အမြင့်ကြောက်သော ငှက်
မြသီ ဟာ ဆိုက်ကားနင်းတဲ့ ကိုဘမြင့်နဲ့ လွန်ခဲ့တဲ့ နှစ်လလောက်က လက်ထပ်လိုက်တယ်။ မိဘမျ ားဆုံးပါးသွားပြီးကတည်းက မြသီတို့မှာ မြသီနဲ့ မောင်လေးလူခန့် မောင်နှမနှစ်ယောက်တည်းရှိတော့တာ။ ဒါ့ကြာင့် ကိုဘမြင့်ဟာ အရင်က ဘုန်းကြီးကျေ ာင်းမှာ ကပ်နေပေမယ့် မြသီနဲ့ လက်ထပ်ပြီးနောက်ပိုင်း မြသီတို့အိမ်မှာပဲ စုပေါင်းပြီးလိုက်နေတော့တာပေါ့။ မြသီအလုပ်က ဘုရားဈေ းမှာ ဆိုင်နေရာလေးတစ်ခုငှါးပြီး ပန်းရောင်းတာဖြစ်ပြီး မောင်လေးလူခန့်ကတော့ မနက်ဆိုမြို ့မဈေ းကြီးထဲသွားပြီး ကြုံ ရာကျ ဘမ်းလုပ်တော့တာပဲ။
အရင် မောင်နှမနှစ်ယောက်လုပ်စာက တစ်နေ့ကို ငါးထောင်လောက်ရပြီး အခု ကိုဘမြင့်ပါ မိသားစုဝင်ဖြစ်လာတော့ သူ့ရှာရတဲ့ငွေပါပေါင်းလိုက်ရင် တစ်နေ့ကို ကိုးထောင် တစ်သောင်းလောက်ကတော့ မြသီတို့မိသားစုအနေနဲ့ ဝင်ငွေရှိတယ်လေ။ သုံးယောက်စလုံး ရဲ ့ဝတ်တာ စားတာ သုံးစွဲတာကအစ နောက်ဆုံးမမာလို့ကုရရင်လည်း ဒီငွေထဲကပဲဆိုတော့ စုမိဆောင်းမိရယ်လို့တော့ ဘယ်မှာရှိပါ့မလဲ။ ခုခေတ်ကုန်ဈေ းနှုန်းကလည်း အလျှ င်မိအောင်တောင် မနည်းခြင့်ချ ိန်သုံးနေရတာ မဟုတ်ပါလား။
မြသီနဲ့ ကိုဘမြင့်နဲ့က ရှေ့သွားနောက်လိုက်တော့သိပ်မညီပါဘူး။ မြသီက အသားညို ညို လူကောင်သေးသေး အရပ်ပုပု။ အရပ်ကပုတာမှ လေးပေခုနှစ်လက်မလောက်ပဲရှိလိမ့်မယ်ထင်တယ်။ ဒါပေမယ့် မြသီက ကိုယ်လုံးလေးလှပြီး ဆံပင်လည်းတင်ပါးအထိအရှည်သား။ ကိုဘမြင့်ကတော့ အသားဖြူ တယ်။ လူကောင်သိပ်အကြီးကြီးမဟုတ်ပေမယ့် အရပ်မြင့်တဲ့အထဲမှာပါပြီး သူ့အရပ်က ငါးပေရှစ်လက်မလောက်တော့ရှိမလားပဲ။ ကေကတော့ ဂတုံးဆံထောက်ကေ အမြဲထားလေ့ရှိတယ်။
.
ဒီနေ့ည အော်ဒါကြီးကြီး နှစ်ခုရလာလို့ဆိုပြီး ကိုဘမြင့်က ဆိုက်ကားစောစောသိမ်းလာတယ်လေ။ ခေါက်ဆွဲကြော်နှစ်ထုတ်လည်းဝယ်လားပြီး ပိုတဲ့ ငွေရှစ်ထောင့်ငါးရာကိုလည်း မြခင်ကို အပ်တယ်။ မြခင်က သူ့ကို အဲ့ဒါတွေချ စ်ရတာ။ ကိုဘမြင့်က အသောက်အစားကင်းတဲ့အပြင် အလုပ်ကိုလည်း မခိုမကပ်ကြို းစားပမ်းစားလုပ်ရှာတယ်။ ရသမျှ ငွေကိုလည်း မိန်းမဖြစ်တဲ့ မြခင်ကို အကုန်အပ်တော့တာပဲ။
ဒီလိုနဲ့ ကိုဘမြင့်ပါလာတဲ့ ခေါက်ဆွဲကြော်နှစ်ထုတ်ကိုဖောက်ပြီး အိမ်မှာရှိတဲ့ထမင်းနဲ့ ပေါင်းလို့ မြခင်တို့သုံးယောက်သား ဗှိုက်ကားအောင်စားလိုက်ကြတော့တာပေါ့။ စားလို့သောက်လို့ပြီးတော့ အိမ်မှာရှိတဲ့ ၁၄ လက်မတီဗီလေးကိုကြည့်ရင်း မိသားစုတွေ ဟိုဟိုဒီဒီ စကားခဏတဖြု တ်ပြောဖြစ်ကြတယ်။ ညကိုးနာရီလောက်လည်းကျ ကော မောင်လေးက မနက်ဈေ းမှာ ပင်ပမ်းလာလို့ အိပ်ချ င်ပြီဆိုတာနဲ့ မြခင်တို့လင်မယားလည်း တီဗီပိတ်ပြီး အိပ်ခန်းထဲကို ဝင်ခဲ့ကြတော့တာပေါ့။ မောင်လေးက မြခင်တို့ ခုတီဗီထိုင်ကြည့်နေတဲ့ အိမ်ရှေ ့ခန်းနေရာမှာ အိပ်ယာခင်းပြီး အိပ်ရမှာဆိုတော့ မြခင်တို့ဖယ်ပေးမှ သူအိပ်ဖို့အဆင်ပြေမှာမဟုတ်လား။ မရှိတဲ့ ဘဝတွေဆိုတော့လည်း ထရံကာ ဝါးကပ်ခင်း အိမ်ကျ ဉ်းကျ ဉ်းလေးထဲမှာ ဒီလိုပဲအဆင်ပြေအောင် ကြည့်ကျ က်နေကြရတာပါပဲ။
အိမ်ရှေ ့ခန်းက မောင်လေးကတော့ ခြင်ထောင်ထောင် မီးပိတ်ပြီး အိပ်ယာဝင်သွားလေရဲ ့။ မြခင်လည်း ဘုရားရှိခိုးအမျှ ဝေပြီး မီးထပိတ်လို့ အိပ်ယာဝင်ခဲ့တော့တယ်။ ထရံကြားက ဖြာကျ နေတဲ့ လရောင်ပြောက်လေးတွေကလွဲရင် တစ်အိမ်လုံးမှောင်မဲတိတ်ဆိတ်လျှ က်။ ကိုဘမြင့်ကိုကြည့်လိုက်တော့လည်း အိပ်ပျေ ာ်သွားတဲ့ပုံ။ နွေဦးဆိုပေမယ့် ဆောင်းတွင်းရဲ ့အအေးဓာတ်လေးက မကုန်သေးတာမို့ မြခင်လည်း စောင်ပါးလေးတစ်ထည်ကိုဆွဲခြုံ လိုက်ပြီး ဘေးတစောင်းကွေးကွေးလေးအိပ်လို့ မျ က်လုံးကိုမှိတ်ကာ အိပ်ချ င်ပျ ို းလိုက်တော့တာပေါ့။
ခဏကြာလို့ မြခင်အိပ်ပျေ ာ်လုပျေ ာ်ခင်မှာ ကိုဘမြင့်က မြခင်ရဲ ့အနားကိုတိုးလာပြီး ခြုံ ထားတဲ့စောင်ကို လှပ်ဝင်လာတယ်လေ။ အဲ့ဒီနောက် သူ့ကိုကျေ ာပေးအိပ်နေတဲ့ မြခင်ရဲ ့ ကိုယ်လုံးလေးကို နောက်ကနေ ဖက်လိုက်ပြီး လည်တိုင်စင်းစင်းလေးကို ဖွဖွလေးလာနမ်းလေရဲ ့။
'' အို . . .ကို မအိပ်သေးဘူးလား ။ မြလေးက အိပ်ပြီထင်နေတာ ''
မြခင်က လေသံတိုးတိုးလေးနဲ့မေးလိုက်တော့
'' အင်းး . . .တစ်နေကုန်ပင်ပမ်းခဲ့တော့ မြလေးဘုရားရှိခိုးနေတုန်း မှေးခနဲ တစ်ချ က်ဖြစ်သွားတာပါ '' . . . .တဲ့။
'' ကိုရယ် အိပ်တော့လေ . . .မြလေး မနက်ဈေ းထွက်ရဦးမယ်ရှင့် ''
'' နေပါဦး မြလေးရယ် . . . ဒီနေ့အလုပ်ကလေးဖြစ်လို့မြို းမြို းမြက်မြက်ရလာတုန်းလေး ဟောဒီက ကိုယ့်ချ စ်ဇနီးလေးနဲ့ ပျေ ာ်ပျေ ာ်နေပါရစေဦး ''
ကိုဘမြင့်က ပြောလည်းပြော . . . သိုင်းဖက်ထားတဲ့ သူ့ရဲ ့လက်ကလည်း မြလေးရဲ ့အကျၤ ီရင်ဘတ်က နှိပ်စေ့လေးတွေကို တဗြု တ်ဗြု တ်နဲ့ တစ်လုံးချ င်းဆွဲဖြု တ်နေတော့တယ်။ မြလေးလည်း '' ဟင်းးး '' ခနဲ သက်ပြင်းလေးတစ်ချ က်ချ လိုက်ပြီး
'' ခက်တော့တာပဲကိုရယ်။ အိမ်ရှေ ့မှာ မောင်လေးက မအိပ်လောက်သေးဘူးရှင့် ''
လို့ ခပ်ငြီးငြီးလေးပြောလိုက်တော့ ကိုဘမြင့်က
'' အိပ်လောက်ပါပြီကွာ ။ လူခန့်လည်း ဈေ းမှာ တစ်နေကုန်ထမ်းရပိုးရနဲ့ ပင်ပမ်းထားတာပဲ ''
