အမြင့်ကြောက်သော ငှက်
မနက်စာထမင်းကြော်ကို တင်းတိမ်အောင်စားပြီး ကော်ဖီတစ်ခွက်ဖျေ ာ်ကာ အိမ်ရှေ ့ဧည့်ခန်းတွင်ထိုင်လျှ က် မသက်မာတစ်ယောက်တည်း ကော်ဖီကို တစိမ့်စိမ့်သောက်နေလိုက်လေ၏။ ကော်ဖီသောက်ရင်းနှင့် ညတုန်းက ပြသနာကက မသက်မာရဲ ့ အတွေးထဲသို့ ပြန်လည်ဝင်ရောက်လာလေသည်။
ကိုယ်ကျေ ာ်သာနှင့် မိမိ အိပ်ယာဝင်ခဲ့ပုံ. . အိပ်ယာနိုးပြီး ကြောင်မောင်းရန် ထမင်းစားခန်းသို့ထွက်ခဲ့ပုံ. . . ကြောင်မတွေ ့သဖြင့် အသံဘယ်ကထွက်သည်ကို ရှာဖွေရန် ရေချ ို းခန်းမီးနှင့် တံခါးဖွင့်လိုက်ပုံ. . . ရေချ ို းခန်းပေါက်ဝသို့ ကိုကျေ ာ်သာရောက်ရှိလာပြီး မိမိကိုပွေ ့ဖက်နမ်းရှုံ ့ကာ ရေချ ို းခန်းအတွင်းသို့ခေါ်ဆောင်သွားပုံ . . . လွန်စွာပင်ပမ်း နွမ်းလျှ စွာဖြင့် အိပ်ယာထဲသို့ မိမိ ဝင်အိပ်လိုက်ပုံ . . .အိမ်သာတက်ရန် နောက်ဖေးတွင် ကျ န်ခဲ့သော ကိုကျေ ာ်သာက မိမိထက်အရင် အိပ်ယာထဲသို့ရောက်နှင့်နေပြီး တခူးခူး တရှူ းရှူ း အိပ်မောကျ လျှ က်ရှိပုံ . . . .
စသည့်အကြောင်းအရာတို့ကို ခေါင်းထဲတွင် အပြန်ပြန်အလှန်လှန်ဝေဖန်သုံးသပ်ကြည့်သော်လည်း မသက်မာအနေဖြင့် အဖြေကို လုံးဝစဉ်းစားတွေးတောနိုင်ခြင်း မရှိပဲ ဖြစ်နေလေသည်။
ကိုကျေ ာ်သာကို ပွင့်ပွင့်လင်းလင်းပြောပြပြီး နှစ်ယောက်အတူတူအဖြေရှာဖို့ ရာလည်း မည်သို့မျှ မဖြစ်နိုင်ပေ။ မိမိနှင့် ရေချ ို းခန်းထဲတွင် တွေ ့ခဲ့သောသူမှာ ကိုကျေ ာ်သာ အမှန်ဖြစ်လျှ င် တော်သေးသည်။ ကိုကျေ ာ်သာမဟုတ်ခဲ့လျှ င် ယခုလက်ရှိ သာယာဆိုပြေလျှ က်ရှိသော မိမိတို့မိသားစုဘဝလေးပင် ပျ က်ဆီးသွားသည်အထိ ပြသနာကြီးထွားသွားနိုင်သည်မဟုတ်ပါလား။
ွှမသက်မာအနေဖြင့် လွန်စွာ စဉ်းစားရကြပ်နေလေသည်။ ထို့အပြင် သူမကို မလိမ့်တပတ်လုပ်ကာ ကျ ူ းလွန်သွားခြင်းခံရသည် ဟု စိတ်ထဲတွင် ခံစားလာရကာ လွန်စွာ မခံချ ိမခံသာဖြစ်နေမိသည်။ နောက်ဆုံးတွင် မသက်မာသည် ကြုံ တွေ ့ခဲ့ရသော ပြသနာကို မိမိတစ်ကိုယ်တည်း အဖြေရှာခြင်းငှာမစွမ်းသာတော့ပဲ . . .မိမိကို ညီမအရင်းသဖွယ်သဘောထားကာ မိမိနှင့်ဆိုးတူကောင်းဖက် ကူညီတိုင်ပင်နေကြဖြစ်သော တဖက်အိမ်မှ ဆြာဝန်ကတော် ဒေါ်သူဇာအောင်ကို သတိရမိလေတော့၏။
