အမြင့်ကြောက်သော ငှက်
ဖေဖေ့ကို ဖုန်းဆက်ကြည့်တော့ ဖုန်းပိတ်ထားလေသည်။ မောင်ပြူ းကိုဆက်သွယ်ရန်မှာလည်း အိမ်ကြို းဖုန်းက ပျ က်နေ၏။ ထို့ကြောင့် ခေါင်းထဲတွင်ထူပူကာ အခြားဘာအကြံမှမထွက်တော့ဘဲ ကားကိုသာအလောတကြီးမောင်းပြီး အိမ်ကိုအမြန်ဆုံးရောက်ရန် အသော့နှင်ခဲ့လေတော့၏။ ဖေဖေအိမ်ပြန်မရောက်ခင် သူအရင်အိမ်ပြန်ရောက်မှဖြစ်ပေတော့မည်။
'' သက်ထားဖြူ ရယ် မင်းကဝိဉာဉ်ပဲ။ မင်းအရင်ရောက်အောင်ပြန်နှင့်လို့မရဘူးလား ''
တည်ငြိမ်က သက်ထားဖြူ ဘက်သို့လှည့်ကာ ကပြာကယာမေးလိုက်သေးသည်။
'' မရဘူးရှင့်။ အရင်နေ့တွေတုန်းကလည်း ဖေဖေ့ဆီလာချ င်ရင် ခုလိုပဲ သက်ထား ကြုံ ရာကားနဲ့ ကပ်လိုက်လာရတာ။ ဒီက ဝိဉာဉ်လေ ဈ ာန်ရတဲ့ ပုဂ္ဂို လ်မှမဟုတ်တာရှင့် ''
သက်ထားဖြူ ကပြန်ဖြေလိုက်တော့ တည်ငြိမ်လည်း သက်ပြင်းကို '' ဟူးးး '' ခနဲ မှုတ်ထုတ်လိုက်ပြီး
'' အေးပါကွာ. . .ငါက ဖေဖေ့အတွက် အစိုးရိမ်လွန်နေလို့လောမိတာပါ ''
ဟု စိတ်ပူပန်ခြင်းကြီးစွာဖြင့် ပြန်လည်ပြောကြားလိုက်လေတော့သည်။
ကားကိုမောင်းနေရင်းက တည်ငြိမ့် အတွေးမျ ားထဲတွင် မြင်မိုရ်ခင်၏ ဒိုင်ယာရီထဲမှ အချ ို ့စာသားမျ ားက တရေးရေးပြန်ပေါ်လာလေ၏။
.
.
.
.
. . . . အတူတူ ကြီးပြင်းလာရပေမယ့် ငယ်ငယ်ကသူနဲ့ သိပ်မတဲ့ ခဲ့ကြဘူး။
ဒါပေမယ့် ခုအရွယ်တွေရောက်လာလို့ သတိထားမိတော့ သူကယောကျ ်ားချေ ာတစ်ယောက်ဖြစ်မှန်း သိလာခဲ့ရတယ်။
မသင့်တာမှန်ပေမယ့် တို့လေ သူ့ကိုရင်ခုန်မိနေတာအမှန်ပဲ။ ဒီကြားထဲ ကျေ ာင်းတက်ကြဖို့ ရန်ကုန်အိမ်မှာ နှစ်ယောက်တည်းအတူတူနေလိုက်ကြရပြန်တော့ တို့ရင်ထဲမှာ နေ့စဉ်မချ င့်မရဲ ဖြစ်နေရပြန်တယ်။
.
.
.
ကိုယ်တော်လေးကတော့လေ တကယ့်ကို လူရိုးလေးပါ။ တို့ဘယ်လို စည်းရုံးစည်းရုံး မပါခဲ့ရှာဘူး။ သူအမြဲတမ်းပြန်ပြောတတ်တဲ့စကားက
'' မမနဲ့ကျွ န်တော်နဲ့က မောင်နှမတွေလေ။ သတိထားပါဦး မမရယ် . . .'' တဲ့။
သူအဲ့လိုလုပ်လေ တို့ရင်ထဲမှာ မရိုးမရွဖြစ်ရလေပဲ။ သိလားးး . . .။
.
.
.
သူက ရည်းစားရသွားပြီတဲ့။ ကောင်မလေး နာမည်က သဇင်စိုး ဆိုပဲ။ စုံစမ်းကြီးတော့ နွမ်းနွမ်းပါးပါးလေးထဲကပါ။ မကြီးအတွက်သိပ်ရှော့မရှိပါဘူး။ ဒါပေမယ့် ဒီသတင်းကြားရတာ မကြီးစိတ်ထဲတော့ ဘယ်ကောင်းမလည်းကွာ . . .။ မင်းက မကြီး အတွက် ရေရည်စီမံကိန်းလေးမဟုတ်လား။
.
.
.
တို့နဲ့အရင်က ရင်းနီးဆက်ဆံဖူးခဲ့တဲ့ ခင်မောင်ဇင်ဆိုတဲ့ ငနဲလေးက ဒီလိုနေရာမျ ို းမှာသိပ်တော်တာလေ. . .။ ရုပ်လည်းရှိသလို ကိုယ့်လုပ်ငန်းနဲ့ကိုယ်ဆိုတော့ အချ မ်းသာကြီးမဟုတ်တောင် လက်ဖျ ားငွေသီးပြီး သုံးနိုင်ဖြု န်းနိုင်တယ်။
သူ့အတွက်လည်း နှစ်ခါအကျ ို းရှိမယ့် ကိစ္စမျ ို းကို သူဘယ်ငြင်းပ့ါမလဲ။ တို့ဘက်က သူ့အကြို က်ဖြည့်ဆီးပေးမယ့် သူ့အတွက်ဝန်ဆောင်မှုလည်း ရမှာဖြစ်သလို အဲ့ဒီကိစ္စအောင်မြင်သွားခဲ့ရင်လည်း သဇင်စိုးရဲ ့ အသွေးအသားကို သူထပ်ရဦးမှာ မဟုတ်လား။
.
