'' ဝက်သားကြို က်တဲ့ တောကား ၅ ''



အမြင့်ကြောက်သော ငှက်









ခတ္တာ သိပ်ကံကောင်းတယ်။ တကယ်တမ်း ဦးသောင်းငွေ စကားပြောကြည့်တော့ ကျေ ာ်သူရရဲ ့ မိဘတွေက သဘောထားကြီးတဲ့ အထဲက။ သားလေးတစ်ယောက်တည်းမို့ ကျေ ာ်သူရကိုလည်း သိပ်ချ စ်ကြတယ်။ ကျေ ာ်သူရကသာ အစိုးရိမ်လွန်ပြီး သူ့မိဘတွေကို ခတ္တာနဲ့သူနဲ့ အကြောင်း မပြောရဲတာ။ ခုလိုတွေဖြစ်ပြီးသွားမှတော့ အားလုံးဘာမှမတတ်နိုင်တော့ဘူးလေ။ သူတို့ကတောင် ကျေ ာ်သူရ အတွက်ဦးသောင်းငွေကို တောင်းပန်နေကြသေးတယ်။ ပြီးတော့ ခတ္တာကိုလည်း ဗိုင်းကောင်းကျေ ာက်ဖိလေး မိန်းမပီသပြီးရိုးရိုးသားသားလေး ဆိုပြီး နှစ်လိုကြတယ်။





မိဘတွေ သားရေးသမီးရေး ပြောဆိုနေကြတဲ့အချ ိန် ခတ္တာတို့စုံတွဲကတော့ အိမ်ဘေးက သရက်ပင်အောက် ကွပ်ပြစ်မှာ တွတ်ထိုးနေကြလေရဲ ့။ လူခန့်က အိမ်ရှေ ့ပေါက်ဝ ပုဏ္ဏကွယ်နားရပ်လို့ လူကြီးတွေ တိုင်ပင်ဆွေးနွေနေတာကို နားထောင်နေတုန်း ဦးတိတ်ရှောင် ပေါ်လာပြီး





''. . ကောင်လေးရဲ ့မိဘတွေက ကလေးမကို ဗိုင်းကောင်းကျေ ာ်ဖိလေးဆိုပြီး သိပ်ကို သဘောကြနေလေရဲ ့ ။ သူဘယ်လို ဗိုင်းကောင်းကျေ ာက်ဖိဖြစ်နေတယ်ဆိုတာ လူ့ လည်းသိတာပဲ ဟား ဟား ''





ဟု လှောင်ပြောင်တော့တယ်။





'' အို . . .ဦးတိတ်ရှောင်ကလည်း သူမျ ားသားသမီးကို . . . .။ ဒီမှာ လူကြီးတွေစကားပြောနေတုန်းကို ပေါက်ကရတွေ လာပြောမနေနဲ့။ သွား. . သွား . .ညကျ အခေါက်ကင်ဝယ်ကျေွ းမယ် ''





လူခန့်လည်း လေသံတိုးတိုးနဲ့ ဦးတိတ်ရှောင်ကို ကျ ိတ်ပြီးမောင်းထုတ်လိုက် တော့ ၎င်းက မျ က်လုံးပေါက်ကလေးတွေပိတ်အောင် ပြုံ းဖြဲဖြဲ လုပ်ပြီး





'' ဟဲ ဟဲ ဟဲ ဝ တို့ပို့ပေးလိုက်တာ အားလုံးအဆင်ပြေသွားတော့ ပျေ ာ်လို့ပါ။ ဝ သဘောပေါက်ပါတယ်။ အချ စ်လေ. . အချ စ် . . ။ အချ စ်နဲ့တွေ ့ရင် ဗိုင်းကောင်းကျေ ာက်ဖိတွေ ဘာတွေလာလုပ်မနေနဲ့ . . .ဖိချ င်တာနဲ့ဖိ . . .နောက်ဆုံးတော့ ဖိထားသမျှ အကုန်လန်ထွက်ပြီး ရှိတာတွေအကုန်ပေါ်သွားကြရတာပဲ . . .''





'' ခင်ဗျ ားကတော့ လုပ်ပြီ။ ပြောလေကဲလေပဲ။ ဒါနဲ့ ပြတင်းပေါက်တံခါးကို ခင်ဗျ ားပိတ်ထားတာ တော်တော်ကို တင်းတာပဲ။ ဟိုက နှစ်ယောက်အားနဲ့ တွန်းဖွင့်ကြတာတောင် တုတ်တုတ်မလှုပ်ဘူး ''





လူခန့်က စကားလမ်းကြောင်းလွှဲပေးလိုက်တော့ ဦးတိတ်ရှောင်လည်း အမွှေးခွေခွေလေး တစ်ပင်သာရှိတဲ့ မေးစေ့ကို ပွတ်ရင်း





'' ဒါက ဝ ရဲ ့ တန်ခိုးလေ . . .''





လို့ ဂုဏ်ယူစွာ ပြန်ပြောလိုက်ပါတော့တယ်။



.



.



.



.



ကျေ ာ်သူရရဲ ့ ဖခင်က ညွှန်မှူ းအငြိမ်းစား။ အဘိုးကြီး အဖွားကြီးက ငွေထုပ်ပိုက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေရာမှ သားဖြစ်တဲ့ ကျေ ာ်သူရနဲ့ ခတ္တာတို့ လက်ထပ်လည်းပြီးကော ချေွ းမအားကိုးနဲ့ ဖုန်းတွေ နာရီတွေ ရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ကို မြို ့မဈေ းကြီးနားမှာ ဖွင့်ချ လိုက်တော့တာ။





ဘိုးတော်က သူ့ရဲ ့အရာရှိ သက်တမ်းတလျေှ ာက် စုထားဆောင်းထားခဲ့တာတွေကလည်းရှိ . . . ဘွားတော်ဘက်ကလည်း လယ်တွေ ယာတွေအပြင် မြို ့လယ်လမ်းမပေါ်မှာတင် တိုက်သုံးလုံးလောက် အမွေရထားသေး။ ဒါတောင် တက္ကသိုလ်ကျေ ာင်းဘက်မှာ အမျ ို းကမီးဆောင်ငှားထားတဲ့ သုံးထပ်အဆောင်ကြီး နှစ်ဆောင်ကျ န်သေးတယ်။





