သစ်တော ၁၀



အမြင့်ကြောက်သော ငှက်









ငါးရက်ခန့်ကြာပြီးနောက် ဦးစစ်မြို င်တို့သားအဖသည် သက်ထားဖြူ ကို အမှူ းထားပြီး ကွယ်လွန်ဆုံးပါးသွားကြသူ အားလုံးတို့ကို ရည်စူးကာ အလှူ အကြီးအကျ ယ်ပေးလေ၏။ တရားစခန်း မိဘမဲ့ဂေဟာ ဘိုးဘွားရိပ်သာ စွန့်အနားမကြားကျေ ာင်းမှ စ၍ နောက်ဆုံး တိရိစ္ဆာန်ရုံ ခွေးဂေဟာမျ ားအထိတိုင် ၎င်းတို့ အလှူ ဒါနသည် ပြန့်နှံ့ရောက်ရှိခဲ့လေသည်။





ထို့အပြင် ၎င်းတို့သားအဖသည် ရွှေတိဂုံစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူ ရန် ရွှေစင်ရွှေသား တစ်ပိဿ ာတိတိကို သဒ္ဒါကြည်ဖြူ စွာလှူ ဒါန်းခဲ့ကြသလို အခြားတန်ခိုးကြီး ဘုရားမျ ားအတွက်လည်း ရွှေသား ၂၅ဤကျ ပ်သားစီ ပေးလှူ ခဲ့ကြလေသည်။





ထို့နောက် ၎င်းတို့၏အိမ်တွင် သံဃာတော်မျ ားပင့်ဖိတ်၍ လှူ ဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြကုန်၏။ ၎င်းရေစက်ချ ပွဲသို့ သက်ထားဖြူ ၏ဖခင် ဦးစစ်မြို င်၏သူငယ်ချ င်း ဦးလှဘူး တစ်ဖြစ်လည်း ဦးဇင်းကြီး ရေဝတ ပါ တက်ရောက်ချ ီးမြှင့်ခဲ့သည့် အပြင် ဦးဘောဂအောင်တို့လင်မယားလည်း ရောက်လာကာ သာဓု အနုမောဒနာ တရားမျ ားကို နားကြားကြလေ၏။





ဟန်နီချ ို က အရင် အလှူ အတန်းရက်မျ ားတွင် မလိုက်ပါနိုင်သော်လည်း ရေစက်ချ ပွဲနေတွင်တော့ လက်မှ ဒဏ်ရာ အနည်းငယ်သက်သာလာသည်နှင့်အလျေှ ာက် သာဓုခေါ်ရန် မိုးထက်နှစ်ကိုယ်တူတွဲကာ လိုက်ပါတက်ရောက်လာလေသည်။



.



.



.



.



.



ရေစက်ချ အလှူ ပွဲ ပြီးသည့်ည . . . .





အသားဖြူ ဖြူ သွယ်သွယ်သပ်သပ်ဖြင့်ချ စ်စရာလှပလျှ က်ရှိသော တစ္ဆေမလေး။ ကံ့ကော်ပန်းလေး တစ်ပွင့်ကို ၎င်း၏နားရွက်ကြားတွင်ညှပ်ကာ ပန်ထားသေး၏။





'' သက်ထားသွားရတော့မယ် ကို ရယ် . . . . ''





'' ကိုယ် ကိုယ် လေ မင်း မင်းကို မခွဲနိုင်တော့ဘူး . . . ''





တည်ငြိမ်၏ အသံတွေက တုန်ယင်နေလေသည်။





'' ကိုယ် ကိုယ် မင်းကို အရမ်းးချ စ်တယ် . . .''





'' သက် သက်ထားလည်း ကိုယ့်ကို အရမ်းးချ စ်ပါတယ်ရှင် . . .''





ထို့နောက် လွတ်ထွက်သွားတော့မည့်အလား တစ်ယောက်နဲ့တစ်ယောက် ကျ စ်ကျ စ်ပါအောင်ဖက်လိုက်ကြပြီး တသိမ့်သိမ့်ရှိုက်ကာ ငိုကြွေး မိိကြလေတော့၏။ အချ ိန်အတော်ကြာ အားရအောင်ငိုကြွေးပြီးနောက် . .





'' မငိုပါနဲ့တော့သက်ထားရယ်. . .ကိုတို့တွေ ကံမကုန်သေးရင် ပြန်ဆုံကြရဦးမှာပါ။ သက်ထားရဲ ့ ဖေဖေ ဦးဇင်းကြီးကလည်း မိန့်ထားတယ်မဟုတ်လား။ ကိုယ်နဲ့သက်ထားက ရှေးရေစက်ပါရမီတွေ ရှိခဲ့ကြတယ် တဲ့ ''





တည်ငြိမ်က သတိဝင်လာပြီး သက်ထားဖြူ ကို အားပေးနှစ်သိမ့်စကားမျ ား ပြောကြားလေသည်။ ထိုအခါ သက်ထားဖြူ လည်း





'' ဟုတ်တယ်နော် ကို ။ သက်ထားတို့ ပြန်ဆုံကြရမှာပါ။ အချ စ်စစ်ဆိုတာ ဘယ်တော့မှ ကွေကွဲရိုးထုံးစံမရှိပါဘူးး။ သက်ထားမငိုတော့ဘူးနော် . . .''





