မင်းသားကြီး အပိုင်း ၈




အမြင့်ကြောက်သော ငှက်




အခန်းထဲကပြန်ထွက်လာတော့ ဝေယံလည်း မဇွန်သူဝင်းကို မျက်နှာချင်းမဆိုင်ချင်သေးတာနဲ့ သူမအလစ်မှာ ခရောင်းကားကိုယူပြီး ကန်တော်ကြီးဘက်ကို ထွက်ခဲ့တော့တယ်။ တစ်နေကုန် ကန်တော်ကြီးမှာ အချိန်ဖြုန်းနေလိုက်ပြီး ညနေ ၆ နာရီလောက်မှ အိမ်ပြန်လာခဲ့လိုက်တော့တာ။



ဝေယံ အိမ်ပြန်ရောက်တဲ့အချိန်မှာ မဇွန်သူဝင်းတစ်ယောက်လည်း အတော်ကို တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီ။ သူမအကြောင်းတွေ ဘာသိထားလည်း ဘာဘာညာညာ ဝေယံ့ကို မေးလိုဟန်မရှိတော့ဘူး။ ဒီလိုနေတာ မဇွန်သူဝင်း အတွက်အကောင်းဆုံးဖြစ်မှာပါလေ။ သူမတို့မိသားစုအပေါ်မှာ ဝေယံ စေတနာအပြည့်ထားတယ်ဆိုတာ သူမလည်း သိနေတာပဲ။ တောမေးတောင်မေးလျှောက်မေးနေရင် သူမလည်း တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မယ်။ ဝေယံလည်း အဖြေရအတော်ကြပ်မယ့်ကိစ္စ . . . ။



ခုလို မဇွန်သူဝင်း အေးဆေးဖြစ်နေတာကို မြင်ရတော့ ဝေယံသက်ပြင်းချ လို့ရသွားပြီပေါ့။ ဒါနဲ့ အခန်းထဲမှာ တဘက်သွားယူပြီး အေးအေးဆေးဆေး ရေချိုးဖို့ ရေချိုးခန်းဝင်ခဲ့တော့တယ်။




ဟော . . တွေ့ပြန်ပြီဗျာ . . မမချော။




'' ရွှေရတီတစ်ယောက် ဘယ်လိုဖြစ်နေပါလိမ့်။ ဒီရက်ပိုင်း ငါနဲ့အတူတူ ရေလိုက်ချိုးနေပါလား ''



ဝေယံ ခေါင်းထဲကလည်းတွေးလိုက်သလို မျက်လုံးကလည်းငေးလိုက်တော့တယ်။ ရွှေရတီရဲ့ပုံရိပ်ကိုမြင်ရတာ ဒီတစ်ခါ ထူးထူးခြားခြာကို ဆွဲဆောင်မှုရှိနေတယ်လို့ ဝေယံထင်မိတယ်။ သူမရဲ့ ခန္ဓာကိုယ်လှလှလေးကို စင်းနေအောင်ကော့ပြီး ရေးပန်းကကျ လာတဲ့ရေကို စိမ်ပြေနပြေချိုးနေတာ။





ရေဝသွားအောင် အတော်ကြာကြာလေး စိမ်ချိုလို့အပြီးမှာတော့ . . သူမဟာ သူမရဲ့ ဝိုင်းဝိုင်းပြည့်ပြည့် တင်သားတွေနဲ့ မောက်မောက်ဖြိုးဖြိုး ရင်နှစ်မွှာအပါအဝင် ကျန်တဲ့ခန္ဓာကိုယ် အနှံ့ကိုပါ အကျိုအကြားမကျန်အောင် ပွတ်သပ်ပြီး ဆပ်ပြာတိုက်နေပြန်တယ်။




ဝေယံလည်း ကြည့်ကောင်းကောင်းနဲ့ ကို မျ က်တောင်မခတ် ငေးကြည့်နေမိတော့တာပေါ့။ ဒီလို ကြည့်နေရင်း . . .သူမနဲ့ ချ စ်စခန်းဖွင့်လိုက်ရရင်ဖြင့် . . .လို့ စိတ်ကူးယဉ်တွေးတောမိပြီး စိတ်တွေ အရမ်းလှုပ်ရှားလာပါတော့တယ်။ ဝေယံရဲ့ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ . . . အသက်ရှူ သံတွေကလည်းရှူးရှူးရှဲရှဲ ။ ထိုအချိန်မှာ . . .





'' ဘတ် . . .'' ခနဲ ရိုက်ပုတ်သံနဲ့အတူ ဆပ်ပြာတွေပေနေနဲ့ သူမရဲ့ လက်ဖဝါးလေးက '' ဝေယံငေးနေတဲ့ မှန်ပေါ်ကို အမှတ်မထင် ကျ ရောက်လာပါလေကော။ ရုတ်တရက်မို့ ဝေယံတစ်ယောက် အတွေးစပြတ်ပြီး လန့်မအော်မိအောင် မနည်းထိန်းလိုက်ရတယ်။





အဲ့ဒီလို ဝေယံလန့်ဖြန့်သွားတာကို သဘောကျ ဟန်နဲ့ . . ရွှေရတီရဲ့ ခပ်နွဲ့နွဲ့ ခပ်မူမူ အသံတိုးတိုးလေးက တဖက်ခန်းကနေ ထွက်ပေါ် လာပြန်တယ်။





'' ခစ် ခစ် ခစ် ခစ် ဆြာကြီး . . .ငေးလှချ ည်းလား ။သူများကို အဲ့လောက်ကြီး စိုက်ကြည့်နေမှတော့ သူများက ရှက်လို့သေတော့မှာပေါ့ ရှင်ရဲ့ . . .''





