အမြင့်ကြောက်သော ငှက်
'' ရေချိုးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရှင့်နဲ့ အပြိုင်လိုက်ချိုးတာတော့ မဟုတ်ရပါဘူးနော်။ ရှင်ကသာ ကျွ န်မရေချိုးဝင်ပြီဆို ရေလိုက်ချိုးနေတာမဟုတ်လား။ ကျွန်မက ကိုယ့်ဘာသာ အေးဆေးချိုးချင်လို့ ဘယ်သူနဲ့မှ မတွေ့အောင် နောက်ဆုံးမှဝင်ချိုးတာ ''
'' အောင်မယ် မယ်မင်းကြီးမ . . သူကပဲ တပြန်ကြီး ပြောရတယ်ရှိသေး ''
မိန်းကလေးရဲ့ စကားကြောင်း ဝေယံလည်း မခံမရပ်နိုင်ဖြစ်သွားပြီး ခပ်လန့်လန့်နဲ့ပဲ ပြန်ပြောလိုက်တယ်။ တဆက်တည်းမှာပဲ . . အင်းး အဲ့ဒါက အရေးမကြီးဘူး . . .သူဘာလည်း ဘာကောင်လည်း လူလား သရဲလား ဝိဉာဉ်လား သိရအောင် အရင်မေးရမယ် . . လို့ စိတ်ကူးမိသွားပြီး . . .
'' ထားပါ . .အဲ့ဒါတွေက။ ဒါနဲ့ ခင်ဗျားက သရဲလား လူလား နာနာဘာဝလား။ ကျုပ်အခန်းထဲက ကြည့်ရင် မှန်ရဲ့ဟိုဘက်မှာ ခဗျားကို မြင်ရတယ်။ ကျုပ်အခန်းအပြင်ထွက်ပြီး အဲ့ဒီဘက်ခြမ်းကို ကြည့်လိုက်ရင် ခင်ဗျား မရှိတော့ဘူး။ ခင်ဗျားက ထူးဆန်းတယ်။ ခဗျား ဘာကောင်လည်း ''
သူမကို အထူးအဆန်းသတ္တဝါတစ်ကောင်လိုကြည့်ပြီး မေးခွန်တွေ ထုတ်နေတဲ့ ဝေယံ့ကိုကြည့်ပြီး မိန်းကလေးက တခွိ ခွိနဲ့ သဘောကြရယ်မောတော့တယ်။ အားရအောင်ရယ်ပြီးမှ အရယ်သတ်လို့ ခပ်ပြုံးပြုံး မျ က်နှာပေးနဲ့
'' ရှင်နာမည်က ဝေယံ ဆိုတာ ကျ မသိပြီးသား။ ကျွန်မ နာမည်ကတော့ ရွှေရတီ တဲ့။ ရှင်ပြောသလိုပဲ ကျွ န်မက နာနာဘာဝပဲ ထားပါတော့။ ''
မိန်းကလေးရဲ့အဖြေကြောင့် ဝေယံ အနည်းငယ်ကြောက်သွားပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ သေခြာအောင်ထပ်မေးလိုက်တယ်။
'' နာ နာနာဘာဝဆို ရင် ဘာလို့ ခင်ဗျားကို ကျုပ်က မြင်နေရတာလည်း ''
'' ဟဲ ဟဲ ဒါက ဒီလိုရှင့် . . .လူတိုင်းကိုတော့မဟုတ်ပေမယ့် တချို့လူတွေကို ကျွန်မ ကိုယ်ထင်ပြလို့ရတယ်။ ပြောရရင် ကျွန်မနဲ့ ရှေးဘဝ ရေစက်ပါတဲ့သူတွေကို ဆိုပါတော့။ ကျွန်မ ဒီအိမ်ကို စရောက်တဲ့နေ့မှာ မောမောပမ်းပမ်းနဲ့ ရေဝင်ချိုတုန်း တစ်ဖက်ခန်းမှာ ရှင့်ကို တွေ့တော့ စချင်နောက်ချင်တဲ့စိတ် ဖြစ်လာတယ်။ ဒါနဲ့ ကိုယ်ထင်စမ်းပြကြည့်လိုက်တော့ ကွက်တိဖြစ်ပြီး ရှင်က ကျွန်မကို မြင်သွားတော့တာပဲ ''
ကြောက်လန့်စိတ်မှ စူးစမ်းလိုစိတ်ကို ပြောင်းသွားတာကြောင့် ဝေယံလည်း သိလိုသမျှ ကို ဆက်မေးတော့တယ်။
'' ဒါဆို ခင်ဗျားနဲ့ ကျွ န်တော်နဲ့က ရေစက်တစ်ခုခု ပါလာကြတဲ့သဘောပေါ့ ''
'' အင်းပေါ့ အဲ့လိုပဲ ယူဆရမှာပဲ ''
'' ခင်ဗျားဗျာ ရေစက်ပါ မပါ စမ်းချင်ရင်လည်း ခုလို အိပ်ချိန်တို့ ဘာတို့ လာစမ်းလှည့်ပါလား။ ခုတော့ မဟုတ်ကဟုတ်က ရေချိုးတဲ့အချိန်မှာ ကိုယ်ထင်ပြပြီး ရေလာချိုးပြရတယ်လို့ . . .''
ဝေယံက မကြေမခြမ်း မြည်တွန်တောက်တီးလိုက်ရာ သူမက တခွိ ခွိ ရယ်ပြန်တယ်။ ပြီးတော့မှ
'' ဒါက ရှင့်ရဲ့ သမာဓိကို စမ်းတာလေ . . ရှင် ဘယ်လောက် သမာဓိအားကောင်းလည်း . . ဘူးလား မဘူးဘူးလားပေါ့ ။ ရှင်က ဘယ်လိုလူမျိုးမှန်း မသိသေးဘဲနဲ့ ကျွန်မက ရှင့်အခန်းထဲကို လာပြီး ကိုယ်ထင်မပြဝံ့ပါဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ထင်ပြထားတဲ့ အချိန်မှာ ကျွန်မက သာမာန်လူတစ်ယောက်နဲ့ အားလုံးအတူတူပဲလေ။ ပြီးတော့ တစ်ယောက်ယောက်က ဖက်ထား ချုပ်ထားရင် ကျွန်မက ကိုယ်ပြန်ဖျောက်လို့မရဘူးရယ် . . ''
လို့ ပြန်ရှင်းပြတယ်။ မိန်းကလေးစကားကြောင့် သူမရဲ့ပကတိအလှအပတွေကို မြင်ခဲ့ကြည့်ခဲ့မိတဲ့ ဝေယံမလုံမလည်းဖြစ်သွားပြီး
'' ဒါကတော့ဗျာ . .ယောကျ်ားလေးပဲ သက်သက်ကြီးကြည့်တယ်မဟုတ်တောင် ခင်ဗျားက လာပြနေတော့ မြင်နေရတာပေါ့။ ဒါပေမယ့် ခပ်ဝါးဝါးပါ ''
လို့ ရှက်ကိုး ရှက်ကန်းနဲ့ ပြန်ဖြေလိုက်တော့တာပေါ့။ မိန်းကလေးကတော့ ဝေယံဖြစ်နေပုံကို သဘောကြပြီးရင်း သဘောကြကာ
'' ဟားးးဟားး ဟားး ဟုတ်ပါပြီ။ ရှင် လူဆိုးမဟုတ်မှန်း ဘူးမန်းမဟုတ်မှန်း ကျွန်မ ယုံပါတယ်။ ဒါကြောင့်လည်း ရှင့်ကို ကျွန်မ မိတ်လာဖွဲ့တာပေါ့။ ပြီးတော့ တစ်ခုလည်း ခွင့်တောင်းချင်လို့။ ''
'' ဘာ ခွင့်တောင်းမှာလည်း။ ကျွန်တော် ကူညီနိုင်တာဆို ကူညီပါ့မယ် ''
ပြုံးပျော်ရယ်မောနေရင်းမှ ချက်ခြင်းညှိုးကျသွားတဲ့ သူမရဲ့မျက်နှာကို မြင်လိုက်ရတော့ ဝေယံလည်း သူတတ်စွမ်းသမျှ ကူညီဖို့ ကတိပေးလိုက်မိတယ်။ ထိုအခါ မိန်းကလေးက . . .
