'' ဝက်သားကြို က်တဲ့ တောကား ၈ ''



အမြင့် ကြောက်သော ငှက်









'' ကားတွေကလည်း ရောင်းသုံးတာ အားလုံးကုန်ပြီ။ စားသောက်ဆိုင်ကလည်း အသုံးစရိတ်တောင် အနိုင်နိုင်ရှာနေရတာ။ လယ်တွေယာတွေလည်း မျေှ ာ်ရဖို့ဝေးကော အဲ့ဟာတွေကရတဲ့အမြတ်တောင် ရှေ ့နေစုတ်က ဟိုဗိုင်းနာမလေးနာမည်နဲ့ ဘဏ်မှာအပ်သတဲ့။





ဒါပေမယ့်ကိစ္စမရှိပါဘူးလေ။ လာမယ့်ရှေ ့လဆို ကောင်မစုတ်လေး အသက် ၂၃ နှစ်ပြည့်ပြီ။ အဲ့ဒီအခါကျ ဂျ င်မီနဲ့တစ်ခါတည်းပေးစားပြီး သူ့အမွေတွေကို အပိုင်သိမ်းလိုက်ရုံပဲ။ ရှေ ့နေစုတ်ကတော့ သူ့ထုံးစံအတိုင်း ကဖျ က်ယဖျ က်လုပ်လို့ရသလောက်တော့ လုပ်ဦးမှာပဲ။ ဟင်း ဟင်း ဒါပေမယ့် လက်မခံလို့မရတဲ့ အခြေအနေတွေရောက်သွားရင် သင်းလည်း ဘာတတ်နိုင်မှာလည်း။





ကြင်မေတို့က ပွဲမကြမ်းချ င်သေးလို့။ တကယ်ဆို ကောင်မလေးက ကိုယ့်လက်ခုပ်ထဲကရေပဲ။ ဂျ င်မီနဲ့လွှတ်ပေး. . . ဗီဒီယိုရိုက်ထားလိုက်ရင် ပြီးပြီလေ။ အန်တီစီစဉ်တာကို အေးဆေးလက်ခံမလား ဒီဇာတ်လမ်းကို အင်တာနက်ပေါ်အပြန့်ခံမလားပေါ့။ ဟား ဟား ဟား . . . ကောင်မလေးကိုယ်တိုင်က မောင်းထုတ်တာခံရတဲ့ ဘဝ ရောက်သွားအောင်တောင် ဟိုရှေ ့နေကောင်ကို လုပ်ပြစ်လိုက်လို့ရသေး။ လာထားပဲ လယ်တွေ ယာတွေ အိမ်တွေ ခြံတွေ ငွေတွေ . . . .။





ဂျ င်မီအတွက်ကတော့ စိတ်ပူစရာမရှိပါဘူး။ သူလည်းအချ ိန်တန်ရင် သူ့စရိတ်နဲ့သူသွားရမှာ။ ဒီကောင်က ဆေးသမား . . .ဆေးချ နေရရင်ပြီးကော ဆိုတဲ့ကောင်။ ပြီးတော့ သူတကယ်သံယောဇဉ်ရှိပြီး ကြွေနေတာက သမီးရှယ်လီလေ။ ဒီကောင်က ဟိုကလေးမလေးလို ကုတ်ချေ ာင်းချေ ာင်းဗိုင်းကောင်းကျေ ာက်ဖိပုံစံကို ကြည့်လို့ရတာမဟုတ်ဘူး။ တို့ကို မလွန်ဆန်နိုင်လို့သာ ရေလိုက်သင့်ငါးလိုက်သင့် ဆက်ဆံနေရတာ။ အမှန် . . သူက ရှယ်လီ့လို ခေတ်ဆန်ဆန် ဆိုရှယ်ကျ ကျ ကိုယ်လုံးကိုယ်ထည်တောင့်တောင့်တင်းတင်း ဖွံ့ဖွ့ံထွားထွားနဲ့ ညှို ့အားပြင်းတဲ့အလှတရားတွေကိုသာ စိတ်ဝင်စားတာ။ မွေးစားအမေဖြစ်တဲ့ ဒီက အသိဆုံးပေါ့။





ဒီကောင်နဲ့ကောင်မလေးကို အရင်ဆုံးပေးစားရမယ်။ ပြီးရင် ကောင်မလေးပိုင်သမျှ ကို နည်းအမျ ို းမျ ို းနဲ့ ရောင်းချ ပြစ်လို့ ငွေသားအဖြစ်ပြောင်းသင့်ရင်ပြောင်း . . .ရွှေချေ ာင်းတွေ ဝယ်သင့်ရင်ဝယ်ပြီး ကိုယ်တွေဆီမှာ ဥ ထားလိုက်ရုံပဲ။ အဲ့ဒီအချ ိန်အထိတော့ ဒီဘိန်းစားလေးကို သမီးနဲ့မြှားပီး ချေ ာ့မော့ထားရမှာ။





အဲ . . .ကောင်မလေးပိုင်ဆိုင်သမျှ အားလုံး တို့လက်ထဲရောက်ပြီဆိုရင် ဒီငရှုပ်မလေးမကို ပြသနာရှာပြီး ကန်ထုတ်လိုက်ရုံပေါ့။ ဂျ င်မီကတော့ လိမ္မာရင်လိမ္မာသလို တို့နဲ့ ဆက် လက်တွဲသွားလို့ရမယ်။ မလိမ္မာရင်တော့ အပြတ်ရှင်းရင်တောင်ရတဲ့ အနေအထား။ ဆေးသုံးရင်း ဆေးလွန်လို့ လျေ ာသွားတယ်ဆို . . .ဘယ်သူမှ သံသယဖြစ်စရာ မရှိဘူးလေ။ ကိစ္စတွေအားလုံးပြတ်သွားရင်တော့ တနယ်တကျေ းမှာ သူဌေးလုပ်နေရုံပဲ။





ဟား ဟား ဟား ပိုင်လိုက်တဲ့ ဖြစ်ခြင်းးး . . . . ''



.



.



.