ထိုအခါမှ ဝေယံလည်း သတိဝင်သွားပြီး သူခိုးလူမိဖြစ်ကာ





'' ဟဲ ဟဲ ဆောရီးနော် ရွှေရတီ ဆောရီးး ဆောရီးး . . . ''





လို့ ရယ်ကျဲကျဲနဲ့ အရှက်ပြေပြန်ပြောလိုက်ရတော့တာပေါ့။ အဲဒီနောက်တော့ ရေချိုးဖို့ ရေပန်းကို ဖွင့်ချလိုက်ပါတော့တယ်။





သူရေချိုးတုန်းမှာ သူရဲ့ ကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို တစ်ဖက်ခန်းကနေ ခပ်စူးစူးခပ်ရဲရဲ စိုက်ကြည့်နေတဲ့ ရွှေရတီ့ရဲ့ မျက်ဝန်းတစ်စုံကိုတော့ ဝေယံ သတ္တိမပြုမိတော့။





ဝေယံ အဝတ်အစားလည်းပြီး ထမင်းစားဖို့ထွက်လာချိန်မှာ မဇွန်သူဝင်းနဲ့ ရယ်ဒီကျော်က ထမင်းဝိုင်းမှာ ရောက်နှင့်နေပြီ။ မဇွန်သူဝင်းက ဝေယံ့ကိုမြင်တော့ ပြုံးပြလို့





'' လာ. . ကိုဝေယံ တစ်ခါတည်းစားလိုက် '' ဆိုပြီး ထမင်းခူးပေးတယ်။ ရယ်ဒီကျော်ကတော့ ထမင်းပလုတ်ပလောင်းနဲ့



'' ဒီမှာ အိပ်မယ့်အတူတူတော့မထူးပါဘူး . . ညစာလည်း ဒီမှာပဲ ဆွဲလိုက်တော့တယ် ကိုဝေယံရေ . . '' တဲ့။ ဝေယံလည်း ပြန်ပြုံးပြပြီးထမင်းဝင်စားလိုက်တော့တယ်။





သုံးယောက်သား မျက်နှာချ င်းဆိုင်သာ စားသောက်နေရတာ။ ဝေယံနဲ့ မဇွန်သူဝင်းမှာက အတွေးတွေ ကိုယ်စီနဲ့မဟုတ်လား။ မဇွန်သူဝင်းဆိုရင် အတော်ကလေးကို မျက်နှာပျက်ပြီး ထမင်းကို ခပ်သုတ်သုတ်စားနေတော့တာ။ အထူးသဖြင့် ရယ်ဒီကျော်နဲ့ ခုလို ထမင်းလက်ဆုံစားနေချင်ပုံမပေါ်ဘူး။ အရှက်မရှိတဲ့ လူယုတ်မာ ရယ်ဒီကျော်တစ်ယောက်ကတော့ ဘာခံစားချက်မှ မရှိတဲ့ပုံဘူး။ မျက်နှာပြောင်တိုက်ပြီး ထမင်းနဲ့ဟင်းကို ပလုပ်ပလောင်း ကုန်း တွယ်နေတော့တာပေါ့။





ထမင်းလက်စသတ်လို့ မဇွန်သူဝင်းထသွားပြီး မရှေးမနှောင်းမှာပဲ ဝေယံလည်း ထမင်းဝိုင်းက ထခဲ့တော့တယ်။ ရယ်ဒီကျော်ကတော့ စားလို့ဝသေးဟန်မပေါ်ဘဲ သင်းသင်းကိုခေါ်ပြီး ဟင်းတွေထပ်ထည့်ခိုင်းရင်း ကျန်ရစ်ခဲ့လေရဲ့။




အိပ်ယာပေါ် ပက်လက်လှန် မျက်လုံးမှိတ် နဖူးပေါ်လက်တင်လို့ အိမ်ကထွက်လာခဲ့ရတဲ့ အကြောင်းကို ဝေယံ ပြန်တွေးနေတုန်း အရမ်းကို မွှေးကြိုင်လန်းဆန်းတဲ့ အနံ့တစ်ခု နှာခေါင်းထဲကို ဝင်လာပြီး ဒန်းလော့မွေ့ယာပါ သိမ့်ခနဲဖြစ်သွားတာမို့ ဝေယံ မျက်စိဖွင့်ကြည့်လိုက်မိတယ်။





ရွှေရတီ . . သူ့ရဲ့ ဘေးမှာ ကုတင်အောက်ကို ခြေထောက်ကလေးချ ပြီး တင်ပုလင်လွှဲလေး လာထိုင်နေတာ။ သူမရဲ့အဝတ်အစားတွေက ဝတ်နေကြအဖြူ ရောင်ဂါဝန် ဝမ်းဆက်မုတ်ဘဲ ပုခုံးနှစ်ဘက်ပေါ်မှာ ကြိုးတစ်ချောင်းစီပဲပါရှိတဲ့ ပန်းဆီရောင် ဂါဝန်ဝမ်းဆက်ကလေး။





'' ထပါဦး ထပါဦး လူကြီးရဲ့ . . ဒီမှာ မေးစရာရှိလို့ပါ ''





ခန္ဓာကိုယ်လေးကို ကိုင်းပြီး ဝေယံ့ရဲ့ ပေါင်ကိုကိုင်လို့ တဆာဆာလှုပ်နှိုးနေတဲ့ သူမကို ဝေယံမြင်လိုက်ရတော့ မျက်လုံးတွေပြူးပြီး တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညင်းတွ တဖြန်းဖြန်းထသွားတယ်။ သူမရဲ့ ရင်နှစ်မွှာ ဝိုင်းဝိုင်းဖွေးဖွေးတို့ရဲ့ တစ်ဝက်နီးနီးခန့်က လွန်စွာလည်ဟိုက်တဲ့ ဂါဝန်အပေါ်အင်္ကျီလေးအောက်မှနေ ရုန်းကြွအစ်ထွက်နေပြီး တသိမ့်သိမ့်တုန်ယင်လျှက်။





ဝေယံလည်း ဂလုဆို တံတွေးမျိုချကာ လူးလဲထပြီး သူမရဲ့နဘေးမှာ ဝင်ထိုင်လိုက်တော့တယ်။





'' ဒီနေ့ အဝတ်အစားတွေဘာတွေ လည်းလို့ပါလား။ တစ်ကိုယ်လုံးလည်း မွှေးကြိုင်နေတာပဲ။ ပြီးတော့ ရေချိုးတာလည်း အကြာကြီး။ ဘာတွေဖြစ်နေတာလည်း လင်းစမ်းပါဦး ''





