ပြည့်တန်ဆာ့ ဂုဏ် အပိုင်း ၉





ထိုအချိန်တွင်



" ဖောင်းး "



" အ အမေ့ "



အိမ်ရှေ့ဘက်မှ အသံပြင်းပြင်းတစ်ချက်ထွက်လာပြီး လူဆိုးခေါင်းဆောင် "အမေ" တ ကာ ခွေခနဲကျသွားလေတော့သည်။



ထို့နောက်



" ဒါက ဂက်စ်ဂမ်းလို့ခေါ်တယ် ကိုယ့်လူတို့ရဲ့။ ဘောစေ့ထည့်ပစ်ရတာ မှန်ရင်သေတတ်တယ်။ ဒါပေမယ့် မစိုးရိမ်ကြပါနဲ့ ။ ကိုယ့်လူတို့ဆြာကို ခြေထောက်ရှပ်ပစ်လိုက်တာပါ ဟက် ဟက် "

ဟု ပြောပြောဆိုဆိုနှင့် မျက်နှာဖုံးစွပ်လူတစ်ယောက် သေနတ်ထမ်းကာ အိမ်ရှေ့ဘက်မှ ခင်ဦးတို့ရှိရာသို့ တလှမ်းချင်းလှမ်းလာလေ၏။ ကျန်လူဆိုးနှစ်ယောက်လည်း ထိုသူအားရန်ပြုတိုက်ခိုက်ရန်ပြင်လိုက်လေရာ ထိုသူက



" သေနတ်နဲ့ ပစ်လိုက်ရ. .. မအေလိုးတွေ အကုန်မသာပေါ်ကုန်တော့မယ်။ ကဲပါလေ. .. . ချချင်သပဆိုလည်း ချကြတာပေါ့။ မင်းတို့ကို ငါသေနတ်မသုံးပါဘူး "



ဟုဆိုကာ သေနတ်သို့ ဘေးသို့ပစ်ချလိုက်ပြီး လူဆိုးတို့ကို ဆီးကြိုလိုက်လေသည်။ လူဆိုးနှစ်ဦးလည်း ကျားခနဲ ယားခနဲ အော်သံပေးလျှက် ထိုမျက်နှာဖုံးစွပ်ထံ ပြေးဝင်သွား၍ မကြာခင်မှာပင် ၎င်းလက်ချက်ဖြင့် မှောက်ကျလေကုန်၏။



လူဆိုးများ ရှင်းသွားသောအခါ မျက်နှာဖုံးစွပ်သည် ခင်ဦးထံသို့လျှောက်လာပြီး ကိုယ်လုံးတီး အရှက်တကွဲဖြစ်နေရှာသောသူမအား တံဘက်ဖြင့် ညင်သာစွာ ပြန်လည်ခြုံလွမ်းပေးလေသည်။



" ကဲ. .. ထ မခင်ဦး ။ အိပ်ခန်းထဲမှာ အဝတ်လည်းပြီး သွားနားနေလိုက်တော့။ ကျတော် ဒီကောင်တွေကို ရှင်းပြီး ပြန်လိုက်တော့မယ် "



ထိုသူ၏ ဖေးကူထူမမှုဖြင့် ခင်ဦးတစ်ယောက် မတ်တပ်ပြန်ရပ်၍ ရှက်ကိုးရှက်ကန်းဖြင့် အဝတ်အစားဝတ်ရန် အိပ်ခန်းဆီသို့ ထွက်ခဲ့လိုက်လေတော့၏။



အဝတ်အစားကပြာကယီဝတ်လို့အိပ်ခန်းထဲမှ ခင်ဦးပြန်ထွက်လာသောအခါ မျက်နှာဖုံးစွပ်လူကော လူဆိုးသုံးယောက်ကိုပါ မတွေ ့ရတော့။ ကယ်တင်ရှင် မျက်နှာဖုံးက အိမ်တံခါးကိုလည်း အတွင်းဘက်မှ လော့ချပေးပြစ်ခဲ့လေသည်။



သူမ၏ အရှက်နှင့် ဘဝကို ကယ်တင်ခဲ့သော အနှီပုဂ္ဂိုလ်သည် မည်သူဖြစ်မည်နည်း။ ထိုသူသည်လည်း ညကြီးအချိန်မတော် သူမအိမ်သို့ ကျူးကျော်ဝင်ရောက်လာသူဖြစ်သည်မို့ ရိုးတော့မရိုးသားနိုင်။ သို့သော် ခင်ဦးအနေဖြင့်ထိုသူအားကျေးဇူးတင် လှပေ၏။ ၎င်းသာ အချိန်မှီရောက်မလာပါက ယခုအချိန်တွင် လူဆိုးသုံးဦး၏လက်ထဲ၌ သူမတစ်ယောက် ဖြစ်ချင်တိုင်းဖြစ်နေလောက်ပြီ မဟုတ်ပါလား။



ခင်ဦးတစ်ယောက် အခြားသူများကဲ့သို့ ရွှင်လန်းတက်ကြွစွာ အလုပ်မလုပ်နိုင်တော့။ ညက ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးတို့ကြောင့် သွေးပျက်ခြောက်ခြားခြင်းအရှိန်မပြေသေးဘဲ သူမ၏ ရုံးခန်းထဲတွင် တမှိုင်မှိုင်တတွေတွေရှိလေတော့၏။ ကိုယ့်အကြံအစည်နှင့်ကိုယ်ဖြစ်၍ သက်ဆိုင်ရာသို့တိုင်ဖို့တောဖို့ဝေးစွ အခြားသူတစ်ဦးတစ်ယောက်ကိုပင် ဖွင့်ဟမပြောရဲ။ သူမ၏ အဖြစ်က ကျဉ်းထဲကပ်ထဲနိုင်လှပေသည်။ သူမအား ကူညီခဲ့သည့် မျက်နှာဖုံးစွပ်လူသာ ရောက်မလာခဲ့ပါက သူမ၏ဘဝက မတွေးဝံ့စရာ။



