အမြင့်ကြောက်သော ငှက်
ဒေါ်ထားထားတို့သုံးယောက်သားသည် ဘိုးလေးဦးမြညွန့်တို့ ခြံဝင်းထဲမှနေ၍ မောင်မောင်၏အိမ်ကိုအချ ိန်အတော်ကြာသည်အထိ ဆက်လက်စောင့်ကြည့်နေခဲ့သော်လည်း မည်သည့်ထူးခြားချ က်မျှ ထပ်မံမတွေ ့ရှိရသဖြင့် မိမိတို့အိမ်မျ ားဆီသို့လှည့်ပြန်ရန် အနောက်ဘက်သို့ လှည့်လိုက်ကြရာ . . . .
'' ဟင် . . . .မောင်မောင် ''
အမျ ို းသမီးသုံးယောက်တို့သည် လွန်စွာ အံ့သြထိတ်လန့်သွားလေသည်။ မောင်မောင်သည် မည်သည့်အချ ိန်က သူမတို့နောက်ကျေ ာဘက်သို့ရောက်နေသည်မသိ။ သူမတို့အဖြစ်က သူခိုးလူမိသလိုဖြစ်ချေ ပြီ။ မောင်မောင်က ပြုံ းစစမျ က်နှာပေးဖြင့် သူမတို့သုံးဦးစလုံးကို ကြည့်လိုက်ကာ . . . .
'' မမထား မမသူဇာ နဲ့ မမသက်မာ . . . မမတို့ ကျွ န်တော့်အပေါ်မှာ အထင်အကြီးအကျ ယ်လွဲနေကြတယ် ဆိုတာ ကျွ န်တော် သိပြီးပြီ။ ဒါကို မမတို့ကို ကျွ န်တော်ရှင်းပြချ င်တယ်။ အမှန်တော့ မမတို့ကြုံ တွေ ့နေရတဲ့ ပြသနာတွေနဲ့ ကျွ န်တော်နဲ့ ဘာမှမဆိုင်ပါဘူး။
ကဲ. . .လာဗျ ာ . . . မိုးလည်းချ ု ပ်လုပြီဆိုတော့ အအေးဓာတ်ကဲလာပြီ။ ဒီမှာ မိုးတိုးမတ်တတ် ပြောရတာမကောင်းပါဘူး။ ကျွ န်တော့်အိမ်ကို လိုက်ခဲ့ကြပါ။ ဧည့်ခန်းမှာ ကော်ဖီသောက်ရင်း ပြောကြဆိုကြတာပေါ့ . . .''
မောင်မောင်၏ အိမ် ဧည့်ခန်းအတွင်းတွင် ဒေါ်ထားထားတို့ သုံးယောက်သည် ကော်ဖီခွက်မျ ားကို ရှေ့စားပွဲပေါ်တွင်ချ ကာ မောမောင်ပြောသမျှ ကို နားထောင်နေကြလေသည်။
'' ကြာဖြူ ကို ကျွ န်တော် အိမ်ပေါက်ဝအထိ လိုက်ပို့ကတည်းက မမတို့ ကျွ န်တော့်ကို ချေ ာင်းကြည့်နေတာကို အိမ်ထဲကနေ ကေသရီ က ကြို မြင်ထားတယ်။ ကျွ န်တော့်ကိုလည်း ပြောပြတာပေါ့။ ကြာညို က ကျွန်တော့် ညီမအရင်းလေးလေ။ ဒီမြို ့ကိုလာပြီး ကျေ ာင်းတက်တာ လေးလလောက်ပဲရှိဦးမယ်။
ကျွ န်တော် ငှါးထားတဲ့ ဒီအိမ်ရှိပေမယ့် သူ့ကျေ ာင်းနဲ့က ဝေးတော့ ကျွ န်တော့ဆီမှာ လာမနေဘဲ သူ့ကျေ ာင်းနားဝန်းကျ င်မှာပဲ အဆောင်ငှါးပြီး နေဖြစ်တယ်။ တခါတလေ မုန့်ဖိုးလိုမှ ကျွ န်တော့်ဆီကို မုန့်ဖိုးလာတောင်းတာ။ ခုလည်း သူမုန့်တောင်းတဲ့ မုန့်ဖိုးထက် ကျွ န်တော်က ပိုပေးလိုက်လို့ ပျေ ာ်ရွှင်ပြီး ပြန်သွားလေရဲ ့။ ကျွ န်တော့်ကိုတောင် နမ်းရှုံ့သွားသေးတယ်။
ကေသရီကတော့ ကျွ န်တော့်ရဲ့ချ စ်သူပါ။ ကျွ န်တော့်ထက်တော့ငယ်တာပေါ့။ ကြာညို ထက်ကြီးရင် နဲနဲပဲ။ ကျွ န်တော်ကော သူကောက မာတီလယ်ဗယ် မက်ကတ်တင်းသမားတွေလေ။ အဲ့ဒီတော့ ထုံးစံအတိုင်း နယ်တကာ လှည့်ရပတ်ရ ဟောရပြောရနဲ့ အားရတယ်ကို မရှိပါဘူး။ ခရီးလည်း အမြဲတစေလို ထွက်နေရတာပေါ့။
ဒါကြောင့် ဒီငါးလုံးတန်းမှာရှိတဲ့ မိသားစုတွေနဲ့ ကျွန်တော်နဲ့က ခပ်စိမ်းစိမ်းဖြစ်နေကြတာပါ။ ဒါပေမယ့် ဘေးအိမ်က ဘိုးလေးဦးမြညွန့်နဲ့ ဖွားလေးဒေါ်သောင်းမေတို့ကတော့ ကျွ န်တော်နဲ့ခင်ကြပါတယ်။ ကျွ န်တော့်ကို သူတို့ မြေးလို သားလို သဘောထားကြတယ်။ . . .''