ဟုဆိုကာ တ အင့် အင့်ရှိုက်ရင်း မျ က်ရည်မျ ားကို သုတ်လိုက်လေသည်။





'' ဒီလိုမှ ပေါ့ . . .သက်ထားရယ် . . .။ လာပါ ကိုယ်တို့ စုံတွေ ့ခွင့်ရတုန်းလေး ချ စ်ချ စ်ခင်ခင် နေလိုက်ကြရအောင် ''





တည်ငြိမ်က ထိုကဲ့သို့ပြောကြားပြီး သက်ထားဖြူ ၏ ခန္ဓာကိုယ် အိအိလေးကို ၎င်း၏ရင်ခွင်ကျ ယ်ကြီးထဲသို ့ ပြန်လည် ဆွဲပွေ ့ကာ အိပ်ယာထက်သို့ လှဲချ လိုက်လေတော့သည်။





ထိုညအဖို့ သက်ထားဖြူ ကိုယ်လည်းမဖျေ ာက်ဖြစ်တော့။ သူမ ခေါင်းမှာ ပန်ထားသော ကံ့ကော်ပန်းလေးလည်း ခေါင်းအုံးထက်သို့ ကြွေလွင့်ခဲ့ရသလို သူမ၏ ကိုယ်ပေါ်ရှိ တစ်စုံတည်းသော အဖြူ ရောင်ဝတ်စုံခပ်ပါးပါးလေးမှာလည်း ကိုယ်မှလှစ်ဟာထွက်ပြေး၍ ကုတင်းခြေရင်းသို့ ရောက်ရှိသွားခဲ့ရလေသည်. . .။





ချ စ်သူခေါ်ဆောင်ရာနောက်သို့ တကောက်ကောက်လိုက်ရင်း သက်ထားဖြူ သည် တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသည့် လွန်စွာ အံ့သြထူးဆန်းဖွယ်ကောင်းသော နယ်မြေသစ်ဆီသို့ မျ က်လုံးလေး ကလယ်ကလယ်ဖြင့် တငြိမ့်ငြိမ့်မျေ ာပါ စီးဆင်းရင်း ရောက်ရှိသွားခဲ့ရပြီ မဟုတ်ပါလားး





'' ချ စ်လိုက်တာ သက်ထားရယ် . . . ''





'' ချ စ်တယ် ကို ကို ရ ယ် . . . .အို . . . ကို . . ကို . . အ . . . ''



.



.



.



.



.



မှန်ပြတင်းကို ဖြတ်ကာ မျ က်နှာပေါ်သို့ နေရောင်ခြည်လေးမျ ားဖြာကြလာသဖြင့် တည်ငြိမ်နိုးလာလေသည်။ ယောင်ယမ်းကာ ဘေးဘက်သို့ လက်ဖြင့်စမ်းမိတော့ သက်ထားဖြူ ရှိမနေတော့ . . .။ သူမ ညကပန်ဆင်ခဲ့သော ကံ့ကော်ပန်းလေးကို ခေါင်းအုံး၏ အစွန်းတစ်ဖက်တွင် တွေ ့ရလေ၏။ တည်ငြိမ်လည်း ပန်းကလေးကို ကောက်ကိုင်ကာ ရင်ခွင်ထဲသို့ အချ ိန်အတော်ကြာ ကပ်ထားလိုက်လေသည်။





ထို့နောက် ကုတင်ပေါ်မှ ထကာ လက်တစ်ဖက်မှ ပန်းကလေးကိုကိုင်လျှ က် ပြတင်းပေါက်ဆီသို့သွားပြီး ပြတင်းတံခါးကို ဖွင့်လိုက်ပြန်သည်။ နွေလေးရူးလေးက တည်ငြိမ့်မျ က်နှာကို လာရောက်တိုက်ခတ် လှေ ာင်ပြောင်သွားသည့်နှယ် . . . .ဥသြ ငှက်ရဲ ့ နွေတေးသီသံ ဆွေးဆွေးမြေ့မြေ့က ဘယ်အရပ်ဆီကမှန်းမသိဘဲ လွင့်ပျ ံလျှ က် . . . .





