သစ်တော ၈



အမြင့်ကြောက်သော ငှက်









မြင့်မိုလ်ခင်၏ ဒိုင်ယာရီစာအုပ်ကို ဖတ်လိုက်ရပြီးနောက်တွင် တည်ငြိမ်သည် မြင့်မိုလ်ခင်ကို ပိုမို အံ့သြ ရွံရှာသွားကာ





'' ဘာတွေလည်းး ကွာ . . . .''





ဟူ၍ပင် ပါးစပ်က ထုတ်ဖေါ်ရေရွတ်လိုက်မိလေတော့၏။ သက်ထားဖြူ ကလည်း





'' ဒီမိန်းမဟာ ချေ ာမောလှပသလောက် သစ္စာမဲ့ပြီး အတော့်ကို တဏှာရာဂကြီးတဲ့ မိန်းမပဲ။ အကိုနဲ့ မဆုံဆည်းဖြစ်တာ အကို အရမ်းကံကောင်းတယ် ''





ဟု မှတ်ချ က်ချ လေ၏။





ထိုအချ ိန်တွင် ဦးဇင်းကြီးရေဝတ ၎င်းတို့ထိုင်နေသည့် ဇရပ်ပေါ်သို့ကြွလာသဖြင့် နှစ်ယောက်စလုံး ပြန့်ကျ ဲနေသည့်စိတ်မျ ားကို ပြန်လည် စုစည်းကာ ဦးဇင်းကြီးကို ဝတ်ဖြည့်လိုက်ကြသည်။





'' အိမ်းးး ဒကာနဲ့ ဒကာမလေးကို ခေါ်လိုက်ရတာက ဦးဇင်းအနေနဲ့ ဒကာလေးတို့သိသင့်တယ်ထင်တာလေးတွေကို အသိပေးဖို့ပဲ။ ဒီမှာပဲ အေးအေးဆေးဆေးစကားပြောကြတာပေါ့ ။ ကျေ ာင်းပေါ်ကပူတယ်။''





ဦးဇင်းကြီးက ပြောပြောဆိုဆိုဖြင့် ခေါင်းရင်းဘက်တစ်နေရာတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် ၎င်းကစကားဆက်ပြန်သည် . . .





'' အရင်ဆုံး ဦးဇင်းပြောလိုတာက ဒကာမလေးပဲ။ ဒကာမလေး . .ကိုယ့်မှာလည်း ကောင်းရာမွန်ရာကို သွားဖို့ ကုသိုလ်ကောင်းမှုတွေရှိနေပြီပဲ။ ဘာလို့ ဒီအိမ် ဒီနေရာကို စွဲလန်းနေဦးမှာလည်း။ ဒီအိမ်ကို သံယောဇဉ်ဖြစ်နေလို့ ဒီအိမ်မှာ ဆက်နေတယ်။ ဟော. . .ခု ဒီအိမ်ကို ဒကာလေးရောက်လာတော့ ဒကာလေးနဲ ့ဆက်ပြီး သံယောဇဉ် တွယ်မိကြဦးမယ်။





ဒီလိုဆိုရင် အဲ့ဒီမကျွ တ်မလွတ်တဲ့ ဘဝကဘယ်တော့လွတ်တော့မှာလဲ။ အဲ့ဒါကြောင့် စွဲလန်းမှုသံယောဇဉ်တွေ တဆထက်တဆ ကြီးထွားမလာခင် ကိုယ့်သွားရမယ့်ခရီးကို ဖြောင့်ဖြောင့်သွားပြီး ကိုယ့်လုပ်ရမယ့် အလုပ်ကိုပြတ်ပြတ်သားသားလုပ်ဖို့ ဦးဇင်းအနေနဲ့ အကြံပေးမေတ္တ္ဘာရပ်ခံပါရစေ။ ပြီးတော့ အချ ိန်လည်း စေ့တော့မယ်မဟုတ်လား ''





ဟု ဦးဇင်းကြီးက သက်ထားဖြူ ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ သက်ထားဖြူ လည်း မျ က်လုံးအိမ်ထဲတွင် မျ က်ရည်မျ ားရစ်ဝဲလာကာ အသံလေးတုန်တုန်ယီယီဖြင့်





'' တင် တင်ပါ့ ဘုရား။ ဒီ ဒီ ပြသနာတွေ ပြီးတာနဲ့ တပည့် တော်မ သွားရမယ့် လမ်းကို ဆက်ပြီး လျေှ ာက်လှမ်းပါ တော့ မယ် ဘုရားး ''





ဟု ကတိပေးပြောကြားလိုက်ရှာလေသည်။





'' အိမ်းးး သာဓု သာဓု သာဓု။ ဒကာလေးလည်း ဒကာမလေးကို သံယောဇဉ်တွယ်မနေနဲ့တော့။ ဆုံဆည်းဖို့ကံပါလာရင် ဘဝတစ်ကွေ ့မှာ မလွဲမသွေ ထပ်မံတွေ ့ဆုံကြရဦးမှာပါ။ ဒကာလေးနဲ့ ဒကာမလေးက ရေစက်ပါပြီးသား။ ဘာလို့လည်း ဆိုတော့ ဒကာမလေးတကယ်တမ်း ကိုယ်ယောင်ပြလို့ရတာ ဦးဇင်းနဲ့ ဒကာလေးနှစ်ယောက်ပဲရှိလို့ပါပဲ။ ဒါကို ဒကာမလေးက မသိဘဲ သူကိုယ်ယောင်ပြချ င်သူအားလုံးက သူ့ကိုမြင်နိုင်တယ်လို့ အထင်မှားနေရှာတာ။ ''





စသဖြင့် ဦးဇင်းကြီးက တည်ငြိမ့်ကိုလည်း နှစ်သိမ့်အားပေးလေသည်။ တည်ငြိမ်လည်း စိတ်မကောင်းစွာဖြင့်ပင်





'' တင်ပါ့ဘုရား. . .''





