ဝက်သားကြို က်တဲ့ တောကား ၂



အမြင့်ကြောက်သော ငှက်



.



.



.



.



.



မနက်ကျ တော့ ဆြာတပည့်နှစ်ယောက် ကားကြံခိုင်ရေးစစ်ဆေးရင်း ဦးသောင်းငွေက လူခန့်ကို ကားစမ်းမောင်းခိုင်းတယ်။ ဒီလိုနဲ့ တစ်မနက်ကုန်ခဲ့လို့ အိမ်ကိုပြန် နေ့လည်စားပြီးတစ်ရေးတမော အိပ်ကြပြန်တယ်။ မနက်စောစောကတည်းက ခတ္တာအလုပ်သွားပြီမို့ အိမ်မှာ လူခန့်တို့ ဆြာတပည့်နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပဲပေါ့။





ညနေရေမိုးချ ို းကြပြီး . . . ခတ္တာအလုပ်ကပြန်လာတော့ ညစာထမင်းလက်ဆုံစားလိုက်ကြတော့တယ်။ လူခန့်တို့ ထမင်းစားနေဆဲမှာ ခတ္တာနဲ့အတူ ညစောင့်အိပ်ပေးဖို့ ခေါ်ထားတဲ့ တစ်ခြံကျေ ာ်က အပျ ို ကြီးဒေါ်နွဲ ့ရောက်လာခဲ့တယ်။ ဦးသောင်းငွေက တစ်ခါတည်းထမင်းဝင်စားဖို့ခေါ်တော့. . .စားပြီးခဲ့ပြီတဲ့။





ထမင်းစားပြီးတဲ့အခါ လူခန့်တို့ဆြာတပည့်နှစ်ယောက် အုံနာဦးပုဆီကဖုန်းအလာကို ထိုင်စောင့်နေလိုက်ကြတာ ည ၇ နာရီလောက်မှာ ဦးပုဆီက ဖုန်းဝင်လာပါကော။



. . . ရွှေတောင်မြို ့မှာ ကုန်တွေဆင်း တင်ပြီး အထက်ခြောက်မြို ့ကို ပို့ရမှာ။ ကုန်အမျ ို းအစားကတော့ သောင်းပြောင်းဆိုပဲ။ ဒီလိုနဲ့ပဲ လူခန့်တစ်ယောက် စပါယ်ရာဘဝနဲ့ ၎င်းရဲ ့ပထမဦးဆုံးခရီးစဉ်ကို ဆြာဖြစ်သူ ဦးသောင်းငွေနဲ့အတူ ထွက်ခွာခဲ့ပါတော့တယ်။



.



.



.



.



လူခန့်တို့ကားက ဒိုင်နာလည်းမက ဆယ်ဘီးလည်းမကျ တဲ့ ခြောက်ဘီးကား။ ခြောက်ဘီးသာဆိုတာ ဆိုဒ်က ဆယ်ဘီးနီးနီးရှိတယ်လေ။ အရောင်က သူမျ ားကားတွေလို အစိမ်းရာင် အပြာရောင်လေးတွေမဟုတ်ဘဲ အနီရောင်ရဲရဲသုတ်ထားတာ။





'' ဘာလို့ အနီရောင်ကြီး သုတ်ထားတာလည်း ''





လို့ လူခန့်ကမေးတော့ ဦးသောင်းငွေက





'' အုံနာဘိုးတော်က သူ့နတ်တွေကြို က်တဲ့အရောင်ဆိုပြီး သုတ်ထားတာပဲ။ အဲ့အရောင်သုတ်ပြီးကတည်းက အလုပ်ပိုကောင်းလာတယ်လို့ သူက ယုံကြည်နေတယ်လေ '' . . . . .တဲ့။





သောင်းပြောင်းလို့ပြောပေမယ့် ရွှေတောင်ရောက်လို့ တင်ရမယ့် ပစ္စည်းတွေကိုကြည့်လိုက်တော့ ဆန်အိတ်တွေက အမျ ားစုပါ။ ကျ န်တာကတော့ တိုလီမိုလီ လမ်းကြုံ အဆင့်လောက်ပဲရှိတယ်။ လူခန့်တို့ဆြာတပည့်နှစ်ယောက်လည်း တင်စရာရှိတဲ့ ကုန်တွေ ကားပေါ်ကို အတင်လက်ခံပြီး အလေအလွင့်မရှိအောင် သေခြာစည်းနှောင် ဖုံးအုပ်လို့ ည ၁၁ နာရီခွဲလောက်မှာ ရွှေတောင်မြို ့ကနေ ထွက်ခွာခဲ့တော့တာပေါ့။



.



.



.



ဆြာတပည့်နှစ်ယောက် စကားတပြောပြောနဲ့ ကားကို ခပ်ဖြေးဖြေးပဲမောင်းလာခဲ့ကြရင်း ည ၁ နာရီမတ်တင်းလောက် အောင်လံမြို ့ကိုအဖြတ်မှာ ဦးသောင်းငွေက . . .





'' နေဦးကွ . . .ငါ့ဟာတွေ ပါလားမသိဘူး။ မပါရင် အောင်လံမှာ အသိဆိုင်တွေနှိုးပြီး တစ်ခါတည်းဝင်ဝယ်ရအောင် ''





ဟု ဆိုတာ ကားမောင်းရင်း ဒက်ဘုတ်က အံဆွဲကို လှပ်လို့ တစ်ခုခုကိုရှာဖွေတော့တယ်။ အဲ့ဒီနောက်





'' ဟော . . .တွေ ့ပြီ။ ရှိသေးတယ် မကုန်သေးဘူး။ ဒီမှာ . . .''





