သူစိမ်း ၉




အမြင့်ကြောက်သော ငှက်









'' မိုက်ကြတယ်. . .မိုက်ကြတယ်။ တကယ်တော့ ဆြာကြီးဟာ ဒီလို ကိစ္စတွေမှာ ဝင်မပါတော့တာ နှစ်ကိုဆယ်နဲ့ချ ီခဲ့ပါပြီ။ သူတပါးကို နိုမ်နင်းတာ ဒဏ်ခတ်တာ အပြစ်ပေးတာ စသဖြင့်ပေါ့လေ . . .ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကို ဆြာကြီး မလုပ်ချ င်တော့ဘူး။





ဒါပေမယ့်လည်း ငါ့သမီးတွေအပေါ်မှာ အနိုင်ကျ င့်နေတာကို ဆြာကြီး သိလျှ က် မြင်လျှ က် သားနဲ့ ဒီအတိုင်းမျ က်နှာလွှဲလိုက်ဖို့ကျ တော့လည်း အခက်သား။





ကဲပါလေ. . .ဒီတစ်ခါတော့ ဆြာကြီး ဒီကိစ္စကို ဖြေရှင်းပေးခဲ့ပါ့မယ်။ ဒီမိစ္ဆာကောင်ကိုလည်း ငါ့သမီးတွေကြေနပ်အောင်အထိ အပြစ်ပေးပေးမယ်။ နောက်ပြီး ငါ့သမီးတွေကို ရှေ့ဆက် ဘယ်သူကမှအနိုင်ကျ င့်လို့မရအောင် အစီအရင်ကောင်းကောင်းတွေလည်း ဆြာကြီးလုပ်ပေးခဲ့မယ်။





အင်းးး . . .ပြီးရင်တော့ ဆြာကြီးလည်း အထက်ပုဂ္ဂို လ်တွေရဲ ့ခွင့်ပြု ချ က်နဲ့ ရှမ်ဘဲလား မဟာမြို င်ကိုသွားပြီး နိဗ္ဗာန်ရောက်ကြောင်း အကျ င့်မြတ်တွေကို ကျ င့်ကြံပွားမျ ားတော့မယ်လို့ ဆုံးဖြတ်ချ က်ချ ထားပြီးပြီ ငါ့သမီးတို့ . . . . .''





ဆြာကြီးအောင်မြတ်ဟိန်းက ဖြေးဖြေးအေးအေးဖြင့် ဒေါ်ထားထားတို့သုံးယောက်လို ပြောပြနေခြင်းဖြစ်သည်။ ဒေါ်ထားထားက ဆြာကြီးအား လက်အုပ်ချ ီလျှ က် . . . . .





'' ဟုတ်ကဲ့ပါ ဆြာကြီးရယ်။ ဆြာကြီး ဒီကနေထွက်မသွားခင်တော့ သမီးတို့ရဲ ့ ဒုက္ခတွေကို ကယ်တင်သွားပါဦးနော် . . . .''





ဟု အားကိုတကြီးပြန်ပြောလိုက်ရာ . . . .





'' မပူနဲ့ငါ့သမီး။ ဒီကာမေသုကောင်ကို မနက်ဖန်မနက်မှာ ဆြာကြီးကိုယ်တိုင် သွားဖမ်းပေးမယ်။ အဲ့ဒီအခါကြ သမီးတို့လည်း လိုက်ခဲ့ရမယ်။ ဒီမိစ္ဆာကို သမီးတို့ရှေ ့တင် ပြစ်ဒဏ်ခတ်ပြီး ဒီကနေ မိုင်တစ်ရာဝန်းကျ င် မလာနိုင်မဝင်နိုင်အောင်လို့ ဆြာကြီး နယ်နှင်ဒဏ်ပါတစ်ခါတည်းပေး ပေးပါ့မယ်။ ရဲကို တိုင်တာတောတာတော့ မလုပ်တော့ဘူးမဟုတ်လား။ ''





'' မလုပ်တော့ပါဘူးဆြာကြီးရယ်။ ဒီကောင် ရသင့်ရထိုက်တဲ့ ပြစ်ဒဏ်ခံရပြီး ဒီနယ်ကိုမလာဝံ့တော့ရင် နောက်ပြီး သမီးတို့ကို ထပ်အနိုင်ကျ င့်လို့မရတော့ရင် ကြေနပ်ပါပြီ ။ တိုင်ရယ် တောရယ်ဆို အကျ ယ်အကျ ယ်ဖြစ်မယ်လေ။ သမီးတို့ ကိစ္စက လူသိသိပ်ခံလို့မကောင်းပါဘူး ဆြာကြီးရယ် . . . . . ''