'' ဒီလိုရှင့်။ ကျွန်မ ဘာလို့ ဒီအိမ်ကို ရောက်လာရတယ်။ ဘယ်က ရောက်လာရတယ်ဆိုတာ နောက်မှ ရှင့်ကို အေးဆေးပြောပြပါ့မယ်။ ခုလောလောဆယ်မှာ ကျွန်မနေနေရတဲ့ ဂိုထောင်ခန်းက အဆင်သိပ်မပြေဘူးရှင့်။ ကြက်သွန်တွေ ထားတော့ အရမ်းမွှန်တယ်။ ကျွန်မကလည်း ဒီအိမ်မှာ ဆက်နေကို နေရမယ့် အကြောင်းက ရှိနေလေတော့ . . .''
မိန်းကလေးက စကားမဆက်သေးဘဲ ပြောသင့်မပြောသင့် စဉ်းစားနေတဲ့ဟန်နဲ့ ဝေယံ့မျက်နှာကို တွေတွေလေးကြည့်နေပြန်တယ်။ ဝေယံမနေနိုင်တော့ဘဲ
'' ပြောပါ ဘာဖြစ်လို့လည်း ''
လို့စကားထောက်လိုက်တော့မှ သူမက
'' အဲ့ အဲ့ဒါ ရှင့် ရှင့် အခန်းမှာ ကျွန်မ လာနေပါရစေ။ ကျွန်မကို နေရာ တစ်နေရာ စာလေးပေးပါလား။ ကျောတစ်ခင်းစာရရင်တော်ပါပြီ ''
လို့ သနားစဖွယ် အမူအရာလေးနဲ့ တောင်းဆိုလေတယ်။ ဝေယံလည်း စဉ်းစားရ ကြပ်ကြပ်နဲ့ပဲ ခေါင်းကုတ်စဉ်းစားလိုက်ပြီး နောက်ဆုံးမှာတော့ သူမကို ကူညီဖို့ ဆုံးဖြတ်လိုက်တော့တယ်။
'' အေးဗျာ။ နေချင်တယ်ဆိုတော့လည်း နေပေါ့။ အခန်းက သိပ်အကျယ်ကြီးမဟုတ်ပေမယ့် သိပ်လည်း မကျဉ်းပါဘူး။ ကျုပ်ကုတင်နဲ့ နံရံကြားမှာပဲ အိပ်ယာခင်းအိပ်ပေါ့။ ကျုပ်ခြုံ ဖို့ထားတဲ့ ဂွမ်းကတ်ကို ခင်းလိုက် စောင်နဲ့ ခေါင်းဦးလည်း ခွဲယူ ''
ဝေယံ့ရဲ့ခွင့်ပြု ချက်ရတာနဲ့ တပြိုင်တည်း မိန်းကလေးရဲ့မျက်နှာလည်း ဝင်းလက်သွားပြီး . . သူမကိုပေးနေလို့ ဝေယံ လုံးဝအနှောက်အယှက်မဖြစ်စေကြောင်း . . အခန်းသန့်ရှင်းရေး အိပ်ယာ အခင်းကျင်းတွေလည်း သူမပဲ အားလုံးလုပ်ပေးမယ့်အကြောင်း. .ဝေယံ့အဝတ်အစားတွေကိုလည်း မီးပူတိုက်ပေးမယ့်အကြောင်း . .စသဖြင့် ပျော်ရွှင်ကြေနပ်စွာ ကတိပေးရှာတယ်။
အဲ့ဒီနောက် ဝေယံက အိပ်ယာခင်းပစ္စည်းတွေ ခွဲပေးလိုက်တော့ သူမလည်း အိပ်ယာ ခင်းတော့တာပဲ။
'' ဒါနဲ့ ခင်ဗျားက လူလွတ်တဲ့ ဧည့်ခန်း ဘုရားခန်းလိုဟာမျိုးတွေမှာ နေလို့မရဘူးလား။ ''
'' မရဘူးရှင့်။ အိပ်မောအရမ်းကျသွားပြီး ဘဝင်စိတ်ကျ တဲ့ အချိန်တခဏမှာ ကျွ န်မရဲ့ကိုယ်က ပေါ်လာတတ်တယ်။ အဲ့လိုအချိန်မှာ ကျွန်မနဲ့ရေစက်မရှိတဲ့သူနဲ့တိုးရင် မမြင်ရလို့ ပြသနာမရှိပေမယ့် ရေစက်ပါတဲ့ သူနဲ့တိုးရင် ကျွ န်မကိုမြင်သွားပြီး ကွိင်အကြီးကြီးတက်သွားနိုင်တယ်လေ ။ ပြီးတော့ . . ကျွန်မနဲ့ ဘယ်သူရေစက်ရှိတယ် မရှိဘူးဆိုတာကိုလည်း ကိုယ်ထင်စမ်းပြမကြည့်ဘဲ ကျွန်မကိုယ်တိုင်မသိနိုင်ဘူး။ ဒါကြောင့် ကျွန်မ ဒီကိုရောက်ရောက်ခြင်း ဘယ်သူမှ မနေတဲ့ ဂိုထောင်ခန်းထဲမှာ အိပ်ရတာပေါ့ ''
မိန်းကလေးက အိပ်ယာခင်းနေရင်း ဝေယံ့ကို ပြန်ရှင်းပြတယ်။ ဝေယံလည်း သူမကို နောက်ချင်လာတာနဲ့
'' ကျုပ်ကိုတော့ ရှော့မရှိဘူးလို့ ယုံတယ်ပေါ့။ ကျုပ်လည်း ပုထုဇဉ်ပဲဗျ ။ ဒါ့ကြောင့် ဒီအခန်းထဲမှာနေရင် ခင်ဗျား ကိုယ်ဖျောက်ထားတာတော့ အကောင်းဆုံးပဲ။ အဲ . . အိပ်ပျော်လို့ ဘဝင်စိတ်ကျ ပြီး ခင်ဗျားကိုယ်ပေါ်လာတဲ့ အချိန်နဲ့ ကျုပ်တရေးနိုးတာနဲ့ တိုးရင်တော့ ကျုပ်ကိုကိုယ် ထိန်းနိုင်လိမ့်မယ်လို့ အာမ,မခံနိုင်ဘူးဗျ နော် . . ''
လို့ ပြောင်စပ်စပ်မျ က်နှာပေးနဲ့ စနောက်လိုက်တော့ သူမက