ဦးသောင်းငွေက ပြောလည်းပြော ထိုအရာမျ ားကို အံဆွဲထဲကထုတ်ပြီး သူ့ကို ကြောင်ကြည့်နေတဲ့ လူခန့်ရဲ ့လက်ထဲကို ထည့်ပေးလိုက်တော့မှ လူခန့်လည်း ဆြာဖြစ်သူ ဘာရှာနေတယ်ဆိုတာ သဘောပေါက်သွားတော့တာပေါ့။





'' ဒို့ ကားသမားတွေရဲ ့ဘဝမှာ ဒါမျ ို းလေးတွေက ဆောင်ထားရတယ်ကွ။ တစ်ကွေ ့မဟုတ် တစ်ကွေ ့ တော့ ကြုံ ကြရတာပဲ။ ခုတောင် ရှေ ့နားရောက်ရင် တစ်ယောက်ယောက်မြန်း တွေ ့မလားမသိဘူး ''





ဦးသောင်းငွေက လူခန့်ကို စကားဆက်လိုက်တော့ လူခန့်လည်း သူ့ရဲ ့ လက်ထဲက ဘူးလေးတစ်ဘူးကို





'' ဒါကတော့ အကာအကွယ်ပစ္စည်းဘူးလေး ဆိုတာ ကျွ န်တော်သိတယ် ''





ဟု ဆိုကာ အံဆွဲထဲ ကိုြ့ပန်ထည့်လိုက်တယ်။ အဲ့ဒီနောက် လူခန့်က အလုံးလေးတွေ တန်းစီပတ်ထားတဲ့ သားရေပင်လိုအကွင်းလေးကို ဆြာဖြစ်သူကိုပြလိုက်ပြီး





'' ဒါကတော့ ဘာလေးလည်းဆိုတာ ကျွ န်တော်မသိဘူး။ အဲ့ ဒါဘယ်နေရာမှာ သုံးတာလည်း ဦးလေးရဲ ့ ''





ဟု ထပ်မံ စပ်စုလိုက်ပြန်တယ်။





ထိုအခါ ဦးသောင်းငွေက





'' မင်းမသိပါဘူးကောင်လေးရာ။ သူတို့တွေက ဒီအတိုင်းဆို သိပ်မတိုးတော့ဘူးကွ။ ကဲ . . .ထားပါ။ ဒါတွေနောက်တော့ မင်းသဘောပေါက်လာလိမ့်မယ်။ ခုလောလောဆယ်တော့ လမ်းကိုပဲအာရုံစိုက်။ ကားကောင်းကောင်းမောင်းတတ်အောင် ကြို းစား။ ဟုတ်ပြီလား။ အဲ့ဒါကို အံဆွဲထဲပြန်ထည့်ထားလိုက်တော့ ''





ဆိုတာနဲ့ လူခန့်လည်း လျှ ာရှည်မနေတော့ဘဲ လက်ထဲက အကွင်းလေးကို အံဆွဲထဲ ပြန်ထည့်လိုက်ပါတော့တယ်။





အောင်လံကျေ ာ်လာပြီး ရှေ ့ကို မိနစ် ၂၀ လောက်ဆက်မောင်းမိိတဲ့အချ ိန်မှာတော့ လက်ထဲမှာ အိတ်ကလေးတစ်ခုဆွဲထားတဲ့ အမျ ို းသမီးတစ်ယောက်က လူခန့်တို့ကားကို တားပါတော့တယ်။ လူခန့်လည်း. . .ဦးလေးပြောတာတော့ မှန်နေပြီလို့တွေးလိုက်မိတာပေါ့။





ဦးသောင်းငွေက ကားကို ရပ်ပေးလိုက်တော့ အမျ ို းသမီးက ကားနားကို လျေှ ာက်လာပါကော။ သူမဟာ ရုပ်ရည်ကြည့်ဖျေ ာ်ရှုဖျေ ာ်ရှိပြီး ပါးမှာ ပါးကွက်ကျ ားတွေနဲ့။ ကိုယ်လုံးကိုယ်ဟန် သွယ်သွယ်သပ်သပ်။ အသားကခပ်ညို ညို ။ အရပ်လည်းအရမ်းမမြင့်ဘူး။ ဆံပင်ရှည်ကို နောက်မှာ ပတ်ထုံးထားပြီး ဖလံထည်ခပ်နွမ်းနွမ်းတစ်ထည်ကိုလည်း ဖို့ယို့ဖားယားထပ်ဝတ်ထားသေးတယ်။





'' မိမိုး ပါလား။ ဘယ်သွားမလို့လည်း။ လာ. . .''





ဦးသောင်းငွေက လှမ်းနှုတ်ဆက်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ ကိုယ်ကိုယို့ပေးလိုက်တော့ . . .