တည်ငြိမ်လည်း ပန်းကလေးကိုရင်ခွင်ထဲတွင် ပြန်အပ်လိုက်ကာ . . . . ပါးစပ်ကို တင်းတင်းစေ့ရင်း မျ က်ရည်မျ ား တပေါက်ပေါက်ကျ လာလေတော့သည်။





'' သက်ထားဖြူ ရယ် . . .





  သက်ထားဖြူ ရယ် . . .





  သက် သက် သက်ထားဖြူ လေးရယ် . . . .





မင်း မင်း ငါ့ကို ထားရစ်ခဲ့ ပြီပေါ့နော် . . . . ''





နွေမနက်သည် အထီးကျ န်ဆန်လွန်းလှပေ၏။







အောင်ပြည့်မှာ သွက်သွက်ခါအောင်ရူးသွားသဖြင့် အမှုမဆိုင်ရဘဲ ဆေးကုနေရလေသည်။





ငါးလောင်းပြို င် လေးလောင်းပြို င် စသည့် လူသတ်မှုမျ ားစွာကို မဖော်နိုင်၍ ရဲတပ်ဖွဲ ့ကြီး လွန်စွာ သိက္ခာကျ နေချ ိန်တွင် ဟန်နီချ ို သည် လူလေးယောက်ကို သတ်လိုက်သော တရားခံအား ဖမ်းဆီးပေးလိုက်နိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ့၏ ဂုဏ်ထူးဆောင် ဖြစ်သွားလေတော့သည်။ သို့သော် လက်မောင်း ဓားဒဏ်ရာက အကြောကိုထိသွားသောကြောင့် သူမ၏ညာဘက်လက်ချေ ာင်းကလေးမျ ားကောင်းစွာ မလှုပ်ရှားနိုင်တော့သဖြင့် ဆေးခွင့်တင်ကာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ ့မှ ထွက်လိုက်ရလေ၏။





ဦးစစ်မြို င်က သားဖြစ်သူ တည်ငြိမ်နှင့် သူရဲ့သူငယ်ချ င်း မိုးထက်တို့စုံတွဲ သုံးယောက်ပေါင်း၍ အလုပ်တစ်ခုလုပ်ကိုင်နိုင်စေရန် အရင်းအနှီးထုတ်ပေးကာ တည်ငြိမ်ကော မိုးထက်ပါ ကျွ မ်းကျ င်သည့် စိုက်ပျ ို းရေး ကုမ္ပဏ္ဏီတစ်ခု ထူထောင်ရန် အကြံပေးလေ၏။ တည်ငြိမ်မှာ ရှယ်ယာအမျ ားဆုံးသူတစ်ဦးအနေဖြင့် ရှိမည်ဖြစ်သော်လည်း စာသင်သောအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်မည်ဖြစ်သဖြင့် ကမ္ပဏ္ဏီကို မိုးထက်တ်ို့စုံတွဲမှသာ ဦးဆောင်လုပ်ကိုင်ရမည်ဖြစ်လေသည်။



.



.



.



ဦးဘောဂအောင်နှင့် ဒေါ်ရွှေမိတို့ လင်မယားမှာ သမီးကြီးဖြစ်သူကလည်းသေ မွေးစားသားကလည်း စိတ်ဖောက်ပြန်သွားတာကြောင့် တူမအရင်းတော်စပ်သူ ဆုလဲ့ရည် ဟုအမည်ရသည့်ကျေ ာင်းဆြာမလေးကို သမီးအဖြစ်ခေါ်ယူမွေးစားလိုက်လေသည်။ ထို့နောက် ၎င်းတို့သည် ပြည်သို့သွားကြပြီး ဆုလဲ့ရည် နှင့် တည်ငြိမ့်ကို ပေးစားရန် ဦးစစ်မြို င်ထံတွင်ကမ်းလှမ်းကြပြန်ရာ ဦးစစ်မြို င်ကလည်း ကလေးမလေး၏ အရိပ်အကဲကိုကြည့်၍ သားနှင့် သင့်တော်မည်ဟုယူဆသဖြင့် ခေါင်းငြိမ့်လိုက်လေတော့သည်။





ဆုလဲ့ရည် သည် အသက် ၃၁ ခန့်ရှိပြီဖြစ်၍ တည်ငြိမ်ထက် ၂ နှစ် ၃ နှစ်ခန့် အသက်ကြီးလေ၏။ သူမ၏မျ က်နှာမှာ မြင့်မိုလ်ခင်လောက် မချေ ာမောသော်လည်း ရိုးသားအေးဆေးသည့်ဟန်ဖြင့် လွန်စွာ ကြည်လို့ကောင်းလှပေသည်။ ကိုယ်ခန္ဓာအချ ို းအဆစ်လှပပြေပြစ်မှုမှာတော့ မြင့်မိုလ်ခင်ထက်ပင်သာလွန်ကာ ဟန်နီချ ို နှင့် သူတင်ကိုယ်တင်ယှဉ်နိုင်သည့် အနေအထားပင်။