ဒေါ်ကျ င်မေ အတွေးကောင်းနေတုန်း အိမ်ရှေ ့ က ကားစက်သတ်သံကြားရပြီး ခဏနေတော့ သမီးရှယ်လီနဲ့အတူ ဧည့်သည်သူဌေးလေး အိမ်ထဲကို ဝင်လာကြတယ်။





'' သမီးတို့ပြန်လာကြပြီ။ မောင်လူခန့်ကို ကမ ္ဘာလုံးဘုရားတို့ ဗိုလ်ဘုရားတို့ စုံအောင်လိုက်ပို့ခဲ့ရဲ့လား ''





ဒေါ်ကျ င်မေက ထိုင်ရာကထပြီး မေးလိုက်တော့





'' ဟုတ်ကဲ့မေမေ။ အားလုံးစုံခဲ့တယ်။ အပြန် ကန်ကျေ ာင်းဘုရားတောင် ဝင်ဖူးခဲ့သေး ''





သမီးဖြစ်သူက တက်ကြွလန်းဆန်းစွာ ပြန်လည်ဖြေကြားလိုက်တယ်။ ဒေါ်ကျ င်မေက ဧည့်သည်ဘက်ကို လှည့်ပြီး . . .





'' ဘယ်လိုလည်း မောင်လူခန့် မင်းညီမနဲ့လည်ရတာ အဆင်ပြေရဲ ့လား။ လမ်းမှာ သူမင်းကို ဂျ ီကြတာတို့ ဆြာကြီးလုပ်တာတို့တော့ မလုပ်လောက်ပါဘူးနော် ''





'' ဟုတ်ကဲ့. . .အားလုံးအဆင်ပြေပါတယ် အန်တီ။ ညီမလေး ရှယ်လီက နေရာစုံလိုက်ပို့ပြီး ကျွ န်တော်မသိတာတွေလည်းရှင်းပြတယ် ''





'' အေးကွယ်. . . ဒါဆိုလည်း ခဏတဖြု တ် အခန်းမှာ သွားနားချ င်နား ချ ည့်လေ။ ထမင်းပွဲပြင်ပြီးသွားရင် မင်းညီမကို အခေါ်ခိုင်းလိုက်မယ်။ ''





'' ဟုတ်ကဲ့ပါ အန်တီ . .အန်တီတို့လည်း ကျွ န်တော့်အတွက်အလုပ်တွေရှုပ်ကုန်ပြီနော် . . .အားနာစရာတွေတော့ဖြစ်ကုန်ပြီ ''





'' အားမနာရပါဘူးကွယ် . . . .ငါ့တူလို ဧည့်ကောင်းဆောင်ကောင်း သူဌေးလေးကို ဖြစ်သလိုထားရလို့ အန်တီတို့ကသာ မင်းကို အားနာရမှာ . . .ကဲ ကဲ . .မင်းလည်း ပင်ပမ်းကောပေါ့။ သွားနားချ ည့်တော့။ အန်တီမင်းအတွက် ထမင်းဝိုင်း ပြင်လိုက်ဦးမယ် ''





'' ဟုတ်ကဲ့ အန်တီ ''





ဧည့်သည်လည်း သူ့အခန်းထဲဝင်သွားကော ဒေါ်ကျ င်မေလည်း ထမင်းဝိုင်းပြင်ဖို့ ထမင်းစားခန်းကို ထွက်ခဲ့ပါတော့တယ်။





'' ဟေ့ . . .မိဆူး ရေ. . . . မိဆူးး . . . ''





'' ရှင် . . .လာပါပြီ အန်တီမေ ''





'' အေးး ရှင် . . .နောက်မှထား။ လူအရင် ဒီကိုလာခဲ့။ ဧည့်သည်အတွက် ငါကိုယ်တိုင် ထမင်းဝိုင်းပြင်ပေးမလို့ ။ ငါ့ကို လာကူစမ်း . .





'' ဟုတ်ကဲ့ အန်တီမေ ''





လူခန့် ဒေါ်ကျ င်မေတို့ အိမ်မှာ ဧည့်သည်တော်ကြီး လုပ်နေတာနှစ်ရက်ရှိပြီလေ။ ဒီမိန်းမကြီးကို ဝင်ရောရတာကမခက်ပါဘူး။ ဖူဆယ်ဘောလုံးကွင်းထောင်ပြီး အဆင်ပြေနေကြတဲ့ အင်းမမြို ့ခံဦးသောင်းငွေတို့ အိမ်မှာ ခဏတည်း . . . လယ်ယာလုပ်ငန်းစိတ်ဝင်စားလို့ လယ်လေးဘာလေးဝယ်ချ င်တယ်လို့ သတင့်လွှင့် . . . ဒါပဲလေ။





ကျ န်တာကတော့ မြို ့လေးကသေး . . . ဦးသောင်းငွေရဲ ့မိန်းမ မသက်ထားက အကြွားကသန် ။ လူခန့်ရဲ ့ကျေ းဇူးတွေကလည်း ရှိထားပြန်ဆိုတော့ သူမက. . . . အိမ်မှာ မြို ့ကသူဌေးလေးရောက်နေတယ် . . . ဒီနယ်တကြောမှာ မသိသူမရှိတဲ့ '' မြို ့စားကြီး '' စားသောက်ဆိုင်ကြီးရဲ ့ ပိုင်ရှင်လေ . . .ကောင်လေးက လူသာငယ်တာ အောက်သက်ကအတော်ကြေတယ် . . . သူ့ရဲ ့ဆိုင်က နာမည်ကြီး ဟင်းလျှ ာတွေမှန်သမျှ သူတီထွင်ထားတဲ့ ပညာတွေချ ည်းပဲ . . . အဲ့ဒီလောက်တောင် အောင်မြင်နေတဲ့ စားသောက်ဆိုင်ကြီးကော ကုန်တင်ကားတွေပါ ပိုင်နေတာတောင် ခုထက်ထိ စားဖိုဆောင်ဝင်ပြီး တခါတလေ ကြော်တုန်းလှော်တုန်းရယ် . . . စည်းပွားရေးအကွက်အကွင်းကလည်း မြင်ပ . . .လယ်ယာလုပ်ငန်းကို စိတ်ဝင်စားလို့ဆိုပြီး ဒီမှာ လာ လေ့လာနေတာသာကြည့်. . . . စသဖြင့် လူခန့်ရဲ ့ကောင်းကြောင်းတွေကို ဟုတ်တာတွေကော မဟုတ်တာတွေပါ စေတနာပိုပိုသာသာနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြောတော့တာပေါ့။