.
.
အောင်မြင်သွားခဲ့ပြီလေ။ ကောင်မလေးက သူ့ကို သစ်စိမ်းချ ို း ချ ို းသွားပြီး အခြားတစ်ကာင်နဲ့ တွဲသွားပြီဆိုပဲ။ ဘယ်သူလည်းဆိုတာ တို့သိတာပေါ့။ ခင်မောင်ဇင်လေ . . .။
အဲ့ဒီနေ့ညတော့ သူအသဲကွဲလို့ဆိုပြီး သောက်လေရဲ ့။ သိပ်လည်းမသောက်နိုင်ပါဘူး။ အရိုင်းလေးဆိုတော့ သုံးပက်လောက်နဲ့တင် ဖလက်ပြသွားရှာတယ်။ တို့လည်း အသဲကွဲနေတဲ့ သူ့ကို သနားဟန်နဲ့ စိတ်ကြို က်ခွင့်ပြု ထားလိုက်တော့တယ်။ ဒီအတိုင်းတော့ဘယ်ဟုတ်မလဲ။ ဆေးလေးနည်းနည်း ခပ်ထားရင်းနဲ့ ပေါ့ ခစ် ခစ် . . . .
.
.
.
တို့ လိုတာရပြီလေ။ သူက အတွေ ့အကြုံ သာနုတာ။ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ။ ဆေးရှိန်နဲ့ အရက်ရှိန်လည်း ပါမှာပေါ့လေ. . .။ အဲ့ဒီနေ့ညက မနက်သုံးနာရီထိုးမှ အိပ်ဖြစ်ကြတယ်။ လူကို ပင်ပမ်းလိုက်တာမှ မြော့ကျ သွားတာပဲ။ မနက် နိုးလာလို့ တို့က ပြတင်းလိုက်ကာကို ဖွင့်လိုက်တော့ အိမ်ဘေးကသစ်ပင်မှာ လင်းဆွဲငှက်တွေက အိပ်တန်းတက်နေကြပြီလေ။
သူက သူမျ ားကို ကျေ ာကာနေ လာသိုင်းဖက်ပြီး
'' မကြီး ဟိုမှာ လင်းဆွဲတွေ ''
တဲ့။ ပြီးတော့လိုက်ကာကို လှမ်းပိတ်လိုက်တယ်။ ဒီလိုနဲ့ နေ့လည်ထမင်းစားချ ိန်ကျ မှ မောင်နှမနှစ်ယောက် အခန်းပြင်ထွက်ပြီး ထမင်းစားဖြစ်ကြတော့တာပေါ့။ အဲ့ဒီညနဲ့ အဲ့ဒီမနက်ဟာ တို့အတွက်တော့ မေ့မရနိုင်တဲ့ ရင်ခုန်စရာအချ ိန်တွေရယ်ပါ . . .
.
.
.
ခင်မောင်ဇင်ကလည်း လစ်ရင်လစ်သလို လာတယ်လေ။ ဒါပေမယ့် တစ်ခါတလေပါ။ သူကလည်း တို့အတွက် ငြီးငွေ ့စရာ ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူး။ မောင်လေးမသိအောင်တော့ တို့က ဖုံးဖိထားရတာပေါ့။
.
.
.
မောင်လေး လေ. . .သိပ်ကဲတဲ့ ချ ာတိတ်လေးပေါ့။ အစရှိ အနောင်နောင်ဆိုသလို အရင် ကိုယ့်အစ်မဆိုပြီး သူစောင့်ထိန်းနေခဲ့သမျှ ခုကျ အတိုးချ ပြီး တို့နဲ့ အချ စ်ဇာတ်လမ်းတွေကဖို့ကို နေ့တိုင်းလိုလို အားပျ ို းနေတော့တာ။ တစ်ခါတလေ မနက်ပိုင်းမှာ ခင်မောင်ဇင်လာသွားတဲ့ နေ့မျ ို းဆိုရင် ပင်ပမ်းလွန်းလို့ တို့ကသူ့ကို တောင်းပန်တောင်ယူရတယ်။
မမကိုယ်တိုင် ပြု စုပျ ို းထောင်ခဲ့ရတဲ့ပန်ကလေးဟာ မမ ပန်ဆင်ဖို့ အစွမ်းကုန် ဖူးပွင့်ဝေဆာပေးနေပြီလေ။ တစ်ချ က်တစ်ချ က် သူ့ရဲ ံအယုအယတွေအောက်မှာ တို့လေ မေ့မြောသွားလုမတတ် အောင်ပဲ ဖြစ်နေရပြီ . . .
ကောင်စုတ်လေး . . .အိမ်ကို ဖေဖေခေါ်လာတုန်းကတော့ မခုတ်တတ်တဲ့ကြောင်လေးလိုပဲ။ ခုမျ ားတော့ တို့အသွေးအသားစားတဲ့ ကြောင်ပါးကြီး ဖြစ်နေပြီလေ။
သူစရောက်တုန်းက နာမည်လေးက ရယ်ရတယ်ရှင့်။ အတော်တောဆန်တာ . .ဘာတဲ့ . . .