ယနေ့ညနေ ရုံးဆင်းပြီး အိမ်ပြန်ရမှာကိုပင် ခင်ဦးထိတ်လန့်လို့နေလေသည်။ ယခုတစ်ခါတော့ မျက်နှာဖုံးရှင်လည်း ရောက်လာနိုင်မည် ရောက်မလာနိုင်မည် မသေခြာလှ။ ထိုသူကိုတော့ သူမ ကျေးဇူးတင်လှသည့်အပြင် မည်သူမည်ဝါဖြစ်ကြောင်းလည်း သိချင်လှပေ၏။



မနာလိုစိတ် သူတပါးအပေါ်ကို မကောင်းကြံလိုစိတ်၏ ဆိုးကျိုးသည်ကား ကြီးလှပေစွ။ ပန်းရောင်အပေါ်တွင် ဒုက္ခပေးအရှက်ခွဲလိုသော သူမ၏ မကောင်းသည့်စိတ်ဓာတ်ကြောင့် ပန်းရောင်ဒုက္ခမရောင်ခင်ပင်လျှင် သူမကိုယ်တိုင် ဗျာပါကြောင့်ကြ စိုက်နေရခြေပြီ။



" အင်း လူ့စိတ်ဆိုတာ ခန့်မှန်းလို့ခက်သား။ ငါက ကိုသက်အောင်ကို ချစ်စေခြင်ပေမယ့် ကိုယ်သက်အောင်က ငါ့ကိုချစ်ချင်မှ ချစ်မှာပေါ့။ ဒါ သူ့ရဲ့ရွေးချယ်ပိုင်ခွင့်ပဲ။



ပြီးတော့ ပန်းရောင်ဆိုတာလည်း ငယ်ငယ်ကတည်းက ကွဲကွာခဲ့ရတဲ့ သူ့ရဲ့ ငယ်ချစ်ဦးမဟုတ်လား။ သူ့ခမြာ ချစ်ရှာမှာပေါ့။ ငါပန်းရောင်ကို ဒုက္ခပေးဖို့ ကြံစည်မိတာမြန်း မှားပြီလား "



စသဖြင့် တွေးတောကာ ခင်ဦးတစ်ယောက် နောင်တရမိသလိုလို ဖြစ်လာလေ၏။



သို့သော် ပန်းရောင်ရောက်မလာခင် ကိုသက်အောင်နှင့်သူမ အလုပ်အတူတူတွဲလုပ်ကြရင်း ပျော်ရွှင်ကြည်နူးခဲ့ကြရသည်များကို တစိမ့်စိမ့်ပြန်လည်မြင်ယောင်လာပြီး ပန်းရောင်အပေါ်ထားရှိသည့် ဣိသ မစ္ဆရိယ စိတ်ညစ်တို့က ချက်ခြင်းပြန်လည်လွှမ်းမိုးသွားပြန်သည်။



" အို. .. အဲ့ကောင်မ ရောက်လာလို့။ ဒီကောင်မနဲ့ ကိုယ်သက်အောင်နဲ့သာ ပြန်မဆုံကြရင် ဘာပဲဖြစ်ဖြစ် ကိုယ်သက်အောင်ရဲ့ အချစ်ကို ငါရမှာ အသေအခြာပဲ။ ခုတော့ သင်းကြောင့် ငါချစ်ရတဲ့ ငါစိတ်ကူးနဲ့ရူးခဲ့ရတဲ့ ကိုယ်သက်အောင်ကို ငါလက်လွှတ်ဆုံးရှုံးလိုက်ရပြီ။ အဲ့ဒီတော့ ငါ သင်းကို ကောင်းကောင်းလက်စားခြေရမယ်။



ဒီရက်ပိုင်း ဒီကောင်မရဲ့ မူဗီကိစ္စနဲ့ ခင်မောင်မြင့်တို့ကလည်း ငါ့ကို အန္တရာယ်ပြုချင်နေကြတယ်။ ဒီမူဗီကိုသာ လူကြားထဲမြန်မြန်ချပြလိုက်ပြီး ပန်းရောင်ကို မြန်မြန်အရှက်ခွဲလိုက်ရင် ငါ့အတွက် အများကြီး အကျိုးရှိနိုင်တယ်။



ဟားဟား လူယုတ်မာခင်မောင်မြင့်တစ်ယောက် ငါ့ကို ပြသနာဆက်ရှာဖို့နေနေသာသာ ကိုသက်အောင်နဲ့ ထိတ်တိုက်တွေ့ပြီး စာရင်းရှင်းပေတော့ပေါ့။ ပန်းရောင်ဆိုတဲ့ကောင်မကိုလည်း အားလုံးက ဖာသယ်မှန်းသိသွားပြီ။ ကိုသက်အောင်က လက်ခံမယ်ဆိုရင်တောင် သင်းက ကိုသက်အောင်ကို ယူရက်မှာမဟုတ်တော့ဘူးလေ။



ငါကတော့ ကုမ္ပဏ္ဏီ ကလစ်ပြီး အညာကိုပဲ ပြန်ရတော့မှာ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ . . .ဒီလိုပဲ လုပ်ရတော့မယ်။ ဆြာ့ရဲ့အနားမှာ လူရင်းတစ်ယောက်အနေနဲ့ ၊ အားကိုးအားထားတစ်ယောက်အနေနဲ့ ဆက်ရှိနေမပေးနိုင်တော့တဲ့၊ အလုပ်အကျွေး မပြုနိုင်တော့တဲ့ ကျမကို ခွင့်လွှတ်ပါဆြာရယ်.... .