ဟူ၍ မောင်မောင်က ရည်မွန်ဖော်ရွေစွာရှင်းပြလေသည်။ ဒေါ်ထားထားတို့လည်း မောင်မောင့်၏ မျ က်နှာကိုကြည့်ကာ ၎င်းပြောသမျှ ကို စိတ်ဝင်တစား နားထောင်နေကြလေသည်။ မောင်မောင်က ဆက်လက်ပြီး . . . .
'' ကေသရီ နဲ့ ကျွ န်တော်နဲ့က ရှေ ့နှစ်ဆို လက်ထက်ကြတော့မှာလေ။ ခု ကေသရီက ကြာညို မရောက်ခင် နာရီဝက်လောက်ကတည်းက ကျွ န်တော့်ဆီရောက်နေတာ။ ဒီနေ့ ညစာအတူတူချ က်စားမယ်လို့ ချ ိန်းထားလို့။ ပြီးတော့ သူရဲ ့ပေါင်မှာ အနာတစ်ခုပေါက်နေတာလည်း လာပြတာပေါ့။ အနာက ဝက်ခြံလိုလို အနာစိမ်းလိုလိုလေးပါ။ အထဲထဲက အဆံကို ညှစ်ထုတ်လိုက်ရင် ပျေ ာက်သွားမှာ။ ဒါပေမယ့် အသားမျ ားတဲ့ ပေါင်မှာဆိုတော့ နဲနဲတော့နာမှာပေါ့။
ဒါကို သူက သိပ်အသဲငယ်ပြီး ကိုယ်တိုင်မလုပ်ရဲဘူးလေ။ ကျွ န်တော်က ညှစ်ပေးမယ်ပြောတော့လည်း မကြည့်ရဲဘူးတဲ့။ အဲ့ဒါနဲ့ပဲ ပြတင်းပေါက်မှာ မတ်တပ်ရပ်ခိုင်းပြီး '' အပြင်ကရှုခင်းလေးတွေကြည့်ထား. . .သိပ်မနာပါဘူး. . . ခဏနဲ့ကောင်းသွားမယ် . .ဘာဘာညာညာတွေတော်တော်လေးပြောပြီး ချေ ာ့မော့ ညှစ်လိုက်ရတယ်လေ။ ခုတော့ ဆေးထည့်ပေးပြီး အခန်းထဲမှာ ခဏအိပ်ခိုင်းထားတာ။ တော်ကြာမှ ခေါ်ပြီး ညစာထမင်း စားခိုင်းရမှာပဲ။
ဒါတောင် မရွှေချေ ာက အဲ့ဒီလောက် နာပြီး ကြောက်နေတဲ့ကြားထဲက မမတို့သုံးယောက်ကို မြင်ဖြစ်အောင် ထပ်မြင်သွားသေးတယ်။ သူ့ကို ကျွ န်တော် အိပ်ခန်းထဲတွဲပို့တော့ မမတို့ကြည့်နေတဲ့ အကြောင်းကို တဖွဖွ ပြောနေတော့တာပဲ ''
မောင်မောင်က ယနေ့ညနေ၌ ဖြစ်ပျ က်ခဲ့သမျှ အဖြစ်အပျ က်တို့ကို ရှင်းပြလိုက်ရာ ဒေါ်ထားထားတို့လည်း တွေးမိတွေးရာ ထင်မိထင်ရာမျ ားကို တွေးမိထင်မိကြသော သူမတို့ ၏ ပေါက်ကရတွေးထင်ချ က်မျ ားတက်တက်စင်အောင်လွဲနေသည်ကို သဘောပေါက်သွားကြကာ ပြုံ းစိစိမျ က်နှာပေးဖြင့် တစ်ယောက်မျ က်နှာတစ်ယောက် ကြည့်လိုက်ကြလေတော့သည်။
ထို့နောက် မောင်မောင်က ဒေါ်ထားထား ဒေါ်သူဇာ နှင့် မသက်မာတို့ တစ်ယောက်ချ င်းစီတွေ့ကြုံ ခံစားနေရသမျှ ကို အကြမ်းဖျ င်းပြောပြလိုက်ရာ အမျ ို းသမီးသုံးဦးတို့လည်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေ၏။
'' ဟင် . . .ဟင်. . .ဒါ. . .ဒါ တွေ နင်. .နင်. . .ဘယ်လို လုပ် သိလဲ . . .''
