အမြင့်ကြောက်သော ငှက်
ပြည်ပြည့်ဖြိုးကိစ္စကြောင့် ကိုစိုင်းခွန်နဲ့ ရယ်ဒီကျော် အတော်လေးစကာများကြတယ်။ ကိုစိုင်းတံခွန်ကရယ်ဒီကျော့်ကို လက်သီးတစ်ချ က်ကျွေးလိုက်ပြီး
'' နောက်တစ်ခါ ဒီလိုဇယားတွေရှုပ်ရင် အိမ်ပေါ်ကဆင်းရမယ် ''
လို့အပြတ်ပြောလိုက်တော့ ရယ်ဒီကျော်လည်း
'' နယ်က ဦးလေးတို့ကို လှမ်းတိုင်မယ် တောမယ် ဘာဘာညာညာတွေ မကြေမချမ်းနဲ့ ရည်ရွတ်ပြီး သူ့အိမ်ဘက်ကို ထွက်သွားခဲ့တော့တာ။
ဖြစ်ချင်တော့ ကိုစိုင်းတံခွန် ထိုးလိုက်တဲ့အရှိန်နဲ့ သူ့ခန္ဓာကိုယ် ဝေယံ့ဘက်ကိုယိမ်းအသွား ဝေယံက နောက်က ထိန်းကိုင်ပေးလိုက်မိတယ်။ ဒါကိုပဲ ရယ်ဒီကျော်က မကြေမနပ်နဲ့ ကုလားမနိုင်ရခိုင်မဲလို့ သူ့ကို ချုပ်ပေးရကောင်းလားဆိုပြီး ဝေယံ့ကို ဆဲဆိုကြိမ်းမောင်းသွားသေးတာ။ ဝေယံကတော့ မသိသလိုပဲ ခပ်တည်တည်နေလိုက်တော့တယ်။ ကိုစိုင်းတံခွန်တို့လင်မယားကတော့ ဝေယံ့ကို အားနာနေကြတာပေါ့။
အဲ့ဒီနောက် ကိုစိုင်းတံခွန်ကိုယ်တိုင်ကားမောင်းပြီး ကလေးမလေးကို အိမ်ပြန်ပို့ကြတယ်။ ဝေယံကော မဇွန်သူဝင်းပါ လိုက်ခဲ့ကြပြီး ကောင်မလေးကို ဖြောင်းဖြောင်းဖျ ဖျ နဲ့ တစ်လမ်းလုံး ဆုံးမလာခဲ့ကြတာ။ ကိုစိုင်းတံခွန်ကလည်း ကားမောင်းနေရင်းနဲ့ . . ဆယ်လီတွေကို မဆွဲလမ်းသင့်ကြောင်း . . ဆယ်လီတွေနဲ့ လက်ပွန်းတတီး ပလူးပလဲနေရတာ ဘဝမဟုတ်ကြောင်း . . ဆယ်လီ ဆိုတာလည်း လူထဲက လူတွေပဲဖြစ်ကြလို့ ကောင်းသူရှိသလို မကောင်းသူလည်းရှိကြကြောင်း . . အကျင့်စာရိတ္တမကောင်းတဲ့ ဆယ်လီတွေနဲ့တွေ့ရင် ဘဝပါပျက်သွားနိုင်ကြောင်း . . ၎င်းကိုယ်တိုင်လည်း နာမည်ကြီး ဆယ်လီတစ်ယောက်ဖြစ်လို့ ဒီလောကရဲ့အကြောင်းကို ကောင်းကောင်းသိကြောင်း . .ဒါကြောင့် ကိုယ့်ရဲ့လက်ရှိဘဝကိုသာတန်ဖိုးထားပြီး ရိုးရိုးသားသားဖြောင့်ဖြောင့်မတ်မတ်နဲ့ လျှောက်လှမ်းသင့်ကြောင်း . . စသဖြင့် နားချ ရှာတယ်။ ကလေးမလေးရဲ့ပုံကြည့်ရတာလည်း သူ့အမှားအတွက်သူ နောင်တရစပြု နေတဲ့ပုံပါပဲ။
အိမ်ရောက်လို့ ကလေးမကို မိဘလက်ပြန်အပ်လိုက်တော့ သူမရဲ့မိဘတွေလည်း အရမ်းကို ဝမ်းသာသွားကြတော့တာပေါ့။ ကိုစိုင်းတံခွန်တို့ လင်မယားကလည်း ရယ်ဒီကျော်ရဲ့ မိုက်ပြစ်အတွက် တောင်းပန်ကြတယ်လေ။ ဘိုးတော်ဘွားတော်ကလည်း ခွင့်လွှတ်ရှာပါတယ်။ အဲ့ဒီနောက်တော့ ကလေးမလေးကို ဒီကိစ္စနဲ့ပတ်သက်လို့ မဆူဖို့ မကြိမ်းဖို့ မေတ္တာရပ်ခံပြီး ဝေယံတို့လည်း ပြန်ခဲ့ကြတော့တယ်။
ဝေယံလည်း တစ်နေကုန် ပြသနာတွေနဲ့ လုံးလည်လိုက်ခဲ့ရလို့ အတော်လည်း စိတ်ပင်ပမ်း လူပင်ပမ်း ဖြစ်ခဲ့တာကြောင့် ရေချိုးထမင်းစားပြီး စောစောနားဖို့ အိပ်ယာဝင်ခဲ့မိတာ့တယ်။ ဒါပေမယ့် အခန်းထဲရောက်ရောက်ခြင်း ရွှေရတီ ပေါ်လာလို့ တန်းမနားရသေးဘဲ စကားတွေပြောရပြန်တယ်။
'' ရှင်မြင်ပြီမဟုတ်လား။ သူတို့ညီအစ်ကိုတွေဟာ အကျင့်အတူတူတွေပဲဆိုတာ။ တစ်ယောက်က ရုပ်ချောတယ်။ တစ်ယောက်ကအသံကောင်းတယ်။ ဒါပေမယ့် အကျင့်ကတော့ နှစ်ယောက်စလုံး နဲနဲလေးမှ မကောင်းကြဘူး။ ''