ဦးစစ်မြို င်ကလည်း





'' သားရယ်. . .ဖေဖေလည်းအသက်ကြီးပြီ။ သားလည်းအရွယ်က မငယ်တော့ဘူး။ ခုပဲ ၂၇ . . .၂၈ ရှိပြီမဟုတ်လား။ ဖေဖေအသက်ရှင်နေတဲ့အချ ိန်မှာ သားအိမ်ထောင်ရေးအတွက် စိတ်အေးသွားချ င်တယ်။ ခု ဆုလဲ့ရည် ဆိုတာကလည်း ဘာမှ ပြောစရာမလိုလောက်အောင် ယဉ်ကျေ းလိမ္မာတဲ့ ကလေးမလေးပဲ . . . .''





စသဖြင့် အကြိမ်ကြိမ်နားချ လေရာ နောက်ဆုံးတွင် တည်ငြိမ်လည်း ဖခင်စိတ်ချ မ်းသာစေရန် ဆုလဲ့ရည် နှင့် လက်ထပ်ဖို့ရာ သဘောတူလိုက်လေတော့သည်။





တည်ငြိမ်နှင့် ဆြာမ ဆုလဲ့ရည်တို့၏ မင်္ဂလာပွဲကို ပြည်တွင်တစ်ကြိမ် သူမတို့ဇာတိ ပဲခူးဘက်တွင်တစ်ကြိမ် ရန်ကုန်တွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အကြီးအကျ ယ် ကျ င်းပကြလေသည်။ အကြင်လင်မယားဘဝသို့ရောက်ရှိသွားကြသောအခါ ဆုလဲ့ရည်က အလုပ်ထွက်လိုက်ပြီး တည်ငြိမ်နှင့်ရန်ကုန်တွင် လိုက်နေလေ၏။ ထို့အပြင် သူမသည် တည်ငြိမ့်အပေါ်တွင် လွန်စွာချ စ်ခင်ကြင်နာပြီး မယားဝတ္တရားမျ ား ကြေပြွန်အောင် ပြု စု စောင့်ရှောက်လေသည်။





တည်ငြိမ့် အနေဖြင့် သက်ထားဖြူ ကို ရင်ထဲတွင် မေ့မရနိုင်သော်လည်း တကယ့်လက်တွေ ့ဘဝ၌ ဆုလဲ့ရည်မှာ လွန်စွာ အပြု အစုအယုအယကောင်းမွန်သည့် မိန်းမကောင်းတစ်ဦးဖြစ်ကာ မိမိကိုလည်း မေတ္တာစစ်မေတ္တာမှန်ဖြင့် ချ စ်ခင်မြတ်နိုးကြောင်း သိရလေသည်။ ထို့ကြောင့် တည်ငြိမ်လည်း သူမ အပေါ်တွင် နွေးထွေးကြင်နာစွာ ပြန်လည် ဆက်ဆံခဲ့လေ၏။





၎င်းတို့လင်မယားသည် ကျေ ာင်းပိတ်ရက် ရုံးပိတ်ရက်မျ ား၌ တည်ငြိမ့် ဖခင်နေထိုင်ရာ ပြည် သို့၎င်း ဆုလဲ့ရည်၏ မွေးစားမိဘမျ ားရှိရာ ပဲခူးဖက်သို့၎င်း တလှည့်စီသွားရောက်လည်ပတ်ကြလေသည်။









တည်ငြိမ် မင်္ဂလာဆောင်သောနှစ်၌ပင် မိုးထက်တို့စုံတွဲလည်း လက်ထပ်လိုက်ကြပြီး လေးနှစ်ခန့်ကြာသောအခါ သားယောကျ ်ားလေးတစ်ယောက် ဖွားမြင်လေသည်။





တည်ငြိမ်နှင့် ဆုလဲ့ရည် တို့လင်မယားမှာတော့ ၇ နှစ်ခန့် ပေါင်းသင်းနေထိုင်ပြီးမှ သမီးလေးတစ်ယောက်ရရှိခဲ့လေ၏။ သမီးလေး သုံးနှစ်အရွယ်သို့ရောက်သောအခါ ကားအက်စီးဒန့်တစ်ခုဖြင့် ဆုလဲ့ရည်က ထာဝရထွက်ခွာသွားပြန်သဖြင့် တည်ငြိမ်၏ ဘဝသည်လည်း ယခင်အတိုင်းပင် ပြန်လည်ကာ ချေ ာက်သွေ ့သွားရလေတော့သည်။





