မင်းသားကြီး အပိုင်း ၉



အမြင့်ကြောက်သော ငှက်






''ရယ်ဒီကျော်မဟုတ်ဘူးလို့ အကိုဘာလို့ပြောနိုင်လည်းဆိုရင် အဲ့ဒီနေ့တွေမှာ သူရန်ကုန်မှာရှိခဲ့တာမှန်တယ်။ ဒါပေမယ့် အပြင်မှာမဟုတ်ဘူး။ ဂါတ်ထဲမှာ အချုပ်ကြနေတာ။ ဘော်ဒါတွေနဲ့ ရှိုးပွဲသွားရင်း ရန်ဖြစ်ကြလို့ အချုပ်ခံရတာ။ ဟိုဘက်ကကလေးတစ်ယောက်က အတော်လေးအခြေအနေဆိုးသွားလို့ သူတို့လည်း အချုပ်ထဲမှာ ငါးရက်လောက်ကြာသွားတယ်လေ။ သီတင်းကျွတ် လပြည့်နေ့မတိုင်ခင် သုံးရက်လောက်အလိုကတည်းက အချုပ်ခံရတာ . . လပြည့်ကျော် နှစ်ရက်နေ့ ညပိုင်းမှ ပြန်လွတ်လေရဲ့။





ဒါတောင် ဟိုဘက်ကကလေး ပြန်သက်သာလာပြီး အကိုတို့လည်းအလိုက်ကောင်းလို့။ သူက အဲ့အချိန်မှာ အဆိုတော်မဖြစ်သေးဘူး။ နောက်ကနေ တောအော် တောင်အော် လိုက်အော်ရတဲ့ အဆင့်ပဲရှိသေးတော့ ဒီပြသနာကို လူသိပ်မသိလိုက်ဘူး။ အဲ့လို မသိတာပဲ တော်ပါသေးရဲ့လို့ ပြောရမှာပဲ။ ဒါကြောင့် အကိုက ရယ်ဒီကျော့်ကို စာရင်းထဲက ထုတ်ထားလိုက်ဖို့ ပြောရတာ။





ခု . . . အကို သူရအောင်နဲ့ တွေ့လာခဲ့တဲ့အကြောင်း ဆက်ပြောပြမယ်။ သူရအောင်က ရူးတယ်ဆိုပေမယ့် အရမ်းကြီးဆိုးတာမဟုတ်ဘူး။ ယဉ်ယဉ်လေးရယ်။ အကိုနဲ့တွေ့လို့ မေးကြည့်တော့ သူက အေးအေးဆေးဆေးကြည်ကြည်လင်လင်ပဲ ဖြေရှာတယ်။ သူ့ရောဂါက ရွှေရတီ အကို့ကို ဆက်တိုက်ခရက်နေကတည်းက စခဲ့တာဆိုပဲ။ အဲ့ဒီနောက်ပိုင်း ရွှေရတီ စူစိုက်လုပ်သွားတော့ သူရောဂါလည်း တော်တော်လေးအခြေအနေဆိုးသွားသေးတယ်။ ဒါပေမယ့် သူ့မိဘတွေက အသေအခြာဆေးပြန်ကုပေးထားတော့ အခုအခါ အတော်ကို ပြန်ကောင်းနေပြီ။ တစ်ချက်တစ်ချက်မှ စိတ်လွတ်သွားတတ်တာ တစ်ခုပဲကျန်တော့တယ်တဲ့။


သူ ဟိန်းသူကို ရန်လုပ်နေတာကလည်း အကြောင်းရှိတယ်။ သူက ဟိန်းသူကို အကိုနဲ့တူလို့ မသင်ကာတာမဟုတ်ဘူး။ ဟိန်းသူ ကိုပဲ ဒဲ့မသင်ကာတာ။ ဒါကြောင့် ရန်ဝင်လုပ်နေတာ။ သူပြောတဲ့ပုံအရတော့ ရွှေရတီမဆုံးခင် တစ်ပတ်လောက်အလိုမှာ ဇွန်သူဝင်းတို့ အဖွဲ့ထဲက ဇွန်သူဝင်းနဲ့ မင်းသားအိုက်တင်တွေ သရုပ်ဆောင်တတ်တဲ့ဟိန်းသူ တတွဲတွဲဖြစ်နေတယ်တဲ့ ။ တစ်ခုခုကို ကျိတ်ကြံနေတယ်လို့ သူထင်တယ်ဆိုပဲ။ အဲ့ဒါလည်းပြီးကော ရွှေရတီလည်း သေကော ဆိုတော့ သူက ဇွန်သူဝင်းနဲ့ ဟိန်းသူကို လုံးဝ မသင်ကာတော့ဘူး။ ဒီကြားထဲ ဇွန်သူဝင်းက ရွှေရတီနဲ့အတူတူနေရင်းကနေ ရွှေရတီဆုံးခါနီးမှ အိမ်ကိုပြန်သွားတယ်ဆိုတော့ သူရအောင်အတွက် ပိုပြီးတွေးစရာတွေဖြစ်တော့တာပေါ့ ''



'' ဟင် . . ဒါဆို မ မ ဇွန် သူဝင်း နဲ့ ဟိန်းသူက တရားခံတွေ ဖြစ်ဖို့ များတာပေါ့ နော် . . .''





