃ နှစ် ကလေးသာသာရှိသေးတာကိုး။ သားကြီးကတော့ ဝ လည်းဆုံးကော သူ့ကိုအလိုလိုက်တဲ့ သူ့အမေဘက်က အဒေါ်အပျ ို ကြီးဆီ ပြေးတော့တာပဲ။ အဲ့ဒီမိန်းမကြီးလည်း ကြာကြာမနေလိုက်ရပါဘူး။ သားကြီး အသက် ၁၈ နှစ်ပြည့်ခါနီးမှာ မိန်းမရောဂါနဲ့ ကွယ်လွန်သွားရှာတယ်။ သားကြီးဟာ အဘိုးအဖွားတွေရဲ ့အမွေကော အဒေါ်ကြီးရဲ ့အမွေတွေပါရပြီး သိပ်ကို သုံးလို့ဖြု န်းလို့ကောင်းနေတော့တာ။
ဝ ဆုံးတယ်ဆိုတဲ့ အသံလည်းကြားကော ရန်ကုန်က ဝ ရဲ ့ညီမတစ်ဝမ်းကွဲ ကျ င်မေ အိမ်ကိုရောက်လာပါကော။ တစ်ယောက်တည်းကျ န်ခဲ့တဲ့ သမီးလေးဆူးကို စောင့်ရှောက်ဖို့ ဘာဘာညာညာအရပ်ထဲမှာ လျေှ ာက်ပြောပေမယ့် သူတစ်ကယ်တမ်း အင်းမကိုရောက်လာတာက ဝ ပိုင်ဆိုင်သမျှ ကို အပိုင်သိမ်းဖို့ပဲ။ သူလောဘတက်မယ်ဆိုလည်းတက်စရာလေ။ ဝ မှာ ဆွေမျ ို းအနီးစပ်ဆုံးဆိုလို့ ဝ သားနဲ့ သမီးပြီးရင် သူပဲရှိတာ။
ဒါပေမယ့် ရှေ ့နေကြီးဆီက သူသိလိုက်ရတာက . . .အိမ်တွေခြံတွေ လယ်ယာမြေတွေနဲ့ ဘဏ်ကငွေတွေကို သမီးဆူးနာမည်နဲ့လွှဲပေးပြီးသား။ အသက် ၂၃ ပြည့်တာနဲ့ ထိမ်းမြားလက်ထပ်ပြီးရင် ဒါတွေကို သမီး ဆူး ဆီလွှဲပေးရမယ် . . .ဆိုတာကိုပဲပေါ့။ ကျ င်မေလည်း လောင်းကစားနဲ့ စည်းပွားပျ က်ပြီး အင်းမမှာ ပွပေါက်လာကြံတာဆိုတော့ ရန်ကုန်ကို မပြန်တော့ဘဲ သမီးကို အဖော်ပြု သလိုလိုနဲ့ အင်းမမှာ ဆက်နေတယ်လေ။ ဘာပဲပြောပြော စာချ ု ပ်ထဲမှာ ပါမသွားတဲ့ ကားတွေက သူ့အတွက်မျေှ ာ်လင့်စရာတွေပဲမဟုတ်လား။
ကျ င်မေ့မှာ ရှယ်လီ လို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ ဂျ င်မီ လို့ခေါ်တဲ့မွေးစားသားတစ်ယောက် ပါလာကြပြီး ဂျ င်မီက သမီးလေးထက် ၄ နှစ်လောက်ကြီးတယ်။ ရှယ်လီကတော့ ၂ နှစ်လောက်ကြီးတယ်။
ကျ င်မေဟာ စားသောက်ဆိုင်ကိုလည်း ဆက်ဖွင့်သလို ကားလုပ်ငန်းကိုလည်း ဟန်မပျ က်ဆက်လုပ်တယ်။
အဲ့ဒီအချ ိန်ကစပြီး ကျ င်မေဟာ သမီးလေးကို အိမ်နိမ့်စံဘဝနဲ့ နှိမ့်ချ ချ ု ပ်ချ ယ်ထားတော့တာပေါ့။ ကျေ ာင်းလည်း ထုတ်ပြစ်လိုက်တယ်။ သမီးလေးကို ကျ င်မေ ပြစ်ပြစ်ခါခါကြီး မလုပ်ရဲတာက သူ့ရဲ ့အကို လူမိုက် ဇူးဇူးကို ကြောက်လို့။