ထို့အခါ ဦးစစ်မြို င်လည်း အသက်ရလာသည်ကို အကြောင်းပြု လျှ က် ဝန်ဒါမီယာထဲတွင် ခပ်ကျ ယ်ကျ ယ်အိမ်တစ်လုံးထပ်မံဝယ်ယူလိုက်ပြီး ပြည်ရှိ၎င်း၏အိမ်ကိုပိတ်၍ ဝန်ဒါမီယာအိမ်၌ သားဖြစ်သူနှင့် အတူတကွလာရောက်နေထိုင်တော့လေသည်။





ထို့အပြင် လက်ဦး တည်ငြိမ်နေခဲ့သည့် ခြံနှင့်အိမ်တွင် မိုးထက်တို့မိသားစုကိုကို ပေးနေထားရမှ . . . အဘိုးကြီးက ဝန်တာမီယာ အိမ်ကြီးသည် ကြီးလွန်းကာ ၎င်း၏မြေးမလေးတစ်ယောက်တည်းပျ င်းလွန်းနေပြီ ဟု ထင်မြင်ယူဆလျှ က် မိုးထက်တို့ မိသားစုကိုပါ ဝန်ဒါမီယာအိမ်သို့ လာရောက်နေထိုင်စေ၏။





ဤသို့ဖြင့် ဝန်ဒါမီယာ အိမ်ကြီးတွင် တည်ငြိမ် နှင့် သမီးလေး ဆုလဲ့တည်ငြိမ် . . . တည်ငြိမ့်ဖခင် ဦးစစ်မြို င် . . .မိုးထက် ဟန်နီချ ို တို့စုံတွဲနှင့် ၎င်းတို့ သားလေးဖြစ်သူ ဝေယံထက် စသဖြင့် မိသားစုမျ ား စုံညီစွာ သိုက်သိုက်ဝန်းဝန် နေထိုင်သွားကြလေတော့သည်။





















၈ နှစ်ခန့် ကြာပြီးနောက် . . . .









. . . .ပုညရှင်စေတီးအပါး . .စစ်ကိုင်း အထက်နားဆီက . .အရှေ ့တလွှား





ကြည့်လိုက်ရင်လေ . . .ဧရာဝတီ ဒုဋ္ဌဝတီ နတ်ပန်းချ ီ





ီဆေးရောင်ကွန့်သလိုပ . . .အတွန့် အတွန့် နဲ့. . .အလွန့်အလွန်





သာယာပါပေ သည် ။





တစ်နှစ်ကူးပြန်တော့ . . .အသစ်အထူးဖြစ်ရပြန်ပြီ. . .တောတောင်ရေမြေ .



. ကုန်းနေ ရေနေ . . .သက်ရှိ သက်မဲ့ သတ္တဝါတွေ . .





.လောကဓာတ်ကြီးတစ်ခုလုံးဖွင့်လိုက်ရင်ဖြင့်. . .ဒီနှစ်တွင်လည်း . . .ချ စ်ချ





စ်ခင်ခင် . . .စိုစို ပြေ ပြေ . . .။





သမိုင်း ပြောင် မညှို းပါတဲ့ စစ်ကိုင်းတောင်တော်ရိုးမှာလေ . . .မြူ





ခိုးရစ်သိုင်း အုံ့မှိုင်းပြာပြာဝေ . . .မှုန်မှုန်ရီဝေ . . . . . .



.



.



.



ကိုအံ့ကြီး၏ စစ်ကိုင်းတောင် သီချ င်းက ဘယ်ချေ ာင်ကထွက်ပေါ်လာမှန်းမသိဘဲ ခပ်တိုးတိုးပြန့်လွင့်လို့လာချေ သည်။





သူရိန်နေမင်းက မှိန်ဖြော့ဖြော့အလင်းရောင်ဖြင့် လောကကို နောက်ဆုံးနှုတ်ခွန်းဆက်သလိုက်ချ ိန်တွင် ဆလိုက်မီးမျ ား အလှမီးသီး မီးချေ ာင်းမျ ား ထွန်းလင်းလာပြီး ဆွမ်းဦးပုညရှင် စေတီတော်ရင်ပြင်တစ်ခုလုံး လင်းထိန်တောက်ပသွားလေတော့သည်။





နွေလေရူးလေးမျ ားက စေတီတော်ရှိ ဆည်းလည်းလေးမျ ားကို အဆက်မပြတ် တိုးဝှေ ့ကြည်စားနေတာကြောင့် ဆည်းလည်းသံ လေးမျ ားကို '' တချွ င်ချွ င် '' ကြားနေရလေသည်။ ဓမ္မာရုံအတွင်းမှ ဓမ္မစင်္ကြာ ရွတ်ဆိုပူဇော်သံမျ ား သံပြို င်ထွက်ပေါ်လျှ က်ရှိပြီး တစ်စုံတစ်ဦးက ခေါင်းလောင်းကိုထိုးလိုက်သဖြင့် ခေါင်းလောင်းသံ '' တဒူ ဒူ '' ကလည်း လေအသော့မှ ပြန့်လွင့်လို့လာပြန်သည်။