ကျွန်မမြတ်နိုးတဲ့အရာကို ကျွန်မမှမရရင် အခြား ဘယ်သူမှလည်း မရစေရဘူးရှင်. .. .. "



အထက်ပါအတိုင်း ခင်ဦး တွေးတောကြံစည်လိုက်ပြီး ၎င်းအကြံအစည်အားဆောင်ရွက်ပြီးပါက အလုပ်မှထွက်ခွာကာ သူမ၏ဇာတိ အညာသို့ပြန်ရန် ကြေကွဲဝမ်းနည်းစွာ ဆုံးဖြတ်ချက်ချ လိုက်လေတော့သည်။



ခပ်ဟဟဖြစ်နေသည့် တံခါးအပြင်မှ ရုံးခန်းအတွင်းသို့ အကဲခတ်စောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုမူ သူမသတိမထားလိုက်နိုင်တော့။

.

.

.

.

ည ၈ နာရီခွဲပြီ။ ခင်ဦးမူးနေလေ၏။ ရုံးကအပြန်တွင် ဝိုင်ပုလင်းဝင်ဝယ်ကာ အိမ်အရောက် ရေမိုးချိုးပြီး ဧည့်ခန်းကြမ်းပြင်တွင် တစ်ကိုယ်တည်း ထိုင်သောက်နေခြင်းဖြစ်လေသည်။ ထမင်းလည်း စားချင်စိတ်မရှိတော့။



ယခုည သူမ မူးမှဖြစ်ချေတော့မည်။ မနက်ဖန် ပန်းရောင်ကို အရှက်ခွဲ ဒုက္ခပေးရန် စီစဉ်ထားပြီးဖြစ်သော်လည်း ထိုလုပ်ရပ်ကို လုပ်သင့်မလုပ်သင့် ယခုအချိန်အထိ သူမ ဝေခွဲမရသေး။



တစ်ဖက်ကတွေးကြည့်လျှင် ကိုယ့်နေရာ ကိုယ်ချစ်ရသူ ကိုယ့်အသဲနှလုံးကို လုယူသွားသည့်သူ။ ကျန်တစ်ဖက်ကတွေးကြည့်ပြန်ပါက ကိုယ့်အလုပ်ရှင် ကိုယ့်ကျေးဇူးရှင်၏ ငယ်ချစ်ဦး အချစ်ရဆုံးသောသူ။



ကြံစည်ထားသကဲ့သို့ ဆောင်ရွက်လိုက်ပါမူ နစ်နာဆုံးရှုံးရမည်မှာ ပန်းရောင်တစ်ဦးတည်းမဟုတ်။ ဆြာ ကိုသက်အောင်လည်း ရူးမတတ်ခံစားရမည်ဖြစ်သလို သူမကိုယ်တိုင်လည်း လွင့်စင်ထွက်ပြေးရပေလိမ့်မည်။ သို့သော် အလုံးစုံကို ခွင့်လွှတ်အလျော့ပေးလိုက်ရလောက်အောင်လည်း သူမ၏ နှလုံးသား မရင့်ကျက် မမြင့်မြတ်နိုင်။ သူမ မည်သို့လုပ်ရမည်နည်း။



ခင်ဦးတစ်ယောက် သောက်ရင်း မူးရင်း မူးရင်း သောက်ရင်း စဉ်းစားလေရာ နောက်ဆုံး ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာလေ၏။



.. . . . နက်ဖန်နေ့လည်မှ ဘေးအိမ်တွေ ဘုရားဖူးပြန်ရောက်ကြမည်ဖြစ်၍ လောလောဆယ်၌ တိုက်တစ်ခုလုံးတွင် သူမတစ်ယောက်တည်း။ မနေ့ညက တွေ့ကြုံခဲ့ရသည့် လူဆိုးလူယုတ်များ၏ အန္တရာယ်မှာ ယနေ့ညလည်း သူမထံသို့ အချိန်မရွေးကျရောက်လာနိုင်လေသည်။



ထိုသို့ဖြစ်ပေါ်လာပါက သူမနေဖြင့် အနာမခံတော့ဘဲခင်မောင်မြင့်ထံသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ပန်းရောင်၏ မူဗီဖိုင်ကို အပြီးပြန်လည်ပေးအပ်လိုက်တော့မည် ဖြစ်လေ၏။......ထိုသို့မဟုတ်ဘဲ ယနေ့ညတွင် သူမ အန္တရာယ်တစ်စုံတရာ တွေ့ကြုံခြင်းမရှိ၍ အခြေအနေအားလုံးအေးချမ်းပါလျှင် ယခင်စီစဉ်ထားသည့်အစီအစဉ်အတိုင်း မနက်ဖန်၌ သူမ ဆောင်ရွက်ရပေမည်။......



ထက်ပါအတိုင်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ခင်ဦး၏ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသယောင် ရှိလေသည်။ ဝိုင်ပုလင်းလည်း အတော်ကိုလျော့ကာ ကုန်လုနီးနီးဖြစ်လေတော့၏။



ဗိုက်ထဲတွင် ဆာတာတာရှိ၍ တစ်ခုခု ထစားမည်ပြုရာ သူမ မထနိုင်တော့။ ကြမ်းပေါ်သို့ တ ဘုတ် ဘုတ် ပြန်ပြုတ်ကြနေလေတော့သည်။



ထိုအချိန်တွင်....... .



" သောက်လှချည်းလား မမရဲ့။ တကယ်တည်း အရက်သမားစစ်စစ်ကြီးကြနေတာပဲ "



အသံလာရာသို့ ရီဝေဝေဖြင့် ခင်ဦးလှည့်ကြည့်လိုက်ရာ မနေ့ညကတွေ့ရသော ကယ်တင်ရှင် မျက်နှာဖုံးစွပ်။ ထိုသူ၏ လက်ထဲတွင်လည်း အစားအသောက်များကို ပါဆယ်ဆွဲလျှက်။ ခင်ဦး ဘာပြောလို့ပြောရမှန်းမသိဘဲ ဆက်လက်ကြောင်ကြည့်နေစဉ်တွင် ထိုသူက