ရွှေရတီ က ရယ်ဒီကျော်နဲ့ ကိုစိုင်းတံခွန်ကို ရောကျိတ်နေတော့တာ။ ဝေယဲလည်း ကိုစိုင်းတံခွန်ရဲ့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတာမို့ ရွှေရတီ့ စွပ်ဆွဲချ က်ကို တတ်စွမ်းသလောက် ပြန်လည်ချေ ပရတာပေါ့။
'' ရယ်ဒီကျော် အကျ င့်မကောင်းတာကတော့ မှန်ပါတယ်။ ကိုစိုင်းတံခွန်ကတော့ ဒီလို မဟုတ်ပါဘူး ရွှေရတီရယ်။ သူက ဆယ်လီတစ်ယောက်ဆိုပြီး ထောင်လွှားနေတဲ့သူမျိုးလည်း မဟုတ်သလို အခွင့်အရေးလည်း ယူမယ့်လူစားမျိုးမဟုတ်ဘူး။
ခု ကိစ္စမှာတောင်ကြည့်ပါလား။ ရယ်ဒီကျော်နဲ့ သူနဲ့က ဝမ်းကွဲညီကိုတွေ ဆိုပေမယ့် ရယ်ဒီကျော့်ကို သူက ညီအရင်းတစ်ယောက်လိုချစ်တာ။ ရယ်ဒီကျော် ဘယ်လိုပဲနေနေ ဘယ်လိုပဲပျော်ပျော် ဘာမှ မပြောဘဲ အလိုလိုက်ထားတာကိုသာကြည့်တော့။
ဒါပေမယ့် စာရိတ္တပိုင်း ဂုဏ်သိက္ခာပိုင်းနဲ့ ဆိုင်တာကြတော့ ရယ်ဒီကျော့်ကို သူ ခွင့်မလွှတ်နိုင်တော့ဘူး။ ကြည့်ပါလား ကိုယ်ထိလက်ရောက်ကို ထိုးပစ်တာ။ အမှန်ဆို သူဒီလောက်ချစ်တဲ့ညီ သူ ဘယ်ထိုးချင်ပါ့မလဲ။ နောက်. . ပြသနာက ဒီမှာတင်ပြီးမယ့်ပုံမပေါ်ဘူး။ သေခြာတယ် . . နယ်က ဘိုးတော်နဲ့ ဘွားတော်ကို ဟိုကောင် လှမ်းညှော်ကို ညှော်ဦးမှာ။ အဲ့ဒီအခါကြ ကိုစိုင်းတံခွန် အနေနဲ့ ပြသနာထပ်ရှင်းရဦးမယ် ''
ရွှေရတီကတော့ ဝေယံ့စကားကို မယုံကြည်ဟန်ဖြင့် လှောင်ပြုံးကလေးပြုံးနေလေရဲ့။ ပြီးတော့ ပြောသေးတယ် . . .
'' ဒါတွေက လူကြားကောင်းအောင် လူမြင်လို့ကောင်းအောင် လုပ်ပြတဲ့ အိုက်တင်တွေပါရှင်။ ငါပြောသလိုလုပ် ငါ့လုပ်သလို မလုပ်နဲ့ ဆိုတဲ့ အထာတွေပါ။ ကျွန်မနဲ့ တွေ့ရင်တော့ ဟား ဟား ပဲရမယ် ရှင့် '' . . .
'' အဲ့လို ကြီးတော့ တရားသေကြီးမမှတ်ပါနဲ့ မရွှေရတီရယ် . . ။ သူ့အပေါ်မှာ ခင်ဗျား အထင်အမြင်မှားနေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်နဲ့ နှစ်ယောက်ချင်းတွေ့တိုင်း သူ အမြဲပြောဖူးတာရှိတယ်။
. . .အကိုက နာမည်ကြီး မင်းသားဆိုတော့ ကိုယ့်ရဲ့အောင်မြင်ကျော်ကြားမှုအပေါ်မှာ မာနထောင်လွှားသလိုမျိုး ဖြစ်မသွားရလေအောင် အမြဲသတိထားရတယ်။ ပရိတ်သတ်တွေ ဖန်တွေ မင်းသမီးဖြစ်ချင်သူတွေ စသဖြင့်ပေါ့ကွာ ကိုယ့်အနားကို လာကပ်နေကြတဲ့ ကလေးမတွေက မနည်းဘူးပဲ။
အဲ့ဒီသူတွေကို ကိုယ်က မကူညီနိုင်ရင်နေ ကိုယ့်ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်သွားမှာ ကိုယ်အရမ်းကြောက်တယ်။ အရေးအကြီးဆုံး ကိုယ်စောင့်ထိန်းတာကတော့ သူတို့အပေါ်မှာ ကိုယ်ဘယ်တော့မှ အခွင့်အရေးမယူဘူး ဆိုတဲ့ သီလပဲ။ ဒါကိုတော့ ကိုယ်ရဲရဲကြီး အာမခံနိုင်တယ် . . . .'' တဲ့။
ဝေယံရဲ့ စကားအဆုံးမှာတော့ ရွှေရတီက ရယ်မောစရာ ဟာသတစ်ပုဒ်ကို ကြားလိုက်ရသလို တခစ် ခစ် ရယ်မောလိုက်ပြီး
'' ဟုတ်ပါပြီ။ ဟုတ်ပါပြီ . . . လူရိုးကြီးရယ်။ တကယ်တော့ ရှင်ကမှ တကယ့် လူရိုးအစစ်။ ဘယ့်နှယ့်ရှင် မင်းသားနဲ့ စကားလေးတစ်ခွန်းနှစ်ခွန်းပြောဖူးပြီး သူ ပစ်သွင်းတဲ့ ဒိုင်ယာလော့တွေကို ယုံနေရတယ်လို့။ ဒီမှာရှင့် . . ကျွန်မက သူနဲ့ သုံးလေးလလောက် ညတိုင်း စကားပြောလာခဲ့တဲ့လူပါ ဟား ဟား။