'' မကွေးဘက် လိုက်ချ င်လို့ ''





သူမက ပြန်ဖြေရင်းကားပေါ်တက်လာပြီး လူခန့်နဲ့ ဦးသောင်းငွေကြားမှာ ဝင်ထိုင်တော့တာပဲ။ ဦးသောင်းငွေလည်း ကားတံခါးပြန်ပိတ်ပြီး မောင်းထွက်ခဲ့တော့တယ်။





'' သူက စပါယ်ရာ အသစ်လေးလား။ လူချေ ာလေးနော် ''





မိမိုးဆိုတဲ့အမျ ို းသမီးက လူခန့်ပုခုံးပေါ်ကိုလက်တင်ပြီး ဦးသောင်းငွေကိုမေးလိုက်ရာ ဦးသောင်းငွေက





'' အင်းး ကိုယ့်ရဲ ့စပါယ်ရာ အသစ်ဆိုတာထက် မွေးစားသားလို့ပဲပြောရမှာပေါ့။ ဟိုကောင် ငမူးတင်ဦးကိုတော့ အဘိုးကြီးက အလုပ်ဖြု တ်လိုက်ပြီ ''





'' ခစ် ခစ် ဒီလူကြီးက လူလည်ကြီးမောင်လေးရဲ ့။ သူ့သမီးအတွက် စိတ်အေးချ င်နေတာလေ . . . ။ ဒါနဲ့ ဒီမောင်လေးကိုကော မိမိုးနဲ့တွေ ့ခွင့်ပေးဦးမှာလား ''





မိမိုးက ပြီတီတီမျ က်နှာပေးလေးနဲ့ လူခန့်ကိုကြည့်ပြီး မေးနေပြန်တယ်။





'' အမလေးး မမ ဒါကတော့ ချ မ်းသာပေးလိုက်ပါ။ သူ့ဘာသာသူ အေးအေးဆေးဆေးနေပါစေ မိမိုးရယ်။ ဒီကလေးက ကျ ု ပ်သမီးအတွက်လည်းမဟုတ်ပါဘူး။ ရိုးသားပြီး ကြို းစားလိုစိတ်ရှိတဲ့ ကလေးမို့ ကျ ု ပ်ကခေါ်ပြီး ပျ ို းထောင်ပေးရုံပါ။ သူတို့မှာ ရေစက်ပါလာရင်တော့ ကျ ု ပ်လည်းတားမရဘူးပေါ့ ''





ဦးသောင်းငွေနဲ့ မိမိုးတို့ပြောဆိုနေကြတာတွေကို ကြားရတာ လူခန့်က မျ က်နှာပူသလိုလို ရှက်သလိုလို ။ ဒါကိုရိပ်မိတဲ့ ဦးသောင်းငွေက





'' ကဲ . . .မမ . .ကောင်လေးနားချ ည်းကပ်ပြီး ပွတ်သီးပွတ်သတ်လုပ်မနေနဲ့။ မကွေးဘယ်နားမှာဆင်းမှာလည်း ပြော။ အမှန်ဆိုရင် ကျ ု ပ်က မကွေးဘက်ကမပတ်တော့ဘူးလို့ စဉ်းစားထားတာ။ ခု ခဗျ ားလေးနဲ့တွေ ့လို့ . . .''





'' ဟုတ်ပါပြီ ကိုကြီးရယ်။ မိုးကို မကွေးမြို ့ထဲမှာပဲ ချ ပေးခဲ့ပါ။ ဒီအတွက်လည်း ကိုကြီး မနစ်နာစေရပါဘူး ဟဲ ဟဲ ''





မိမိုးက ရယ်ကျ ဲကျ ဲနဲ့ ပြန်ဖြေလိုက်တော့. . .





'' ဒါကတော့ ပြောစရာဘယ်လိုပါ့မလဲ ''





 ဦးသောင်းငွေက ခပ်ပြုံ းပြုံ းအမူအရာနဲ့ မိမိုးကိုပြန်ပြောပြီး လူခန့်ကိုလည်း





'' ရှေ ့ ၁၅ မိနစ်လောက်မောင်းလိုက်ရင် လူပြတ်တဲ့နေရာရောက်ပြီ။ အဲ့ဒီမှာ လမ်းဘေးသစ်ပင်အောက် ကားထိုးရပ်ပြီး ခဏနားကြတာပေါ့။ မင်းလည်း နောက်က ဆန်အိတ်တွေပေါ်တက်ပြီး တရေးတမော အိပ်လေ ''





ဟု လှမ်းပြောလိုက်ပါတော့တယ်။



.



.



.



.



သူပြောထားတဲ့နေရာရောက်တော့ ဦးသောင်းငွေက လမ်းဘေးက ကုက္ကို ပင်ကြီးအောက်ကို ကားထိုးရပ်လိုက်တယ်။ အဲ့ဒီနောက် လူခန့်ကို





'' သွား. .ငါ့တူ နောက်ခန်းက ဆန်အိတ်တွေပေါ်မှာ တရေးတစ်မောသွားအိပ်ချ ည်း ''





ဆိုပြီး နှင်ထုတ်တော့တာပဲ။ မိမိုးဆိုတဲ့ အစ်မကြီးကတော့ လူခန့်ကို ပြီတီတီနဲ့ တစ်ချ က်ကြည့်လိုက်ပြီး သူယူလာတဲ့ အိတ်ကလေးထဲက တဘက်သုံးလေးထည်ကို ထုတ်ကာ ကားမှန်တွေမှာချ ိတ်ဆွဲကာဆီးနေလေရဲ ့။





