ပြည့်တန်ဆာ့ ဂုဏ် အပိုင်း ၄





မာမီစန်းတစ်ယောက် ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်လျှ က် လွန်စွာ ဒေါသူပုန်ထနေလေသည်။ မြင်မြင်သမျှ တွေ့တွေ့သမျှ အရာရာတိုင်းကို ဖောက်ခွဲဖျ က်ဆီးပြစ်လိုလှ၏။ ထိုကဲ့သို့ မာမီစန်း၏ ရင်ခွင်ကို မီးဟုန်းဟုန်းတောက်အောင် ပြု လုပ်သူမှာ ပန်းရောင်ပင်ဖြစ်လေသည်။



သူမနှင့် သဘောတူထားသည့်နှစ်မပြည့်သေးဘဲ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို တော်လှန်ပုန်ကန်ခဲ့ရိုး ထုံးစံမရှိ။ ယခုတော့ မိပန်းရောင်ဆိုသည့်ကောင်မက သူဌေးတစ်ဦး၏အားကိုးဖြင့် သူမကို အခြေကြီးခြေလေပြီ။



မာမီစန်း၏ စိတ်ထဲတွင် . . .



သင်းအားကိုးနေသော သူဌေးဆိုသူကပဲ စွမ်းသလား . . မိမိကပဲ စွမ်းသလား ကွဲကွဲပြားပြားသိရလေအောင် မိပန်းရောင်ကို ပညာပေးလိုလှ၏။ ထိုကဲ့သို့ ဒေါသအလျေှ ာက် မိုက်ကန်းနေသော မာမီစန်းအား မယားပါသားနှင့် တပည့်တပမ်းမျ ားကလည်း ပြေရာပြေကြောင်း ပြောဆိုရှင်းပြခြင်းမပြု ကြဘဲ သူမ၏ စိတ်ကြို က်လိုက်၍ မီးလောင်ရာလေပင့်ကာ မြှောင့်ထိုးပင့်ကော်လုပ်နေကြလေသည်။



'' ကဲ . . .ကျေ ာ်စင်သန့်နဲ့ ကိုနိုး ဟိုကောင် နိုကြီးတို့ ငါးယောက်ကို သွားခေါ်ချ ည်း။ ပြီးရင် မင်းတို့နှစ်ယောက်ဦးဆောင်ပြီး အဲ့ကောင်မအိမ်ကိုသွားကြ။ တွေ့သမျှ ပစ္စည်း အကုန်သာ ရိုက်ခွဲဖျ က်ဆီးပြစ်ခဲ့။ အားရအောင်ဖျ က်ဆီးပြီးတော့မှ ဒါကိုပြလိုက်။ ဒီကောင်မ မင်းတို့ကို ဘာမှ ပြန်မလုပ်နိုင်စေရဘူး ''



မာမီစန်းက ပြောလည်းပြော သူမ၏ စလင်းဘတ်အိပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ကာ ကျေ ာ်စင်သန့် ကို လှမ်းပေးလိုက်လေ၏။ ထို့နောက်မာမီစန်းက စကားဆက်ပြန်သည်။



'' ဟင်း ဟင်းး ငါ့ဆီမှာ အလုပ်လုပ်မယ့်ကောင်မတွေရဲ့ ကိုယ်တုံးလုံးပုံတွေကို ဒါကြောင့် ငါယူထားတာပဲ။ အဲ့ကောင်မကို တစ်ခါတည်းပြောလိုက် . . .မာမီစန်းနဲ့ပြောထားတဲ့ ၅ နှစ်မပြည်ခင် အလုပ်ကိုရပ်ပြီး လူကောင်းသူကောင်းယောင်ဆောင်ချ င်ရင် . . .ဆုတောင်းပါ ဆုကြီးကြီးတောင်းပါ လို့။



မနက်ဖန်မနက် ၁၀ နာရီမှ ငါ့ကိုလာမတွေ့ရင် ဒီလိုပုံတွေ အွန်လိုင်းပေါ်ပြန့်ဖို့ ငါတာဝန်ယူတယ်။ ဘယ်လောက်ပဲ လူကောင်းဖြစ်ချ င်နေနေ ဘယ်သူဌေးရဲ့အနားကိုပဲကပ်ကပ် ဒါတွေသာ လိုင်းပေါ်မှာပြန့်သွားရင် ကြက်မဟာ ကြက်မပဲဆိုတာ တလောကလုံး သိသွားကြမှာပဲ။



ဟားး ဟားး ပန်းရောင်ရယ် . . မာမီစန်းကို လာမပတ်နဲ့။ ညဉ်းထက်လည်လို့ လင်တွေကော မယားတွေပါယူထားပြီး ရသာနှစ်မျ ို းခံစားနေတာ။



ကဲ ကဲ . .'ကြာတယ် သွားကြတော့။ အဲ့ကောင်မကို ငါမှာတဲ့အတိုင်း ဆက်ဆက်ပြောလိုက်ကြ။ ''



မာမီစန်းက အထက်ပါအတိုင်း ကြိမ်းဝါးပြောဆို မှာကြားပြီး ကျေ ာ်စင်သန့်တို့ကို ၎င်း၏ အပါးမှ မောင်းထုတ်လိုက်လေတော့၏။ ကျေ ာ်စင်သန့်တို့လည်း ပန်းရောင်ထံသို့ သွားရောက်၍ ချ ိမ်းခြောက် နှောက်ယှက်ရန် ကမန်းကတမ်း ပြင်ဆင်ကြလေတော့သည်။



ထိုစဉ် ဧည့်ခန်းတံခါးပွင့် ရုတ်တရက်ပွင့်သွားပြီး . . . . ရွှေဘီးဖြင့် ဘီးဆံပါတ်ကို ကျ ကျ နနပတ်ကာ ရွှေချ ည်ထိုးပုဝါကိုစုံချ ထား၍ ရွှေဝါရောင် ချ ိတ်ဝမ်းဆက်ကို သပ်သပ်ခပ်ခပ်ဝတ်ဆင်ထားသော ဖြူ ဖြူ ဖွေးဖွေး ခန့်ခန့်ငြားငြားမိန်းမလျ ာကြီးတစ်ယောက်သည် ဘယ်ညာ မိန်းမလျ ာမျ ားစွာခြံရံလျှ က် ဧည့်ခန်းအတွင်းသို့ တလှမ်းချ င်း ကြွကြွလှမ်းကာ လှလှပပ ဝင်ရောက်လာလေတော့၏။

.

.

.