ဝေယံက စကားဖြတ်မေးလိုက်ရာ ကိုစိုင်းတံခွန်က ဆံပင်ကို အပေါ်ကိုသပ်တင်ရင်း လေပူတစ်ချက်ကို ဟူးးခနဲမှုတ်ထုတ်လျှက်





'' အေးပေါ့ကွာ . . ဒီပုံအတိုင်းဆိုရင်တော့ ဒီလိုပဲ ယူဆရတော့မှာပေါ့ ''





လို့ ခပ်လေးလေး ပြန်ဖြေလိုက်ပါတော့တယ်။





'' ဟုတ် ဟုတ် ရဲ့လားရှင် . . ကျွန် ကျွန် မ သူငယ်ချင်းက ကျွန်မကို ယုတ်မာဖို့ကြံတယ်ဆိုတာ သေ သေခြာ ပါ့မလားး ''





မျက်ရည်လေးတွေရစ်ဝဲနေရှာတဲ့ ရွှေရတီက အသံကတုန်ကယင်လေးနဲ့ မဝံ့မရဲလေး မေးခွန်းထုတ်လိုက်တော့





'' အင်းးး . . . လိုက်မယ့်လိုက်တော့ အမှုကို သေခြာအောင် ရေဆုံးရေဖျားအထိ လိုက်ရမှာပဲ။ နောက်မှ တရားခံတွေကို ရွှေရတီ ခွင့်လွှတ်နိုင်၏ ခွင့်မလွှတ်နိုင်၏ ကတစ်ပိုင်းပေါ့။





အကို စဉ်းစားထားတာတစ်ခုရှိတယ်။ ဒီတစ်ပတ်ပိတ်ရက် ဇွန်သူဝင်းရဲ့ ဘော်ဒါတွေအားလုံး အိမ်ကိုဖိတ်လိုက်မယ်။ ပြီးတော့ ဟိန်းသူကို အကို့ရဲ့အိုက်တင်တွေလုပ်ပြဖို့ ပွဲဝိုင်းတောင်းပြီး ပုံစံမျိုးစုံ အမူအရာမျိုးစုံ လုပ်ခိုင်းမယ်။ နောက် . . ဧည့်ခန်းတံခါး ဝကိုပါ အဝင်အထွက်လုပ်ခိုင်းမယ်။ အဲ့ဒီအချိန် ဧည့်ခန်းမီးကို အမှိန်ဆုံးထားပေးထားမယ်။ ရွှေရတီက သူ့ကို သေသေခြာခြာစောင့်ကြည့်ပေတော့။


ဒါဆိုရင် အယုတ်မာမခံရခင် အခန်းဝက ဖြတ်ခနဲဝင်လာတဲ့ သူဟာ ဟိန်းသူဟုတ်မဟုတ်ဆိုတာကို ရွှေရတီ မှတ်မိသွားနိုင်တယ်လေ ''



လို့ ကိုစိုင်းတံခွန်က သူ့ရဲ့ အမှုဖော်မယ့် အကြံအစည်ကို အထက်ပါအတိုင်း ဝေယံတို့သိအောင် ချ ပြလေတော့တယ်။



ထိုအခါ ရွှေရတီက ငိုမဲ့မဲ့လေးနဲ့


'' ကိုစိုင်းတံခွန်ရဲ့အစီအစဉ်ကို သဘောတူပါတယ် '' တဲ့။


ဝေယံရဲ့အတွေးထဲမှာတော့ တရားခံ ပေါ်ပေါက်ပြီး ချစ်ရသူ ရွှေရတီအတွက် အဖြေအမှန်တစ်ခုအမြန်ထွက်လာပါစေလို့သာ ဆုတောင်း နေမိတော့တာပေါ့။





'' သူရအောင်ရဲ့ စကားအရဆိုရင် ဇွန်သူဝင်းနဲ့ ဟိန်းသူပေါင်းပြီး ငါ့ကို မကောင်းကြံတာ သေခြာသလောက်ဖြစ်နေပြီပေါ့။ ငါ့မှာတော့ ခုချိန်ထိ နင့်အပေါ်မှာ ချစ်လိုက်ခင်လိုက် စေတနာထားလိုက်ရတာ။ ရက်စက်တယ် ဇွန်သူဝင်းရယ် . . ရက်စက်တယ်။ ယောကျ်ားတစ်ယောက်အတွက်နဲ့မြန်း ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကို ဒီလိုလုပ်ရလား။





တကယ်ဆိုရင် . . နင်လည်း ကိုစိုင်းတံခွန်ကို ကြိုက်နေတဲ့အကြောင်း. . မိဘချင်းရင်းနီးလို့ စကားပြောခိုင်းပြီး လက်ထပ်ဖို့အထိရည်ရွယ်ထားကြောင်း . . စသဖြင့် ငါ့ကို ဖွင့်ပြောပါတော့လား။ ငါရှောင်ပေးမှာပေါ့ဟယ် . . .။ ခုတော့ နင်က သူငယ်ချင်း အချင်းချင်းကို မကြံကောင်းတာ ကြံရက်တယ် သူငယ်ချင်းရယ် . . . ''





အထက်ပါအတိုင်းတွေးတောရင်း ရွှေရတီတစ်ကိုယ်တည်း ဝမ်းနည်းနေရတော့တာပေါ့။ အားလုံးသက်သေပြပြီးကာမှ အမှုမှန်ပေါ်လို့ ဝန်ခံရရင် ဇွန်သူဝင်းတစ်ယောက် လူယုတ်မာကြီး လုံးလုံးဖြစ်တော့မှာ။ ဒီလိုအဖြစ်မျိုးကို ရွှေရတီလုံးလုံးမဖြစ်စေချင်။ သူမအပေါ်မှာ ရက်စက်ခဲ့လို့ ဇွန်သူဝင်းကို စိတ်နာရတာမှန်ပေမယ့် . . .တကယ်တမ်းမှာမူ ကိုယ့်ရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်ကို ရက်ရက်စက်စက် ပြန်လည်တုန့်ပြန်ဖို့အထိ ရွှေရတီ့ရဲ့အသဲနှလုံး မမာကြောနိုင်။





ဒါကြောင့် သူမကို ဇွန်သူဝင်း ဘာလို့ ဒီလောက်တောင်ရက်စက်ခဲ့ရလည်း ဆိုတာကို ကိုယ်တိုင်တွေ့ပြီး ဒဲ့မေးကြည့်နေချင်မိတယ်။ ဟိန်းသူတို့ကို ခေါ်ပြီးလည်း သက်သေထူမနေချင်တော့။ ဇွန်သူဝင်းက အမှားကိုဝန်ခံပြီး တောင်းပန်ရင်လည်း ရွှေရတီ့ အနေနဲ့ ခွင့်လွှတ်ပေးဖို့ ဝန်မလေး။ အားလုံးကို မေ့ဖျောက်ပြီး ရှေ့ဆက်လျှောက်ရမယ့် သံသရာခရီးလမ်းကိုသာ စိတ်ဖြောင့်ဖြောင့် နဲ့သွားတော့မယ် . . .လို့သာ ရွှေရတီဆုံးဖြတ်ထားလိုက်တော့တယ်။





ခက်တာက ဇွန်သူဝင်းရဲ့အခန်းထဲကို သူမသွားလို့မရဘူး။ အခန်းအပြင်မှာ မေးဖို့ကြတော့လည်း ကျန်တဲ့သူတွေပါသိပြီး လန့်ဖြန့်ကုန်ရင် ဒုက္ခ။ ဒါကြောင့် ဇွန်သူဝင်းကို နှစ်ယောက်တည်း ဘယ်လိုတွေ့ရမလဲဆိုတာကို ရွှေရတီ တစ်နေကုန် အကြံထုတ်နေတော့တာပေါ့။



ကံကောင်းချင်တော့ ရွှေရတီ ညနေပိုင်း ခြံထဲဆင်းပြီးလမ်းလျှောက်ရင်း ဇွန်သူဝင်းတို့ ရဲ့ အခန်းပြတင်းပေါက်အောက် ပန်းခြုံထဲမှာ အင်းပြားအကျိုးတစ်ပြားကို သင်္ကန်းစတွေနဲ့ ပတ်ထားတဲ့ ပစ္စည်းတစ်ခု တွေ့ရတယ်။ ရွှေရတီ့ စိတ်ထဲမှာ တန်းသိလိုက်တာပြီလေ။ . . . ဒါဇွန်သူဝင်း အခန်းထဲမှာ ဆောင်ထားတဲ့အဆောင် ။ ကိုစိုင်းတံခွန်က ယူနွံ့ပစ်လိုက်တာထင်ပါရဲ့။ အဆောင်က ကျိုးပဲ့ပျက်ဆီးနေပြီး ဘာအာနိသင်မှ မရှိတော့ဘူး . . .။


ဒါနဲ့ ရွှေရတီလည်းဇွန်သူဝင်းအခန်းဆီ အပြေးသွားပြီး အခန်းထဲဝင်ကြည့်လိုက်တော့ ဝင်လို့ရနေကြောင်း တွေ့ရတယ်။ ဒါပေမယ့် ကိုစိုင်းတံခွန် ရှူတင်က ပြန်ရောက်နေပြီလေ . . .။ ခုအချိန် ဇွန်သူဝင်းနဲ့ နှစ်ယောက်တည်း ဝင်ရှင်းဖို့အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် ညဘက် အိပ်ချိန်ကြမှပဲ အိပ်မက်သွားပေးပြီး ခေါ်တွေ့တော့မယ်လို့ ရွှေရတီ ဆုံးဖြတ်လိုက်တော့တယ်။



.





စိုင်းတံခွန်က ဇွန်သူဝင်းကို မနက်ဖန် သူငယ်ချင်းတွေအိမ်ကိုဖိတ်ဖို့ပြောလိုက်တယ်။ . .



'' ဟိန်းသူကို ကိုယ့်ရဲ့အိုက်တင်တွေလုပ်ပြခိုင်းရမယ် '' . . ဆိုတော့ ဇွန်သူဝင်းက



'' ဖြစ်ပါ့မလားကိုရယ် . . ကို့ရှေ့မှာ သူလုပ်ရဲပါ့မလား '' တဲ့။ စိုင်းတံခွန်လည်း





'' ဖြစ်ပါတယ်ကွာ . . . ကိုယ်လည်းပျော်ရတာပေါ့။ မနက်ဖန်တစ်နေကုန်ရှူတင်မသွားဘူး။ ဇွန်လေးတို့ အဖွဲ့နဲ့ အတူနေမယ် ''



လို့ပြန်ပြောလိုက်တော့တာပေါ့။ အဲ့ဒီနောက်တော့ စိုင်းတံခွန်လည်း အင်္ကျီ ချွတ်ပြီး ဇွန်သူဝင်းကို နောက်ကနေသိုင်းဖက်လိုက်တော့တယ်။



မနက်ဖန် ရွှေရတီကသာ ဟိန်းသူကို တရားခံပါလို့ သေခြာပြောနိုင်ခဲ့ရင် ဇွန်သူဝင်းလည်း ကြံရာပါ ဖြစ်ပြီမဟုတ်ပါလား။ စိုင်းတံခွန်အနေနဲ့ ဇနီးသည်ဖြစ်သူကို ဒီလိုအခြေအနေမျိုးမရောက်စေလို။ သို့ပေမယ့် ကံကြမ္မာက ရှောင်လွှဲလို့မရ။ ခွင့်လွှတ်ဖို့ရာ ပြေရာပြေကြောင်း ရွှေရတီထံမှာ ဝိုင်းဝန်းတောင်းပန်ပေးဖို့အပြင် အခြားမရှိတော့။ ဇွန်သူဝင်းအပေါ်ကို ရွှေရတီ့ထားတဲ့ သူငယ်ချင်းသံယောဇဉ်ကို စိုင်းတံခွန် အတော်အတန်နားလည်သဘောပေါက်တာမို့ ခွင့်လွှတ်ပေးမယ် လို့သာ မျှော်မိရတော့တယ်။





ခုအချိန်မှာတော့ သူ့ ဒါတွေတွေးမနေချင်ဘူး။ ခရီးရက်ရှည်ထွက်လိုက်ရလို့ မိန်းမဖြစ်သူရဲ့ အထိအတွေ့ အယုအယတွေနဲ့ ဝေးနေခဲ့တာ ကြာခဲ့ပြီမဟုတ်ပါလား။ ဇွန်သူဝင်းလည်း သူ့ကို လိုလားတောင့်တနေမှာ အမှန်ပဲလေ။ မနေညက ဝေယံတို့နဲ့တွေ့ပြီး အာရုံတွေရှုပ်နေလို့ ခရီးပမ်းတယ်ဆိုပြီး သူမနဲ့ အတူမနေဖြစ်လိုက်။