'' စောချ စ်ဦး ''
ဆိုလားပဲ။
မြင်မိုလ်ခင်၏ ဒိုင်ယာရီထဲ မိမိနာမည် တစ်လုံးမှမပါ။ မိမိအပေါ်တွင် မည်မျှ သံယောဇဉ်မထားကြောင်း ထင်ရှားလေ၏။ အောင်ပြည့်နှင့်သူမ မောင်နှမအရင်းမျ ားမဟုတ်ကြသည်ကိုလည်း ဤဒိုင်ယာရီအရသိရှိရပြန်သည်။
သွေးမတော်သားမစပ်သဖြင့် ၎င်းတို့နှစ်ဦးငြိစွန်းစပ်ယှက်နေခြင်းကို တည်ငြိမ် မအံ့သြတော့။ မြင့်မိုလ်ခင်၏ စိတ်နေစိတ်ထားနှင့် ရမ္မက်ဆန္ဒကြီးပုံကို မိမိအနေဖြင့် သိသင့်သလောက်သိပြီးပြီ မဟုတ်ပါလား။ သူမကို အချ စ်စစ်ဖြင့်ချ စ်ရန်မသင့်ကြောင်း အောင်ပြည့်က မိမိအား သတိပေးသလိုလိုဖြင့် အဘယ်အတွက် တားဆီးခဲ့သည်ကိုလည်း တည်ငြိမ်သဘောပေါက်လာမိသည်။
တည်ငြိမ့် စိတ်ထဲတွင် အံ့သြမှုနဲ့အတူ စိုးရိမ်မိသည်မှာ အောင်ပြည့်၏ ငယ်နာမည်။ ဤပုံအတိုင်းဆိုလျှ င် ထွက်ပြေးသွားသော မုဆိုးစောအယ်မောင်၏သား စောချ စ်ဦး ဆိုသည်မှာ အောင်ပြည့်ဖြစ်၍ နေခြေပြီ။ သေဆုံးသူမျ ားဖြစ်ကြသည့် ဦးချ မ်းသာ မြင့်မိုလ်ခင် ခင်မောင်ဇင်နှင့် သဇင်စိုး တို့အားလုံးမှာလည်း အောင်ပြည့်အနေနှင့် နာကြည်းချ က်ရှိနိုင်မည့်သူမျ ားသာပင်။
ထို့အပြင် တရားခံလူသတ်သမားသည် ယခု မိမိအိမ်၌ရောက်၍နေခြေပြီ။ မိမိထက်စောကာ ဖေဖေ အိမ်ကိုရင်ပြန်လာပါက ဖေဖေနှင့် အတိတ်ဇာတ်လမ်းဆိုးရှိခဲ့ဖူးသော၎င်းသည် အချ ိန်မရွေး ဖေဖေ့ကို အန္တရာယ်ပေးနိုင်လေသည်။
တည်ငြိမ်သည် ဆက်စပ်တွေးခေါ် စဉ်းစားရင်း စိုးရိမ်သည်ထက ်စိုးရိမ်လာကာ ကားကိုအရှိန်မြှင့်ရန်အတွက် လီဗာကို ထပ်ကာနင်းလိုက်လေသည်။ ထိုစဉ်ဖုန်းမြည်လာ၍ တည်ငြိမ့် ဖုန်းကောက်ကိုင်လိုက်တော့ တဖက်မှ ဟန်နီချ ို ၏အသံ။
'' ကိုတည်ငြိမ် . . . .တရားခံဟာ အောင်ပြည့်ဖြစ်ဖို့မျ ားနေတယ်။ အဲ့ဒါ ကျွွ န်မ သူရှိမယ့်နေရာတွေ လိုက်စုံစမ်းနေတာ။ သူ့မိဘတွေကိုမေးတော့ ဘုရားဖူးထွက်သွားတယ်ဆိုလို့။ အဲ့ဒါ ကိုတည်ငြိမ်မြန်း သူရှိမယ့်နေရာသိမလားလို့ . . . .''
တည်ငြိမ်က ဟန်နီချ ို စကားဆုံးအောင်ပင်မဆောင့်တော့ဘဲ
'' ဟန် ဟန်နီ။ သေ သေခြာနားထောင်။ ဒီကောင် ခု ကိုယ့်အိမ်မှာ။ ဒီကောင်ဟာ တရားခံဖြစ်နိုင်တာမဟုတ်ဘူး တရားခံစစ်စစ်ဖြစ်နေတာ။ အဲ့ဒါတွေ ကိုယ် နောက်မှရှင်းပြမယ်။ ခုလောလောဆယ် ဟန်နီတို့ တပ်ဖွဲ့တွေ ကိုယ့်အိမ်ကို အမြန်သွားကြပါ။ အိမ်မှာ ဒီကောင်နဲ့ ဖေဖေ့တပည့်မောင်ပြူ းပဲရှိတာ။ ဖေဖေကအပြင်သွားတယ်။ ဖေဖေပြန်လာရင် ဖေဖေ့အတွက်အရမ်းအန္တရာယ်ရှိနေလို့ပါ။ ကျေ း ကျေ းး ဇူးပြု ပြီး အိမ်ကို ဖေဖေပြန်မလာခင် ရောက်အောင်သွားပေးကြပါ။ ကိုယ် ကိုယ်လည်း လမ်းမှာ . . .ခုပြန်လာနေပြီ ။ ''
ဟူ၍ အဆက်မပြတ် အရင်သလို တောင်းဆိုလေ၏။ ဟန်နီချ ို လည်း
'' ရှင် . . .'' ဟုဆိုကာ ပထမအံ့သြသွားပြီးမှ
'' ဟုတ် ဟုတ်ကဲ့။ ဒါ ဒါဆို ဒါပဲနော်. . .။ ဒီ ကောင့်ကို မိဖို့အရေးကြီးတယ်။ ဟန်နီချ ို သွားဖို့ ခုပြင်လိုက်တော့မယ် . . . .''
