သခင့် ဆီသို့ . . . အပိုင်း ၃

ညနေခင်း စာကြည့်ဆောင်အစည်းအဝေးတွင် မိဂသီကိစ္စကို နဖူးတိုက်တိုင်ပင်ဆွေးနွေးကြရာ



တာရာဒေဝီသခင်မက ရာမာဝတီတပ်တော်ကိုစေလွှတ်လျ က် မိဂသီ၌ ဆူပူသောင်းကျ န်းနေသည့် သူပုန်သူကန်မျ ားကို နှိမ်နင်းပေးရန် ဆန္ဒတော်ရှိလေ၏။



ဝန်ကြီးချ ု ပ်ဦးမြတ်စံကလည်း ရာမာဝတီ၏ တန်ခိုးအားဏာစက်ကို အခိုင်ပြု နိုင်ရန်အတွက် သခင်မ၏ ဆန္ဒတော်ကို ထောက်ခံလျေှ ာက်ထားလေ၏။



နန်းစောင့်အထူးတပ်ဖွဲ့ကို တာဝန်ယူကိုင်တွယ်ရသည့် နန်းရင်းဝင်ဦးသာလှိုင်ကတော့ ရွှေမြို ့တော်နှင့် နန်းတော်လုံခြုံ ရေးကို အလေးပေးသည့်အနေဖြင့် မိဂသီနယ်စပ်သို့ ရာမာဝတီတပ်တော်တစ်ခုလုံးကို စေလွှတ်ခြင်းမပြု ဘဲ တပ်ခွဲအချ ို ့ကိုသာ စေလွှတ်ရန် ဆန္ဒပြု လေသည်။



ရွှေပြည်ဝန်ကြီးဦးအေးမှာမူ ပြည်ထဲရေးဝန်တို့၏ ထုံးစံအတိုင်း မတွေးတတ်မကြံတတ်ဟန်ဖြင့် ခပ်စိပ်စိပ်သာနေလေ၏။



နောက်ဆုံး စစ်သေနာပတိချ ု ပ်ဦးကြို င်၏ အကြံဉာဏ်ကို ရယူကြရာတွင် . .



ဦးကြို င်က . . .



မိဂသီနယ်စပ်တွင် ရာမာဝတီ၏ မူလနယ်ခြားစောင့်တပ်ဖွဲ့သည် လူအင်အား ၁၅၀၀ ခန့်ဖြင့် လက်နက်ရိက္ခာအပြည့်အစုံ့တပ်ဆင်ကာ အစဉ်သဖြင့်စောင့်ရှေ ာက်လျှ က်ရှိကြောင်း . . . .



မိဂသီတွင် သူပုန်ဓားပြ ထကြွလာသောသတင်းတို့ကိုကြားသိရ၍ အင်အားဖြည့်တင်းရန် ထပ်မံစေလွှတ်လိုက်သည့် စစ်သည်အင်အားမှာ ၂၀၀၀ ခန့်ရှိကြောင်း . .



သို့အတွက်ကြောင့် နှစ်တပ်ပေါင်း စစ်သည်အင်အား ၃၅၀၀ ခန့်ရှိနေသဖြင့် လူဆိုးလူသွမ်းတို့ကို နှိမ်နင်းခြေမှုန်းရန် လုံလောက်သော အင်အားပင် ဖြစ်ကြောင်း . . .



သို့သော် စစ်ပွဲဖြစ်ပွားလျှ င် တပ်တော်ကို ဦစီးဦးဆောင်ပြု မည့် တပ်မင်းအရာရှိဟူ၍ နယ်ခြားစောင့်တပ်မှုးနှင့် မင်းကံစီမြို ့စား နှစ်ဦးသာရှိကြောင်း . .