ဒီနေ့ညတော့ စိုင်းတံခွန်ကိုယ်တိုင်က ဇနီးသည် ဇွန်သူဝင်းနဲ့ ပေါင်းသင်းစပ်ယှက်ဖို့ရာ စိတ်ဆန္ဒပြင်းပြနေပြီ မဟုတ်ပါလား။ဒါကြောင့် စိုင်းတံခွန်လည်း နောင်ခါလာ နောင်ဈေးလို့ သဘောထားပြီး ပြသနာတွေကိုခဏမေ့ထားလို့ လက်ရှိအချိန်မှာ မိန်းမဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်ပွဲဝင်ဖို့ အစပျိုးလိုက်ပါတော့တယ်။





နောက်ကနေဖက် . . လည်တိုင် ကျော့ကျော့လေးကို နမ်းရင်း သူမရဲ့ ညအိပ်ဝတ်စုံကကြိုးလေးတွေကို စိုင်းတံခွန် ဖြေချ ပြစ်လိုက်တယ်။ အဲ့ဒီနောက် ပြေသွားတဲ့အနေရာကနေ လက်နှိုက်လိုက််ပြီး သူမရဲ့ ရင်နှစ်မွှာဖောင်းဖောင်းလေးတွေကို ပွတ်သပ် ဆုပ်ခြေလိုက်တော့တာပေါ့။ လည်တိုင်ကအနမ်းတွေကိုလည်း ဂုတ်သားလေးတွေ နားရွက်လေးတွေ အထိ နယ်ချဲ့လိုက်တော့တယ်။





သူ့ရဲ့ အနမ်းအရှုံ့အကိုင်အတွယ်တွေကြောင့် ဇွန်သူဝင်း ပါးစပ်ကလေးဟလို့ တဟီးဟီး တဟားဟား ငြီးသံလေးတွေထွက်ကျလာပြီး . . . ကိုယ်လေးကလည်းကော့လန်နေတော့တယ်။ သူမရဲ့လည်တိုင်အနီးတစ်ဝိုက်မှာ အလုပ်များနေတဲ့ စိုင်းတံခွန်ရဲ့ခေါင်းကို လက်ကလေးတစ်ဖက်နဲ့လည်း တစ်ခါတစ်ခါ နောက်ပြန်လေးလှမ်းကိုင်ရှာလေရဲ့။





ဒီလောက်ကလေးလုပ်လိုက်ရုံ နဲ့ ဒီလောက်များတောင်ဖြစ်နေပြီဆိုရင် သူမအရမ်းကို စိတ်ဆန္ဒပြင်းပြနေပြီ . . တောင့်တလိုလားနေပြီဆိုတာ စိုင်းတံခွန်ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် စိုင်းတံခွန်လည်း အချိန်မဆွဲတော့ဘဲ သူမရဲ့ရင်သားတွေပေါ်မှာ ပြေးလွှားနေတဲ့ လက်တွေကို ဝမ်းသားပြင်တလျှောက် တဖြေးဖြေးအောက်ဘက်ကိုပွတ်သပ် ဆင်းချ သွားရင်း ဇွန်သူဝင်းရဲ့ ပေါင်တံသွယ်သွယ်နှစ်ခုကြားမှာ ကိုင်တွယ်ဖုံးအုပ်လိုက်တော့တယ်။





တဆတ်ဆတ်တုန်ယင်နေရှာတဲ့ ဇွန်သူဝင်းရဲ့ ခန္ဓာကိုယ်လေးလည်း တွန့်ခနဲ တစ်ချက်ဖြစ်သွားပြီး ပါးစပ်ကလည်း . . '' အ . . .'' လို့ အာမေဋိတ်သံလေးတစ်ချက် ခပ်ကျယ်ကျယ် ထွက်သွားတော့တာပေါ့။ ပြီးတော့မှ ဇွန်သူဝင်းက သူမရဲ့လက်ခလေးနဲ့ စိုင်းတံခွန်ရဲ့လက်ကို လာကိုင်တယ်လေ။ စိုင်းတံခွန်က နားနားကပ်ပြီး . . .





'' ဘာလည်း . .ဇွန်လေးရဲ့ . . .'' လို့မေးလိုက်တော့ သူမက လည်ပြန်လေးလှည့်ကြည့်ရင်း





'' မီးပိတ်ဦးလေ ကိုရယ် . . ဒီအတိုင်း လင်းလင်းကြီး မကောင်းပါဘူး။ ကို မြင်ချင်ရင် ညအိပ်မီးလေးဖွင့်လိုက်လေ . . .''





တဲ့။ စိုင်းတံခွန်လည်း ဘာမှ ထွေထွေထူးထူးစောဒက တက်မနေတော့ဘဲ ကပြာကယီထပြီး မီးကြီးပိတ်လို့ ညအိပ်မီးလေးကို ဖွင့်လိုက်ပါတော့တယ်။





အဲ့ဒီနောက်မှာတော့ ညအိပ်မီးရောင် ဝါဝါ မှိန်မှိန်အောက်မှာ လူသားနှစ်ဦးရဲ့ အသက်ရှူ သံပြင်းပြင်းများ . . ငြီးတွား စုပ်သပ်သံများ . . အမေတ အကိုခေါ်သံများ . . . ကုတင်လှုပ်သံများးး . . ကြေနပ်အားရသံများးး . . . . .