ပြီးတော့ သူယုတ်မာသမျှ ကိုလည်း ကိုယ်တွေ့ခံလိုက်ရတဲ့သူပါရှင့်။ ရှင်ကျွန်မလောက် သူ့အကြောင်းကို ကောင်းကောင်းမသိဘဲ သူ့ဘက်ကရှေ့နေလိုက်မနေပါနဲ့။ ရှင်မောတာပဲ အဖတ်တင်မယ်။ နောက်ဆုံးတော့ သူမကောင်းတာက မကောင်းတာပဲ။
တကယ်လို့ ရှင့် စိတ်ထဲမှာ ရှင်းသွားစေချင်ရင် နောက်တစ်ခါ သူနဲ့တွေ့တဲ့အချိန် လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က ကိုစိုင်းတံခွန်နဲ့အတူ ညတိုင်းဖုန်းပြောဖြစ်ခဲ့ကြတဲ့ ရွှေရတီ ဆိုတဲ့ ကောင်မလေးအကြောင်းပြောပြပါလား . . .လို့ မေးကြည့်ပေါ့။ အဲ့ဒီအခါကြမှ သူဘယ်လောက်သွေးပျက်သွားတယ်ဆိုတာ ရှင်သိရမယ်။ ''
လို့ ဝေယံ့ကို သူမနဲ့ ကိုစိုင်းတံခွန် ရဲ့အကြောင်းကို စုံစမ်းမေးမြန်းကြည့်ဖို့ စိမ်ခေါ်လေတယ်။
ဝေယံ ဘယ်လိုပဲ ရှင်းပြ ချေပ ပြောဆို ပါစေ အနှီမိန်းကလေးကတော့ ကိုစိုင်းတံခွန်အပေါ်ကို အမြင်ကြည်လာလိမ့်မည် မဟုတ်တော့။ဤမျှ လောက်အထိ သူမ တောက်တောက်ခါးခါးဖြစ်နေရလောက်အောင် ကိုယ်စိုင်းတံခွန်မှာကော လူအသိမခံနိုင်စရာ ဖုံးဖိထားသည့် နောက်ခံသမိုင်းမြန်းရှိလေမလား . . သူမပြောတာတွေက တကယ်ပဲလား . . .စသဖြင့် ဝေယံ့ခေါင်းထဲမှာလည်း မေးခွန်းတွေ ထွက်ပေါ် လာတော့တာပေါ့။
နောက်ဆုံး ဝေယံလည်း အရှည်သဝေးဆက်လက်စဉ်းစားမနေတော့ဘဲ ရွှေရတီပြောသလို . . ကာယကံရှင်ဖြစ်တဲ့ ကိုယ်စိုင်းတံခွန်ကိုသာ မေးမြန်းစုံစမ်းကြည့်ဖို့ ဆုံးဖြတ်ချ က်ချ လိုက်ပြီး ရွှေရတီ့ကို အိပ်ယာဝင်ဖို့ ဆော်သြကာ ကိုယ်တိုင်လည်း အိပ်ယာပေါ်သို့ လှဲချ လိုက်ပါတော့တယ်။
ရှူတင်လိုက်သွားပြီး ရှူတင်ကအပြန်ကားပေါ်မှာ ကိုစိုင်းတံခွန်နဲ့ ဝေယံ အေးဆေးစကားပြောဖြစ်တယ်။ ဒီနေ့ အောင်ထွန်းရှူ တင်လိုက်မလာဘူး။ အဲ့ဒီတော့ ဝေယံသိချ င်တာကို လွတ်လွတ်လပ်လပ်မေးခွင့်ရတာပေါ့။ အောင်ထွန်းကတော့ မနက်ဖြန် ကိုစိုင်းတံခွန် နယ်ဆင်းရမှာမို့ လိုအပ်တာတွေကြို တင်ပြင်ဆင်ရင်း အိမ်မှာကျန်ရစ်ခဲ့လေရဲ့။
ဝေယံ့အနေနဲ့ ရွှေရတီမေးခိုင်းသလိုကြီးတော့ တည့်တည့်ကြီးမေးရဲဘူးလေ။တော်ကြာ မင်းက ရွှေရတီ ကို ဘယ်လိုသိလည်း ဘာညာ ကိုစိုင်းတံခွန်က ပြန်မေးရင် အတော်အဖြေရကြပ်မှာမဟုတ်လား။ အဲ့ကြောင့် . .အကို မင်းသားစဖြစ်တုန်းက ကောင်မလေးတွေ လာမိတ်ဆက်တာတို့ သူတို့နဲ့ဖုန်းပြောဖြစ်တာတို့ ရှိလား . .လို့ပဲ လှည့်မေးရတာပေါ့။
ဝေယံ့အမေးကိုကြားလိုက်ရတော့ ကိုယ်တိုင်ကားမောင်းနေတဲ့ ကိုယ်စိုင်းတံခွန်ရဲ့ မျက်နှာခပ်ပြုံးပြုံးလေးဖြစ်သွားပြီးတော့မှ ဝေယံ့ကို အဖြေပြန်ပေးလေတယ်။
'' ကလေးမလေးတွေ လာမိတ်ဆက်တာကတော့ ခုထက်ရှိသေးတာပေါ့ကွာ။ ခုဆိုပိုတောင်များသေး။ ဒါပေမယ့် ဖုန်းကတော့ အတော်ကို ပြောဖြစ်ခဲပါတယ်။ ရှားရှားပါးပါး လို့ပြောရမှာပဲ. . . တက်သစ်မင်းသားဘဝတုန်းက သုံးလေးလလောက် ညတိုင်းလိုလို အကိုနဲ့ ဖုန်းပြောဖြစ်ခဲ့ကြတဲ့ ကောင်မလေးတစ်ယောက်တော့ရှိတယ်။ '' . . .တဲ့။
ဝေယံလည်း . .အဲ့ကောင်မလေးက နာမည်ဘယ်လိုခေါ်လည်းဟင်။ ချောကောချောလား။ နောက်ကော ဖုန်းမပြောဖြစ်ကြတော့ဘူးလား။ ဘာလို့မပြောဖြစ်ကြတော့တာလည်း . . စသဖြင့် ဆက်ပြီးစပ်စုတော့တာပေါ့။
အဲ့လို စပ်စုလိုက်တော့ ကိုစိုင်းတံခွန် က ဝေယံ့ကို . . .