တပ်တော်တွင် တကယ်တမ်းလိုအပ်နေသည်မှာ စစ်သည်အင်အားမဟုတ်ဘဲ ခေါင်းဆောင်တစ်ယောက်ဖြစ်ရာကား ကြံရည်ဖန်ရည်ကောင်း၍ သတ္တိဗျ တ္တိနှင့်ပြည့်စုံလှသော ဒုတိယသေနာပတိ စစ်သူကြီး နေမျ ို းဗလ ကို စစ်ကဲတပ်မင်းရာထူးပေးလျှ က် လက်နက်ရိက္ခာသယ်ဆောင်ရန် တပ်သား ၅၀၀ ခန့်မျှ ဖြင့် မိဂသီနယ်စပ်သို့ ချ ီတက်စေကာ စစ်ပွဲအား ကွပ်ကဲကြီးမှူ းစေသင့်ပါကြောင်း . . .



စသဖြင့် အခြေအနေအရပ်ရပ်ကို အကျ ို းသင့်အကြောင်းသင့် လျေှ ာက်တင်လေ၏။



စစ်သေနာပတိ၏ လျေှ ာက်တင်စကားဟာ လျေှ ာ်ကန်သင့်မြတ်လှတာကြောင့် တာရာဒေဝီလည်း ဒုတိယစစ်သေနာပတိ နေမျ ို းဗလကို ချ င်ခြင်းဆင့်ခေါ်၍ ရွှေတောင်စည်သူဘွဲ့နှင့် စစ်ကဲကြီးရာထူးအပ်နှင်းကာ မိဂသီသို့ ထွက်ခွာရန် ညတွင်းခြင်း ပြင်ဆင်စေလေတော့သည်။



နေပြည်တော် လုံခြုံ ရေးအတွက် တပ်တော်မျ ားကို နယ်ခြားသို့ ပို့လွှတ်လိုဟန်မရှိသော နန်းရင်းဝန်ကြီးဦးသာလှိုင်မှာလည်း ထိုမှပင် သက်ပြင်းမောကြီးကို ဟင်းခနဲ ချ လိုက်နိုင်လေတော့၏။



ရာမာဝတီပြည်တောင်ပိုင်း ဥတ္တရပြည်နယ်ရှိ ကျေ း လက်ဘုန်းတော်ကြီးကျေ ာင်းတစ်ကျေ ာင်း . . .



ညနေ နာရီပြန် ခုနှစ်ချ က်တီးလေပြီ။ စာသင်သား ဦးဇင်းနှစ်ပါးကတော့ ရေနံဆီမီးခွက်ထွန်း၍ စာဝါ တဖေါင်ဖေါင် ကျ က်မှတ်နေကြလေ၏။ ကျေ ာင်းခေါင်းရင်းဘက် ဘုရားခန်းနှင့် မလှမ်းမကမ်းဒေါင့်နေရာရှိ ကျွ န်းကုတင်ကြီးပေါ်တွင် ကျေ ာင်းထိုင်ဆြာတော်ကြီး ပက်လက်လျေှ ာင်းတော်မူနေပြီး ကိုရင်လေးတစ်ပါးက ဆြာတော်ကြီး၏ ခြေတော်တို့ကို နှိပ်နယ်ပြု စုပေးနေလေသည်။



ထိုစဉ် ထောင်မောင်းသန်စွမ်းသည့် အသွင်သဏ္ဍာန်ရှိသော အသက် ၄၀ ခန့်လူတစ်ယောက်သည် အဝတ်အစား နွမ်းနွမ်းတို့ကိုဝတ်ဆင်လျှ က် တဘက်ဟောင်းတစ်ထည်ကိုခေါင်းတွင်ပတ်ကာ ကျေ ာင်းပေါက်ဝမှ ဆြာတော်ကြီးရှိရာသို့ ခပ်ကုတ်ကုတ် ဝင်လာလေသည်။ ဆြာတော်ကြီးရှေ့မှောက်သို့ရောက်သောအခါ ထိုသူက ပုဆစ်တုပ်ထိုင်ချ လိုက်ပြီး ဆြာတော်ကြီးကို ဝတ်ဖြည့်လျှ က်