ဒေါ်သူက ထိတ်ထိတ်ပြာပြာမေးလိုက်သလို ဒေါ်ထားထားက. . .
'' ဒီကောင် ဟာ တရားခံပါလို့ မမထားပြောသားဘဲ။ တွေ ့ပြီ မဟုတ်လား သူဇာနဲ့သက်မာ . . . .''
ဟူ၍ မောင်မောင့်အား စွပ်ဆွဲလေတော့သည်။ မသက်မာကတော့ စကားတစ်ခွန်းမျှ မဆိုဘဲ မောင့်မောင့်ကို မျ က်ထောင့်နီကြီး ဖြင့် စိုက်ကြည့်နေတော့သည်။
မောင်မောင်လည်း ကပြာကသီလက်ကာပြပြီး
'' အထင်မလွဲကြပါနဲ့ မမတို့ရယ်။ ကျွ န်တော်ရှင်းပြပါ့မယ်။ အဖြစ်ကဒီလိုပါ. . .
မမတို့သုံးယောက် မမထားရဲ ့အိမ်မှာ ခေါင်းချ င်းဆိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့် နေကြတာကို ဖွားလေးသောင်းမေက မီးမွှေးဖို့ မမထားရဲ့အိမ်ကို မီးခြစ်လာငှားရင်း ကြားသွားခဲ့တယ်လေ။ ဒါနဲ့ ဖွားလေးသောင်းက အိမ်ထဲမဝင်တော့ဘဲ အိမ်ပေါက်ဝကနေ မမတို့ပြောဆိုနေကြတာကို ဆက်နားထောင်နေလိုက်တာပေါ့။
အဲ့ဒီမှာတင် မမတို့ အမည်မသိလူတစ်ယောက်ရဲ ့အနိုင်ကျ င့်မှုကို ခံနေရကြောင်း. . .
အဲ့ဒီလူက ကျွ န်တော်ဖြစ်နိုင်တယ်လို့ မမတို့ထင်မြင်နေကြကြောင်း . . ဖွားလေးသောင်းက သိသွားတော့တယ်။
အဲ့ဒါနဲ့ ဖွားလေးသောင်းက . . . ဒီငါးလုံးတန်း မိသားစုတွေကို အနိုင်ကျ င့်ခံနေရပြီ။ ဘာပဲဖြစ်ဖြစ် မမတို့ရဲ့ ပြသနာဟာ ငါးလုံးတန်းမိသားစုရဲ ့ပြသနာပဲလို့ . . . သူကတွေးမိတယ်လေ။ ပြီးတော့ ကျွ န်တော်က မမတို့ထင်သလို တရားခံဆိုတာ မဟုတ်မှန်းကို လည်း သူကသိနေတယ်လေ။
ဒီတော့ တရားခံမဟုတ်တဲ့ ကျွ န်တော့်ကို မမတို့အထင်လွဲနေကြတာကိုလည်း ဖြေရှင်းပြချ င်တယ်. . .တကယ့်တရားခံအစစ်ကိုလည်း ဖော်ထုတ်ဖမ်းဆီးချ င်တယ်။ နောက်ဆုံးတော့ ဖွားလေးသောင်းက သူရဲ ့ခင်ပွန်း ဘိုးလေးမြညွန့်နဲ့ ကျွ န်တော့်ကို ဒီကိစ္စဖွင့်ပြောပြပြီး မမတို့ကို ဝိုင်းဝန်းကူညီဖို့ ဆုံးဖြတ်လိုက်ကြတော့တာပဲ . . . .''
မောင်မောင်က ဒေါ်ထားထားတို့အား နားရည်လည်အောင် သေသေခြာခြာ ရှင်းပြလိုက်လေတော့သည်။ ထိုအချ ိန်တွင် အိမ်တံခါးပွင့်လာပြီး . . . .
'' ဟုတ်ပါတယ် သမီးတို့ရယ်. . .မောင်မောင်ပြောတာကို ယုံပါ။ သူက တရားခံလုံးဝမဟုတ်ပါဘူး ။ ဘိုးလေး အာမခံပါတယ်။. . .''