" .. .. . ကျတော့်ကို မစိုးရိမ်ပါနဲ့။ အခြေအနေတစ်ခုအရ မျက်နှာအုပ်ထားရပေမယ့် ကျတော်က မမအတွက် မိတ်ဆွေပါ။ မမကို ဘာအန္တရာယ်မှ မပေးပါဘူး။ တနေ့နေ့မှာ ကျတော်ဘယ်သူဆိုတာ မမ သိလာရမှာပါ။ "



ဟု သူ့ကိုယ်သူမိတ်ဆက်လေ၏။



ခင်ဦးလည်း ထိုသူ၏ကျေးဇူးသူမအပေါ်၌ရှိသည်မို့ ၎င်းအား အနည်းငယ်ယုံကြည်လေသည်။ ထို့အပြင် ယခုကဲ့သို့ စိတ်မွန်းကြပ်နေသောအချိန်တွင် သူမအတွက် ရင်ဖွင့်ဖော်ကောင်းတစ်ယောက် အမှန်ပင်လိုအပ်နေသည်မဟုတ်ပါလား။ ထို့ကြောင့် မျက်နှာဖုံးစွပ်အား မည်သူမည်ဝါဖြစ်သည် အိမ်ထဲသို့ မည်သို့ရောက်ရှိလာသည်ကို မစပ်စုတော့ဘဲ စကားစမြီပြောရန်ကိုသာ ခင်ဦး အားသန်စိတ်ကူးလိုက်လေတော့သည်။



" ကောင်းပြီလေ မင်း ဘယ်သူဆိုတာ ငါမမေးတော့ပါဘူး။ ဒါနဲ့ မင်းက ငါ့အကြောင်းတွေကို အကုန်သိတယ်ပေါ့ ဟုတ်လား။ "



ခင်ဦးက မေးမြန်းလိုက်လေရာ ထိုသူက လက်ထဲရှိပါဆယ်ထုတ်ကို ခင်ဦးရှေ့ စားပွဲပုပေါ်သို့ ချလိုက်ပြီး သူကိုယ်တိုင်လည်း ဝင်ထိုင်လိုက်လေ၏။ ထို့နောက်တွင်မှ



" သိတာပေါ့မမရယ်။ မမ ရဲ့သူဌေးကိုသက်အောင်ကို မမတဖက်သတ်စွဲလမ်းနေကြောင်း. .. .. သူဌေးရဲ့ ငယ်ချစ် မပန်းရောင်ကို မနာလိုဘဲ ဒုက္ခပေးဖို့ကြံနေကြောင်း. .. .. . ဒီ့အတွက် မပေါင်းအပ်မသင်းအပ်တဲ့ ခင်မောင်မြင့်တို့နဲ့ သွားပေါင်းမိပြီး ခု မမကိုယ်တိုင် ဒုက္ခရောက်နေကြောင်း ကျတော် အစကအဆုံး အားလုံးသိတယ်။ "



ဟု ခင်ဦး၏ အမေးကို ပြန်လည်ဖြေကြားလေသည်။ ခင်ဦးလည်း သူမကျိတ်ကြံနေသည့် မကောင်းသောအကြံအစည်အား တစ်စုံတစ်ဦးက ခရေစေ့တွင်းကြ သိရှိနေသဖြင့် စိတ်လက်ညစ်ညူးကာ သက်ပြင်းမောတစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်ရလေ၏။ မျက်နှာဖုံးစွပ်က စကားဆက်ပြန်သည်။



" လောကမှာ ယောကျ်ားတွေ အများကြီးပါမမရယ်။ ကိုယ့်ကို မချစ်ဘဲ အခြားတစ်ယောက်ဆီကို သူ့အသဲနှလုံးပေးပြီးသားယောကျ်ားကို မမ ဘာလို့ဆက်ချစ်နေမှာလဲ။



ပြီးတော့ ကိုသက်အောင် ချစ်နေတဲ့ မပန်းရောင်ကို မမ အရှက်ခွဲလိုက်တော့ကော ကိုသက်အောင်က မမကို ချစ်လာမှာ မို့လို့လား။ ဘယ်ချစ်လာလိမ့်မလဲဗျာ။ သူ့ချစ်သူ အရှက်တကွဲဖြစ်အောင်လုပ်ရမလားဆိုပြီး မုန်းသထက်မုန်းဖို့သာ ရှိတော့တာပေါ့။ အဲ့ဒီအမုန်းဒဏ်ကိုမခံနိုင်မှန်းကြိုသိနေလို့ မမကိုယ်တိုင် အလုပ်ကနေ အညာကိုပြန်ပြေးဖို့ စီစဉ်ပြီးပြီမဟုတ်လား။



အဲ့ဒီတော့ မမရယ် . . . မမရဲ့အကြံအစည်ကြီးက ကိုယ်သက်အောင်လည်း ဒေါသတွေနဲ့ ဗျာပါဒတွေနဲ့ပူလောင်ရ. .. . မပန်းရောင်လည်း အရှက်တွေကွဲ. .. .. . မမလည်း အခြေအနေတွေပျက် ထွက်ပြေးရနဲ့ အတော်ကို မဟန်ပါဘူး "



မျက်နှာဖုံးစွပ်၏ ပြောစကားကြောင့် ခင်ဦးတစ်ချက် တွေဝေသွားလေသည်။ သို့သော် ထက်သည့် ထန်သည့် အမျိုးသမီးတစ်ဦးဖြစ်သည့်အားလျှော်စွာ ချက်ခြင်း မျက်နှာကို ပြန်တင်းလိုက်ပြီး ခနဲ့ပြုံးတစ်ချက်ပြုံးကာ ထိုသူကို အောက်ပါအတိုင်း ခွန်းတုန့်ပြန်လိုက်လေ၏။