'' ဆြာတော်ဘုရား အခေါ်တော်ရှိတယ်ဆိုလို့ . . တပည့်တော်ရောက်ပါပြီဖျ ားး ''



ဟူ၍ ရိုကျ ို းစွာ လျေှ ာက်ထားလေ၏။ ထိုအခါ ဆြာတော်ကြီးက ကိုရင်ကိုလက်ကာပြ၍ အနှိပ်ရပ်စေပြီး လျေှ ာင်းစက်နေရာမှ တင်ပုလ္လင်ခွေထိုင်လိုက်ကာ ထိုသူအား အောက်ပါအတိုင်းမိန့်ကြားလိုက်လေသည်။



'' အိမ်းး ကပ္ပိယကြီးမောင်နန်းတင် ရောက်ပြီကို။ ဆြာတော်မိန့်စရာရှိလို့ မောင်နန်းတင်ကို ခေါ်ခိုင်းလိုက်ရတာ။



မောင်နန်းတင် အနေနဲ့ ဆြာတော့်ကျေ ာင်းမှာ ကပ္ပိယအဖြစ် နေလာခဲ့တာ ခြောက်နှစ်တင်းတင်းပြည့်တော့မယ်။ တကယ်ဆို ဆြာတော့်အနေနဲ့ မောင်နန်းတင် ကျေ ာင်းကိုစရောက်လာကတည်းက ဒကာကြီးဟာ သာမာန်ပုဂ္ဂို လ်မဟုတ်ဘူး . . ဒကာကြီးမှာ လျှ ို ့ ဝှက်အပ်တဲ့ အကြောင်းအရာ တာဝန်ဝတ္တရားတွေရှိတယ်ဆိုတာ ဆြာတော်ရိပ်မိပါတယ်။



ဒါပေမယ့် ဒကာကြီးဟာ လူကောင်းတစ်ယောက်လို့ ဆြာတော်ယုံကြည်တယ်။ ဒါ့ကြောင့်လည်း ကျေ ာင်းမှာ ကပိ္ပယအဖြစ်လက်ခံဖို့ ဆြာတော် ဆုံးဖြတ်ခဲ့တာပဲ။



ဒီမနက် အာရုံတက်ချ ိန်မှာ ဒကာကြီးရဲ့ ဇာတာကို စစ်ကြည့်ဖို့ ဆြာတော့်စိတ်ထဲမှာပေါ်လာတာနဲ့ ဒကာကြီးဟိုတစ်ခါ လျေှ ာက်ထားခဲ့ဖူးတဲ့ မွေးနေ့မွေးလကို ယူပြီး ဇာတာစစ်ဆေးလိုက်တော့ . . . ဒကာကြီးရဲ့ကံဟာ အတော်ကိုနိမ့်နေတာကို တွေ့ရတယ်။ မဟာဘုဒ်မှာ နှစ်တိုင်စလုံး တိုင်ခြေမြေလူးနေပြီး ခန္ဓာပျ က်ကိန်းဆိုက်မယ့် လက္ခဏာကိုသာ ပြသနေတယ်။



ဒါကြောင့် . . .ခုလပိုင်းတွေမှာ ဘုရားတရားကို မမေ့ပါနဲ့။ ကိုယ့်ကိုကိုယ် အရင်ကထက်ပိုပြီး ဂရုစိုက်ပါ . . .လို့ ဆြာတော် ဒကာကြီးကို သတိပေးပါရစေ။ ဆြာတော်ပြောချ င်တာ ဒါပါပဲ။ ''



ဆြာတော်ကြီး၏ မိန့်မှာစကားအဆုံးမှာတော့ ကပိ္ပယကြီး ကိုနန်းတင်က



'' တင်ပါ့ဖျ ား။ တပည့်တော် ဘုရားတရားကို ယခင်ကထက် ပိုမိုကြည်ညို ပါ့မယ်။ အစစအရာရာလည်း ဂရုစိုက်နေထိုင်ပါ့မယ်။ တပည့်တော်အတွက် စိတ်အေးတော်မူပါဖျ ား ''