ဟု ကပြာကယာပြန်ပြောကာ ဖုန်းချ သွားလေတော့၏။
တည်ငြိမ် ခြံရှေ ့ရောက်တော့ ဟွန်းအဆက်မပြတ်တီးလိုက်သည်။ မောင်ပြူ းကာ ပြူ းပြူ းပြာပြာဖြင့် တံခါးလာဖွင့်ပေးလေ၏။
'' ဖေဖေပြန်ရောက်ပြီလား ''
တည်ငြိမ်ကလှမ်းမေးလိုက်တော့
'' ဟုတ်ကဲ့အကိုလေး ''
မောင်ပြူ းကပြန်ဖြေလေသည်။ထို့ကြောင့် ကားကို ခြံထဲသို့မောင်းဝင်ခဲ့ပြီး စက်သတ်ကာ အိမ်ဆီသို့ စိုးရိမ်ကြီးစွာ ကပြာကယာပြေးခဲ့လေတော့၏။ အိမ်ရှေ ့အရောက်တွင် ပန်းပင်ရေလောင်းနေသော ဖခင်ဖြစ်သူကို တွေ့ လိုက်ရသဖြင့် တည်ငြိမ်လည်းအတန်ငယ်စိတ်သက်သာရာ ရသွားပြီး
'' ဖေဖေပြန်ရောက်နေတာကြာပြီလား ''
ဟု မေးမြန်းနှုတ်ဆက်လိုက်လေသည်။
'' အေး . . .နဲနဲတော့ကြာပြီသားရဲ ့။ ရောက်ရောက်ခြင်း ရေချ ို းပြီး ပျ င်းတာနဲ့ ပန်းပင်လေးတွေ ရေထွက်လောင်းနေတာ . . .
သားလည်းရေချ ို းတော့လေ။ နောက်တောင်ကျ နေပြီ။ ရေမချ ို းခင် ရေလေးသောက်ဦးနော် ''
ဦးစစ်မြို င်က တည်ငြိမ့်အမေးကို ပြန်လည်ဖြေကြားပြီး ရေချ ို းရန်ပါတိုက်တွန်းလေသည်။ ထို့နောက် ၎င်းက တစ်ခုခုကိုသတိရသွားဟန်ဖြင့်
'' သြော် . . သား ။ အိမ်ထဲမှာ သားရဲ ့တပည့် လေးတောင်ရောက်နေတယ်။ အောင်ပြည့်တဲ့ ။ ဖေဖေနဲ့တွေ ့ပြီးသွားပြီ။ ရည်ရည်မွန်မွန်လေးပါပဲ။ သားနဲ့လည်းဖုန်းရတယ်ဆို။ ခု ဖေဖေသူ့ကို မောင်ပြူ းအခန်းမှာ နေရာချ ပေးထားတယ်။
သူလည်းရေမိုးချ ို းပြီး . . .ဖေဖေထွက်လာတော့ ဧည့်ခန်းစက်တီမှာ သတင်းစာထိုင်ဖတ်နေတယ်ထင်တယ်။ ''
ဟု အောင်ပြည့် ရောက်ရှိနေကြောင်းကိုပြောပြနေပြန်၏။ တည်ငြိမ်လည်း ဖခင်ကို အသေးစိတ်ရှင်းပြရန်အချ ိန်မရတော့သောကြောင့် ၎င်း၏ပုခုံးနှစ်ဘက်ကို စုံကိုင်လိုက်ပြီး . . .
'' ဖေဖေ . . .သားပြောတာကို သေခြာနားထောင်။ ဘယ်လိုအကြောင်းနဲ့မှ ဖေဖေအိမ်ထဲကိုဝင်မလာနဲ့ဦး။ အိမ်ရှေ ့မှာပဲ ဆက်နေပါ။ အိမ်ထဲမှာ အောင်ပြည့်ရှိနေတာ ဖေဖေ့အတွက် သိပ်ကိုအန္တရာယ်ကြီးတယ် . . . .။ သားဒီကောင်နဲ့ စာရင်းသွားရှင်းလိုက်ဦးမယ် ''
ဟု စိုးရိမ်တကြီးပြောကြားကာ အိမ်အတွင်းသို့ ခပ်သုတ်သုတ်ဝင်ခဲ့လေတော့၏။
.
.
.
ဧည့်ခန်းဆက်တီတွင် ဂျ ာနယ်တစ်စောင်ကို အခန့်သားထိုင်ဖတ်နေသော အောင်ပြည့်ကို တည်ငြိမ်တွေ ့လိုက်ရပြီး ဘယ်လိုမှ စိတ်မထိန်းနိုင်တော့သည်နှင့် အိပ်ထဲမှ မြင့်မိုလ်ခင့်ဒိုင်ယာရီစာအုပ်ကို နှိုက်ယူ၍ ၎င်းရှေ ့စားပွဲပေါ်သို့ '' ဘုန်း '' ခနဲပစ်ချ ကာ
'' မင်း လူလိမ်ပဲကွ . . .''