သားဇူးဇူးက ရှားရှားပါးပါး စိတ်ကောင်းဝင်ပြီး မမူးတဲ့အချ ိန်ကြရင် သူ့ညီမကို သိပ်ချ စ်တတ်တော့ အဲ့ဒီအခါမျ ို းမှာ သမီးလေးကို သွားတွေ ့ပြီး အဆင်ပြေလား ဘာ ညာ မေးလေ့ရှိတယ်။ ဒါပေမယ့် အဲ့လို အချ ိန်မျ ို းကလည်း လေး ငါး ခြောက်လ မှ တစ်ခါလောက်ပဲ ဖြစ်တတ်တာပါ။ ကျ န်တဲ့ အချ ိန်တွေကတော့ သမီးလေးခမြာ တစ်ယောက်တည်းအထီးကျ န်အားငယ်နေရရှာတာပေါ့။ ပြီးတော့ သမီးက စိတ်ကူးပေါက်မှ ချ ို ကြားချ ို ကြား ရောက်လာတတ်တဲ့ အစ်ကို ဖြစ်သူကို အားမကိုးရဲတော့ လက်ရှိအတူတူ နေ နေရတဲ့ ကျ င်မေတို့နဲ့ အဆင်ပြေအောင် သူ့အစ်ကိုလာမေးရင် အဆင်ပြေကြောင်း ညာပြောရရှာတယ်လေ။
ကျ င်မေဟာ မလုပ်တတ်လုပ်တတ်နဲ့ ကားလုပ်ငန်းကို လုပ်ရင်း လောင်းကစားတွေကလည်း ရှုံးနေတာကြောင့် ကားတွေကို တစ်စီးပြီး တစ်စီးထုတ်ရောင်းနေတာ ခုဆိုရင် ဝ ပိုင်တဲ့ကားတွေ တစ်စီးမှ မရှိတော့ဘူး။ စားသောက်ဆိုင်ကိုလည်း ဖွင့်သာထားတာ စိတ်မပါတော့ သူတို့ရဲ ့ ဆက်ဆံရေးညံ့ဖျ င်းမှုကြောင့် စားသုံးသူတွေကလည်း စိတ်ကုန်လာကြသလို သစ္စာရှိတဲ့ ဝန်ထမ်းဟောင်းတွေ အကြော်ဆြာတွေဟာလည်း ပြေးကုန်ကြတော့တယ်။
ဒီလိုနဲ့ ကျ င်မေဟာ ရှိတာတွေရောင်ချ ပြီး ဘဝကိုဖြစ်သလိုဖြတ်သန်းနေတုန်း လွန်ခဲ့တဲ့ တစ်နှစ်လောက်မှာတော့ ဖဲဝိုင်း လူသတ်မှုနဲ့ ဝ ရဲ ့သားကြီးဇူးဇူး ထောင်ကျ သွားပါလေကော။ သားကြီးကလည်းမရှိ သမီးလေးကလည်း အသက် ၂၃ နှစ်ပြည့်ခါနီးလာတော့ ယုတ်မာဖို့ကို သင်းတို့က တစ်မျ ို းကြံပြန်တယ်။
အဲ့ဒါကတော့ သမီးလေး ၂၃ နှစ်ပြည့်တာနဲ့ သူရဲ ့မွေးစားသား ဂျ င်မီနဲ့လက်ထပ်ပေးပြီး သမီးလေးရမယ့် လယ်ယာမြေတွေ အိမ်ခြံတွေ ပိုက်ဆံတွေကို လက်ဝါးကြီးအုပ် သိမ်းယူဖို့ပဲ။ သင်းက အခုကတည်းကတောင် မင်္ဂလာကိစ္စကို အတင်းစီစဉ်ချ င်နေတာ။ ရှေ ့နေကြီးက. . .ကာယကံရှင်ရဲ ့ ဆန္ဒမပါဘဲနဲ့ အတင်းအကြပ်စီစဉ်ရင် ဘယ်လိုဘယ်ပုံတွေ ပြစ်မှုမြောက်တယ် . . .ဆိုပြီး ဥပဒေလမ်းကြောင်းနဲ့ တားမြစ်ထားလို့ သူတို့အစီအစဉ်ကို သမီးကလေး လက်ခံဖို့ ကိုချေ ာ့တစ်ခါ ချေ ာက်တလှည့်နဲ့ စဉ်းရုံးသိမ်းသွင်းရင်း သမီးလေး အသက် ၂၃ နှစ်ပြည့်တာကို စောင့်နေကြလေရဲ ့။