ဟု ပြောလိုက်ရလေတော့၏။





'' အင်းးး နောက်တစ်ခု ပြောချ င်တာက ဦးဇင်းရယ် ဒကာလေးဖေဖေဦးစစ်မြို င်ရယ် ဆုံးသွားတဲ့ ဒကာကြီး ဦးချ မ်းသာရယ် အဲ့ဒီသုံးယောက်အကြောင်းပဲ။ တကယ်တော့ ဒကာလေးဖေဖေနဲ့ ဦးဇင်းက ရွယ်တူ ငယ်သူငယ်ချ င်းတွေပေါ့။ သစ်တောကျေ ာင်းလည်း အတူတူပြီးခဲ့ကြတာ။ ဦးချ မ်းသာက ဦးဇင်းတို့ထက်စာရင် အသက် ၄ နှစ်လောက်ပိုကြီးတယ်။ ဦးဇင်းတို့ သူငယ်ချ င်းနှစ်ယောက် သစ်တောဌာနမှာ တောခေါင်းရာထူးတွေနဲ့ အတူတူ အလုပ်ဝင်ကြတော့မှ ဦးချ မ်းသာနဲ့ စတွေ့ကြရတာ။ အဲ့ဒီအချ ိန်မှာ သူက တောအုပ်ကြီးဖြစ်နပြီလေ။ ဦးဇင်းတို့က သူ့လက်အောက်မှာ အလုပ်လုပ်ကြရတာပေါ့။





ဦးချ မ်းသာဟာ လောဘကြီးတယ်။ မြာပွေတယ်။ လာဘ်စားတယ်။ အရက်သောက်တယ်။ သူမျ ားသားပျ ို သမီးပျ ို တွေကို ကြုံ ရင် ကြုံ သလို ဖျ က်ဆီးတယ်။ ပြောရရင် ဆိုးဝါးတဲ့ အမူအကျ င့်တွေ အပြည့်ရှိတဲ့သူပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ဘယ်ဘဝက သံယောဇဉ်မှန်းမသိဘဲ ဦးဇင်းတို့ သူငယ်ချ င်းနှစ်ယောက်အပေါ်မှာတော့ သူဟာသိပ်ကို ဂရုစိုက် ခင်တွယ်ခဲ့တယ်။ ကာကွယ်စောင့်ရှောက်တယ်။ သူဟာ အကျ င့်မကောင်းပေမယ့် ပညာတော်ပြီး ဗဟုသုတကြွယ်ဝသူဖြစ်တာကြောင့် သူ့ဆီကနေ တောနဲ့တောင်နဲ့ပတ်သက်တဲ့ ပညာဗဟုသုတတွေ ဦဇင်းတို့ အမျ ားကြီးရခဲ့ကြတယ်။





ဒါ့အပြင် သူက ဦးဇင်းတို့ရဲ ့ အသက်ကိုလည်း ကယ်တင်ခဲ့ဖူးတယ်။ မြွေအန္တရာယ်က တစ်ကြိမ် ကျ ားအန္တရာယ်က တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ဒကာဦးစစ်မြို င်အသက်ကိုကယ်တင်ခဲ့ဖူးသလို ဦးဇင်းချေ ာက်ထဲကျ စဉ်ကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး အပွန်းအပဲ့ခံပြီး ကယ်တင်ခဲ့ဖူးတယ်လေ။ ဒါကြောင့် ဦးဇင်းတို့ဟာ သူမကောင်းတာတွေ လုပ်နေမှန်းသိလျှ က်နဲ့ သူ့ကို ချ စ်ခင်လေးစားကြတာပေါ့။





အစပိုင်းတော့ တပည့်ကောင်းပီပီ သူ့လုပ်ရပ်တွေကို ဦးဇင်းတို့ တားခဲ့ကြပါသေးတယ်။ ဒါပေမယ့်မရတဲ့အဆုံး ကိုယ့်ဆြာ ကိုယ့်အထက်လူကြီးလည်းဖြစ်နေတာကြောင့် ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတော့တာပေါ့။ ဦးဇင်းတို့နဲ့ သူနဲ့ သုံး လေးနှစ် အလုပ်တွဲလုပ်ပြီးတဲ့ အချ ိန်မှာတော့ သူ့အကြောင်းတွေကို ဦးဇင်းတို့ မိဘတွေက သိသွားပြီး အထက်ကိုပေးကောင်းပေးရာပေးလို့ သူနဲ့ဝေးအောင် လူခွဲပြစ်လိုက်ကြတော့တယ်။ ဒါပေမယ့် ဦးဇင်းတို့နှစ်ယောက်စလုံး သူ့အဆက်အသွယ်တော့ မပြတ်ခဲ့ပါဘူး။





ဒီလိုနဲ့ အသက်တွေကြီးလာတော့ ဒကာလေးဖေဖေဦးစစ်မြို င်က ပညာတော်ပြီး အထက်လူကြီး ချ စ်တာကြောင့် သစ်တောမင်းကြီးအထိဖြစ်သွားတယ်။ ဦးဇင်းကတော့ သစ်တောဝန်ထောက်ဘဝနဲ့ပင်ဆင်ယူခဲ့ပြီး ဒကာကြီး ဦးချ မ်းသာကတော့ သစ်ခိုးမှု လာဘ်စာူမှုတွေမှာ သံသယအဖြစ်ခံရတာကြောင့် ရာထူးဆက်မတက်တော့ဘဲ တိုင်းမန်နေဂျ ာဘဝမှာပဲ လမ်းဆုံးခဲ့ရတယ်လေ။





ဦးဇင်းတို့သုံးယောက် အတူတူအလုပ်လုပ်စဉ်က ဦးချ မ်းသာဟာ အင်မတန် ရက်စက်ပြီး မလုပ်သင့်မလုပ်အပ်တဲ့ ကိစ္စတစ်ခုကိုကျ ူ းလွန်ခဲ့တယ်။ ဦးဇင်းတို့ကလည်း သူ့ရဲ ့ကျေ းဇူးတွေကို ထောက်ထားပြီး အဲ့ဒီကိစ္စကို ထိန်ချ န်ထားခဲ့ကြတယ်။ ဒကာလေးတို့ကို ခုခေါ်လိုက်တာက အဲ့ဒီအကြောင်းကို ဦးဇင်းပြောပြချ င်လို့ပဲ။ ဒါပေမယ့် အဲ့ဒီအကြောင်းအရာတွေထဲမှာ ရဟန်းနဲ့မအပ်စပ်တာတွေပါတာမို့ ဦးဇင်းကိုယ်တိုင်တော့ပြောမပြတော့ဘူး။ ကပ္ပိယကြီးက ဆက်ပြီး ဒကာလေးတို့နားလည်အောင် ပြောပြလိမ့်မယ်။





ကပ္ပိယကြီး ပြောသမျှ နားထောင်ပြီးရင်တော့ ဒကာလေးတို့လည်းပြန်ကြတော့ ဦးဇဉ်းလည်း တရားဆက်ထိုက်လိုက်ဦးမယ်။





အင်းးး သဗ္ဗေသင်္ခါရ အနိစ္စ ပါတကားးး ''





ဟု ရှည်လျှ ားစွာ မိန့်ကြားပြီး ကောက်ကာငင်ကာ ထထွက်သွားသဖြင့် တည်ငြိမ်တို့လည်း ကပြာကယာ ဝတ်ပြု လိုက်ရလေတော့သည်။



.