ဟု ဒေါနှင့်မောနှင့် ပြောလိုက်လေတော့သည်။
ထိုအခါ အောင်ပြည့်က '' ဆြာ ပြန်ရောက်လာပြီလား '' ဟု ဖတ်လက်စဂျ ာနယ်ကို ချ ကာ တည်ငြိမ့်ကို နှုတ်ဆက်လိုက်၍ ပစ်ချ လိုက်သော ဒိုင်ယာရီစာအုပ်ကို ကောက်ကိုင်လျှ က်
'' သြော် . . .ဆြာ ဒီစာအုပ်ကို ဖတ်ပြီးပြီပေါ့။ ဒါဆို ဆြာ အားလုံးသိသွားပြီပဲ။ ဟုတ်တယ် မကြီးနဲ့ ကျွ န်တော်နဲ့က ဘာမှမတော်ဘူး။ ဖေဖေမေမေ တို့က ကျွ န်တော့်ကို မွေးစားခဲ့ကြတာ။
ပြီးတော့ ဆြာသိထားသလို ကျွ န်တော်တို့နှစ်ယောက်က ဖြစ်နေကြတယ်ဆိုတာ မှန်ပါတယ်။ ကျွ န်တော်ကလည်း ရည်းစားက သစ်သိမ်းချ ို းချ ို းတာခံလိုက်ရလို့ စိတ်လေနေတဲ့အချ ိန် ဒီမိန်းမကလည်း တဏှာက ကြီးကြီးနဲ့ဆိုတော့ . . . .ကျွ န်တော်တို့ကပုထုဇဉ်တွေပဲလေ. . .နောက်တော့လည်း ဒီကိစ္စမျ ို း သောက်လေသောက်လေ ငတ်မပြေဆိုသလို ဆက်တိုက်ဖြစ်သွားတော့တာပေါ့။
ဒါပေမယ့် ဒီမိန်းမနဲ့ပတ်သက်ပြီး ဆြာ့ကို ကျွ န်တော် သတိပေးတားမြစ်ခဲ့တာကတော့ တကယ့်ကို စိတ်ရင်းအမှန်နဲ့ပါ။ ဘာလို့လည်းဆိုတော့ ဆြာကို ကျွ န်တော်က ကိုယ့်အကိုအရင်းတစ်ယောက်လို ခင်တယ်လေ။ အဲ့မိန်းမနဲ့ ဆြာနဲ့က လုံးဝမတန်ဘူး။ ဒီမိန်းမဟာ တဏှာရာဂကြီးသလောက် သိပ်ကို အရှက်နည်းတယ်။
ကျွ န်တော်နဲ့ ဖြစ်နေတဲ့ကြားကကို ဆြာ့ရဲ ့ စည်းစိမ်ဥစ္စာတွေကို မက်မောပြီး ဆြာ့ကို မြှူ ဆွယ်သိမ်းသွင်းခဲ့တယ်။ ဒါ့ကြောင့် ကျွ န်တော်က သူ့ကို အဲ့ဒီလို မလုပ်ဖို့တားသလို ဆြာ့ကိုလည်း သူနဲ့ လမ်းခွဲဖို့ တိုက်တွန်းခဲ့တာပေါ့။ ဒါပေမယ့် ကျွ န်တော့် ကြို းစားမှုက အရာသိပ်မထင်ခဲ့ပါဘူး။ သူက ကျွ န်တော်ပြောတာကို ခပ်ပေါ့ပေါ့သဘောထားသလို ဆြာကလည်း သူ့အလှမာယာကွန်ယက်ထဲမှာ တုတ်နှောင်တွယ်ငြိနေပြီ မဟုတ်လား။
ဒီလိုနဲ့ တစ်နေ့တော့ သူ မရှိတုန်း သူ့အခန်းကို ဝင်စပ်စုရင်း ဒီဒိုင်ယာရီစာအုပ်ကို ကျွ န်တော် တွေ ့ခဲ့ရတယ်။ အဲ့ဒီအခါကြမှ သူက ကျွ န်တော့်အပြင် ခင်မောင်ဇင်ဆိုတဲ့ကောင်နဲ့လည်း ပေါင်းသင်းဆက်ဆံနေသေးတာ. . .သူတို့နှစ်ယောက်ပေါင်းပြီးကျွ န်တော်နဲ့ သဇင်စိုးကို ပြတ်အောင်ကလန့်တာ . . .ခင်မောင်ဇင်က သစ္စာမဲ့တဲ့ မိန်းမယုတ်သဇင်စိုးနဲ့ ဆက်ပြီး ငြိစွန်းနေတာ. . . တွေကိုကျွ န်တော်သိလိုက်ရတာ။။ ဒါကြောင့် အဲ့ဒီတဏှာရူးမကြီးနဲ့ သူ့ကောင်ခင်မောင်ဇင်ကော သစ္စဖောက်မ သဇင်းစိုးကိုပါ ကျွ န်တော် ငရဲပြည် ပို့ပေးလိုက်တာပဲ။
ပြီးတော့ . . . အဖြစ်မှန်ကိုမသိရင် မကြီးသေသွားတဲ့အတွက် ဆြာအရမ်းသောကရောက်နေရမှာဆိုးလို့ သူ့ကိုမသတ်ခင် သူသစ္စာမဲ့ကြောင်း ဗီဒီယိုကို ကျွန်တော်ကိုယ်တိုင်ရိုက်ပြီး ဆြာ့ဆီပို့ပေးခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီဗီဒီယိုကို ဆြာကြည့်ပြီး သူ့ကိုလွမ်းစရာရှိရင်တောင် နာစရာနဲ့ ဖြေလို့ရတာပေါ့။ ''
ဟု ခပ်ဖြေးဖြေးပင် ဝန်ခံရှင်းပြလေ၏။ တည်ငြိမ်လည်း
'' . . .မင်း ဦးချ မ်းသာကို သတ်လိုက်တဲ့အမှုမှာလည်း ငါ့သူငယ်ချ င်း မိုးထက်ကို ရဲကသံသယဝင်နေမှန်းသိလို့ အဲ့ဒီဗီဒီိယိုဖိုင်ကို မိုးထက်နဲ့ သူ့ချ စ်သူ ရဲမေ ဟန်နီချ ို ဆီပို့ပေးပြီး မင်းက လမ်းကြောင်းလွှဲခဲ့တာမဟုတ်လား . . . .''