ထိုမိန်းကလေးရဲ့နာမည်မှာ ရွှေရတီဖြစ်ပြီး အသားဖြူ ဖြူ ကိုယ်လုံးလှနဲ့ မိန်းမချောတစ်ဦးဖြစ်ကြောင်း
တီဗီချန်နယ် တစ်ခုက စီစဉ်ပေးတဲ့ ညစာစားပွဲမှာ သူနဲ့ခင်မင်ခဲ့ကြောင်း
ငယ်ရွယ်စဉ် စိတ်အနယ်မထိုင်သေးတဲ့ အရွယ်ဖြစ်တာမို့ အဲ့ဒီမိန်းကလေးကို သူလည်း စိတ်ကစားမိခဲ့ကြောင်း
ဒါကြောင့် နောက်နေ့ညမှာ မိန်းကလေးဆီကို သူဖုန်းခေါ်လိုက်ရာမှ အစ၍ ဖုန်းစကားပြောဖြစ်ကြောင်း
အစပိုင်းမှာတော့ နှစ်ယောက်လုံး ကြုံ ရင်ကြုံ သလို ဖုန်းစခေါ်ကြပြီး ညတိုင်းလိုလို စကားပြောဖြစ်ကြကြောင်း
နောက်ပိုင်း နာမည်ရလာတာနဲ့အမျှ ဒင်နာ ရှိုးပွဲ ပရိုမိုးရှင်းပွဲ စသဖြင့် အလုပ်ကိစ္စတွေများလာတာကြောင့် သူအားတဲ့ညတွေမှ ကောင်မလေးဆီ ဖုန်းစခေါ်လိုက်မယ်လို့ ညှိနှိုင်းလိုက်ကြလို့ တစ်ပတ်ကို လေးငါးခါသာ ဖုန်းပြောဖြစ်ကြတော့ကြောင်း
သို့သော် ခင်မင်ရင်းနှီးမှုအတိုင်းအတာကတော့ တဆထက်တဆများပြားလာကြောင်း
တစ်ခါတော့ နယ်ကိုရှိုးပွဲသွားရလို့ သူမထံ လေးရက်လောက် ဖုန်းမခေါ်ဖြစ်ကြောင်း
နယ်ကပြန်ရောက်တော့ သူမကို ဖုန်းခေါ်လို့မရတော့ဘဲ စက်ပိတ်ထားသည် တပ်ဆင်ထားခြင်းအရှိပါ ဟူ၍သာ ပြန်လည်ဖြေကြားခြင်းခံရကြောင်း
အိမ်လိုက်သွားဖို့မှာလည်း နေရာကို အတိအကျ မေးမထားမိတော့ အခက်တွေ့နေရကြောင်း
ဖုန်းပြောခဲ့တဲ့ ကာလတစ်လျှောက်လုံး အခြားတောင်တောင်အီအီ အကြောင်းအရာတွေကိုသာ ပြောဆိုနေခဲ့ကြပြီး အိမ်လိပ်စာမမေးခဲ့မိသည်မှာ သူ့အမှားပင်ဖြစ်ကြောင်း
စသဖြင့် သူနဲ့ ရွှေရတီရဲ့ အတိတ်အကြောင်းတွေကို စိတ်လိုလက်ရ ပြောပြနေတော့တယ်။ ဝေယံလည်း ပိုပြီးထဲထဲဝင်ဝင် သိချ င်လာတာနဲ့ဆက်ပြီးမေးခွန်းတွေ ထုတ်မိပြန်တယ်။
'' ဒါဆို အကို နယ်မထွက်ခင် ကကော ကောင်မလေးကို ဖုန်းဆက်ဖြစ်သေးလား ''
'' အင်းး ကြာတော့ နဲနဲ ခပ်မေ့မေ့ပဲ။ ဟုတ်ပြီ . . .နယ်မထွက်ခင် တစ်ရက်အလိုမှာ မဆက်ဖြစ်ဘူး။ နှစ်ရက်အလိုတုန်းကတော့ ဆက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် နယ်ထွက်မယ့်ကိစ္စ ဘာညာတောင် မပြောဖြစ်ခဲ့ပါဘူးကွာ။ နယ်ထွက်ဖို့အရေးက နောက်နေ့မှာ အားချ င်းပေါ်လာတာ ''
'' နယ်က ဘယ်ဘက်သွားရတာလည်း ဟင် ''
'' ဧရာဝတီတိုင်းဖက်ကွ။ ကျုံကူးဆိုတဲ့ရွာ။ အဲ့ဒီရွာက ဘုန်းကြီးမွေးနေ့နဲ့ သီတင်းကျွတ် လပြည့်နေ့တိုက်လို့ ဇာတ်ပွဲလုပ်ပြီး စတိတ်ရှိုးပါ သွင်းတာ။ သီတင်းကျွတ် ၁၃ ၁၄ နဲ့လပြည့်နေ့ သုံညလုံးလုံး ဆိုပေးရတယ်။ အဲ့ဒီတုန်းက အကိုကလည်း တက်သစ်စ မင်းသားဆိုတော့ ပရိတ်သတ်ရအောင် အဲ့လို နယ်ပွဲလေးတွေ ထွက်ဆိုရတာပေါ့ကွာ။ ''
'' ဒါဆို အဲ့ဒီမှာရောက်နေတုန်းကိုတော့ ကောင်မလေးနဲ့ ဖုန်းအဆက်အသွယ်မရဘူးပေါ့ ''
'' ဘယ်ရပါ့မလဲကွာ။ လိုင်းလည်းသိပ်မမိဘူး။ ပြီးတော့ ရွာကို မင်းသားရောက်လာတယ်ဆိုတော့ငါ့ညီသိတဲ့အတိုင်းပဲလေ . . ဟိုအိမ်က ဖိတ်ကျွေးချ င် ဒီအိမ်ကဖိတ်ကျွေးချ င် လက်မှတ်ထိုးခိုင်း လာမိတ်ဆက်ကြ ဒီကြားထဲ ဘုန်းကြီးနဲ့ ဇာတ်မင်းသားကို စတိတ်ရှိုးကိစ္စတွေ တိုင်ပင်ရသေးတော့ ရှုပ်လိုက်တဲ့အလုပ်မှ သူ့ဆီဖုန်းဆက်ဖို့နေနေသာသာ အသက်နောင်မနည်းရှူ နေရတာ။
အင်းပေါ့လေ . . အကိုအဲ့ဒီလို သူ့ဆီဖုန်းမခေါ်တာကြာသွားတာကိုမြန်း အကို့အပေါ်တစ်မျိုးထင် စိတ်ခုသွားလားမသိဘူး။ အဲ့ဒီကတည်းက သူ့ကို အကို ဆက်သွယ်လို့ မရတော့တာ။ ''