'' ဟာ . . အကြီးတော်ချ ု ပ်ကြီး ကြွပါ ကြွပါ . . ဒီမှာထိုင်ပါ ''



ပြာပြာသလဲထကာ မာမီစန်း၏ နေရာပေးမှုနှင့်အတူ အကြီးတော်ချ ု ပ်ကြီး မာမီသော်က ဆိုဖာခုံပေါ်တွင် ခန့်ခန့်ငြားငြား ထိုင်ချ လိုက်ပြီး သူမ၏ နောက်တွင် မိန်းမလျ ာ ကိုယ်ရံတော်မျ ားက နေရယူလိုက်ကြလေတော့သည်။ ထို့နောက် သူမ၏ ရှေ့ ကြမ်းပြင်တွင် ကျ ုံ ့ကျ ုံ ့လေးဆင်းထိုင်နေရှာသော မာမီစန်းအား အကြီးတော်ချ ု ပ်ကြီးက ကောင်းကောင်း ငေါက်လေတော့၏။



'' ဟဲ့ မိစန်း နင်ဟာ ဘဝပေးကုသိုလ်ကံမကောင်းလို့ အပြားလိုလို အလုံးလိုလို ဘဝကိုရောက်ပြီး ဖာခေါင်းလုပ်စားနေရတာကိုတောင် ခုထက်ထိနောင်တမရသေးဘူးလား။ နင် ခုနေနေရတဲ့ အခြေအနေကို နင်ကိုယ်နင် ဘုရင်မလို့မြန်းထင်နေလား။ ဟင် . . သေနာမ ''



'' ရှင် . . . အ အစန်း ဘာ ဘာ မြန်း လုပ်မိလို့လဲ အကြီးတော်ချ ု ပ်ကြီးရယ် . . . ''



'' ဟက် ဟက် ဘာလုပ်မိလို့လည်း ဟုတ်စ။ အေးး ညဉ်းမသိတော့လည်း ကျ ု ပ်က ပြောပြရမှာပေါ့။



ညဉ်းနဲ့အတူတူ အလုပ်လုပ်နေတဲ့ ပန်းရောင်ဆိုတဲ့ကလေးမလေးက ဒီအလုပ်ကို ဆက်မလုပ်ချ င်တော့ပါဘူး ဆိုတာကို အတင်း အကြပ်ကိုင်ပြီး ဇွတ် ဆက်လုပ်ခိုင်းဖို့ ညဉ်း ကြို းစားနေတယ်လေ။ ဒီမှာအေ့. . . ဒီလို အလုပ်မျ ို း ဒီလိုဘဝမျ ို းဆိုတာ ဘယ်သူမှ မလုပ်ချ င်ကြဘူး။ အားလုံးမဖြစ်သာလို့ ကူမယ့် ကယ်မယ့်သူမရှိဘဲ ဝိုင်းဝန်းပြစ်ပါယ်ခံထားကြရလို့သာ မထူးဇာတ်ခင်းပြီး ဆက်လုပ်နေကြရတာ။



သူတို့နဲ့ဆက်ဆံတဲ့ လူတွေအားလုံးကလည်း သူတို့ရဲ့အသွေးအသားကို ငွေနဲ့ပေးဝယ်ဖို့ကလွဲရင် ကျ န်တာ စိတ်မဝင်စားကြတာမဟုတ်ဘူး။ စေ့စေ့တွေးကြည့်ရင် ဒီကလေးမတွေရဲ့ဘဝဟာ ဘယ်လောက်ကိုယ်ချ င်းစာစရာကောင်းလိုက်လအေ။



ဒီအထဲကမှ တစ်ယောက်တလေ ကံကောင်းထောက်မပြီး ကယ်တင်ရှင်တွေ့သွားတော့လည်း သွားပါစေပေါ့အေ။ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ညဉ်းစည်းပွား ဒီလောက်လျေ ာ့မသွားပါဘူး။ ကျ န်တဲ့ကလေးမတွေနဲ့ ဆက်လုပ်ပေါ့ ''



'' ဒီ ဒီ လိုပါ အကြီးတော်ချ ု ပ်ကြီးရယ် . . ပန်း ပန်းရောင် က အသားဖြူ ဖြူ ကိုယ်လုံးသွယ်သွယ်ပြည့်ပြည့်လေးနဲ့ ရုပ်ကလေးကလည်းချေ ာတော့ . . . ဖောက် ဖောက်သည်တွေရဲ အကြို က်လေး . . . .''



'' တော်စမ်းး . . မိစန်း။ ညဉ်း ငါ့ကို ဘာမှ ဂယက်ထပြစရာမလိုဘူး။ ညဉ်းကို တစ်ခုပဲမေးမယ် . . .ဖြေစမ်း . . .



ညဉ်း ညဉ်းရဲ့လင်တွေ မယားတွေနဲ့ မခွဲမခွာဘဲ ခုလိုမျ ို းပျေ ာ်ပျေ ာ်ရွှင်ရွှင် ဆက်နေချ င်လား ''



'' နေ နေ ချ င်တာပေါ့ အကြီးတော်ကြီးရယ် ''



'' အေး အဲ့ဒါဆို ပန်းရောင်ကိစ္စမှာ ညဉ်းလက်ရှောင်လိုက်။ ဒါ ညဉ်းကို ဆြာသမားတစ်ယောက်အနေနဲ့ ကျ ု ပ်သတိပေးတာ။



ငွေလေးနဲနဲရှိ တပည့်လေးတွေလေးငါးဆယ်ယောက်မွေး ခရိုင်ရဲမှူ းလောက်နဲ့ ခင်ယုံမင်ယုံနဲ့တင်ဒီလောကမှာ ဆြာကြီးဖြစ်ပြီလို့ ညဉ်းထင်မနေနဲ့။ကိုယ်လုပ်တဲ့အလုပ်လည်း ကိုယ်ပြန်ကြည့်ဦး။ ဥပဒေအပြင်က ဖာခေါင်းအလုပ်ဟဲ့ . . ဖာခေါင်းအလုပ်။



ပန်းရောင်ရဲ့ ကောင်လေးက တစ်ချ က်လှုပ်လိုက်တာနဲ့ ညဉ်းထောင်ထဲတန်းဝင်ရမှာ။ ငါ မန်းလေးမှာနေတုန်းက အင်္ဂလိပ်သမားတော်တွေ ကုလို့မပျေ ာက်တဲ့ ငါ့ရဲ့နာတာရှည်ပန်းနာရောဂါကို ဒီကလေးရဲ့အမေ ကုပေးလို့ပျေ ာက်ခဲ့ဖူးတယ်။ ခဏခဏ ဆေးသွားပြရင်းနဲ့ ဒီကလေးရဲ့မိဘတွေနဲ့ လည်း ငါအတော်လေးရင်းနီးခွင့်ရခဲ့လို့ သူတို့ရဲ့မိသားစုအကြောင်းကို ငါကောင်းကောင်းသိတယ်။



တကယ့် ဆွေစဉ်မျ ို းဆက် ငွေးကြေးကော ရာထူးဂုဏ်သိမ်ပါ ကြီးကျ ယ်ခမ်းနားတဲ့သူတွေ။ မိဘတွေဆုံးပါးသွားလို့ ဒီကလေးဟာ တစ်ကောင်ကြွက် တစ်မျ က်နှာလိုဖြစ်နေပေမယ့် ငွေကြေးအရာမှာ သိန်းကို သိန်းနဲ့ချ ီပြီး ချ မ်းသာသလို ခုလုပ်လက်စ တိုင်းရင်းဆေးဝါးလုပ်ငန်းကလည်း သျှ မ်းသျှ မ်းတက် အောင်မြင်နေတာ။