ဟု ဆက်မေးလိုက်လေရာ မိုးထက်က ခပ်ယဲ့ယဲ့ ပြုံ းလိုက်ပြီး
'' ဟာ . . .ဒါဆို ဆြာက ဦးချ မ်းသာကိစ္စတောင် သိနေပါလား ''
'' သိတယ်ကွသိတယ်။ မင်းဟာ ဦးချ မ်းသာကို သတ်ခဲ့တဲ့တရားခံဆိုတာကိုကော. . . မင်းနဲ့ ဦးချ မ်းသာရဲ ့အတိတ်ဇာတ်လမ်းတွေကိုကော . . .မင်းဟာ စောအယ်မောင်ရဲ ့သား ထွက်ပြေးသွားတဲ့ စောချ စ်ဦး ဆိုတာတွေကိုကော ငါအကုန်သိပြီးပြီ ''
တည်ငြိမ်က ခပ်တင်းတင်းအပိုင်ပြောလိုက်ပေမယ့် အောင်ပြည့်ကတော့ တုန်လှုပ်ဟန်မပြဘဲ အေးတိအေးစက်အမူအရာဖြင့်
'' ဆြာရယ်. . မတ်တပ်ကြီးပြောနေရတာ ညောင်းပါတယ်. . .ထိုင်ပါဦး။ ဒီအကြောင်းတွေကို အေးအေးဆေးဆေးကျွ န်တော်ရှင်းပြပါ့မယ် ''
ဟု တည်ငြိမ်ကို ထိုင်စကားပြောဖို့ရန် တိုက်တွန်းလေသည်။
'' မထိုင်ဘူး ဟေ့ကောင်။ ဒါ ထိုင်နေရမယ့်အချ ိန်မဟုတ်ဘူး။ ပြောစမ်း. . .မင်းဘာတွေ ကလိန်စေ့ငြမ်းစင်ပြီး ငါ့ကို ဆင်ခြေပေးဦးမလဲဆိုတာ နားထောင်ကြည့်ရအောင် ''
'' ကလိန်စေ့လည်း ငြမ်းမဆင်ပါဘူး။ ဆင်ခြေလည်းမပေးပါဘူး။ ဦးချ မ်းသာကို သတ်လိုက်တာ ကျွ န်တော်မှ ကျွ န်တော် အမှန်ပါပဲ။ တကယ်တော့ ဦးချ မ်းသာဟာ သေကိုသေသင့်တဲ့လူဗျ ။ သူ့ကြောင့် ကျွ န်တော့်အဖေကော အမေပါ သေခဲ့ရတယ်။ ကျွ န်တော်တို့မိသားစုလေးလည်း ပြို ကွဲခဲ့ရတယ်။ တော်သေးတာပေါ့ဗျ ာ. . .ကျွ န်တော်ခြေဦးတည့်ရာလျေှ ာက်ပြေးရင်း ကျ ားစာမဖြစ်ဘဲ သစ်စက်အလုပ်ကိစ္စနဲ့ တောစပ်ကိုရောက်နေတဲ့ ဖေဖေ ဦးဘောဂအောင်နဲ့တွေ ့လို့ ကျွ န်တော်ဒီအချ ိန်ထိ အသက်ရှင်ခဲ့ရတာ။
ပြီးတော့ အဲ့ဒီလူကြီးဟာ သူတပါးရဲ ့သားပျ ို သမီးပျ ို တွေကို ဖျ က်ဆီးသေးတယ်။ သူ့ကြောင့် ဒူးနဲ့မျ က်ရည်သုတ်ခဲ့ရတဲ့ ရွာသူတွေ အမျ ားကြီး။ အဆိုးဆုံးကတော့ အဂတိလိုက်စားတာပဲ။
သစ်ပင်သစ်တောတွေဆိုတာ ဟောဒီလောကကြီးအတွက် ဘယ်လောက်အရေးကြီးကြောင်း ဘယ်လောက်အကျ ို းပြု ကြောင်း ဆြာက ကျွ န်တော့်ထက်ပိုသိပါတယ်။ သစ်ပင်သစ်တောတွေကို ဖျ က်ဆီးတာ လောကကို ဖျ က်ဆီးတာပဲ မဟုတ်လား။ ဦးချ မ်းသာဟာ သစ်ခိုးသမားတွေဆီက လာဘ်ငွေ အမျ ားအပြားယူပြီး သူတာဝန်ယူရတဲ့ အပိုင်းက သစ်တွေကို ခုတ်စေခဲ့တယ်။ ပဲခူးရိုးမအရှေ ့ခြမ်းမှာ သင်းဖြု န်းလို့ ပြု န်းတဲ့တောတွေ မနည်းဘူး။
အဲ့ဒီတော့ ကမ ္ဘာလောကကြီးကို ဖျ က်ဆီးနေတဲ့ သင်းလိုလူယုတ်မာတွေအတွက် သေဒဏ်အပြင် ဘာမျ ားရှိဦးမှာလည်း။ ဆြာကျွ န်တော့်ကို တစ်ခါပြောခဲ့ဖူးတယ်မဟုတ်လား။ လူဦးရေတိုးပွားလေ အဲ့ဒီတိုးပွားတဲ့ လူတွေရဲ ့အသုံးပြု မှုကြောင့် သစ်တောတွေ လျေ ာ့နည်းလာလေ . . .လူဦးရေတိုးတက်မှုနဲ့ သစ်ပင်သစ်တော ဆုတ်ယုတ်မှုဟာ တိုက်ရိုက်အချ ို းကြနေတယ် ဆိုတာကိုလေ။