လူခန့်လည်း ဘာမှမပြောတော့ဘဲ ကားနောက်ခန်းကိုအသာထွက်ခဲ့ပြီး ဆန်အိတ်တွေပေါ်ကိုတက်လို့ အိပ်စက်ဖို့ပြင်ဆင်လိုက်တော့တယ်။ ကားခေါင်းခန်းထဲက မိမိုးရဲ ့ ခိုးခိုးခစ်ခစ် အသံတွေကို တစ်ချ က်တစ်ချ က်ကြားနေရပေမယ့် တစ်နေကုန်ပင်ပမ်းလာတာကြောင့် လူခန့်ဟာ ကြယ်မြင်လမြင် ကောင်းကင်ပြင်ကြီးကိုကြည့်ရင်း တဖြေးဖြေးမျ က်လုံးတွေစင်းကျ လာပြီး အိပ်ပျေ ာ်သွားတော့တာပေါ့။





'' တိတ်ရှောင် စားတော်ဆက် ''





စည်ကားလိုက်တာမှ ပျ ားပန်းခပ်ပဲ။ ခေါက်ဆွဲကြော် ကြာဇံကြော် ကုန်းဘောင်ကြော် စသဖြင့် တရုတ်စာမှန်သမျှ နဲ့ အရက် ဘီယာ အမျ ို းမျ ို းရတာကိုးး။ ပေါက်ဖော်ကြီးတစ်ယောက်ကတော့ ကောင်တာစားပွဲမှာထိုင်ပြီး ပွဲတွေမှတ်လိုက် စားဖိုကို လှမ်းမာလိုက် ငွေတွေရေသိမ်းလိုက် စားပွဲထိုးတွေကို လှမ်းအော်လိုက်နဲ့ အတော်ကို အလုပ်ရှုပ်နေတယ်။





အဲ့ဒီအချ ိန်မှာ မျ က်လုံးမှေးမှေးနဲ့ ခပ်ဂျ စ်ဂျ စ်ပုံစံရှိတဲ့ အသက် ၁၆ နှစ်ခန့် တရုတ်ကလေးတစ်ယောက် အိမ်ထဲကနေထွက်လာပြီး





'' ပါပါး မုန့်ဖိုးပေး ''





ကောင်တာထိုင်နေတဲ့ တရုတ်ကြီးကို မုန့်ဖိုးတောင်းတော့တယ်။ တရုတ်ကြီးက အံဆွဲထဲက တစ်ထောင်တန် တစ်ရွက်ကိုထုတ်ပေးလိုက်တော့





'' ဟာ ပါပါးကလည်း တစ်ထောင်တည်းလား။ တစ်ထောင် ဘာမှသုံးမရဘူး။ ငါးထောင်လောက်တော့ ပေးမှပေါ့ ''





တရုတ် ကလေးက မုန့်ဖိုး ထပ်ပေးဖို့တောင်းနေပြန်တာ။





'' ခက်တယ်။ ပိုက်ဆံရှာရတာက မလွယ်ဘူးကွ။ မင်းတို့က အားအားယားယားရှိရင် သုံးဖို့ဖြု န်းဖို့ပဲ ''





တရုတ်ကြီးက ညဉ်း ညဉ်းညူ ညူ နဲ့ အံဆွဲထဲက နောက်ထပ် လေးထောင်ထပ်ထုတ်ပေးလိုက်ပြီး





'' ဒါနဲ့ မင်းညီမလေးကော . . . ''





'' မသိဘူးလေ။ အိမ်ထဲမှာ ရှိမှာပေါ့။ ပါပါးတို့က ငွေထွက်ဖို့ဆို သိပ်ကပ်စည်းနဲတာ။ ဒါကြောင့် ပါပါး မိန်းမထပ်မရတာ ''





တရုတ်လေးက ခပ်တည်တည်နဲ့ ပြန်ပြောလိုက်ပြီး တရုတ်ကြီးအနားက ထွက်သွားတော့တယ်။ တရုတ်ကြီးကတော့ မြည်တွန်တောက်တီးပြီး ကျ န်ရစ်ခဲ့တာပေါ့။





တရုတ်လေးနဲ့ ရှေ ့ဆင့်နောက် ဆိုသလိုပဲ လူတစ်ယောက်က တရုတ်ကြီး စာပွဲနားရောက်လာပြန်တယ်။ ထိုသူကိုတွေ ့တော့ တရုတ်ကြီးရဲ ့ ရှုံ ့မဲ့နေတဲ့မျ က်နှာ ပြန်လည်ရွှင်ပြုံ းသွား





'' လာ လှမောင် ။ အဆင်ပြေခဲ့လား ''





ဟု ခရီးဦးကြို ပြု လေတယ်။





'' ပြေတယ်ဆြာကီး။ ကြားမှာ အကြောင်းတို တစ်ခေါက်ရလို့တောင် ဖြတ်ဆွဲလိုက်သေးတယ်။ ခု ဆြာကီးဆီကို ငွေလာအပ်တာ ''





ဆိုပြီး လှမောင်ဆိုတဲ့လူက တရုတ်ကြီးကို သူ့အိတ်ထဲက ပိုက်ဆံတွေ ထုတ်ပေးလိုက်တော့ တရုတ်ကြီးလည်း တဟဲ ဟဲ သဘောကျ လျှ က်