.



.





'' သက်ထားဖြူ ဖေဖေ အလုပ်စဝင်တော့ သက်ထားဖြူ ဘယ်အရွယ်ရှိပြီလဲ ''



ဇရပ်ဆီသို့ ဖြေးဖြေးခြင်းလှမ်းလာနေသည့် ကပ္ပိယကြီးကို ကြည့်ရင်း တည်ငြိမ်က မေးလိုက်ရာ သူမက တွေးတွေးဆဆ အမူအရာဖြင့်





'' အင်းးး ဖေဖေက အိမ်ထောင်ပြု စောပြီး အလုပ်ဝင် နဲနဲ နောက်ကျ တော့ အဲ့ဒီအချ ိန်သက်ထားက ၁၀ နှစ် ၁၁ နှစ်လောက်တော့ရှိကရောပေါ့။ ဒါပေမယ့် သက်ထားတောထဲကိုတစ်ခေါက်မှ မလိုက်ဖူးဘူး။ မြို ့က အဖိုးတွေ အဖွားတွေအိမ်မှာပဲ ကျေ ာင်းတက်ရင်း မေမေနဲ့ အတူတူ နေခဲ့ရတာ ''





ဟု ပြန်လည်ဖြေကြားလေသည်။





'' ကိုကတော့ အဲ့ဒီအချ ိန်မှာ ၁၃ နှစ်လောက်ရှိပြီလားပဲ။ ကိုလည်း သက်ထားလိုပဲ။ ငယ်ငယ်က တောထဲကို တစ်ခါမှ မလိုက်ဖူးဘူး။ ပြည်အိမ်မှာပဲ ကျ န်ခဲ့ရတာ ''





'' ဘာဇာတ်လမ်းတွေ ကြားရဦးမလဲမသိဘူးနော် . . . .''





'' ကိုလည်း မပြောတတ်တော့ဘူး။ သေခြာတာကတော့ စိတ်ဝင်စားစရာကောင်းလောက်တယ်. . . . . ''









တောအုပ် ကိုချ မ်းသာ တို့တာဝန်ယူရသော ပဲခူးရိုးမအရှေ ့ခြမ်းတောတွင်းတစ်နေရာတွင် မုဆိုးအိမ်လေးတစ်လုံးရှိလေသည်။ ထိုအိမ်လေးတွင် မုဆိုးစောအယ်မောင်နှင့် ဇနီးဖြစ်သူ မမြရင်တို့နေထိုင်ကြကာ ၎င်းတို့တွင် ခုနှစ်နှစ် ရှစ်နှစ်အရွယ် သားငယ်လေးတစ်ဦးလည်းရှိလေ၏။ ထိုအရပ်ဒေသသည် ရွာနှင့်လည်း အတော်အတန်အလှမ်းကွာဝေးလှပြီး နေ့ဝက်ခရီးမျှ သွားလာရသောကြောင့် ကိုချ မ်းသာတို့ဆြာတပည့်တစ်သိုက်သည် တောစစ်သွားသည့်အခါတိုင်း ထိုအိမ်ကလေးတွင် ဝင်ရောက်နှုတ်ဆက်ကာ ရေသောက်ခြင်း ခေတ္တအနားယူခြင်းအမှုတို့ကို ပြု ကြကုန်၏။





မုဆိုးမိသားစုမှာလည်း တောသူ တောင်သားမျ ားပီပီ ရိုးသားခင်မင်တတ်သဖြင့် အချ ိန်ကြာလာသည်နှင့်အမျှ ထိုမုဆိုးအိမ်လေးသည် ကိုချ မ်းသာတို့အတွက် စားအိမ်သောက်အိမ် သဘောမျ ို းဖြစ်လာခဲ့လေတော့သည်။ စောအယ်မောင်သည် တောတွင်း၌နေထိုင်ကာ ဓား ဒူးလေး တို့ကို ဆွဲကိုင်သဖြင့် မုဆိုးဟုနာမည်တပ်ရသော်လည်း တကယ်တမ်းမှာမူ မုဆိုးစစ်စစ်မဟုတ်ဘဲ ဆေးမြစ်ဆေးဥမျ ားကို ရှာဖွေတူးဖော်ကာ မြို ့ရွာမျ ားသို့ သွားရောက်ရောင်းချ ခြင်းအလုပ်ကို လုပ်ကိုင်သူဖြစ်လေသည်။ ထို့ကြောင့် ၎င်းသည် အိမ်တွင် အချ ိန်ပြည့် ရှိမနေနိုင်ဘဲ တစ်ခါတလေ တောအုပ်တို့အဖွဲ ့ ရောက်ရှိလာချ ိန်တွင် မမြရင်နှင့် သားငယ်လေးကသာ ဧည့်ခံ ကျေွ းမွေးရလေ၏။