" ဒီမှာ. .. .. .မင်းဘာသိလို့လဲ။ တကယ်လို့ ပန်းရောင်ဆိုတာသာ ပေါ်မလာခဲ့ရင် ကိုယ်သက်အောင်ရဲ့ မေတ္တာစိတ်က ငါ့အပေါ်ကို တိမ်းညွှတ်တော့မှာ အသေအခြာပဲ။ ပန်းရောင်ရှိမလာ ခင် ကိုသက်အောင်က ငါ့ကိုအရေးပေးတယ် ဂရုစိုက်တယ်။ ငါဟာ ကိုယ်သက်အောင်အတွက် အရေးပါအရောက်ဆုံးနေရာမှာ ရှိနေခဲ့တယ်။ ကုမ္ပဏ္ဏီ ကို ပန်းရောင်ရောက်လာပြီးမှသာ. .. .. . "



" ဟား ဟား ဟား ဟား သေခြာစဉ်းစားပါဦး မမရယ်။ မပန်းရောင်မရှိရင် ကိုသက်အောင်ကမမကို ချစ်မယ်ဆိုတာ သေခြာလို ့လား။ အားလုံးက မမအထင်တွေပါ။ အစကတည်းက ကိုသက်အောင်က မမအပေါ်မှာ ဆြာရင်းတပည့်ရင်းလို မောင်လိုနှမလိုပဲ မေတ္တာစေတနာထားတာဆိုဘယ်လိုလုပ်မလဲ။



ပြီးတော့ မပန်းရောင်ကိုမကြေနပ်စိတ်နဲ့ကြည့်လိုသာ သူရောက်လာပြီးနောက်ပိုင်း ကိုသက်အောင်က မမကို အရေးမပေးတော့ဘူးလို့ မမထင်တာလေ။ မမသေခြာပြန်စဉ်းစားကြည့်ဦး။ မပန်းရောင်ရောက်လာပြီးမှ မမ ရာထူးတိုးတယ် ကားသုံးခွင့် ဒရိုက်ဘာသုံးခွင့် စသဖြင့် ခံစားခွင့်တွေတိုးတယ် နောက်ဆုံး လခလည်း ကိုသန်ဇင်နဲ့ အတူတူရတယ်. .. .. .. ကဲပြောပါဦး. .. ဒါတွေက ကိုသက်အောင် မမကို အရေးမပေးတော့ဘူးဆိုတာတွေလား "



မျက်နှာဖုံးစွပ်၏ စကားဆုံးတော့ ခင်ဦး မှိုင်ကြသွားရလေသည်။ ထိုသူက ခင်ဦး၏ ဖြစ်ပုံကိုကြည့်ကာ စကားမဆက်တော့ဘဲ စကားလမ်းကြောင်းလွှဲလျှက်



" ကဲပါလေ. .. .. .. မသောက်တတ်သောက်တတ်နဲ့ ဝိုင်သေးသေးတစ်ပုလင်းလောက်သောက်ပီး အရမ်းမူးနေပြီ။ ဒါပေမယ့် ထမင်းမစားရသေးဘူးမဟုတ်လား။ ဗိုက်ထဲ အစာမရှိဘဲ ဝိုင်တွေချည်းဆို ဒုက္ခရောက်မယ်။ ကျတော် ကြေးအိုးဝယ်လာခဲ့တယ်။ စားနိုင်သလောက်လေးစားလိုက် "



ဟူ၍ သူမအား ခူးခပ်ကြွေးမွေးရန်ပြင်လေ၏။ ခင်ဦးလည်း ဗိုက်ဆာဆာရှိသည်နှင့် ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ကြေးအိုးကို ဝင်သလောက် ကျိတ်မှိတ်စားလိုက်လေတော့သည်။



သူမ စားသောက်ပြီးသောအခါ မျက်နှာဖုံးစွပ်လူက



" ကဲ . . . . လာ မမ။ ကျွန်တော်တွဲမယ်။ ဟောဟိုက ဒရင်းဘတ်ပေါ်မှာ အိပ်လိုက်တော့။ အိပ်ယာပေါ် မှာဆို ခုမှစားထားသောက်ထားတာမကောင်းဘူး "



ဟု ဆိုပြီး သူမအား တွဲထူဖေးမလျှက် မလှမ်းမကမ်းရှိ ဒရင်းဘတ်ပေါ်တွင် နေရာချပေးလေ၏။ ထို့နောက် အိပ်ခန်းထဲသို့ဝင်သွား၍ စောင်တစ်ထည်ယူပြီးပြန်ထွက်လာကာ သူမကိုယ်ပေါ်သို့ ကြင်ကြင်နာနာလွှမ်းခြုံပေးပြန်သည်။



ထိုသူမည်သူနည်း။ အဘယ်အတွက်ကြောင့် သူမအပေါ်တွင် ဤမျှ ဂရုစိုက်ကောင်းမွန်နေရပါသနည်း။ ခင်ဦး တွေးရခက်လှသော်လည်း ၎င်း၏ အပြုအစု အယုအယများအပေါ်တွင် မသိမသာကြေနပ်နေမိကြောင်းကိုတော့ သူမကိုယ်သူမ သတိပြုမိလေ၏။ ပြောပုံဆိုပုံ နေပုံထိုင်ပုံ တို့ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် သူမထက် ငယ်ရွယ်သူတစ်ဦးဖြစ်ကြောင်းကိုသာ ခင်ဦးအတည်ပြုနိုင်လေသည်။



" စိတ်ချလက်ချသာ အိပ်လိုက် မမ။ ဟိုကောင်တွေလာမှာကို စိတ်မပူနဲ့။ ကျတော် စောင့်ပေးထားမယ်။ တကယ်လို့လာခဲ့ရင်တောင် ဒီကောင်တွေလောက်ကတော့ မမ တစ်ချက်နိုးမသွားစေရဘူး။



ကျတော့်ကိုတော့ ယုံတယ်မဟုတ်လား။ ကျတော့်ကြောင့် မမ မှည့်တစ်ပေါက်မစွန်းစေရပါဘူး။ ကဲ ကဲ နားလိုက်တော့ "



မျက်နှာဖုံးစွပ်က ခင်ဦးအနားတွင် အသာထိုင်ချပြီး စိတ်ချလက်ချအိပ်ဆက်အနားယူရန် သူမကို ပြောဆိုတိုက်တွန်းနေပြန်သည်။ ခင်ဦး၏စိတ်အစဉ်တွင်တော့ ကြည်နူးသာယာစိတ်အပြင် ထိုသူ့အပေါ် အားကိုးယုံကြည်စိတ်များပင်လျှင် တစိမ့်စိမ့်တိုးပွားလာလေ၏။



မျက်နှာကို တွေမြင်ခွင့်မရသော်လည်း ထိုသူ၏ မျက်လုံးအစုံသည် ပကတိရိုးသားကြောင်း သူမ ခံစားမိလေသည်။ ထိုသူသည် ကြင်နာတတ်လှပေ၏။ သိတတ်နားလည်လွန်းလှပေ၏။. .. .. ... .