ပြီးတော့သူ့ရဲ့ ဦးလေးတစ်ဝမ်းကွဲဟာ ခုလက်ရှိ ဒုရဲချ ု ပ်။ သူ့အဖေဘက်က အဒေါ်ရင်းတစ်ယောက်က ခု ညဉ်းကျ က်စားနေတဲ့နယ်က တိုင်းတရားသူကြီး။ သူ့အမေဘက်က ဘကြီးအရင်းတစ်ယောက်က ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီမှာ တွဲဖက်ဥက္ကဌ။ သူ့ရဲ့ အကိုဝမ်းကွမ်းတစ်ယောက်က ရန်ကုန်တိုင်းစစ်ဌာနချ ု ပ်မှာ ဌာနမှူ းဒုတိယဗိုလ်မှူ းကြီး။



အဲ့ဒီတော့ ညဉ်းသူနဲ့ထိပ်တိုက်တွေ့ရင်ရူးတောင်သွားဦးမယ်။ လင်တွေ မယားတွေ နဲ့ခွဲ စည်းစိမ်တွေပြစ်ပီး ညဉ်းလုပ်ခဲ့တဲ့ အမှုပေါင်းစုံအတွက် ထောင်ထဲမှာပဲ ညဉ်းသေရလိမ့်မယ်။



အဲ့ဒီတော့ ရှည်ရှည်ဝေးဝေး အထွန့်တက်မနေနဲ့တော့ မိစန်း။ နင် ကောင်မလေးကို အကြပ်ကိုင်မယ့် ဓာတ်ပုံတွေ ငါ့ရှေ့မှာတင် အကုန်ဖျ က်ဆီးလိုက်တော့။ ဲ့ ကွန်ပြူ တာထဲ ဖုန်းထဲ မမ်မိုရီစတစ်ထဲက စသဖြင့် အခြားမှာ မှတ်ထားတ ဟာတွေလည်း တစ်ခုမှ မကျ န်စေနဲ့။ ငါ့ရှေ့မှာတင်အားလုံးရှင်း။



ဒီအချ ိန်ကစပြီး ဘာတစ်ခုမှ အစအန မမြင်ချ င်တော့ဘူး။ ခု ကျ ု ပ်ကိုဟန်လုပ်ဖျ က်ပြပြီး နောက်မှ ခြေစလက်စထွက်လာရင်တော့ ကောင်လေးရဲ့ အသိုင်းအဝိုင်းနဲ့မတွေ့ခင် ညဉ်း ကျ ု ပ်နဲ့အရင်တွေ့ရမယ်ဆိုတာ မမေ့နဲ့ မိစန်း။



ဟင်း ဟင်း မာမီသော်ရဲ့ အကြောင်းကို ညဉ်းကောင်းကောင်းသိပါတယ်။ ကျ ု ပ်ကျေ းဇူးရှင်ရဲ့ တစ်ဦးတည်းသောသားကို စောင့်ရှောက်ရမယ့်တာဝန် ကျ ု ပ်မှာ အပြည့်ရှိတယ်။ ''

.

.

လုပ်ငန်းစုံ ကဏ္ဍစုံတွင် ခြေတံလက်တံရှည်ကာ လွန်စွာပေါက်ပေါက်ရောက်ရောက်ရှိသလောက် ရစက်ရမည်ဆိုလျှ င်လည်း ထင်ထားသည်ထက်ပင် ပိုမို့ရက်စက်တတ်သည့် အကြီးတော်ချ ု ပ်ကြီး မာမီသော့် အကြောင်းကို မာမီစိန် ကောင်းကောင်းသိလေ၏။ ထို့ကြောင့် အကြီးတော်ချ ု ပ်ကြီး၏ အမိန့်ကို တစ်လုံးတစ်ပါဒမျှ စောဒကမတက်ရဲတော့ဘဲ သူမထံတွင်ရှိသော ပန်းရောင့် ဓာတ်ပုံဟူသမျှ ကို မီးရှို ့ဖျ က်ဆီး လိုက်ရလေတော့သည်။



သက်အောင်၏ မိခင်ဖြစ်သူမှာ အခကြေးငွေယူ၍ ဆေးကုစားခြင်းမဟုတ်။ အခန့်သင့်လျှ င်သင့်လို ကြုံ လျှ င်ကြံုံ သလို ဝေဒနာရှင်မျ ားကို သူမတတ်စွမ်းသည့် တိုင်းရင်းဆေးပညာဖြင့် စေတနာအရင်းခံ ကုသပေးခြင်းဖြစ်၏။



ထိုဝေဒနာရှင်မျ ားထဲတွင် မာမီသော်ဟု အမည်ရသော မိန်းမလျ ာကြီးတစ်ဦးပါဝင်ပြီး နောက်ပိုင်းတွင် မာမီသော်နှင့် သက်အောင်တို့မိသားစုသည် ဆွေမျ ို းရင်းခြာမျ ားပမာ ရင်းနီးသွားလေတော့သည်။ မိဘမျ ားတိမ်းပါးကုန်ကြ၍ သက်အောင်ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ချ ိန်တွင် မာမီသော်သည် အခြောက်လောကတွင် မိန်းမလျ ာအားလုံးက ခန့်ငြားရိုသေရသည့် အကြီးတော်ချ ု ပ်ကြီးဖြစ်၍နေခြေပြီ။



ဘဝနေထိုင်ပုံခြင်းမတူညီကြ၍ သာမာန်အချ ိန်မျ ားတွင် အဆက်အစပ်သိပ်မရှိကြသော်လည်း အရေးကြုံ လာပါက မိမိအား တူသားတစ်ယောက်နှယ် ချ စ်ခင်သဘောထားကာ အစွမ်းကုန်ကူညီမည့် မာမီသော့် စိတ်ရင်းစေတနာကို သက်အောင် နားလည်သိရှိလေ၏။ ထို့ကြောင့် လက်ရှိကြုံ တွေ့နေရသည့် ပန်းရောင်၏ ပြသနာကို ဖြေရှင်းပေးရန် မာမီသော့်အား သက်အောင် အကူအညီတောင်းလိုက်ခြင်းဖြစ်သည်။



ယခုဆိုလျှ င် မာမီသော့်ကျေ းဇူးဖြင့် ပန်းရောင်၏ ဘောစ့် ပြသနာရှင်းသွားလေပြီ။ သက်အောင်လည်း ပျေ ာ်ရွှင်ဝမ်းမြောက်စွာဖြင့် သူမကိုဖုန်းဆက်ပြီး ထိုသတင်းကောင်းကိုပြောပြလိုက်လေ၏။ ထို့နောက် သူ၏ ရုံခန်းထဲတွင် စက္ကထွီအတွက် စားပွဲနှင့်ထိုင်ခုံတစ်စုံ . . ဖုန်းလိုင်း ကွန်ပြူ တာ အင်တာနက် စသည်မျ ားကို အဆင်သင့်ဖြစ်အောင် အားခြင်းစီစဉ်လေတော့သည်။

.

.

.