နောက်ပိုင်း ရင်းနှီးမှုပိုမိုလာသောအခါ ကိုချ မ်းသာ၏ စပ်စုမှုကြောင့် မမြရင်သည် ရွာတစ်ရွာမှ ကွမ်းတောင်ကိုင်တစ်ဦးဖြစ်ကြောင်း . . မိဘမျ ားသဘောမတူသော ချ စ်သူ စောအယ်မောင်နှင့်ခိုးရာလိုက်ပြေးသည့်ညတွင် သူမအားပိုးပမ်းနေသော သူကြီးသားပေစိကပိတ်ပင်တားဆီးသဖြင့် စောအယ်မောင်နှင့်အချ င်းမျ ားကြကာ ဓားဖြင့်ခုတ်ခဲ့မိကြောင်း. . .ထို့နောက် ဤနေရာသို့ ထွက်ပြေးရောက်ရှိလာကာ စောအယ်မောင်က ၎င်းတတ်ထားသည့် ဆေးပညာဖြင့် ဆေးမြစ်မျ ားတူးဖော်ပြီး သူကြီးမင်းလက်လှမ်းမမှီသော မြို ့ ရွာမျ ားသို့ သွားရောက်ရောင်းချ လျှ က် အသက်မွေးနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း. . . . သိရှိရလေသည်။





ဤသို့ဖြင့် မုဆိုးစောအယ်မောင်တို့ မိသားစုနှင့် တောအုပ်ကိုချ မ်းသာတို့ ဆြာတပည့်သုံးဦးသည် ခင်မင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြပြီးနောက် တစ်နေ့သောအခါတွင် တောစစ်ဝင်လာရင်း ကိုချ မ်းသာက မကြံအပ်သည့်အရာကို ကြံစည်လေတော့သည်။





'' ဟေ့. . .ငါ့တပည့်တွေ။ ဆြာကတော့ ဒီနေ့ ဟိုကောင်စောအယ်မောင် အိမ်မှာရှိမနေဘူးဆိုရင် မမြရင်ကို မရရအောင်ကြံတော့မယ်။ ဒီမိန်းမက တောထဲတောင်ထဲမှာသာနေတာ ရုပ်ရည်ကမြို ့သူရှုံးအောင်လှတယ်။ ခန္ဓာကိုယ်ကလည်း တင်းတင်းရင်းမို့မို့မောက်မောက်နဲ့ အချ ို းအဆစ်ကျ ချ က်က ဘာမှပြောစရာမရှိဘူး။ ကလေးတစ်ယောက်အမေဆိုပေမယ့် ငါ့မျ က်စိထဲမှာတော့ သူမဟာ တကယ့်ကို ကာမနတ်သမီးလေးတစ်ပါးပဲ ''





ဟူ၍ ကိုချ မ်းသာသည် တဏှာရူးပီပီ ကျေွ းမွေးစောင့်ရှောက်ခဲ့သည့်ကျေ းဇူးကိုမှမထောက် သူတပါးသားမယားကို ကျ ူ းလွန်စပ်ယှက်ဖို့ရာ အကြံကြီး ကြံစည်လေ၏။ တပည့်ဖြစ်သူ စစ်မြို င်နှင့် လှဘူး တို့သူငယ်ချ င်းနှစ်ယောက်လည်း . . .ထိုသို့လုပ်ရန်မသင့်ကြောင်း . . . စောအယ်မောင်တို့ကျေ းဇူးမျ ား မိမိတို့အပေါ်မှာ မျ ားစွာရှိကြောင်း . ဆန္ဒရှိပါက ရွာတိုင်းလိုလိုတွင် ဆြာ့ကဲ့သို့အရာရှိအရာခံတစ်ဦးနှင့် မေတ္တာမျှ လိုသည့်ပျ ို ဖြူ ချေ ာမျ ား မျ ားစွာရှိကြောင်း . . .ယခုကိစ္စမှာမူ သားတစ်ယောက်မိခင် သူတပါး၏သားမယားဖြစ်ကြောင်း . . . စသဖြင့် တတ်စွမ်းသမျှ နားချ ပြောကြားခဲ့ကြသော်လည်း ကိုချ မ်းသာ၏ မိုက်ရိုင်းယုတ်မာမှုတို့ကို မတွန်းလှန်နိုင်ဘဲ နောက်ဆုံးတွင် ဆြာ့အလိုကိုသာ လိုက်လျေ ာခဲ့ကြရလေတော့သည်။





'' အိမ်ထဲဝင်ကြည့်လို့ ဟိုကောင်မရှိရင် စစ်မြို င်က ကလေးကို တစ်နေရာရာ ချေ ာ့ခေါ်သွား။ လှဘူးက အိမ်နားမှာနေပြီး ဟိုကောင်ပြန်လာ မလာ ကို ကင်းစောင့်ပေး။ ပြန်လာရင် အိမ်ထရံကို ခင်ပြင်းပြင်ပုတ်လိုက်။ ကျ န်တဲ့ ဇာတ်လမ်း ငါ့ဟာငါ ကြည့်ကမယ် ''





စောအယ်မောင်၏အိမ်သို့မရောက်ခင် တောအုပ်ကိုချ မ်းသာက တပည့်မျ ားကို တာဝန်ကိုယ်စီခွဲပေးလိုက်လေသည်။





မမြရင်မှာကား ကံဆိုးလှပေသည်။ ယနေ့ စောအယ်မောင် အိမ်တွင်ရှိမနေပေ။ ကိုချ မ်းသာတို့ အိမ်ထဲသို့ဝင်လာချ ိန်တွင် သူမသည် ထမင်းချ က်ပြု တ်ရန် ပြင်ဆင်နေလေသည်။ သားကလေးမှာမူ ကွပ်ပြစ်တစ်ခုပေါ်တွင် ဝါးရုပ်တစ်ခုဖြင့် စော့နေလေ၏။





'' စောအယ်မောင်ကြီး ဘယ်သွားလည်း ''





ကိုချ မ်းသာက နှုတ်ဆက်မေးမြန်းလိုက်ရာ





'' ဟော. . .တောအုပ်ကြီးတို့ပါလား။ လာကြ လာကြ။ ရှင်တို့ မိတ်ဆွေက ဒီမနက်တင် ဆေးမြစ်တွေရောင်းဖို့ မြို ့တက်သွားတယ် ''





ဟု မမြရင်က ပြန်လည်နှုတ်ဆက်ကာ ခရီးဦးကြိုပြု လေသည်။ ထိုနောက် ကိုချ မ်းသာက တပည့်နှစ်ယောက်ကို မျ က်ရိပ်ပြလိုက်ရာ စစ်မြို င်က ကလေးရှိရာသို့သွား၍





'' ဟို ဘက်နားလေးမှာ တောကြောင်ပေါက်လေးတွေ တွေ့ခဲ့တယ်။ သားသားလိုက်ကြည့်မလား ''