'' ဒါကတော့ရှင် . . .ကျွ န်မရဲ့ကံပေါ့။ အမှန်ဆို ကျွန်မမှာ ရှင်မသိသေးတဲ့ ပါဝါတွေရှိပါသေးတယ်။ ဒါပေမယ့် အဲ့လိုအချိန်ရောက်မှတော့ ဒါတွေလည်း ကျွန်မ ထုတ်သုံးမနေတော့ပါဘူး။ ရှင်လို လူချော လူဖြောင့် လူကောင်း တစ်ယောက်ရဲ့ ဆန္ဒကို ကြည်ကြည်ဖြူ ဖြူ လိုက်လျော လိုက်ရတာ ကျွန်မအတွက် အများကြီးခံသာပါသေးတယ်။
တကယ်ဆို ကျွန်မက ဒီထက်အဆတစ်ရာမက ဆိုးဝါး ယုတ်မာတဲ့ လူတွေ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတဲ့သူပါ။ ဒါတွေ အားလုံးက . . .ဒါ ဒါ တွေ အားလုံးး က . . .''
ပြောနေ ဆိုနေရင်း စကားမဆက်နိုင်တော့ဘဲ ဝမ်းနည်း ဆို့နင့်လာတဲ့ မိန်းကလေးရဲ့ အဖြစ်ကို မြင်ရတော့ ဝေယံ စိတ်မကောင်းဖြစ်သွားပြီး
'' ဟုတ်ပါပြီ . . ခင်ဗျားမှာ အတိတ်က စိတ်ဒဏ်ရာတွေ များခဲ့ပုံရတယ်။ ခုတော့ အချိန်မစောတော့ဘူး . . .နောက်နေ့တွေမှ အေးအေးဆေးဆေး ပြန်ပြောပြပေါ့။ ခုတော့ စိတ်ချလက်ချ နဲ့ နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်လိုက် . . ဟုတ်ပြီလား။ ခင်ဗျား မှည့်တပေါက်မစွန်းစေရဘူး . .ကျုပ်ကတိပေးတယ်။ ''
လို့ နှစ်သိမ့်ကတိပေးရင်း သူမကို အိပ်ဆက်ရန် တိုက်တွန်းလိုက်တော့တယ်။
'' ကျေးဇူးတင်ပါတယ်ရှင် . . .''
သူမက ဝေယံ့ကို ကျေးဇူးတင်စကားပြန်ပြောပြီး သူမကိုယ်တိုင်ခင်းထားတဲ့ အိပ်ယာပေါ်မှာ ခွေခွေလေး လှဲအိပ်လိုက်တယ်။ အဲ့ဒီနောက် စောင်လေးကို ဆွဲခြုံရင်း ကုတင်ပေါ်က ဝေယံ့ကို အပြုံးလေးတစ်ပွင့်ပေးပြီး ပျောက်ကွယ်သွားပါလေကော။
ဝေယံလည်း သက်ပြင်းတစ်ချ က်ချ လိုက်ပြီး အိပ်ယာပေါ်မှာ ပျော်အောင်အိပ်လိုက်ပါတော့တယ်။
မနက်လင်းလို့ ဝေယံနိုးလာတော့ သူမကို မတွေ့ရတော့ဘူး။ ပေးထားတဲ့ စောင်တွေ ခေါင်းဦးတွေက စာကြည့်စားပွဲရှေ့ ဖင်ထိုင်ခုံလေးပေါ်မှာ သေသေသပ်သပ် ခေါက်တင်ထားလျှက်။ ဝေယံလည်း ထွေထွေထူးထူးတွေးမနေတော့ဘဲ မျ က်နှာသစ်သွားတိုက်လုပ်ဖို့ ရေချိိုးခန်းရှိရာကို ထွက်လာခဲ့လိုက်တော့တယ်။
မျက်နှာသစ်ပြီး အခန်းကိုပြန်လာတော့ သူအိပ်ထားတဲ့ အိပ်ယာပါ အသေအခြာ ဖြန့်ပြီး စောင်တွေလည်း ခေါက်ပြီး ဖြစ်နေတာကို ဝေယံတွေ့လိုက်ရတယ်။
'' ခင်ဗျားကိုလက်ခံရတာ ဘယ်ဆိုးလို့လည်း . . ''
ဝေယံ ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ ပြောလိုက်တော့
'' ခစ် ခစ် ခစ် ''
ဆိုပြီး ရယ်သံလွင်လွင်လေး တစ်ချက်ထွက်လာပြီး ဘာမှ ဆက်မထူးခြားတော့ဘူး။ ဒါနဲ့ မနက်မုန့်စားဖို့ အခန်းအပြင်ကို ဝေယံထွက်လာလိုက်တော့တာပေါ့။
ထမင်းစား စားပွဲမှာက ကိုစိုင်းတံခွန်ကရောက်နှင့်ပြီး ဒေါ်မယ်စဉ်ပေးတဲ့ ပဲပြု တ်ထမင်းကြော်နဲ့ ဆိတ်သားခြောက်ကင် ပဲဆီစမ်းကို မနက်စာအဖြစ် စားသောက်နေလေရဲ့။
'' လာ . .ဝေယံ။ ညီလေး တစ်ခါတည်းဝင်စားလိုက် ''
ဝေယံကို မြင်ကော ကိုစိုင်းတံခွန်က သူနဲ့အတူ ဝင်စားဖို့ ခေါ်တာနဲ့ ဝေယံလည်း စားပွဲမှာဝင်ထိုင်ပြီး မနက်စာ ဆွဲလိုက်တော့တယ်။ မဇွန်သူဝင်း ကိုမေးကြည့်တော့ မနိုးသေးဘူးတဲ့။ မနေ့ညက မိဘတွေအိမ်ကနေအတော်လေး အပြန်နောက်ကျခဲ့တယ် . . .သူမရဲ့ ဖခင်ကြီး သိပ်နေမကောင်းလို့ ဆိုပဲ။
မနက်စာ စားပြီးနောက် ကော်ဖီသောက် စကားစမြီပြောကြရင်း ကိုစိုင်းတံခွန်က . .