ဒီကမ ္ဘာလေကကြီးအသက်ဆက်နိုင်ဖို့ သစ်ပင်သစ်တောတွေ လိုအပ်တယ်။ သစ်ပင်သစ်တောတွေ အသက်ဆက်ဖို့ကြတော့ တဖက်ကနေ လူဦးရေလျေ ာ့ချ ပေးဖို့လိုအပ်ပြန်တယ်လေ။
အဲ့ဒီတော့ ဘယ်လိုလူတွေကို လျေ ာ့ချ ကြမလဲလို့စဉ်းစားရင် အဖြေက ဦးချ မ်းသာလို အတ္တကြီး တဘို့တည်းသမား တဏှာရူးတွေ . . . .မကြီးလို ရာဂကြီးပြီး မာယာမျ ာတဲ့မိန်းမတွေ . . .ခင်မောင်ဇင်လို ဖွံကြောင် သစ်သူခိုး ရေပေါ်ဆီတွေ . . .သဇင်စိုး လို သစ္စာမရှိ လေယူရာယိမ်းတတ်တဲ့ မိန်းမတွေ . . . ကိုလျေ ာ့ချ ပြစ်ရမယ်လို့ အဖြေထွက်တယ်။
ခု ကျွ န်တော်သူတို့ကို သတ်လိုက်တာဟာ ကမ ္ဘာလောကကြီးရဲ ့အဖျ က်အမှောက်တွေကို ဒီလောကကြီးထဲက ရှင်းထုတ်လိုက်တာပဲ။ တနည်းစဉ်းစားရင် ဒီလူမိုက် လေးယောက်အတွက် သစ်အသုံးပြု မှု မရှိတော့ဘူးဆိုတော့ သစ်တောပြု န်းတီးမှုလည်း လူလေးယောက်စာ လျေ ာ့ကျ သွားတာပေါ့။ ဘယ်လောက် ပိုင်လိုက်လည်း . . . .''
အောင်ပြည့်၏ ပုံသဏ္ဌာန်မှာ မူမမှန်တော့။ စကားတွေကလည်း သူလူတွေသတ်ရတာဟာ ကမ ္ဘာလောကကြီးကို ကယ်တင်နေသည့်အလား လျေှ ာက်ပြော၍နေခြေပြီ။ တည်ငြိမ်လည်း စိတ်လျေ ာ့ကာ သက်ပြင်းတစ်ချ က်ချ လိုက်ပြီး
'' အောင်ပြည့်။ ငါ့တပည့် မင်းအဖမ်းခံလိုက်တော့။ တော်ကြာ ဟန်နီချ ို တို့ အဖွဲ ့တွေရောက်လာတော့မယ်။ ဆြာဖုန်းဆက်ထားပြီးပြီ ''
ဟု လေသံ ဖြေးဖြေးဖြင့် ပြေပြေပြစ်ပြစ် ချေ ာ့မော့ပြောကြားလိုက်လေ၏။ ထိုအခါ အောင်ပြည့်က
'' ကျွ န်တော် အဖမ်းခံမှာပါ ဆြာ။ ဒါပေမယ့် အဖမ်းမခံခင်. . . ဦးချ မ်းသာနဲ့ ပေါင်းပြီး လောကကြီးကိုအကြည်းတန်စေတဲ့ . . .ပျေ ာ်ရွှင်စရာကောင်းတဲ့ကျွ န်တော်တို့မိသားစုလေးကို ဖျ က်ဆီးပြစ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုတော့ ဒီလောကထဲက ရှင်းပြစ်ခဲ့ချ င်သေးတယ်။ ဒီလူနှစ်ယောက်ထဲက တစ်ယောက်ကတော့ သူ့အကုသိုလ်တွေ သူကြောက်ပြီး ဘုန်းကြီးဝတ်နေပြီ။ သူ့ကိုက နောက်မှ သွားသတ်မယ်။ ခုလောလောဆယ်တော့ . . . .''
အောင်ပြည့်က ပြောလည်းပြော ဂျ ာနယ်အောက်မှ ဓားမြောင်တစ်ချေ ာင်းကို ဆွဲထုတ်လိုက်ပြီး . . . .
'' သားတို့ ဆြာတပည့်နှစ်ယောက် ဘာဖြစ်နေကြတာလည်း ။ ဖေဖေ့ကို ပြောစမ်း ''
ဟု ပြောဆိုမေးမြန်းရင်း အိမ်ပေါက်ဝမှ ဝင်လာသော ဦးစစ်မြို င်ရှိရာသို့ လှမ်းပေါက်လိုက်လေတော့သည်။
'' ဖေ ဖေ းးးး . . . .''