ကိုစိုင်းတံခွန် အိပ်လောက်မယ့်အချိန်ကို မှန်းပြီး ရွှေရတီ ဇွန်သူဝင်းတို့အခန်းဆီထွက်ခဲ့လိုက်တယ်။ သို့သော် မှန်းချ က်နဲ့ နှမ်းထွက်မကိုက်ခဲ့။ အခန်းထဲရောက်လို့ ရွှေရတီမြင်လိုက်ရတဲ့ မြင်ကွင်းက . . .ဇွန်သူဝင်းက ပက်လက်လှန်လျှက် ခန္ဓာကိုယ်တစ်ဝက်လောက်က ကုတင်အောက်ကို ကျ လို့။ ကိုစိုင်းတံခွန်က သူမရဲ့ပေါင်တံသွယ်သွယ်နှစ်ချောင်းကို ပုခုံးတစ်ဖက်မှာထမ်းရင်း နောက်ကနေ ဒူးထောက်ပြီး ခပ်လေးလေးလှုပ်ရှားနေတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ကိုယ်တွေမှာ အဝတ်အစားမရှိ။





ဇွန်သူဝင်းကတော့ ကုတင်စောင်းမှာ ရင်နှစ်မွှာအကားသားနဲ့ ကိုယ်ကိုကော့လန်ရင်း မျက်လုံးကိုစင်းပြီး အရသာခံနေတော့တာ။ ပါးစပ်ကလည်း တရှီးးရှီးးတဟားဟား အသံတွေပေးလို့။





ကိုစိုင်းတံခွန်ကို ရွှေရတီသတိထားကြည့်လိုက်မိတော့ . . .ကျန်းမာကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအဆစ်နဲ့ ဖွေးဆုတ်ဆုတ်မဟုတ်တဲ့ အသားအရည်ဝင်းလတ်လတ်က ဇွန်သူဝင်းထက်တောင် အနည်းငယ်ဖွေးသယောင်ယောင် . . . သူ့ပုခုံးပေါ်မှာ ထမ်းထားတဲ့ ဇနီးသည်ရဲ့ ခြေသလုံးလေးတွေကို ဖွဖွနမ်းရင်း ပါးစပ်လေးဟပြီး တငြိမ့်ငြိမ့်စီးမျောနေတာမြန်း . . ဘေးကမြင်နေရတဲ့ ရွှေရတီတောင် မဆီမဆိုင် ကြက်သီးတဖြန်းဖြန်းထရလောက်အောင်။ နာမည်ကျော်မင်းသားဖြစ်ပြီး မိန်းကလေးတွေ ဆွဲမယ်ဆိုလည်း ဆွဲထိုက်ပါပေတယ် . .လို့ ကိုစိုင်းတံခွန့်အပေါ်မှာ သူမ မှတ်ချက်ချလိုက်မိတယ်။





ရွှေရတီ ကြည့်ကောင်းကောင်းနဲ့ ကြောင်ငေးနေဆဲမှာ ကိုစိုင်းတံခွန်က ဇွန်သူဝင်းကို ကုတင်ပေါ်ပြန်ဆွဲတင်လိုက်ပြီး ဝင်လျှားမှောက်စေလိုက်တယ်။ အဲ့ဒီနောက် လက်နှစ်ဖက်နဲ့ သူမရဲ့ခါးသိမ်သိမ်ကိုဆုပ်ကိုင်ပြီး အပေါ်ကိုဆွဲမလိုက်တော့ ဇွန်သူဝင်းရဲ့ တင်ပါးဆုံပြည့်ပြည့်ကားကားလေးတွေလည်း အပေါ်ကို ကြွပါလာတော့တာပေါ့။ ဇွန်သူဝင်းက သူမရဲဲ့ လက်တွေကို မွေ့ယာပေါ်မှာ ထောက်လိုက်ပြန်တာမို့ လေးဘက်ထောက်ပုံစံမျိုး ဖြစ်သွားတော့တယ်။





ဒီအခါကြမှ ကိုစိုင်းတံခွန်က ဒူးတစ်ဖက်ကိုထောင် တဖက်ကိုမွှေ့ယာပေါ်မှာ ထောက်ထားရင်း နောက်ကနေ ခပ်ကြမ်းကြမ်း ဝုန်းတော့တာပဲ။ ရွှေရတီကြည့်လိုက်တော့ ကိုစိုသ်းတံခွန်ရဲ့မျက်နှာက အတော်လေးကို တည်ထန်နေပြီ။





ဇွန်သူဝင်းလည်း ခုနတုန်းကလို ဇိမ်ခံနေလို့မရတော့ဘဲ မျ က်လုံးကိုခပ်တင်းတင်းစုံမှိတ်လိုက် မျက်ဖြူလန်တက်သွားလိုက်နဲ့ အသံပြာအောင်ကို အမေတွေ အကိုတွေ တနေရတော့တာ။ နောက်ပိုင်း ကိုစိုင်းတံခွန် ဒီထက်အရှိန်ပြင်းလာတော့ ဇွန်သူဝင်းခမြာ ထောက်ထားတဲ့ လက်တွေပြုတ်ပြီး ကိုယ်အရှေ့ပိုင်က မွှေ့ယာပေါ်ကို အိကျ သွားတော့တယ်။ ဒါပေမယ့် ကိုစိုင်းတံခွန်က သူမရဲ့ခါးကနေ ကျစ်ကျစ်ပါအောင် ဆွဲမထားတာမို့ တင်ပါးစုံနဲ့ ခန္ဓာကိုယ်နောက်ပိုင်းကတော့ အပေါ်မှာ ထောင်လျှက်သားပဲ။





ခုဆိုရင် ဇွန်သူဝင်းဟာ ပါးတစ်ဖက်ကို မွှေ့ယာမှာပြားနေအောင်ကပ်ရင်း ကိုစိုင်းတံခွန်ရဲ့ ပြင်းပြင်းရှရှ ခပ်ကြမ်းကြမ်း အထိအတွေ့တွေအောက်မှာ မျက်ရည်လည်ရွဲသွားရေတွေ ပါးလပွနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေရှာပြီ။ အသံတွေကို ပါးစပ်က အဓိပ္ပါယ်ကွဲအောင်မအော်နိုင်တော့ဘဲ ရင်ခေါင်းသံကြီးနဲ့ ဟီးးးး ခနဲ ဟီးးး ခနဲ သံရှည်ဆွဲပြီး ငြီးညူ အော်ဟစ်နေရလေတော့တယ်။





ရွှေရတီလည်း . . ကိုစိုင်းတံခွန်နဲ့ ဇွန်သူဝင်းတို့ လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုကြည့်နေရင်း ရင်ထဲမှာတလှပ်လှပ်နဲ့ မရိုးမရွတွေ ဖြစ်လာတာကြောင့်





'' သူတို့ကိစ္စပီးသွားလို့ အိပ်တော့မှ နောက်တစ်ခေါက်ပြန်လာပြီး ဇွန်သူဝင်းကို အိပ်မက်ပေးတော့မယ် ''





လို့စဉ်းစားကာ အခန်းထဲကနေ ပြန်ထွက် လာခဲ့လိုက်ပါတော့တယ်။




'' ရတီ ဘယ်တွေလျှောက်သွားနေတာလဲကွာ . . .''