'' ငါ့ညီ အိမ်မှာနေရတာပျင်းရင် ရှူတင်ကို လိုက်ခဲ့ပါလား . .''
လို့ သူ့ရဲ့ရှူတင်ကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်လေတယ်။ စိုင်းတံခွန်ပြောသလို အိမ်မှာနေရတာလည်း အမှန်တကယ်ကို ပျင်းရိပြီး ငြီးစီစီ ဖြစ်နေတာကြောင့် ဝေယံတစ်ယောက် ကိုစိုင်းတံခွန်ရဲ့ ရှူတင်ကို လိုက်ခဲ့ဖို့ ခေါင်းငြိမ့်လိုက်မိပါတော့တယ်။
ရှူတင်ကိုရောက်တော့ . . .ရှူတင်တစ်ခုလုံး ကိုစိုင်းတံခွန်ကို ခင်မင်လေးစားကြကြောင်း ဝေယံ တွေ့မြင်ရတယ်။ မင်းသားရယ် ဘာရယ်ကြောင့် မဟုတ်ဘဲ ညီလို အကိုလို ဆွေလိုမျိိုးလို ချစ်ခင်နေကြတဲ့ဟန်။
ကိုစိုင်းတံခွန်နဲ့ ပါလာတဲ့ ဝေယံ့ကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံပြောဆိုကြတယ်။ ဒါ့အပြင် ရုပ်ရည်ရူပကာကော ခန္ဓာကိုယ် ကြံ့ခိုင်မှုပါ အဆင်ပြေချောမွေ့တဲ့ ဝေယံ့ကို
'' မင်းသားလုပ်ပါလား . . .တစ်ကားလောက်ဝင်ရိုက်ကြည့်လေ ''
စသဖြင့် စနောက်ကြပြန်တယ်။ အခြောက်မတွေကလည်း စိုင်းတံခွန်ကို မိတ်ကပ် ပြင်ပေးပြီးတာနဲ့ ဝေယံ့နားမှာတရုန်းရုန်းပေါ့။ ဇာတ်ပို့ ဇာတ်ရံတွေနဲ့ လူကြမ်းသရုပ်တောင်တွေကလည်း ၎င်းတို့ နားတဲ့အချိန်မှာ ဝေယံ့ဆီ လာရောက်ပြီး ပြောဆိုမိတ်ဆက်ကြတယ်။ စကားစမြီပြောကြတယ်။
ကိုစိုင်းတံခွန်နဲ့ ထွန်းအောင်ကတော့ အတော်ကို မအားရှာဘူး။ ကိုစိုင်းတံခွန်က သူသရုပ်ဆောင်ရမယ့်အခန်းတွေ ထရိုက်လိုက် . .ဒိုင်ယာလော့ကျက်လိုက် . . ဒရိုက်တာ မင်းသမီးစသူတို့နဲ့ ပြောဆိုတိုင်ပင်လိုက် စသဖြင့် အလုပ်ရှုပ်နေတာကများတယ်။ ထွန်းအောင်ကလည်း ကိုစိုင်းတံခွန်နောက် တကောက်ကောက် လိုက်ပြီးလိုအပ်သမျှ ဖြည့်ဆီးပေးနေရတာဆိုတော့ သူလည်းအတူတူပဲပေါ့။
ဝေယံတစ်ယောက်သာ သစ်ပင်ရိပ်တစ်ခုအောက်က ကွပ်ပြစ်ပေါ်မှာ ထိုင်ရင်းနဲ့ ရုပ်ရှင်ရိုက်တာကြည့်လိုက် . .လာစကားပြောတဲ့ သူရှိရင် စကားပြန်ပြောလိုက်လုပ်နေရတာ။ တစ်ခါတော့ . . . . ကိုစိုင်းတံခွန်ကို ရှူတင်တစ်ခုလုံးက ဘာလို့ ဒီလောက်တောင် ချစ်ခင်နေကြတာလဲ ဆိုတာ ဝေယံသိချင်လာတာနဲ့ သူ့အခန်းပြီးလို့ ဝေယံ့ရဲ့အနားကို လာထိုင်တဲ့ ဦးတုတ်ကြီးဆိုတဲ့ လူကြမ်းအိုကြီးကို မေးကြည့်မိလိုက်တယ်။
အဲ့ဒီမှာတင် . . .
နာမည်ကြီး လျှမ်းလျှမ်းတောက် မင်းသားတစ်ယောက်ဖြစ်ပေမယ့် ကိုစိုင်းတံခွန်ဟာ အခြားသောမင်းသားတွေနဲ့ ဘာမှမဆိုင်ကြောင်း
အင်မတန်သဘောထားပြည့်ဝပြီး လူတဖက်သားကို နားလည်ကူညီတတ်သူဖြစ်ကြောင်း
ကိုယ့်ထက် ဆင်းရဲနွမ်းသားသူ ချို့တည့်အားငယ်သူများကိုလည်း လွန်စွာ သနားကြင်နာတတ်ကြောင်း
၎င်းရဲ့သမီးလေး အဖျားတွေကြီးပြီး အဆေးရုံတက်စဉ်က ဆိုလျှင် မင်းသားကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ငွေရေးကြေးရေးကအစ အစစအရာရာ ကူညီပံပိုးပေးခဲ့ခြင်းဖြစ်ကြောင်း
၎င်းတင်မဟုတ်ဘဲ အခြားသော လူကြမ်းသရုပ်ဆောင်များနှင့် ဇာတ်ပို့ဇာတ်ရံများကိုလည်း တတ်နိုင်သမျှ ကြည့်ရှုစောင့်ရှောက်တာမို့ မင်းသာကျန်းမာ ချမ်းသာပါစေကြောင်း အားလုံးက နေ့စဉ်နေတိုင်း ဆုတောင်းလျှက်ရှိကြကြောင်း
စသဖြင့် ကိုစိုင်းတံခွန်ရဲ့ ကောင်းသတင်းကို ဦးတုတ်ကြီးဆီက ဝေယံ ကြားသိလိုက်ရတော့တယ်။ ဦးတုတ်ကြီးရဲ့စကားဆုံးသွားတော့ ယွန်းရွှေရည် ဆိုတဲ့ နှာခေါင်းကြီးကြီးနဲ့ ဇာတ်ရံမိန်းကလေးတစ်ယောက် ၎င်းတို့နားသို့ရောက်ရှိလာပြီး ကိုစိုင်းတံခွန်ကို ချည်းမွမ်းခန်းဖွင့်ပြန်တယ်။
ကိုစိုင်းတံခွန်ဟာ အခြားမင်းသားတွေလို ဆော်မပွေဘူး။
သူ လက်တွဲခေါ်ပြီး မြေတောင်မြှောက်ပေးတဲ့ မင်းသမီးသစ်လေးတွေဆိုရင်လည်း အခုအခါမှာ အားလုံး သူ့နေရာနဲ့သူ အောင်မြင်မှုအသီးသီး ရကုန်ကြပြီ။
ဒါပေမယ့် အဲ့ဒီကလေးမလေးတွေအပေါ်မှာ မင်းသားက စိတ်နဲ့တောင် ပြစ်မှားတဲ့ပုံ မပေါ်ဘူး။