'' အင်းး. . ဘာပဲဖြစ်ဖြစ် ငါ့ပြသနာကို မသူဇာကို ပွင့်ပွင့်လင်းလင်း ပြောပြပြီးတိုင်ပင်ရရင်ကောင်းမယ်။ ကိစ္စကတော်တော်ထူးဆန်းနေတော့ ပေါ့လို့တော့မဖြစ်ဘူး။ နောက်တစ်ခါ ဒီလိုဟာမျ ို း ထပ်ကြုံ ရင် ဒုက္ခပါပဲ ''
စသဖြင့် တွေးတောပူပန်လျှ က် မသက်မာသည် ဘေးအိမ်ရှိ ဒေါ်သူဇာ့ထံသို့သွားဖို့ရာ ပြင်ဆင်လေတော့သည်။ နံရံမှ နာရီကိုကြည့်လိုက်တော့ ကိုးနာရီဆယ့်ငါးဖြစ်နေလေပြီ. . .
'' ဒီအချ ိန်ဆို မသူဇာယောကျ ်ား ဒေါက်တာသိန်းမြင့် ဆေးခန်းသွားပီ။ အချ ိန်သင့်အခါသင့်ပဲ ''
ဟု မသက်မာ စိတ်ထဲမှရေရွတ်လိုက်ပြီး ဒေါ်သူဇာအောင် နေထိုင်ရာဘေးအိမ်သို့ ခပ်သုပ်သုပ်ထွက်လာခဲ့လေတော့သည်။
'' လာ. . .သက်မာ. . .ထိုင်။ လက်ဖက်သုပ်လည်းစား။ ရေနွေးလည်းသောက်။ ''
ဒေါ်သူဇာအောင်က မသက်မာကို နေရာပေးကာ ဧည့်ဝတ်ပြု လေသည်။
'' မစားတော့ပါဘူး မသူဇာရယ်။ သက်မာ မသူဇာကို တိုင်ပင်စရာလေးရှိလို့လာခဲ့တာ . . .''
'' ပြောစမ်းပါဦး သက်မာရဲ ့။ ဘာတွေတိုင်ပင်မလို့လဲ ''
''ဒီလို မသူဇာရဲ ့။ သက်မာလေ ညတုန်းက သိပ်ကို ထူးဆန်းတဲ့ အဖြစ်တစ်ခုကို ကြုံ ခဲ့ရတယ်။ ပြီးတော့ အဲ့ဒီအဖြစ်က သက်မာ အိပ်ချ င်မူးတူးနဲ့ မြင်မိမြင်ရာမြင်ပြီး ထင်မိထင်ရာထင်တာမျ ို းမဟုတ်ဘူး။ တစ်ကယ်ကို လူကိုယ်တိုင် နဖူးတွေ ့ဒူးတွေ ့ဖြစ်ခဲ့ကြုံ ခဲ့ရတာ ''
ဟု မသက်မာက ပြောလိုက်တော့ ဒေါ်သူဇာအောင် မျ က်နှာတစ်ချ က်ပျ က်သွားပြီး . . .
'' မ. . .မမ ကိုပြောပြပါဦး သက်မာရယ်။ ဘာတွေမျ ားဖြစ်ခဲ့ ကြုံ ခဲ့ရလို့လည်း။ . . .ဘုရားး. . .ဘုရား. . .ငါထင်တာတွေ မဟုတ်ပါစေနဲ့ ''
လို့ ရင်ဘတ်ကို လက်နှင့်ဖိကာ ထိတ်ထိတ်ပြာ ပြာပြန်ပြောရှာလေသည်။
'' ဒီလို. . .မမရဲ ့ '' . . . .မသက်မာလည်း ညက သူမကြုံတွေ ့ခဲ့ရသမျှ တို့ကို ဒေါ်သူဇာအောင်ထံသို့ လုံးစေ့ပတ်စေ့ပြောပြလိုက်လေရာ . . . . .