ဒီသတင်းကို ဒေါ်ကျ င်မေလည်းကြားကော သူ့သမီးခေါ်ပြီး. . . လူခန့်ဆီကို တခါတည်း ပေါက်ချ လာပါလေကော။ ဒေါ်ကျ င်မေက အသက် ၄၅ နှစ်လောက်ရှိပြီး သူသမီးရှယ်လီကတော့ ၂၅ နှစ်လောက်ပဲရှိလိမ်ဦးမယ်။ မအေကော သမီးပါ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြို းပြီး ဖြူ ဖြူ ဖွေးဖွေး ပြည့်ပြည့်တင်းတင်းတွေ။ မျ က်နှာတွေက ခပ်ဝိုင်းဝိုင်းနဲ့ ကြည့်ပျေ ာ်ရှုပျေ ာ်တွေပါ။ ဒါပေမယ့် တရုတ်မတွေပီပီ မျ က်လုံးပေါက်ခပ်မှေးမှေးတွေပေါ့။ သမီးဖြစ်တဲ့ ရှယ်လီကတော့ အဖွားကြီးထက်စာရင် အနည်းငယ်မျ က်လုံးပေါက်ပိုကျ ယ်သယောင်ရှိပြီး နှာတံပိုချွ န်တယ်လေ။





ဒေါ်ကျ င်မေက လူခန့်ကို တွေ ့တာနဲ့ . . .





 ''စားသောက်ဆိုင်လုပ်ငန်းတူချ င်းမို့ မိတ်လာဖွဲ ့တာပါ။ ဒီလို နာမည်ကြီးစားသောက်ဆိုင်ကြီးရဲ ့ ပိုင်ရှင်သူဌေးနဲ့တွေ ့ရတာ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ မောင်လူခန့်ရဲ ့ အချ ို ့ပညာလေးတွေလည်း အန်တီမေတို့ကို ဝေမျှ ပေးလှည့်ပါဦး။ မပြန်ခင် အန်တီမေတို့အိမ်မှာ လာပြီးတည်းခိုဖို့ကိုလည်း ဖိတ်ခေါ်ပါရစေ ''





စတဲ့ အလာဘသာလာဘတွေ လာပြောပြီး အတင်းဝင်ရောတော့တာ။ အမှန်တကယ်က ဆူးလေးရဲ ့ ပိုင်ဆိုင်မှုတွေကို သူတို့ လက်ဝါးကြီးအုပ်ပြီးသွားရင် လယ်တွေ အမြန်ဆုံးပြန်ရောင်းထုတ်နိုင်ဖို့ ဝယ်လက်သူဌေးတစ်ယောက် လိုချ င်နေတာ လူခန့်က သိပြီးသား။





ဒါ့အပြင် အဖွားကြီးက လူခန့်ကိုတွေ ့သွားတဲ့အခါ သူ့သမီးနဲ့ပါ ဇာတ်လမ်းဖြစ်စေချ င်နေပုံရပြန်တယ်။ လူခန့်ကတော့ သိပ်ကောင်းတဲ့အခွင့်အရေးတွေရနေပြီလို့ တွေးမိပြီး နောက်နေ့မှာပဲ ဒေါ်ကျ င်မေတို့အိမ်ကို ပြောင်းနေလိုက်တော့တာပေါ့။



.



.



.



ဒေါ်ကျ င်မေ့အိမ်ကို ရောက်ကတည်းက လူခန့် ဆူးဆိုတဲ့ကောင်မလေးကို အကဲခတ်နေတာ။ ကောင်မလေးက ဖြူ ဖြူ သေးသေး ပြည့်ပြည့်တင်းတင်း ချ စ်စရာလေး။ ဆံပင်တိုလေးနဲ့ မျ က်နှာကလေးက ဝိုင်းလို့။ တရုတ်စပ်ဆိုပေမယ့် မျ က်လုံးလည်း ဒီလောက်ကြီးမမှေးသလို နှာတံလေးကလည်း ချွ န်နေတာ။ ဘုရားစူး တရုတ်မလေး လို့ပြောရမှာပဲ။





တစ်ခုရှိတာက သူကလေးရဲ ့ မျ က်နှာကော အဝတ်အစားတွေပါ ညှို းညှို းနွမ်းနွမ်းလေး။ ပြီးတော့ အိမ်သန့်ရှင်းရေးကစပြီး အဝတ်လျေှ ာ်မီးပူတိုက်အထိ အောက်ခြေသိမ်းအကုန်လုပ်ပေးရဟန်တူတယ်။ လူခန့်ရောက်တာ သိပ်မကြာသေးပေမယ့် '' မိဆူးရေ . . .မိဆူးရေ . . .'' ဆိုပြီး ဒေါ်ကျ င်မေခေါ်ခိုင်းနေတဲ့အသံ မကြာခဏကြားနေရတယ်။ လူခန့်တို့ ထမင်းစားတော့လည်း အနှီမိန်းမချေ ာလေးက အနားမှာ ရပ်ခပ်ပေးလျှ က်။





သနားစရာမိန်းမချေ ာလေးကို ဘယ်လို ကယ်ထုတ်ရမလဲဆိုတာ လူခန့်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံစည်တွေးတောနေသလို . . .ဒေါ်ကျ င်မေကလည်း သူ့သမီးရှယ်လီနဲ့ လူခန့်ကို အပြတ်လှော်နေတော့တာ။ လူခန့် အိမ်ကိုစရောက်လာကတည်းက ရှယ်လီနဲ့နှစ်ယောက်တည်း ဟိုလွှတ် ဒီလွတ် ဟိုဟာလိုက်ပြခိုင်း ဒီဟာလိုက်ပြခိုင်းနဲ့။ လူခန့်က ခရောင်းကားလေး ယူလာမိတော့ သူတို့သားမိရဲ ့ စိတ်ကြို က် ရှယ်လီခေါ်ရာ လိုက်ကြည့်ဖို့ အတော်ကို အဆင်ပြေသွားတယ်လေ။