ညီမအရင်းလေးတွေကို အကိုအကြီးဆုံးက ဆက်ဆံပြောဆိုသလိုပဲ အားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံလေ့ရှိတယ်။ မတတ်တာ မသိတာတွေရှိရင်လည်း အကျအန သင်ပြ လမ်းညွှန်ပေးတတ်တယ်။
ဒါကြောင့် ကိုစိုင်းတံခွန်နဲ့ တွဲရိုက်ချ င်တဲ့ မင်းသမီးသစ်လေးတွေ မော်ဒယ်မလေးတွေ အများကြီး ဖြစ်နေတော့တာပေါ့။
အမှန် မင်းသားခြေတော်တင်ချင်တယ်ဆိုရင်တောင် လိုလိုလားလားကို ခြေတော်အတင်ခံမယ့်ကောင်မလေးတွေ မင်းသားနားမှာ အများကြီးရယ်။
ဒါပေမယ့် မင်းသားဟာ သူ့ရဲ့ဘဝကို အတည့်မတ်ဆုံး အဖြူ စင်ဆုံးဖြစ်အောင် ရှောင်တိမ်းစောင့်စည်းနိုင်ခဲ့တယ်။
ဦးတုတ်ကြီးနဲ့ ယွန်းရွှေရည်တို့ဟာ ကိုစိုင်းတံခွန်ရဲ့ ကောင်းသီတင်းတွေကို အထက်ပါအတိုင်းတယောက်တလှည့် ပြောကြားကြကာ ရုပ်ရှင်ရိုက်ဖို့ဆိုပြီး ဝေယံ့နားကနေ ထွက်ခွာသွားကြတော့တယ်။
၎င်းတို့နဲ့ စကားပြောလိုက်ရလို့ . . .မြန်မာပြည်မှာ လက်ရှိ အအောင်မြင်ဆုံးမင်းသားဖြစ်နေတဲ့ ကိုစိုင်းတံခွန်ဟာ ပညာပိုင်း စာရိတ္တပိုင်း ကိုယ်ကျ င့်တရားပိုင်း စသဖြင့် အဖက်ဖက်က ပြည့်စုံညီညွတ်သူတစ်ဦးဖြစ်ကြောင်း ဝေယံသိရှိခွင့်ရလိုက်တော့တာပေါ့။ ဒါကြောင့် ကိုစိုင်းတံခွန်ကော သူ့ရဲ့အိမ်မှာ လတ်တလော မှီခိုနေရတဲ့ ကိုယ့်ကိုကိုယ် အတွက်ပါ ဝေယံ များစွာ ဂုဏ်ယူမဆုံးဖြစ်နေမိပါတော့တယ်။
ဝေယံတို့ ပြန်ရောက်တော့ ဦးမြကြီးက ခြံတံခါးလာဖွင့်ပေးတယ်။ ခြံထဲဝင်မယ်အလုပ်မှာ ရယ်ဒီကျော်ရဲ့ အိမ်ဘက်ကနေ ရယ်ဒီကျော်နဲ့ ကောင်မလေးတစ်ယောက် အတူတူတွဲထွက်လာပြီး ရယ်ဒီကျော့်အတွက် ကိုစိုင်းတံခွန် ထပ်ဝယ်ပေးထားတဲ့ ဟွန်ဒါဖစ် ကားလေးပေါ်ကို တက်ဖို့ပြင်နေကြလေရဲ့။ နှစ်ယောက်စလုံးကို ကြည့်ရ မြင်ရတာကလည်း ကပိုကယို ဆံပင်စုတ်ဖွားနဲ့ ခပ်ရွဲရွဲတွေဖြစ်လို့။
'' ဝေယံ ညီလေး ကားခဏရပ်ဦး ''
ခြံထဲကို ကားမောင်းဝင်တော့မယ့် ဝေယံ့ကို ကားခဏရပ်ခိုင်းပြီး ကိုစိုင်းတံခွန်က ခြံဝမှာတင် ကားပေါ်ကဆင်းလိုက်တယ်။ ပြီးတော့
'' ဂိုထောင်ထဲကားသွား ထိုးထားနှင့်။ အကို နောက်က ခြေလျှင်လိုက်ခဲ့တော့မယ် '' တဲ့။
ဒါနဲ့ ဝေယံလည်း ထွန်းအောင်နဲ့အတူ ဂိုထောင်ရှိရာကို ကားမောင်းထွက်လာလိုက်တော့တာပေါ့။ ဘက်မှန်ထဲက ကြည့်လိုက်တော့ ကိုစိုင်းတံခွန်က ရယ်ဒီကျော်တို့ဆီ လျှောက်သွားပြီး တစ်ခုခု ပြောဆို ဆူပူနေတဲ့ပုံ။ ဝေယံလည်း သက်ပြင်းတစ်ချက်ချ လိုက်မိတော့တယ်။
ကားထားပြီး ဝေယံနဲ့ ထွန်းအောင် အိမ်ထဲကို အဝင်မှာ သူမဟောကျ်ား ပါတယ်အထင်နဲ့ မဇွန်သူဝင်းက ထွက်ကြို ရှာတယ်။ ဝေယံတို့က သူမကို . . . ရယ်ဒီကျော်နဲ့ စကားပြောရင်းကျန်ရစ်ခဲ့တဲ့ ကိုစိုင်းတံခွန်ရှိရာ အိမ်ပုလေးရှေ့သို့ ညွှန်ပြလိုက်တော့မှ မဇွန်သူဝင်းလည်း သူမယောကျ်ားဆီကို အပြေးလေးထွက်သွားပါလေကော။
အဲ့ဒီချိန်မှာ ရယ်ဒီကျော်နဲ့ စကားပြောပြီးလို့ ကိုစိုင်းတံခွန်က အိမ်ကြီးဘက်ကို ထွက်လာနေပြီလေ။ ရယ်ဒီကျော်ကတော့ ကလေးမကို ကားပေါ်တင် သူကိုယ်တိုင်လည်း ကားပေါ်တက်လိုက်ပြီး ကားတံခါးကို ဒိုင်းခနဲ မြည်အောင်ပိတ်လို့ ခပ်ကြမ်းကြမ်း မောင်းထွက်သွားလေရဲ့။
ဝေယံ အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းထဲမှာ သူနဲ့ အသက် မတိမ်းမယိမ်းအရွယ်လောက်ရှိတဲ့ လူတွေ ရောက်နေတာကို တွေ့လိုက်ရတယ်။ ထွန်းအောင်ကတော့ ကိုစိုင်းတံခွန်ရဲ့ ပစ္စည်းပစ္စယတွေကို သယ်ဆောင်ရင်း ဘာမှ မထူးခြားသလိုပုံစံနဲ့ ဝေယံဘေးက ကပ်ကျော်သွားပြီး အိမ်ထဲဝင်သွားတော့တာ။ ဝေယံကတော့ အဲ့ဒီလူတွေကို . . .ဘယ်သူတွေပါလိမ့် . .လို့ . .ကြောင်ငေး တွေးတောနေမိလျှက်. . ။
မဇွန်သူဝင်းရောက်လာမှ အဖြေကရှင်းတော့တယ်။ သူမ သူငယ်ချင်းတွေတဲ့။ ကိုစိုင်းတံခွန်က ၎င်းတို့ကို ပြုံးပြရင်းး
'' ညီလေးတို့ ညီမလေးတို့ ရောက်နေကြတာလားး . . အေးဆေးနေကြဟေ့ ညစာစားးပြီးမှပြန်ကြ။ အကို ပင်ပမ်းလာလို့ ရေခဏပြေးချိုး လိုက်ဦးမယ် . . .''