နောက်နေ့မနက်တွင် သက်အောင်သည် ပန်းရောင်အလုပ်လာရန်အတွက် သူမထံသို့ ဖယ်ရီကားလွှတ်လိုက်လေ၏။ လူကြားကောင်းစေရန် ဖယ်ရီကားဟု ဆိုရသော်လည်း အမှန်တွင် သက်အောင်သည် သူစီးသည့်ကားမျ ားအနက်မှ တိုယိုတာခရောင်း မော်ဒယ်အမြင့်တစ်စီကို ဒရိုင်ဘာ ဦးအေးနှင့် လွှတ်လိုက်ခြင်းသာဖြစ်သည်။



ပန်းရောင်ရုံးသို့ရောက်သော် သက်အောင်သည် အလုပ်ရုံဝန်ထမ်း ရုံးဝန်ထမ်းအာလုံးကို စုဝေးစေလျှ က် သူမနှင့် မိတ်ဆက်ပေးလေရာ အားလုံး အံ့အားတသင့်ဖြစ်ကြရလေ၏။ ဝန်ထမ်းအားလုံးလိုလိုက ခင်ဦးကို စက္ကထွီဖြစ်မည်ဟု ယူဆထားကြသည် မဟုတ်ပါလား။



မာန်နေဂျ ာ ကိုသန့်ဇင်ကမူ ကိုယ့်ဆြာတော့ မပြောမဆိုနဲ့လုပ်ချ လာပြန်ပြီ ဟူသောအကြည့်မျ ို းဖြင့် သက်အောင်ကို ပြုံ းဖြုံ ့ဖြုံ ့လှမ်းကြည့်နေလေသည်။ ခင်ဦးကမူ အိနြေ္ဒအတော်ပျ က်ကာ မျ က်နှာ ညို မဲနေသည်ကို သက်အောင်သတိထားမိလေ၏။



သို့သော် ကိစ္စအကြီးအကျ ယ်မရှိပါချေ ။ ကိုသန့်ဇင်နှင့်အလုပ်တွဲလုပ်ရသော လက်ထောက်အထွေထွေမာန်နေဂျ ာ ကိုဇော်ထက် သည် ကျ န်းမာရေးအရ ခွင့်ရက်ရှည်ယူထားရလေသည်။



ယခုရက်ပိုင်းအတွင်းတွင် နယ်မှဆေးအမှာမျ ားလည်း အတော်လေးမျ ားပြားနေသဖြင့် လွန်စွာအလုပ်ရှုပ်သည်ဖြစ်ရာကား ကိုဇော်ထက်၏ နေရာကိုဖြည့်ရန် လက်ထောက်အထွေထွေမာန်နေဂျ ာ တစ်ဦး မခန့်မဖြစ်ခန့်ရပေမည်။ အနှီရာထူးအား လုပ်ငန်းကျွ မ်းကျ င်သည့်အပြင် စဇင်းဇယားပါစိတ်ချ ရသည့် ခင်ဦးကို နေရာပေးဖို့ရန် သက်အောင် စီစဉ်ထားပြီးဖြစ်လေ၏။



မည်သည့်နေရာမှ မည်သို့ရောက်လာသည်မသိသော ပန်းရောင်အား ဝုန်းခနဲ ဒိုင်းခနဲ စက္ကထွီခန့်လိုက်ခြင်းအပေါ်ကို အခြားဝန်ထမ်းငယ်မျ ားကြားတွင်လည်း အနည်းနှင့်အမျ ား တီးတိုးတီးတိုးသဖန်းပိုးလုပ်ကြလိမ့်ဦးမည်ဟု သက်အောင် ကြို တင်မှန်းဆပြီးသား ဖြစ်သည်။ ခင်ဦးနှင့် ခင်မင်ရင်းဆွဲရှိကြသူမျ ားဆိုလျှ င် မကြေနပ်သည့်အပိုင်းတွင်ပင် ရှိကြလိမ့်ဦးမည်။



ထို့အတွက် သက်အောင်က ဝန်ထမ်းမျ ားအား ခေတ္တမျှ တစ်ဖက်လှည့်ဖြင့်အာရုံလွှဲထားပြီး အနှီအချ ိန်တွင် ပန်းရောင်၏ ကိုယ်ရည်ကိုယ်သွေးတို့ကို အစွမ်းကုန်မွမ်းမံလျှ က် သူမရရှိထားသောနေရာနှင့် သူမ ကောင်းမွန်စွာထိုက်တန်ကြောင်းကို သက်သေပြစေရမည် ဟုကြံစည်ထားလေ၏။



သို့မှသာ ပန်းရောင်သည် သူမ၏ဂုဏ်နှင့် သူမဘာသာထွန်းလင်းနိုင်သော ကြယ်ပွင့်လေးတစ်ပွင့် အဖိုးတန် ကျေ ာက်မျ က်ရတနာလေးတစ်ပွင့် ဖြစ်လာနိုင်မည် မဟုတ်ပါလား။



ထို့ကြောင့် သက်အောင်သည် ပန်းရောင်နှင့် ဝန်ထမ်းမျ ားကို မိတ်ဆက်ပေးပြီးနောက် . . .



ယခုအခါ နတ်သြသဓ ဆေးဝါးလုပ်ငန်းသည် အောင်မြင်မှုမျ ားကို အရှိန်အဟုန်ဖြင့် ရရှိလျှ က်ရှိကြောင်း . . .

သို့ပါသောကြောင့် ဝန်ထမ်းမျ ားအား အလုပ်တွင် တက်ကြွရွှင်လန်းလျှ က် အပိုဝင်ငွေလည်းရရှိစေခြင်းငှာ တစ်မဲလျှ င် ၃ သိန်းနှုန်းဖြင့် တစ်လလျှ င် ကံစမ်းမဲ ၅ မဲ လစဉ် ဖောက်ပေးသွားမည်ဖြစ်ကြောင်း . .

မဲပေါက်ပြီးသားသူသည် နောက်တစ်ကြိမ် မဲပြန်မနှိုက်ရတော့ဘဲ မဲကာလမှာ နတ်သြသဓ ဝန်ထမ်းအာလုံး ကိုယ်စီကိုယ်ငှ မဲပေါက်ကြပြီးသည်အထိ ကြာမြင့်မည်ဖြစ်ကြောင်း . . .