ကိုစိုင်းတံခွန်က ဝေယံ့အမေးကို ဆွေးဆွေးမြေ့မြေ့ ပြန်လည်ဖြေကြားနေပေမယ့် ဝေယံကတော့ ကိုစိုင်းတံခွန်ရဲ့ ခံစားချ က်ကို အရေးမစိုက်နိုင်သေးဘူး။ အပြန်အလှန်ပြောကြဆိုရင်းကနေ ရွှေရတီရဲ့ စွပ်ဆွဲချ က်တွေကနေ ကိုစိုင်းတံခွန်ကို ဆွဲထုတ်နိုင်မယ့် လမ်းစတစ်ခု သူ့ရဲ့အဖြေတွေထဲမှာ ဝေယံတွေလိုက်ရပြီမဟုတ်ပါလား။
'' ဒါဆို . . သီတင်းကျွ တ်လဆန်း ၁၃ ၁၄ နဲ့ လပြည့်နေ့ ပေါင်း သုံးရက်မှာ ကျုံကူးရွာမှာပဲ ကိုစိုင်းတံခွန်ရှိနေခဲ့တာပေါ့။ ''
လို့ ကိုစိုင်းတံခွန်ကို ဝေယံ ပြာယိပြာယာနဲ့ ထပ်မံမေးခွန်းထုတ်လိုက်တော့ ၎င်းက ဝေယံ့ကို ပြုံးကြည့်ရင်း
'' ဘာလည်း ငါညီရဲ့ . . မင်း စုံထောက်လုပ်စားတော့မလို့လား ''
လို့ အရွှန်းဖောက်ပြီး ပြန်လည်မေးမြန်းလေတယ်။ ပြီးတော့မှ
'' ဟုတ်ပါတယ် ခင်ဗျာ။ ဟုတ်ပါတယ်။ အဲ့ဒီသုံးရက် သုံးညလုံးလုံး အကိုက ကျုံကူးမှာပါ။ မယုံရင် ရွာသားတွေနဲ့ အတူ ဆြာတော်ကြီးပါ သက်သေခေါ်လို့ရပါသေးတယ် ။ ဟုတ်ပြီလား ''
လို့ လဆန်း ၁၃ ၁၄ နဲ့ လပြည့်နေ့များမှာ ထိုရွာမှာပဲ သူရှိနေကြောင်းကို သေသေခြာခြာကို အတည်ပြု ပြောဆိုပါတော့တယ်။
မိမိသိလိုတဲ့အဖြေကို ကိုစိုင်းတံခွန်ဆီက ကြားသိခဲ့ရပြီဖြစ်တာမို့ ဝေယံလည်း ဆက်ပြီး ဘာမှ ထွေထွေထူးထူးမေးမနေတော့ဘဲ
'' ရွာနာမည်က ကျုံကာ ဆိုတော့ အဆန်းမို့လို့ စိတ်ဝင်စားပြီး မေးမိတာပါ ''
စသဖြင့် အဆင်ပြေအောင်ပြောပြီး စကားကိုလျောချ လိုက်တော့တာပေါ့။
အဲ့ဒီနောက် ကိုစိုင်းတံခွန်က ဝေယံ့ကို သူခရီးထွက်တုန်း အိမ်ကိုစောင့်ရှောက်ထားဖို့ မှာကြားပြန်တယ်။
'' ငါညီရဲ့ အဖေက ဘယ်အတိုင်းအတာအထိချ မ်းသာကြွယ်ဝတယ် ငါ့ညီရဲ့ မျိုးရိုးကဘယ်လိုဆိုတာ အကိုသဘောပေါက်ပါတယ်။ ငါ့ညီရဲ့ကိုယ်ကျ င့်တရားနဲ့ အစွမ်းအစကိုလည်း အကို အကြွင်းမဲ့ ယုံကြည်တယ်။
အဲ့ဒီတော့ အကိုနယ်ထွက်တုန်း အကို့ရဲ့အိမ်ကို ငါ့ညီကို အပ်ခဲ့ပါရစေ။ မင်းအစ်မကိုလည်း စောင့်ရှောက်ပါကွာ။ ရုပ်ရှင်ကားကြီးသွားရိုက်ရမှာဆိုတော့ ဒီတစ်ခါ နယ်ထွက်တာက ဆယ်ရက် နှစ်ပတ်လောက်မြန်းကြာမလားပဲ။
အိန်မှာ သန်သန်မာမာ ယောကျ်ားလေး ယောကျ်ားတွေ အနေနဲ့ ငါညီရှိနေလို့သာ အကို စိတ်အေးရမှာ။ မဟုတ်ရင် ဟိုကောင် ရယ်ဒီကျော်က ဘာမှ အားကိုးရတာမဟုတ်ဘူး။ သီချင်းအော်ဆိုဖို့ ဆေးချ ဖို့ မိန်မရှုပ်ဖို့လောက်ပဲသိတာ။
ခုလည်း အကိုမရှိတုန်း ဒီကောင့်ကို ကြပ်ကြပ်သတိထားပေးပါဦး။ တော်ကြာ ဟိုနေ့ကလိုကိစ္စမျိုး ဒီကောင်ထပ်လုပ်လို့ လူတွေသူတွေသိပြီး အားလုံး အရှက်တွေဟက်တက်ကွဲကုန်မှာစိုးလို့ပါ ''
ဝေယံလည်း မိမိအပေါ်မှာ ကိုစိုင်းတံခွန်ထားရှိတဲ့ ယုံကြည်အားကိုးမှုကို အလေးထားတာမို့ . . အိမ်နဲ့ ဇနီးဖြစ်သူကို စိတ်ချ ပြီးသွားရန်နဲ့ ရယ်ဒီကျော်ကိုလည်း တတ်နိုင်သမျှ စောင့်ကြည့် ထိန်းမတ်ပေးထားပါ့မယ် . . လို့ ကတိခံလိုက်ပါတော့တယ်။
ညပိုင်း အိပ်ယာဝင်ချိန်ရောက်တော့ ဝေယံက ရွှေရတီ့ကို. . . သူမအ အဖြစ်ဆိုးတွေကြုံ ရပြီး ဆူစိုက်လုပ်တဲ့နေ့က ဘယ်နေ့လဲလို့မေးကြည့်လိုက်တော့ . . .သူမက တစ်ချ က်ပြန်စဉ်းစားပြီး
'' သီတင်းကျွတ် လပြည့်နေ့ရောက်ဖို့ တစ်ရက်အလို '' . .