ဆိုပြီး သူ့အခန်းရှိရာ အိမ်ပေါ်ထပ်ကို တက်သွားတော့တယ်။ မဇွန်သူဝင်းက တော့
'' ကို . . . ဇွန် အဝတ်လိုက်ထုတ်မပေးတော့ဘူးး နော် . . ''
လို့ သူမ ယောကျ်ားကို အော်ပြောလိုက်ပြီး ဝေယံနဲ့ သူမရဲ့ သူငယ်ချင်းများကို မိတ်ဆက်ပေးလေတယ်။
မဇွန်သူဝင်းကို လေးစားသမှုနဲ့သာ နာမည်ရှေ့မှာ မ တပ်ခေါ်နေရပေမယ့် အမှန်ကတော့ ဝေယံနဲ့ အသက်အတူတူ လောက်ပဲလေ။ ဒါကြောင့်မို့ သူမရဲ့ သူငယ်ချင်းတွေကလည်း ဝေယံနဲ့ သက်တူရွယ်တူတွေ ဖြစ်နေကြတော့တာပေါ့။
မဇွန်သူဝင်းရဲ့ သူငယ်ချင်းတွေက ယောကျ်ားလေး နှစ်ယောက် မိန်ကလေး သုံးယောက်ဖြစ်ပြီး ဟိန်းသူ . .ပြည့်စုံအောင် . . သီရိ . .နှင်းမြမြ . . ရတနာသော် . . ဆိုပြီး နာမည် ကိုယ်စီရကြတယ်။ ဝေယံ့ကိုတော့ ကိုစိုင်းတံခွန်ရဲ့ ညီဝမ်းကွဲအနေနဲ့ မဇွန်သူဝင်းက အားလုံးကို မိတ်ဆက်ပေးလိုက်တာ။
အားလုံးက ပျော်ပျော်နေတတ်ကြပုံရပြီး ဝေယံ့ကိုလည်း ခင်မင်ကြပါတယ်။ အထူးသဖြင့်တော့ မိန်းကလေးသုံးယောက်ပေါ့။ သူမတို့ မျက်လုံးတွေက ဝေယံ့ရဲ့မျက်နှာပေါ်မှာပဲ တဝဲလည်လည်ဖြစ်လို့နေကြလေရဲ့။
ယောကျ်ားလေးနှစ်ယောက်ကလည်းး အတွဲညီကြတယ်။ ထိုနှစ်ယောက်ထဲမှာမှ ဟိန်းသူ ဆိုတဲ့ တစ်ယောက်က မင်းသားရူး။ သူ့ကို မြှောက်ပေးပြီး မင်းသားတွေရဲ့ အိုင်တင်မျိိုးစုံလုပ်ပြခိုင်းလို့အားလုံးကဟားနေကြရတာ။ သူကလည်း ဒါမျိိုးဆို မရှက်တမ်းမကြောက်တမ်း မမောနိုင်မပမ်းနိုင်လုပ်ပြတော့တာပဲ။
ဒါက ဝင်းဦး စတိုင် . .ဒါက ရန်အောင် . .ဒါက ဒွေးး . .ဒါက ဇေရဲထက် . . .စသဖြင့် အမူအရာအမျိိုးမျိိုးလုပ်ပြနေတဲ့ ဟိန်းသူကို ကြည့်ရင်းးး
'' အသားဖြူ ဖြူ အရပ်မြင့်မြင့်နဲ့ ရုပ်လည်း အဲ့ဒီလောက်ကြီးမဆိုးဘူးး။ အိုင်တင်လည်း ရတယ် . . . ဘာလို့ မင်းသားမဖြစ်လည်း မသိဘူး ''
လို့ ဝေယံတွေးမိပြီး မေးကြည့်လိုက်တော့ ဟိန်းသူက အဖြေမပေးဘဲ ပြုံးစိစိလုပ်နေပါလေကော။ ဒါနဲ့ ရတနာသော်ဆိုတဲ့ ခပ်ချောချောတစ်ယောက်က
'' သူက အိုင်တင်မျိိုးစုံအောင်သာ လုပ်တတ်တာ။ မင်းသမီးနဲ့ ဖက်ရမှာကျ ရှက်သတဲ့လေ . . .''