ဟု ရိုသေစွာ ပြန်လည်လျေှ ာက်ထား ကတိပေးလေ၏။ ထိုအခါ ဆြာတော်ကြီးက



ကဲ ကဲ အချ ိန်လည်းမစောတော့ဘူး။ သွားနားချေ ့တော့။ နောက်နေ့မနက်စောစော ရွာထဲကို ဆွမ်းအုပ်တွေ သွားယူရဦးမယ်မဟုတ်လား . . .သွား သွား အိပ်တော့''



ဟု ကိုနန်းတင်ကို ပြန်လွှတ်လိုက်လေရာ . . ကိုနန်းတင်လည်း ဆြာတော်ကြီးကို ဝတ်ဖြည့်၍ မိမိအိပ်ဆက်ရာ ကျေ ာင်းနောက်ဖေး အဖီလေးဆီသို့ ပြန်လည်ထွက်ခွာခဲ့လေတော့သည်။

.

.

.

'' မိမိ၏တာဝန်မှာ တပါးသူမျ ားကဲ့သို့ ထင်ထင်ပေါ်ပေါ်နေ၍မရ။ သေသေဝပ်ဝပ်နေထိုင်စားသောက်လျှ က် နိုင်ငံတော်အတွက် အရေးကြီးလာနိုင်မည့်ကိစ္စဟူသမျှ ကို အမြဲတစေ မျ က်ချေ မပြတ် အကဲခတ်ထောက်လှမ်းနေနိုင်မှ တော်ကာကြမည်မဟုတ်ပါလား။ ထို့ကြောင့် မိမိသည်သံကိုယ်တော်ဘဝကို ခံယူရရှိပြီးသည့် အချ ိန်မှစ၍ ဤဘုန်းတော်ကြီးကျေ ာင်းတွင် ခွင့်ပန်ကာ ကပ္ပိယအဖြစ်နေထိုင်ပြီး သခင်မ၏ အမှုတော်ကို ထမ်းရွက်ခဲ့ခြင်းဖြစ်လေ၏။



ယခုအခါ ဆြာတော်ဘုရားကြီးသည် မိမိကို အစဉ်သနားခြင်းကို အကြောင်းပြု လျှ က် ဇာတာစန်းလက်မျ ားတွက်ချ က်ကာ အသက်ဘေးကြုံ တွေ့နိုင်ကြောင်း သတိပေးမိန့်ကြားတော်မူလေပြီ။ ရှေ့ဆက် ဘာတွေဖြစ်ဦးမည်နည်း။ ရာမာဝတီနိုင်ငံတော်တွင် ဘဇာအရေး ဘဇာရန်စွယ်မျ ား ပေါ်ပေါက်လိမ့်ဦးမည်နည်း။



မိမိကိုယ်ကိုမိမိ သတိထားစောင့်ရှောက်သကဲ့သို့ ရွှေပြည်တော်၏ အခြေအနေအရပ်ရပ်တို့ကိုလည်း ယခင်ကထက် ပိုမိုသတိချ ပ်ကာ စောင့်ကြည့် အကဲခတ်ရပေတော့မည်။ '' . . . .