လို့ပြန်ဖြေတယ်။
အဲ့ဒီတော့ ဝေယံလည်း ဝမ်းသာအားရနဲ့ ထိုနေ့မှာ ကိုစိုင်းတံခွန် ရန်ကုန်မှာ မရှိကြောင်းကနေအစပြု ပြီး . . .ရှူ တင်အပြန် ကိုစိုင်းတံခွန်ကို သူမေးခဲ့တဲ့အကြောင်းတွေအားလုံးကို ရွှေရတီ့ဆီ ဖောက်သယ်ချ လိုက်တော့တာပေါ့။ ပထမတော့ ရွှေရတီက မယုံကြည်ပုံရပေမယ့် ဆြာတော်ကြီးကော ကျုံကူး တစ်ရွာလုံးပါ ကိုစိုင်းတံခွန်ဘက်က သက်သေရှိနေတာကြောင့် ဝေယံ့ရဲ့စကားကို လိုက်ခံလိုက်ရတော့တယ်။ ဝေယံက
'' တစ်ပတ်မှာ လေးငါးရက်လောက်ပဲ ညတွေ ဖုန်းပြောဖြစ်ကြတာကို ဘာလို့ ခင်ဗျားက နေ့တိုင်းပြောဖြစ်တဲ့ပုံမျိုး ဖမ်းနေရတာလဲ ''
လို့ ရွှေရတီ့ကို မေးလိုက်တော့ သူမက တစ်ချ က်ပြုံးလိုက်ပြီး
'' တစ်ပတ်မှာ ၇ ရက်ရှိတာ ၅ ရက်လောက်စကားပြောဖြစ်မှတော့ နေတိုင်းနီးနီးဖြစ်နေပြီပေါ့ ဆြာကြီးရဲ့ ''
လို့ ဝေယံ့အမေးကို ပြန်ဖြေရှာတယ်။
'' ဟုတ်ပါပြီ. . ထားပါတော့။ ခု ကျွ န်တော် ပြောပြခဲ့တဲ့ အကြောင်းတွေထဲက သူနယ်မသွားခင် တစ်ရက်ကျော်က ခင်ဗျားနဲ့ ဖုန်းပြောဖြစ်ကြပြီး နောက်နေ့မှာ ဖုန်းမပြောဖြစ်ကြဘူးဆိုတဲ့အချက်ကကော ခင်ဗျားတွေ့ကြုံ ခဲ့ရတာနဲ့ကိုက်လား ''
'' ကိုက်တယ်ရှင့်။ ကျွန်မ မသေခင် နှစ်ရက်အလိုညက သူနဲ့ကျွန်မ ဖုန်းပြောဖြစ်ခဲ့ကြပြီး . . .တစ်ရက်အလိုမှာတော့ မပြောဖြစ်ခဲ့ကြဘူး။ သေမယ့်နေ့ မနက်ကမှ ကျွန်မဆီကို သူ့ဖုန်းဝင်လာတာ။ မနက်ကြီး မခေါ်စဖူးအခေါ်ထူးပြီး ဖုန်းနံပါတ်ကလည်း အသစ်ဆိုတော့ ကျွန်မတောင်အံ့သြပြီး သူ့ကို မေးခွန်းတွေ ထုတ်နေမိသေးတယ်။
သူပြောတာကတော့ ရှူ တင်ကနေ ကြုံ တဲ့ဖုန်းလှမ်းဆက်တာ တဲ့လေ။ အဲ့ဒီကတည်းက သူ့အသံ တစ်မျိုးဖြစ်နေတာကိုတော့ ကျွန်မ ရိပ်မိပါတယ်။ ဒါပေမယ့်လည်း ဖုန်းလိုင်းကြောင့်ဖြစ်မယ်လို့ပဲ ကျွန်မထင်ခဲ့မိတာ။ ''
'' အင်းး ဒါဆိုရင်တော့ သေခြာပြီပေါ့။ ကိုစိုင်းတံခွန်ယောင်ဆောင်ပြီး ခင်ဗျားကို ယုတ်မာခဲ့သူရှိနေပြီ ''
'' ဒါပေါ့ရှင် . .ခုမှ တော့ အဲ့ဒီလိုပဲ ကောက်ချ က်ဆွဲရတော့မှာပေါ့။ ဒီလူ ဘယ်သူလည်းဆိုတာ ကျွန်မ သိပ်သိချ င်တယ်ရှင် . . .။ ရှင်ကျွန်မကို ကူညီပါလား ''
'' ကူညီပါ့မယ် ရွှေရတီရယ်။ ကျွန်တော်ရဲ့ အကိုအရင်းလို လေးစားချစ်ခင်ရတဲ့ ကိုစိုင်းတံခွန်ကို နာမည်ဖျက်ပြီး အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ကိုပါ ယုတ်မာဖျက်ဆီးခဲ့ကြတဲ့သူတွေကို ကျွ န်တော်လည်း မပေါ်ပေါ်အောင်ကို ဖေါ်ထုတ်ချ င်နေတာပါ ''
'' ကျေးဇူးတင်ပါတယ်ရှင် . . .။ ဒါနဲ့ ကျွ န်မတစ်ခုစဉ်းစားမိတာက . . ကျွန်မက အဲ့နေ့ညမှာ ဆေးမိပြီး တစ်မျိုးဖြစ်နေတာဆိုတော့ အခန်းဝမှာ ကျွန်မမြင်လိုက်ရတဲ့ ကိုစိုင်းတံခွန်က တကယ်သူမဟုတ်ဘဲ . . သူနဲ့အတော်ကို တူတဲ့လူတစ်ယောက် ကိုစိုင်းတံခွန်ရဲ့ဟန်ဆောင်ထားတာလည်းဖြစ်နိုင်တာပဲ။ ပြီးတော့ ဒီလူဟာ ကျွန်မနဲ့ကိုစိုင်းတံခွန်ရဲ့ ဇာတ်လမ်းနဲ့ ကိုစိုင်းတံခွန်ရဲ့ အနေအထိုင်အပြောအဆိုတွေကို အတွင်းကျကျ သိနေတဲ့သူ တစ်ယောက်ပဲဖြစ်ရမယ်။
အဲ့ဒီလူမျိုးကို ဒီပါတ်ဝင်းကျ င်မှာ ကျွန်မ စဉ်းစားမိတာကတော့ ရယ်ဒီကျော်တစ်ယောက်ပဲ ရှိတာ။ ပြီးတော့ ဒင်းက တဏှာကလည်း အတော်ကိုရူးသေးတာ။ ဆေးတွေ ဝါးတွေနဲ့လည်း ရင်းနီး ကျွမ်းဝင်တယ်။
ကျွန်မကတော့ ရယ်ဒီကျော်ကို မသင်ကာဘူး ''