လို့ ဟိန်းသူကိုယ်စား ထဖြေလိုက်တယ်။
ရတနာသော်ရဲ့ အဖြေအဆုံးမှာတော့ ဝေယံအပါအဝင် အားလုံး တဟားဟားနဲ့ ပွဲကျ သွားတော့တယ်။
' ဒါကတော့ ဘယ်တတ်နိုင်မလဲ။ ယောကျ်ားလေးပါဆို နဲနဲတော့ ရှက်တာပေါ့ ''
သူ့ကို အားလုံးက ဝိုင်းရယ်နေကြတာမို့ ဟိန်းသူလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြောမိပြောရာတွေ ပြန်ပြောနေတော့တယ်။ ဒါပေမယ့် သူ့အပြောက သူ့အတွက်အကာအကွယ်မဖြစ်ဘဲ ထပ်ရယ်စရာသာဖြစ်သွားတာကြောင့် ဟိန်းသူခမြာ ထပ်အရယ်ခံလိုက်ရတော့တာပေါ့။
အားလုံးအားရအောင်ရယ်ပြီးတော့မှ သီရိ က
'' ဟိန်းသူရယ် . .နင် အိုင်တင်တွေ လုပ်ပြတာ မင်းသားစုံသွားပါပြီ။ ဒါပေမယ့် ခု အအောင်မြင်ဆုံး နာမည်အကြီးဆုံးဖြစ်နေတဲ့ ကိုစိုင်းတံခွန်ရဲ့ အိုင်တင်တော့ မပါသေးဘူးရယ် . . ငါတို့ကို ကိုစိုင်းတံခွန် ရဲ့အိုင်တင်လေး တစ်ခါလောက်လုပ်ပြပါဦး ''
လို့ ထပ်မံပွဲတောင်းလိုက်ပြန်တယ်။ ပြည့်စုံအောင်ကလည်း
'' ဟုတ်တယ်ဟေ့ ဟုတ်တယ်ဟေ့ . .ကိုစိုင်းတံခွန်ရဲ့အိုင်တင်လုပ်ပြပါ ''
လို့ လက်ခုပ်လက်ဝါးတီးပြီး ဝင်ရောက်ဆေးထိုးတယ်။
ထိုအခါ ဟိန်းသူက ဝိုင်းရယ်ခံရလို့ မျက်နှာမဲ့ရွဲနေရာမှ
'' ဟဲ့ သီရိရဲ့. . . အခြားမင်းသားတွေရဲ့ အိုင်တင်လုပ်ပြရတာက ဘာပြသနာမှ မတက်ဘူး။ သူတို့ လည်း ဒီမှာရှိမနေဘူး။ ကိုစိုင်းတံခွန် ရဲ့ အိမ်ကိုလာပြီး သူ့အိုင်တင်လုပ်လို့ တူရင် တော်သေး မတူရင် သူ့ကို နာမည်ဖျက်ရပါ့မလား ပြောင်ရပါ့မလား ဆိုပြီး ငါ့ကို ဖနောင့်နဲ့ ပေါက်လွှတ်မှာပေါ့ မယ်မင်းကြီးမရဲ့''
ဟိန်းသူ ပြောလိုက်တဲ့ စိတ်ပျက်လက်ပျက်လေသံနဲ့ သူဖြစ်နေတဲ့ရုပ်ကို ကြားလိုက်မြင်လိုက်ရတော့ အားလုံးလည်း စိတ်မထိန်းနိုင်တော့ဘဲ နောက်တစ်ခါ အဝါးဝါး တဟားဟား ထပ်မံရယ်မောကြရပြန်ပါတော့တယ်။
အဲ့ဒီနာက်မှာတော့ ဝေယံလည်း အားလုံးကို ခွင့်တောင်းပြီး ရေချိိုးဖို့ ထွက်လာလိုက်တော့တယ်။
ကိုစိုင်းတံခွန်ကော ဝေယံပါ ရေချိိုးပြီးလို့ ည ခုနှစ်နာရီလောက်မှာတော့ မဇွန်သူဝင်း အပါအဝင် သူမရဲ့ သူငယ်ချ င်းတွေနဲ့ အားလုံးအတူတူ ပျော်ပျော်ရွှင်ရွှင် ညစာ စားကြတာပေါ့။ အဲ့ဒီနောက် ဧည့်ခန်းမှာ စုထိုင် အချို တည်း ကော်ဖီသောက်ကြရင်း ရယ်စရာမောစရာတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပြန်ပြီး ည ကိုးနာရီထိုးခါနီးမှ အစီစီ ပြန်သွားကြပါတော့တယ်။
ဝေယံလည်း ထိုအချိန်မှပဲ ကိုယ့်အခန်းထဲ ကို ကိုယ် ဝင်ခဲ့တော့တာပေါ့။
*************************
'' ဘယ်လိုလည်း . .အတော့်ကို ပျော်နေတယ်ပေါ့ ''
ဝေယံအခန်းထဲကို ဝင်ခဲ့တော့ ရွှေရတီ ရောက်နှင့်နေပြီး သူမအတွက် အိပ်ယာတောင်ခင်းပြီးနေပြီ။ အဲ့ဒီ အိပ်ယာပေါ်မှာ လှဲရင်း ဝေယံကိုလှမ်းကြည့်ပြီး မေးခွန်းထုတ်နေတာ။
'' ပျော်တာပေါ့ဗျာ။ ဒီလောက်လူစုံပြီး ပျော်စရာကောင်းနေတာကို မပျော်ဘယ်ရှိပါ့မလည်း။ မဇွန်သူဝင်းရဲ့ သူငယ်ချင်း ကိုဟိန်းထက်ဆိုတဲ့ တစ်ယောက်ဆို အရမ်းရယ်ဖို့ကောင်းတာ ဟား ဟား ''
'' တို့ လူ့ဘဝတုန်းက ဇွန်သူဝင်းနဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ ဒါပေမယ့် ခု အိမ်ကိုလာတဲ့ လူတွေနဲ့တော့ တို့နဲ့မခင်မိဘူးရယ်။ အင်းးး . . သူ့ရဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်မယ်ထင်ပါရဲ့။ တို့နဲ့က တက္ကသိုလ်တက်မှ ခင်ကြတာကိုးးး ။
ဒါတွေကထားပါလေ . . . . ရှင်က အခုပျော်နိုင်မှာပေါ့။ ဟန်ဆောင်ကောင်းတဲ့ ကိုစိုင်းတံခွန်ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကိုမှ ရှင်မသိသေးတာ။ ''
'' ဗျာ ဘယ်လို ကိုစိုင်းတံခွန်က ကောင်ကျစ်ယုတ်မာတယ် . .ဟုတ်လားး ''
ကိုစိုင်းတံခွန်လိုလူမျိုးကို ရွှေရတီက ကောက်ကာငင်ကာ စွပ်ဆွဲလိုက်တာကြောင့် ဝေယံလည်း အတော်ကို အံ့သြသွားတော့တာပေါ့။
'' ဟုတ်တယ်ရှင့် အဲ့ဒီလူက လူယုတ်မာ။ သူယုတ်မာခဲ့တာတွေကို မပေါ်လွင်အောင် မင်းသားပီပီ ရှင်တို့ကို ဟန်ဆောင်ပြနေတာ ''
'' ဟုတ် ဟုတ် ပါ့မလားးဗျာ။ မဖြစ်နိုင်တာတွေ ''
ဝေယံက မယုံမကြည်နဲ့ ပြန်မေးလိုက်တော့ သူမက . . .