'' အေးးကောင်းတယ်ကွယ်။ တိုင်လည်း အကျ ို းမထူးပါဘူး။ သူက မိစ္ဆာကိုးးး။ ဆြာကြီးလို တတ်ကျွ မ်းနားလည်တဲ့ဆြာနဲ့ နှိမ်နှင်းမှရမှာ။ ဒီကိစ္စက ရဲတွေ ဘာမှမတတ်နိုင်ပါဘူး ''





'' ဟုတ်ကဲ့ပါဆြာကြီးရယ်။ ဒါနဲ့ သမီးတို့ မနက်ဖန်မနက် ဘယ်အချ ိန်လာခဲ့ရမလဲ။ ပြီးတော့ ဘာတွေပြင်ဆင်ခဲ့ရဦးမလဲ အမိန့်ရှိပါဦး ဆြာကြီး ''





'' အေးးဟုတ်သား။ ဒီလိုလုပ်သမီးတို့ . . . . .မနက်ဖန် မနက် ခုနှစ်နာရီကို ဆြာကြီးဆီလာခဲ့ကြ။ ဒီကိုလာရင် သမီး သူဇာနဲ့ သက်မာက သမီးတို့ အမျ ို းသားတွေမှာရှိတဲ့. . . . သူတို့သိပ်ကိုတန်ဖိုးထားပြီး အခြားတွေလူမသိတဲ့ ပစ္စည်းတစ်ခုဆီယူလာခဲ့ကြ။ တရားခံဟာ သမီးတို့ အမျ ို းသားတွေဟန်ဆောင်ပြီးနေနိုင်တယ်။ အဲ့ဒီအခါကြရင် အဲ့ဒီပစ္စည်းကို ဘာပစ္စည်းလည်းလို့ မေးပြီး သူမဖြေနိုင်တဲ့အခါမှ သမီးတို့အမျ ို းသားမဟုတ်ကြောင်း သက်သေပြလို့ တခါတည်း သူ့သရုပ်အမှန်ကို ဖော်ခိုင်းရမယ်။





အင်းး ဆြာကြီးကတော့ သူဘယ်သူဘယ်ဝါဆိုတာ သိနေပြီးပါပြီလေ. . .ဒါပေမယ့် သမီးတို့ကိုလည်း သံသယရှင်းသွားအောင် ဆြာကြီး တစ်ခါတည်းလုပ်ပေးခဲ့ချ င်တယ် ''





'' ဟုတ်ကဲ့ပါဆြာကြီး။ ဆြာကြီးကောင်းသာလိုစီစဉ်ပါ။ သမီးတို့ မနက်ဖြန်မနက် ခုနှစ်နာရီ မှာ ဆြာကြီးဆီအရောက်လာခဲ့ပါ့မယ်။ ဆြာကြီးမှာတာကို လည်း သမီးတို့ ယူခဲ့ပါ့မယ် ''





ဟူ၍ ဒေါ်သူဇာက ပြန်လည်ပြောကြားလိုက်လေ၏။





'' အေးးး ကောင်းလေစွ ကောင်းလေစွ။ ကဲ. . .ကဲ ပြန်ကြတော့ ဆြာကြီးလည်း တရားထိုင်းပြီး သတ္တဝါတွေကို မေတ္တာပို့ရဦးမယ် . . . .''





ဒေါ်ထားထားတို့လည်း ဆြာကြီးကို ဦးသုံးကြိမ်ဝတ်ဖြည့်ပြီး ကန်လည်ဓမ္မာရုံမှ ပြန်ခဲ့ကြလေတော့သည်။





'' အင်းးး . . သဗ္ဗေသတ္တာဝေနေယာ ကျ မ်းမာကြပါစေ။ သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းကြပါစေ ''





ဆြာကြီး အောင်မြတ်ဟိန်း၏ မေတ္တာပို့သံက ကန်ရေပြင်တစ်လျေှ ာက် လေယူရာသို့ သာသာစွာ ပြန့်လွင့်နေလေတော့၏။











'' ကဲ. . . .လူတော့စုံပြီ။ ဆြာကြီးမှာတာတွေကော ယူလာခဲ့ရဲ ့လား သမီးတို့ ''



ဆြာအောင်မြတ်ဟိန်း က ဒေါ်သူဇာနှင့် မသက်မာ၏ ဘက်သို့လှည့်၍ မေးလိုက်လေသည်။





'' ပါပါတယ် ဆြာကြီး။ ဒီမှာပါ . . . .''





'' အေးအေး အဲ့ ပစ္စည်းတွေ ဆြာကြီးကို ခဏပေးထားကွယ်. . . .''