'' အေးကွာ . . . ဝတောင် စားသောက်ဆိုင် အလုပ်ရှုပ်နေတာနဲ့ပဲ လယ်တွေယာတွေက ရတဲ့ စာရင်းတောင်မစစ်ရသေးဘူး။ ထားခဲ့လိုက်လေ။ ည ဆိုင်ပိတ်တော့မှ အဲ့စာရင်းတွေနဲ့ပေါင်းပြီး ဝ စစ်လိုက်တော့မယ် ''





ဆိုကာ ပိုက်ဆံအုပ်ထဲမှ ငွေငါးထောင်ကို ထုတ်၍





'' ရော့ . . .ဒါက လူ့အတွက် မုန့်ဖိုး။ လုပ်အားခက နောက်မှ သပ်သပ််ရှင်းပေးမယ် ''





ဟု လှမောင်ကိုမုန့်ဖိုးပေးလေတယ်။ လှမောင်လည်း ကျေ းဇူးတင်ကြောင်း အခါခါပြောပြီး ပြန်မည်အလုပ်မှာ တရုတ်ကြီးက တစ်ခုခု သတိရသွားဟန်ဖြင့်





'' သြော်. . ဒါနဲ့ နေဦး။ လူ့ပြန်ရင် ကားထားသွားခဲ့။ ဝ အဲ့ဒီကားကို ဝယ်ပြီးကတည်းက တစ်ခါမှ မောင်းမကြည့်ဖူးသေးဘူး။ ဒီည စမ်းမောင်းကြည့်လိုက်ဦးမယ် ''





'' ဆြာသမာ တစ်ယောက်တည်းဖြစ်ပါ့မလား။ ကျွ န်တော်လိုက်ပေးမယ်လေ ''





'' ရပါတယ်ကွာ။ ဝ က ဒီလို ကားကြီးတွေသာ မမောင်းဘူးတာ ကားသေးတွေဆို အိပ်စပတ် ပဲ။ လူ့ပင်ပမ်းလာတာ နားစရာရှိတာ စိတ်ဖြောင့်လက်ဖြောင့် သွားနား စမ်းပါ။





တစ်ခုတော့ရှိတယ်။ ကားက ဆေးရောင်မှိန်နေပြီ။ အဲ့ဒ့ါ ဆေးပြန်သုတ်ဖို့တော့ စီစဉ်ထားလိုက်ဦး။ ဝ တို့တရုတ်လူမျ ို းဆိုတာက ဆေးရောင်လေး နီရဲ နေမှ သဘောကြ ကြတာ။ ကဲ ကဲ သွားနားချ ည်းတော့ ''





တရုတ်ကြီးက ကားဆြာ လှမောင်ကို ပြန်ခိုင်းလိုက်ရာ . . .လှမောင်လည်း တရုတ်ကြီးကို အရိုအသေပြု ပြီး ပြန်ခဲ့ပါတော့တယ်။



.



.



.



ညတစ်ညမှာ တရုတ်သီချ င်းလေးတစ်ပုဒ်ကို ဆိုငြီးရင်း ဦးတိတ်ရှောင် မြို ့ပြင်မှာကားထွက်မောင်းနေတယ်။ မောင်းကောင်းကောင်းနဲ့ ဗြင်းလိုက်တာ ကီလို ၁၀၀ ကျေ ာ်သွားတော့





'' ဟာ အရှိန်မျ ားနေပြီပဲ . . . ''





ဦးတိတ်ရှောင် တစ်ကိုယ်တည်းရေရွတ်ပြီး လီဗာကို လျေ ာ့ ဘရိတ်ကို ခပ်ဖွဖွ နင်းလိုက်တဲ့အခါ ဘရိတ်က အလုပ်မလုပ်တော့။





'' ဟာ. . ဘရိတ်ပေါက်ပြီထင်တယ် ''





ဦးတိတ်ရှောင် မျ က်လုံးပြူ းသွားတော့တာပေါ့။ အရှေ ့မှာက ခပ်နှေးနှေးမောင်းနေတဲ့ ကုန်ကားတစ်စီ။ ဝိုက်ကျေ ာ်မယ်လုပ်တော့ တစ်ဖက်ယဉ်ကျေ ာက အိပ်စပတ် တစ်စီးဝင်လာပါကော။





ကြံရမရဖြစ်ပြီး ဦးတိတ်ရှောင် ကလပ်ကိုနင်းလို့ ဂီယာတံကို ထိုးဒေါင်းလိုက်တော့ ကားက ချ ာလပတ်လည်သွားကာ လမ်းဘေးက သစ်ပင်ကို ပြေးတိုက်လိုက်ပါတော့တယ်။





'' ရွှီးးး ဒုန်းးး ဝုန်းးးး ''





လူခန့် ရင်ထဲမှာ သိမ့်ခနဲ ခံစားလိုက်ရပြီး လန့်နိုးလာခဲ့တယ်။ အိပ်မက်က တမျ ို းပဲ။ ဦးတိတ်ရှောင်နေရာမှာ လူခန့်ကိုယ်တိုင် ပါဝင်ခံစားနေရသလို။ လူခန့်လည်း . . .နိုးလာတဲ့အတူတူတော့ အပေါ့ထသွားဦးမယ် . . .လို့တွေးမိပြီး မျ က်လုံးကို ဖြေးဖြေးခြင်းဖွင့်ကြည့်လိုက်ရာ . . .