တကယ်တော့ ရှယ်လီက သိပ်ကို ညှို ့အားပြင်းတဲ့ မိန်းမ အမျ ို းအစားထဲကပါ။ အသားအရည် ရုပ်အဆင်းရူပကာ ကိုယ်ခန္ဓာအရှိုက်အဖို အရစ်အဝိုက်. . .ဘာမှပြောစရာမရှိဘူး။ ရာနှုန်းပြည့်မဟုတ်ရင်တောင် အားလုံးက ဂုဏ်ထူးမှတ်ဝင်ပြီးသား။ လူခန့်ကိုလည်း အတော်ကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ပြောဆိုဆက်ဆံတဲ့အပြင် တစ်ခါတလေ အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်လို့နေတတ်သေးတယ်။





လူခန့်နေရာမှာ အခြားယောကျ ်ားတစ်ယောက်သာဆို အရည်ပျေ ာ်သွားလောက်ပြီ။ လူခန့်ကတော့ ခေါင်းထဲမှာ အချ ိန်ပြည့် ဆူးလေးရဲ့ အကြောင်းပဲ တွေးနေမိတော့တာ။ ရှယ်လီကိုလည်း အဆင်ပြေအောင် အလိုက်အထိုက် ကြည့်ပြီး ဆက်ဆံထားရတာပေါ့။





အဖွားကြီးနဲ့ သူ့သမီးရှယ်လီက လူခန်ကို အဲ့ဒီလိုတွေ သဲသဲလှုပ်ဖြစ်နေပေမယ့် သိပ်မကြေနပ်တဲ့သူလည်းရှိပြန်တယ်။ သူကတော့ ဂျ င်မီ လေ။ ဂျ င်မီဆိုတဲ့ အရပ်ရှည်ရှည် ကုတ်ချေ ာင်းချေ ာင်း ငနဲသားက အိမ်လည်းမကပ်သလို အိမ်ပြန်လာပြန်ရင်လည်း လူခန့်ကို ရှူ သိုးသိုးနဲ့ ကြည့်နေတတ်တာ။ အဲ့ဒါကြောင့် သင်းကိုလည်း အန္တရာယ်ကောင်စာရင်းထဲမှာ လူခန့် ထည့်ထားလိုက်တော့တယ်။



.



.



.



ဆူးလေးကို ဆွဲထုတ်ဖို့ဆိုရင် အရင်ဆုံးဆူးလေးနဲ့ နှစ်ယောက်ချ င်းတွေ ့ဖို့ လိုအပ်တယ်လေ။ ဒါကြောင့် လူခန့်လည်း ထမင်းစားသောက် . . အဖွားကြီးသားမိနဲ့ စကားစမြီခဏတဖြု တ်ပြောပြီး ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်လို့ အခြေအနေကို စောင့်ကြည့်နေလိုက်တော့တယ်။





လူခန့် အိပ်ခန်းထဲဝင်လာကတည်းက အဖွားကြီးသားမိ အိမ်ရှေ ့ထမင်းဆိုင်ကို ပြန်ထွက်သွားကြပြီလေ။ ခုအချ ိန်က လူနဲနဲကျ တဲ့အချ ိန်ဆိုတော့ ဆူးလေးလည်း အဲ့ဒီမှာပဲရှိနေလောက်တယ်။ ဂျ င်မီကတော့ မြို ့ထဲပဲလျေှ ာက်လည်နေသလား ဆိုင်ထဲမှာပဲလား မပြောတတ်။ ဒီလောက်အရောင်းရကြီးမဟုတ်တော့ အဖွားကြီးက ဆိုင်လုပ်သား သုံးယောက်ပဲခေါ်ထားတယ်။ အဲ့ဒီသုံးယောက်ကလည်း ဆိုင်ထဲမှာပဲအလုပ်လုပ် ဆိုင်ထဲမှာပဲနေ ညအိပ်တော့လည်း ဆိုင်ထဲမှာပဲအိပ်ကြတာ။ ကိစ္စကြီးငယ်မရှိဘဲ နောက်ဖေးအိမ်ဘက်ကို လာလေ့မရှိကြဘူး။ ခုအနေအထားအရ နောက်ဖေးတစ်အိမ်လုံးမှာ ဧည့်သည်ဖြစ်တဲ့ လူခန့်တစ်ယောက်တည်း။ ဒါကြောင့် လူခန့်လည်း . . . .





 ''ဒီလိုအခွင့်အရေးမျ ို းကို လက်လွတ်ခံလို့ဘယ်ဖြစ်မလဲ။ ငါတစ်ဟောက်တည်းရှိတုန်း တစ်အိမ်လုံးအနှံ ့လိုက်စပ်စုရမယ် ''





ဟု တွေးမိပြီး အခန်းအပြင်ကို ပြန်ထွက်ခဲ့ပါတော့တယ်။







လူခန့် အခန်းတံခါးကို သေခြာပြန်ပိတ်ပြီး အိမ်ထဲမှာ ဟိုဟိုဒီဒီစူးစမ်းကြည့်လိုက်တယ်။ အိမ်က အုတ်ပတ်ကား နှစ်ထပ်အိမ်ဖြစ်ပေမယ့် တောနေတောထိုင်ပုံစံအတိုင်း အခန်းတွေက သေသေခြာခြာကာရံထားတာမျ ို းမရှိ သလို ဖွဲ ့စည်းပုံလည်းသိပ်မကြဘူး။ လူခန့်ကို အခုထားထားတဲ့အခန်းတစ်ခုသာ လုံလုံခြုံ ခြုံ တံခါးနဲ့ဘာနဲ့။ ကျ န်တဲ့ အခန်းတွေကတော့ အခန်းဆိုတာထက် အကန့်တွေလို့ပြောရင် ပိုမှန်မယ်။