ဟု ပြန်ပြောရင်း ခပ်လျေ ာ့လျေ ာ့စည်းထားတဲ့ မြလေးရဲ ့လုံချ ည်စကို သူ့ရဲ ့လက်တစ်ဖက်နဲ့ ဆွဲဖြေချ လိုက်ပါတော့တယ်။ မြလေးကိုယ်တိုင်လည်း စိတ်ပါချ င်သလိုဖြစ်လာတာကြောင့် ခင်ပွန်းဖြစ်သူရဲ ့ဆန္ဒကို ထပ်ပြီး မငြင်းဆန်မိတော့ပါဘူး။
'' ကို ဖြေးဖြေး နော် . . . ''
'' အေးပါ အချ စ်ရယ် ''
တစ်နေကုန်ပင်ပမ်းလာပေမယ့် အခန်းထဲက မကြီးတို့လင်မယားရဲ ့အသံတွေကြောင့် လူခန့် အိပ်လို့မပျေ ာ်။ ဖြေးဖြေးနဲ့မှန်မှန်ထွက်ပေါ်နေတဲ့အသံတွေကို ညကိုးနာရီခွဲလောက်ကတည်းက သူ ကြားနေရတာဖြစ်ပြီး အခု ဆယ့်တစ်နာရီမတ်တင်းဖြစ်သွားသည်အထိ မရပ်သေး။
ကိုယ့်အစ်မဖြစ်သူရဲ ့ ဒီလိုအသံမျ ို းတွေကို လူခန့်မကြားလိုတာအမှန်။ ဒါပေမယ့်လည်း မတတ်နိုင်ပေ။ အိမ်ကျ ဉ်းကျ ဉ်းသေးသေးလေးထဲ ကြုံ သလိုစုပေါင်းနေထိုင်ကြရတဲ့ ဘဝတွေမှာတော့ ဒီလိုအခြေအနေမျ ို းတွေဆိုတာ ဘယ်လိုမှ ရှောင်လွှဲလို့မရဘူးပေါ့။ ဖြစ်နိုင်ရင် လူခန့်အနေနဲ့ မကြီးတို့နဲ့ အိမ်ခွဲနေချ င်တာ။ နေလည်းနေသင့်ပြီလို့လည်း ယုံကြည်မိတယ်လေ။ ခုဆိုရင်ပဲ ဘာလိုလိုနဲ့ မကြီးက အသက် ၂၄ နှစ်ဖြစ်ပြီး မိမိက အသက် ၂၀ တင်းတင်းပြည့်ခဲ့ပြီ မဟုတ်ပါလား။
လူခန့် တွေးတောနေဆဲမှာပဲ မကြီးရဲ ့ အသက်ရှူ သံပြင်းပြင်းတွေ ထွက်ပေါ်လာပြီး ကြမ်းလည်း အတော့်ကိုတုန်သွားတယ်လေ။ အဲ့ဒီနောက် ပုံမှန်ကြားနေလက်စအသံတွေ ရပ်တန့်သွားကာ မကြီးရှိုက်နေတဲ့ အသံသဲ့သဲ့ကိုသာ တစ်ချ က်ချ က်ကြားရတော့တာပေါ့။
လူခန့်လည်း မျ က်လုံးတွေစင်းလာပြီး အိပ်ပျေ ာ်သွားပါတော့တယ်။
.
.
'' လူခန့်ရေ ကားရွှေ ့ပေးရမယ်တဲ့ကွာ . . . မင်းပဲသွားလုပ်ပေးလိုက်တော့။ အရေးအရေးဆို ငါ့ရဲ့စပယ်ရာ ငမူးတင်ဦးက ဘယ်ရောက်နေလည်းမသိပါဘူး။ ''
ကားဆြာ ဦးသောင်းငွေက ငြီးငြီးငြူ ငြူ နဲ့ လူခန့်ကိုကားရွှေ ့ပေးဖို့ပြောနေတဲ့အသံ။
ဟုတ်တယ် . . .ဈေ းပတ်ဝန်းကျ င်မှာ ကုန်တင်ကုန်ချ လုပ်ပေးရင်း တတ်လွယ်သင်လွယ်တဲ့ လူခန့်တစ်ယောက် ကုန်ကားဆြာမျ ားရဲ ့ကောင်းမှုနဲ့ မတောက်တခေါက် ကားမောင်းတတ်လာခဲ့ရတယ်။ လူခန့်ကားမောင်းတတ်ပြီဆိုတာနဲ့ ကားဆြာတွေဟာ ကားရှေ ့တိုးနောက်ဆုတ် နေရာရွှေ ့ ပါကင်ပြောင်းထိုး စတာတွေကို သူတို့ကိုယ်တိုင်မလုပ်တော့ဘဲ လူခန့်ကို လုပ်ဆောင်စေတော့တာပေါ့။ သူတို့က ခရီးစဉ်တစ်လျေှ ာက်လုံး အာရုံစိုက်ပြီး ပင်ပင်ပမ်းပမ်းမောင်းခဲ့ကြရလို့ ဈေ းရောက် ကုန်ချ လုပ်တုန်းလေး စိတ်အေးလက်အေး နားချ င်ကြတယ်လေ။