ဟု ဆိုကာ ကလေးကို အပြင်ဝေးရာသို့ခေါ်ထုတ်သွားပြီး လှဘူးမှာလည်း မယောင်မလည်ဖြင့် တဲအပြင်သို့ ထွက်ခွာလာခဲ့ကာ စောအယ်မောင်၏ အရိပ်အခြေကို စောင့်ကြည့်နေလိုက်လေတော့သည်။





တပည့်မျ ားထွက်ခွာသွားပြီးနောက် ကိုချ မ်းသာသည် မမြင်ရင်နားသို့တိုးကပ်သွားပြီး ဆွဲပွေ့နမ်းရှုံ ့ကာ ဘလက်ကာယမှုကို စတင်ကျ ူ းလွန်ပါတော့သည်။





'' အို . . .အို . .ဘယ် ဘယ် နှယ်။ တော. . .တော အုပ်ကြီးးး



အို. . . .လွှတ် လွှတ်ပါ ။ ရှင် . . .ရှင် . . .မယုတ် မာ နဲ့ နော် . . .''





'' ချ စ်လို့ပါ မြရင်လေးရယ်။ မင်းလေးက ငါ့ကို ဆွဲဆောင် နိုင်လွန်းလှတယ် ''





'' လွှတ် လွှတ် စမ်းး ။ လူ ယုတ်မာကြီးး။ ဗြိ . .အ. . .အမလေးး ကို ရေ . . .''





'' လှ လိုက်တာ မြရင် လေးးရယ် . . . . ဖွေး ဥ နေတာပဲ ''





'' သေနာကြီး မသာကြီး ငါ့ကို ခုလွှတ် . . လွှတ်စမ်းးး ''





'' မလွှတ် ဘူးကွာ။ မလွှတ်ဘူးး။ ဒီနေ့ ငါမင်းကို မရ ရအောင်ကြံမှာ ရှင်းလားး ''





'' အီးး ဟီးးး ဟီးးးးးး ကျွ န် ကျွ န် မ ကို သ သနားး ပါ တော အုပ်ကြီး ရယ်. . . .။ ကျွ န် ကျွ န် မ က လင် လင်နဲ့ သား နဲ့ ပါ။ မ မသင့်ပါ ဘူးး ရှင် ရယ်. .ဟီးး ဟီးးး ဟင့် ''





လှဘူးလည်း တဲအတွင်းမှ အသံဗလံမျ ားကို နားထောင်ကာ ခေါင်းကို ခပ်လေးလေး ခါရမ်းလိုက်လေတော့သည်။





ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ မမြရင်၏ ရုန်းကန်အော်ဟစ် ငိုကြွေးသံမျ ားခေတ္တမျှ တိတ်ဆိတ်သွားပြီး ကိုချ မ်းသာ၏စကားသံ ပြန်လည်ထွက်ပေါ်လာလေသည်။





'' လိမ္မာစမ်းပါ မြရင်ရယ်. . .လိမ္မာရင် နင့်အတွက်ချ ည်းပဲ။ ဒီကိစ္စ နင်ပြောမှ စောအယ်မောင်သိမှာပါ။ နင်မပြောရင် ဘာမှသိစရာမရှိဘူး။





နင် ငါ့အလိုကို ကောင်းကောင်းမွန်မွန်လိုက်ရင် နင့်အတွက် အကျ ို းမယုတ်စေရပါဘူး။ မဟုတ်ရင်တော့ နင့်လင်ကို ဓားခုတ်မှု အပြင် သစ်ခိုးမှုနဲ့ပါ အမှုဆင်ပြီး ငါတရားစွဲမယ်။ ခု သစ်ခိုးမှုကို နိုင်ငံတော်က အရမ်းကို တင်းကျ ပ်နေတာ။ တချ ို ့တွေဆို သေဒဏ်တောင်ပေးတယ်။ ငါသာသစ်ခိုးမှုနဲ့ နင်တို့ကို တရားစွဲရင် နင့်လင်တင်မဟုတ်ဘူး နင်တို့မိသားစုတစ်စုလုံးပါမယ်။နင့်လင်နဲ့ နင်က ထောင်ကြမယ် ။ နင့်သားလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးထောင်ရောက်မယ်။ စဉ်းစားပေါ့ဟာ . .။





နောက်တစ်ခါ ငါလာရင် နင်ကြည်ကြည်ဖြူ ဖြူ ဖြစ်နေတာပဲ ငါလိုချ င်တယ်။ ငါမရက်စက်ချ င်ဘူး . . .ကြားလား ။ ကဲ. . .ငါသွားမယ် ။ ''





ထိုနောက် တောအုပ်ကိုချ မ်းသာက အပေါ်အကျၤ ီကိုပြန်ဝတ်ရင်း တဲအိမ်ကလေးထဲမှ ပြန်လည်ထွက်ခွာလာပြီး တပည့်ဖြစ်သူ လှဘူး ဘက်သို့လှည့်ကာ





'' ကိစ္စပြီးပြီ. . .သွားကြမယ်။ စစ်မြို င်ကို ခေါ်ကွာ ''





ဟု အမိန့်ပေးလိုက်လေ၏။ တဲအတွင်း ကွပ်ပြစ်ပေါ်တွင်တော့ မမြင်ရင်သည် ပြေကျ နေသော ထဘီလေးကို လက်နှစ်ဘက်ဖြင့်စွဲကိုင်လျှ က် ကျ ုံ ့ကျ ုံ ့ လေးထိုင်ကာ





'' တ အင့် အင့် . . .'' ငိုရှိုက်ရင်း ကျ န်ရစ်ခဲ့လေတော့သည်။











နောက်ထပ် တစ်ပတ်ဆယ်ရက်ကြာသောအခါ မမြရင်တို့ထံသို့ တောအုပ်ကိုချ မ်းသာတို့ ရောက်ခဲ့ကြပြန်သည်။ သို့သော် စောအယ်မောင် ရှိနေသဖြင့် အလုပ်မဖြစ်ခဲ့။ အခြေအနေတော့ ကောင်းလေသည်။ မမြရင်က စောအယ်မောင်ကို ဘာမှပြောပုံမပေါ်။ ကိုချ မ်းသာတို့လည်း စားသောက်ပြီး ပြန်ခဲ့ကြလေသည်။ သဘက်ခါတွင် တောထဲသွားမည်ဖြစ်ကြောင်းကိုလည်း စောအယ်မောင်ထံမှ သိရှိခ့ဲရလေ၏။



.