သူမမေးခွန်းမထုတ်ခင် ဝေယံက အရင်မေးခွန်းထုတ်လိုက်တော့ . . ရွှေရတီက ပါးချိုင့်ကလေးပေါ်အောင်ပြုံးလို့ သူမရဲ့ သဘောသဘာဝနဲ့ အစွမ်းအစတွေကို ဝေယံသိအောင် အောက်ပါအတိုင်း ပြောပြပါတော့တယ်။





'' ဒီလိုရှင့်. . ကျွ န်မက ရေချိုးရတဲ့ အရသာကိုကြိုက်လို့သာ ရေချိုးနေတာ။ တကယ်တမ်းက ချွေးထွက်တာမဟုတ်ဘူး။ ကိုယ်ကောင်ကလည်း ပေါ်တဲ့အချိန်မှပေါ်တော့ ဖုန်လည်း သိပ်မတင်ဘူး။ ရှင်းရှင်းပြောရရင် ရေမချိုးလည်းဖြစ်တယ်ပေါ့ရှင်။ ပြီးတော့ အမွှေးနံ့ကိုးမျိုးနဲ့ နံတဲ့အနံ့ ငါးမျိုးအထိ ကျွန်မကိုယ်ကထုတ်လို့ရတယ်။ ဒီနေ့ထုတ်ထားတဲ့ အနံ့က ကျွန်မထုတ်လို့ရတဲ့ အမွှေးနံ့တွေအားလုံးထဲမှာ အကောင်းဆုံးအမွှေးနံ့ပဲ။





ဒါတင်မကသေးဘူး။ ကျွန်မက အစားကို တကယ်စားစရာမလိုဘူး။ အငွေ့လောက်ရှူ ရင် ဗှိုက်ဝတယ်။ ဒါပေမယ့် တကယ်စားလည်းရပါတယ်။ တစ်ခုရှိတာက တစ်ကယ်စားရင် အိမ်သာတက်ရလို့ နောက်ပိုင်း မစားဖြစ်တော့ဘူး။ အဝတ်အစားကိုလည်း ကျွန်မကြို က်နှစ်သက်တဲ့ အဝတ်အစားကို ကျွန်မသဘောကျတဲ့အရောင်နဲ့ ဖန်းဆင်းပြီး ဝတ်ဆင်လို့ရတယ် ''



'' အင်းး ဒါဆိုရင်တော့ မင်းဟာက ဘယ်ဆိုလို့လဲကွ။ အတော်ကိုအဆင်ပြေတာပဲ။ ဒါနဲ့ နေစမ်ပါဦး ခုနက ငါ့ကို ဘာမေးမလို့လဲ ''


ထိုအခါ ရွှေရတီက ဝေယံ့လက်မောင်းကို တွဲခိုလိုက်ပြီး အနားကို တိုးသထက်တိုးကပ်ကာ


'' ရှင့်ရဲ့ မိသားစုအကြောင်း ပြောပြလေ။ တကယ်တော့ရှင်က ဒီအိမ်သားမဟုတ်ဘူးမဟုတ်လား ''



လို့ ဝေယံရဲ့ နောက်ကြောင်းကို မေးခွန်းထုတ်ပါတော့တယ်။ ဝေယံ့မှာတော့ အိခနဲ နွေးခနဲနဲ့ အတော်ကို ဖိန်းတိန်းရှိန်းတိန်းကြီး ခံစားလိုက်ရတာပေါ့။ ရွှေရတီရဲ့ ရင်သားဖောင်းဖောင်းတစ်ဖက်က ဝေယံ့ ခန္ဓာကိုယ်ဘေးဘက်ကို ဖိကပ်နေပြီး သူမရဲ့ ပေါင်တံအိအိနဲ့ ဝေယံ့ရဲ့ ပေါင်တံတစ်ဖက် ကြားမှာလည်း နေရာလပ်မရှိတော့ ပြီမဟုတ်ပါလား။



ဝေယံလည်း ဂယောက်ဂယက်ဖြစ်နေတဲ့ စိတ်ကို အနိုင်နိုင်ထိန်းချုပ်လို့ . . သူက ဒီအိမ်သားမဟုတ်ကြောင်း . . ဖခင်မှာ သူဌေးကြီးဦးမြင့်ဝေ ဖြစ်ပြီး ၎င်း၏နယ်တွင် လွန်စွာ ချမ်းသာကာ သြဇာတက္ကမကြီးမားသူဖြစ်ကြောင်း . . မိထွေးကို မနှစ်မြို့တာကတစ်ကြောင်း မိထွေးရဲ့ သမီးကို မယူချင်တာက တစ်ကြောင်းကြောင့် သူအိမ်က ထွက်ပြေးလာခဲ့ကြောင်း . . ရွှေတီဂုံဘုရားအဆင်းမှာ ရယ်ဒီကျော့်ကားနဲ့ တိုက်မိပြီး သူ ဒီမှာသောင်တင်နေခဲ့ရခြင်းဖြစ်ကြောင်း . . . စသဖြင့် သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို ရွှေရတီ့သိအောင် လုံးစေ့ပတ်စေ့ပြောပြလိုက်တော့တယ်။





ဝေယံ့ရဲ့စကားအဆုံးမှာတော့ ရွှေရတီက သူမကိုင်ထားတဲ့ ဝေယံ့လက်မောင်းကိုဖြုတ်လိုက်ပြီး





'' သြော် . . ဒီလိုကိုးး။ ရှင်က လက်စသတ်တော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးရဲ့သားပဲ။ ကျွန်မအစကတည်းက ထင်တော့ထင်သား။ ရှင်က လူရေသန့်ပြီး နေတာထိုင်တာ အဆင့်အတန်းရှိတယ်လေ ''