ဟု ဆြာအောင်မြတ်ဟိန်းက လက်ဖြန့်တောင်းခံလိုက်လေရာ ဒေါ်သူဇာက သူမ၏ စလင်းဘတ်အိပ်အတွင်းမှ ဘာဂျ ာလေးတစ်လက်ကို ထုတ်ကာ ဆြာကြီးလက်သို့ အပ်လိုက်လေသည်။





မသက်မာကတော့ သူမ၏လက်ထဲတွင် ဆုပ်ထားသော နီနီညို ညို အလုံးလေးတစ်ခုကို ဆြာကြီးလက်အတွင်းသို့ ထည့်လိုက်ရာ . . . .





'' သက်မာ. . .သမီး ဟာလေးက ဘာလေးတုန်းကွယ့် ''





'' မသိပါဘူးဆြာကြီးရယ်။ ကိုကျေ ာ်သာက သူ့အဘကြီးပေးခဲ့တာဆိုပြီး အဲ့ဒါလေးကို ခဏခဏထုတ်ကြည့်တယ်။ ပြီးရင် ပြန်သိမ်းလိုက်ရတာ သူ့မှာအမော။ အဲ့ဒါလေးကို သူသိပ်မြတ်နိုးပုံရလို့ သမီးယူလာတာပါ။ ''





'' သြော်. . .ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါနဲ့ သမီးသူဇာယူလာတဲ့ ဘာဂျ ာလေးကကော ''





'' ဟုတ်ကဲ့ဆြာကြီး။ အဲ့ ဘာဂျ ာလေးက ကိုသိန်းမြင့်ရဲ ့သူငယ်ချ င်း အမေရိကန်ကို ထွက်သွားတဲ့ ဆြာဝန်တစ်ယောက် လှမ်းပို့လိုက်တာပါ။ အမေရိကန်ဒေါ်လာနဲ့ဆို ဒေါ်လာ ရှစ်ရာလောက်ပေးရတယ်ဆိုပဲ။ ကိုသိန်းမြင့်က ကျေ ာင်းကတည်းက ဘာဂျ ာအမှုတ်ကောင်းတယ်လေ။ သူက ဒီဘာဂျ ာလေးကို သိပ်မြတ်နိုးတာ ''





'' ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေ ဆြာကြီးကို ခဏပေးထားကွယ်။ ဖြစ်တယ်မဟုတ်လား ''





'' ဖြစ်ပါတယ်ဆြာကြီး ''





ဒေါ်သူဇာနှင့် မသက်မာက နှစ်ဟောက်သံပြို င်ဖြေကြားလိုက်ရာ ဆြာကြီးအောင်မြတ်ဟိန်းလည်း ပစ္စည်းမျ ားကို ၎င်းလွယ်ထားသော သင်္ကန်းရောင်လွယ်အိတ်ပွကြီးထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်လေတော့သည်။ ထို့နောက် ဆြာကြီးက ၎င်း၏လက်တွင် ကိုင်တောင်ထားသော နဂါးခေါင်း တောင်ဝှေးကြီးကို ကြမ်းပြင်ဖြင့် '' ဒုန်းး '' ခနဲ မြည်အောင်ဆောင့်ကာ . . . .





'' ကဲ. . .လာသမီးတို့။ တရားခံကို ဖမ်းဆီးဆုံးမဖို့သွားကြမယ် ''





ဟူ၍ ရှေ ့မှ ဦးဆောင်ကာ ထွက်ခွာခဲ့လေရာ ဒေါ်ထားထားတို့သုံးယောက်လည်း ဆြာကြီး၏ နောက်မှ ထပ်ချ က်မကွာ လိုက်ပါခဲ့လေတော့၏။











ဆြာကြီးအောင်မြတ်ဟိန်းဦးဆောင်သည့် လူတစ်စုသည် ကန်လည်ဓမ္မာရုံမှ ငါးလုံးတန်းဘက်သို့ ထွက်ခဲ့ကြပြီး ဘိုးလေးမြညွန့်တို့ အိမ်ရှေ ့သို့ရောက်သောအခါ ဆြာကြီးက ရပ်တန့်လိုက်ကာ အိမ်ပေါက်ဝကို တောင်ဝှေးဖြင့်ညွှန်ပြလျှ က် . . . .





'' ကဲ . . .ဒါ တရားခံရဲ့ အိမ်ပဲ ''





ဟု အောင်မြင့်ခံ့ငြားသောအသံဖြင့် ပြောလိုက်လေတော့သည်။ ဒေါ်ထားထားတို့သုံးယောက်လည်း လွန်စွာ အံ့သြသွားကြပြီး





'' ဒါ . . .ဒါ ဆို ဘိုး. . .ဘိုးလေး မြညွန့်က တ. . တ ရားခံ ပေါ့ ''





ဟူ၍ ကတုန်ကယီမေးကြလေရာ ဆြာကြီးက လွန်စွာသေခြာသော မျ က်နှာထားဖြင့် . . . .