စသည့် သတင်းကောင်းကို ကြေငြာ၍ ပြန်လွှတ်လိုက်လေရာ ဝန်ထမ်းမျ ားလည်း ပန်းရောင်ကို ဂရုထားမဝေဖန်အားကြတော့ဘဲ ပျေ ာ်ရွှင်ဝမ်းမြောက်စွာ လက်ခုပ်လက်ဝါးတီးလျှ က် အလုပ်ခွင်သို့ ပြန်လည်ထွက်ခွာ သွားကြလေကုန်၏။



ထို့နောက် သက်အောင်က ခင်ဦးနှင့် ကိုသန့်ဇင်တို့ဘက်သို့လှည့်ကာ



'' ခင်ဦးရေ . .ဒီနေ့ ညီမရဲ့လက်ရှိအလုပ်တွေကို ကိစ္စဖြတ်သင့်တာဖြတ် တာဝန်လွှဲသင့်တာလွှဲပြီး မနက်ဖြန်ကစလို့ လက်ထောက်မန်နေဂျ ာရာထူးနဲ့ ကိုသန့်ဇင်ကို ကူတော့နော်။ ကိုသန့်ဇင်ကလည်း ခင်ဦးကိုတွဲခေါ်ပေါ့။ ခင်ဦးက လုပ်ငန်းကျွ မ်းကျ င်ပြီးသားဆိုတော့ အထူးတလည် သင်ကြားပေးဖို့တော့ မလိုပါဘူး။တာဝန်ချ ိန်တွေကို ဘယ်လိုခွဲကြမယ်ဆိုတာ ကတော့ နောက်မှနှစ်ယောက်ညှိကြ . . ဟုတ်ပြီလား ''



ဟု ညွှန်ကြားချ က်ပေးလိုက်လေသည်။



မာန်နေဂျ ာ ကိုသန့်ဇင်က ၎င်းတစ်ဦးတည်း ဒိုင်ခံလုပ်ကိုင်နေရသော တာဝန်မျ ားအား ကူညီလုပ်ဆောင်ပေးမည့်သူတစ်ယောက် ရရှိလိုက်သဖြင့် ဝမ်းသာသွားသည့်ဟန်ဖြင့် သက်အောင်ကို ကျေ းဇူးတင်စကားဆိုလေ၏။



ခင်ဦးကတော့ ခပ်ယဲ့ယဲ့လေးပြုံ းလျှ က်



'' ခုလို အဆင့်တွေကျေ ာ်ပြီး ရာထူးတိုးပေးတာ ကျေ းဇူးတင်ပါတယ်ဆြာ။ ခင်ဦး တာဝန်ကြေအောင်လုပ်ပါ့မယ် ''



ဟု ကတိပေးလေသည်။



သက်အောင်လည်း

ခုညနေ ရုံးဆင်းချ ိန်မှ စ၍ ကိုသန့်ဇင်ကဲ့သို့ ရုံးမှ ကားတစ်စီးနှင့် ဒရိုင်ဘာတစ်ယောက် ယူသုံးနိုင်ကြောင်း ခင်ဦးကို ပြောကြားကာ ပြန်လွှတ်လိုက်လေတော့၏။



'' ပန်းရောင်ကကော ဘာလုပ်ပေးရမှာလဲဟင် ''



အားလုံးထွက်သွားပြီးနောက် ပန်းရောင်က သက်အောင်ကို အူလည်လည်လေး လှမ်းမေးလိုက်လေသည်။ သက်အောင်လည်း ပန်းရောင်၏ မျ က်နှာလှလှလေးကိုကြည့်ကာ နှစ်လိုဖွယ်တစ်ချ က်ပြုံ းပြလိုက်ပြီး သူမအတွက် ဆွဲထားသည့် Plan ကို အောက်ပါအတိုင်း ရှင်းပြလိုက်လေ၏။



'' ပန်းရောင်က ခု ဘာမှ မလုပ်နဲ့ဦး။ ကိုယ်နဲ့ရုံးခန်းထဲကိုလိုက်ခဲ့။ ပေးထားတဲ့စားပွဲမှာထိုင်။ အင်တာနက်ဖွင့် ။ ကွန်ပြူ တာသုံး ။ ဂိမ်းဆော့ . . ။ ညနေရုံးဆင်းခါနီး တစ်နာရီလောက်အလိုကြရင် ပန်းရောင်ရဲ့ IQ ကိုစစ်ဖို့ ဆြာတွေလာကြလိမ့်မယ်။



ဆြာတွေက ပန်းရောင်ရဲ့ IQ ပေါ်မှာမူတည်လို့ အီးစကေးကို ဘယ်အဆင့်ကစသင်သင့်တယ်. . . စာရင်းအင်းပညာ စီမံခန့်ခွဲမှုပညာတွေကို . . . ဘယ်လို စလေ့လာခိုင်းရမယ် စသဖြင့် ဆုံးဖြတ်အကြံပေးကြမှာ။



နောက်နေ့ကစပြီး အဲ့ဒီအကြံပေးချ က်တွေအတိုင်း ပန်းရောင် စာစသင်ရတော့မယ်။ အလုပ်ကိစ္စကို ခေါင်းထဲက ထုတ်ထား။ မနက်ရုံးလာချ ိန်ဆို ရုံးလာခဲ့။ ပန်းရောင်ကို ကိုယ် ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ပေးထားမယ်။ သင်သင့်သင်ထိုက် သိသင့်သိထိုက်တဲ့ ပညာရပ်တွေကို ရုံးမှာကော အပြင်သင်တန်းတွေမှာပါ လေ့လာဆည်းပူးရမယ် . . .ဟုတ်ပြီလား ''



'' ဟုတ်ပါပြီရှင်ရယ်. . . . ခုလို ကျ မကို လူမွှေးသူမွှေးပြောင်လာဖို့ အစစအရာရာ တိုက်ချွ တ်ဆေးကြော မြေတောင်မြှောက်ပေးတဲ့အတွက် အကို့ကို ကျ မ အရမ်းကျေ းဇူးတင်ပါတယ်။ တကယ်ပါ။ အကိုဟာ . .ကျ မဘဝအတွက်တော့ ကယ်တင်ရှင်တစ်ပါးပါပဲ ''



မိမိအား ချ ီမွမ်းကျေ းဇူးတင်စကားပြောကြားကာ ပါးချ ို ့လေးပေါ်အောင်ပြုံ းပြလျှ က် ရုံးခန်းဘက်သို့လှည့်ထွက်သွားသော ပန်းရောင်ကိုကြည့်ရင်း သက်အောင်၏ ရင်ထဲတွင် မဖော်ပြနိုင်သော ပီတိသောမနဿ ရသာတစ်ခုကို တငြိမ့်ငြိမ့်ခံစားလိုက်ရလေသည်။



သူမရဲ့အပြုံ းသည် သက်အောင်၏ နှလုံးသားထက်တွင် ရောင်စုံပန်းတို့ ဖူးပွင့်စေ နိုင်စွမ်းသည်လော . . . . .