ဟူ၍ အေးမြချ ို သာသော အသံနှင့်အတူ ဘိုးလေးမြညွန့်နှင့် ဘွားလေးသောင်းမေတို့သည် တစ်ယောက်ကို တစ်ယောက် ဖေးမလျှ က် ဧည့်ခန်းအတွင်းသို့ဝင်ရောက်လာလေတော့သည်။ ဘိုးလေးမြညွန့် နှင့် ဖွားလေးသောင်းမေတို့သည် အသက် ၆၀ ကျေ ာ် ၇၀ ခန့်ရှိကြသော ပင်စင်စား ဝန်ထမ်းဟောင်းကြီးမျ ားဖြစ်ကြသည်။ နှစ်ယောက်စလုံးအသားဖြူ ပြီး တရုတ်စပ်ကပြားမျ ားဖြစ်ဟန်တူ၏။ ဘိုးလေးမြမှာ ငယ်စဉ်ကတည်းက အားကစားလိုက်စားသောကြောင့် အသက်နှင့်မမျှ အောင် တောင့်တင်းသန်မာဆဲဖြစ်ပြီး ဖွားလေးသောင်းမှာတော့ ငယ်စဉ်က အတော်အတန် ကိုယ်ခန္ဓာလှပ ဖွံ့ဖြို းခဲ့ဟန် ရှိသော်လည်း ယခုအခါတွင် ဇရာ၏ဖိဆီးမှုဒဏ်ကို ခံစားနေရပြီဖြစ်သည်။
ဖွားလေးသောင်းကလည်း
'' ဟုတ်ပါတယ်သမီးတို့ရယ်။ မောင်မောင်ဟာ အရမ်းကို သိမ်မွှေ့ပြီး လိမ္မာရေးခြားရှိတဲ့ကလေးပါ။ သူ့ရဲ့ဖြူ စင်ရိုးသားတဲ့ စိတ်ထားကို အဖွားသောင်းတို့ အသိဆုံးပါ ''
ဟုထပ်ဆင့်ထောက်ပြန် လိုက်ပြန်သည်။ ဒေါ်ထားထားတို့သုံးယောက်သည်လည်း ဘာပြောလို့ပြောရမှန်းမသိဘဲ ဘိုးလေး မြညွန့်နှင့် ဖွားလေးသောင်းကို တလှည့် မောင်မောင့်မျ က်နှာကို တလှည့် ကြည်နေမိကြလေတော့၏။
၎င်းနောက် ဖွားလေးသောင်းကပင်ဆက်လက်၍ . . . .
'' ငါ့တူမတွေရဲ ့ပြသနာက ခင်ပွန်းတွေနဲ့လည်း တိုင်ပင်လ့ိုမရတော့ တိုးတိုးတိတ်တိ်နဲ့ပဲ ဖြေရှင်းရမယ့် ပြသနာမျ ို းဖြစ်နေတယ်။ ပြီးတော့ သူခိုးဓားပြလို လူ အကောင်အထည်ထဲကလည်းဖြစ်နိုင်သလို ဝိဉာဉ် လို မှော်လို အကောင်အထည်မမြင်ရတဲ့ နာနာဘာဝ ပယောဂ ထဲကလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒီတော့ တို့တွေ ဒီပြသနာကို နည်းလမ်းနှစ်မျ ို းစလုံးနဲ့ ချ ဉ်းကပ်ကြည့်ကြရင်မကောင်းဘူးလား ''
ဟု ဒေါ်ထားထားတို့ကို တိုင်ပင်လေရာ ဒေါ်ထားထားက . . .
'' အဖွားသောင်းတို့ ကောင်းသလိုသာ စီစဉ်ကြပါတော့. . .ထားထားတော့ဘာမှ မတွေးတတ်တော့ဘူး. . . .''
လွန်စွာစိတ်ရှုပ်ထွေးကာ စဉ်းစားရကြပ်သော ဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်လေတော့သည်။ ထိုအခါ ဖွားလေးသောင်းက . . . .
'' အေးပါ။ ငါ့တူမတွေ ဒုက္ခက ဖွားလေးရဲ ့ဒုက္ခပဲပေါ့။ အဖိုးတို့ အဖွားတို့ အနေနဲ့ တူမတို့ကို တတ်နိုင်သလောက် ကူညီပါ့မယ်။ ပြီးတော့ ဟောဒီက မောင်မောင် မြင်ထားတွေ ့ထားတာတွေလည်းရှိသေးတယ်။ မောင်မောင်ရေ မင်းမမတွေကိုပြောပြလိုက်ပါကွယ် ''
'' ဟုတ်ကဲ့ ဖွားလေးသောင်း။ ဒီလိုပါ မမတို့. . . .မမသူဇာနဲ့ မမသက်မာတို့ ကိစ္စတွေ ဖြစ်တဲ့အချ ိန်မှာတော့ ကျွ န်တော်ဒီမြို ့မှာမရှိပါဘူး။ အလုပ်ကိစ္စနဲ့ နယ်တွေကို ခရီးထွက်နေရတာပါ။ ဒါပေမယ့် မမထား အိမ်မှာ ဖြစ်နေတဲ့ ကိစ္စကိုတော့ အရင်ကတည်းက ကျွ န်တော့်ရဲ ့စိတ်ထဲမှာ ထင့်နေခဲ့တာပါ။