ခတ္တာတို့လင်မယားနေဖို့ကိုလည်း ဆိုင်ဖွင့်ထားတဲ့ တိုက်နဲ့ မလှမ်းမကမ်းအကွာအဝေးမှာရှိတဲ့ တိုက်တစ်လုံး ပေးထားတယ်လေ။ အဘိုးကြီး အဖွားကြီးက





 . . . '' သားတို့ သမီးတို့ ပဲစိတ်ကြို က်ဦးစီးပြီး လုပ်။ ဒယ်ဒီနဲ့ မာမီက အသက်တွေရလာတော့ တရားဘာဝနာဘက်ကို ဦးစားပေးလုပ်ရတော့မှာ ''





ဆိုပြီး ဆိုင်ကိုလည်း ခတ္တာတို့လင်မယားနှစ်ယောက်ကို စိတ်ကြို က် ဦးစီးလုပ်ဆောင်စေတော့တာ။ သူတို့နှစ်ယောက်ကတော့ တရားစခန်းတွေ ဝင်လိုက် တရားပွဲတွေသွားလိုက်ပဲ ပတ်လုပ်နေလေရဲ ့။ နောက်ပိုင်းတော့ အမွေရထားတဲ့ လယ်ယာ စာရင်းတွေကော အဆောင်စာရင်းတွေပါ ခတ္တာတို့ဆီကို ရောက်လာပါကော။





ဖခင်ဦးသောင်းငွေရဲ ့လက်ကဒဏ်ရာကလည်း ပြန်ကောင်းလာပေမယ့် ဒဏ်ဖြစ်ပြီး အကင်းမသေတာကြောင့် ခတ္တာက ကားမောင်းဖို့ သိပ်စိတ်မချ တော့ဘူး။ ဒါနဲ့ သူမတို့အိမ်မှာပဲ ခေါ်ထားလိုက်တော့တယ်။ ကျေ ာ်သူရကလည်း ဦးသောင်းငွေလာနေတာကို ကြည်ကြည်ဖြူ ဖြူ ပါပဲ။ တစ်ခါတလေ ယောက္ခမနဲ့ သမက်နှစ်ယောက်ပေါင်းပြီး တီဗီက ဘောပွဲတွေဘာတွေတောင် အတူတူကြည့်လိုက်ကြသေး။ ဦးသောင်းငွေက အလုပ်မရှိရင် မနေတတ်ဘူးလို့ ဆိုတာနဲ့ ခတ္တာက ဆိုင်မှာ ဝန်ထမ်းတွေကို ကြီးကြပ်ခိုင်းထားရတယ်လေ။



.



.



.



ဦးသောင်းငွေတို့ သားအဖ ပြောင်းသွားကတည်းက တစ်ခြံလုံး တစ်အိမ်လုံးမှာ လူခန့်တစ်ယောက်တည်း ကျ န်ရစ်ခဲ့တော့တာပေါ့။ ဒါနဲ့လူခန့်လည်း စပါယ်ရာအောင်ဘုကို အဖော်ခေါ်ထားပြီး တဲလေးကို ပိတ်လို့ နှစ်ယောက်သား အိမ်မကြီးပေါ်မှာ တက်နေကြတော့တယ်။





ကားကလည်း မြို ့ထဲပတ်ဆွဲတာကိုတင် ဖြစ်လိုက်တဲ့အလုပ်။ စက်လည်း ထွေထွေထူးထူး ဘာမှမဖေါက်ဘူး။ ဦးပုကတော့ အမြဲတမ်းပြုံ းလို့ပျေ ာ်လို့။





'' ဦးသောင်းငွေက ကားလုံးဝနားသွားပြီဆိုတော့ ဒီကားကို မင်းမောင်းလိုက်တော့။ မင်း ဒရိုင်ဘာအစစ်ဖြစ်သွားပြီ။ ဒါပေမယ့် အခြားကားတွေလို ဟိုက်ဝေးမဆွဲနဲ့ကွာ။ မင်းက မြို ့ထဲပတ်ဆွဲတာနဲ့ အကျ ို းပေးတော့ မြို ့ထဲမှာပဲ ပတ်ဆွဲ။ ကားနာလည်းသက်သာတာပေါ့ ''





ဆိုပြီး ဦးပုက လူခန့်ကို ရာထူးတိုးပေးလိုက်တယ်။ ပြီးတော့မှ . . .





'' ကားနားတဲ့အချ ိန် နတ်ဆက်ဖို့ကြက်ကောင်လုံးပေါင်း နှစ်ပေါင်းလောက်လုပ်ပေးပါဦး ''





လို့ ပြုံ းဖြဲဖြဲ မျ က်နှာပေးနဲ့ မျ က်နှာချ ို သွေးပြောကြားပြီး ဆိုက်ကားငှါး ပြန်သွားတော့တယ်။



.



.



.



ခြံကော အိမ်ကော ကားပါ လူခန့်လက်ထဲရောက်လာတော့ လွတ်လွတ်လပ်လပ် ဝက်သားစားလို့ ရသွားကြတော့တာပေါ့။ အောင်ဘုကလည်း ဝက်သားအရမ်းကြို က်တယ်။ သူကတော့ ကားမှာ ဦးတိတ်ရှောင်ရှိနေတာတွေ မရှိတာတွေ ခေါင်းထဲမထည့်ဘူး။ ဝက်သားဒုတ်ထိုး အခေါက်ကင် စသဖြင့် တရုတ်စာတွေ နေတိုင်းစားနေရတာကိုပဲ သဘောကျ နေလေရဲ ့။





'' ဝက်သားစာတာက စား။ ဦးပုနဲ့ ဦးသောင်းငွေ မရိပ်မိအောင်နေရမယ်။ မဟုတ်ရင် ခင်ဗျ ား ငတ်သွားမယ် '' . .