'' ဟင် . . .ခင် ခင် ဗျ ားး ''





လူခန့် အလန့်တကြားနဲ့ လူးလဲထပြီး ကိုယ်ကို နောက်သို့ဆုတ်လိုက်မိတော့တယ်။ သူ့ရှေ ့မှာ မြင်နေရတာက အိပ်မက်ထဲက တရုတ်ကြီး ဦးတိတ်ရှောင်ရဲ ့ မျ က်နှာဝိုင်းဝိုင်းကြီး။





ဦးတိတ်ရှောင်က ဆောင့်ကြောင့်ထိုင်လို့ လူခန့်ကို ခပ်ပြုံ းပြုံ းကြည့်ကာ





'' လူ ့ နိုးလာပြီလားး ။ ဝ ကိုမကြောက်ပါနဲ့။ ဝ က လူ့ကို အန္တရာယ်ပေးမယ့်သူ မဟုတ်ပါဘူး ''





လို့ တရုတ်သံဝဲဝဲနဲ့ ပြောလေတယ်။





'' ခင် ခင် ဗျ ား ကို မကြောက်ရအောင် ခင် ခင်ဗျ ားက သရဲမဟုတ်ဘူးလား ''





လူခန့်လည်း ကြောက်လန့်တကြားနဲ့ ပြန်မေးလိုက်တော့





'' ဝ ကို ဝ လည်း ဘာကောင်မှန်းမသိဘူး။ အမှန် ဝ မှာကရုက္ခစိုးနတ် ဖြစ်ဖို့ ကုသိုလ်ကံတွေ ရှိတယ်။ ဒါပေမယ့် ဝ သေတော့ ဒီကားကိုစွဲပြီး သရဲလည်းမဟုတ် ရုက္ခစိုးနတ်ဘဝလည်း မရောက်နိုင်သေးဘဲ ကိုးလို့ကန့်လန့် ဖြစ်နေတော့တာ။ သေခြာတာကတော့ ဝ က လူ့ကို အန္တရာယ်ပြု မယ့် သရဲ တစ္ဆေ တစ်ကောင်မဟုတ်ဘူး ဆိုတာပါပဲ။ ''





ဦးတိတ်ရှောင် လည်းအဖြေရခက်သွားဟန်နဲ့ ပြန်လည်ရှင်းပြလေတယ်။ အဲ့ဒီတော့မှ လူခန့်လည်း အကြောက်နဲနဲ ပြေသွားပြီး





'' ဒါဆို ခဗျ ားက ဘာလို့ကျ ု ပ်ကို လာခြောက်ရတာလည်း ''





'' လာခြောက်တာမဟုတ်ပါဘူး လူ့ ရယ်။ လူ့ နဲ့ ဝ မိတ်ဆွေဖွဲ ့ချ င်လို့ပါ။ ခုဏက လူ့မက်တဲ့ အိပ်မက်ကလည်း ဝ ကလူ့ကို ပေးမက်လိုက်တာပဲ။ ဝ ရဲ ့ဖြစ်စဉ်လေးတွေကို လူ့အကြမ်းဖျ င်း သိထားရအောင်လို့လေ ''





'' ဟုတ်ပါပြီ။ ဒါနဲ့ ကျ ု ပ်ကားကိုသန့်ရှင်းရေးလုပ်နေတုန်း သီချ င်းဆိုပြီး ဝက်သားတောင်းတာ ခင်ဗျ ားပဲမဟုတ်လား ''





'' သိပ်ဟုတ်တာပေါ့ လူ့ ရယ်။ လူ့ကို ဆက်သွယ်လို့ရမလားလို့ ဝ စမ်းသပ်ကြည့်တာ ''





'' ခင်ဗျ ားက ကျ ု ပ်ကို ဆက်သွယ် ကြည့်တယ်ဆိုတော့ ကျ ု ပ်ရဲ ့ဆြာဦးသောင်းငွေနဲ့ အရင်စပါယ်ယာ တင်ဦး တုန်းကကော မဆက်သွယ်ခဲ့ဘူးလား ''





'' မဆက်သွယ်ခဲ့ပါဘူး။ သူတို့ ဒီကားမှာ ဝ ရှိမှန်းတောင်မသိကြဘူး။ ဘာလို့လည်း ဆိုတော့ သူတို့နဲ့ ဝ စကားမပြောချ င်ဘူးလေ။ ကားအုံနာ ဦးပုကော ဒရိုင်ဘာ ဦးသောင်းငွေကော စပါယ်ရာ တင်ဦးကော အရူးတွေချ ည်းပဲ။ သူတို့က ဘာမှန်းမသိတဲ့ နတ်ငမူးနှစ်ကောင်ကို ကိုးကွယ်ပြီး ဝ သိပ်ကြို က်တဲ့ ဝက်သားကို မုန်းနေကြတယ်လေ။ ဝ ဒီကားမှာနေလာတာ ၅ နှစ်ကျေ ာ်ပြီ။ တစ်ခါမှ သူတို့တွေ ဝက်သားနဲ့ပတ်သက်တဲ့တစ်စုံတစ်ရာ ကားနားကို ယူမလာခဲ့ကြဖူးဘူး။ အလကား ငကြောင်တွေပါ။ ဝ အပေါင်းအသင်းမလုပ်ချ င်ဘူး။ ''