လို့ ဝေယံ့ရဲ့စကားကို ပြန်လည်မှတ်ချက်ပြု လေတယ်။





'' ဟုတ်ပါပြီ။ ကျုပ်က ကျုပ်နောက်ကြောင်းကို ပြောပြီးသွားပြီ။ မင်းလည်း မင်းနောက်ကြောင်းကို ပြောဦးလေ ''





ဝေယံ ပြန်မေးလိုက်တဲ့ မေးခွန်းကြောင့် ရွှေရတီ မျက်နှာသိသိသာသာ ညှိုးကျ သွားတယ်။ ပြီးတော့မှ တချ က်ကလေးပြန်ပြုံးပြီး ဝေယံ့ကို စကားပြန်ဆိုရှာတယ်။





'' နေဦးရှင့်။ ဟိုကောင် ရယ်ဒီကျော် အေးဆေးနေလား မနေလား အခြေအနေသွားကြည့်လိုက်ဦးမယ်။ တော်ကြာ ကျွန်မသူငယ်ချ င်းကို ဒုက္ခသွားပေးနေမှာစိုးလို့။ ပြန်လာတော့မှ ကျွန်မရဲဲ့အကြောင်း အေးအေးဆေးဆေးပြောပြမယ်လေ ''





သူမရဲ့ ပြောစကားက အကျိုးအကြောင်း ဆီလျှော်နေတာမို့ ဝေယံ လက်ခံလိုက်ရပြီး





'' ဟုတ်တယ် ။ ဒီကောင့်ကို လွှတ်ထားလို့တော့မဖြစ်သေးဘူး။ အခြေအနေလေးတော့ စောင့်ကြည့်နေမှ။ ကဲ . . သွားချေ ။ ကျုပ်စောင့်နေမယ် ''





လို့ ရွှေရတီ့ကို ခွင့်ပြု လိုက်ရပါတော့တယ်။





အတော်ကလေးကြာတော့မှ ရွှေရတီပြန်ရောက်လာတယ်။





'' အခြေအနေဘယ်လိုလည်း။ အားလုံးအေးဆေးပဲလား ''





ဝေယံ ဆီးမေးလိုက်တော့ ရွှေရတီက . .





'' အင်းး အေးဆေးလို့ပဲ ဆိုပါတော့။ သူ့အခန်းထဲမှာပဲ ရှိတယ်။ ကျွန်မရောက်သွားတော့ သင်းသင်း ရောက်နှင့်နေပြီး သူ့ကျောက ဒဏ်ရာကို ဆေးလူးပေးနေလေရဲ့။ ကောင်မလေးကြည့်ရတာက ရယ်ဒီကျော့်အပေါ်မှာ စိတ်ညွှတ်နေပုံပဲ။ ဆေးလူးပေးရင်း တွတ်တီးတွတ်တာတွေ လျှောက်ပြောနေတော့တာ။ ဒါနဲ့ ကျွန်မလည်း စိုးရိမ်တာနဲ့ ပြန်မလာသေးဘဲ ဆက်ပြီး အခြေအနေစောင့်ကြည့်ရတော့တာပေါ့။





ဒါပေမယ့် ဘာမှ ထွေထွေထူးထူး ဖြစ်မလာခဲ့ပါဘူး။ ဆေးလူးလည်းပြီးကော ရယ်ဒီကျော်က သင်းသင်းရဲ့လက်ကိုကိုင် . . .ကျေးဇူးတင်ကြောင်းပြောပြီး ပြန်လွှတ်လိုက်တယ်လေ။ ပြီးတော့ သူက ကုတင်ပေါ်မှာပြန်ထိုင်ပြီး တီဗီဖွင့်ကြည့်တယ်။ ဆယ်မိနစ်လောက် ကြာတော့ တဝါးဝါးသမ်းလာပြီး တီဗီပိတ် မီးပိတ်လို့ ဆောင်ခြုံ ပြီး အိပ်သွားပါလေကော။ အေးအေးဆေးဆေးဆိုတာ သေခြာသွားတာနဲ့ ကျွန်မလည်း ပြန်လာခဲ့လိုက်တော့တယ်။ ''





လို့ သူမတွေ့မြင်ခဲ့သမျှ ကို ဝေယံ့ကို ဖောက်သယ်ချလေတယ်။ အဲ့ဒီနောက် သူမက ဝေယံ့ဘေးနားမှာ နီးနီးကပ်ကပ်ပြန်ထိုင်လိုက်ပြီး





'' ခုနက ရှင်မေးထားတဲ့ ကျွန်မရဲ့အကြောင်း ပြောပြမယ် . . .''





လို့ အစပြု လိုက်ရင်း . . .





. . . သူမဟာ x x x မြို့က ရွှေဆိုင်ပိုင်ရှင် ဦး x x x နဲ့ ဒေါ် x x x တို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း . .





ဆယ်တန်းပြီးလို့ ရန်ကုန်တက် တိုက်ခန်းငှားပြီး ကျောင်းတွေထပ်တက်နေတုန်းမှာ သူရအောင် နဲ့ ချ စ်သူတွေဖြစ်ခဲ့ကြပြီး ဇွန်သူဝင်းနဲ အခင်မင်ဆုံးသော သူငယ်ချ င်းများ ဖြစ်ခွင့်ရခဲ့ကြောင်း . . .





နောက်ပိုင်း . . မင်းသား ကိုစိုင်းတံခွန်ကို ရူးရူးမူးမူး ခရက်မိရာက ကိုစိုင်းတံခွန်ဟန်ဆောင်ထားတဲ့ လူယုတ်မာတွေ ဖျက်ဆီးတာကိုခံလိုက်ရပြီး အဖြစ်ဆိုးများ ကြုံခဲ့ရကြောင်း . . .





ကိုယ်စိုင်းတံခွန်နဲ့ သူမရဲ့ကြားမှာ သံသယရှင်းနိုင်ဖို့ တမလွန်က ပြန်လာခွင့်ရခဲ့တဲ့ ခုလိုအခြေအနေမျိုးမှာ သူမရဲ့ မိဘတွေကို အရမ်းကို သွားရောက်တွေ့ဆုံလိုကြောင်း . . . .