သူတို့ရဲ ့စပါယ်ရာတွေကလည်း သုံးမရတာကမျ ားပါတယ်။ ဈေ းရောက်ရင်ပြေးသောက်ရတဲ့ ငမူးနဲ့။ ဈေ းထဲကကောင်မလေးတွေကို ပြေးပိုးရတဲ့ ငဗူးနဲ့။ တချ ို ့စပယ်ရာတွေကြတော့လည်း စပယ်ရာသာလိုက်တာ ကားမောင်းတာကို ဝါသနာမပါကြဘူး။ အဲ့ဒီတော့ ဒရိုင်ဘာတွေခမြာ ကားရွှေ ့ဖို့ပြောင်းဖို့ကို လူခန့်ကိုပဲ အားကိုးနေကြရတော့တာပေါ့။ ဒီအတွက်လူခန့်ကလည်း သူတို့ဆီက မုန့်ဖိုးပဲဖိုး မြို းမြို းမြက်မြက်ကလေးရတယ်လေ။ ဒရိုင်ဘာတွေဆိုတော့ အနေသာစုတ်တာ သူ့ဝင်ငွေနဲ့သူတော့ရှိကြတာပဲ မဟုတ်ပါလား။
လူခန့် ကားရွှေ ့ပေးပြီး ဗံဒါပင်အောက်ကကွပ်ပြစ်မှာထိုင်နေတဲ့ ကားဆြာဦးသာင်းငွေဆီကို ကားသော့ပြန်လာအပေးမှာ ဦးသောင်းငွေက လူခန့်ကို စကားဆိုလာတယ်။
'' လူခန့် . . . မင်းလည်း ကားနဲ့အတော်အကျွ မ်းတဝင်ဖြစ်နေပြီပဲ. . . ငါ့ကားမှာ စပါယ်ရာလုပ်ပါလား။ ဟိုကောင် ငမူးတင်ဦးကို အုံနာက ဒီတစ်ကြောင်းပြီးရင်ဖြု တ်တော့မှာ။ အဲ့ဒါ ငါ့ကို စပါယ်ရာအသစ်ရှာခိုင်းထားတယ်။ မင်းစိတ်ပါရင်ငါနဲ့ လက်တွဲပေါ့ကွာ။ ဝင်ငွေကတော့မဆိုးပါဘူး တစ်ကြောင်းကို တစ်သောင်းခွဲ နှစ်သောင်း စသဖြင့် အုံနာက ကြည့်ပေးလိမ့်မယ်ကွ။ တခါတလေအကြောင်းရှည်ရင် သုံးလေးသောင်းအထိရတတ်တယ်။ ဘာပဲဖြစ်ဖြစ် မင်းဒီဈေ းမှာလုပ်နေတာထက်စာရင်တော့ သာပါတယ်။
ပြီးတော့ ပညာလည်းရတာပေါကွာ။ ငါနဲ့အတူတူတွဲလုပ်ရင်း မင်းကိုငါဖြေးဖြေးခြင်း ကားမောင်းသင်ပေးမယ်။ နောက်မှ လိုင်စင်တွေဘာတွေ လျေှ ာက်ယူကြတာပေါ့။ ငါကလည်းအသက်ကလေးရလာတော့ မင်းလို စိတ်ချ ရတဲ့လူရင်း တပည့်တစ်ယောက်လောက်တော့ လိုချ င်သားလား။ ဖြစ်နိုင်မယ်ဆိုရင်တော့ ငါမင်းကို လုပ်စေချ င်တယ်။ မင်းအတွက်လည်း တက်လမ်းပွင့်သလို ငါ့အတွက်လည်း ကူဖော်လောင်ဘက်ကလေး ရတာပေါ့ကွာ။
တစ်ခုရှိတာက မင်းဒီအလုပ်လုပ်ရင် ငါ့အိမ်မှာ ငါနဲ့အတူတူလိုက်နေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကုန်တွေက ညဘက်အတင်အချ လုပ်ရတာတို့ ညဘက်ကျ မှ ကားထထွက်ရတာတို့ က အမြဲတစေရှိနေတတ်လို့ပဲ။ တင်ဦးက ငါနဲ့အိမ်ချ င်းသိပ်မဝေးတော့ အဆင်ပြေတယ်လေ။ မင်းကြတော့ မင်းအိမ်နဲ့ ငါ့အိမ်က တောင်နဲ့မြောက်လိုဖြစ်နေတော့ တစ်ခါတည်း မင်းငါ့ဆီမှာလာနေတာအကောင်းဆုံးပဲ။ စဉ်းစားပေါ့ကွာ . . . .''
ဦးသောင်းငွေက သူ့ရဲ ့ကားမှာ စပါယ်ရာလာလုပ်ဖို့ လူခန့်ကို ကမ်းလှမ်းလေတယ်။ လူခန့်ကလည်း အစ်မတို့လင်မယားနဲ့ အိမ်ခွဲနေချ င်တာကြောင့် ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလိုပဲ ဦးသောင်းငွေရဲ ့ ကမ်းလှမ်းမှုကို ချ က်ခြင်းလက်ခံလိုက်တော့တာပေါ့။ လူခန့်အတွက် နေစရာလည်းရ ဝင်ငွေလည်းတိုးတဲ့အပြင် တက်လမ်းမျ ားစွာပါရှိမယ့် ကိစ္စမဟုတ်ပါလား။
.