'' ဟုတ်တယ် ဦးမြညွန့် ဟာ တရားခံစစ်စစ်ပဲ။ ဘာလည်း ငါ့သမီးတွေက ဆြာကြီးကို မယုံကြည်လို့လား ''





'' ယုံတော့ ယုံကြည်ပါတယ် ဆြာကြီးရယ်။ ဒါ. . .ဒါ ပေမယ့် ''





'' ဒါပေမယ့် မနေကြနဲ့။ ငါ့သမီးတွေ ပြောချ င်တာ ဘာလည်း ဆိုတာ ဆြာကြီးသိတယ်။ ဦးမြညွန့် က အသက်အရမ်းကြီးနေပြီ လို့ပြောချ င်တာမဟုတ်လား ''





ဒေါ်ထားထားတို့ သုံးယောက်လည်း ပြို င်တူ ခေါင်းငြိမ့်ပြလိုက်လေသည်။





'' ဒီလိုရှိတယ် သမီးတို့. . . .ဆြာကြီးနားလည်အောင်ရှင်းပြမယ်။ ဦးမြညွန့်ဟာ သမီးတို့အမြင်မှာ အသက်ကြီး ပေမယ့် လုံးဝမပျ က်ဆီးသေးဘူး လို့ ပြောရမယ်။ သူဟာ ငယ်စဉ်ကတည်းက အားကစားကို ပုံမှန်လိုက်စားလာတဲ့အတွက်ကြောင့် သူရဲ ့ သက်လုံကောင်းမှုက မောင်ကျေ ာ်သာတို့ မောင်သိန်းမြင့်တို့ မောင်မောင်တို့ ထက်အမျ ားကြီးသာတယ်။





ပြီးတော့ သူဟာ မျ က်ပေါက်ကျ ဉ်းကျ ဉ်း အသားဖြူ ဖြူနဲ့ တရုတ်စပ်ဖြစ်ပုံရတယ်။ တရုတ်လူမျ ို းတွေဟာ နန်းတွင်း အကြောသန်ဆေး. . . . နှစ်တစ်ထောင်ဂမုန်းယောကျ ်ားအားဆေး . . . .ကျ ားဇာမဏီနုပျ ို အမောခံဆေး. . .စသဖြင့် အမျ ို းသားအားတိုးဆေးဘက်မှာ အထူးတလည်လေ့လာလိုက်စားလေ့ရှိတာကြောင့် ဦးမြညွန့်ရဲ ့စွမ်းဆောင်ရည်ဟာ မောင်ကျေ ာ်သာတို့. . .မောင်သိန်းမြင့်. .တို့ထက် သာလွန်နေတာပဲဖြစ်တယ်။





နောက်တစ်ခုက သူ့ရဲ ့ ခန္ဓာကိုယ်အလုံးအရပ်ကို သတိထားကြည့်လိုက်စမ်း သမီးတို့။ မောင်ကျေ ာ်သာတို့. . .မောင်သိန်းမြင့်တို့နဲ့ မတိမ်းမယိမ်းတွေပဲမဟုတ်လား။ သူကတောင် နဲနဲပိုပြီးသန်မာပုံပေါက်သေးတယ် ''





ဆြာကြီး အောင်မြတ်ဟိန်းက လုံးစေ့ပတ်စေ့ရှင်းပြလိုက်လေရာ ဒေါ်ထားထားတို့လည်း ထိုအခါကြမှ ဘိုးလေးမြညွန့်၏ အသွင်သဏ္ဌာန်ကို မျ က်စိထဲတွင်ပြန်လည်မြင်ယောင်လာကြ၍ . . . .





'' ဟုတ်တယ် ဆြာကြီးး။ ဆြာကြီး ပြောသလိုဆိုရင်တော့ အမျ ားကြီးဖြစ်နိုင်လောက်ပါတယ် ''





ဟူ၍ ဝိုင်းဝန်းထောက်ခံကြလေသည်။





ထိုအခါ ဆြာကြီးက. . . .





'' ဖြစ်နိုင်တာမဟုတ်ဘူး။ ဖြစ်ကို ဖြစ်နေတာ သမီးတို့။ သူ့ကို ဖမ်းမိတဲ့အခါကြရင် ငါသမီးတွေယုံကြည်အောင် ဆြာကြီး သက်သေထပ်ပြပေးမယ်။ ကဲ. . .ကဲ လာကြ။ တရားခံကို ဖမ်းဖို့ အချ ိန်နှောင်းလို့မဖြစ်ဘူး။





အသက်ကြီးမှ ရမ္မက်ကြီးတဲ့ အဘိုးကြီးရေ ဒီတစ်ခါတော့ ဆြာအောင်မြတ်ဟိန်းနဲ့ တွေ့ပြီဟေ့. . . .