ဘာလို့လည်းဆိုတော့ . . . .ကျွ န်တော်က ဘော်ဒါတွေနဲ့ နဲနဲသောက်တတ်တော့ တခါတလေ မြို ့ထဲကနေအိမ်ကို ညဉ့်နက်သန်းခေါင်မှ ပြန်ဖြစ်တယ်လေ။ တစ်နေ့ကျွ န်တော်အိမ်အပြန်မှာ မမထားအိမ်ဘက်ကနေ အရိပ်မဲတစ်ခုတွေ့တာနဲ့ သူခိုးမှတ်ပြီး နောက်ကလိုက်ချေ ာင်းတာ ဘုန်းကြီးကျေ ာင်းဝန်းဘက်ကို ဝင်သွားပြီး မျ က်ခြေပြတ်သွားတယ်။
ဒါနဲ့ ကျွ န်တော်လည်း နောက်နေ့တွေမှာပါ အိမ်ပြန်ရင် မမထားအိမ်ဘက်ကို သတိထားကြည့်မိတော့တာပေါ့။ အဲ့လို စောင့်ကြည့်ရင်း နောက်တစ်ပတ်လောက်ကြာတော့ အဲ့ဒီ လူကိုထပ်တွေ ့ပြန်တယ်။ အဲ့ဒီလူက မမထားရဲ ့အိမ်ပြတင်းပေါက်က ကျေ ာ်ထွက်လာတာ။ မျ က်နှာမှာလည်း မျ က်နှာဖုံးစွပ်ထားတယ်။
ကံဆိုးချ င်တော့ ကျွ န်တော်ကြည့်နေတာကို သူတွေ ့သွားပြီး ထွက်ပြေးသွားပါကော။ ကျွ န်တော်လည်းနောက်ကလိုက်သေးတယ်။ ဒါပေမယ့်မမှီပါဘူး။ ဘုန်းကြီး ကျေ ာင်းဝန်းနားမှာ မျ က်ခြေပြတ်သွားတယ်။
ဒါကြောင့် ကျွ န်တော်ထင်တာက တရားခံဟာ လူစင်စစ်သာဖြစ်ရင် ဘုန်းကြီးကျေ ာင်းထဲက ဖြစ်လိမ့်မယ်။ ''
ဟူ၍ မောင်မောင်က ၎င်း ၏အတွေ့အကြုံ ကို ရှင်းပြလေသည်။
ထိုအခါ ဒေါ်ထားထားက. . .
'' သက်မာတို့ ခြံဘေးကပ်ရက်က ဘုန်းကြီးကျေ ာင်းလား ''
'' ဟုတ်တယ် မမထား. . . အဲ့ ဒီဘက်ကကို ပြေးပြီး ပျေ ာက်သွားတာပဲ ''
''' အင်းး . . .မပြောကောင်းပြောကောင်း ကိုယ်တော်ငယ်တွေထဲကမျ ားလားး ''
'' အို. . .မမထားကလည်း ကိုယ်တော်တွေထဲကတော့ မဖြစ်နိုင်ပါဘူး။ ကျေ ာင်းမှာနေပြီး ကျေ ာင်းလာတက်ကြတဲ့ နယ်ကကျေ ာင်းသား လေးငါးယောက်ရှိတာ သက်မာသိတယ်။ သူတို့ ထဲကဖြစ်နိုင်တယ်။ ''
မသက်မာက ဝင်ပြောလေသည်။ ဖွားလေးသောင်းကလည်း
'' အဲ့ဒီလိုဖြစ်နိုင်သလို စိတ်ယုတ်မာရှိတဲ့ တစ်ယောက်ယောက်က အောက်လမ်းနည်း မှော်နည်း တွေနဲ့ နာနာရုပ်တစ်ကောင် ဖြန်တီးပြီး ဒီက မိန်းကလေးတွေကို လာကျ ူ းလွန်တာလည်း ဖြစ်နိုင်တယ်။ ဖွားလေးသောင်း သိသလောက်ကတော့ အဲ့ဒီဘုန်းကြီး ကျေ ာင်းမှာနေတဲ့ ကပ္ပိယဦးဖြူ သီးဟာ ဒါမျ ို းတွေ အနည်းနဲ့အမျ ား တတ်ပုံရတယ်။
ဦးဖြူ သီးက ကျေ ာင်းနောက်က သူ့တဲလေးမှာ ကောင်မလေးတစ်ယောက်ကို ဆေးကုနေတာ ဟိုတခါ ဖွားလေးဆွမ်းပို့သွားရင်း အမှတ်တမဲ့ မြင်လိုက်မိတယ်။ ကောင်မလေးကတော့ တစ်ကိုယ်လုံး တုန်ယီနေပီး ဆုန်းပူးသလိုလို အပမှီသလိုလို ဖြစ်နေရှာတာ . . . . ''
'' ဟာ. . .ဟုတ်ပြီ။ ဦးဖြူ သီးကို သက်မာတို့လည်း မြင်ဖူးတယ်။ သူလည်း အလုံးအရပ်ထောင်ထောင်မောင်းမောင်းပဲ။ သူလည်း အမျ ားကြီးဖြစ်နိုင်တယ် ''
'' အမျ ားကြီး ဖြစ်နိုင်တာမဟုတ်ဘူး။ ခုကြားရတဲ့ အချ က်အလက်တွေအရဆိုရင် သူဖြစ်ကိုဖြစ်နေပြီပဲ သက်မာရဲ ့ ''
ဒေါ်ထားထားက ထိတ်ထိတ်ပြာပြာနှင့် ဝင်ပြောလေသည်။ ဒေါ်သူဇာက . . . .