ဒါ့ကြောင့် ဝ အနေနဲ့ လူ့ကို အကူအညီတောင်းချ င်တာက . . .အဲ့ဒီလို လူယုတ်မာတွေ လက်ထဲမှာ ရောက်နေတဲ့ ဝရဲ့သမီးလေး ဘဝကို လူ့ကယ်တင်ပေးပါကွာ. . .။ နောက်ဆုံး ဝ ရဲ ့ပိုင်ဆိုင်မှုတွေ ငွေကြေးတွေ ဘာမှ ပြန်ပါမလာရင်နေပါစေ. . .သမီးလေး ဒီလူတွေရဲ့လက်ထဲက လွတ်မြောက်ရင် ဝ ကြေနပ်ပါပြီ။ သမီးလေးရဲ ့ဘဝမှာ အားကိုးစရာ အတော်ကိုမဲ့နေပါပြီ။ အစ်ကိုကလည်း ထောင်ကျ နေတဲ့ လူမိုက်။ အနီးစပ်ဆုံး ဆွေမျ ို းတွေကလည်း သူ့အပေါ်ကို မကောင်းကြံဖို့ အမြဲ အသင့်ဖြစ်နေကြတယ်။
အခြားဆွေရင်းမျ ို းညှာ အပေါင်းအသင်းလည်းမရှိ ပညာလည်း ဆုံးခန်းတိုင်အောင် မသင်ရရှာဆိုတော့ သမီးလေးခမြာ သူ့အပေါ်မကောင်းတဲ့ ဒီလူယုတ်မာတောထဲက ရုန်းထွက်မသွားရဲဘဲ သူတို့နဲ့အဆင်ပြေအောင် အလိုက်အထိုက်ကြည့်နေရတာပါ။ ''
.
.
.
ဦးတိတ်ရှောင်က သူ့ရဲ့ဘဝဇာတ်ကြောင်းနဲ့ မိသားစုအခြေအနေကို အရှည်သဝေး ပြောပြပြီး လူခန့် ဆီကိုအကူအညီတောင်းရင်း မျ က်ရည်မျ ားပင် ရစ်ဝဲလာရှာတယ်။ လူခန့် လည်း ဦးတိ်တ်ရှောင်ပြောပြသမျှ ကို နားထောင်ပြီး စိတ်မကောင်းလည်းဖြစ် မခံမရပ်နိုင်လည်း ဖြစ်တာကြောင့် ဦးတိတ်ရှောင်ကို မိမိအစွမ်းအစရှိသ၍ အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
'' စိတ်ချ . . . ဦးတိတ်ရှောင်။ ဆူးလေးကို ဒီယုတ်မာတွေရဲ ့လက်ထဲကနေ ကျ ု ပ်မရ ရအောင်ဆွဲထုတ်မယ်။ ဒါ့အပြင်ကို သူရသင့်ရထိုက်တဲ့ သူ့ရဲ့ရပိုင်ခွင့်တွေကိုလည်း တစ်ပြားတစ်ချ ပ်မှ မဆုံးရှုံးဘဲ ရစေ ရမယ်။ ပြီးရင် ဒီလူယုတ်မာတွေကိုပါ အိမ်ပေါ်ကနေ နှင်ချ ပြမယ် . . .''
လူခန့်ရဲ ့ အားတက်သရော ကြွေးကျေ ာ်ကတိပေးစကားသံကြောင့် ဦးတိတ်ရှောင်ရဲ ့မျ က်နှာလည်း ပြန်ပြီး ရွှင်လန်းသွားတော့တာပေါ့။
'' ဒါနဲ့ . . . နေပါဦး ဦးတိတ်ရှောင်ရဲ ့။ ခင်ဗျ ားက ကားနီကြီးနဲ့ ကားနီကြီးနားမှာနေပြီး အင်းမမှာရှိတဲ့ ခင်ဗျ ားသမီး ဆူးလေး ရဲ့အကြောင်းတွေကို ဘာလို့သိနေရတာလည်း ''
လူခန့်က စိတ်ထဲမရှင်းတာတစ်ခုကို မေးမြန်းပြန်တော့ . . .