.



.



ဒီတစ်ခါတော့ အပြင်းအထန် အော်ဟစ်တွန်းထိုးသံမျ ား ကိုတော့ မကြားရတော့ပေ။





'' ဖြစ်နိုင်ရင် မလုပ်ပါနဲ့လားရှင်. . .ကျွ န်မကို ချ မ်းသာပေးပါတော့နော် . . .''





'' မရဘူး မြရင်။ ကိုယ် မင်းကိုအရမ်း အရမ်းစွဲလန်းနေမိပြီလေ ဟဲ ဟဲ . . .''





'' ကျွ န်မရဲ ့ ဝတ်ကြွေးကကို ကြီးပါတယ်ရှင် . . .ဟီးးးး ဟင့် ဟင့် ဟီးးး ''





'' လာပါ မြရင် ရယ်. . .အချ ိန်တွေ ကုန်ပါတယ် . . .''





'' အ. . . .အို ဖြေး ဖြေး . . . .အမေ့ . . . .အို . . . . ''





တဲအတွင်းမှ ဆက်လက်ထွင်ပေါ်လာသော အသံမျ ားကို လှဘူး ကင်းစောင့်ရင်းကြားနေရဆဲ။ စစ်မြို င်ကတော့ ခပ်လှမ်းလှမ်းတစ်နေရာတွင် ကလေးနှင့် ဆော့ကစားလျှ က်။



.



.



.



ဤသို့ဖြင့် တောအုပ်ကိုချ မ်းသာသည် အခွင့်သင့်ရင်သင့်သလို မမြရင်၏အသွေးအသားတို့ကို အကြိမ်ကြိမ်လာရောက်ဖဲ့ခြွေ စားသုံးနေလေတော့သည်။ တပည့်မျ ားဖြစ်ကြသည့် လှဘူးနှင့် စစ်မြို င်တို့လည်း ကိုယ့်ဆြာကို တားမရသည့်အဆုံးတွင် စောအယ်မောင်သိ၍မဖြစ်သင့်တာတွေ မဖြစ်ရလေအောင်ကိုသာ အလေးပေးလ့ို ကိုယ်စီတာဝန်မျ ားကို ကြေပြွန်စွာထမ်းရွက်လိုက်ကြလေတော့၏။





အစပိုင်း တစ်ခါနှစ်ခါတွင် မမြရင်သည် တောအုပ် ကိုချ မ်းသာ၏ အလိုကိုလိုက်ရန် ငြင်းဆိုကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ တောသားလူရိုးစောအယ်မောင်ထက်စာလျှ င် မျ ားစွာမိန်းမကြမ်းကြေလှသည့် ကိုချ မ်းသာ၏ အပြု အစု အယုအယမျ ားအောက်တွင် သာယာနစ်မြောသွားရင်း စိတ်ပါလက်ပါ ဖြစ်သွားရလေတော့သည်။





ထို့အပြင် မမြရင်သည် ကိုချ မ်းသာနှင့် တွေ့ဆုံစပ်ယှက်ရခြင်းကို ကြေနပ်နှစ်သက်လာသည့်အားလျေှ ာ်စွာ ၎င်းအတွက် တောကြက်ဥ နွားတို့ စသည်တို့ကို ကြို တင်စီစဉ်ပေးထားခြင်း . . . စောအယ်မောင် မည်သည့်နေ့တွင် မြို ့တက်မည် မည်သည့်နေ့တွင် တောထဲသွားမည် စသဖြင့် သတင်းမျ ားကြို ပေးခြင်း တို့ကို လုပ်ဆောင်လာခဲ့လေသည်။





ကိုချ မ်းသာလည်း နီးနီးကပ်ကပ် ပေါင်းသင်းဆက်ဆံကြည့်သောအခါမှပင် မမြင်ရင်သည် တဏှာရမ္မက်ကြီးသော မိန်းမတစ်ယောက်ဖြစ်ကြောင်း သိရှိရသဖြင့် မျ ားစွာ ပီတိဖြာ၍နေလေတော့သည်။





'' တွေ ့လား. . .မင်းတို့ ဆြာ ဘယ်လောက်ပိုင်ထားလည်း ''





ဟု တပည့်မျ ားရှေ ့တွင် လက်မတထောင်ထောင်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာလည်း ပြောဆိုတတ်သေး၏။



.



.



.



တစ်နေ့တွင် ကိုချ မ်းသာတို့လူစု ရောက်လာသောအခါ မမြရင်က တဲအပြင်သို့ထွက်လာပြီး ကိုချ မ်းသာနားသို့ကပ်ကာ . . .





'' စောအယ်မောင်တော့မရှိဘူး။ ဒါ ဒါ ပေမယ့် ဒီ ဒီနေ့တော့ ကျွ န်မတို့ တွေ ့ဖို့အဆင်မပြေဘူးထင်တယ်။ သား သားလေးက ဖျ ားပြီး အိပ်နေတယ် ''





ဟု ဆီးပြောလေ၏။ ထိုအခါ ကိုချ မ်းသာက . . .





'' ကလေးက အိပ်နေတာ မဟုတ်ဘူးလား ''





'' ဟုတ်တယ် နေမကောင်းတော့ မဆူနိုင်ဘူးဖြစ်နေတာ။ အဲ့ အဲ့တာ မြရင် . . . .''





'' ကလေးရှိတော့ကော ဘာဖြစ်လည်း မြရင်ရယ်။ သားလေးက အိပ်နေတာဘဲ။ သူ ဘာမှသိမှာမဟုတ်ပါဘူးး''





'' အို. . . ခက်တော့တာပဲရှင် . . .ကျွ န်မတော့သေချ င်တာပါပဲ။ တကယ်တည်းးကိုးးး . . .''