ပန်းရောင်သည် ဆယ်တန်းမပြီးခဲ့သော်လည်း တကယ်တမ်း မွမ်းမံသင်ကြားပေးလိုက်သောအခါ လွန်စွာ သိလွယ်တတ်လွယ်၍ အကင်းပါးလာဘ်မြင်သူတစ်ဦးဖြစ်ကြောင်း သက်အောင် တွေ့ရှိရလေ၏။ ခြောက်လအတွင်းမှာပင် သူမသည် အင်္ဂလိပ်စာ ဖိုးစကေးကို အတော်အတန်တတ်မြောက်ကာ နိုင်ငံခြားသားမျ ားနှင့်ပင် လိမ့်ပတ်လည်အောင် စကားပြောဆိုဆက်ဆံနိုင်သည်အထိ အရည်အချ င်းမျ ားတိုးမြင့်ခဲ့လေ၏။



စရင်းအင်းပိုင်းတွင် သက်အောင်နေ့စဉ်စစ်နေရသည့် စရင်းဟူသမျှ ကို ကူညီစစ်ဆေးပေးနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိခဲ့လေသည်။



စီမံခန့်ခွဲမှုနှင့် ပေါင်းသင်းဆက်ဆံရေးအရာ၌လည်း ကျွ မ်းကျ င်ပါးနပ်လျှ က် မည်သည့်အလုပ်ကို မည်သူ့အား အချ ိန် ငွေ မည်မျှ ပေး၍ လုပ်ကိုင်ဆောင်ရွက်စေရမည် . . မည်သူက မည်သည့်ဘက်တွင်အားသာသည် အားနည်းသည် . . စသဖြင့် ဝန်ထမ်းမျ ား၏ ကိုယ်ရေးကိုယ်သွေးနှင့် လုပ်ငန်းတာဝန်မျ ားကို ညီညွှတ်မျှ တာစွာ ခွဲဝေတာဝန်ပေးနိုင်စွမ်းရှိလာလေသည်။



ထို့အပြင် အနှီဝန်ထမ်းအား ပေးအပ်လိုက်သောတာဝန်ကို ညူ စူခြင်းအလျှ င်းမရှိဘဲ ကြေကြေနပ်နပ် ပျေ ာ်ပျေ ာ်ရွှင်ရွှင် လုပ်ကိုင်ဆောင်ရွက်စေရန် တိုက်တွန်းခိုင်းစေတတ်ခြင်းသည် ပန်းရောင်၏ ဆူပါပါဝါပင်ဖြစ်လေ၏။



့ထို့ကြောင့် နတ်သြသဓ ဆေးဝါးစက်ရုံရှိ ထုတ်လုပ်ရေးလုပ်သားမျ ား ရုံးဝန်ထမ်းမျ ားသည် ပန်းရောင်၏ အရည်အချ င်းကို တဖြေးဖြေး လေးစားလက်ခံလာကြလေတော့သည်။ ထူးဆန်းသည့်အကြည့်မျ ားဖြင့်ကြည့်ခြင်း သူမအကြောင်းအတင်းအဖျ င်းပြောခြင်းမျ ားကို မလုပ်ဆောင်ကြတော့ဘဲ နွေးထွေးပြူ ငှာစွာ ဆက်ဆံကြလျှ က် ပန်းရောင်၏ တော်သတင်းကောင်းသတင်းမျ ားကိုသာ ချ ီးမွမ်းပြောဆိုကြကုန်၏။



ထိုကဲ့သို့ ပန်းရောင်နှင့် ဝန်ထမ်းမျ ားကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးအခြေအနေတစ်ခုကို ကောင်းစွာတည်ဆောင်နိုင်စေရန် သူမအား လိုအပ်သည့်အခွင့်အာဏာတို့ကို အပြည့်အဝပေးလျှ က် ဘေးမှ အသာစောင့်ကြည့်နေသည့် သက်အောင်၏ အောင်မြင်မှုတစ်ရပ်ပင်။



ဤကဲ့သို့ ဝန်ထမ်းအတော်မျ ားမျ ား၏ ချ စ်ခင်လေးစားမှုကို ခံခဲ့ရသော်လည်း ခင်ဦးအနေဖြင့် ပန်းရောင်ကို အစာသိပ်မကြေသေးကြောင်း သက်အောင် ရိပ်စားမိလေသည်။ သို့သော် ခင်ဦးသည်လည်း အရည်အချ င်းရှိသည့် ပညာတတ်အမျ ို းသမီးတစ်ဦးဖြစ်သည့်အားလျေှ ာ်စွာ သူမ၏ ပုဂ္ဂို လ်ရေးခံစားချ က်ကို အတတ်နိုင်ဆုံးထိန်းချ ု ပ်လျှ က် ပန်းရောင်နှင့် ဆက်ဆံပြောဆိုရမည့် အလုပ်တာဝန်မျ ားရှိသည့်အခါ အကောင်းဆုံးဖြစ်အောင် ကြို းစားလုပ်ဆောင်နေကြောင်းကိုလည်း သက်အောင် သိရှိလေ၏။



သက်အောင် ခင်ဦး၏ ခံစားချ က်ကိုလည်း နားလည်နိုင်လေသည်။ သို့ဖြစ်၍ သက်အောင်လည်း သူမကို ပန်းရောင်နှင့်ပတ်သက်လို့ ထွေထွေထူးထူးပြောဆို သတိပေးမနေတော့ဘဲ သူမရင်ထဲရှိ လှိုင်းဂယက်မျ ား ငြိမ်သက်သွားမည်အချ ိန်ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။



ပန်းရောင် ယခုကဲ့သို့ တတ်သိလွယ်ခြင်းမှာ သက်အောင်အတွက် မျ ားစွာ အထောက်အကူပြု လေ၏။ စာရင်းအင်းမှအစ ဝန်ထမ်းကိစ္စအလယ် မားကတ်တင်းပိုင်းအဆုံး နေရာတော်တော်မျ ားမျ ားတွင် သူမကို မျ က်နှာလွှဲနိုင်သဖြင့် သက်အောင် သက်သာရာရခဲ့လေသည်။



မာန်နေဂျ ာကိုသန့်ဇင်ကလည်း သူမ မည်သူမည်ဝါ ဖြစ်သည် မည်သည့်နေရာမှ ရောက်လာသည် တို့ကို စိတ်မဝင်စားဘဲ သက်အောင်ခေါ်လာသည် ဟူသည့်အကြောင်းတစ်ချ က်နှင့်ပင် သူမအား အစစအရာရာ ပံ့ပိုးကူညီလေ၏။



ခြောက်လ တစ်နှစ်အတွင်း ကိုယ်ရည်ကိုယ်သွေး ပြောင်မြောက်ထွန်းလင်းလာသည့် ပန်းရောင်ကို ကြည့်ကာ သက်အောင် ပီတိဖြစ်ရသလို သူမအပေါ်တွင် ထားရှိသည့် သံယောဇဉ်မှာလည်း တဆထက်ဆစ်ဆ တိုးပွားလာခဲ့လေတော့သည်။ ပန်းရောင်၏ ဘက်မှလည်း ယခင်ကထက် ပိုမို၍ နူးညံ့သော နွေးထွေးသော ရင်းနီးပွင့်လင်းသော အပြု အမူစိတ်သဘာထားတို့ဖြင့် မိမိအားဆက်ဆံလာကြောင်းကို သက်အောင်ရိပ်စားမိလေ၏။

.

.

.

တစ်နေ့တွင် အခြားဆေးဝါးလုပ်ငန်းငယ်တစ်ခု၏ ပိုင်ရှင်ကိုတိုး ဆိုသူက သက်အောင်တို့ထံသို့ အလုပ်ကိစ္စဖြင့် လာရောက်တွေ့ဆုံလေသည်။ ကိုသန့်ဇင်မှာ မြို ့ထဲဘက်သို့ ခေတ္တထွက်သွားပြီး ပန်းရောင်မှာမူ လုပ်ငန်းစစ်ဆေးဖို့ရာ ထုတ်လုပ်ရေးဘက်သို့ ရောက်ရှိနေ၍ သက်အောင်ကိုယ်တိုင်ပဲ ကိုတိုးကို လက်ခံတွေ့ဆုံရန် ရုံးခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေ၏။



'' ဒါဆို . . ကျ တော်ဆီမှာ အိုင်နေတဲ့ ကုန်ကြမ်းတွေ ကိုသက်အောင် တကယ်ပြန်ယူမှာပေါ့နော် . . .''