'' ဒါဆို ကားကို အနီရောင်သုတ်ခိုင်းထားတာလည်း ခဗျ ားရဲ ့ စနက်ပဲပေါ့ ''





'' ဟုတ်တယ် လူ့ရဲ ့။ အုံနာ အဘိုးကြီးကို စောင့်ရှောက်မယ်လို့ အိပ်မက်ပေးပြီး ကားကို ဝ ကြို က်တဲ့အရောင်လေးသုတ်ဖို့ စည်းရုံးထားရတာ။ ဒါကို ငနဲကြီးက သူ့ရဲ ့နတ်တွေ အိပ်မက်ပေးတယ်ထင်ပြီး ချ က်ခြင်းပြေးသုတ်တော့တာပဲ။ ဝ လည်း ဘာပဲဖြစ်နေနေ ကားနီသွားရင် ပြီးကော ဆိုပြီး လွှတ်ထားလိုက်တော့တယ် ''





'' ခု ခင်ဗျ ားနဲ့ ကျ ု ပ်နဲ့ မိတ်ဆွေဖြစ်သွားပါပြီတဲ့။ ခင်ဗျ ားကကျ ု ပ်ကို ဘာလုပ်ပေးနိုင်လို့လည်း။ ကျ ု ပ်ကကော ခင်ဗျ ားကို ဘာလုပ်ပေးရမှာလည်း ''





'' ဒါက ဒီလိုရှိတယ် လူ့ ရဲ ့။ လူ့က ဝ သိပ်ကြို က်တဲ့ ဝက်သားကို သူတို့မသိအောင်ယူလာပြီး ဝ ကိုပေး။ ဝ ကိုပေးဆိုတဲ့နေရာမှာလည်း အခြား တစ္ဆေ သရဲတွေလို အစိမ်းလိုက်တွေ သဖြဲနဖြဲတွေ ဝ အတွက်မလိုပါဘူး။ ဝ က ရုက္ခစိုး ဘုန်းကံရှိတော့ အနံ့လေးလောက်ရရင် အဆင်ပြေတယ်။





အဲ့ဒီတော့ လူ့က အခေါက်ကင်လေးဖြစ်ဖြစ် ဒုတ်ထိုးလေးဖြစ်ဖြစ် ဆာတေးလေးဖြစ်ဖြစ် ကားပေါ်ကို ယူလာပြီး စားပေးရုံပဲ။ လူ့ စားနေတဲ့ အနံ့လေးရရင် ဝ အတွက်က အိုကေပြီ။ အဲ့ဒါလေးတစ်ခုတော့ ကူညီပါလူ့ရယ်။ တကယ် ရုက္ခစိုးအစစ်ကြီးဖြစ်သွားရင် သတ်သတ်လွတ်ပဲ စားရတော့မှာ။ ဝက်သားနဲ့ဝေးပြီ။ ''





'' ဟဲ ဟဲ ဒါကတော့ ကျ ု ပ်အတွက် အပမ်းမကြီးပါဘူး။ ကျ ု ပ်လည်း ဗှိုက်ဝ ခင်ဗျ ားလည်း အဆင်ပြေတယ်လေ။ ကျ ု ပ်ကူညီပါ့မယ်။ ခင်ဗျ ားကကော ကျ ု ပ်ကို ဘာကူညီမှာလည်း ''





'' အင်းး ဝ က လူ့ကို အမျ ားကြီး ကူညီနိုင်တယ်။ တကယ်ဆို ဒီကားနဲ့ အန္တရာယ်ကင်းအောင် လာဘ်ရွှင်အောင် စည်ပွားတက်အောင် ဝ လုပ်ပေးလို့ရတယ်။ သူတို့ရဲ ့ ဟို မြောက်လောင်းနတ်နှစ်ကောင်က ဘာမှ အသုံးကြတာမဟုတ်ဘူး။





ဝ က လူ့ကို ပထမဆုံးအနေနဲ့ အလုပ်ရအောင် အုံနာကချ စ်အောင် ဒရိုင်ဘာနဲ့အဆင်ပြေအောင် ဘေးအန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးမယ်။ ဒုတိယအနေနဲ့ကတော့ ဝ တတ်တဲ့ အကြော်အလှော် အချ က်အပြု တ်ပညာတွေကို လူ့ကို ဖြေးဖြေးခြင်းသင်ပေးသွားမယ်။





ဒီအတွက် လူ့က ညအိပ်ရင် ကားပေါ်မှာပဲ လာအိပ်တော့။ ဒါမှ ဝ က လူ့ကို သင်စရာရှိတာ သင်လို့ရမှာ။ ဘယ်လိုလည်း သဘောတူလား ''





'' အိုကေ လေ။ သဘောတူတယ် ''





'' ဒါဆို ဝ နဲ့ လူ့ သွေးသောက် သငယ်ချ င်းတွေဖြစ်သွားကြပြီပေါ့ ''





'' ဟုတ်ကဲ့ပါ ဦးတိတ်ရှောင်ရယ်။ ကျွ န်တော်နဲ့ ခဗျ ားနဲ့ သွေးသောက်သူငယ်ချ င်းတွေ ဖြစ်သွားကြပါပြီ ''





လူခန့်နဲ့ ဦးတိတ်ရှောင် တစ်ယောက်မျ က်နှာ တစ်ယောက်ကြည့်ပြီး ပြုံ းလိုက်ကြတော့တယ်။ အဲ့ဒီနောက် ဦးတိတ်ရှောင်က စကားဆက်ပြန်တယ်။