စေတီတော်ရင်ပြင်စွန်းရှိ ထိုင်ခုံတစ်ခုပေါ်တွင် အသက် ၄၈ . . .၄၉ နှစ်ခန့်ဟု ခန့်မှန်းရသော လူကြီးတစ်ယောက် တစ်ကိုယ်တည်း ထိုင်နေလေ၏။။ ထိုသူသည် ဆွေးမြေ့ရီဝေသော မျ က်လုံးတစ်စုံဖြင့် ဧရာဝတီမြစ်ကို ဖြတ်လျှ က် မန္တလေးဘက်ခြမ်းသို့ လွမ်းလွမ်းမောမောကြည့်၍နေလေသည်။





ဝင်ခါနီးဆဲဆဲ နေရောင်မှိန်မှိန်အောက်တွင် လျှ ပ်စစ်မီးမျ ားလင်းထိန်စပြု နေပြီဖြစ်သော စစ်ကိုင်းတံတားကြီးနှစ်စင်း မန္တလေးမြို ့တော်ကြီးနှင့် နောက်ခံမန္တလေးတောင်တော်ရိုးတို့ကို တွေ ့မြင်နေရသည်မှာ လွန်စွာ လှပသည့် တစ်သက်မမေ့နိုင်စရာ ပန်းချ ီကားတစ်ချ ပ်ပင် မဟုတ်ပါလား။ သာယာကြည်နူးဖွယ် ကောင်းသကဲ့သို့ ဆွတ်ပြန့်လွမ်းမောဖွယ်ရာလည်း ကောင်းလှပေသည်။





ရော်ရွက်ဝါလေးတစ်ရွက်သည် လေတွင် ဘယ်ပြန် ညာပြန် လွှဲကာလွှဲကာ ဝဲပျ ံရင်း ထိုသူ၏ လက်အတွင်းသို့ ကြွေကျ လာလေ၏။ ၎င်းက ထိုရွက်ဝါလေးကို ကိုင်ကြည့်၍ ခပ်ယဲ့ယဲ့ တစ်ချ က်ပြုံ းလိုက်ပြီး လက်ခုပ်ပေါ်ကိုတင်လျှ က် ပါးစပ်ဖြင့် ပြန်လည်ကာ မှုတ်ထုတ်လိုက်လေတော့သည်။





ထိုအခါ ရွက်ဝါလေးလည်း ထိုသူ၏လက်ခုပ်အတွင်းမှ ဝဲပျ ံထွက်ခွာသွားပြီး ၎င်းကိုသယ်ဆောင်လာသော လေရူးစီးကြောင်းလေးမျ ား အတိုင်း ပြန်လည်စီးဆင်းမြောပါသွားလေတော့၏။





'' ကိုကို ဟာ နှာဗူးကို ထတယ် . . ဟွန့်။ ပြောစမ်းပါဦး ကိုကို့မမက ဘယ်လောင်ချေ ာလို့လည်း။ ဆုလေး လောက်ချေ ာလို့လား ။ ပြောစမ်းပါဦး. . . တကယ်တည်း ''





'' ချေ ာတယ် ဆုလေးရဲ ့ ။ သိပ်ချေ ာတယ်။ ငါ့ညီမချေ ာတာကတစ်မျ ို း။ အဲ့ဒီမမ ချေ ာတာက တစ်မျ ို း ။ မတူဘူး ညီမလေးရဲ ့။





ဆူညံဆူညံအသံမျ ားကြောင့် ဦးတည်ငြိမ် နောက်သို့လှည့်ကြည့်မိလိုက်တော့. . .သမီးဖြစ်သူ ဆုလဲ့တည်ငြိမ် နှင့် သူငယ်ချ င်းမိုးထက်၏သား အာကာထက် တို့။





'' . . . အင်း . . .သမီးလေးတောင် ဘာလိုလိုနဲ့ ဆယ့်သုံးနှစ်ကျေ ာ် ဆယ့်လေးနှစ်ထဲဝင်ပြီး အပျ ို ပေါက်ကလေးဖြစ်လာပြီပဲ။ သား အာကာထက် ဆိုလည်း ကြည့်စမ်းပါဦး ဆယ့်ခြောက်နှစ်ပြည့်လို့ လူပျ ု ိကြီးဖားဖားကို ဖြစ်လို့ ။ အချ ိန်တွေတောင် အတော်နှောင်းခဲ့ပြီပဲ သက်ထားဖြူ ရယ်. . . . ''





ဦးတည်ငြိမ်သည် ကလေးတွေကိုကြည့်ရင်း ကြေကွဲစွာ တွေးလိုက်မိပြန်သည်။ ထို့နောက် အတွေးစကိုဖြတ်ပြီး





'' သားနဲ့ သမီးတို့ . . .ဘာတွေ ဖြစ်လာကြတာလည်း ''





ဟု မိမိရှေ ့သို့ရောက်လာကြသော ကလေးနှစ်ယောက်ကို ဆီးမေးလိုက်လေရာ သမီးဖြစ်သူ ဆုလေးက





'' ကိုကိုပေါ့ ဘုရားဟိုဘက်ခြမ်းမှာ ဘုရားဝတ်ပြု နေတဲ့ မမက လှသတဲ့လေ။ သူတွေ ့ဖူးသမျှ မိန်းမတွေထဲမှာ အလှဆုံးဆိုပဲ။ ကဲ ကိုကဲနေတာ . . . .