လူခန့် အခန်းနဲ့ ကပ်လျှ က်မှာ အခန်းတစ်ခန်းကန့်ထားပြီး အဝကို ကန့်လန့်ကာ တစ်ထည်နဲ့ကာထားတယ်။ ကန့်လန့်ကာကို လှပ်ကြည့်လိုက်တော့ အခန်းထဲက အသုံးအဆောင်ပစ္စည်းတွေကို မြင်ရတာနဲ့ ဒေါ်ကျ င်မေရဲ ့အခန်းဖြစ်မှန်း လူခန့်တန်းသိလိုက်တာပေါ့။ ဒေါ်ကျ င်မေ့ အခန်းရဲ ့ရှေ ့မျ က်နှာချ င်းဆိုင်မှာလည်း အခန်းတစ်ခန်းတွေ ့ရလို့ ကန့်လန့်ကာလှပ်ကြည့်လိုက်ပြန်တော့. . . ဒါက ဂျ င်မီ့အခန်းဖြစ်ဖို့မျ ားတယ် . . .လို့ လူခန့်သုံးသပ်မိပြန်တယ်။





အဲ့ဒီအခန်းတွေရဲ ့ရှေ ့ကနေဖြတ်လာမိတော့ ဧည့်ခန်းကို ရောက်သွားတော့တယ်။ ဧည့်ခန်းကနေ အိမ်နောက်ဖေးကို ဝင်သွားတဲ့ လျေှ ာက်လမ်းလေးတစ်ခုရှိပြီး လျေှ ာက်လမ်းဝရဲ ့ ဘယ်ဘက်ခြမ်းမှာ အိမ်အပေါ်ထပ်ကို တက်တဲ့ လှေကား။ နောက်ဖေး လျေှ ာက်လမ်းအဆုံးမှာ တော့ရေချ ို းခန်းအိမ်သာနဲ့ အဆုံးသတ်သွားတာ။ လျေှ ာက်လမ်းရဲ ့ဘယ်ဘက်မှာက ထမင်းစားခန်းနဲ့ မီးဖိုချေ ာင်ဖြစ်ပြီး ညာဘက်မှာ တံခါးပိတ်ထားတဲ့ အခန်းတစ်ခန်းတွေ ့ရပြန်တယ်။ လူခန့် အခန်းတံခါးကို အသာတွန်းကြည့်လိုက်တော့ တွန်းလို့ရတာနဲ့ပဲ . . .လက်စနဲ့ အခန်းထဲကိုပါ တခါတည်းလေ့လာကြည့်လိုက်မိတယ်။





'' . . .အဖွားကြီးရဲ ့သမီးပျ ို . . . . ရှယ်လီ့ရဲ ့ အခန်းပဲဖြစ်ရမယ်။ အတော်လုံလုံခြုံ ခြုံ နဲ့ သားသားနားနား။ အဲကွန်းတောင် တပ်ထားလိုက်သေး။ အင်းးး . . .ဒါဆို ဆူးလေးရဲ ့အခန်းက အပေါ်ထပ်မှာမြန်းလား။ ပြီးတော့ . . .အပေါ်ထပ်တစ်ခုလုံးကို အလွတ်ထားပြီး ဘာလို့မျ ား ဒီအိမ်သားတွေ အိမ်အောက်မှာချ ည်း အိပ်ကြတယ်မသိဘူး ''





အခန်းတံခါးကို ပြန်စေ့ရင်း လူခန့် တစ်ကိုယ်တည်းတွေးတောမိလိုက်ပြန်တယ်။ အဲ့ဒီနောက်တော့ လူခန်းလည်း အိမ်ရှေ ့ဧည့်ခန်းဘက်ကို ပြန်ထွက်ခဲ့ပြီး လှေခါးကနေ အပေါ်ထပ်ကို တက်ခဲ့ပါတော့တယ်။





အပေါ်ထပ်ကိုရောက်တော့မှ ဒေါ်ကြင်မေတို့ အပေါ်ထပ်မှာ ဘာလို့မအိပ်ကြသလည်းဆိုတာ လူခန့်သဘောပေါက်သွားတော့တယ်။ အိမ်ခေါင်မိုးသွပ်နဲ့ အောက်ကြမ်းခင်းနဲ့က အရမ်းကပ်နေတယ်လေ။ မျ က်နှာချ က်လည်းမရှိတော့ ပူစရာရှိ လွှတ်ပူ အေးစရာရှိ လွှတ်အေးပေါ့။ အနောက်ဘက်ခပ်ကျ ကျ နေရာမှာ သုံးထပ်သားတွေနဲ့ကန့်ပြီး ကာထားတဲ့ အခန်းဖွဲ ့တစ်ခုကလွဲရင် ကျ န်တာက အပေါ်ထပ်တစ်ခုလုံး ဟောခန်းကြီးအတိုင်း။





အခန်းကာထားတဲ့ သုံးထပ်သားပြားတွေက အပေါ်ပိုင်းလွတ်နေတာကြောင့် အခန်းလေးထဲက လျှံ ထွက်လာတဲ့ မီးရောင်ကို လူခန့်မြင်နေရတယ်။ အဲ့ဒီမီးရောင်နဲ့ပဲ အပေါ်ထပ်တစ်ခုလုံးကို လူခန့် ခုလို စပ်စုခွင့်ရနေတာလေ။ လူခန့် အခန်းနားကို တိုးကပ်လာတော့ အခန်းထဲက အမျ ို းသမီးတစ်ယောက်ရဲ ့ သီချ င်းငြီးသံကို ကြားလာရတယ်။





'' ဒီ အသံက ဆူးလေးရဲ ့အသံပဲ။ ဒီအခန်းက ဆူးလေးရဲ ့အခန်းဖြစ်ရမယ်။ ဒါနဲ့ . . .ဒီကောင်မလေးက အရှေ ့ထမင်းဆိုင်ကို သွားမကူရဘူးလား။ အို . . .ဘယ်လိုပဲဖြစ်ဖြစ် ငါ့အတွက်တော့ အဆင်ပြေပြီ ။ ခုပဲ . . .သူ့ကို နှစ်ယောက်ချ င်းဝင်တွေ ့ပြီး အကျ ို းအကြောင်းရှင်းပြရမယ်။ ဒါမှ ရှေ ့ဆက် အစီအစဉ်ဘယ်လိုဆွဲမယ်ဆိုတာ တိုင်ပင်လို့ရမှာ . . .''