အဖြစ်အပျ က်က မြန်ဆန်လွန်း၍ တည်ငြိမ်သည် အောင်ပြည့်၏လုပ်ရပ်ကို တားဆီးလိုက်ချ ိန်မရတော့ပေ။ ၎င်းက လည်ချေ ာင်းသံကြီးနှင့် စိုးရိမ်တကြီးအော်ဟစ်လျှ က် ဖခင်လာရာ ဘက်သို့ကြည့်လိုက်လေရာ ဦးစစ်မြို င်သည် အိမ်တံခါးဝဘေးသို့ ဘုန်းခနဲ ပစ်လဲသွားပြီး တစ်စုံတစ်ဦးကပါ ၎င်း၏နောက်သို့ လုံးထွေးလိုက်ပါသွားသည်ကို တွေ ့ရလေ၏။
ထို့စဉ် ရဲလေးယောက် အိမ်အတွင်းသို့ ပြေးဝင်လာပြီး အောင်ပြည့်ကို ဖမ်းဆီးလိုက်ကြလေတော့သည်။ တည်ငြိမ်လည်း လဲကျ ရာမှ ကုန်း၍ထလာေသော ဖခင်ဖြစ်သူဆီသို့ သွားရောက်ကူညီဖေးမလေရာ ဖခင်၏အနီးတွင် ဟန်နီချ ို ကိုပါ ယူနီဖောင်းဝတ်ဖြင့် တွေ ့ရလေ၏။ သူမ၏ ညာဘက်လက်မောင်းတွင်တော့ ဓားမြောင်ကစိုက်လျှ က် . . .
'' ဟန်နီတို့ နည်းနည်းနောက်ကြသွားတယ်။ အိမ်ထဲဝင်လာတော့ အန်ကယ့်ကို အောင်ပြည့်က ဓားနဲ့လှမ်းပစ်တာမြင်တာနဲ့ ကမန်းကတမ်းပြေးပြီး ဘေးကို ဆွဲဖယ်ပစ်လိုက်ရတာ။ တော်သေးတာပေါ့ . . .အန်ကယ့်အသက်ကို ကယ်နိုင်သွားလို့ . . . .''
ဟန်နီချ ို က စကားပြောရင်း ဓားစိုက်နေသည့်သူမ၏လက်ကို ကျ န်လက်တစ်ဖက်ဖြင့်အုပ်ကိုင်လျှ က် တည်ငြိမ့်ရင်ခွင်ထဲသို့ ယိုင်လဲကျ သွားလေတော့သည်။
'' သား ဖေဖေ ဘာမှမဖြစ်ဘူး။ ကလေးမလေးကို ဂရုစိုက်။ လာလာဆက်တီခုံပေါ် လှဲသိပ်လိုက် . . .ဟေးး မောင်ပြူ းရေ . . . Family Dactor နဲ့ ဆေးရုံကားကိုပါ ဖုန်းဆက်ပါဟ ''
ဦးစစ်မြို င်၏ အသံက ဆူညံသွားလေ၏။
ရဲတပ်ကြပ်ကြီးတစ်ယောက်က ဟန်နီချ ို ကို စောင့်ရှောက်ရန် တည်ငြိမ်တို့အိမ်တွင် ကျ န်ရစ်ခဲ့ပြီး အောင်ပြည့်ကိုတော့ ကျ န်တဲ့ ရဲသုံးယောက်က စခန်းသို့ခေါ်သွားရန် စီစဉ် ကြလေသည်။ ထိုနောက် အောင်ပြည့်သည်
'' ဆြာ . . . ရဲမေ မမကို ကောင်းကောင်းစောင့်ရှောက်ပါနော်။ သူကို ကျွ န်တော်ချ စ်တယ်။ ဒါကြောင့် ဟို . . .သူနဲ့တွဲနေတဲ့ကောင်ကို ထောင်ထဲပို့ပြစ်ချ င်တာ။
ဦးစစ်မြို င်ဆိုတဲ့ လူကြီးကို မယုံနဲ့။ သူက လောကကိုဖျ က်ဆီးနေတဲ့သူကြီး။ လူယုတ်မာကြီးရဲ ့ တပည့်။ သူလည်း လူယုတ်မာပဲ . . . ''
စသဖြင့် ၎င်း၏စိတ်ထဲရှိသမျှ ရောက်တတ်ရာရာ စကားလုံးမျ ားကို အော်ဟစ်ပြောဆိုလျှ က် ရဲမျ ားခေါ်ဆောင်ရာသို့ ယက်ကန်ယက်ကန်ဖြင့် ပါသွားလေ၏။ အိမ်ဝအရောက် အောင်ပြည့် နောက်ဆုံးအော်ပြောလိုက်သည့်စကားကိုကြားလိုက်ရသောအခါ . . . .
'' တောကြောင်ပေါက်ကလေးတွေလိုက်ပြမယ်ဆိုရင် မယုံမိစေနဲ့ဆြာ။ အဲ့ဒါ ဒီလူကြီးသက်သက်ညာနေတာ ''
ဦးစစ်မြို င်ရဲ ့ရင်ထဲမှာ နင့်ခနဲဖြစ်အောင်ခံစားလိုက်ရပြီး မျ က်နှာထဝယ် ချ က်ခြင်းအဆွေးရိပ်သန်းသွားကာ
'' . . .ဒီသူငယ်ဟာ စောအယ်မောင်ရဲ ့သား စောချ စ်ဦးလေးပဲကိုးး
အားလုံး ဖေဖေ့ရဲ့အမှားတွေပါကွာ။ အားလုံးဟာ ဖေဖေ့ရဲ ့အမှားတွေပါ . . . . ဖေဖေ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ဖေဖေတို့ သူ့အပေါ်မှာ မတရားခဲ့ကြဘူး ''
ဟု ကြေကြေကွဲကွဲ ပြောကြားလိုက်လေတော့သည်။
.
.
'' သြော် . . .ဖေဖေရယ် . . . .''
ဆက်ရန်
အမြင့်ကြောက်သော ငှက်