ဟု နှုတ်ခမ်းလေးဆူကာ တိုင်ကြားလေတော့သည်။ သား အာကာထက် ကလည်း





'' အလာကားပါ အန်ကယ်တည်ငြိမ်ရယ်. . .ဆုလေးက သူ့အစ်ကို ကို သဝန်တိုပြီး လျေှ ာက်ပြောနေတာ။ ဖေဖေနဲ ့ မေမေ က ထမင်းစားဖို့ တည်းခိုဆောင်မှာ အဆင်သင့်ပြင်ထားပြီပြီ။ အဲ့ဒါ အန်ကယ့်ကို သွားခေါ်ဆိုလို့ သားတို့လာခေါ်ကြတာပါ။ ''





ဟု ပြန်လည်ဖြေရှင်းချ က်ပေးလေ၏။





'' အို . . .ကို ကို က ခုမှ ဒယ်ဒီ့ရှေ ့မှာ ဟန်ဆောင်မနေပါနဲ့ ။ ခုနက သူပဲ အငမ်းမရကြည့်နေပြီးတော့ . . . .''





'' မဟုတ်ပါဘူး ညီမလေးရယ်။ ဟိုက အသက် ၁၉ . . .၂၀ လောက်ရှိတော့မယ်။ ကိုကို တို့ထက်အမျ ားကြီး ကြီးပါတယ်။ ကိုကိုက ဘာလို့သွားပြီး မျ က်နှာပြောင်ရမှာလည်း ''





'' . . . . . .''





'' x x x x ''





'' . . . . . .''





'' x x x x x ''





ဦးတည်ငြိမ်လည်း





'' တော်ပါတော့ သားနဲ့သမီးရယ် ။ လာ. . .ထမင်းသွားစားကြမယ်။ သားဖေဖဖေနဲ့ မေမေလည်း စောင့်နေကောပေါ့ . . .''





ဟုဆိုကာ ၎င်း၏ရှေ ့တွင် အပြန်အလှန်ငြင်းခုန်စကားမျ ားနေကြသော ကလေးနှစ်ဦးအား တားဆီးလိုက်ပြီး ညစာထမင်းစားရန်အတွက် တည်းခိုဆောင်ဘက်ဆီသို့ ခေါ်ဆောင်ခဲ့လေတော့သည်။





ထိုအခါ အာကာထက်က ကြွတကြွတ ဖြင့်ရှေ ့မှ ဦးဆောင်ထွက်ခွာသွားပြီး ဆုလဲ့တည်ငြိမ်ကတော့ ဖခင်၏လက်ကို ဆွဲလျှ က် ပုခုံးပေါ်သို့မှီတွယ်ကာ





'' နေဦး . . .သမီး ဖေဖေ့ကိုပြမယ် ။ အဲ့ဒီမမကို . . . .''





စသဖြင့် ဖခင်ဦးတည်ငြိမ်အား တွတ်တီးတွတ်တာမျ ားကို ပြောဆိုလျှ က် လိုက်ပါခဲ့လေတော့၏။



.



.



.



.



ဘုရားထောင့်တစ်နေရာသို့ရောက်သောအခါ ဆုလေးက ဘုရားဝတ်ပြု နေသည့် အမျ ို းသမီးတစ်ဦး၏ နောက်ကျေ ာကို လက်ညှိးညွှန်လျှ က် . . .





'' အဲ့ဒီမမပဲ ဖေဖေ။ မမက သိပ်လှတာ။ ကိုကို့ ကိုမခံနိုင်ဖြစ်အောင်လို့သာ သမီးကပြောနေတာ။ တကယ်တမ်းကြ သမီးလည်း မမကို မြင်မြင်ခြင်း အရမ်း ချ စ်မိနေတာ။ မမရဲ ့မျ က်နှာလေးက ကြည်လင်ပြီး သိပ်ကျ က်သရေရှိတာပဲ ''





ဟူ၍ ဖခင်နားသို့ကပ်ကာ ခပ်တိုးတိုး ပြောကြားလိုက်လေ၏။





သမီးဖြစ်သူ၏ ညွှန်းဆိုပြသမှုတို့ကြောင့် ဦးတည်ငြိမ်လည်း ထိုမိန်းကလေးကို ဂရုပြု မိလေရာ . . .