ဟု အပိုင်ကြုံ းဝါးလျှ က် ဘိုးလေးမြညွန့်၏ အိမ်ထဲသို့ ဦးဆောင်ဝင်ရောက်သွားလေတော့သည်။















အိမ်ထဲသို့ရောက်သောအခါ ဧည့်ခန်းစက်တီတွင် မိန့်မိန့်ကြီးထိုင်နေသော ဘိုးလေး မြညွန့် ကို တွေ့ရလေသည်။ ၎င်းသည် မည်သူ့၏ ပုံသဏ္ဌာန်ကိုမျှ ဟန်ဆောင်မထားဘဲ မျ က်လုံးမျ ားကမူ အိမ်ထဲသို့ဝင်လာသော ဆြာကြီးအောင်မြတ်ဟိန်းနှင့် ဒေါ်ထားထားတို့သုံးယောက်ကို ရန်သူမျ ားပမာ စူးစိုက်ကြည့်နေလေ၏။ ဒေါ်ထားထားက . . . .





'' ဘိုး. . .ဘိုးးလေးမြ တစ်. . .တစ်ယောက် တည်းးလားး။ ဖွားလေးသောင်း ကော မတွေ ့ပါလား ''





ဟု မဝ့ံမရဲ မေးမြန်း စကားစလိုက်လေရာ . . . .





'' ဘာမှဟန်ဆောင်ပန်ဆောင်တွေမေးမနေနဲ့ ထားထား။ ခု ဆြာယုတ်ဆြာယောင်နဲ့ပေါင်းပြီး ညဉ်းတို့ ငါ့ကို လာဖမ်းတာမဟုတ်လား။ ရအောင်ဖမ်းကြလေ။ ငါ့မိန်းမကိုတော့ ဒီလို အရေးတွေမြင်လို့ ကြို ရှောင်ခိုင်းလိုက်ပြီး။ ကဲ ဖမ်းကြ။ ရအောင်ဖမ်းကြတော့။





ဟားး. . .ဟားး ဟားး. . .ဟားးး ''





ဦးမြညွန့်က ပွင့်ပွင့်လင်းလင်း တည့်တိုး ပြန်လည်ပြောကြားလိုက်ပြီး ထိုင်ရာမှထကာ တဟား ဟား အော်ဟစ်ရယ်မောလေတော့သည်။ သူ၏ မျ က်လုံးမျ ားကလည်း ပြူ းကြောင်ကြောင်ဖြင့် မူမမှန်သည့် သဏ္ဌာန်ရှိကြလေ၏။





'' သယ်. . .အသက်ကြီးမှ ဘုရားတရားမလုပ်ဘဲ တဏှာ ပွားချ င်တဲ့ အဘိုးကြီး။ မင်းရဲ ့ မိစ္ဆာအစွမ်းတွေကို ငါဒီနေ့နှိမ်နင်းတော့မယ် ''





ဆြာကြီး အောင်မြတ်ဟိန်းက ကြိမ်းမောင်းလိုက်ပြီး ၎င်းလွယ်ထားသော ဘေးလွယ်အိပ်အတွင်းမှ တစ်စုံတစ်ခုကို နှိုက်ယူကာ ဦးမြညွန့်ထံသို့ ပစ်လွှတ်လိုက်လေသည်။





'' ရွှီးး ဒုတ်. . .''





လက်ပြစ်မြှားနှင့် တူသောအရာဝတ္ထု တစ်ခုသည် ဆြာကြီးလက်မှ လျှ င်မြန်စွာ ပြေးထွက်သွားပြီး ဦးမြညွန့်၏ ရင်ဝသို့ စိုက်ဝင်သွားလေတော့ရာ ၎င်းသည် မတ်တပ်ရပ်လျှ က်သားအနေအထားမှ စက်တီခုံပေါ်သို့ ပြန်လည်ကာ ဖင်ထိုင်ကျ သွားလေတော့၏။ ဦးမြညွန့်သည် မြားတံစိုက်ဝင်နေသော မိမိ၏ရင်ဝကို လက်ဖြင့်ဖိ၍ ခုံပေါ်တွင် ကြောင်စီစီကြီး ဖြစ်နေစဉ်တွင် . . . .