'' စိတ်ချ ပါဗျ ာ။ ကျ တော် အားလုံးပြန်ယူပါ့မယ် ''



'' ကျေ း ကျေ းဇူး တင်လိုက်တာဗျ ာ . . . တကယ်ပါ။ ကျ တော် ဘယ်လိုပြောရမှန်းတောင် မသိပါဘူး ''



'' အို . . မလိုပါဘူး ကိုတိုးကြီးရယ်။ အချ င်းချ င်းတွေပဲ။ ကူညီလို့ရတာဆို ကျ တော့်ဘက်က ကူညီဖို့အသင့်ပါ ''



'' သာဓုဗျ ာ . .သာဓု သာဓု။ မိတ်ဆွေကောင်း ပီသတဲ့ ကိုသက်အောင်တစ်ယောက် ဒီထက်ပိုပြီးကြီးပွားတိုးတက်ပါစေ ''



'' ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ကိုတိုးရယ် . . .''



'' ဒါဆို ကျ တော်ပြန်မယ်နော် . . ခွင့်ပြု ပါဦး ''



'' ဟုတ်ပါပြီဗျ ာ . . ဖြေးဖြေးသွားပါ။ ကျ တော် လိုက်မပို့တော့ဘူးနော် ''



'' ရပါတယ်ဗျ ာ။ နေပါ နေပါ အားမနာပါနဲဲ့ ''



ဆွေးနွေးစရာရှိသည်မျ ားကို ဆွေးနွေးပြီး ကိုတိုးက ထပြန်မည်အပြု တွင် အခန်းတံခါးပွင့်လာ၍ တံခါးဝမှ ပန်းရောင်ပါ်လာလေတော့သည်။



ရုံးယူနီဖောင်းကို ကျ ကျ နန သပ်သပ်ခပ်ခပ်ဝတ်ဆင်ထားကာ လက်တစ်ဖက်တွင် ဖိုင်လေးတစ်ဖိုင်ပိုက်လျှ က် မတ်မတ်လေးရပ်နေသော ပန်းရောင်ကို မြင်လိုက်ရသော် ကိုတိုး၏ မျ က်နှာတွင် အံ့သြမှုပုံရိပ်တို့ ယှက်သန်းသွားလေ၏။



ပန်းရောင်ကတော့ နှုတ်ခမ်းနီ ရဲနေအောင်ဆိုးထာသည့် နှုတ်ခမ်းပါးနှစ်လွှာကို တင်းတင်းစေ့၍ ကိုတိုးကို စိမ်းစိမ်းကြည့်နေရာမှ ပါးချ ို င့်လေးပေါ်သည်အထိ တဖြေးဖြေးပြုံ းလိုက်ပြီး



'' သြော် . .ဧည့်သည်ရောက်နေတာကိုးး။ မင်္ဂလာပါရှင့်။ ကျ မနာမည်က ပန်းရောင်ပါ။ ဒီက သူဌေးမင်းကိုသက်အောင်ရဲ့ ကိုယ်ရေးအရာရှိပါ ''



ဟု သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။



ထိုအခါ ကိုတိုးလည်း ပန်ရောင်ကို ဇဝေဇဝါဖြင့် အီလည်လည် ပြန်လည်ပြုံ းပြနှုတ်ဆက်ပြီး သက်အောင်နှင့် ပန်းရောင်တို့နှစ်ဦးစလုံးအား ခွင့်တောင်းကာ ရုံးခန်းအတွင်းမှ ထွက်ခွာသွားလေတော့၏။

.

.

.

'' အကိုဘာမေးချ င်လည်းဆိုတာ ပန်းရောင်သိပါတယ်။ ဒါ့ကြောင့် အကိုမမေးခင် ပန်းရောင်ပြောပြပါ့မယ်။ အကို့ကို ကျ မ ကြို သတိပေးခဲ့တဲ့ . . . အကို့ရဲ့အပေါ်မှာပါ အနည်းနဲ့အမျ ား ရိုက်ခတ်လာနိုင်တယ် ဆိုတဲ့ ဂယက် က. . ဒါပါပဲ။



ခုပြန်သွားတဲ့သူဟာ အကိုနဲ့ ပန်းရောင်မတွေ့ကြသေးခင် ခြောက်လလောက်အလိုက ပန်းရောင်နဲ့ နှစ်ခါ အလုပ်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက . . . သူကလည်း မူးမူးရူးရူးမွှန်မွှန်ထွန်ထွန် ကျ မကလည်း ဒီလိုအိနြေ္ဒရရမဟုတ်သေးဘူးလေ။



ဒါကြောင့် ခုလို ပြန်တွေ့လိုက်ရတော့ သူ ကျ မကိုသေခြာမမှတ်မိဘဲ ဇဝေဇဝါဖြစ်နေတာ။ ဒါပါပဲရှင် . . .။ ပန်းရောင်ကြောင့် အကို သိက္ခာကျ ရမယ်ဆိုရင်တော့ ပန်းရောင်တစ်ကယ်ကို စိတ်မကောင်းပါဘူး။ ''



ပန်းရောင်က သူမ၏ စားပွဲတွင် ထိုင်ချ လိုက်ပြီး သက်အောင်အား အထက်ပါအတိုင်းရှင်းပြရင်း မျ က်ရည်မျ ားရစ်ဝဲလာလေသည်။



ပန်းရောင်ရဲ့ စကားကြောင့် သက်အောင်၏ ရင်ထဲတွင်လည်း နက်နက်နင်းနင်းခံစားလိုက်ရလေ၏။ သို့သော် ပညာရှိလူလိမ္မာပီပီ ခံစားချ က်ကို ဦးစားပေးဖို့ မသင့်သည့် အချ ိန်အခါဖြစ်ကြောင်းကိုလည်း နားလည်မိပြန်သည်။



ထို့ကြောင့် သက်အောင်လည်း ပန်းရောင်အား အကြင်နာပြုံ းလေးတစ်ပွင့်ကို နှစ်နှစ်ကာကာ ပြုံ းပြလိုက်ရင်း အားပေးနှစ်သိမ့်ရန်အတွက် သူမထံသို့ ထလာခဲ့လိုက်လေတော့သည်။



'' ဒါတွေစိတ်ထဲထားမနေပါနဲ့ပန်းရောင်ရယ်။ ဒီလူလည်း ဇဝေဇဝါပါ။ အရင်ပုံစံ အရင်အနေအထားမျ ို းနဲ့ ဘာမှ မဆိုင်တော့ဘဲ နေပုံထိုင်ပုံ ကိုယ်ရည်ကိုယ်သွေးနဲ့ အိနြေ္ဒသိက္ခာတွေပါ နောက်ထပ်လူအသစ်တစ်ယောက်ဖြစ်သွားသလို အပြောင်းလည်းကြီးပြောင်းလည်းသွားတဲ့ မင်းကို သူမှတ်မိချ င်မှ မှတ်မိတော့မှာပါ။