သို့ပေမယ့် အကန့်အသတ်နဲ့ ရှင်သန်နေရတဲ့သူမအတွက် မိဘများနဲ့ တွေ့ဆုံဖို့နိုင်ရာ အတော်လေးခက်ခဲကြောင်း . . .





တကယ်တမ်းတွေ့ပြန်လျှင်လည်း မိဘများရဲ့ ရင်ထဲ တစ်ပူကနေ နှစ်ပူဖြစ်မှာစိုးတာမို့ သွားမတွေ့တော့ဘူးလို့ပဲ ရင်နာနာနဲ့ သူမ ဆုံးဖြတ်ခဲ့ရကြောင်း . . .





စသဖြင့် သူမရဲဲ့ နောက်ကြောင်းရာဇဝင်ကို ဝေယံသိအောင် ပြောပြရှာလေတယ်။





အဲ့ဒီလိုပြောပြနေရင်း ရွှေရတီ့ရဲ့ စကားသံလေးတွေဟာ တဖြေးဖြေးတိမ်ဝင်လာပြီး ငိုသံလေးတွေ စွက်လာလေရဲ့။ နောက်ဆုံးမှာတော့ . .





'' ဖေဖေနဲ့ မေမေကို ရတီအရမ်းလွမ်းတာပဲ။ သူတို့လည်း ရတီ့ကို သတိရနေကြတော့မှာ ''





လို့ စကားအဆုံးသတ်လိုက်ပြီး ဝေယံ့ရဲ့ ရင်ခွင်ထဲကို ခေါင်းတိုးကာ တသိမ့်သိမ့် ငိုကြွေးရှာလေတော့တယ်။


ရွှေရတီရဲ့ ငိုသံတိတ်ပြီး ရှိုက်သံရပ်သွားတော့မှ ဝေယံ သတိထားမိတယ်။ နူးညံ့အိဆက်တဲ့ အထိအတွေ့ . . နွေးထွေး စွတ်စိုတဲ့ ခံစားချ က်။ သူမရဲ့ ကျောလေးကိုသပ်ရင်း နှစ်သိပ့်ပေးနေတာကို ဝေယံ့ရပ်လိုက်ပြီ။ ဝေယံ့ရဲ့ စိတ်တွေ ထိန်းမရနိုင်တော့။ ဒါကြောင့် သူမရဲ့ ခန္ဓာကိုယ်လေးကို တခါတည်း ဆွဲဖက်ထွေးပွေ့ ပြစ်လိုက်မိတော့တယ်။ ရွှေရတီလည်း အင့် ခနဲ အသံလေးထွက်ပြီး ဝေယံ့ရဲ့ ရင်ခွင့်ထဲကို ပါလာတော့တာပေါ့။





ဝေယံက ရပ်နားမနေတော့ဘဲ ရွှေရတီ့ မျက်နှာလေးကို လက်နဲ့ဆွဲမော့လိုက်ပြီး သူမရဲဲနှုတ်ခမ်းဖူးဖူးတို့ကို အငမ်းမရ စုတ်နမ်း လိုက်တော့တယ်။ အစပိုင်းတော့ ရွှေရတီက အံ့အားသင့်နေပုံရပေမယ့် နောက်ပိုင်းမှာတော့ ဝေယံ့ရဲ့ကိုယ်ကို ကျ စ်ကျ စ်ပါအောင်ပြန်ဖက်လို့ အနမ်းတွေ ကို တရှိုက်မက်မက် ပြန်လည်တုန့်ပြန်ပါတော့တယ်။





ဝေယံလည်း အခြေအနေကောင်းတာနဲ့ သူမရဲ့ ပုခုံးတစ်ဖက်က ဂါဝန်ကြိုးလေးကို လက်နဲ့ ဖြေးဖြေးချ င်းတွန်းချ လိုက်ပြီး . . . လည်တိုင်တစ်လျှောက်ကနေ ရင်ညွန့်ဘက်ဆီကို အနမ်းတွေ ဆက်လိုက်ပြန်တယ်။ အဲ့ဒီလိုနဲ့ ကြိုးလေးကိုအောက်အထိရောက်အောင် ဆွဲချ အပြီးမှာတော့ ရွှေရတီရဲ့ ဖြူ ဖြူ ဝိုင်းဝိုင်းတောင်ကုန်းလေးတစ်ခုက ငွားငွားစွင့်စွင့် ပေါ်ထွက်လာပါလေကော။





ဝေယံ့က အဲ့ဒီတောင်ကုန်းပေါ်ကို အနမ်းမိုးတွေ သဲသဲမဲမဲနဲ့ အဆက်မပြတ် ရွာချ ပြန်တယ်။ ရွှေရတီခမြာ တဟင်းဟင်း တဟဲ ဟဲ. . . . ငြီးသံလေးတွေပေးပြီး ကိုယ်လေးကို ကော့လန်နေရရှာတော့တာပေါ့။ လက်ကလေးတွေနဲ့ ဝေယံ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက် တစ်ခါတစ်ခါမှာ အားမရဟန်နဲ့ တောင်ကုန်းလေးပေါ်ကို ဆွဲဖိလိုက်လုပ်နေရင်း ရွှေရတီတစ်ယောက် အတော့်ကို မချင့်မရဲဖြစ်နေလေရဲဲ့။



.



.





အချိန်အတော်ကြာအောင် အနမ်းတွေပေးပြီးတော့မှ ဝေယံက ခေါင်းကို ပြန်မော့လိုက်တယ်။ ရွှေရတီ့မျက်နှာလှလှလေးကို စေ့စေ့ကြည့်ရင်း





'' သိပ်ချစ်တယ်ရွှေရတီရယ် . . .''