'' အမှန်တော့ ဝ က လူ့ရဲ ့ဆြာကိုလည်း အကူအညီပေးသင့်သလောက်ပေးပါတယ် ''





'' ဟင်. . . ဦးတိတ်ရှောင်ပဲ ကျ ု ပ်ဆြာကို ကြည့်မရဘူးဆို။ ဘာလို့အကူအညီပေးတာလည်း ''





လူခန့်က နားမလည်ဟန်နဲ့ ပြန်မေးလိုက်တော့ ဦးတတ်ရှောင်က ခပ်ပြုံ းပြုံ း လုပ််ပြီး ပါးစပ်ကို လက်ညှိုးကလေးကပ်ကာ





'' ရှူ းးး နားထောင် ''





ဟု လူခန့်ကို ပြန်ပြောလေတယ်။ လူခန့် နားစွင့်ကြည့်လိုက်တော့ တိတ်ဆိတ်နေတဲ့ ညအချ ိန်မှာ ကားခေါင်းခန်းထဲကထွက်ပေါ်လာတဲ့ ဆြာဦးသောင်းငွေနဲ့ မိမိုးတို့ရဲ ့ မိုးမမြင်လေမမြင် ချ စ်ပွဲဝင်နေတဲ့ အသံပလံတွေ။





'' လူ့ ဆြာကို ဝ ကူညီနေတာ ဒါကြောင့်ပဲပေါ့။ ဝအသက်ရှင်ချ ိန်တုန်းကဆို ဒီလို ရုပ်ရှင်မျ ို းကြည့်ရဖို့ အတော်ခက်တာ။ ဈေ းလည်းသိပ်ကြီးတယ်လေ။ တစ်ခွေကို နှစ်ထောင်လောက်ပေးရတယ်။ ခုတော့ လူ့ ဆြာကြောင့် ဝ ဘယ်လောက်အဆင်ပြေလည်း ''





ဦးတိတ်ရှောင်က ပြုံ းဖြီးဖြီးလုပ်ပြီး လူခန့်ကို ပြောလိုက်တော့





'' ခင်ဗျ ားဟာလေ တရုတ်လို့မပြောရဘူး။ ပေအတော်ခေါက်ပါကော ''





လူခန့်လည်း စိတ်ပျ က်လက်ပျ က်အမူအရာနဲ့ ဦးတိတ်ရှောင်ကို ရှုံ ့ချ တာပေါ့။





ထိုအခါ ဦးတိတ်ရှောင်က တခွိခွိ ရယ်လျှ က်





'' အဲ့လိုတော့မထင်ပါနဲ့ ကောင်လေးရယ်။ လူ့ရဲ ့ဆြာက ဝကြည့်ဖူးတဲ့ကားတွေထက်အမျ ားကြီးသာတယ်။ ပညာလည်းစုံသလို စွမ်းဆောင်ရည်လည်း မြင့်မားတယ်။ ကားပေါ်ကို တက်လာစက ဘယ်လောက်ပဲ စပ်စလူးထပြီး တက်ကြွလန်းဆန်းတဲ့ ကောင်မလေးတွေ ဖြစ်ပါစေ ကားပေါ်ကပြန်ဆင်းသွားရင် ဖြူ ဖတ်ဖြူ လျေှ ာ်နဲ့ ဖျေ ာ့တော့တော့ဖြစ်သွားရတာချ ည်းပဲ။ မယုံရင် လူ့ စောင့်ကြည့်လိုက် ''





ဟု သူ့စကားသူ သက်သေပြပြန်တယ်။





. . .ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ခေါင်းခန်းက မိမိုးရဲ ့အသံဗလံတွေက နောက်ခန်းအထိကို အတော် ကျ ယ်ကျ ယ်လောင်လောင် ထွက်နေတာပဲ. . .





အသံတွေကို နားစွင့်ရင်း လူခန့် စဉ်းစားခန်းဝင်နေမိတဲ့အချ ိန်မှာပဲ ငယ်သံပါအောင် အာခြစ်အော်လိုက်တဲ့ မိမိုးအော်သံ တစ်ချ က်ကြားလိုက်ရပြီး နောက် အရာအားလုံး တိတ်ဆိတ်ငြိမ်သက် သွားပါတော့တယ်။ အဲ့ဒီအခါကြမှ ဦးတိတ်ရှောင်က လူခန့် လက်ကိုလှမ်းပုတ်လို့





'' လူ့ ဆြာတော့ ဇာတ်လမ်းပြီးသွားပြီ။ ခရီးဆက်ဖို့ တော်ကြာနေ လူ့ကို တက်နှိုးတော့မယ်။ အဲ့ဒီတော့ ဝ လည်း သွားပြီ။ လူ့လည်း အိပ်ချ င်ယောင် ဆောင်နေလိုက်တော့ ''





ဟု သတိပေးကာ လူခန့်အနားကနေ ပျေ ာက်ကွယ်သွားပါလေရော။





လူခန့်လည်း ပုဆိုးကို ခြုံ ကာ အိပ်သယောင် ပြန်ဆောင်နေလိုက်ပါတော့တယ်။



.



.



.



.



ဆက်ရန်





အမြင့်ကြောက်သော ငှက်