'' . . . . အင်းးး ဆံပင်ရှည်ရှည် အသားဖြူ ဖြူ ကိုယ်ခန္ဓာသွယ်သွယ်သပ်သပ်လေးနဲ့ အတော်တော့ကြည့်လို့ကောင်းတဲ့ ကလေးမပေပဲ . . . .''





ဟု စိတ်ထဲမှ သုံးသပ်မိပြန်သည်။ ထိုအချ ိန်တွင် မိန်းခလေးက ဘုရားကို ဦးသုံးကြိမ်ဝတ်ပြု လိုက်ပြီး မတ်တပ်ကလေးထရပ်ကာ သူမ၏ဆံပင်ရှည်တို့ကို ပုခုံးတစ်ဖက်ပေါ်သို့သပ်တင်လိုက်ရင်း သူမအားရပ်ကြည့်နေသည့် ဦးတည်ငြိမ်တို့သားအဖရှိရာဘက်သို့ လှည့်လိုက်လေတော့သည်။



.



.



.



'' ဟင် . . . သက် သက် သက်ထားးးး ''





ဦးတည်ငြိမ်သည် အိနြေ္ဒပင်မဆောင်နိုင်တော့ဘဲ အသံကတုန်ကယင်ဖြင့် ထိုမိန်းခလေးကို ခေါ်ဆိုလိုက်ပြီး သူမရပ်နေရာသို့ အပြေးသွားလေတော့သည်။ ထို့နောက် သူမ၏ ပုခုံးနှစ်ဘက်ကို ဆွဲကိုင်လှုပ်ရမ်းလျှ က်





'' သက်ထား ကိုယ့်ကို မှတ်မိလားဟင်. . .။ သက်ထား ကိုယ့်ကို မှတ်မိသေးရဲ ့လား ။ ပြောပါဦးသက်ထားရယ် . . .ပြောပါဦး . . .''





ဟူ၍ အထပ်ထပ်အခါခါ မေးမြန်နေပြန်၏။ မိန်းခလေးက ဦးတည်ငြိမ်ကို တွေတွေကြီးပြန်လည်စိုက်ကြည့်နေရာမှ ခေတ္တကြာသောအခါ သူမ၏မျ က်နှာပေါ်တွင် အပြုံ းရိပ်မျ ားတဖြေးဖြေးယှက်သန်းလာပြီး





'' မှတ်မိတာပေါ့ ကိုရယ်။ သက်ထား ကို့ ကို သိပ်မှတ်မိတာပေါ့။ ဘာလို့လည်းဆိုတော သက်ထားက ကိုယ့်ကို ဘဝအဆက်ဆက် ချ စ်ခဲ့ရတဲ့သူဖြစ်နေလို့ပါပဲ ရှင်ရှယ် . . . .''





ဟု ပြန်လည်ဖြေကြားကာ ဦးတည်ငြိမ်၏ ရင်ခွင်ထဲသို့ပါးထိုးအပ်လျှ က် တသိမ့်သိမ့် ရှိုက်၍ ငိုကြွေးပါတော့သည်။ ဦးတည်ငြိမ်လည်း သူမကို တင်းကြပ်စွာ ပြန်ဖက်ထားလိုက်ပြီး . . .





'' သက် သက်ထားဖြူ ရယ် . . . သက် ထား လေးရယ် . . .''





ဟု ပါးစပ်မှ တထွတ်ထွတ်ရေရွတ်လျှ က် မျ က်ဝန်းအိမ်မှ မျ က်ရည်မျ ား တလိမ့်လိမ့်စီးဆင်းကျ ၍လာပါတော့သည်။





ဆုလေးလည်း ဖခင် ၏အဖြစ်ကို တအံ့တသြငေးကြည့်ရင်း ဘာပါလိမ့် ဟု သူမ၏စိတ်ထဲတွင် တွေးတောအဖြေရှာနေမိလေသည်။ နောက်ဆုံး အဖြေရှာမရသည့်အဆုံးတွင်တော့ . . . .





'' . . . . ဖေဖေနဲ့ မမ ယူကြရင်လည်း ကောင်းပါတယ်လေ။ ငါလည်းအဖော်ရတာပေါ့။ ပြီးတော့ မမက သိပ်လှပြီး သိပ်သဘောကောင်းမယ့်ပုံပဲ။ ငါသူ့ကို ဖေဖေနဲ့ သဘောတူတယ် ''





ဟူ၍ တစ်ကိုယ်တည်း ပြောလိုက်လေတော့သည်။









ပြီးပါပြီ ။





ကျေ းဇူးအထူး တင်ရှိပါသည်။





အမြင့်ကြောက်သော ငှက်