'' ဘာလို့မဖြစ်နိုင်ရမှာလည်းရှင်။ ကျွန်မက သူ့ကြောင့် သေခဲ့ရတာ။ ခု ဒီအိမ်ကို ရောက်နေတာကလည်း သူ့ကို လက်စားခြေဖို့ပဲ။ ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့ ။
ရှင်နားလည်အောင် ကျမသေခြာရှင်းပြပါ့မယ်။ ရှင့်ကုတင်ပေါ်မှာ ကျကျနနထိုင်ပြီးနောင်ထောင်ပါရှင့်။ ရှင့်ကြည့်ရတာ မတ်တပ်ကြီး ''
ဝေယံလည်း အခန်းတံခါး သေခြာဂျက်ကျ မကျ သွားရောက်စစ်ဆေးကာ ကုတင်ပေါ်မှာ တင်ပလွဲဝင်ထိုင်လိုက်တော့တယ်။
'' ကဲ ဆိုစမ်းပါဦးး မင်းနဲ့ ကိုစိုင်းတံခွန်ရဲ့ ဇာတ်လမ်း . . .''
'' ဒီလိုရှင့် . . . .''
.
.
.
ရွှေရတီက စိုင်းတံခွန်နဲ့ပတ်သက်ပြီး သူမကြုံ တွေ့ခဲ့ရတဲ့ ဒုက္ခဝေဒနာတွေကို ဝေယံသိအောင် စီကာပတ်ကုံးပြောပြလိုက်တော့တယ်။ ဒါပေမယ့် ဝေယံကတော့မယုံနိုင်ဘူး ဖြစ်နေတာပေါ့။
'' ခင်ဗျားက ရုပ်တည်ကြီးနဲ့ သေခြာပေါက်ကြီး ပြောနေလို့သာ။ ကျုပ််ကတော့ကိုစိုင်းတံခွန်ဒီလို ယုတ်မာမယ်လို့ လုံးလုံးကို လက်မခံနိုင်သေးဘူးး ။ ဘယ့်နှယ့်ဗျာ . . ဒီလောက် တည်ငြိမ်ရင့်ကျက်ပြီး သိက္ခာသမာဓိရှိတဲ့သူက ခင်ဗျားကို သူတစ်ယောက်တည်းကြံယုံတင်အားမရလို့ သူငယ်ချင်းတွေပါခေါ်ပြီး သုံးယောက်ဝိုင်း ယုတ်မာကြရတယ်လို့ . . .မဖြစ်နိုင်တာ . . .''
'' အင်းပေါ့လေ . . ရှင်က ကိုယ်တိုင်ခံစားခဲ့ရသူမဟုတ်တော့ ကျွန်မပြောတာတွေကို ဘယ်ယုံကြည်ပါ့မလဲ။ ဒါပေမယ့် ရှင်ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒီအဖြစ်အပျ က်တွေက တကယ်ဖြစ်ခဲ့တာပဲ ''
ရွှေရတီက ဝေယံသူမရဲ့ စကားတွေကို မယုံမကြည်ဖြစ်နေတဲ့ အပေါ်မှာ ခံစားချက်တစ်စုံတရာ မရှိဟန်နဲ့ လိုက်ကာ ကာထားတဲ့ ပြတင်းပေါက်ဖက်ကိုကြည့်ပြီး ခပ်လေးလေး ရေရွတ်လိုက်တယ်။ ဝေယံလည်း သူမဘာဆက်ပြောမလဲ သိချင်တာနဲ့
'' ဟုတ်ပါပြီ . .ထားပါတော့ ခင်ဗျား သေသွားတော့ ဘယ်တွေရောက်ပြီး ဘာတွေဆက်ဖြစ်သေးလည်း ''
'' ကိုယ့်ကိုကိုယ် သတ်သေတဲ့ လူပဲရှင် . . တန်းပြီး ငရဲသားနှစ်ယောက်က လာခေါ်တော့တာပဲ။ ဒါပေမယ့် လမ်းခုလတ်မှာ ကျောင်းလိုလို အိမ်လိုလို အဆောင်ကြီး တစ်ဆောင် လာခံနေတော့ ကျွန်မလည်း ငရဲသားတွေလက်က ရုန်းပြီး လွတ်တာနဲ့ အဲ့ဒီအထဲဝင်ပြေးတော့တာပဲ။ အဲ့ဒီ အဆောင်ကြီးထဲကို ရောက်သွားတော့မှ ကျွန်မ မှတ်မိလိုက်တယ်။ အဲ့ဒါကြီးက . .လူ့ဘဝ ကျွ န်မ ၁၀ နှစ်သမီးအရွယ်မှာ အဖိုးအဖွားတွေက သူတို့မြေးဖြစ်တဲ့ ကျွန်မရဲ့နာမည်နဲ့ လှူ ပေးခဲ့တဲ့ ဓမ္မာရုံကြီး။
ကျွန်မလည်း အဲ့ဒီအထဲမှာ ဟိုဟိုဒီဒီီသွားရင်း အဝတ်အစားတောက်တောက်ပြောင်ပြောင်ဝတ်ထားတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့လို့ မိတ်ဆက်ကြည့်လိုက်တော့ . . သူက ကျောင်းစောင့်နတ် တဲ့။ သူကပြောသေးတယ် . . ကျွန်မမှာ နတ်ပြည်ရောက်ဖို့ ကုသိုလ်ကြီးတွေရှိပါလျှက်နဲ့ ကိုစိုင်းတံခွန်နဲ့ပတ်သက်လို့ မကြေနပ်ချက်တွေ သံသယတွေ များနေတယ် . .အဲ့ဒါတွေနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တဲ့ အကုသိုလ်အဟုန်တွေကြောင့် ငရဲကျခါနီး ဆဲဆဲ အထိဖြစ်ခဲ့ရတာ။ ဒါပေမယ့် ကျွန်မရဲ့ကုသိုလ်တရားတွေကို သတိရလာအောင် သူလှုံ့ဆော်ပေးလိုက်လို့ ငရဲက လွတ်ခဲ့ရပြီ။ နတ်ပြည်ကို စိတ်လွတ် ကိုယ်လွတ်တက်လှမ်းနိုင်ဖို့ကျ တော့ ကျွန်ရဲ့ရင်ထဲမှာ ရှိတဲ့ သံသယတွေ အငြိုးအတေးတွေ ကြေပျောက်သွားဖို့ လိုတယ် ဆိုပဲ။
သူက အဲ့လိုရှင်းပြပြီး စကားလည်းဆုံးလည်းဆုံးရော
'' စိုင်းတံခွန်အိမ်ကိုသွားပြီး သံသယတွေကို ရှင်းအောင် စုံစမ်းချေ"
တစ်ချက်အော်လိုက်ရင်း ကျွန်မရဲ့မျက်နှာရှေ့ကို လက်ယပ်လိုက်တာ အမြင်အာရုံတွေအားလုံး အမှောင်ကြသွားတော့တယ်။
အမြင့်ကြောက်သော ငှက်
ဆက်ရန်