လို့ လူခန့်က အောင်ဘု ကို သတိပေးလိုက်တော့





'' စိတ်ချ ပါ ကားဆြာရယ်။ ကိုယ်ငတ်မယ့်အပေါက်တော့ ကျ ု ပ်က ဘယ်လုပ်ပါ့မလဲ '' တဲ့။





ဝက်သားစားလေ အလုပ်ဖြစ်လေ အလုပ်ဖြစ်လေဝက်သားစားလေ ဖြစ်နေတာမို့ လူခန့်တို့လည်း ဦးပုဆီက ဒရိုင်ပါ ခကော ဘောက်ဆူးတွေပါ မကြာခဏရရှိနေတော့တယ်။ အခြားကုန်ပေါက်တွေ ထွေထွေထူးထူးမရှိတာမို့ လူခန့် တို့ အတော်လေးကို စုမိဆောင်းမိ ဖြစ်လာတော့တာပေါ့။



.



.



.



.



.



အလုပ်အကိုင်အနေအထိုင် အစစအရာရာအဆင်ပြေနေပေမယ့် လူခန့်အတွက် စိတ်ညစ်စရာတစ်ခုရှိလာခဲ့တယ်။ အဲ့ဒါကတော့ မကြီးမြသီရဲ ့ယောကျ ်ား ကိုဘမြင့်က နေသိပ်မကောင်းဘူးတဲ့။ အမြဲတမ်း တချေ ာင်ချေ ာင်ဖြစ်နေလို့ ဆိုက်ကားလည်း နင်းနိုင်တလှည့် မနင်းနိုင်လှည့် ဖြစ်နေတော့တာ။ ကိုဘမြင့်ဆိုက်ကား မနင်းနိုင်တော့ မကြီးပန်းရောင်းတဲ့ ဝင်ငွေလောက်နဲ့က စားစရိတ်ကို ထိန်းဖို့ အခက်အခဲဖြစ်လာတာပေါ့။





မကြီးကတော့ သူ့ဘာသာသူ ကြို းစားရုန်းကန်ရှာပါတယ်။ လူခန့်ကို လုံးဝ အပူမကပ်ဘူး။ လူခန့်က ဘယ်နေနိုင်ပါ့မလည်း။ တပတ်တစ်ခါလောက် မကြီးတို့ဆီ သွားပြီး တစ်သောင်းတန်သည် နှစ်သောင်းတန်သည် ပေးကမ်းထာက်ပံ့နေရတယ်။





ဒါပေမယ့် မကြီးမြသီခမြာ ကံဆိုးရှာပါတယ်။ တနေ့တော့ ကိုဘမြင့်က . . .





'' ဒီနေ့ နေရတာ ပေါ့ပေါ့ပါးပါးရှိတယ်။ တို့စားဖို့ လက်ဖက်ရည်နဲ့ အီကြာကွေး သွားဝယ်လိုက်ဦးမယ် ''





ဆိုပြီး ဆိုက်ကားဆွဲလို့ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကို ထွက်သွားရာက လမ်းမှာတင် . . . '' မူးတယ် မူးတယ် . . .'' လို့အော်ရင်း ဆိုက်ကားပေါ်က ဘုန်းးး ခနဲ ပြစ်ကြပြီး ဆုံးပါးသွားတော့တယ်။





ဒီလိုနဲ့ ယောက်ဖတော်ရဲ ့နာရေးကိစ္စကို လူခန့်ပဲ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးလိုက်ရတော့တာပေါ့။ မကြီးကတော့ တစ်ငိုတည်းပဲ ငိုနေလေရဲ ့။ နာရေးလည်းပြီးကော လူခန့်လည်း ချ စ်လင်သားဆုံးပါးသွားလို့ အရမ်းကို ဝမ်းပမ်းတနည်းဖြစ်နေရှာတဲ့ မကြီးကို တစ်ယောက်တည်းမထားခဲ့ချ င်တာကြောင့် မိမိနဲ့အတူလိုက်နေဖို့ ခြံထဲအိမ်ကို ခေါ်ခဲ့တော့တယ်။









မကြီးလည်း အိမ်ရောက်လာပြီဆိုတော့ ရှေ ့ရေးအတွက်ဘာလုပ်ကြရင်ကောင်းမလည်းဆိုတာ ဦးတိတ်ရှောင်နဲ ့တွေ ့တဲ့အချ ိန် လူခန့်တိုင်ပင်ဖြစ်တယ်။ ဦးတိတ်ရှောင်က ဆြာကြီးဂိုက်နဲ့





'' လူ့ ကို ဝ အကောင်းဆုံးအကြံဉာဏ်တွေပေးမယ်။ ဒါပေမယ့် လူ့ ဝ ပြောတဲ့အတိုင်းတော့ တသွေမတိမ်းလိုက်လုပ်ရလိမ့်မယ်။ ဘာမှ စောဒက မတက်ရဘူး။ ဘယ်လိုလဲ. . .ဂတိပေးနိုင်လား ''





လို့မေးလာတာနဲ့ လူခန့်လည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ကတိပေးလိုက်တော့တယ်။ ပထမဆုံး ဦးတိတ်ရှောင်အကြံပေးတာက





'' လူ့တို့ မောင်နှမ ပိုင်တဲ့ မြို ့ထဲက အိမ်နဲ့ ဝိုင်းကို ရောင်းပြစ်လိုက်။ ရတဲ့ ပိုက်ဆံနဲ့ ရွှေဝယ်ထား '' တဲ့။





ဦးတိတ်ရှောင်စကားကြားရတော့လူခန့်စိတ်ထဲမှာ အင်တင်တင်တော့ဖြစ်သွားတာပေါ့။ မိမိတို့ မောင်နှမလေးနှစ်ယောက်မှာ ကိုယ်ပိုင်ဆိုလို့ မိဘတွေထားခဲ့တဲ့ ပေလေးဆယ် ခြောက်ဆယ် ဒီခြံလေးနဲ့ အိမ်လေးပဲရှိတာမဟုတ်လား။ ဒါကို ရောင်းပြီး ရွှေဝယ်ပြစ်ရမယ်ဆိုတော့ နဲနဲတော့ တစ်မျ ို းပဲ။ ဒါပေမယ့်လည်း ဦးတိတ်ရှောင်ကို ကတိပေးပြီးသားဖြစ်နေတော့ ဘာမှ စောဒက တက်မနေတော့ဘဲ နောက်နေ့မှာ ကားထွက်ရင်း အိမ်နဲ့ခြံကို စပ်ဟတ်ကြည့်ဖို့ လူခန့်ဆုံးဖြတ်ချ က်ချ လိုက်ပါတော့တယ်။



.