'' မခက်ပါဘူး မြရင်ရယ် . . . လာပါ . . .ဟိုဘက် ကွပ်ပြစ်မှ ခဏတဖြု တ်လောက်တော့ ချ စ်ကြရအောင်။ ဒီက အဝေးကြီးက လာခဲ့ရတာဗျ ''





ဟု ကိုချ မ်းသာက ဇွတ်အတင်းပူဆာရင်း မမြင်ရင်၏ ပုခုံးကို သိုင်းဖက်ကာ တဲအိမ်လေးအတွင်းသို့ ဆွဲခေါ်သွားလေတော့သည်။





'' အို . . .ရှင်ရယ်. . .သိပ် သိပ်ကဲတာပဲ. . .အို . . .လူဆိုးကြီး . . .ခစ် ခစ် ခစ် လွှတ်ပါ . . . .အို . . .အ . . .အမေ့ ''





လှဘူးနှင့် စစ်မြို င်လည်း ကလေးထိန်းမည့် တာဝန်တစ်ခုပေါ့သွားသဖြင့် ခပ်လှမ်းလှမ်းရှိ ပိန္နဲပင်ကြီး အောက်သို့သွားကာ စကားပြောရင်း ကင်းစောင့်ပေးနေလိုက်တော့၏။ ကိစ္စပြီးသောအခါ ကိုချ မ်းသားတို့လည်း ကလေးအတွက် လိုအပ်သည့်ဆေးဝါးမျ ားနှင့် ငါးသေတ္တာဘူးမျ ားကိုပါ ပေးခဲ့ပြီး ပြန်ခဲ့ကြလေတော့သည်။









မမြရင် တစ်ယောက်တည်း တွေ ့ရလေသည်။ စောအယ်မောင်နှင့် သားလေးက မနက်အစောကြီးထကာ ဆေးမြစ်ရောင်းသွားကြလေပြီ။ ဒီတစ်ခါ မြို ့အထိတက်မည် ဆို၏။ သားလေးကိုလည်း ဆေးဝင်ပြမည် ဟုဆိုလေသည်။





ထိုသတင်းကိုကြားလိုက်ရလျှ င် တဏှာရူးတောအုပ် ကိုချ မ်းသာ၏ မျ က်နှာသည့် မှိုရသည့်သူအလား ပြုံ းရွှင်ဝင်းပသွားကာ





'' သွား သွား ငါ့တပည့်တွေ . . .။ စောအယ်မောင်က မြို ့အထိတက်မှာဆိုတော့ တစ်နေကုန်မှာ. . .ကင်းလည်းဆောင့်ပေးစရာမလိုဘူး။ ကလေးလည်း မရှိတုန်း ငါ မြရင်ကို လွတ်လွတ်လပ်လပ် တစ်ဝကြီး ချ စ်ပြစ်လိုက်ဦးမယ်။ မင်းတို့တွေ ခပ်ဝေးဝေးမှာသွား ရှောင်နေကြ ''





ဟု အရှက်တရားကင်းမဲ့စွာ မမြရင်ရှေ ့မှာပင် တပည့်နှစ်ဦးကို ပြောဆို နှင်ထုတ်လိုက်လေသည်။ မမြရင်ကတော့. . .





'' အို . . .တော တောအုပ်ကြီးကလည်းး။ ဘာတွေပြောနေတာလည်းရှင် ရှက်စရာကြီးး ''





ဟူ၍ အရှက်သည်းလျှ က် ခေါင်းလေးငုံ့ကာ ခပ်မူမူလေး လုပ်၍နေလေတော့သည်။





လှဘူးတို့ သူငယ်ချ င်းနှစ်ယောက်လည်း ဆြာ၏မောင်းထုတ်မှုကြောင့် ခပ်လှမ်းလှမ်းရှိ တောင်သလဲပင် အောက်သို့ထွက်လာကြကာ ရောက်တတ်ရာရာစကားမျ ားပြောဆိုနေကြလေကုန်၏။ ဆြာကိုချ မ်းသာကတော့ အသားကုန်ပွဲကြမ်းနေပုံရသည်။ တဲအိမ်ကလေးနှင့် လှဘူးတို့ထိုင်နေသည့်နေရမှာ အတော်အတန်ကွာဝေးလှသော်လည်း တခါတခါထွက်ပေါ်လာသည့် မမြရင်၏ အသံစူးစူးတွေက လှဘူးတို့နားထဲသို့ တိုးဝင်လာလေသည်။





'' ဟောင့် စစ်မြို င် အသံတွေကြားတယ်မဟုတ်လား. . . ။တို့ဆြာကတော့ အပြတ်ကို ဆွဲနေပြီ။ ဒီအတိုင်းဆိုရင် မဖြစ်ဘူး။ တို့ပါ စိတ်ပါလာပြီး သွားချေ ာင်းမိလိမ့်မယ်။ အဲဒီတော့ ငါနဲ့မင်းနဲ့ စိတ်ပြေလက်ပျေ ာက်ဖြစ်သွားအောင် တောင်သလဲသီးတက်ခူးစားကြမယ် ''





လှဘူးက စစ်မြို င်ကို စည်းရုံးလေသည်။ ထိုအခါ စစ်မြို င်ကလည်း





'' အေးကွ. . .ငါလည်း အိမ်က မိန်းမကိုလွမ်းနေတာ။ ဆြာလုပ်ပုံက တစ်ခါတစ်ခါ ငါတို့ကို သိပ်အနေခက်စေတာပဲ ''





ဟု ခပ်ငြီးငြီးပြန်လည်ပြောကြားလိုက်ပြီး သူငယ်ချ င်းနှစ်ယောက် တောင်သလဲပင်ပေါ်သို့ တက်ခဲ့ကြလေတော့သည်။



.



.



.