ဈေ းအလုပ်မလုပ်တော့ဘဲ ကားစပါယ်ရာပြောင်းလုပ်တော့မှာမို့ အိမ်မှာလည်းနေလို့မရတော့ဘူး. . .ကားရှိတဲ့နေရာမှာသွားနေရတော့မယ် . . .လို့ လူခန့်က မကြီးတို့ကိုအသိပေးလိုက်တော့တယ်။ မကြီးကတော့ မျ က်ရည်လေးစမ်းစမ်းနဲ့ စိတ်မကောင်းဖြစ်နေတာပေါ့။
'' အင်းလေ. .မောင်လေးလည်း အရွယ်ရောက်လာပြီပဲ။ ကိုယ့်တက်လမ်းကို ကိုယ်ရှာချ င်မှာပေါ့။ ဒါပေမယ့် ကားနားတဲ့အခါမျ ို းကြရင်တော့ မကြီးတို့ဆီ လာလည်ရမယ်နော် ''
လို့ပြောရှာတယ်။ ကိုဘမြင့်ကတော့
'' ကောင်းတယ်ကွ။ လူငယ်ဆိုတာ ကိုယ့်ရဲ ့တိုးတက်ရာတိုးတက်ကြောင်းကို အမြဲရှာဖွေနေရတယ်။ ခု ငါ့ညီက စပါယ်ရာသွားလုပ်တော့မယ်ဆိုတော့ အစ်ကိုမှာချ င်တာက စပါယ်ရာအလုပ်နဲ့တင်ရပ်မနေနဲ့။ ကားမောင်းတတ်အောင်လုပ်ပြီး ဒရိုင်ဘာဖြစ်ဖို့ကြို းစား။ တစ်ခါ ဒရိုင်ဘာဖြစ်ပြန်တော့လည်း ကားအုံနာဖြစ်အောင် ကြို းစားအားထုတ်ရမယ်ကွ . . .ကြားလား။ ငါ့ညီရဲ ့ကြို းစားမှုကို ဘယ်တော့မှ ရပ်တန့်မပြစ်လိုက်နဲ့။ ကောင်းတယ်ကွာ . . .အစ်ကိုကတော့ အားပေးတယ် ''
တဲ့။ လူခန့်လည်း အစ်မနဲ့ ယောက်ဖဖြစ်သူကို ကန်တော့ပြီး အထုတ်အပိုးဆွဲလို့ အိမ်ကနေထွက်ခဲ့တော့တယ်။
ကားဆြာ ဦးသောင်းငွေ ရဲ ့ခြံဟာ မြို ့စွန်မှာ ဖြစ်ပြီး အတန်ငယ်ကျ ယ်ဝန်းတယ်။ ခြံရဲ ့ အနောက်ဘက်နားခပ်ကျ ကျ မှာ သေသေသပ်သပ်ကလေးဆောက်ထားတဲ့ သွပ်မိုးပျ ဉ်ထောင်အိမ်ကလေးတစ်လုံးနဲ့။ ခြံဘေးပတ်ပတ်လည်မှာ အရိပ်အာဝသကောင်းတဲ့ သစ်ပင်ကြီးတွေစိုက်ပျ ို းထားပြီး အိမ်ရှေ ့ခပ်လှမ်းလှမ်းမှာတော့ ကားရပ်ဖို့ကွင်းပြင်ပြောင်ပြောင်လေးတစ်ခုရှိတယ်။
ကားအုံနာက ကားကို ဦးသောင်းငွေဆီကိုပဲ အပ်ထားတော့ ကုန်ရှာ ဂိတ်ထိုး ကုန်တင် ကုန်ချ ကားထွက် ကားသိမ်း အားလုံး ဦးသောင်းငွေပဲလုပ်ရတော့တာပေါ့။ ကားသိမ်းချ ိန်ဆိုလည်း အိမ်ရှေ ့ကွက်လပ်မှာပဲ ကားထိုးထားရတယ်လေ။ ပျ က်လို့ပြင်ရပြီ ဝပ်ရှော့သွား ဘာညာ ဆိုလည်း ဦးသောင်းငွေပဲလုပ်ရတာပဲ။ လိုအပ်တဲ့ ပြင်ဆင်စရိတ်တော့ အုံနာဆီကသွားထုတ်ပေါ့။ အုံနာအဘိုးကြီးက သဘောကောင်းတဲ့အပြင် ဦးသောင်းငွေကိုလည်း အတော်ယုံကြည်ပုံရတယ်။ ဦးသောင်းငွေကလည်း တကယ်ရိုးပြီး အလုပ်အပေါ်မှာ သစ္စာရှိတာကိုး။ ကားကိုလည်း အမြဲ သ နေတတ်တော့ အဘိုးကြီးက ကားနဲ့ပတ်သက်ရင် ဦးသောင်းငွေကို အာဏာကုန်လွှဲထားတော့တာ။
.