သံကိုယ်တော် ကိုနန်းတင်သည် အိပ်ယာထက်တွင်လှဲလျေှ ာင်းကာ ဆြာတော်ကြီး၏ သတိပေးစကားနှင့်ပတ်သက်၍ အထက်ပါအတိုင်း တွေးတောဆင်ချ င်နေမိလေ၏။ ထိုစဉ် အိပ်ယာဘေး ပြတင်းတံခါး တဘုတ်ဘုတ်ဖြင့်လာရောက်ပုတ်ခတ်လျှ က်



'' ကိုနန်းတင် သံကိုယ် ကိုနန်းတင် ''



ဟု လေသံတိုးတိုးဖြင့် ခေါ်သံကို ကြားလိုက်ရလေသည်။



၎င်းအား သံကိုယ် ဟုသိသူမှာ တာရာဒေဝီသခင်မ . . ကျ န်ကိုယ်တော်လေးပါးနှင့် နန်းရင်းဝင် ဟူ၍ လောက၌ လူပုဂ္ဂို လ်ခြောက်ဦးပင်ရှိရာကား ကိုနန်းတင်လည်း ထိုခေါ်သံကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွားလျှ က်



'' အရေးတစ်ခုခုတော့ ပေါ်လေပြီ . . .''



ဟူသည့်အတွေးနှင့် တံခါးကို အလျှ င်အမြန်ဖွင့်ပေးလိုက်မိလေ၏။

.

.

.

'' ဗျ ို ့ . . ကိုနန်းတင် ရွှေမြို ့တော်မှာ အရေးပေါ်နေပြီဗျ ။ အဝတ်အစားသိမ်း ခုချ က်ခြင်းကျ ု ပ်တို့ သွားကြရလိမ့်မယ်။ ''



ပြတင်းပေါက်မှ လှမ်းပြောလိုက်သောသူကို မြင်လိုက်ရသောအခါ ကိုနန်းတင် အနည်းငယ် အံ့သြသွားလေသည်။



'' ဟင် . . .သတ္ထု မောင်မှတ်။ အမောင်က အဘယ်ကြောင့် အနောက်ခြမ်းကနေ တောင်ခြမ်းရောက်လာပါသနည်း။ ရွှေမြို ့တော်တွင် ဘာတွေဖြစ်နေသည်ကို ကျွ န်ုပ်အား လင်းစမ်းပါဦး ''



ကိုနန်းတင်၏ အမေးကို သတ္ထု ကိုယ်တော်မောင်မှတ်က ခေါင်းခါလျှ က်



'' ခုရှင်းပြဖို့အချ ိန်မရဘူး။ အထုတ်အပိုးအမြန်ထည့်ပြီး ကျွ န်ုပ်နှင့်သာ လိုက်ခဲ့ပါလေ။ သခင်မထံ အသော့နှင်ရင်း လမ်းမှာ ဖြစ်ကြောင်းကုန်စင်ကို လင်းမည်ပ။ ''



ဟု ပြန်လည်ဖြေကြားလေသည်။ ထို့ကြောင့် ကိုနန်းတင်လည်း ယူသင့်သည်မျ ားကို တပါတည်းထုတ်ပိုးယူဆောင်လျှ က် ဆြာတော်ကြီးရှိရာဘက်ဆီသို့ ဦးသုံးကြိမ်ချ ကာ ခြောက်နှစ်တာမျှ မှီတင်းနေထိုင်ခဲ့သော ကျေ ာင်းတော်ကြီးမှ မောင်မှတ်နှင့်အတူ တိတ်တဆိတ် ထွက်ခွာခဲ့ကြလေတော့သည်။



တစ်ညနေတွင် သခင်မ၏ ဧည့်တော်အဆောင်သို့ ဝန်ကြီးချ ု ပ်ဦးမြတ်စံနှင့် ရွှေပြည်ဝန်ဦးအေးတို့ ရောက်ရှိခစားလာကြလေသည်။ သခင်မက သူမ၏ ယောက္ခမတော်လည်းဟုတ် မိထွေးတော်လည်းတော်စပ်သူ . . ရေဝိုင်းမင်းသား၏ မိခင် ကေသီ မိဖုရားကြီးအား ညနေချ မ်း လက်ဖက်ရည်ဖော်၍ ဝတ်ဖြည့်နေချ ိန်ဖြစ်လေ၏။