လူခန့်လည်း သီးချ င်းသံကိုနားထောင်ရင်း စိတ်အားတက်ကြွလာပြီး အခန်းဆီသို့ ခပ်သွက်သွက် လျေှ ာက်လှမ်းခဲ့တော့တယ်။ စိတ်လောကြီးနေတာကြောင့် အခန်းရှေ ့သို့ရောက်တဲ့အခါ လူခန့်ဟာ ပိတ်ထားတဲ့ အခန်းတံခါးကို မခေါက်မိဘဲ တစ်ခါတည်း တွန်းဝင်မိလိုက်တော့တာပေါ့။



.



.



.



တွေ ့လိုက်ရတဲ့ မြင်ကွင်းကြောင့် လူခန့် ပါးစပ်က'' ဟိုက် . . .'' ခနဲ အသံ တစ်ချ က်ထွက်သွားပြီး ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ဘဲ ကြောင်ကြည့်နေမိတော့တယ်။ အခန်းထဲမှာ '' အို . . .''.ဆိုတဲ့အသံလေးပြု လျှ က် ဖြူ ဖွေးဝိုင်းဆက်တဲ့ သူမရဲ ့ရင်သားအစုံကိုလက်ကလေးတစ်ဖက်နဲ့ မလုံတစ်လုံလေးကာထားပြီး အခြားလက်ကလေးတစ်ဘက်က သူမရဲ ့ပြည့်တင်းသွယ်လှတဲ့ ပေါင်လေးနှစ်ခုရဲ ့ ကြားနေရာကိုအုပ်ကာ . . . ကိုယ်ကိုလည်း ခပ်ယို့ယို့ခပ်ကွေးကွေးလေး လုပ်ထားတဲ့ ဆူးစူးနှင်းဆီ ''





'' လှလိုက်တာ ကလေးရယ်။ ဖြူ ဖွေးဝင်းပပြီးထိရက်စရာမရှိပါလား။ ကြည့်စမ်းပါဦး ရင်သားလေးတွေပြည့်ပြည့်တင်းတင်း ဗှိုက်သားပြင်ပြေပြေလေးနဲ့ တင်လေးကလည်း ဝိုင်းဝိုင်းလေးကားတက်နေတာ။ လူကောင်လေးသာသေးတာ. . .ခန္ဓာကိုယ်အဆစ်အပေါက်ကတော့ မြင်သူရူးလောက်ပါဘိကွယ်။ ဒါတင်ဘယ်ကဦးမလဲ။ အရှက်သည်းနေတဲ့ မျ က်နှာလှလှကလေးကနီရဲနေလိုက်တာ . . .ရှက်ရှက်နဲ့ နှုတ်ခမ်းပါးပါးလေးကို ကိုက်ထားတာမျ ား ခုချ က်ခြင်းတောင် ပြေးနမ်းလိုက်ချ င်ရဲ ့ ''





မျ က်စိတစ်မှိတ် လျှ ပ်တပြက်အတွင်းမှာပဲ လူခန့်ရဲ ့ စိတ်ထဲမှာ အတွေးတွေ ရောက်ယက်ခတ်သွားပြီး သတိကိုအနိုင်နိုင်ပြန်ထိန်းကာ ကုတင်ဘောင်ပေါ်မှာ တင်ထားတဲ့ တဘက်ပွကြီးတစ်ထည်ကို အလျှ င်အမြန်ကောက်ယူလို့ . . .





'' ရော့ ရော့ ညီမလေး ဒါ ခဏပတ်ထားလိုက် ''





ဆိုပြီး ဆူးလေးထံသို့ ကပြာကယီပေးလိုက်ရတော့တယ်။ ထိုအခါမှ အံ့သြမှင်သက်ပြီး လူခန့်ကိုကြောင်ကြည့်နေတဲ့ ဆူးလေးလည်း သတိပြန်ဝင်လာလို့ လူခန့်ပေးတဲ့ တဘက်ကြီးကို ရှက်ကိုးရှက်ကန်းနဲ့ ယူလို့ ကိုယ်မှာ ခပ်သုတ်သုတ်ပတ်လိုက်တော့တာပေါ့။ ထို့နောက် နှစ်ယောက်သား ခေါင်းတွေကိုယ်စီငုံ့ပြီး အတော်ကြာအောင်အသံတိတ်နေမိကြပြန်တယ်။ ခဏနေမှ အိမ်ရှင်ဖြစ်တဲ့ဆူးလေးက အသံတိုးတိုး ကတုန်ကယီလေးနဲ့ စကားစလာတယ်။





'' ဆူးလေးက တစ်ယောက်တည်းလွတ်လွတ်လပ်လပ်ဆိုပြီး အဝတ်အစားတွေအားလုံးချွ တ်ချ လို့ ညအိပ်အဝတ်လေးတွေ လည်းဖို့လုပ်နေတာ။ တံခါးကို ဂျ က်မထိုးမိလိုက်ဘူူး။ . . . ခု တော့ ရှက်လိုက်တာရှင် . . .''





ထိုအခါမှ လူခန့်လည်း ဆူးလေးကို စကားပြောဖို့ ပြန်ရဲသွားပြီး ဖြစ်ပျ က်သမျှ ကို ရှင်းပြတောင်းပန်ဖို့ ကြို းစားရတော့တာပေါ့။





'' ကိုယ်လည်း တောင်းပန်ပါတယ် ဆူးလေး ရယ် . . .အမှန်ဆို ကိုယ်က တံခါးလေးဘာလေးခေါက်ရမှာ။ ဒါပေမယ့် ကိုယ့်မှာလည်း ညီမကို လွတ်လွတ်လပ်လပ်နှစ်ယောက်တည်းတွေ့ချ င်နေတဲ့ ကိစ္စကရှိတာမို့ အခန်းအပြင်ကနေ ညီမရဲ ့သီချ င်းဆိုသံကိုကြားရတော့ ခုလိုအလောတကြီးဝင်လာမိလိုက်တာပါ။ တကယ်တော့ ကိုယ်က ဦးတိတ်ရှောင် . . .''