အခန်းထဲကိုဝင်လာတဲ့ ရွှေရတီရဲ့ခါးကို ဝေယံကလှမ်းဖက်ရင်း မေးလိုက်တယ်။





'' ဇွန်သူဝင်း ဆီသွားနေတာ ကိုရဲ့ . . .''





'' မဇွန်သူဝင်းဆီသွားပြီး ဘာလုပ်ဖို့လဲ ''





'' သူနဲ့ နှစ်ယောက်တည်း အေးဆေးတွေ့ပြီး ရတီ့ကို ယုတ်မာခဲ့ တရားခံတွေထဲမှာ သူပါလား မေးကြည့်ချင်လို့။ ပါတယ်ဆိုရင်လည်း ဘာလို့မြန်း ဒီလောက်တောင် ရတီ့အပေါ်မှာ ရက်စက်ရတယ်ဆိုတာ ထပ်မေးရမယ် ''





ရွှေရတီက ကြေကြေကွဲကွဲလေးပြန်ပြောလိုက်တော့ ဝေယံက ချစ်သူကို စာနာနားလည်ဟန်နဲ့





'' အပင်ပမ်းခံလို့ရတီရယ် . . .နက်ဖန်ကြရင် အဖြေကိုရှင်းရှင်းလင်းလင်း သိရမှာပဲ။ အဲ့ဒီအခါ ကျ မှ အခြေအနေကြည့်ပြီး ဘာလုပ်ရမယ် စဉ်းစားကြတာပေါ့ ''



လို့ ပြန်လည်ဖြေသိမ့်လိုက်လေတယ်။



'' မဟုတ်ဘူး ကိုယ်ရဲ့။ အဲ့လို လူရှေ့သူရှေ့မှာ ဇွန်သူဝင်းနဲ့ ဟိန်းသူကို စွပ်ဆွဲလိုက်ရင် ဇွန်သူဝင်းတစ်ယောက် အရှက်ကွဲတော့မှာပေါ့။ ရတီအဲ့ဒီလို မဖြစ်စေချင်ဘူး ''





ထိုအခါ ဝေယံက ရွှေရတီ့ကို အံ့သြဟန်နဲ့ ကြည့်လိုက်ပြီး





'' ဒါ ဒါ ဆို ရတီက တရားခံသာ မဇွန်သူဝင်းဆိုတာသေခြာရင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးမယ်ဆိုတဲ့ သဘောလား ''





လို့မေးလိုက်တယ်။ ရွှေရတီက ခေါင်းလေးကို ခပ်လေးလေးငြိမ့်လိုက်ရင်း ကြေကွဲဝမ်းနည်းသံလေးနဲ့





'' တရားခံသာ အခြားသူတစ်ယောက်ဆိုရင်တော့ ရတီ လက်စားချေ ကောင်း ချေ ဖြစ်မှာပါ။ ဒါပေမယ် ရတီ့ရဲ့အခင်ဆုံးသူငယ်ချ ငး ဇွန်သူဝင်းကိုယ်တိုင်ဆိုရင်တော့ ရတီအရမ်းဝမ်းနည်းမိမှာပဲရှိတယ်။ လက်စားချေ အပြစ် ပေးဖို့ကိုတော့ ရတီမလုပ်ချင်တော့ပါဘူး။ သူလည်း ခု သူ့ဘဝလေးနဲ့သူ အေးချမ်းနေပြီလေ။ ရတီလည်း ရှေ့ဆက်ရမယ့် သံသရာခရီးကို စိတ်ဖြောင့်ဖြောင့်နဲ့ ဆက်တော့မယ် ''





လို့ ဇွန်သူဝင်းအပါ် သူမထားရှိတဲ့ စိတ်ထားဖြူ ဖြူ ကို ဖွင့်ဟလှစ်ပြလိုက်လေတော့တယ်။





'' ရတီရယ် . . . .''





 ဝေယံ့အနေနဲ့ ချ စ်သူဖြစ်သူကို သနားလည်းသနား . . .သူငယ်ချ င်းအပေါ်ထားတဲ့ သူမရဲ့ ခန္ဓိတရားကိုလည်း လေးလည်းလေးစား တာမို့ ဘာစကားမှ ဆက်ပြောမထွက်တော့ဘဲ မျက်ရည်တွေရစ်ဝဲကျ လာပြီး သူမရဲ့ကိုယ်လေးကို ရင်ခွင်ထဲမှာ ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်မိပါတော့တယ်။ ရွှေရတီကလည်း ဝေယံ့ကို တင်းနေအောင်ပြန်ဖက်ထားပြီး တသိမ့်သိမ့်ရှိုက်ငိုရှာလေတယ်။





အချိန်အတော်ကြာအောင် ချစ်သူနှစ်ဦး ဖက်ငိုပြီးကာမှ ဝေယံက ရွှေရတီ ပါးကမျက်ရည်တွေကို ကြင်နာစွာ သုတ်ပေးလိုက်ပြီး





'' ငိုမနေပါနဲ့တော့ ရတီရယ်။ မနက်ဖန် အဖြေအားလုံးပေါ်သွားရင် ရတီလည်း ဆိုင်ရာ ခရီးကို ဆက်ရတော့မှာမဟုတ်လား။ ကိုနဲ့လည်း ခွဲရတော့မယ်။ တို့ချစ်သူနှစ်ယောက် ဘယ်တော့များမှ ပြန်ဆုံနိုင်မယ် မသိဘူးနော်။