'' လွတ်လွတ်လပ်လပ်သာနေ။ ဒီအိမ်မှာက ငါရယ် ငါ့သမီး ခတ္တာရယ် သားဖနှစ်ယောက်ပဲရှိကြတာ။ ခု မင်းရောက်လာတော့ သုံးယောက်ဖြစ်သွားတာပေါ့။ မနက်ဖန်ညမှ ကားထွက်ရမှာ . . . ဒီကြားထဲအေးအေးဆေးဆေးပဲ ''
ဦးသောင်းငွေက လူခန့်ကို သူ့အိမ်ထဲက ကန့်ထားတဲ့ အခန်းလွတ်တစ်ခုမှာ နေရာချ ထားပေးလို့ တစ်လက်စတည်းရေချ ို းဖို့ပါတိုက်တွန်းလေတယ်။ လူခန့်လည်းရေလည်းပုဆိုးတစ်ထည်နဲ့ တဘက်ကိုယူပြီး နောက်ဖေးရေတွင်းကိုထွက်လာခဲ့တော့တာပေါ့။
လူခန့်ရေမိုးချ ို းပြီး အိမ်ထဲပြန်ဝင်လာတော့ မခတ္တာအိမ်ပြန်ရောက်နေပြီလေ။ ဒါကြောင့် လူခန့်လည်း အခန်းထဲဝင် အဝတ်အစားကပြာကသီလည်း နဲနဲပါးပါး ဖြီးလိမ်းပြီး အိမ်ရှေ ့ကို ထွက်ခဲ့တော့တယ်။
မခတ္တာဟာ ရုပ်အချေ ာကြီးမဟုတ်ပေမယ့် ဆံပင်ရှည်ရှည် အညားခပ်ညို ညို ထောင်ထောင်မောင်းမောင်းနဲ့ ကြည့်လို့ကောင်းတဲ့ အမျ ို းသမီးတစ်ယောက်ပါပဲ။ လူခန့်ထက်တော့ အသက် လေးငါးနှစ်လောက် ကြီးမယ့်ပုံ။ သူမက မြို ့ထဲက နာရီနဲ့ဖုန်း တွဲရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်သတဲ့။
လူခန့်တို့ ခဏတဖြု တ် စကားထိုင်ပြောပြီးနောက် သုံးယောက်သား ဝိုင်းဖွဲ ့လို့ ညစာစားလိုက်ကြတော့တယ်။
.
ထမင်းစားသောက်အပြီးမှာ လူခန့်က တံမြက်စည်းနဲ့ ဂေါ်ပြားကိုယူပြီး ကားဆီကိုသွားဖို့ပြင်တော့ ဦးသောင်းငွေက
'' မောင်လူခန့်ဘာလုပ်မလို့လဲ '' တဲ့။
'' မနက်က ကားရွှေ့ကတည်းက ကျွ န်တော်သတိထားမိနေတာ။ ကားခေါင်းခန်းထဲမှာ ဖုန်တွေသဲတွေအတော်မျ ားနေပြီ။ အဲ့ဒါ သွားလှည်းမလို့။ ပြီးတော့ နောက်ခန်းမှာလည်းကုန်တွေတင်လာတာ အတော်ညစ်ပါတ်နေမှာဆိုတော့ လက်စနဲ့ နောက်ခန်းပါ သန့်ရှင်းရေးလုပ်လိုက်မလားလို့ ဦးလေးရဲ ့ ''
လို့ လူခန့်က မိမိရည်ရွယ်ချ က်ကိုပြန်ရှင်းပြလိုက်တယ်။
'' မနက်ကျ မှ လင်းလင်းထင်းထင်းလေးလုပ်ပါလား မောင်လူခန့်ရယ်။ ခုအချ ိန်က မှောင်ပါတယ် ''
'' သိပ်တော့လည်းမှောင်ပါဘူး ဦးလေးရယ်။ အိမ်ထဲကမီးရောင်လည်း ကားဆီကိုရောက်တောပဲ။ ပြီးတော့ ဒီနေ့လပြည့်ညလေ။ လရောင်လေးလည်းအရှိသား ။ သန့်ရှင်းရေးကို ညပိုင်းလုပ်နိုင်သလောက်ကလေးလုပ်ထားတော့ မနက်ကျ ရင် ဦးလေးနဲ့ကျွ န်တော် ကားကြံ့ခိုင်ရေးစစ်ဆေးဖို့ အချ ိန်ပိုရတာပေါ့။ မနက်ဖန် ညနေလောက်ဖြစ်ဖြစ် ညလောက်ဖြစ်ဖြစ် ကားကထွက်ရမှာမဟုတ်လား ''
'' အေးပါကွာ။ တားမရလည်းလုပ်ပါ။ အုံနာဘိုးတော်ကတော့ မင်းလိုစပါယ်ရာမျ ို းကိုရလို့ ထမြန်းကမလားမသိဘူး။
ကောင်းပါတယ်ကွာ။ ငါအားပေးတယ်။ လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ အမြဲတန်ဖိုးထားရမယ်ကွ။ ကိုယ့်ပစ္စည်းမဟုတ်လို့ဆိုပြီး မရိုမသေမပြု ရဘူး။ ဘယ်အရာဖြစ်ဖြစ် ကိုယ့်ပစ္စည်းလိုသဘောထားပြီး ရိုသေရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဟုတ်ပြီလား . . .