ရီဝေဝေအတွေးများဖြင့် လူးလာခေါက်တုန်တွေးတောရင်း မကြာခင် ခင်ဦးတစ်ယောက် အိပ်ပျော်ခြင်းအဖြစ်သို့ရောက်ရှိသွားလေတော့သည်။ သူမအနေဖြင့် စိတ်ကောလူပါ ပင်ပမ်းလှပြီ မဟုတ်ပါလား။



နတ်သြသဓ တိုင်းရင်းဆေးဝါးလုပ်ငန်းတွင် သူဌေးသက်အောင်မှစ၍ ပြာတာ မောင်ညိုအဆုံး အားလုံးသော သူတို့သည် မိမိကိုယ်စီတာဝန်ကိုကိုယ် အသီးသီးထမ်းရွက်နေကြလေသည်။ ဤကဲ့သို့ လူသူအပေါင်းအလုပ်များနေစဉ်တွင် ခင်ဦးမှာတော့ အလုပ်ကိုကောင်းကောင်းမလုပ်နိုင်ဘဲ သူမ၏အကြံအစည်ကို အကောင်အထည်ဖော်ရန် ကြံစည်တွေးတောနေရလေ၏။



ထိုအစီအစဉ်ကိုဆောင်ရွက်ရန်လည်း သူမ အတော်ပင် ချီတုံချတုံဖြစ်နေလေသည်။ အဆိုးဆုံးမှာ ညအခါက. . မျက်နှာဖုံးစွပ်က သူမအားပြောဆိုထောက်ပြခဲ့သော ကျိုးကြောင်းဆီလျှော်လွန်းလှသည့် စကားတို့သည် သူမရှေ့ဆက်မည့်လမ်း၌ အကြီးအကျယ်ဆုံးသော အဟန့်အတားတစ်ခုပင် ဖြစ်၍နေလေတော့၏။



သို့သော် ပေါက်တဲ့နဖူးမထူးတော့။ ပန်းရောင်ကိုအရှက်ခွဲနိုင်မည့် ဤမူဗီရရှိရန် သူမ ခန္ဓာကိုယ်လည်းစတေးခဲ့ရပြီးလေပြီ။ သူမကိုယ်တိုင်လည်း ပန်းရောင်ကို အရှက်တရားရအောင်ပြု၍ ကိုသက်အောင်နဘေးမှ ထွက်ခွာသွားတော့မည် ဆုံးဖြတ်ချက် ချပြီးလေပြီ။ အထုတ်အပိုးလည်းအဆင်သင့်။ ညနေလေးနာရီ ကားလက်မှတ်လည်းအဆင်သင့်။ ထမင်းစားနားချိန်မတိုင်မှီ သူမ၏ အကြံအစည်အားအကောင်အထည်ဖော်ခဲ့ပြီး အိမ်ပြန်အထုတ်အပိုးယူ၍ တခါတည်း ကားဂိတ်လစ်ရုံပင်။



ဖခင်နှင့်လည်း သူမ မတွေ့ရသည်မှာကြာလေပြီ။ အသက်ရလာပြီဖြစ်သော ဖခင်ကြီးကို သူမအနီးကပ်ပြုစုစောင့်ရှောက်သွားရန် ရည်ရွယ်ထားလေ၏။



" နေရစ်တော့ ကိုယ်သက်အောင်ရယ်။ ကျမ ရှင့်အနားမှာ မနေနိုင်တော့ဘူး။ နေနိုင်လောက်အောင်လည်း ကျမ မှာ မြင့်မြတ်ဖြူစင်တဲ့ နှလုံးသားမရှိပါဘူး။ ပန်းရောင်ကို ကျမ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးရှင်။ အားလုံးက အပြစ်တင်ရင်လည်း ကျမခံရမှာပါပဲ။



ကျမအကြံ အကောင်အထည်ဖော်ပြီးသွားရင် ရှင် ကျမမျက်နှာကို လုံးဝမမြင်ချင်တော့လောက်အောင် မုန်းတီးနာကြည်းသွားမယ်ဆိုတာ ကျမသိပါတယ်။ ဒီအတွက် ကျမ ရှင်တို့နဲ့ဝေးရာကို ထွက်သွားတော့မှာပါ။ အညာဒေသ ညောင်ဦး ဆိုတဲ့ မြို့ကလေးမှာ မွေးဖခင်ကြီးနဲ့အတူတူ သေတဖန်သက်တဆုံးနေထိုင်သွားတော့မှာပါ။ စိတ်ချပါ ကိုသက်အောင်ရယ် စိတ်ချပါ. .. .. ဒီနေ့ညနေကစပြီး ရှင် ကျမမျက်နှာကို ဘယ်တော့မှ မမြင်စေရတော့ပါဘူး "