.



.



တကယ်တမ်းကြတော့ လူခန့်ထင်သလောက် မစပ်လိုက် မဟတ်လိုက်ရဘူး။ ဦးတိတ်ရှောင် လမ်းညွှန်တဲ့ တရုတ်မကြီးတစ်ယောက်ရဲ ့ ကုန်စုံဆိုင်မှာ ခြံရောင်းဖို့ ပြောကြည့်လိုက်တာ တရုတ်မကြီးက အရမ်းသဘောကျ ပြီး ဝယ်ယူဖို့ ကမ်းလှမ်းပါလေကော။





'' အန်တီက အဲ့ဒီနေရာလေးကို အရင်ကတည်းကလိုချ င်နေတာ။ အန်တီရဲ ့ ဆိုင်နဲ့လည်း သိပ်မလှမ်းတော့ ဂိုဒေါင်ဆောက်ပြီး ကုန်တွေထားဖို့လေ။ အန့်တီ့အနေနဲ့ မောင်လူခန့်ကို သိန်း ၂၃၀ ပေးနိုင် တယ် ''





လို့ လူခန့်ကို ပြောလွှတ်လိုက်တယ်။ လူခန့် ထင်တောင်မထားဘူး။ ခြံနေရာက လမ်းမပေါ်သိပ်မကြပေမယ့် မြို ့ထဲမှာ ရှိတော့ ဘဏ်တွေဝင်လာတဲ့အချ ိန်မှာ ဈေ းတက်ပြီး အရမ်းကို တန်နေတော့တာ။





လူခန့်က အိမ်နဲ့ခြံရောင်းမယ့်အကြောင်းကို မကြီးကို တိုင်ပင်တော့ မကြီးက နဲနဲ စိုးရိမ်ဟန် ပေါ်ပေမယ့်





'' မောင်လေးသဘောပဲလေ . . .'' လို့ခွင့်ပြု ရှာတယ်။ ဦးတိတ်ရှောင်ကတော့





''၂၅၀ ထိတိုးတောင်းကွာ . . .ပေးလိမ့်မယ်။ '' တဲ့





ဒါနဲ့ လူခန့်လည်း နောက်နေ့လည်းရောက်ကော တရုတ်မကြီးနဲ့ ထပ်ပြီး စကားသွားပြောတာပေါ့။ တရုတ်မကြီးက ၂၅၀ အထိတိုးပေးတာကြောင့် အဲ့ဒီနေ့မှာပဲ ရှေ ့နေခေါ်ပြီး စာရွှက်စာတမ်းတွေလွှဲ လက်မှတ်ထိုးလို့ တစ်ခါတည်းရောင်းလိုက်တော့တယ်။ ဦးတိတ်ရှောင်က . . .





'' ဈေ းထဲက . . .' ရွှေတိုးတိုး '. . .ဆိုတဲ့ ရွှေဆိုင်ကိုသွား။ အခေါက်ရွှေပေးပါလို့ပြော။ ဒီငွေနဲ့ ရသလောက်သာ ဝယ်ခဲ့ပေတော့။ ပြီးရင် ရွှေတွေ သယ်မလာခဲ့နဲ့။ အဲ့ဆိုင်မှာပြန်ထားခဲ့ပြီး ဘောင်ခြာပဲတောင်းလာခဲ့ ''





ဟု ရလာတဲ့ ပိုက်ဆံတွေနဲ့ ရွှေဝယ်ဖို့ကိုလည်း အခါတော်ပေးပြန်တယ်။ လူခန့်က စိုးရိမ်ဟန်နဲ့ . . .





'' စိတ်ချ ရပါ့မလား ဦးတိတ်ရှောင်ရယ် ''





လို့ ပြန်မေးလိုက်တော့ . . .





'' လျှ ာမရှည်စမ်းပါနဲ့လူ့ရယ်။ ဝ ပြောသလိုသာလုပ်စမ်းပါ ။ အဲ့ဆိုင်က သီလ သမ္မာဓိပြည့်စုံတဲ့ စိတ်ချ ရမယ့်ဆိုင်ပါ ''





ဦးတိတ်ရှောင်က ရုပ်တည်ကြီးနဲ့ ပြောနေတာကြောင့် လူခန့်လည်း သူပြောတဲ့အတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။





ရွှေက တစ်ကျ ပ်သားကို ၇ သိန်းနှုန်းနဲ့ ၂၄၅ သိန်းဖိုးဆိုတော့ ၃၅ ကျ ပ်သားရတယ်။ လူခန့်က ဦးတိတ်ရှောင်မှာထားသလို . . .ရွှေမယူဘဲ ငွေတင်ခြေခဲ့လို့ရမလား မေးတော့ ဆိုင်ရှင် ဒေါ်တိုးတိုး ကလည်း ဝမ်းပမ်းတသာလက်ခံပြီး သူ့ဆိုင်မှာ ရွှေ ၃၅ ကျ ပ်သား ထားခဲ့ကြောင်း ဘောင်ခြာကို ချ က်ခြင်းရေးပေးလိုက်တော့တာပေါ့။ ကျ န်တဲ့ ငါးသိန်းကိုတော့ ခြေစောင့်လက်စောင့်ထားဖို့ လူခန့်ပြန်ယူခဲ့တော့တယ်။





အချ ိန်ကြာလာတာနဲ့အမျှ မကြီးလည်း ခင်ပွန်းသည်ကို လွမ်းတဲ့စိတ်နဲ့ ပူပန်သောကရောက်တာတွေ တဖြေးဖြေးလျေ ာ့နည်းပြီး ရွှင်ရွှင်ပြပြလေးပြန်ဖြစ်လာတယ်။ လူခန့်တို့က ဟိုင်းဝေးထွက်စရာမလိုဘဲ နေ့ဘက်မြို ့ထဲ ကုန်ပတ်ဆွဲ ညဘက်ခြံထဲကားပြန်ထိုး ဆိုတော့ မကြီးတစ်ယောက်တည်း အထီးကျ န်ဖြစ်မနေတော့ဘူးပေါ့။





စပါယ်ယာ အောင်ဘုခမြာလည်း မကြီးရောက်ကတည်းက အရင် လူခန့်နေခဲ့တဲ့ တဲလေးမှာ သွားအိပ်နေရတာ။ လူခန့်ကော မကြီးကပါ အိမ်ထဲလာအိပ်ဖို့ခေါ်တာ ပြောလို့မရဘူး။ တစိမ်းယောကျ ်ားလေးတစ်ယောက်နဲ့ တစ်မိုးအောက်တည်းအတူတူနေရတော့ မကြီး အနေခက်မှာ စိုးလို့ . . .