ရွှေရတီ ထင်မယ်ဆိုရင်လည်း ထင်စရာ။ ရယ်ဒီကျော်က ကိုစိုင်းတံခွန်နဲ့ ညီကိုဝမ်းကွဲဆိုပေမယ့် အရပ်အမောင်း အသားအရေ မျက်နှာအကျအန အတော်ကိုဆင်တာ။ ပြောရရင် လူဖြောင့်တစ်ယောက်ပဲပေါ့။ ရုပ်ဖြောင့်ပြီး ဆော်ပွေတဲ့အပြင် ဆေးဝါးမျိုးစုံလည်း သုံးစွဲနေသေးတယ် မဟုတ်ပါလား။ ဝေယံ ကိုယ်တိုင်လည်း ရယ်ဒီကျော့်ကို သံသယမကင်းဘူး။
ခက်တာက ရယ်ဒီကျော် မြို့တက်လာတာက တစ်နှစ်ကျော်လောက်ပဲရှိသေးတယ် လို့ ဝေယံသိထားတာ။ ရွှေရတီနဲ့ ကိုစိုင်းတံခွန် ဇာတ်လမ်းဖြစ်ပြီး သူမ သေတာက နှစ်နှစ်ကျော်နေပြီလေ။ ဒီအချက်က ဟနေတယ်။ ဒါပေမယ့် ရယ်ဒီကျော် ရန်ကုန်ကို အပြီးတက်မလာခင် အရင်နှစ်တွေ နှစ်တွေ မှာကော ဒီအိမ်မှာ ရက်ရှည်လာနေဖူး တည်းဖူးလား ဆိုတာကိုတော့ စဉ်းစားဖို့ရှိတာပေါ့။
အဆုံးသတ်မှာတော့ . . . ဘာပဲဖြစ်ဖြစ် ရယ်ဒီကျော်က မသင်ကာစရာ အကောင်းဆုံးလူဖြစ်နေတာမို ဝေယံနဲ့ ရွှေရတီလည်း နောက်နေ့ကစလို့ ရယ်ဒီကျော့်ကို စောင့်ကြည့်လေ့လာကြဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြပြီး အသီးသီး အိပ်ယာဝင်ခဲ့ကြပါတော့တယ်။
တကယ်တော့ ကိုစိုင်းတံခွန် နယ်ထွက်တာနဲ့မထွက်တာက သိပ်တော့ မကွာပါဘူး။ ဘာလို့လည်းဆိုတော့ နယ်မထွက်တဲ့နေ့တွေမှာလည်း သူ့ခမြာ တစ်နေကုန် ရှူ တင်သွားရတာကြောင့် အိမ်မှာရှိမနေနိုင်တာက များတယ်လေ။
မဇွန်သူဝင်းအပါအဝင် အိမ်သားအားလုံးကလည်း နေ့စဉ်လည်ပတ်နေ့ကြ သံသရာအတိုင်းပဲ ပုံမှန်လည် လည်ပတ်နေကြတာပါ။ တစ်ခုရှိတာက ကိုစိုင်းတံခွန်ပြန်လာရင် စားဖို့ သောက်ဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ စသဖြင့် ကိုစိုင်းတံခွန်အတွက် ပြင်ဆင်ပေးစရာ ကိစ္စတွေတော့ ဆောင်ရွက်စရာ မလိုတော့ဘူးပေါ့။
ကိုစိုင်းတံခွန်က နယ်ကို လန်ခရူဇာကားယူသွားတာမို့ သူစီးနေကြ ခရောင်း ကားလေးက အားနေတယ်လေ။ ဒါကြောင့် မဇွန်သူဝင်းက ဝေယံ့ကိုခေါ်ပြီး မကြာခဏ ဈေးဝယ် ထွက်တော့တာပဲ။ သင်းသင်း ဝင်းဝင်း ညီမက တစ်ခါတလေလည်းပါတယ်။ တစ်ခါတလေလည်းမပါဘူး။ အဲ့လိုဈေးဝယ်အတူတူထွက်ကြရင်း မဇွန်သူဝင်းနဲ့ ဝေယံ စကားများများပြောဖြစ်ကြတော့ . . သူမဟာ ကိုစိုင်းတံခွန်ကို ငယ်စဉ်ကတည်းက ဆွဲဆွဲလန်းလန်း ခရက်ခဲ့ရသူ တစ်ဦးဖြစ်ကြောင်း . . .ဒါ့အပြင် ကံကောင်းလွန်းပြီး သူမအတွက် လူကြီးတွေ စီစဉ်ပေးတဲ့ အမျိုးသားမှာ သူမ ခရက်နေတဲ့ မင်းသားဖြစ်နေကြောင်း . . . စတဲ့ အကြောင်းအရာတချို့ကို သူမထံမှ ဝေယံသိခွင့်ရလိုက်တယ်။
ဒီလို ဝယ်လိုက်ချမ်းလိုက် ချက်လိုက်ပြုတ်လိုက် စားလိုက်သောက်လိုက် နေလာခဲ့ကြရင်း တစ်နေ့တော့ အိမ်ကို မဇွန်သူဝင်းရဲ့သူငယ်ချင်းများဖြစ်ကြတဲ့ သီရိ နှင်းမြမြ နဲ့ ရတနာသော် တို့ရောက်လာကြတယ်။ ဟိန်းသူနဲ့ ပြည့်စုံအောင် တော့ ပါမလာဘူး။ မိန်းမတွေချည်းပဲမို့ ဝေယံလည်း ဝင်မရောတော့ဘဲ ခပ်ဖယ်ဖယ် နေလိုက်တော့တယ်။
သူမတို့ဟာ မဇွန်သူဝင်းနဲ့ တစ်နေကုန် စကားပြော ရုပ်ရှင်ကြည့် စားကြ သောက်ကြပြီး ညနေ အတော်ဆောင်းတော့မှ ပြန်မယ်ပြင်ကြလေရဲ့။
သူမတို့ ပြန်တော့ မဇွန်သူဝင်းက ဝေယံကို လိုက်ပို့ ခိုင်းတာကြောင့် ဝေယံလည်း ကားထုတ်ပြီး အနှီအမျိုးသမီးသုံးယောက်ကို ကားပေါ်ခေါ်တင်လာခဲ့တော့တာပေါ့။
'' ဟိန်းသူနဲ့ ပြည့်စုံအောင် ဒီတစ်ခေါက် ဘာလို့မပါတာလည်း '' . .