လူခန့်ရဲ ့စကားက ထိုနေရာအထိပဲရောက်သေးတယ်. . .ဆူးလေးက လက်ကာပြပြီး





'' ဆူး သိတယ် အကို။ အကိုက ပါပါးရဲ ့ မိတ်ဆွေ တစ်ယောက်မဟုတ်လား။ ခု ဆူးကို ဒီကနေ ကယ်ထုတ်ဖို့ ဒီအိမ်ကိုရောက်လာတာ။ ပါပါးက ဆူးနဲ့လာတွေ ့တိုင်း အကို့ရဲ ့အကြောင်းကို အမြဲပြောပြလေ့ရှိတယ်။ အဲ့ဒီကတည်းက ဆူးက အကို့ကို ပါပါးစကားထဲကတင်ပဲ အတော်ကို ရင်းနှီးနေခဲ့တာ။





နောက်ဆုံးတစ်ခေါက် ပါပါး ဆူးကိုလာတွေ ့တော့ . . .သမီးကို ပါပါးမိတ်ဆွေ မောင်လူခန့်လာကယ်လိမ့်မယ်။ ဒီလူယုတ်မာတွေလက်ထဲက လွတ်မြောက်ပြီး သမီးရသင့်ရထိုက်တဲ့ အမွေအနစ်တွေကို ပြန်ရရှိဖို့ သူကပဲ အစစအရာရာ အကူအညီပေးမှာ။ ပါပါးကတော့ သွားရတော့မယ်။ နောက်ပိုင်း ကိစ္စတွေအားလုံးကို မောင်လူခန့်နဲ့ပဲ လက်တွဲပြီး ဆောင်ရွက်သွားပါ . . . လို့ မှာသွားတယ်။ အဲ့ဒီကတည်းက ဆူးလည်း အကို့ကို စောင့်မျေှ ာ်နေခဲ့တာပဲ။ ''





ဟု လူခန့်ကို သူမသိကျွ မ်းထားပြီးဖြစ်ကြောင်းရှင်းပြလေတယ်။ လူခန့်လည်း ဆူးလေး အနည်းငယ်အရှက်ပြေသွားပုံပေါ်တာနဲ့





'' သြော် .. . ခုဏက ဆူးပြောတော့ အကျၤ ီလည်းမလို့ဆို။ လည်းလေ. . .ကိုယ်အပြင်မှာထွက်စောင့်နေမယ် ''





လို့ပြောလိုက်တော့ ဆူးလေးက





'' နေပါစေတော့အကိုရယ်။ ခုမှတော့ မထူးတော့ပါဘူး။ အကိုအပြင်ထွက်စောင့်လို့ တစ်ယောက်ယောက်မြင်သွားရင် ဒုက္ခပဲမဟုတ်လား။ ဆူး ဘာသာဆူး အဆင်ပြေအောင် ကြည့်လည်းလိုက်ပါ့မယ် ''





ဟုဆိုကာ သူမရဲ ့ကိုယ်ကို တံဘက်ကလေးနဲ့ဖြန့်ကွယ်ပြီး ညအိပ်အဝတ်အစားမျ ား လည်းလှယ်နေပါတော့တယ်။ ဆူးလေးအဝတ်လည်းနေတုန်း လူခန့်က သိချ င်တာတွေကို မေးမြန်းစပ်စုပြန်တော့ သူမကလည်း အဝတ်လည်းရင်းနှင့်ပင် ပြန်လည်ဖြေကြားရှာတယ်။





'' နေပါဦး ဆူးလေးရဲ ့။ ညီမ ဒီလိုတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေနေတုန်း ဂျ င်မီရောက်လာမှာ မစိုးးရိမ်ဘူးလား ''





'' စိုးရိမ်စရာတော့ကောင်းတာပေါ့ အကိုရယ်. . .အရင်နေ့တွေကတော့ ဆူးက တံခါးပိတ်ပြီး ဂျ က်ချ ဖြစ်တယ်။ ဒီနေ့ကြမှ ဂျ က်ချ ဖို့မေ့သွားတာ။ ဒါပေမယ့် တစ်ခုရှိတာက အန်တီမေ့ကိုမလွန်ဆန်နိုင်လို့သာ သူ့ရဲ ့စိတ်ကြို က်လိုက်လုပ်ပေးရင်ပေးရမှာ။ တကယ်တော့ ကိုဂျ င်မီက ဆူးကို သိပ်အာရုံလာပုံမပေါ်ဘူး။ သူတကယ် နှစ်သက်တာက မမရှယ်လီလေ . . .''





'' ဟုတ်ပါပြီ. . .။ ဒါနဲ့ ဆူးက အိမ်ရှေ ့ဆိုင်ကိုကော လိုက်မကူရဘူးလား ''





'' မကူရဘူး အကိုရဲ ့။ ဒီအချ ိန်က ဆူးရဲ ့ ကိုယ်ပိုင်အချ ိန်လေ။ အန်တီမေတို့က ဆူးကို လူမြင်သူမြင် လူရှေ ့သူရှေ ့သိပ်မထွက်စေချ င်ဘူး။ ရှင်းရှင်းပြောရရင် ဆူးကို လူတောမတိုးစေချ င်တာလည်း ပါသလို သူတို့ဆူးကို ခိုင်းစေနေကြတာကိုလည်း လူတွေသိမှာ မလိုလားကြဘူး။





ဒါကြောင့် နောက်ဖေးအိမ်က အဝတ်လျေှ ာ် မီးပူတိုက် အိမ်သန့်ရှင်းရေး အိမ်သာဆေး စတဲ့ဘာဟီယတွေ အကုန်လုံး ဆူးကိုခိုင်းကြပေမယ့် အိမ်ရှေ ့ဆိုင်ကိုတော့မလိုက်ခိုင်းဘူး။ အဲ့ဒီတော့ အဲ့ဒီအိမ်အလုပ်တွေအားလုံးလုပ်ပြီးသွားတဲ့ ဒီလိုအချ ိန်မျ ို းဆို ဆူး အနားရပြီ ''