မကြီး လွတ်လွတ်လပ်လပ်နေရအောင်တဲ့လေ။





အဲ့ဒါနဲ့ လူခန့်လည်း အောင်ဘုကို အားနာမိတာကြောင့် ရွှေဝယ်တာပိုတဲ့ ပိုက်ဆံထဲကနေ တဲလေးကို ခိုင်ခိုင်မာမာ သားသားနားနားလေး ပြန်ပြင်ပေးလိုက်တော့တယ်။ လူခန့်က ဦးသောင်းငွေဆီသွားပြီး တဲလေးပြင်ဆောက်တဲ့အကြောင်း အသိပေးလို့ ခြံထဲမှာ သူတို့ကို ဆက်နေခွင့်ပြု ဖို့ကိုပါ တစ်ခါတည်းခွင့်တောင်းလိုက်တယ်။ ခြံငှားခပေး ရမယ်ဆိုလည်း ပေးပါမယ်ပေါ့။ ဦးသောင်းငွေက . . .





'' မင်းနဲ့ငါနဲ့က ပြောစရာလူတွေလားကွ။ ခြံငှါးခတွေဘာတွေလုပ်မနေနဲ့။ ခြံဆိုတာ လူစောင့်မရှိရင် ပျ က်ဆီးတယ်။ ခုလို မင်းတို့နေပေးနေတာကိုပဲ ငါက ကျေ းဇူးတင်တာ။





ဒီမှာ မောင်လူခန့် မင်းနဲ့ငါနဲ့က ဆြာတပည့်ဆိုလည်း ဟုတ်တယ် . . .တူဝရီးဆိုလည်း ဟုတ်တယ် . . .မိတ်ဆွေဆိုလည်း ဟုတ်တယ် . . .နောက်ဆုံး ကုန်ကုန်ပြောရရင် မတော်လိုက်ရတဲ့ ယောက္ခမနဲ့ သားမက်ဆိုရင်လည်းဟုတ်သေးတယ် . . .။ အဲ့ဒါကြောင့် ငါနဲ့မင်းကြားမှာ နောက်နောင် ဘယ်တော့မှ ငွေစကားမပြောနဲ့. . .ကြားလား ''





ဆိုပြီး လူခန့်တို့ကို သူ့ခြံမှာ စိတ်တိုင်းကျ နေဖို့ ခွင့်ပေးရှာတယ်။ လူခန့်လည်း ဦးသောင်းငွေကို ကျေ းဇူးတင်စကားအထပ်ထပ်ပြောပြီး ပြန်ခဲ့တော့တာပေါ့။





'' မင်းတို့စိတ်ကြို က် ငါ့ခြံထဲမှာနေလို့ရတယ်။ အဲ. . . တစ်ခုတော့ရှိတယ် . . .အဲ့ဒါဘာလည်းဆိုတော့ ငါလာရင် မင်း ဟင်းကောင်းကောင်းချ က်ကျေွ းရမယ် ''





မပြန်ခင် ဦးသောင်းငွေ က လူခန့်နားကပ်ပြီး ရယ်ကျ ဲကျ ဲနဲ့ မှာလိုက်သေးတယ်။ လူခန့်လည်း





'' ဟုတ်ပါပြီ ဆြာရယ် . . .''





လို့ ပြုံ းပြပြီး ခေါင်းငြိမ့်လိုက်ပါတော့တယ်။



.



.



.



.



မကြီး အိမ်မှာရှိတော့ လူခန့်တို့အတွက် ထမင်းဟင်း အတော်ကို အဆင်ပြေနေတာပေါ့။ မကြီးက မနက်စောစောကတည်းက ထမင်းဟင်းထချ က်ပြီး လူခန့်တို့နှစ်ယောက်စလုံးအတွက် ထမင်းချ ို င့်ထည့်ပေးလိုက်တယ်။ ညနေကားသိမ်းလာရင်လည်း လူခန့်ကော အောင်ဘုပါ ရေမိုးချ ို းပြီး ထမင်းတန်းစားရုံပဲ။





ဒါတင်မကဘူး မကြီးက လျေှ ာ်ရေးဖွတ်ရေးနဲ့ အိမ်သန့်ရှင်းရေးတွေမှာပါ အားကိုးရသေးတယ်။ မကြီးဟာ လူခန့်ရဲ ့ အဝတ်အစားတွေ အကုန်လုံးကို လျေှ ာ်ဖွတ်မီးပူတိုက်ပေးတဲ့အပြင် အောင်ဘုအဝတ်အစားတွေကိုပါ အဆစ်ထည့်လုပ်ပေးနေတာ။ အောင်ဘုကတော့ အားနာလွန်းတာကြောင့်





'' မလုပ်ပါနဲ့ မကြီးရယ် . . .'' လို့ အတန်တန်တားပေမယ့် မကြီးက





'' အစ်မမောင်လေးရဲ ့လုပ်ဖော်ကိုင်ဘက် ကလည်း အစ်မရဲ ့မောင်လေးပဲပေါ့ '' ဆိုပြီး တားမရတာနဲ့ပဲ ဒီအတိုင်း လွှတ်ပေးထားလိုက်ကြရတော့တယ်။





မကြီးက နေ့ခင်းနေ့လည်တွေမှာ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ထားတတ်ပြီး ခြံထဲကိုပါ ပြောင်နေအောင် တံမြက်စည်းလှဲထားသေးတယ်လေ။ အိမ်ကြီးကိုတင်မဟုတ်ဘဲ တစ်ခါတလေ အောင်ဘုနေတဲ့ တဲလေးထဲကိုပါဝင်ပြီး မကြီးက သန့်ရှင်းရေးလုပ်ပေးတတ်လေရဲ ့။