ခင်ဦးတစ်ယောက် အထက်ပါအတိုင်း ဆွေးမြေ့ကြေကွဲစွာ တစ်ကိုယ်တည်းတွေးတောလိုက်ပြီး လုပ်ငန်းမစခင် သူမဟန်းဆက်ထဲရှိ ပန်းရောင်၏မူဗီဖိုင်ကို သေခြာအောင်စစ်ဆေးရန် ဟန်းဆက်လေးကို ကောက်ကိုင်လိုက်လေသည်။ ညအခါက မျက်နှာဖုံးစွပ်လူ သူမနှင့်တစ်ညလုံးရှိနေခဲ့သည့်အပြင် ထိုသူက. .. ပန်းရောင်ကို သူမလက်စားချေဖို့ရာလည်း မလိုလားသူ မဟုတ်ပါလား။ သူမ မူးပြီးအိပ်ပျော်နေချိန်တွင် သူမ၏ဖုန်းကိုရှာ၍ မူဗီဖိုင်ကို ထိုသူဖျက်ကောင်းဖျက်သွားနိုင်လေ၏။



ခင်ဦး စိုးရိမ်မိသော်လည်း တကယ်တမ်းစစ်ဆေးကြည့်လိုက်သောအခါ မူဗီဖိုင်မှာ ပကတိအကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့ရလေသည်။ ထိုကြောင့် ခင်ဦးလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏အကြံကို စတင်အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်လေတော့၏။

.

.

.

ခင်ဦး ကွန်ပြုတာရှေ့သို့ရောက်ရှိနေချေပြီ။ ဝန်ထမ်းများအား ကိုသက်အောင် တခါတရံ မိန့်ခွန်းပြောကြားသည့် နံရံကပ်တီဗီများမှတဆင့် ပန်းရောင်၏ ဖြစ်ချင်တိုင်းဖြစ်နေသည့် မူဗီကို လုပ်ငန်းတစ်ခုလုံး တွေ့မြင်ကြရပေတော့မည်။



ထိုကဲ့သို့ နံရံတီဗီများကို အသုံးပြုနိုင်ရန် ပတ်စဝတ် နံပါတ် လိုအပ်လေ၏။ ပုံမှန်ဆိုလျှင် ပါတ်စဝတ်နံပါတ်ကို ကိုသက်အောင်နှင့် အထွေထွေမာန်နေဂျာ ကိုသန့်ဇင် နှစ်ဦးသာ သိရှိခွင့်ရလေသည်။ သို့သော် လွန်ခဲ့သော သုံးရက်ခန့်က ကိုသက်အောင်က ခင်ဦးကိုခေါ်ယူ၍ ကိုသန့်ဇင်မရှိလျှင် ခင်ဦးပင် ဟု ဆိုကာ လျှို့ဝှက်နံပါတ်ကို ပြောပြခဲ့ခြင်းဖြစ်လေ၏။



ယခုအခါတွင်. .. .. .သူမအပေါ်ထားရှိခဲ့သည့် ကိုသက်အောင်၏ ယုံကြည်မှုကို ခင်ဦး အလွဲသုံးစားလုပ်ရပေတော့မည်။ ကိုသက်အောင် သူမအပေါ်ယုံကြည်သလောက် ငဲ့ညှာသလောက် ကောင်းသလောက် သူမကတော့ ကိုသက်အောင်တို့အပေါ်တွင် ပြန်လည်မကောင်းနိုင်တော့ ဟုတွေးတောမိလျှက် ခင်ဦးဝမ်းနည်းလာမိလေသည်။



တဆက်တည်းမှာပင် ကိုသက်အောင်နှင့်သူမ အလုပ်အတူတူတွဲလုပ်ခဲ့ပုံများ . . . အလုပ်ခွင်အခက်အခဲများကိုအတူတူကျော်ဖြတ်၍ အောင်ပွဲခံပျော်ရွှင်ခဲ့ကြရပုံများ . . .ကိုသက်အောင်က သူမကို အစစအရာရာ ညှာတာဖေးမခဲ့ပုံများကို မျက်စိထဲတွင်ပြန်လည်မြင်ယောင်လာပြီး မျက်ရည်များ တတောက်တောက်ကျလာရလေတော့၏။



တဖက်တွင်. .. .. ပန်းရောင်အလုပ်သို့ရောက်လာခဲ့ပုံ. .. ပန်းရောင်ရောက်လာပြီးနောက်ပိုင်း သူမမျှော်မှန်းထားသည့် ကိုသက်အောင်၏ ကိုယ်ရေးအရာရှိနေရာကိုသွေဖက်လျှက် ဒုအထွေထွေမာန်နေဂျာအဖြစ်သို့ ရောက်ရှိခဲ့ရပုံ. .. . ကိုသက်အောင်နှင့် ပန်းရောင်တို့ တတွဲတွဲ သွားလာ လုပ်ကိုင်နေကြပုံ. .. .. .ရုံးခန်းအတွင်း၌ ပွေ့ဖက်နမ်းရှုံ့နေကြပုံ... .. . စသည့်ပုံရိပ်များကလည်း သူမ၏ အာရုံ၌ ထင်ဟတ်လာပြန်သည်။



ခင်ဦး၏ စိတ်ထဲတွင် အတွေးများနှင့်မွန်းကြပ်နေ၏။ နှလုံးသားမှာ တဆစ်ဆစ်နာကျင်နေ၏။ ကောင်းဆိုး မှားမှန် ဒွန်တွဲနေသော ခံစားချက်စုံလင်စွာကို အသဲတဆတ်ဆတ်တုန်ရီအောင်ခံစားရင်း . . . .လုပ်ဆောင်စရာရှိသည်များကိုလည်း လက်မှ အဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်ပြီးသကာလ သူမ စိတ်ကိုဒုံးဒုံးချကာ အန်းတားခေါက်လိုက်လေတော့သည်။

.

.



" ကလင် လင် လင် လင် "



ဆယ့် နှစ်နာရီခွဲ၍ ထမင်းစားအလုပ်နားဘဲလ် တီးလေပြီ။ လုပ်သားများ ၊ ဝန်ထမ်းများ ကိုယ်စီတာဝန်များကို ခေတ္တရပ်နားလိုက်ကြပြီး ထမင်းချိုင့်များဆွဲကာ ထမင်းစားရန် ပြင်ဆင်ကြလေ၏။ ထိုအချိန်တွင် မိန်ခွန်းပြောသော နံရံကပ် TV များပွင့်လာလေသည်။ ဝန်ထမ်းများလည်း ထမင်းချိုင့်များကို ပြန်ချလိုက်ကြပြီး မိန့်ခွန်းနားဆင်ရန် တီဗီမော်နီတာများကို အာရုံစိုက်လိုက်ကြလေတော့သည်။

.