'' လူ့ . . .အန်းကုန်း နတ်ကြီး ဆိုတာကို ကြားဖူးလား ''
'' ကြားဖူးတာပေါ့။ ဗှိုက်ရွှဲရွှဲနဲ့ နတ်ကြီးလေ။ သူ့ကိုယ်ပေါ်မှာ ကလေးတွေဖက်တက်နေကြတယ် ''
'' ဟုတ်တယ်လူ့ . . . . ဝ က မသေခင်ကတည်းက အန်းကုန်းနတ်ကြီးကို သိပ်ကိုးကွယ်တာ။ တိုက်ကြီးဘုံကျေ ာင်းမှာတောင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနဲ့ နတ်ကြီးအတွက် ဗိမ္မာန်ဆောင်တစ်ခု သွားလှူ ထားသေးတယ်။ ခု ဝ အဆင့်မြင့်သွားလို့ ရုက္ခစိုးနတ်ဖြစ်သွားရင် အဲ့ဒီကျေ ာင်းဆောင်မှာ နေရာရမှာ ။
ဒါတွေက ထားပါ. . .ဝ ပြောချ င်တာက ဝ သေသွားတဲ့အခါ သေပြီးပြီးခြင်း အန်းကုန်းနတ်ကြီး ဝ ဆီကိုရောက်လာတယ်။ ဝ ကို သူ့ဘုံကျေ ာင်းမှာ လာနေတော့တဲ့။ ဝ က. . . သမီးလေးကို စိတ်မချ လို့ လာမနေပါရစေနဲ့ဦး. . .လို့ ပြောပြီး သမီးလေးနဲ့ တွေ ့ခွင့်ပါတောင်းတော့ နတ်ကြီးက . . .နင် က ဒီကားနဲ့ နောက်ဆုံးသေတာ။ နင့်ရဲ ့ ဝိဉာဉ်က ဒီကားမှာ စွဲနေပြီ။ ခု နင် ငါနဲ့တစ်ခါတည်းလိုက်ပြီး ငါ့ကျေ ာင်းမှာ ရုက္ခစိုးလုပ်ရင်လုပ်။ မဟုတ်ရင် နင်ဒီကားအနီးတစ်ဝိုက်မှာပဲ နေရမယ် . . . လို့ ဝ ကိုရှင်းပြတယ်။
ဝ လည်း ငိုယိုပြီး မရမက ပူဆာခွင့်တောင်းတော့ နောက်ဆုံးမှာ . . .အေးလေ နင်ဒီလောက်တောင်ဖြစ်နေရင် ကားစောင့်လုပ်ပြီး လူတွေနဲ့ ၁၀ နှစ် ၁၅ နှစ်လောက်အတူတူနေဦးပေါ့။ ဒီကြားထဲ နင့်သမီးနဲ့ တစ်လမှာ တစ်ခါ တစ်ခါမှာ ၁၅ မိနစ်လောက် သွားတွေ့ပေါ့။ ဆိုင်ရာပိုင်ရာနတ်တွေကို ငါကြည့်ပြောပေးထားပါ့မယ်။ ဒါပေမယ့် ငါနောက်တစ်ခါလာခေါ်ရင်တော့ နင်မငြင်းနဲ့တော့နော်။ လူ့ဘဝထက် နတ်ဘဝ က အမျ ားကြီးသာပါတယ်ကွာ . . . . ဆိုပြီး ဝ ရဲ ့အနားကနေ ထွက်သွားတော့တာ။
ဝ လည်း အဲ့ကတည်းက သမီးလေးနဲ့ တစ်လကို ဆယ့်ငါးမိနစ်လောက် အိပ်မက်ထဲမှာ တွေ ့ခွင့်ရတယ်။ လူနဲ ့တွေ ့သလိုမျ ို းတော့ အပြင်မှာ တွေ ့လို့တော့မရဘူးပေါ့။ သမီးလေးရှိတဲ့နေရာကို သွားပြီး ဝ က အိပ်မက်ပေးရတာ။ သမီးလေးကလည်း သူခံစားနေရတဲ့ သောကတွေ ဒုက္ခတွေကို ဝ နဲ့ မတွေ ့တွေ ့ရတဲ့အချ ိန်လေးမှာ ပြောပြရင်ဖွင့်ရှာတယ်လေ . . . ။ဒါကြောင့် ဝ က သမီးလေးကော အခြားသူတွေရဲ ့အခြေအနေတွေကိုပါ သမီးလေးရဲ ့အိပ်မက်ထဲက ပြောစကားအရ သိနေရတော့တာ''
ဦးတိတ်ရှောင်ကလူခန့်နားလည်သဘောပေါက်အောင် ပြန်လည်ရှင်းပြလိုက်ရာ လူခန့်က
'' ဟုတ်ပါပြီ . . . ဆူးလေးကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ ကျ ု ပ်အစီအစဉ်ဆွဲပါ့မယ် . . .''