'' ကဲ . . .ပြောစမ်း။ ဝန်ခံလိုက်စမ်းး ဒီက သမီးတွေကို ဘယ်လိုတွေ မင်းစော်ကားမော်ကားလုပ်ခဲ့တယ်ဆိုတာကို ''





ဆြာကြီး ကသြဇာသံအပြည့်ပါသည့် လေယူလေသိမ်းဖြင့် စစ်မေးလေ၏။





'' ဟုတ်. . .ဟုတ် ကဲ့ ဝန်. . .ဝန်ခံပါ့ ပါ့မယ် ''





ဦးမြညွန်က ရိုသေစွာ ကတုန်ကယင် ပြန်လည်ပြောကြားပြီးကာမှ ''တဟားး ဟားး '' ဟားတိုက်ရယ်လျှ က်





'' ဆြာစုတ်. . .နင့်ရဲ ့အကြံလောက်ကတော့ မြညွန့်တို့က ပျ င်းသေတယ် ''





ဟုဆိုတာ ရင်ဘတ်ကို ကာထားသော ရာဘာပြားတစ်ချ ပ်အား ၎င်း၏အကျၤ ီအတွင်းမှ နှိုက်ယူလိုက်လေသည်။ ဆြာကြီး ပြစ်ပေါက်လိုက်သော မြှားမှာလည်း ထိုရာဘာပြားတွင် စိုက်ဝင်နေလေတော့၏။





'' ဆြာစုတ် နင်ဘာတတ်နိုင်သေးလည်း။ ခု နင့်အလှည့်ပဲ. . . ''





ဦးမြညွန့်သည် ရာဘာပြားကို ပြစ်ပေါက်လိုက်ပြီး ဆြာကြီးအားကြိမ်းမောင်းလေရာ ဒေါ်ထားထားတို့သုံးဦးလည်း လွန်စွာထိတ်လန့်ကြောက်ရွံ့လျှ က် ဆြာကြီး ၏ နောက်သို့ တိုးဝှေ ့ကာ အကာအကွယ်ယူကြလေကုန်၏။





ဆြာကြီးအောင်မြတ်ဟိန်းလည်း အခြေအနေမဟန်မှန်းသိသဖြင့် ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသော နဂါးခေါင်းတောင်ဝှေးကိုမြှောက်လျှ က် ဦးမြညွန့်ထံပြေးရိုက်မည်အပြု တွင် ဦးမြညွန့်က အကျၤ ီ ဂျ က်ကတ်အိပ်အတွင်းမှ ခြောက်လုံးပြူ းတစ်လက်ကို လျှ င်မြန်စွာထုတ်လိုက်ပြီး ဆြာကြီးအား ထိုးချ ိန်လိုက်လေတော့သည်။





ထို့နောက် ဦးမြညွန့်က အောင်နိုင်သူတစ်ယောက်လေသံဖြင့်. . . .





'' မလှုပ်နဲ့ မြဒင်။ မင်းကို ပစ်ဖမ်းဖို့ ငါအမိိ်န့်ရပြီးသား။ မင်းလက်ထဲက အဆိပ်တောင်ဝှေးကို ချ လိုက် ''





ဟုဆိုလေရာ ဆြာကြီးအောင်မြတ်ဟိန်းလည်း ဦးမြညွန့်ကို မျ က်ဒေါင့်နီကြီးဖြင့် အတော်ကြာကြာ ကြည့်နေပြီးကာမှ '' ဟင်း ခနဲ '' သက်ပြင်းတစ်ချ က်ချ ကာ လက်ထဲရှိတောင်ဝှေးကိုပါ လွှတ်ချ လိုက်လေတော့သည်။





ထိုအခါကြမှ အိမ်အတွင်းပိုင်းမှ မောင်မောင်နှင့် ကေသရီဟူသော မိန်းကလေး ထွက်လာပြီး ဆြာကြီးအားလက်ထိပ်ခတ်လိုက်လေ၏။





'' ဘယ်. .ဘယ်လို တွေဖြစ်ကုန်ကြတာလည်း ဘိုးလေးမြရယ် ။ ထားထား တို့ကို လည်းနားလည်အောင်ရှင်းပြကြပါဦး ''





ဖြစ်ပေါ်နေသည့် အခြေအနေတို့ကို လုံးဝနားမလည်တော့သည့် ဟန်ဖြင့် ဒေါ်ထားထားကမေးမြန်းလိုက်လေရာ . . . . .