ဒီည မဇွန်သူဝင်းဆီ မသွားပါနဲ့တော့ကွာ။ သူလည်း အိပ်ရေးပျက်နေပါ့မယ်။ မနက်ဖန်ကြ တရားခံဟာ သူနဲ့ ဟိန်းသူဆိုတာ သေခြာသွားရင်တောင် အားလုံးရှေ့မှာ ဖွင့်မပြောဘဲ နောက်မှ ကိုယ်တို့ သပ်သပ်ရှင်းကြမယ်လေ . . .။ ဒါဆို အဆင်ပြေတာပဲ။ အခုညတော့ မခွဲရခင်လေးမှာ ကို့ကို အချိန်ပေးပါကွာ။ ဒီညကိုယ်တို့ စိတ်ညစ်စရာတွေ ခဏမေ့ထားပြီး ပျော်ပျော်နေကြမယ်လေ . . . .။ ''





ချ စ်သူ ဝေယံရဲ့စကားက အကျိုးအကြောင်း ဆီလျှော်တာမို့ ရွှေရတီလည်း မငြင်းနိုင်တော့ဘဲ





'' ကို့သဘောပါ ရှင်ရယ် . . .''





လို့ဆိုကာ ခေါင်းလေးငြိမ့်လိုက်ရတော့တာပေါ့။





ကိုစိုင်းတံခွန်နဲ့ ဇွန်သူဝင်းတို့လင်မယားရဲ့ အချစ်ဇာတ်လမ်းကို မြင်ခဲ့ရတာမို့ ဝေယံနဲ့ စပ်ယှက်ချစ်ပွဲဝင်ဖို့အရေးမှာ ရွှေရတီကိုယ်တိုင်လည်း စိတ်အားထက်သန်နေပြီ မဟုတ်ပါလား . . . .။




ခွဲခွာရတော့မှာ မို့ . . .ဝေယံက ရွှေရတီ့ကို အချစ်အစွမ်း အချစ်အနမ်းတွေ အသားကုန်ပြတော့တယ်။ ရွှေရတီ့ခမြာ မျ က်လုံးတွေပြူး အံတွေကျိတ်ပြီး မွေ့ရာထက်မှာ လူးလိမ့်အော်ဟစ်နေရတော့တာပေါ့။





အတော်ကြာကြာလေး နမ်းစုပ်ပေးလိုက်တဲ့ အခါမှာတော့ . . . ရွှေရတီတစ်ယောက် တဆတ်ဆတ်တုန်နေတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို ခါးကနေ အစွမ်းကုန်ကော့လန်ထိုးပြီး အသံပြာတက်သွားအော်ဟစ်ပြစ်လိုက်မိတော့တယ်။ အဲ့ဒီနောက်တော့ သူမရဲ့ပေါင်တံနှစ်ခုကြားက ဝေယံရဲ့ခေါင်းကို လက်နဲ့တွန်းထုတ်လို့ ရင်ခေါင်းသံကြီးနဲ့ အင်းးးခနဲ သက်ပြင်းတစ်ချက်ချ ကာ ကော့ထားတဲ့ ကိုယ်လေးလည်း မွှေ့ယာပေါ်ကို ဘုတ်ခနဲပြန်ပြုတ်ကျ ပြီး ငြိမ်သက်သွားပါလေကော။





ဝေယံကတော့ . . .အိပ်ယာထက်မှာ အဝတ်စုတ်တစ်ခုနှယ် ပုံလျှက်သား ပျော့ခွေနေရှာတဲ့ ချစ်သူရဲ့ ကိုယ်လုံးတီးအလှကို တစိမ့်စိမ့်ကြည့်ရင်း အရသာခံနေလေရဲ့။ ခဏကြာမှ ရွှေရတီ နောက်နားကို တိုးသွားလို့ ဒူးထောက်နေရာယူလိုက်တယ်။ သူမရဲ့ပေါင်တံစင်းစင်းနှစ်ဖက်ကို ဝေယံ လက်တစ်ဖက်တစ်ချက်နဲ့အသာမပြီး ကိုယ်ကို ဖြေးဖြေးခြင်းလှုပ်ရှားလိုက်တဲ့ အခါမှာတော့ . . .မောပမ်း ငြိမ်သက်နေတဲ့ ရွှေရတီခမြာ ခေါင်းလေတစ်ဖက်ကို စောင်းရင်း ပြင်းပြင်းရှရှ ထပ်မံငြီးငြူ လှုပ်ရှား လိုက်ရပါတော့တယ်။





'' အားးး . . .ကို ရယ် . . . .အင်းးးဟင်းးး ''




ဒီညတော့ ရွှေရတီလည်း ဇွန်သူဝင်းဆီ သွားဖို့နေနေသာသာ ကိုယ့် အဝတ်အစားတောင် ကိုယ်ပြန်မဝတ်နိုင်တော့ဘူး။ ည သုံးနာရီလောက်ရောက်သည်အထိ စွမ်းဆောင်နိုင်တဲ့ ချစ်သူ ဝေယံရဲ့ အချစ်ဒဏ်ကို အလူးအလဲခံစားလိုက်ရတာမို့ တစ်ကိုယ်လုံးမလှုပ်ချင်မကိုင်ချင်လောက်အောင် မောပမ်းနုံးခွေသွားပြီး တစ်ခါတည်း တုံးထိုးထားသလို အိပ်ပျော်သွားရရှာတော့တယ်။





စိုင်းတံခွန်တို့လင်မယားကို ရယ်ဒီကျော်လုံးဝမကြေနပ်ဘူး။ လင်ဖြစ်သူက အမြဲတမ်း စောက်ဆရာကြီးလုပ်နေသလို မယားကလည်း သရဲနဲ့တိုက်တယ်။ ရွှေရတီဆိုတဲ့ သရဲမကိုကြောက်လို့သာ သူခဏငြိမ်နေရတာ။ စိုင်းတံခွန်တို့လင်မယားကို ဘယ်လိုပညာပြန်ပေးရမလဲဆိုတာ ရယ်ဒီကျော့် ခေါင်းထဲမှာ အချိန်နဲ့အမျှ ကြံစည်နေမိတယ်။