လူခန့်တို့က ပိုက်ဆံရှာ . . .မကြီးက အိမ်မှုကိစ္စတွေ ဒိုင်ခံလုပ်ပေး . . . ဝင်ငွေလေးကလည်းပုံမှန်ဝင် . . အပိုကုန်ပေါက်ကလည်းမရှိ. .ဆိုတော့ လူခန့်တို့ မောင်နှမတစ်စုဟာ တက်ညီလက်ညီ ကြို းစားကြရင်း ဦးသောင်းငွေရဲ ့ခြံထဲမှာ ပျေ ာ်ရွှင်စွာ နေထိုင်ကြတော့တာပေါ့။









'' ငါလာရင် ဟင်းကောင်းကောင်းချ က်ကျေွ းရမယ် '' လို့ ဦးသောင်းငွေက လူခန့်ကို ပြောသွားပေမယ့် တကယ်တမ်းကြတော့ လွန်ခဲ့တဲ့ လေးလအတွင်း သူ တစ်ခါမှကို မလာဖြစ်ပါဘူး။ ခု ရောက်လာပြန်တော့လည်း ပြသနာတစ်ခုကို သယ်လာပြန်တယ်။ သူနဲ့အတူပါလာတာက အမျ ို းသမီး တစ်ယောက်။





လူခန့်သေခြာမေးကြည့်တော့မှ သူ့သမီးဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းခလေးကို ခိုးပြေးလာတာလို့ ဘိုးတော်ကပြောပြတယ်။ မသက်ထားလို့ အမည်ရတဲ့ အနှီအမျ ို းသမီးက အသက် ၃၀ . .၃၀ ကျေ ာ်လောက်ရှိပြီး အသားဖြူ ဖြူ မျ က်နှာဝိုင်းဝိုင်း . . ကိုယ်လုံးပြည့်ပြည့် နဲ့။ အရပ်ကလည်း မနိမ့်မမြင့်။ ရုပ်ကတော့ လှတယ်ဆိုတာထက် ချ စ်ဖို့ကောင်းတယ်လို့ ပြောရမှာဖြစ်ပြီး ဆံပင်က ကျေ ာလည်လောက်အထိပဲ ရှည်တယ်။





'' ခက်တော့တာပဲ ဦလေးရယ်။ ဦးလေးဟာလေ အနားမှာ မိန်းမတစ်ယောက်ယောက်မရှိရင်ကို မနေတတ်တာပါလား ''





လူခန့်က ငြီးငြီးညူ ညူ နဲ့ ဦးသောင်းငွေ တို့စုံတွဲအတွက် နေရာစီစဉ်ပေးဖို့ ပြင်ရတော့တာပေါ့။





မိန်းမနဲ့ပတ်သက်လာရင် ထူးထွေဆန်းပြားတတ်တဲ့ ဦးသောင်းငွေရဲ ့အကျ င့်ကို လူခန့် သိပြီးသားဖြစ်နေတာက တစ်ကြောင်း . . .အိမ်ထဲမှာ မကြီးလည်းရှိနေတာက တစ်ကြောင်းကြောင့် . . တကယ်ဆိုရင် အောင်ဘုကို အိမ်ထဲသွင်း . . .သူတို့စုံတွဲကို အောင်ဘုရဲ ့တဲထဲမှာ နေရာချ ပေးလိုက်ချ င်တာ။ ဒါပေမယ့် ဦးသောင်းငွေက လက်ရှိ အိမ်ပိုင်ရှင်လည်းဖြစ်နေပြန် ကိုယ့်ဆြာသမားလည်းဖြစ်ပြန်တာကြောင့် နောက်ဆုံးမှာတော့ လူခန့်လည်း မကြီးရဲ ့ အခန်းနဘေးက မိမိအိပ်ခန်းကိုသာ ရှင်းလင်းပေးလိုက်တော့တယ်။ လူခန့် ကိုယ်တိုင်ကတော့ အိမ်ရှေ ့ခန်းက တန်းလျ ားရှည်ဆီကို နေရာပြောင်းခဲ့ရတာပေါ့။



.



.



.



ဦးသောင်းငွေကတော့ ဦသောင်းငွေပဲလေ။ ဘယ်ရိုးရာပျ က်ပါ့မလည်း။ ညလည်းနဲနဲနက်လာကော သူတို့အခန်းက အသံတွေထွက်လာတော့တာပဲ။ ဆော်ကြီး လည်းသနားပါတယ်။ အသံတွေကြားရတာတော့ အစပိုင်း ဆော်ကြီးကရှက်လို့ ကျ ိတ်မှိတ် အောင့်အီးနေပုံရတယ်။ နောက်တော့လည်း. . .မရပါဘူး။ တဖြေးဖြေးနဲ့ အသံတွေက အတော်ကို ပြင်းပြင်းရှရှဖြစ်လာပြီး ငိုသံတွေ ရှိုက်သံတွေ ပါ ပါလာပါကော။





လူခန့်ကတော့ . . .ငါလည်းဒီအသံတွေကြားနေရသလို မကြီးလည်း အခန်းထဲက ကြားနေရမှာပဲ . . .လို့တွေးမိပြီး စိတ်မချ မ်းမသာဖြစ်လွန်းလို့ အိပ်လို့တောင်မပျေ ာ်ဘူး။ အိပ်မပျေ ာ်တော့ အသံတွေကြား. . . အသံတွေကြားရတော့ စိတ်မချ မ်းသာ. . .စိတ်မချ မ်းသာတော့ အိပ်ပျေ ာ် နဲ့ လူခန့်အဖြစ်က ပတ်လည်ရိုက်လျှ က်။





တစ်နာရီလောက်ကြာတော့မှ မသက်ထားရဲ ့ အာခြစ်အော်လိုက်တဲ့ အသံစူးစူးတွေ ဆက်တိုက်ထွက်လာပြီးနောက် တိတ်တိတ်ဆိတ်ဆိတ် ပြန်ဖြစ်သွားတော့တယ်။ ဒါတောင် သူမရဲ ့ ရှိုက်ငိုသံ '' တ ဟီး ဟီး '' က အရှိန်မသေသေးဘူး။ နာရီကြည့်လိုက်တော့ ၁၂ နာရီခွဲနေတာနဲ့ လူခန့်လည်း အိပ်ပျေ ာ်အောင် အိပ်လိုက်တော့တယ်။



.



.



.