.

မော်နီတာမှ သူဌေးကိုသက်အောင် ရုပ်ပုံသော်၎င်း အထွေထွေမန်နေဂျာ ကိုသန်ဇင် ရုပ်ပုံသော်၎င်း ပေါ်လာလိမ့်မည်ဟု သူတို့ ကြိုတင်သိရှိထားကြသော်လည်း တကယ်တမ်းပေါ်လာသည်က ဖြူဖြုကျော်သိန်း၏ " အရှုံးထက်ပိုသော " သီချင်း MTV။ ထိုအခါ ဘယ်လိုပါလိမ့် ဟူသည့် အတွေးမျိုးဖြင့် ဝန်ထမ်းများကြား၌ ရုပ်ရုပ်ပွပွ ဖြစ်ကြလေတော့၏။ ထိုကဲ့သို့ အခြေအနေရှုပ်ထွေးနေသောအချိန်တွင် ဒုတိယအထွေထွေမာန်နေဂျာ. . ဂျာလေး ခေါ် ခင်ဦးတစ်ယောက် နတ်သြဓ တိုင်းရင်းဆေးဝါးလုပ်ငန်းမှ ထွက်ခွာသွားသည်ကို မည်သူမှ သတိမပြုမိလိုက်ကြတော့။

.

.

ဖြူဖြူကျော်သိန်း၏ " အရှုံးထက်ပိုသော " သီချင်ပြီးဆုံးသည်နှင့် တပြိုင်တည်း ပန်းရောင်၏ မူဗီဖိုင် ပေါ်လာပေတော့မည်။ ကိုသက်အောင်လည်း ခင်ဦးကို တောက်တောက်ခါးခါး မုန်းရက်ချေတော့မည်။ ကိုသက်အောင်၏ အမုန်းတို့ကို ခင်ဦးရင်မဆိုင်ရဲ။



"ရှင်နဲ့ ဝေးရာကို ခင်ဦး အမြန်ဆုံး ထွက်သွားပါတော့မယ်။ ခင်ဦးကို ခွင့်မလွှတ်ပါနဲ့တော့. .. .ကျမကို ခွင့်မလွှတ်ပါနဲ့တော့. .. .. .. တစ်သက်လုံးအတွက်သာ ပုဒ်မချပြီး မုန်းချင်သလိုသာ မုန်းလိုက်ပါတော့ ရှင်ရယ်။ ဟော့ဒီတက္ကစီကားပေါ်ကပဲ ကျမကို ထမင်းကြွေးခဲ့တဲ့ လုပ်ငန်းကြီးနဲ့ ကျမရဲ့ အလုပ်သခင်ကျေးဇူးရှင်ကြီးကို ခင်ဦးကန်တော့ခဲ့ပါတယ်. .. .. .. "



ကားနောက်ခန်းမှ လည်ပြန်လှည့်၍ ကိုသက်အောင်ရှိရာ နတ်သြသဓ ဆေးဝါးလုပ်ငန်းကုမ္ပဏ္ဏီဘက်သို့ ခင်ဦး လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်လေ၏။ တက္ကစီကားလေးကတော့ ခင်ဦးအား သူမချစ်ရသူ ကိုသက်အောင် . . . အနှစ်နှစ်အလလလုပ်ကိုင်ခဲ့သော သူမ၏လုပ်ငန်းခွင်နှင့် သူမ၏လုပ်ဖော်ကိုင်ဘက်များ စသူတို့ စသည်တို့နှင့် ဝေးရာသို့ တဖြေးဖြေးသယ်ဆောင်သွားလေတော့သည်။



" အရှုံးထက်ပိုသော " တေးသီချင်းသံမှာ နံရံကပ်တီဗီများမှတဆင့် နတ်သြသဓ ဆေးဝါးလုပ်ငန်းတစ်ခုလုံးတွင် ပြန့်လွင့်လို့နေဆဲ. .. .. .. ..

.

.

.

" ကြံဖန်ကာ အပြစ်မြင်တတ်တာ မင်းသဘာဝမဟုတ်လား. .. .



ငါဟာ လူသားတစ်ယောက်မှန်းတောင် မင်းသိသေးရဲ့လား



ဘာကိုမှ သဝန်မတိုတာတောင် နင်လေ မကြေနပ်ပါ



အနိုင်ယူပါ ငါ့ဘဝ. အမြဲတမ်းအရှုံးပေးထား. .. .. .



နင်လိုချင်သမျှတွေကို ငါ အကုန်ဖြည့်ဆည်းပေးချင်လိုက်တာ



ရင်ဘတ်နဲ့ ရင်းနှီးခဲ့သမျှ တစ်ခုမှ အဖတ်မတင်ပါ. .. .



နင်ပျော်ရွှင်ဖို့ဆို အရာရာ စတေးပြစ်ချင်လည်း အသင့်ပါ



မင်းအတွက်နဲ့ အသက်ဆက်နေရမှန်း နင်မသိလို့ပါ. .. ..

.

.

စာနာမှုကင်းမဲ့လွန်းတဲ့အကြည့်နဲ့. ထပ် မကြည့် ပါနဲ့ကွာ



ငါလေ တောင်းပန်ချင်တယ် ရှိသမျှ ငါ့အပြစ်တွေပါ. . . ..



ငါအနွံတာခံတာတွေကို မင်းမြင်လာတဲ့ တစ်နေ့မှာ



မင်းအတွက်နဲ့ ငါ အသက်ဆက်နေရမှန်း နင်သတိရပါ. .. .."

.

.

.

ဆက်ရန်



ရေတွင်မပျော်သော ငါး