လို့ သူရဲ့အချစ်တွေကို ဖွင့်ဟမိလေတော့တယ်။ သူမက ဝေယံ့ကို ပါးချိုင့်လေးပေါ်အောင်ပြန်ပြုံးပြရင်း





'' အရင်လူ့ဘဝတုန်းက ကိုစိုင်းတံခွန်ကို အရမ်းစွဲလမ်းခဲ့တယ်။ သူရအောင်နဲ့ ချ စ်သူတွေဖြစ်ခဲ့တယ်။ ဒီဘဝမှာတော့ သူရအောင်ကို ကျွန်မ ဘယ်လိုမှ ခံစားလို့မရတော့သလို ကိုစိုင်းတံခွန်ကိုလည်း အစ်ကိုရင်းတစ်ယောက်လိုသာ ခင်မင်တော့တယ်။





ရှင့်ကို တွေ့လိုက်ရတဲ့ အချိန်ကစပြီး ကိုစိုင်းတံခွန်ကို စွဲလမ်းခဲ့တာတွေ သူရအောင်ကို ချ စ်ခဲ့တာတွေဟာ အားလုံးအလကားပါပဲ။ ရှင့်အပေါ်မှာ ကျွန်မခံစားရတဲ့ ခံစားချက်က ဘယ်အရာနဲ့မှ မတူနိုင်ပါဘူးရှင်ရယ်။ . . ကံတရားက ရက်စက်တယ်. . ဘာလို့များ ကျွ န်မတို့ကို ခုအချိန်ကြမှ စုံဆည်းခွင့်ပေးပါလိမ့် . . . . ''





လို့ ပြောလည်းပြော ပုခုံးတစ်ဖက်မှာကျန်နေသေးတဲ့ အခြားဂါဝန်ကြိုးတစ်ချောင်းကို သူမဘာသာဖြုတ်ချ လိုက်ပြီး ဝေယံ့ကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်ပါတော့တယ်။





ရွှေရတီ့ရဲ့အနမ်းတွေက ပြင်းပြစူးရှာလှပေစွ။ ဒီနေရာမျိုးမှာ အတွေ့အကြုံ များသူက သာစမြဲပဲ မဟုတ်ပါလား။





'' ဘယ်ကို သွားမလို့လည်း ရတီရယ် . . .''





ဂါဝန်လေးကို ယူပြီး ရွှေရတီ အနားကထသွားတော့ ဝေယံကမေးလိုက်တယ်။ ရွှေရတီကဂါဝန်လေး ကိုသူမရဲ့ကိုယ်ပေါ်မှာ သေခြာပြန်ဝတ်လိုက်ပြီး





'' ကိုနဲ့ ရတီ ညတိုင်းဒီလို စိတ်အေးလက်အေး အတူတူနေနိုင်ကြဖို့ ဟိုကောင့်ကို အစီအစဉ်တစ်ခုခုပြောင်းမှဖြစ်မယ်။ ကို ခဏစောင့်နေ . . ရတီပြန်လာခဲ့မယ်။ ''



လို့ ပြန်ဖြေလေတယ်။ ဝေယံလည်း နောက်ထပ်ထွေထွေထူးထူး ထပ်မေးမနေတော့ဘဲ



'' ဒါဆို ဂရုစိုက်သွားနော် '' လို့သာ ရွှေရတီ့ကို သတိပေးလိုက်ပါတော့တယ်။




အခန်းထဲကို ရွှေရတီပြန်ဝင်အလာမှာ နွားနို့တစ်ခွက်နဲ့ ကြက်ဥနှစ်လုံး ယူလာတယ်။ ဝေယံလည်း အိပ်ယာပေါ်ကဆင်းပြီး အခြေအနေကို မေးမြန်းလိုက်တော့ ရွှေရတီက သူမဆောင်ရွက်ခဲ့ပုံတွေကို ရယ်ရင်းမောရင်းပြောပြလေရဲ့ . . .။


'' ဟားး ဟားးးး ဟား ဟိုကောင်ကို ခုညသွားခြောက်တာ ပိုရယ်ရတယ်။ . . .နင် အိမ်ပြောင်းအိပ်ယုံနဲ့ ငါ့လက်ကမလွတ်ဘူး။ အရေးကြီတာက နင့်ရဲစိတ်ဓာတ်ကိုပြင်ဖို့။ နင်ဒီအိမ်မှာ ရှိနေတာ ဇွန်သူဝင်းအတွက် စိတ်မချရဘူး။ အဲ့ဒီတော့ နောက်နေ့ကစပြီး နင့်အိမ်နင်ပြန်ပြီး စိတ်ချ လက်ချ အိပ်။ နင်မဟုတ်တာ မလုပ်သ၍ မဟုတ်တာမကြံသ၍ နင်ငါ့ကိုမတွေ့စေရဘူး။ ကောင်းကောင်းနေ . . .ကြားလား။ . . .ဆိုပြီး ရတီ ခပ်တည်တည်နဲ့ ငေါက်လိုက်တာ သေနာကောင် . . .ကြောက်လွန်းလို့ အခန်းထောင့်မှာကပ်ပြီး ချုံးပွဲချ ငိုပါလေကော။





မနက်ဖန်ကစပြီး သူ့အိမ်သူပြန်အိပ်ပါ့မယ်။ ဘယ်သူ့ကိုမှလည်း မကောင်းမကြံတော့ပါဘူး။ နောက်လည်း ရတီ့ကို မတွေ့ပါရစေနဲ့တော့ . . .တဲ့လေ။ ဟား ဟား ရတီလည်း နောက်ထပ် တစ်ခွန်းနှစ်ခွန်းလောက် ထပ်ခြောက်ပြီး ထွက်လာခဲ့လိုက်တော့တာ ''





ရွှေရတီ့စကားလည်းဆုံးကော ဝေယံကပါ လိုက်ပါရယ်မောလိုက်ပြီး





'' ကောင်းတာပေါ့။ နောက်နေ့တွေလည်း ကိုယ်တို့ စိတ်အေးလက်အေး အိပ်ရတာပေါ့ ''