ဟု ကတိပေးလိုက်တော့တယ်။ အဲ့ဒီနောက် ဦးတိတ်ရှောင်က ညှို းငယ်စွာနဲ့ လူခန့်ကို စကားဆိုပြန်တယ. . . .. .
'' ဝ လူ့ကို အားနာနာနဲ့ပဲခွင့်တောင်းစရာ ရှိသေးတယ်။ အဲ့ဒါက တခြားတော့မဟုတ်ပါဘူး။ လူ့ ဝရဲ ့သမီးလေးကို ကယ်ထုတ်ဖို့ကြို းစားတဲ့အခါမှာ ဝ လူ့ကို အကူအညီမပေးနိုင်တော့ဘူး။
လွန်ခဲ့တဲ့ ၃ ရက်လောက်က ဝ ဆီကို အန်းကုန်းကြီး ရောက်လာခဲ့တယ်။. . . သူ့ကျေ ာင်းမှာ ရုက္ခစိုးနတ်လိုက်လုပ်ဖို့ အချ ိန်ကျ ပြီ . . .တဲ့။ ပြီးတော့သူက ပြောသေးတယ် . . .ဝ က ကားစောင့်ဘွနဲ့ နှစ်တွေအကြာကြီးနေလာတာဆိုတော့ ရုက္ခစိုးနတ်ဖြစ်ဖို့ကို ဥပုတ်စောင့်လို့ တချ ို ့သမ္မထ ကျ င့်စဉ်တွေ ကျ င့်ရတော့မယ် . . .ဆိုပြီး ဝ ကို ကျ င့်စဉ်တွေပေးသွားတယ်။
အဲ့ဒါတွေကျ င့်ရတော့မှာမို့ အင်းမကို ဝ မလိုက်နိုင်တော့ဘူး။ ကားနီကြီးကော ဝ ကိုပါ လူ့ ထားခဲ့ရလိမ့်မယ်။ လူ့ရဲ ့ကိုယ်စွမ်း ဉာဏ်စွမ်း ချ ည်းသက်သက်နဲ့ သမီးလေးဆူးကို ကယ်ထုတ်ရမှာ. . . .
တကယ်ဆို သမီးလေးအတွက်ပဲ။ ဝ လည်း လိုက်ပြီး လူ့ကို အရမ်းကို ကူညီချ င်နေတာ။ ဒါပေမယ့် အထက်က အမိန့်ကြပြီဆိုတော့ ဝ လွန်ဆန်လို့မရဘူး။ ဒီအတွက် လူ့ ဝ ကိုခွင့်လွှတ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါရစေ။ ''
ထိုအခါ လူ့ခန့်လည်း
'' အို . . .ဒီကိစ္စလေးလောက်ကို ဆြာပါစရာမလိုပါဘူး။ တပည့်နဲ့တင်ပြီးပါတယ်။ စိတ်သာချ နေ . . .ဆူးလေးကို ခေါ်ထုတ်လာပြီး ဟို အကျ င့်မကောင်းတဲ့ လောဘသားတွေကို ကောင်းကောင်းလက်စင်ပေးပြမယ်။ ဦးတိတ်ရှောင်မပါပေမယ့် ကျ ု ပ်မှာ ခင်ဗျ ားလမ်းညွှန်သင်ပြထားတဲ့ တွေးနည်းခေါ်နည်း လုပ်နည်းကိုင်နည်းတွေ အမျ ားကြီး ရှိနေပါပြီဗျ ။ ကိုယ့်ဘာသာကိုယ်သာ စိတ်ဖြောင့်လက်ဖြောင့် တရားအလုပ်လုပ်ကျ န်ရစ်ခဲ့ ''
ဟု လက်မကိုထောင်လျှ က် ဦးတိတ်ရှောင်ကို နှစ်သိမ့်စကားပြောကြားလိုက်ပါတော့တယ်။
.
.
.
ဆက်ရန်
.
အမြင့် ကြောက်သော ငှက်