'' ဒါဆို . . .သူဇာတို့ဘာဆက်လုပ်ကြမလဲဟင် ''
ဟူ၍ အားလုံးကိုကြံဉာဏ်တောင်းလိုက်တော့ တစ်ချ ိန်လုံးငြိမ်သက်နေတဲ့ ဘိုးလေး မြညွန့်က ဝင်ပြောလေသည်။
'' ဒီလို ငါ့တူမတို့ရဲ ့။ ဘိုးလေးအနေနဲ့ကတော့ ပြသနာကို နှစ်ပိုင်းခွဲပြီး ဖြေရှင်းစေချ င်တယ်။ တကယ်သာ တရားခံက ပညာသည်တစ်ယောက်ဆိုရင် သူ့ကို ဒီအတိုင်းနဲ့တော့ ဘယ်လိုမှ လက်ပူးလက်ကြပ် မမိနိုင်ဘူး။ သူ့ရဲ ့စွမ်းအားကို အရင်နှိပ်ကွပ်နိုင်မှဖြစ်မယ်။
အဲ့ဒီတော့ ဒီလိုလုပ်. . . .အဖိုးနဲ့ မောင်မောင်နဲ့က ဦးဖြူ သီးကို မျ က်ချ ည်မပြတ် စောင့်ကြည့်ထားမယ်။ ငါ့တူမတို့သုံးယောက်က ရေလယ်ကျွ န်းက ဆြာကြီး အောင်မြတ်ဟိန်း ဆီကိုသွား။
အဘိုး မနက်စောစောထပြီး လမ်းလျေှ ာက်ရင်း ကန်ဘက်ကို မကြာခဏရောက်ဖြစ်တယ်။ တစ်နေ့မှာတော့ ဆြာကြီး အောင်မြတ်ဟိန်းနဲ့ တွေ့လို့ စကားစမြည်ပြောဖြစ်ကြရင်း ရင်းနှီးသွားကြတယ်။ဆြာကြီးဟာ သီလ သမ္မာဓိ ပညာ အားကြီးတဲ့အပြင် သတ္တဝါတိုင်းကို မေတ္တာထားတယ်။ အဲ့ဒီတော့ ငါ့တူမကြီးတို့ တွေ့ကြုံ ခဲ့ရတဲ့ ပြသနာတွေကို ဆြာကြီး ကို ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ဆည်းကပ် အကူအညီတောင်းကြ။
ဆြာကြီးဟာ သီလ အားကောင်းလွန်းသူမို့ တူမတို့ရဲ ့သတင်းတွေပြန့်မှာ မပူရပါဘူး။ ဘိုးလေးမြ ဆြာကြီးအကြောင်းကို ကောင်းကောင်းသိပါတယ်။ ဆြာကြီးဆီရောက်ရင်သာ ဘိုးလေးမြလွှတ်လိုက်တယ်လို့ ပြောပြလိုက်။ ဒီလို မိစ္ဆာစွမ်းအားတွေဆိုတာ ဆြာကြီးလို ပုဂ္ဂို လ်မျ ို းကပဲ နှိမ်နင်းဆုံးမနိုင်မှာ။
သူ့ရဲ ့စွမ်းအားတွေကို ဆြာကြီးက ထိန်းချ ု ပ်လိုက်နိုင်ပြီဆိုရင် တရားခံဟာ လုံးလုံး အားပျေ ာ့သွားမယ်။ ဒီအချ ိန်မှာ တို့က သင်းကို အလွယ်လေးဖမ်းလိုက်ယုံပဲ။ ''
ဟူ၍ အစီအစဉ်ဆွဲပေးလေသည်။ ဒေါ်ထားထားတို့ သုံးယောက်လည်း . ,
''ဟုတ်ကဲ့ . . .ဘိုးလေးမြ။ မနက်ဖြန်မနက်ပဲ ဆြာကြီးဆီကို သမီးတို့သွားလိုက်ပါ့မယ်။ ခုလို သမီးတို့ ဒုက္ခကို ဝိုင်းဝန်းဖြေရှင်းပေးကြတဲ့အတွက်လည်း အားလုံးကို သမီးတို့ ကျေ းဇူးအထူးတင်ပါတယ်. . . .''