ကဲ သွားး သွားး မြန်မြန်သွက်သွက်လုပ်ခြေ။ သြော်ဒါနဲ့ ကားနောက်ခန်းကို တံမြက်စည်းကြမ်းနဲ့ အရင်လှည်းဦးနော်။ ပြီးမှ အချေ ာနဲ့လှည်း။ တံမြက်စည်းကြမ်းက ကားဘေးက သရက်ပင်မှာထောင်ထားတယ် ''
ဦးသောင်းငွေရဲ ့ ပြောဆိုမှာကြားမှုတွေအပြီးမှာတော့ လူခန့်က
'' ဟုတ်ကဲ့ပါ ''
ဟုရိုရိုသေသေပြန်လည်ဖြေကြားလိုက်ပြီး ယူစရာရှိတာမျ ားကို ယူ၍ ကားဆီသို့ထွက်ခဲ့ပါတော့တယ်။
'' ဖေဖေ့ကောင်လေးက ဘယ်ဆိုးလို့လဲ။ အလုပ်လုပ်ချ င်စိတ်တော့ရှိသား။ ရုပ်ကလေးကလည်းသန့်သန့်ပြန့်ပြန့်။ စကားပြောတာလည်း ရည်ရည်မွန်မွန်နဲ့ ''
ခတ္တာရောက်လာပြီး ဖခင်ဦးသောင်းငွေကို လူခန့်အကြောင်းပြောလိုက်တော့ . .
'' ဟုတ်တယ် သမီးရဲ ့ ။ မောင်လူခန့်က ကြို းစားလိုစိတ်အပြည့်ရှိတယ်။ သင်လွယ်တတ်လွယ်တယ်။ စကားအပြောအဆိုလည်း ယဉ်ကျေ းတယ် ''
လို့ ဦးသောင်းငွေကပြန်ဖြေလိုက်တယ်။ ခတ္တာကမျ က်မှောင်လေးတစ်ချ က် ကျ ုံ ့လိုက်ပြီး စကားဆက်ပြန်တယ်။
'' ဒါပေမယ့် ဖေဖေရယ် သူ့ကို သမီးတို့အိမ်မှာပေးနေဖို့ကြတော့ စိတ်ချ ရပါ့မလား။ သူ့ရဲ ့အကျ င့်စာရိတ္တက ဘယ်လိုမှန်းမှမသိပဲနဲ့ ''
'' သြော် သမီးရယ်။ စိတ်မချ ရမယ့်လူကို ဖေဖေက အိမ်ပေါ်ခေါ်လာပါ့မလား။ အိမ်မှာ သမီးမိန်းကလေးတစ်ယောက်ရှိတာ ဖေဖေသိတာပေါ့။
မောင်လူခန့်ဟာ အလုပ်ကြို းစားသလို အကျ င့်စာရိတ္တပိုင်းမှာလည်း ဒေါင်ဒေါင်မြည် အစမ်းသပ်ခံနိုင်တဲ့လူတစ်ယောက်ဆိုတာ ဖေဖေအသိဆုံးပါ။ ဒါကြောင့် ဖေဖေသူ့ကို အိမ်မှာလိုက်နေဖို့ စိတ်ချ လက်ချ ခေါ်လာရဲတာပေါ့။
ပြီးတော့ ဒီလို ရိုးသားကြို းစားပြီး တက်လမ်းတွေအမျ ားကြီးရှိတဲ့ လူငယ်တစ်ယောက်နဲ့ ဟောဒီက ဖေဖေရဲ ့သမီး အနေနီးစပ်သွားပြီး အကြောင်းပါသွားကြတော့လည်း ဘာဖြစ်လည်း။ ဖေဖေ့အတွက်အရှုံးမရှိဘူးလေ။ သမီးအတွက်ဖေဖေစိတ်အေးရတာပေါ့။ မဟုတ်ဘူးလား ''
ဦးသောင်းငွေဟာ သမီးဖြစ်သူကို လူခန့်အကြောင်း ရှင်းပြပြီး တဆက်တည်း လူခန့်နဲ့စလိုက်တော့ ခတ္တာမျ က်နှာကလေးလည်း ရဲတက်သွားလို့
'' အို . . .ဖေဖေကလည်း ဘာတွေလျေှ ာက်ပြောနေမှန်းလည်းမသိဘူး ''
ဟုဆိုကာ ရှက်ကိုးရှက်ကန်းနဲ့ အိမ်ထဲသို့အပြေးကလေး ဝင်သွားပါတော့တယ်။
'' စဉ်းစား သမီးရဲ ့။ သမီးလည်း အသက်သိပ်မငယ်တော့ဘူး မဟုတ်လား ''
အနားကပြေးထွက်သွားတဲ့ သမီးဖြစ်သူကို လှမ်းအော်ကာ ထပ်မံစနောက်လိုက်ပြီး ဦးသောင်းငွေလည်း '' တဟား ဟား '' ရယ်မောလျှ က် သဘောကျ ကျ န်ရစ်ခဲ့တော့တာပေါ့။
.