လို့ ဝေယံမေးကြည့်လိုက်တော့
'' ဟိုတစ်နေ့က အရူးနဲ့ ရန်ဖြစ်ကြတာ ဖူးယောင်နေကြလို့ '' တဲ့။
ဝေယံလည်း အံ့သြသွားပြီး ဘယ်နှယ့်ကြောင့် အရူးနဲ့ ရန်ဖြစ်ကြတာလည်း သေခြာထပ်မေးကြည့်လိုက်တော့မှ ရတနာသော် ဆိုတဲ့တစ်ယောက်က စိတ်ပျ က်တဲ့ လေသံလေးနဲ့
'' ဒီလိုရှင့် . . အဲ့ဒီအရူးနဲ့ သူတို့ ရန်ဖြစ်ကြတာ နှစ်ခါရှိသွားပြီ။ အရူးက သန်ပုံရတယ်ရှင့်။ ဘာလို့လည်းဆိုတော့ ဖြစ်တိုင်း သူတို့ ချည်းခံလာရတာ ''
လို့ ဝေယံ့ရဲ့အမေးကို ပြန်ဖြေရှာတယ်။ ရတနာသော်ရဲ့အဖြေအဆုံးမှာ နှင်းမြမြက
'' ဟဲ့ . . ရတနာ . . .နင် အဲ့ဒီအရူးကို မသိဘူးလား ''
'' မသိပါဘူး ဟယ်။ ဘယ်ကအရူးလည်း ''
'' . . နင်ကတော့လုပ်ပြီ။ အဲ့ဒါ သူရအောင် လေ ။ တို့နဲ့ တစ်တန်းထဲပဲ။ အရင် ဇွန်သူဝင်းနဲ့ တွဲတဲ့ ရွှေရတီ ဆိုတဲ့ တစ်ယောက်ရဲ့ ရည်းစားပေါ့။ ရွှေရတီ သေပြီးကတည်းက သူလည်း အဲ့လို ရူးကြောင်ကြောင်ဖြစ်သွားတာ ''
'' သြော် . . ဟုတ်လား။ ငါသတိမထားမိဘူးဟယ်။ စိတ်မကောင်းစရာ. . .။ ဒါနဲ သူက ဟိန်းသူတို့ကို ဘာလို့ ရန်လုပ်နေတာလဲ ''
'' ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ ''
ထိုအခါ တစ်ချိန်လုံး ငြိမ်နေတဲ့ သီရိ ဆိုတဲ့တစ်ယောက်က တွေးတွေးဆဆဟန်နဲ့ . . . .
'' အင်းးး . . မဟုတ်မှလွဲရော ။ ငါတော့ ဒီလိုထင်တယ်။
ရွှေရတီ မသေခင်က ကိုစိုင်းတံခွန်ကို အသေခရက်တယ်ဆိုပဲ။ အဲ့ဒီကတည်းက သူရအောင် က အူတိုပြီး ကိုစိုင်းတံခွန်ကို ကြည့်မရဖြစ်နေမှာပေါ့။ ခုလို စိတ်ပါ ဖောက်ပြန်သွားတဲ့ အခါလည်းကြကော သူ့ချစ်သူ သေရတာ ကိုစိုင်းတံခွန်ကြောင့်လို့ သူ့စိတ်ထဲ ဆွဲသွားလားမှ မသိတာ။
ဟိန်းသူဆိုတဲ့ ကောင်ကလည်း မင်းသားရူးဆိုတော့ တွေ့သမျှ လူကို တွေကရာနေရာမှာ မင်းသားမျိုးစုံရဲ့ အိုက်တင်တွေ အသံတွေ လျှောက်လုပ်ပြနေတာ။ အဲ့ဒီတော့ ကိုစိုင်းတံခွန်ရဲ့ စတိုင်ကို သူထုတ်ပြနေတဲ့ အချိန် သူရအောင် နဲ့ တိုးပြီး ရန်ရှာခံ နေရတာ ဖြစ်နိုင်တယ်။
သူက ဇွန်သူဝင်း အိမ်မှာသာ ကိုစိုင်းတံခွန်ကို ကြောက်လို့ ကိုစိုင်းတံခွန်ရဲ့ အိုင်တင် တို့ကိုလုပ်မပြတာ။ ကျန်တဲ့ နေရာတွေမှာဆို လုပ်ချင်ရင် လုပ်နေမှာ . . ပြောလို့ရတဲ့ကောင်မဟုတ်ဘူး ''
သီရိက အထက်ပါအတိုင်း သူ့မရဲ့အတွေးကို ရှင်းပြလိုက်တော့ အခြားနှစ်ယောက်ကလည်း ဖြစ်နိုင်ကြောင်း ထောက်ခံကြတယ်။ အဲ့ဒီနောက် ရတနာသော်က
'' ဟား ဟားး . . အဲ့လောက် မင်းသားစတိုင်ထုတ်ချ င်နေရင်တော့ အရူးရိုက်တာ ခံပေါ့ဟယ် . . .''
လို့ အရွှန်းဖောက်လိုက်တာမို့ အားလုံး တဝါးဝါး တဟား ဟား ပွဲကြကုန်ကြတော့တာပေါ့။
'' ဟိန်းသူ မင်းသားရူး အရိုက်ခံရတာအကြောင်းမဟုတ်ဘူး။ ကြားထဲက ပြည့်စုံအောင်လေးက သနားပါတယ်ဟယ် ''
နှင်းမြမြက ထပ်မံပြောလိုက်လေရာ ကျန်နှစ်ယောက်က အရယ်ရပ်ပြီး
'' ဟယ် . . ဒီနှာဗူးမကလည်း တမျိုး ''
'' အေးလေ သူမို့လို့ အချင်းချင်းကြံရက်တယ် ''
စသဖြင့် နှင်းမြမြကို နှိပ်ကွပ်ပါတော့တယ်။ နှင်းမြမြကလည်း ရယ်ကျဲကျဲလေးနဲ့
'' သူငယ်ချင်း အချင်းချင်းမို့ စိတ်ပူတာပါဟယ်။ ပြီးတော့ . . သူက ဖြောင့်တယ်လေ . . .''
သူမရဲ့ စကားအဆုံးမှာတော့ သီရိနဲ့ ရတနာသော် တို့ရဲ့ မည်တွန်တောက်တီးသံများ ရယ်မောပျော်ရွှင်သံများက ကားနောက်ခန်းမှ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လို့ လာပါတော့တယ်။ ကားမောင်းနေတဲ့ ဝေယံလည်း သူမတို့နဲ့အတူ လိုက်ပါ ရယ်မောလျှက် . . . .
.
.
ဆက်ရန်