ဆူးလေးကတော့ အဝတ်လည်းရင်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို ပြောပြသလို ပြောနေပေမယ့် လူခန့်ရဲ့စိတ်ထဲမှာတော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ အတကယ်ဆို သူလေးက လယ်ပိုင် ယာပိုင် အိမ်ပိုင် ဆိုင်ပိုင် ကားပိုင်နဲ့ သူဌေးမလေးပဲ မဟုတ်လား။ အခုတော့ အိမ်အကူလုပ်သားတစ်ယောက်လို တစ်အိမ်လုံးမှာ ရှိသမျှ အလုပ်တွေအားလုံးကို သူကလေးတစ်ယောက်တည်း သိမ်းကြုံ းလုပ်နေရရှာတယ်။





အဝတ်အစားလည်းပြီးသွားတဲ့အခါမှာ ဆူးလေးက လူခန့်နားကိုလာထိုင်ပြီး သူမရဲ ့ဖခင် ဦးတိတ်ရှောင်ရဲ ့အကြောင်းကို မေးပြန်တယ်။ . . . သူမက ဦးတိတ်ရှောင်နဲ့ တစ်လမှ တစ်ခါ ပဲတွေ ့ရတာ။ တွေ ့ရတော့လည်း အချ ိန်တိုတိုလေးရယ်။ လူခန့်ကတော့ နေ့စဉ်နေ့တိုင်းလိုလို တွေ ့နေရတော့ သူမဖခင်ရဲ ့အကြောင်းတွေကို လူခန့်သိသမျှ ပြောပြပါတဲ့လေ. . .။





အဲ့ဒါနဲ့ လူခန့်လည်း ဦးတိတ်ရှောင်နဲ့ စတွေ့ခဲ့ပုံကစပြီး. . . . နောက်ဆုံး သူ့ရဲ ့သမီး ဆူးလေးကို ကယ်ပေးဖို့ ဂိုထောင်ပေါ်မှာတွေ့စဉ် မိမိကို အကူအညီတောင်းတဲ့အကြောင်းအထိ ဖြေးဖြေးချ င်း ပြန်ပြောပြလိုက်ပါတော့တယ်။



.



.



.



လူခန့် ဆူးလေးနဲ့စကားကောင်းနေတုန်း အိမ်အောက်ထပ်က လူသံတွေကြားလာရလို့ စကားပြောတာကို ခဏရပ်လိုက်တယ်။ ဆူးလေးက လေသံတိုးတိုးလေးနဲ့





'' သူတို့တွေ ဆိုင်သိမ်းပြီး အိမ်ထဲဝင်လာကြပြီ . . .'' တဲ့။ ဟုတ်တယ်. . .လူခန့်နာရီကြည့်လိုက်တော့ ည ၁၂ ကျေ ာ်နေပြီ။ အဲ့ဒီအချ ိန်မှာပဲ အောက်ထပ်က ဒေါ်ကျ င်မေရဲ ့အသံသဲ့သဲ့ကိုကြားလိုက်ရပြန်တယ်။





'' ဧည့်သည် နိုးသွားမယ်. . .စကားတိုတိုးပြောကြ ''





ထိုအခါ ဆူးလေးက





'' သူတို့ အကို့ကို အခန်းထဲမှာ အိပ်နေတာလို့ပဲထင်နေကြတာ။ ကိုဂျ င်မီလည်း လည်ရာပတ်ရာက ပြန်ရောက်နေပြီ။ ခုဏက သူ့အသံလည်း ဆူးကြားလိုက်တယ်။





လောလောဆယ်တော့ အကို အခန်းကိုပြန်လို့ရမှာမဟုတ်သေးဘူး။ နေလက်စနဲ့တော့ မထူးပါဘူးအကိုရယ်. . . သူတို့ အိပ်ယာဝင်သွားသည်အထိ ဆူးအခန်းမှာပဲ နေပြီး စောင့်လိုက်တော့ပေါ့။ ပြီးတော့ ဆူးလည်း အကို့ကို ပြထားစရာလေးတွေရှိသေးတယ်။ ''





ဟု လူခန့်ကို အကြံပေးလေရာ . . .လူခန့်လည်း အကျ ို းအကြောင်းလျေှ ာ်ညီနေတာနဲ့ပဲ ခေါင်းငြိမ့်လိုက်တော့တာပေါ့။



.



.



.



အောက်ထပ်က အသံတွေ တဖြေးဖြေးပြန်တိတ်သွားပြီး ဆယ့်ငါးမိနစ်လောက်အကြာမှာ ဆူးလေးက . . .





'' ခြေသံကို အတတ်နိုင်ဆုံး ရွရွလေးနင်း အကို ''





ဟု လူခန့်ကို သတိပေးလို့ အခန်းအပြင်သို့ ဦးဆောင်ခေါ်ယူခဲ့တော့တယ်။





အပေါ်ထပ်အရှေ့ပိုင်းတစ်နေရာအရောက်မှာတော့ သူမကရပ်တန့်လိုက်ပြီး ပုဆစ်တုတ်ထိုင်ချ လျှ က် ကြမ်းခင်းကို လက်သည်းနဲ့ ကုတ်လှပ်လိုက်ရာ ကွမ်းသီးစိပ်သေးသေး တစ်စိပ်စာလောက်ရှိတဲ့ကြမ်းပေါက်ကလေး တစ်ပေါက် ပေါ်လာ ပါလေကော။ အဲ့ဒီနောက် ဆူးလေးက လူခန့်ကို လက်ယက်ပြီး လေသံတီးတိုးနဲ့





'' လာကြည့်အကို . . .''





လို့ ခေါ်လိုက်ပြန်တာကြောင့် လူခန့်လည်း အပေါက်ကနေ အိမ်အောက်ထပ်ကို ချေ ာင်းကြည့်လိုက်မိပါတော့တယ်။



.



.



.



ဆက်ရန်





အမြင့် ကြောက်သော ငှက်