'' ဒီလို. . .သမီးတို့ရဲ ့။ တကယ်တော့ အဘိုးဟာ ဒုရဲမှူ းကြီး ဘဝနဲ့ပင်ဆင် ယူခဲ့သူပါ။ အဘိုးငယ်စဉ် ရဲအုပ်ဘဝတုန်းက ဘိန်း လက်နက် လူ စသဖြင့် မကောင်းမှုမှန်သမျှ မှောင်ခိုလုပ်တဲ့ ပင့်ကူနက်ဂိုဏ်းရဲ ့ ဌာနချ ု ပ်ကို ဝင်စီးခဲ့ဖူးတယ်။ အဘိုးတို့ တပ်ဖွဲ ့တွေရဲ ့ ဖြို ခွင်းမှုကြောင့် ပင့်ကူနက်ဂိုဏ်းရဲ ့ ခေါင်းဆောင်တွေအားလုံးကို အသေဖမ်းဆီးရမိခဲ့ပြီး တချ ို ့ဂိုဏ်းသားတွေလည်း သေတဲ့သူသေ ပြေးတဲ့သူပြေးနဲ့ ပင့်ကူနက်ဂိုဏ်းဟာ ပြို ကွဲသွားတော့တယ်။





အဲ့ဒီအချ ိန်မှာ ဟောဒီက မြဒင်ဟာ ပင့်ကူနက်ဂိုဏ်းထဲကို စဝင်ကာစ ကလေးသာသာပဲရှိဦးမှာပေါ့။ သူဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့ လူတွေထဲမှာ ပါသွားခဲ့ပြီး နောက်ပိုင်းမှာလူပြန်စုလို့ ဒုစရိုက်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။





ဒီလိုနဲ့ အဘိုးပင်စင်ယူတဲ့အချ ိန်မှာ သူဟာ တော်တော်ကို ဆြာကြတဲ့ ထိပ်တန်းလူဆိုးခေါင်းဆောင်တစ်ဦးဖြစ်နေပြီပေါ့။ တနေ့အဖိုးလမ်းလျေှ ာက်ထွက်ရင်း ကန်လည်ဓမ္မာရုံမှာ သူ့ကိုတွေ့ခဲ့ရတယ်။ သူက ရဲတပ်ဖွဲ ့ရဲ ့လိုက်လံဖမ်းဆီးမှုကြောင့် သူတော်စင်ဘိုးတော်ဟန်ဆောင်ပြီး ကန်လည်ဓမ္မာရုံမှာ ခြေရာဖျေ ာက်နေတဲ့အချ ိန်ပေါ့။





အဘိုးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်မမှတ်မိကြဘဲ စိတ်ထဲတထင့်ထင့် အခြေအနေလောက်ပဲရှိခဲ့ကြတာပေါ့။ အရင် ငယ်ရုပ်တွေက ဖမ်းဖို့အခက်သားလား။ အဖိုးဟာ နယ်မြေခံရဲတပ်ဖွဲ ့ကို အကြောင်းကြားပြီး သူရဲ ့ပုံသဏ္ဌာန်ကို ပြောပြလိုက်တော့မှ သူဟာ ရဲတပ်ဖွဲ့ကအလိုရှိနေတဲ့ သူမှန်းသေခြာသွားခဲ့တာ။ ဒါပေမယ့် အဘိုးတို့ဟာ သူ့နောက်ကအဆွယ်အပွားတွေကိုပါ ဖမ်းဆီးနိုင်ဖို့အတွက် သူ့ကို ချ က်ခြင်းဖမ်းသေးဘဲ ကြို းရှည်ရှည်နဲ့ လှန်ထားခဲ့ကြတယ်။





ဒီကြားထဲမှာ သူက အငြိမ်အနေဘဲ သမီးတို့ကို မတော်မတရားလုပ်တော့ အဘိုးလည်းအတွေးတစ်ခုရလာတယ်။ ငါ့သမီးတွေအကူအညီနဲ့ သူ့ရဲ ့သရုပ်မှန်ကော သူ့နောက်ကအစွယ်အပွားတွေကိုပါ ဆွဲထုတ်မယ်ဆိုပြီး သမီးတို့ကို ဘိုးလေး သူ့ဆီလွှတ်လိုက်မိတာပဲ။





သူကလည်း ဘိုးလေးဒီမှာ ရှိနေတာကို သူ့စိတ်ထဲမှာ မလုံခြုံ သလို ခံစားနေရတယ်လေ။ ဒါ့ကြောင့် သမီးတို့ကို အကြောင်းပြု လို့ ဘိုးလေးကို စွပ်ဆွဲပြီး ဒီနေရာက ဖယ်ထုတ်ဖို့ကြို းစားခဲ့တာပေါ့။ ဟုတ်ရဲ ့လား ဟေ့ကောင် . . . .''