သခင်မရှေ့တော်သို့ရောက်လျှ င် ဝန်မင်းနှစ်ပါးသည် ကြမ်းပြင်ပေါ်၌ထိုင်ချ ဝပ်စင်းလျှ က်



'' မင်္ဂလာ ညနေခင်းပါ သခင်မဖျ ား ''



ဟူ၍ နှုတ်ခွန်းဆက်သလိုက်လေသည်။ ထိုအခါ သခင်မက ရွှင်ပြုံ းသော မျ က်နှာတော်ဖြင့်



'' မင်္ဂလာညနေခင်းပါ ဘိုးဘိုးတို့ ''



ဟု ပြန်လည်နှုတ်ခွန်းဆက်သလိုက်ပြီး



'' ညနေခင်းအချ ိန် အခစားမဝင်စဖူး ဘဇာအရေးကြောင့် အခစားဝင်လာရသတုန်း ဘိုးဘိုးတို့ရဲ့။ ကဲပါ . . တင်စရာရှိတာ နောက်မှာတင်။ သခင်မက မယ်ဘုရားကို လက်ဖက်ရည်ဝတ်ဖြည့်နေတာ . . . ဘိုးဘိုးတို့ အတွက်ပါ သခင်မ လက်ဖက်ရည် ကိုယ်တိုင်ဖျေ ာ်ပြီး ပေးသနားတော်မူမယ်။ သခင်မရဲ့လက်ရာတော်ကို အရင် မြည်းစမ်းကြည့်ကြပါဦး ''



ဟူ၍ ဝန်မင်းနှစ်ပါးကို လက်ဖက်ရည်တိုက်ရန် စီစဉ်လေသည်။ ဝန်မင်းတို့လည်း သခင်မကိုယ်တော်တိုင် ဖျေ ာ်စပ်ပေးမည့် လက်ဖက်ရည်တော်ကို သောက်သုံးရတော့မည်မို့ လွန်စွာ ရွှင်လန်းဝမ်းမြောက်စွာဖြင့် လျေှ ာက်တင်စရာကိစ္စတို့ကို နောက်သို့ထားကာ လက်ဖက်ရည်ကိုသာ စောင့်စားကြကုန်လေ၏။



မယ်တော်ကြီးနှင့် ဝန်ကြီးနှစ်ပါး လက်ဖက်ရည်သောက်ပြီးသော် သခင်မက မျ က်လုံးတော်ရွှန်းရွှန်းလေးကို ပင့်လျှ က်



'' ဘယ်လိုလဲ ဘိုးဘိုးတို့ရဲ့ . . . သခင်မရဲ့လက်ရာတော် သင့်လျေှ ာ်ကောင်းမွန်ပါရဲ့လား ''



ဟု အမေးတော်ရှိလေရာ တစ်ခွက်မျှဖြင့် တင်းတိမ်သေးဟန်မရှိသေးသော ဝန်မင်းတို့က နှုတ်ခမ်းပါးနားသပ်ကာ နတ်သုဒ္ဓါတမျှ ကောင်းမွန်လှကြောင်း အပြို င်အဆိုင် ဝန်ခံလျေှ ာက်ထားကြလေသည်။ တဖန် မယ်တော်ကြီးက



'' ကိုယ့်ချေွ းမတော် ဘုရင်မမို့ ပြောတာမဟုတ်ဘူး။ ရာမာဝတီတစ်ဝှမ်းလုံးမှာ ဟောဒီက သမီးတော် တာရာဒေဝီ ဖျေ ာ်စပ်တဲ့လက်ဖက်ရည်ဟာ အကောင်းဆုံးပဲကွယ့် ''



ဟူ၍ ချေွ းမတော်အား ဝင်ရောက်အမွှန်းတင်ပြန်၏။



တာရာဒေဝီလည်း သူမ၏ လက်ဖက်ရည်ကို ဝိုင်းဝန်းချ ီမွမ်းထောပနာပြု ကြသဖြင့် ရွှေစိတ်တော်ကြည်သာရွှင်ပြလျှ က် အတန်ကြာအောင် ပြုံ းတော်မူနေပြီးမှ