လို့ မှတ်ချတ် ချလိုက်တော့တယ်။ အဲ့ဒီနောက် ဝေယံက စားပွဲပေါ်မှာတင်ထားတဲ့ နွားနို့ခွက်နဲ့ ကြက်ဥကို လှမ်းယူလိုက်ပြီး ကြက်ဥနှစ်လုံးစလုံးကို နွားနို့ထဲ ထည့်မွှေလို့ တချိုက်တည်းသောက်ချ လိုက်တော့တာပေါ့။



'' ဟဲ ဟဲ ရယ်ဒီကျော့်ကို ရတီပညာပေးခဲ့တဲ့တာကို ကိုယ် သိပ်သဘောကျ တာပဲ။ ဒါပေမယ့် ဒီအစီစဉ်ကိုတော့ အဲ့တာထက်ပိုသဘောကျ တယ်။ ''



နွားနို့ခွက်ကို စားပွဲပေါ်ပြန်တင်ရင်း နှုတ်ခမ်းပါးနားသပ်ကာ ပြောလိုက်တဲ့ ဝေယံ့ရဲဲစကားကြောင့် ရွှေရတီရဲ့ မျက်နှာလှလှလေးမှာ ရှက်ပြုံးလေးတွေ ပွင့်လန်းသွားတော့တယ်။




'' ဟွန်းး သွားပါ ။ လူဆိုးကြီး . . အတော်ကို ကဲချ င်နေတယ် ''



သူမက မူနွဲနွဲ့လေးပြန်ပြောရင်း ကုတင်ဘက်ကို ချာခနဲ လှည့်ထွက်သွားပါလေကော။ ဝေယံလည်း . . ဒီတစ်ခါတော့ ကိုယ်က အသားစီးယူရမယ် . . လို့ တွေးတောရင်း သူမကို မှီအောင်လိုက်လို့ . . .သူမရဲ့ ခန္ဓာကိုယ်လေးကို နောက်ကနေ သိုင်းဖက်လိုက်တော့တယ်။



အဲ့ဒီနောက် ဝေယံက ရွှေရတီရဲ့ ပုခုံးနှစ်ဘက်က ဂါဝန်ကြိုးနှစ်ချောင်းကို တွန်းဖယ်လိုက်ပြီး . .ဂါဝန်ကိုပါ တစ်ခါတည်း ခြေဖျားအထိ ဆွဲချ ပြစ်လိုက်ပြန်တယ်။





'' အို . . .ဘယ့်နှယ့် . . ကို . . .ဖြေးဖြေး . . . သေတော့မှာပဲ . . ခစ် ခစ် ခစ် ဖြေးဖြေးပါဆို . . . ကြည့် လူဆိုးး ခစ် ခစ် ခစ် ခစ်''





ရွှေရတီ ပြန်လည်ပြောဆိုနေတဲ့ တွတ်တီးထွတ်တာ အသံလေးတွေကို ဝေယံ သတိမပြု နိုင်တော့။ သူမကို ကုတင်ဆီ ခပ်မြန်မြန် တွန်းခေါ်သွားပြီး . . . သူမရဲ့ ခန္ဓာကိုယ်လေးကို ဒန်းလော့ပေါ်သို့ ဝမ်းလျှားထိုး တွန်းချ ပြစ်လိုက်မိပါတော့တယ်။





မနက်လည်းရောက်ကော ရယ်ဒီကျော်လည်း ကိုယ့်အိပ်ယာကိုယ် လိပ်ပြီး ကိုယ့်အိမ်ကိုယ် တန်းလစ်တော့တာပဲ။ မျက်နှာကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့။ ပုံစံကလည်း တထိတ်ထိတ် တလန့်လန့် ကတုန်ကယင်။ ရွှေရတီဘယ်လောက်ပညာပေးလိုက်တယ်မသိဘူး။ အကျင့်မကောင်းသလောက် သတ္တိနည်းလှတဲ့ ရယ်ဒီကျော့်ရဲ့ ဖြစ်အင်ကိုကြည့်ရင်း ဝေယံတို့ ရယ်နေရတော့တာပေါ့။





ဖြူ ဖြူ ချောချော ဖွံ့ဖွံ့ထွားထွား ရွှေတီ့ အရသာကိုသိသွားတဲ့ ဝေယံကတော့ အဲ့ဒီနေ့ကစပြီး ညတိုင်းလိုလို သူမနဲ့ အတူတူနေဖြစ်လေတော့တယ်။ ရွှေရတီကလည်း ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ကျ န်မာသန်စွမ်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးဖြစ်တာမို့ ဒီလိုကိစ္စမျိုးမှာ စိတ်က မသေးလှ။ ဒါ့ကြောင့်မို့ သူတို့နှစ်ယောက်ရဲ့ ညလယ်ခင်း နှစ်ပါးသွားဟာ ကနည်းကကွက်အဖုံဖုံ အသံအစုံစုံနဲ့ အင်မတန်ကို မြိုင်မြိုင်ဆိုင် ဖြစ်နေလေတော့တာ။ ရယ်ဒီကျော့်ရန်ကလည်း လုံးဝမပူရတော့ဘူး မဟုတ်ပါလား။



.



.

ဒီလိုနဲ့ သုံးရက်လောက်နေတော့ ကိုစိုင်းတံခွန် ပြန်လာပါလေကော။ ကိုစိုင်းတံခွန်ခမြာ ရောက်ရောက်ခြင်း အထုတ်အပိုးတွေလည်းမချနိုင် မိန်းမနဲ့လည်း မပလူးနိုင်သေးဘဲ ဝေယံ့ကို ခေါ်ပြီး အခန်းထဲကို တန်းဝင်လာတော့တယ်။ ရွှေရတီက ကိုယ်ထင်ပြလိုက်တော့



'' ရွှေရတီ . . ညီမရယ် . . . .''