ခု သူကြည့်သွားတယ်ဆိုတာကလည်း ကံသေကံမ စွပ်ဆွဲတဲ့ သဘောမျ ို းမဟုတ်လောက်ပါဘူး။ အတော်လေးတူပါလား ဆိုတဲ့ သဘောနဲ့ ကြည့်တာဖြစ်မှာ။



ပြီးတော့ ကိုယ့်ရဲ့သဘောထားကိုလည်း မင်းသိအောင် ရှင်းရှင်း ပြောပြထားမယ်။ အရင်က မင်း ဘာဖြစ်ခဲ့တယ် ဘာလုပ်ခဲ့တယ်ဆိုတာတွေကို ကိုယ်စိတ်မဝင်စားဘူး။ ဘယ်တော့မှလည်း ခေါင်းထဲပြန်ထည့်ပြီး တွေးတောနေမှာမဟုတ်ဘူး။ ကိုယ်သိတာက အရမ်းကိုတော်တဲ့ အရမ်းကိုထက်တဲ့ အရမ်းကိုတည်ငြိမ်ရင့်ကျ က်တဲ့ အရမ်းကို အိနြေ္ဒသိက္ခာရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအရာရှိမလေး ပန်းရောင် ကိုပဲ။



မင်းဟာ ကိုယ့်ကို အထောက်အကူအမျ ားကြီးပေးနိုင်တယ် . .



မင်းဟာ ကိုယ့်မျေှ ာ်လင့်ချ က်ရဲ့ အသီးအပွင့် . . . .



မင်းဟာ ကိုယ့်ရဲ့ တစိပ်တဒေသ . .



ကိုယ့်ဘဝဟာ မင်းကြောင့် ပြန်လည် စိမ်းလန်းခဲ့ရတယ် . . .



မင်းဟာ ကိုယ့်အတွက် အကောင်းဆုံးသောဆုလာဘ် တစ်ခု . .



မင်းဟာ ကိုယ့်ကို ကိုယ်စားပြု တယ် . . .



မင်းဟာ ကိုယ့်ရဲ . . . ''



သက်အောင်က ပြောနေရင်း အသံတိမ်ဝင်သွားကာ စကားမဆက်နိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက် ပြစ်လိုက်မိလေ၏။ ပန်းရောင်ထံမှလည်း စကားသံတစ်ခွန်းတလေမျှ ထွက်မလာတော့ဘဲ တအင့် အင့် ငိုရှိုက်သံမျ ားသာ ထွက်ပေါ်လို့လာလေတော့သည်။



အချ ိန်အတော်ကြာ နှစ်ဦးသား ကျ စ်ကျ စ်ပါအောင် ဖက်ထားမိကြပြီးနောက် သက်အောင်က လူချ င်းခွာကာ ပန်းရောင်၏ ပါးမို့မို့ပေါ်ရှိ မျ က်ရည်စက်မျ ားကို ကြင်နာစွာ သုတ်ပေးလိုက်ရင်း



'' ဘာမှ စိတ်မကောင်းဖြစ်မနေပါနဲ့တော့ပန်းရောင်ရယ်။ နောက်အခါတွေလည်း ဘယ်သူနဲ့တွေ့တွေ့ ခုလိုတည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ပေါ့။ ကို်ယ့်ရဲ့ မိတ်ဆွေတွေ လုပ်ငန်းဖော်တွေကြားထဲမှာ ပန်းရောင်ကို . . . နိုင်ငံခြားမှာ အတော်ကြာကြာပညာသွားသင်ပြီး တစ်နှစ်လောက်ကမှ ပြန်ရောက်လို့ ကိုယ်ဆီ အလုပ်ဝင်နေတဲ့ ကိုယ့်ရဲ့ရပ်ဆွေရပ်မျ ို း မိန်းကလေးတစ်ယောက်အနေနဲ့ . . . ကိုယ် မိတ်ဆက်ပေးမယ်။



ပန်းရောင်ကလည်း သူတို့ရှေ့မှာ အခွင့်သင့်ရင်သင့်သလို ဖော်ရိန်နာနဲ့ ရွှန်းရွှန်းဝေအောင်စကားပြောတာမျ ို း . . နိုင်ငံခြားက ဆေး အော်ဒါအမှာ ကို ကျွ မ်းကျွ မ်းကျ င်ကျ င်လက်ခံတာမျ ို း တွေကို လုပ်ပြလိုက်ပေါ့။ ဒါဆို . . အရင်ပန်းရောင်ကို မြင်ဖူးခဲ့သည်ရှိရင်တောင် အဲ့ဒီအမျ ို းသမီးပါလို့ ဘယ်သူမှ ထင်မြင်ရဲကြမှာ မဟုတ်တော့ဘူး။ မသကာ တူတယ် ဆင်တယ် စသဖြင့်လောက်ပဲ ယူဆကြတော့မှာ . . ဟုတ်ပြီလား ''



'' ဟုတ်ကဲ့ပါ အကိုရယ်။ အကိုပြောသလို ပဲ လုပ်ကြတာပေါ့။ ပန်းရောင်တစ်ကိုယ်ရည်အရဆိုရင် ဒီဘဝကလာလို့ ဒီလိုအထင်ခံရတာ မဖြုံ ပါဘူး။ ဒါ ဒါပေမယ့် ခု လို အကိုနားမှာ အနီးကပ်ရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို သူမျ ားတွေက အဲ့ အဲ့ လို ထင်မှာမျ ို းကြတော့ . . .''



'' ဟုတ်ပါပြီ ပန်းရောင်ရယ်။ ပန်းရောင်ကိုယ့်အပေါ်ထားတဲ့ စေတနာ သဘောထားကို ကိုယ်နားလည်ပါတယ်။ စိတ်ချ ပန်းရောင် . . .ရွှေပင်နားတော့ ရွှေကျ ီးပါ။ ဘုရင်နဲ့ငြားရင် မိဖုရားဖြစ်ပါတယ် ။ မင်းကို ဘယ်သူမှ အဲ့ဒီလို ထပ်ပြီး အထင်အမြင်မသေးစေရတော့ဘူးလို့ ကိုယ်ကတိပေးပါတယ်ကွာ။ ကတိပေးပါတယ် . . . .



မင်း ကိုယ့်ရဲ့အနားမှာ ကိုယ့်ရဲ့ဘဝထဲမှာ နေလို့ ဂုဏ်တင့်စေရပါ့မယ် ''



'' ပန်းရောင် အကြွင်းမဲ့ယုံပါတယ် အကိုရယ် . . .''



ထို့နောက် ခန္ဓာကိုယ်နှစ်ခု ပြန်လည်ပူးကပ်သွားပြန်သည်။



.

.

ဆက်ရန်



ရေတွင်မပျေ ာ်သော ငါး