'' အမလေးးး . . .ညီမလေးရယ် . .မမထင်ထားတဲ့အတိုင်းဖြစ်နေပြီပေါ့။ ဒီ. . .ဒီမှာ သက်မာရဲ ့ ညီမလေးကြုံ ခဲ့ တွေ ့ခဲ့ရတဲ့အတိုင်း မမလည်း ကြုံ ခဲ့ တွေ ့ခဲ့ဖူးတယ် ညီမလေးရဲ ့ ''
ဒေါ်သူဇာအောင်က မသက်မာကို ကတုန်ကယီပြန်ပြောလိုက်ရာ တဖန်ပြန်လည်ပြီး အံ့သြသွားရသူမှာ မသက်မာ ပင်ဖြစ်သွားလေတော့သည်။
'' ဘယ်. .ဘယ်လိုတွေလည်း မမရယ်။ ဒါ. . .ဒါ မျ ို း မမလည်းကြုံ ဖူးတယ်. . .ဟုတ်လား။ ဒါဆို သက်မနဲ့ မသူဇာက ဘဝတူတွေပေါ့. . .''
'' ဟုတ်တယ် သက်မာ။ တို့ညီမနှစ်ယောက်က ဘဝတူတွေဖြစ်သွားကြပြီပေါ့။ မမလည်း အရင်က ကိုယ်တစ်ယောက်တည်းဆိုတော့ စိတ်ထဲမှာ ကျ ိတ်မှိတ်ခံစားလာရတာ။ အဖြေလည်း ရှာလို့မရ။ ဘယ်သူဘယ်ဝါမှန်းလည်းမသိ။ ကိုသိန်းမြင့်ကိုလည်း ဖွင့်မပြောရဲနဲ့ တော်တော်ကို အနေရခက်နေတာ။
ပြီးတော့ . . .ကိုယ့်ကို လှည့်ဖျ ားပြီး ကျ ူ းလွန်သွားလေခြင်း . . .ရယ်လို့လည်း စိတ်ထဲမှာတွေးမိပြီး မခံချ ိမခံသာ ဖြစ်နေရတယ်လေ။ ခုတော့ ငါ့ညီမပါ မမနဲ့အတူ ဘဝတူအဖြစ်နဲ့ရှိနေပြီဆိုတော့ မမအားရှိသွားပြီပေါ့။
မမကြုံ တွေ ့ခဲ့ရတဲ့ အဖြစ်အပျ က်တွေကိုလည်း သက်မာကို မမပြောပြပါ့မယ်။ ပြီးတော့ တို့ညီမနှစ်ယောက် ဒီပြသနာကို ပူးပေါင်းပြီး အဖြေရှာကြတာပေါ့။ ''
ဟူ၍ ဒေါ်သူဇာက အားတက်သရောပြောလိုက်လေတော့သည်။ မသက်မာကလည်း . . .
'' ဟုတ်တယ်မမ။ သက်မာလည်း ပြသနာရဲ ့ အဖြေကို သိချ င်တယ်။ အဲ့ဒီလိုမဟုတ်ရင် နောက်တစ်ခါ ဒါမျ ို းထပ်ဖြစ်မှာ သက်မာ အရမ်းစိုးရိမ်တယ်။ ''
'' ဟုတ်တယ်သက်မာ မမလည်း ဒါကိုပဲ နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတာ။ ကဲ. . .ကဲ . .မမကြုံ တွေ ့ခဲ့ရတဲ့ အဖြစ်ကိုပြောပြမယ်။ မမကတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကြုံ ခဲ့ရတာပဲသက်မာ. . . .အဖြစ်က ဒီလိုကွယ့် . . .''
ဒေါ်သူဇာအောင်က မသက်မအား သူမကြုံ တွေ ့ခဲ့ရသည့် အဖြစ်အပျ က်တို့ကို ဖြေးဖြေးခြင်း ပြန်လည်ပြောပြနေလေတော့၏။
ဆက်ရန်. . . .
အမြင့်ကြောက်သော ငှက်