လို့ ခေါ်လိုက်ရင်း ပြေးဖက်ပြီး ဝမ်းပမ်းတနည်း ငိုတော့တာပဲ။ ရွှေရတီလည်း တသိမ်သိမ့် လိုက်ငိုတော့တာပေါ့။


'' အကို မသိဘူး ညီမလေးရယ် . . .အကို တကယ်မသိဘူး။ အကိုက ညီမလေး အကို့ကို စိတ်ခုပြီး အဆက်ဖြတ်သွားတယ် ထင်နေတာ . . . . အကို့ကို ခွင့်လွှတ်ပါ ညီမလေးရယ် . . အကို့ကို ခွင့်လွှတ်ပါ။ ညီမလေးအပေါ် ရက်စက်ခဲ့တဲ့ တရားခံတွေကို အကို မရရအောင် ဖော်ထုတ်ပေးပါ့မယ် ''



ကိုစိုင်းတံခွန်က ရွှေရတီ့ကို ဖက်ငိုရင်း သူ့ကို ခွင့်လွှတ်ဖို့တောင်းပန်သလို တရားခံဖမ်းပေးမယ်လို့လည်း ကတိပေးရှာတယ်။ ရွှေရတီကလည်း ငိုသံလေးစွက်ပြီး ကိိုစိုင်းတံခွန်ကို ခွင့်လွှတ်ကြောင်း ပြန်ပြောလေတယ်။





အားရအောင် ငိုပြီးနောက်မှာတော့ ရွှေရတီနဲ့ ကိုစိုင်းတံခွန် ကိုယ်ချင်းပြန်ခွာလိုက်ကြပြီး ဝေယံနဲ့သုံးယောက်သား စုံစမ်းလို့ရသမျှ အချက်အလက်တွေကို အပြန်အလှန်ဖလှယ်ကြတယ်။ ဝေယံက မသင်ကာစရာ လူသုံးဦးတွေ့ထားကြောင်း . . .ပြောရမှာ အားနာကြောင်း . . စကားပုလ္လင်ခံလိုက်ရာ ကိုစိုင်းတံခွန်က ပြောမှာသာ ပြောဖို့ ခွင့်ပြု ရှာတယ်။





'' ပထမတစ်ယောက်က ရယ်ဒီကျော် ပဲအကို။ အကိုနဲ့လည်း အရပ်အမောင်းကော ရုပ်ရည်ပါ ခပ်ဆင်ဆင်ဆိုတော့ ရွှေရတီ့ကို အကို့ဟန်ဆောင်ပြီး ဖျက်ဆီးသွားတာ သူဖြစ်နိုင်တယ်။ ပြီးတော့ သူက လည်တယ်။ တဏှာရူးတယ်။ အကို့ဆီမှာ အမြဲတစေ လာနေ နေကြဆိုတော့ အကိုနဲ့ ရွှေရတီ့ရဲ ပတ်သက်မှုကို တနည်းမဟုတ် တနည်းနဲ့ သူ သိနေနိုင်တယ်လေ။





ဒုတိယ သံသယရှိသူတွေကတော့ ဟိန်းသူနဲ့ မဇွန်သူဝင်းပဲ။ ဟိန်းသူက အကိုသိတဲ့အတိုင်း မင်းသားရူး။ ရုပ်ရည်နဲ့ အရပ်အမောင်းလည်းကောင်းတော့ ရွှေရတီ ဆေးမူးနေတဲ့အချိန်မှာ အကို့ဟန်ဆောင်ပြီး စည်းရုံးနိုင်မယ်လို့ ယူဆမိတယ်။





နောက်တစ်ချ က်က . . . ဟိန်းသူက မဇွန်သူဝင်းကို အရမ်းကို ကြွေနေတာ။မဇွန်သူဝင်း စိတ်ချမ်းသာဖို့ဆို သူ ဘာမဆိုလုပ်မယ့်ပုံပဲ။ မဇွန်သူဝင်းကလည်း အဲ့ဒီအချိန်မှာ သူနဲ့အကို့ရဲ့ကြား ရွှေရတီခံနေလို့ အရမ်းစိတ်ညစ်နေတဲ့ အချိန်ဆိုတော့ . . . . . ''





ဝေယံက ပြောလက်စ စကားကို ခဏရပ်လို့ သက်ပြင်းတစ်ချက်ချ လိုက်ပြီးမှ





'' မဇွန်သူဝင်းက ဟိန်းသူကိုခိုင်းတာလည်းဖြစ်နိုင်သလို . .ဟိန်းသူ သူ့ဘာသာသူ လုပ်တာလည်း ဖြစ်နိုင်တယ် . . .လို့ အဖြေနှစ်မျိုးတွေးမိတယ် အကို ''



ဝေယံလည်း သူနဲ့ ရွှေရတီ့တို့ရဲ့ ထင်မြင်ယူဆချ က်တွေကို ပြောပြလိုက်တော့ ကိုစိုင်းတံခွန်ရဲ့ မျက်နှာသိပ်မကောင်းဘူး။ ခေါင်းကို အောက်ကိုငုံ့လို့ အတော်ကြာကြာလေးတွေ နေပြီးမှ . . ကိုယ်စိုင်းတံခွန်က ဝေယံတို့နှစ်ယောက်ကို အောက်ပါအတိုင်း တစ်ခွန်းခြင်း ပြန်ပြောလိုက်တော့တယ်။





'' ညီလေး . . မင်းတို့တွေးထားတဲ့ ပထမအချက်ကို မေ့လိုက်။ အဲ့ဒီနေ့ အဲ့ဒီအချိန် ရယ်ဒီကျော် ဘယ်မှာ ရှိနေတယ်ဆိုတာ အကိုသိတယ်။ သူလုံးဝမဟုတ်ဘူး။





ဒုတိယ အချက်ကိုပဲ တို့ စဉ်းစားရမယ်။ အကို စုံစမ်းလို့ရခဲ့တဲ့ အချက်အလက်တွေအရဆိုရင်တော့ ဇွန်သူဝင်း ပါ ပါဖို့များတယ်။ အကို သူရအောင်နဲ့ တွေ့ခဲ့ပြီးပြီ . . . . .''





ဆက်ရန်





အမြင့်ကြောက်သော ငှက်