အော်သံဟစ်သံမျ ား သေနတ်ပစ်ဖောက်သံမျ ား ကြားရ၍ လှဘူးတို့သူငယ်ချ င်းနှစ်ယောက် သစ်ပင်ပေါ်မှ ကပြာကယာဆင်းပြီး တဲအိမ်လေးဘက်သို့ အသော့ပြေးခဲ့ကြလေတော့သည်။ တဲအတွင်းသို့ကြည့်လိုက်တော့ မြင်ကွင်းကမကောင်းလှ။





သွေးမျ ားပေကြံနေသည့် ဓားကြီးကို ကိုင်ကာ စောအယ်မောင်က တဲထရံကိုမှီပြီး အသက်ပျေ ာက်နေသည်။ နဖူးတွင်တည့်တည့်တွင်လည်း သေနတ် ကြည်ပေါက်ဖြင့်။ အိပ်ယာထက်တွင် မမြရင်က အဝတ်အစားကင်းမဲ့သော ကိုယ်ခန္ဓာဖွေးဖွေးကြီးနှင့် သွေးသံတရဲရဲ။





လှဘူးတို့လည်း ထိုအနိဋ္ဌာရုံမြင်ကွင်းမျ ားကို ကြောင်ကြည့်နေကြစဉ် တောအုပ်ကိုချ မ်းသာက အဝတ်အစားမျ ားကို ကပြာကယာကောက်လျှ ို လျှ က်





'' အ အ အမလေး ကံကောင်းလို့ ။ ငါ ငါ နဲ့ မြရင် ပွဲကောင်းနေတန်း စောအယ်မောင် ရောက်လာပြီး ဓားနဲ့ဝင်ပိုင်းတာ . . . .





တော် တော် သေးလို့။ မြ မြ ရင်က ငါ့ အပေါ်ရောက်နေတဲ့ အချ ိန်မို့လို့ ငါ့ကို မခုတ် မိဘဲ မြရင်ကို ထိသွားတာ . . . .





ငါ ငါလည်း မြရင်ကို ဘေးတွန်းချ လိုက်ပြီး အနားမှာ အသင့်ထားတဲ့ ခြောက်လုံး ပြူ းနဲ ့ ပြန်ဆော်ထည့်လိုက်တာ။ နဖူး တည့်တည့် မှန်ပြီး ဒီကောင်လည်း မသာပေါ်တော့တာပဲ . . . .





အဲ့ အဲ့ တာ ဟို ခွေးလေး သူ့ဖအေကို သွားပြောလို့ဖြစ်တာ။ ဟိုနေ့က သူ့ဘေးမှာ ငါ နဲ့ မြရင် အတူ နေတာကို ဒင်းလေးက သိ သိ သွားပုံရတယ်။ ခုနက အဲ့သေနာလေးကို ဖြတ်ခနဲမြင်လိုက်သေးတယ်။ နောက်ဖေးပေါက်က ထွက်ပြေးပြီထင်တယ်။





လာ လာ ခုလောလောဆယ် တဲ အပြင်သွားကြမယ် ''





ထိတ်ထိတ်ပြာပြာဖြင့် ပြောဆိုရှင်းပြကာ တပည့်နှစ်ယောက်ကို တဲအပြင်သို့ ဆွဲခေါ်လာခဲ့လေတော့သည်။









ဇာတ်လမ်းစုံခင်းပြပြီး ကပ္ပိယကြီးက မောသွားသည့်ဟန်ဖြင့် ရှေ ့မှ ရေနွေးကြမ်းခွက်ကိုယူကာ ချ ို က်ခနဲ မော့ချ လိုက်လေသည်။





'' နောက်တော့ ဘာဆက်ဖြစ်ကြသေးလဲဟင် . . .''





တည်ငြိမ်က မေးလိုက်လေရာ. . . .





'' ကိုချ မ်းသာတို့က စောအယ်မောင်တို့ လင်မယားနှစ်ယောက်အလောင်းကို မြေမြှပ်လိုက်ကြတယ်။ အိမ်လေးကိုလည်း မီးရှို ့ပြစ်လိုက်ကြတယ်။ ကိုချ မ်းသာက အဲ့ဒီကြောင်းကို တကယ်လို့မျ ားတစ်ယောက်ယောက်သိသွားလို့ ပြသနာတက်လာမယ်ဆိုရင်လည်း သူ့ဘက်က ဘယ်လိုကာကွယ်ချေ ပရမယ်ဆိုတာလည်း ပြင်ဆင်ထားခဲ့တာပေါ့။





ဒါပေမယ့် စောအယ်မောင်တို့မိသားစု အဲ့ဒီနေရာမှာ နေတာကို သိတဲ့သူနည်းပြီး သူတို့ကလည်း အခြားသူတွေနဲ့ အဆက်အစပ် အတော်မရှိတာမို့ ဘာပြသနာမှ မတက်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဆြာတပည့်သုံးယောက်သား ဒီကိစ္စကို ဘယ်သူမှမသိအောင် ဖုံးဖိထားလိုက်ကြတော့တယ် ''





ကပ္ပိယကြီးက ဆက်လက်ဖြေကြားလိုက်ပြီး





'' ဇာတ်လမ်းကတော့ ဒါပါပဲ။ ကဲ . . .ကဲ ပြန်ကြတော့။ အချ ိန်လည်း နှောင်းနေပြီ။ ဦးကြီးလည်း ဦးဇင်းကြီး ရေချ ို းဖို့ ရေခပ်ပေးရဦးမယ် ''





ဟုဆိုကာ တည်ငြိမ်တို့ကို နှင်ထုတ်လေ၏။ တည်ငြိမ်လည်း





'' ဟုတ်ကဲ့ပါ ကပ္ပိယကြီး ''





ဟု ဆိုကာ ကပ္ပိယကြီးကို ဦးသုံးကြိမ်ချ လိုက်လေတော့သည်။





'' အေး အေး သာဓုကွယ် သာဓု သာဓု ကျ န်းမာချ မ်းသာပါစေ ''





ဟူ၍ ဆုမွန်ကောင်း တောင်းပေးရင်းမှ ကိစ္စတစ်ခုကို သတိရသွားသည့် ဟန်ဖြင့် . . .





'' သြော် . . . ပြောဖို့မေ့နေတာ။ အဲ့တာ အရေးကြီးတယ်။ ထွက်ပြေးသွားတဲ့ ကလေးရဲ နာမည်က . . . စောချ စ်ဦး . .တဲ့ ''





ထပ်မံဖြည့်ဆွက် ပြောကြားလိုက်လေ၏။





ကပ္ပိယကြီး၏ နောက်ဆုံးပြော စကာကို ကြားလိုက်ရပြီးနောက်တွင် . . . တည်ငြိမ်သည် ၎င်း၏မျ က်လုံးနှစ်လုံး ပြူ းထွက်သွားကာ ရှိသမျှ သွေးကြောမျ ား ခေါင်းသို့စုပြုံ ထိုးဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရလေတော့သည်။









ဆက်ရန်







အမြင့်ကြောက်သော ငှက်