'' ဒီလူကြီး လုပ်တဲ့ပုံကတော့ မဟုတ်သေးပါဘူး။ ကြာရင် ကာယကံရှင်တွေဖြစ်တဲ့ သူတို့အတွက်လည်းမကောင်းဘူး ။ သူတို့ အသံတွေကြားနေရတဲ့ ကျွ န်တော်တို့မောင်နှမအတွက်လည်းမကောင်းဘူး။ သူ့ဆော်ကြီးခမြာလည်း မခံစားနိုင်လွန်းလို့သာ . . . . . သူတို့အသံပလံတွေ ကျွ န်တော်တို့ကြားမှန်းသိပြီး ရှက်နေရှာမှာပဲ ''





လူခန့်ကဦးတိတ်ရှောင်နဲ့ တွေ ့တဲ့အချ ိန် ဆြာဖြစ်သူ ဦးသောင်းငွေရဲ ့အကြောင်းကို စိတ်ပျ က်လက်ပျ က်ပြောပြလိုက်တော့ ဦးတိတ်ရှောင်က တခွိ ခွိ ရယ်တော့တာပဲ။ ရယ်လို့ အားရတော့မှ ဦးတိတ်ရှောင်က. . .





'' အစကတည်းက လူ့ဆြာက လူရှုပ်ကြီး လူ့ ရဲ ့။ သမီးမိန်းကလေးတစ်ယောက်တည်းရှိတဲ့ အိမ်ကို လူ့ကို ခေါ်တင်လာတာပဲ ကြည့်ပါလား။ ဝ သာ သူ့နေရမှာဆို လူ့ ကို ခေါ်မလာဘူး။





ခု လည်း သူတို့ လင်မယား နေကြထိုင်ကြတာကို မထူးစမ်းတဲ့ သဘာဝ တစ်ခုလို့ပဲ မှတ်ထင်ထားတဲ့ပုံ။ စန်းကတော့ အပွင့်သားလား။ သူနဲ့ အသက်အရမ်းကွာနေတဲ့ ကလေးမကို ဘယ်လိုတွေမြန်း စည်းရုံးလိုက်တယ် မသိဘူး။





သုံးလေးရက်တော့ လူ့ သူ့ကို သည်းခံရလိမ့်မယ်။ အဲ့ဒါကျေ ာ်သွားရင်တော့ အဆင်ပြေပါပြီ။ သူတို့လည်း ဒီမှာ တစေ နေမှာမဟုတ်ဘူး။ သူတို့အစီအစဉ်နဲ့သူတို့ ရှိပြီးသား ''





လို့ လူခန့်ကို ပြောပြလိုက်တော့တယ်။





လူခန့်လည်း . . .သုံး လေး ရက်ဆိုရင်တော့ မဆိုးပါဘူး . . .လို့ တွေးပြီး သက်ပြင်းချ လိုက်ရတော့တာပေါ့။ ဦးတိတ်ရှောင်က လူခန့်ကို စကားဆက်ပြန်တယ်။





'' လူ့ သိပြီးပြီလား. . . ရွှေဈေ းတွေ တက်သွားပြီ။ လူ့တော့ ထောပြီပဲ ''





ဦးတိတ်ရှောင်က ဝမ်းပမ်းတသာနဲ့ ပြောလိုက်တော့ လူခန့်လည်း စိတ်ဝင်စားသွားပြီး





'' ဘယ်ဈေ းဖြစ်သွားလို ့လည်း ''





'' တစ်ကျ ပ်သားကို ၉ သိန်းကျေ ာ်သွားပြီ။ လူ့ရဲ ့ . . . .''





လူခန့်နဲ့ ဦးတိတ်ရှောင် တစ်ယောက်မျ က်နှာတစ်ယောက်ကြည့်ပြီး ပြုံ းလိုက်ကြပါတော့တယ်။



.



.



.



ဦးတိတ်ရှောင် ပြောတာမှန်တယ်။ သုံးရက်လောက်အကြာမှာ ဦးသောင်းငွေ လူခန့်ကို ခေါ်ပြီး စကားပြောတော့တယ်။





'' တကယ်တော့ ငါဒီမှာ လာရှောင်နေတာကို သမီးက ဘယ်မသိပဲနေမလဲ။ သိတာပေါ့။ စိတ်ဆိုးနေတုန်း မို့လို့သာ ငါ့ဆီရောက်မလာသေးတာ။ တကယ်လို့ သူရောက်လာခဲ့ရင်လည်း လောလောလတ်လတ် ငါသူနဲ့မျ က်နှာချ င်းဆိုင်ရမှာ မဝံ့မရဲသေးဘူး ''





'' အင်းလေ. . .ဦးလေးက ပေါက်ကရတွေလျေှ ာက်လုပ်တာကို။ ခုဆိုရင် မခတ္တာလည်း သူ့အမျ ို းသားအသိုင်းအဝိုင်းမှာ မျ က်နှာပျ က်စရာတွေဖြစ်ကုန်ပြီပေါ့ ''





'' ဒါကတော့ စိတ်မပူရဘူး ကိုယ့်လူရဲ ့။ ခု အဘိုးကြီး အဖွားကြီးက သမီးပြီးရင် ပြီးကော ဖြစ်နေကြတာ။ သက်ထားနဲ့ငါ့ ကိစ္စမှာလည်း မောင်ကျေ ာ်သူရ ကိုယ်တိုင်က အလိုတူအလိုပါပဲလေ ''





'' ဦးလေးတို့ သမီးယောက္ခမ နှစ်ယောက်ကတော့ ဟုတ်နေကြတာပဲ။ ဟို လူကလည်း ကိုယ့်ကိစ္စကို်ယ်သာ ရဲရဲရင့်ရင့် မပြောရဲမဆိုရဲတာ။ ယောက္ခမကို မြှောက်ပေးဖို့တော့ ရတယ်။ ယောက္ခမကလည်း သိပ်မကဲရှာဘူးဆိုတော့ . . .တကယ်တည်း တတ်လည်းတတ်နိုင်ကြတဲ့သူတွေ ''





'' အေးကွ။ မင်းပြောလည်း ခံရမှာပဲ မောင်လူခန့်ရဲ ့။ ငါတို့ကလည်း မင်းပြောတဲ့အတိုင်း ဟုတ်နေတော့တာကိုးး ဟားး ဟားး ဟားး ''