ဘိုးလေးမြက ဒေါ်ထားထားတို့ကို ရှင်းပြနေရင်း ဆြာကြီး အောင်မြတ်ဟိန်း တစ်ဖြစ်လည်း မြဒင်ဆိုသူကို လှမ်း၍ မေးမြန်းလိုက်ရာ မြဒင်က စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ဘိုးလေးမြကို စူးစိုက်၍သာကြည့်နေလေသည်။ ထိုအခါ မြဒင်၏နောက်မှ မောင်မောင်က . . . .





'' ဟုတ်ပါတယ် မမတို့ရယ်။ ကျွန်တော်က အထူးထောက်လှမ်းရေးက ရဲအုပ် မောင်မောင်ထက်ပါ။ ဒါကတော့ ကျွ န်တော်နဲ့လုပ်ဖော်ကိုင်ဘက် ကျွ န်တော့်ရဲ့ချ စ်သူ ဒုရဲအုပ် ကေသရီပါ။





ကျွ န်တော်တို့တပ်ဖွဲ ့ကို ဖွဲ့စည်းခဲ့တာ မကြာသေးပါဘူး။ ဟော့ဒီက မြဒင်တို့အဖွဲ ့က သိပ်ဆိုးနေလို့ သူတို့နောက်ကို လိုက်ဖို့ ဗဟိုကနေ သီးသန့်တာဝန်ပေးဖွဲ ့ဆီးထားတဲ့အဖွဲ့ပါ။ ဒီနယ်မြေခံရဲ စခန်းကတောင် ကျွ န်တော်တို့အဖွဲ ့ရှိမှန်းကို မသိကြပါဘူး။ ဒီရောက်တော့ ကျွ န်တော်လည်း ဟောဒီက ဘိုးလေးမြကို သတင်းပို့လို့ သူနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ''





ဟူ၍ ဝင်ရောက်ရှင်းပြပြီး ဘိုးလေးမြညွန့် ဘက်သို့လှည့်ကာ . . . .





'' အဘ ကျွ န်တော် ဒီကောင်ကိုစခန်းခေါ်သွားလို့ရပြီလား ''





ဟု ခွင့်တောင်းလေ၏။





'' အေးကွယ်။ ခေါ်သွားလိုက်တော့။ ဒီက ကလေးမတွေကိုတော့ ဘိုးလေးမြ ဖြေးဖြေးခြင်းရှင်းပြလိုက်ပါ့မယ် ''





ဘိုးလေးမြက မြဒင်အားစခန်းသို့ခေါ်ဆောင်သွားရန်ခွင့်ပြု လိုက်သောအခါ မောင်မောင်နှင့်ကေသရီသည် လက်ထိပ်ခတ်ထားသော တရားခံမြဒင်ကို တွန်းထိုးဆွဲငင်လျှ က် ရဲစခန်းသို့ ခေါ်ဆောင်သွားလေတော့သည်။





'' မမတို့ရဲ ့ ပစ္စည်းလေးတွေကို မနက်ဖန်ကြရင် စခန်းကို လာထုတ်လို့ရပါပြီ။ ခုတော့ သက်သေခံပစ္စည်းအနေနဲ့ စခန်းကို ခဏယူသွားပါရစေ ''





အိမ်ထဲမှ ထွက်ခွာမသွားခင် မောင်မောင်က ဒေါ်သူဇာတို့ကို ဤကဲ့သို့ပြောကြားခဲ့လေရာ ဒေါ်သူဇာတို့လည်း အသီးသီး ခေါင်းငြိမ့်လိုက်ကြရသည်။





မောင်မောင်တို့ အိမ်ထဲမှ ထွက်သွားပြီးနောက် ဒေါ်ထားထားလည်း '' ဟူးး'' ခနဲ သက်ပြင်းရှည်တစ်ချ က်ချ ကာ . . . .





'' ဘိုးလေးမြရယ်. . .ခုမှ ကိစ္စအားလုံးပြီးသွားတော့တယ် ''





'' မပြီးသေးဘူး သမီးတို့ ခုမှ ဇာတ်လမ်းကစတာ။ သမီးတို့ ဒီကနေခဏစောင့်ကြည့်နေပါ။ မြဒင်ဟာ ဘယ်လောက်ဉာဏ်မျ ားပြီး ကြောက်စရာကောင်းလည်းဆိုတာ ဘိုးလေးလက်တွေ ့ပြမယ် ''





ဘိုးလေးမြက လေးလေးပင်ပင်ပြောလိုက်ကာ စားပွဲ ပေါ်ရှိ ရေနွေးခရားထဲမှ ရေနွေးမျ ားကို အခါးရည် ပန်ကန်အတွင်းသို့ သွန်ချ နေလေတော့သည်။





ဆက်ရန်







အမြင့်ကြောက်သော ငှက်