ပညာမဲ့ ကျေးဇူးကန်းသူပီပီ ရယ်ဒီကျော်ဟာ အထက်ပါအတိုင်း စိုင်းတံခွန်တို့ကို ဒုက္ခပေးဖို့အကွက်ခြောင်းရင်း သူ့ရဲ့အိမ်လေးထဲမှာကုတ်ပြီး ဆေးချ လိုက် အရက်သောက်လိုက် လုပ်နေတော့တာပေါ့။ နောက်ဆုံး ကြံရမရတဲ့အဆုံး ယခင်သုံးနေ့ကြနည်းဟောင်းကိုပဲ သုံးဖို့ သူဆုံးဖြတ်လိုက်တယ်။ အဲ့ဒီနည်းကတော့ နယ်မှာရှိတဲ့ စိုင်းတံခွန်ရဲ့မိဘတွေဆီသွားပြီး စိုင်းတံခွန်ရဲ့မကောင်းကြောင်းကို လီဆယ်တိုင်ကြားဖို့ပဲဖြစ်တယ်။





ဦးကြီးနဲ့ဒေါ်ကြီးက ရယ်ဒီကျော့်ကို မိတဆိုးဖတဆိုးလေးဆိုပြီး အမြဲတမ်း ဦးစားပေးနေကြ။ စိုင်းတံခွန်နဲ့ ယှဉ်လိုက်ရင် ငယ်စဉ်ကတည်းက ယခုအချိန်အထိ သူအသာရစမြဲမဟုတ်ပါလား။ ဒါကြောင့် ရယ်ဒီကျော်ဟာ တစ်ကိုယ်တည်းကားမောင်းပြီး လူကြီးတွေရှိရာ x x x မြို့လေးဆီသို့ ထွက်ခဲ့ပါတော့တယ်။




ရန်ကုန်ကို ကားမောင်းပြန်လာရင်း ရယ်ဒီကျော် အတော်လေးစိတ်တိုနေတယ်။ အဘိုးကြီးနဲ့ အဖွားကြီးက ဒီတစ်ခါ ရယ်ဒီကျော့်ဘက်ကမလိုက်ဘဲ သူတို့သား စိုင်းတံခွန်ဘက်က လိုက် လိုက်လေရဲ့။ ရယ်ဒီကျော် ဆိုးတဲ့သွမ်းတဲ့ သီတင်းတွေ သူတို့အကုန်ကြားပြီးကြောင်းပြောပြပြီး လိမ်လိမ်မာမာနေဖို့တောင် ဆုံးမလွှတ်လိုက်သေးတယ်။



ထင်ထားတာနဲ့ ရလာတဲ့ အဖြေ တက်တက်စင်အောင်လွဲသွားလို့ စိတ်ညစ်ရတာတမျိုး . . စိုင်းတံခွန်ကို သူချောက်ခြတာ လူကြီးတွေသိသွားလို့ အရှက်ရတာက တစ်မျိုး ကြောင့် ရယ်ဒီကျော် စွေ့စွေ့ခုန်လောက်အောင် အနေအထိုင်ခက်ရတောတာပေါ့။ အဲ့ဒါနဲ့ဘဲ ရယ်ဒီကျော်လည်း ရှေ့လျှောက် ကောင်းကာင်းနေပါမယ့်အကြောင်း ကတိပေးပြီး ရန်ကုန်ကို အသာ ပြန်လာခဲ့ရတော့တယ်။





ရန်ကုန်လည်း ရောက်ကော အိမ်တန်းမပြန်သေးဘဲ သွားနေကြစားသောက်ဆိုင်ကို ဝင်ခဲ့လိုက်တော့တယ်။ စားသောက်ဆိုင်မှာ အတော်လေးမူးတော့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို သွားခဲ့ပြန်တယ်။ ဘိုးတော်ဘွားတော်ဆီက အမွေမရမှာဆိုးလို့သာ သူတို့သဘောကိုလိုက်ပြီး စိုင်းတံခွန်နဲ့အတူတူနေနေရတာ။ ဖြစ်နိုင်ရင် ရယ်ဒီကျော် အိမ်မပြန်ချင်ဘူး။ အိမ်မှာဆို ခုလိုမလွတ်လပ်တဲ့အပြင် ဟိုသရဲမကိုလည်း ကြောက်ရသေးတယ် မဟုတ်ပါလား။





ဒါကြောင့် ရယ်ဒီကျော်လည်းသူငယ်ချင်းရဲ့ အိမ်မှာ သီချင်းတွေတောင်အော်မြောက်အော်လျောက်အော် . . ဘာဘာညာညာကားတွေကြည့် . . . ဝီစကီလေး တစိမ့်စိမ့်ထပ်သောက်ရင်း အတော်ကြာကြာလေး အချိန်ဖြုန်းပြီးမှ အိမ်ကို ကားမောင်းပြန်ခဲ့တော့တာပေါ့။



ရယ်ဒီကျော်အတော်ကို မူးနေပြီ။ ကားကိုဒလကြမ်း နင်းကန်မောင်းလာခဲ့တယ်။ စိတ်ထဲမှာလည်း စိုင်းတံခွန်တို့လင်မယားကို သတ်ပြစ်ဖို့ကို အမျိုးမျိုးအဖုံဖုံ ကြံရွယ်လျှ က်။ လောဘ ဒေါသ မောဟ မာန်မာန မနာလို ဝန်တိုမှု မီးများက သူ့ရဲ့ သဏ္ဍာန်မှာ တဟုန်းဟုန်း တောက်လောင်လျှက် ရှိချေ ပြီတကားး။



ဆက်ရန်





အမြင့်ကြောက်သော ငှက်