စသဖြင့် စိတ်အားထက်သန်စွာဖြင့် ကျေ းဇူးတင်စကား ကိုယ်စီပြောကြားလိုက်ကြလေတော့၏။
ကန်ရေပြင်က ကြည်လင်နေသည်။ ကန်ထဲတွေ ကြာဖြူ ကြာနီတို့ အပြို င်အဆိုင် ဖူးပွင့်နေကြကာ ဘေးမဲ့ပေးထားသော ရွှေငါးငွေငါးလေးမျ ားက လူးလာ ကူးခတ်နေကြလေ၏။ ကျေ းငှက်ကလေးမျ ားကလည်း ကျ ီကျ ီကြာကြာ ချ ို တေးသီလျှ က် အိပ်တန်းထကာ အစာရှာထွက်ကြလေပြီ။
ငွေနှင်းငွေမှုန်တို့ ဖွဲဖွဲကြ၍ လေပြေအေးလေးသုတ်ဖြူ းနေသော အနော်မာ ကန်တော်၏ မနက်ခင်းသည် သာယာချ မ်းမြေ့လှပေသည်။ သို့သော် သဘာဝလောကကြီး၏ အေးမြခြင်းသည်ကား ဒေါ်ထားထားတို့ မိန်းမသား သုံးဦး၏ ရင်တွင်းအပူမီးကိုတော့ ငြှိမ်းသတ်ခြင်းငှာ မစွမ်းသာနိုင်ပေ။
ယခုအခါတွင် ဒေါ်ထားထားသည်လည်း ဆေးရုံမသွားနိုင်တော့
ဆြာဝန်ကတော် ဒေါ်သူဇာအောင် သည်လည်း အိမ်တွင် ဇိမ်ဖြင့်မနေနိုင်တော့
မသက်မာသည်လည်း ကျေ ာင်းမတက်နိုင်ရှာတော့ . . . .
၎င်းတို့သုံးဦးစလုံးသည် ကန်လည်ဓမ္မာရုံအတွင်းသို့ရောက်ရှိနေကြပြီး ဆြာကြီး အောင်မြတ်ဟိန်း၏ ရှေ ့တွင် ရိုသေစွာ ခပ်ကျ ုံ ကျ ုံ ထိုင်နေကြကာ မျ က်နှာမကောင်းဘဲ ရှိကြကုန်၏။
ဆြာကြီး အောင်မြတ်ဟိန်းမှာ အသက်အရွယ်အားဖြင့် ငါးဆယ်ကျေ ာ်တန်းမျှ ဖြစ်ပြီး ဥပတိရုပ်ကောင်းသူတစ်ဦးဖြစ်သည်။ ဆြာကြီးသည် သူမတို့ ၏ရှေ ့ ကောဇောပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျ က်လုံးမျ ားကို စုံမှိတ်လျှ က် အာရုံခံနေလေ၏။ ဆြာကြီး ၏ မျ က်နှာမှာ လွန်စွာခံငြားတည်ကြည်လှပြီး ငြိမ်းချ မ်းမှု မေတ္တာတရားမျ ားနှင့် ခြုံ လွှမ်းလို့နေကြောင်း သူမတို့သုံးယောက် ခံစားမိကြလေသည်။
ခဏအကြာတွင် ဆြာကြီးသည် အာရုံခံနေရာမှ မျ က်လုံးဖွင့်လာပြီး ချ ို သာအေးမြကာ အသံသြဇာ ပြည့်သော အသံဖြင့် ဒေါ်ထားထားတို့ကို အမိန့်ရှိလေသည်။
'' အင်း. . . .ငါ့သမီးတော်တို့ ကိစ္စက တော်တော်လေးမသေးဘူးကွယ့်။ တဖက်က ပညာသည်ဖြစ်တဲ့အပြင်ကို ကာမနဲ့ပတ်သက်တဲ့ စိတ်ဝေဒနာပါရှိပုံရတယ်။ သူ့ရဲ ့အသက်ကို စတေးပြီးတော့ကို ဒီကိစ္စကို ကြံစည်တာပဲ။
ခု ဆြာကြီး အာရုံခံလို့ရသလောက်ကတော့ တရားခံဟာ ငါးလုံးတန်းထဲကပဲ။ ''
ဒေါ်ထားထားတို့သုံးဦး မျ က်လုံးပြူ းသွားကြကာ . . . .
'' ဟင်. . .ငါးလုံးတန်းထဲက။ ဟုတ်လား '' ဟုပြို င်တူ မေးလိုက်ကြလေတော့သည်။
'' ဟုတ်တယ် သမီးတို့။ ပြီးတော့ ခုလောလောဆယ်မှာ အဲ့ဒီသူရဲ ့မိစ္ဆာစွမ်းအားက အရမ်းကိုကြီးနေတယ်။ သူက သမီးထားထားကို ကြံစည်ရတာ အားရသွားပေမယ့် ဟောဒီက သမီးငယ်တွေဖြစ်တဲ့ မသူဇာအောင်နဲ့ မသက်မာကို နောက်ထပ်နှစ်ခါတိတိ ကျ ူ းလွန်ဖို့ အစီအရင်လုပ်ထားသေးတယ် ''
ထိုစကားကိုကြားလိုက်ရသောအခါ ဒေါ်သူဇာနှင့် မသက်မာတို့သည် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားကြပြီး . . .
'' ဘယ် . .ဘယ်လို ဆြာကြီးးး။ သူ သူဇာ တို့ကို နောက်ထပ်နှစ်ခါ ကျ ူ းကျ ူ းလွန် ဦးမှာ။ ဟုတ် ဟုတ် လား ဆြာကြီး. . . . ''
ဟူ၍ ကတုန်ကယီမေးကြလေသည်။ ဆြာကြီးက ခေါင်းငြိမ့်ပြလိုက်တော့
'' ကယ် . . .ကယ်ပါဦးး ဆြာ ကြီးရယ်။ အဲ့ အဲ့ဒီ တဏှာ ရူးမိစ္ဆာကို ဆြာကြီး အစွမ်းနဲ့ မြန်မြန် နှိမ်နင်းပေးလို့ မရဘူးလားဟင် ''
ဒေါ်သူဇာနှင့်မသက်မာတို့လည်း အပြို င်အဆိုင် တောင်းပန်တိုးရှိုးကြလေတော့သည်။ ဆြာကြီး အောင်မြတ်ဟိန်းလည်း မျ က်နှာမကောင်းစွာဖြင့် ခေါင်းကို ဖြေးညှင်းစွာ ခါလိုက်ပြီး . . . .
'' ဆြာကြီးလည်း စိတ်မကောင်းပါဘူး သမီးတို့ရယ်။ တရားခံဘယ်သူဘယ်ဝါ ဆိုတာကို ဆြာကြီး အတတ်သိနေပါပြီ။ ဒါပေမယ့် ခုအချ ိန််မှာ ထုတ်ဖေါ်ပြောလို့ ဘာအကျ ို းမှမရှိနိုင်ဘူး။ သူ့ကို ဖမ်းလို့ ဆီးလို့မရသလို တိုက်ခိုက်လို့လည်းမရနိုင်ဘူး။ အဲ့ဒီလိုလုပ်ရင် သူက ဘေးက မဆိုင်တဲ့သူတွေကိုပါ ကောင်းကောင်းဒုက္ခပတ်ပေးတော့မှာ။ သူ့ရဲ ့မိစ္ဆာစွမ်းအားတွေက အထွတ်အထိတ်ကို ရောက်နေပြီလေ။ ''
'' ဒါ ဒါဆို သူ့ သူ့ကို နှိမ်နင်းနိုင်မယ့်နည်းလမ်းမရှိ တော့ဘူးလား ''
''တစ်နည်းတော့ရှိတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါတော့ သမီးတို့ရယ်. . . . .။သမီးတို့နှစ်ယောက်ကို သူနှစ်ခါစီကျ ူ းလွန်ပြီးသွားရင်တော့ သူ့ရဲ ့အစီအရင်ပျ ယ်သွားပြီး သူစွမ်းအားတွေ လျေ ာ့သွားတော့မှာပါ။ အဲ့ဒီအခါကြရင် ဒီကောင် ဘယ်သူဆိုတာ ဆြာကြီးကိုယ်တိုင်ဖော်ထုတ်ပေးပြီး ဒီကောင့်ကို လူကိုကောင်းကောင်းဆုံးမမယ့်အပြင် ဝိဉာဉ်ကိုပါ ချ ု ပ်ထားပြီး ရုက္ခစိုးတွေလက်ထဲအပ်ပြီး ဆုံးမခိုင်းပါ့မယ်။
ဒီကြားထဲမှာတော့ သူ့ရဲ ့အစီအရင်ကို ဘယ်ဆြာကမှ ဖျ က်လို့မရတော့ဘူး။ စိတ်မကောင်းပါဘူး သမီးတို့ရယ်. . .အတိတ်က သူ့ရဲ ့ဝတ်ကြွေးပါခဲ့ကြလို့ လို့ပဲ မှတ်ကြပါတော့။ ဆြာကြီးအနေနဲ့ အကောင်းဆုံးကူညီနို်င်ကတော့ အိမ်ထောင်သည်တွေဖြစ်တဲ့ ငါ့သမီးတွေအနေနဲ့ အဆင်ပြေမယ့်အချ ိန် ငါ့သမီးတွေရဲ ့ ခင်ပွန်းအိမ်သားတွေ အိမ်မှာမရှိတဲ့ အချ ိန်မျ ို းမှာ ငါ့သမီးတို့ဆီ သူရောက်လာချ င်စိတ်ပေါက်အောင် ဆြာကြီးရဲ ့သမ္မာဓိစွမ်းအားနဲ့ သူ့ရဲ ့မနော အာရုံကိုလှမ်းပြီး ထိန်ပေးထားနိုင်တာပါပဲ။ ''
ဆြာကြီးအောင်မြတ်ဟိန်းက လောလောဆယ်အနေဖြင့် ၎င်းကူညီနိုင်မည့်အပိုင်းကို စိတ်မကောင်းစွာ ပြောပြလိုက်လေတော့၏။
ဒေါ်သူဇာနှင့် မသက်မာတို့ ၏ တအင့်အင့် ရှိုက်ငိုသံမျ ားလည်း ပေါ်ထွက်လာကြလေတော့သည်။
ဆက်ရန်
အမြင့်ကြောက်သော ငှက်