'' အဲ့ဒါတွေ ထားပါတော့ . . .ခု ဦးလေး ဘာဆက်လုပ်မယ် စဉ်းစားလည်း ''





'' ဒီလိုကွ . . . သက်ထားရဲ ့ရွာက အင်းမဆိုတဲ့ မြို ့ကလေးနားက။ အဲ့မှာ သူ့မိဘတွေကော အမျ ို းတွေပါ ရှိတာ။ ငါ့အနေနဲ့ သက်ထားတို့ ဘက်မှာ အခြေချ ချ င်တယ်။ သူတို့ရွာမှာ မဟုတ်ရင်တောင် အင်းမမြို ့ပေါ်မှာပေါ့။ အဲ့ဒါ ငါတို့ နေဖို့ထိုင်ဖို့နဲ့ ရင်းနှီးစားဖို့ ငွေလိုတယ်။





ဒါကြောင့် ငါပိုင်တဲ့ ဒီခြံကို ရောင်းမယ်လို့ ငါဆုံးဖြတ်လိုက်ပြီ။ ရောင်းမယ်ဆိုတာမှာလည်း အခြားသူကိုရောင်းရင် မင်းတို့တွေ အဆင်မပြေဖြစ်မှာဆိုးတော့ ဦးပုကိုရောင်း မလားလို့ ငါတွေးတယ်လေ။ သူ့မှာက ကားတွေထားဖို့ နေရာအမြဲလိုနေတာ။ သူဝယ်ဖြစ်သွားတော့ မင်းတို့လည်း ပြောဆိုပြီး ဆက်နေလို့ရတာပေါ့။





ဒါပေမယ့် ခက်နေတာက ငါခုလို တလွဲလုပ်ထားတော့ အဘိုးကြီးကို သွားမတွေ ့ရဲဘူး။ အဲ့ဒါ မင်းကြားထဲက ပြောပေးပါလား ''





'' ကိုကျော်သူရက ဦးလေးကို မြှောက်ပေးတုန်းကမြှောက်ပေးပြီး ငွေကျတော့ ထုတ်မပေးဘူးလား ''





'' ထုတ်တော့ပေးတာပေါ့ကွာ။ ဒါပေမယ့် အဲ့ဒီလိုမျ ို းကြတော့လည်း ငါဘယ်ယူချင်ပါ့မလည်း။မင်းပဲစဉ်းစားကြည့်လေ။ ယောက္ခမ နောက်မိန်းမယူဖို့ သမက်ဆီ ပိုက်ဆံလက်ဖြန့်တောင်းရတယ်ဆိုတာ . . .ကြားလို့မှမကောင်း ။ လုပ်ပါကွာ . . .ဦးပုဆီသာ သွားပြောပေးစမ်းပါ''





'' ဦးပုကို ကျွ န်တော်ပြောပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဦးလေး မခတ္တာအတွက်ကော ထည့်မစဉ်းစားတော့ဘူးလား။ ''





'' သမီးအတွက်က ဘာစဉ်းစားစရာလိုလို့လည်းကွာ။ သူ့ယောကျ ်ားဘက်က ဘောစိတွေ။ ပြီးတော့ သားလေးကလည်းတစ်ယောက်တည်း။ သမီးကိုလည်း ချ စ်လိုက်ကျ တာတုန်လို့။ ဒီခြံရောင်းရတဲ့ ငွေလောက်က သူ့အတွက် ဘာမှ အရေးမကြီးပါဘူး။ ခုလောလောဆယ်အရေးကြီးနေတာက ငါ့အတွက်ကွ . . . . . .ဦးပုကို သွားစပ်ပေးစမ်းပါ။ ငါလည်းအဆင်ပြေ. . . မင်းတို့လည်း အဆင်ပြေအောင်လို့ . . . .''





'' အင်းပါ။ ဟုတ်ပါပြီ။ ကျွ န်တော် မနက်ဖန်သွားပြောပေးမယ် ''





'' ကျေ းဇူးပါပဲကွာ . . .''





လူခန့်တို့ ဆြာတပည့်နှစ်ယောက် အပြန်အလှန်စကားပြောနေတုန်း





'' ဦးလေးနဲ့ မောင်လေး ထမင်းစားကြမယ် ''





မကြီးက ညစာထမင်းစားဖို့ လာခေါ်တာနဲ့ပဲ စကားစပြတ်သွားတော့တယ်။ မကြီးနဲ့အတူတူ မသက်ထားပါပါ လာပြီး ဦးသောင်းငွေအနားကိုကပ်လို့





'' လာလေ . . .ကိုကြီး။ ထမင်းစားသွားကြမယ် ''





ဟု ဦးသောင်းငွေရဲ ့ လက်ကို ဆွဲလျှ က်နှစ်ယေက်သား ပိကျ ိ ပိကျ ိလုပ်ရင်း ရှေ ့ကနေ ထွက်သွားကြပါလေကော။ မကြီးက သူတို့နှစ်ယောက်ကို ကြည့်ကျ န်ခဲ့ရင်း မြင်ပြင်းကတ်ဟန်ဖြင့် . . .





'' မသက်ထားမျ ား. . . ခုကြတော့ မနေညတုန်းက ငိုနေရ အော်နေရတာ သူမဟုတ်တဲ့အတိုင်းပဲ။ သူမျ ားတွေ က သူတို့အသံတွေ မကြားချ င်အဆုံး။ တကယ်တည်း တတ်လည်းတတ်နိုင်တဲ့ စုံတွဲတွေ။ ခုညလည်း ဘယ်လို မချ ိမဆန့်အသံတွေ ကြားရဦးမလည်းမသိဘူး ''





ဆိုပြီး လူခန့်ရှေ ့မှာပင် မအောင့်နိုင်မအီးနိုင်တော့ဘဲ ရွဲ့ကာ မဲ့ကာ ကဲ့ရဲ ့ပြစ်တင်နေလေတော့တယ်။ လူခန့်ကတော့ မျ က်နှာတစ်ဖက်ကို လှည့်ထားလိုက်ရပြီး ပြုံ းစိစိဖြစ်နေတော့တာပေါ့။



.



.



.



ဆက်ရန် 





အမြင့်ကြောက်သော ငှက်