လူခန့်က ကားခေါင်းခန်းကို အရင်ရှင်းလိုက်တယ်။ ဖုန်ခါစရာရှိတာခါ ကြမ်းပြင်က ခြေနင်းပြားတွေကိုအပြင်ထုတ် အောက်မှာရှိတဲ့သဲတွေကိုလှည်း စသဖြင့် သေသေခြာခြာနှိုက်နှိုက်ချွ တ်ချွ တ်ကို ရှင်းတော့လင်းတော့တာပဲ။ နွမ်းခြောက်နေတဲ့ ဘုရားပန်းတွေကိုလည်း စွန့်လိုက်ပြီး . . မနက်မှ ဘုရားပန်းအသစ်ဝယ်လဲရမယ် . . .လို့ စိတ်ကူးလိုက်မိတယ်။
ခေါင်းခန်းကို စိတ်ကြို က်ရှင်းပြီးတော့မှ လူခန့်ဟာ နောက်ကုန်တင်ခန်းပေါ်ကိုကူးခဲ့ပြန်တယ်။ နောက်ခန်းမှာရှိတဲ့ တချ ို ့ အစွန်းအကွက်တွေက တံမြက်စည်းကြမ်းနဲ့တင်မရလို့ ရေပုံးနဲ့ အဝတ်စုတ်တစ်ခုကိုယူပြီး ရေပတ်တိုက်ရတယ်လေ။ ရေပတ်တိုက်ပြီး ခြေ ာက်တော့မှ တံမြက်စည်းအချေ ာ အပြီးသတ်လှည်းရမှာမို့ သန့်တဲ့နေရာလေးတစ်ခုကိုရွေးပြီး အမောဖြေရင်း ရေခြောက်အောင် ထိုင်စောင့်နေလိုက်တော့တာပေါ့။
'' အင်းးး နောက်ပိုင်း နွေရာသီရောက်ပြီး ပူလာလို့ရှိရင် ကားပေါ်မှာ ထွက်အိပ်သင့်အိပ်ရမယ်။ အဲ့ဒီတော့ အခုကတည်းက ဒီနောက်ခန်းကို သန့်ရှင်းရေးအမြဲဝင်ထားမှ ''
လူခန့် တွေးတောနေဆဲမှာပဲ ဘယ်ကမှန်းမသိတဲ့ တရုတ်သီချ င်းသံညှင်းညှင်းလေး လူခန့်ရဲ ့နားထဲကို ဝင်ရောက်လာပါတော့တယ်။ အသံက တရုတ်အမျ ို းသားတစ်ယောက်ရဲ ့ အသံဖြစ်ပြီး ခပ်တိုးတိုးနဲ့ အတော်ကို ဆွေးဆွေးမြေ့မြေ့သီဆိုနေတာ။ လူခန့်လည်း နားထောင်ကောင်းကောင်းနဲ့ ဆက်နားထောင်နေတုန်း သီချ င်းသံရပ်သွားပြီး
'' ဝ ကို ဝက်သားပေးပါ ''
ဆိုတဲ့အသံကို ကြားလိုက်ရတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာသံမှ ဆက်မကြားရတော့ဘူး။ လူခန့်လည်း နဲနဲတော့ စိတ်ထဲမှာ တစ်မျ ို းဖြစ်သွားပေမယ့်
'' ငါတစ်နေကုန်ပင်ပမ်းနေလို့ ထိုင်နေတုန်းခဏငိုက်သွားပြီး ကြားမိကြားရာတွေ ကြားတာဖြစ်မှာပါလေ။ သီချ င်းသံကလည်း ဒီနားကတရုတ်အိမ်တစ်အိမ်အိမ်က ဖွင့်တာနေမှာပေါ့ ''
လို့ ဖြေသိမ့်တွေးတွေးလိုက်ပြီး တံမြက်စည်းအချေ ာကို ယူကာ အလုပ်ကို လက်စသတ်လိုက်တော့တယ်။
သန့်ရှင်းရေးလုပ်ပြီးလို့ ကားနောက်ခန်းက လူခန့်ပြန်ဆင်းလာတော့ ဦးသောင်းငွေရောက်လာပြီး တံမြက်စည်းတွေရေပုံးတွေ ကူသိမ်းပေးပါတယ်။ ပစ္စည်းတွေသိမ်းကြရင်း ဦးသောင်းငွေက လူခန့်ကို
'' မောင်လူခန့်ကို ဦးလေးတစ်ခုတော့ သတိပေးပါရစေ။ ဦးလေးတို့အုံနာအဘိုးကြီးက ယောကျ ်ားတန်မဲ့ မင်းကြီးမင်းလေးကိုးကွယ်တယ်။ အဲ့ဒါကြောင့် ကားပေါ်ကိုပဲဖြစ်ဖြစ် ကားနားကိုပဲဖြစ်ဖြစ် ဝက်သား ဒါမှမဟုတ် ဝက်နဲ့ပတ်သက်တာ တစ်ခုခု ယူမလာမိဖို့ ဦးလေးကြို ပြောထားချ င်တယ်။ ဒါလေးတစ်ခုတော့ သတိထားပေးကွာ. .ဟုတ်ပြီလား ''
ဟု ကားနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေကို သတိပေးပြောကြားလေတယ်။
ကားပေါ်မှာ ခုနကကြားခဲ့ရတဲ့ '' ဝ ကို ဝက်သားပေးပါ '' ဆိုတဲ့အသံနဲ့ ခု ဦးသောင်းငွေပြောပြတဲ့ ဝက်သားရှောင်ခြင်း ကိစ္စနှစ်ခုက လူခန့်ခေါင်းထဲမှာ တစ်ခုနဲ့တစ်ခု အတော်ကို ဆန့်ကျ င်ဘက်ဖြစ်သွားတော့တာပေါ့။ ဒါပေမယ့် ထွေထွေထူးထူး လေရှည်မနေချ င်တော့တာနဲ့ဘဲ
'' ဟုတ်ကဲ့ပါ ''
ဆိုပြီး ခေါင်းကို အသာအယာ ငြိမ့်လိုက်ပါတော့တယ်။
ဆက်ရန်
အမြင့်ကြောက်သော ငှက်