'' ကဲ . . .လာရင်းကိစ္စကို တင်စမ်းပါဦး ဘိုးဘိုးတို့ရဲ့ ''



ဟု မေးမြန်းလိုက်လေသည်။



ထိုအခါ နှုတ်ခမ်းမွှေးကားကားဖြင့် အမတ်ချ ု ပ်ကြီးက ရှေ့သို့အနည်းငယ်တိုး၍



'' မှန်ပါ . . .မြောက်ပိုင်းမဟာ မင်းကြီးအဖြစ် ခန့်အပ်သူကောင်းပြု ခြင်းခံထားရသူ အမောင်သုနက္ခတ်သည် ခုအခါ ဒကိ္ခဏနိဂုံးပြည်နယ်၌ လူသူလက်နက်စုရုံး၍ အခိုင်အမာပြု လျှ က်ရှိသည်ဟု ရွှေပြည်ဝန်၏ အထောက်တော်မျ ားမှ သတင်းပို့လာသဖြင့် လာရောက်သတိပေးလျေှ ာက်ထားရခြင်းဖြစ်ကြောင်းပါဖျ ားး ''



ဟု လျေှ ာက်တင်လေသည်။ ဝန်ကြီးချ ု ပ်၏ လျေှ ာက်တင်စကားကိုကြားလိုက်ရသောအခါ တာရာဒေဝီ၏ ရွှင်ပြုံ းဝင်းပလျှ က်ရှိသော မျ က်နှာတော်လှလှလေးသည် တမဟုတ်ခြင်းဆိုသလို တည်တံ့ငြိမ်သက်သွားကာ ရွှေပြည်ဝန်ဘက်သို့လှည့်၍ အမေးတော်ရှိပြန်၏။



'' ဟုတ်ရဲ့လားဟဲ့ ရွှေပြည်ဝန်ကြီးရဲ့။ အသင်မည်သို့မည်ပုံ သတင်းရထားခဲ့သည်ကို သခင်မနားရှင်းအောင် ထပ်မံလျေှ ာက်တင်ပါဦး ''



'' မှန်ပါ . . ယခုနှစ်ပိုင်းအတွင်းတွင် မြောက်ပိုင်းမင်းကြီး သုနက္ခတ်သည် ဒကိ္ခဏနိဂုံး ဝန်းကျ င်ရှိ လူအင်အား မြင်းအင်အား ဆင်အင်အား တို့ကို ရရှိသမျှ လိုက်လံစုဆောင်းလျှ က်ရှိပြီး ၎င်း၏လူယုံတော်တို့ကို အနောက်ကုလားဖြူ တိုင်းပြည်မျ ားထံသို့ ပညာတော်သင်စေလွှတ်လျှ က် မီးပေါက်လက်နက်စက်ရုံကြီးတစ်ရုံပင် တည်ဆောက်ထားကြောင်း အထောက်တော်မျ ားထံမှ သတင်းရရှိပါတယ်ဖျ ား . . .။



သို့ဖြစ်ပါ၍ နောက်နောင်အနာဂတ်ကာလအချ ိန်မျ ားတွင် ဒကိ္ခဏနိဂုံးသည် ရာမာဝတီ၏ ဘုန်းရိပ်ကံရိပ်တို့ကို ဖီဆန်ခွဲထွက်လိုက ခွဲထွက်နိုင်မည့် အလားအလာမျ ား ပေါ်လွှင်လျှ က်ရှိသည်ဟု ကျွ န်တော်မျ ို းကြီးမျ ားအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါ၍ အရေးတကြီးလာရောက် ရွှေနားတော်သွင်းရခြင်းဖြစ်ပါတယ်ဖျ ားး ''

.

.

.

ဆက်ရန်



အမြင့်ကြောက်သော ငှက်