သစ်တော ၇



အမြင့်ကြောက်သော ငှက်







ဦးစစ်မြို င်လည်း သား၏ ချ စ်သူကအသတ်ခံရပြီး သူငယ်ချ င်းဖြစ်သူက လူသတ်တရားခံအနေနဲ့ အဖမ်းခံရသည့်သတင်းကိုကြားသောအခါ အလွန်စိတ်မကောင်းဖြစ်မိသည့်အပြင် သားအတွက်လည်း မျ ားစွာစိုးရိမ်သောကြောင့် တပည့် မောင်ပြူ းကိုခေါ်၍ ပြည်မြို ့မှ ရန်ကုန်သို့ ချ က်ခြင်းဆင်းလာလေတော့သည်။





ထို့အပြင် ယခု စွပ်စွဲခံထားရသူ မိုးထက် မှာလည်း ဦးစစ်မြို င်၏ လက်ရင်းတပည့် ဖြစ်သူ ဦးငွေမိုးနှင့် ဒေါ်သိင်္ဂ ီထက် တို့လင်မယား၏ တစ်ဦးတည်းသောသားမဟုတ်ပါလား။ မွေးကတည်းက ဦးစစ်မြို င်ရဲ ့ အရိပ်အာဝါသအောက်မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပြီး ကားအက်စီးဒင့် ဖြင့် ၎င်း၏မိဘနှစ်ပါးဆုံးပါးသွားပြန်တော့လည်း ဦးစစ်မြို င်တို့ကပဲ အစစအရာရာ ထောက်ပံ့ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မိုးထက်၏ စိတ်နေသဘောထားကို ဦးစစ်မြို င်ကောင်းကောင်းသိလေ၏။ ၎င်းသည် မဟုတ်မခံ လူဖြောင့်စိတ်ဆတ်သော်လည်း ဤကဲ့သို့ ယုတ်မာရက်ဆက်သည့်အမှုမျ ို းကို ကျ ူ းလွန်မည့်သူမဟုတ်ပေ။



.



.



.



.



.



.



တည်ငြိမ့် စကားမှန်လေသည်။ ဦးစစ်မြို င်ရောက်လာပြီးနောက်ပိုင်း အားလုံး အေးအေးဆေးဆေး လွယ်လွယ်ကူကူဖြစ်သွားကြသည်။ မိုးထက်မှာမူ အာမခံမရသော်လည်း အချ ု ပ်ထဲ၌ ကုတင် ဆောင် ခြင်တောင် ပန်ကာ တို့ဖြင့် တင့်တောင့်တင်တယ်နေရလေတော့သည်။ အစားအသောက်ကိုလည်း လိုသလောက်ကြို က်သလောက်မှာယူစားသောက်ခွင့်ရသည့်အပြင် ဟန်နီချ ို ကလည်း မကောင်းကောင်းကြောင်းတွေ နေ့စဉ် ချ က်ပြု တ်ကျေွ းမွေးရှာလေသည်။ မိုးထက်က ပထမ နှစ်ရက်သုံးရက်တွင် ဟန်နီချ ို ကို စိတ်ခုနေသော်လည်း စိတ်တိုလွယ် စိတ်ပြေလွယ်သူ တစ်ဦးဖြစ်သည့်အားလျေှ ာ်စွာ နောက်ပိုင်းကြာလာသည်နှင့်အမျှ ပြန်လည်ပြောဆိုဆက်ဆံခဲ့လေသည်။





ဦးစစ်မြို င်က မိုးထက်ကိုတွေ ့သည့်အခါတိုင်း တရားကို နတ်စောင့်သည့်အကြောင်း တနေ့အမှုမှန်ပေါ်မည်ဖြစ်ကြောင်း အကောင်းဆုံးရှေ ့နေကိုလည်း ငှါးထားပြီးဖြစ်ကြောင်း တူလိုသားလိုသဘောထား၍ ကိစ္စအဝဝကို မိမိအနေဖြင့် အစစအရာရာ တာဝန်ယူမည့်အကြောင်း စသဖြင့် စိတ်ဓာတ်မကြစေရန် အားပေးနှစ်သိမ့်လေသည်။ သားဖြစ်သူ တည်ငြိမ့်ကိုလည်း ချ စ်သူဆုံးပါးသွားသဖြင့် စိတ်မလေစေရန် မိမိအလုပ်ကို မိမိအကောင်းဆုံးလုပ်ဆောင်ကာ မိမိဘဝကိုမိမိဆက်လက်ပုံဖော်ရန် အချ ိန်ရရင် ရသလို သတိပေးဆုံးမသွန်သင်လေသည်။ ၎င်း၏ ဆုံးမ အားပေးမှုတို့သည် တည်ငြိမ်ကော မိုးထက်အတွက်ပါ အဖိုးတန်လှသော အားဆေးတစ်ခွက်ပင် ဖြစ်ပေတော့၏။





ထို့အပြင် ဦးစစ်မြို င်ကိုယ်တိုင်လည်း မနက်စောစောထ ဘုရားဝတ်ပြု . . . . .လမ်းလျေှ ာက်ထွက် . . ကိုယ်လက်လှုပ်ရှားလုပ် . . မနက်စာစား. . .ကော်ဖီသောက်ရင်း သတင်းစာဖတ် . . .နာရီဝက် တရားပြန်ထိုင် . . . စသည့်အလုပ်မျ ားကို အချ ိန်ကိုက်လုပ်ဆောင်လျှ က် ဘဝကို အရသာရှိရှိ နှင့် အဖိုးတန်စွာ ဖြတ်သန်းနေသူ ဖြစ်လေသည်။



.



.



.



.



မိုးထက်တို့အခန်းတွင် ဦးစစ်မြို င် သက်ထားဖြူ အခန်းတွင် မောင်ပြူ း အသီးသီးနေရာယူလိုက်ကြသောကြောင့် သူမသည် တည်ငြိမ့်အခန်းထဲသို့ ရောက်လာခဲ့ရပြန်သည်။ တည်ငြိမ်လည်း သက်ထားဖြူ ရောက်လာသည့်အတွက် တစ်စုံတရာ စိတ်အနောက်အယှက်မဖြစ်သည့်အပြင် စကားပြောဖော်ပင်ရသေးသည်ဟု မှတ်ထင်မိလေ၏။ ညအိပ်သောအခါတွင်လည်း





'' ကိုတည်ငြိမ်ရယ် ရှင် စက်တီပေါ်သွားသွားအိပ်နေရတာ ကျွ န်မ သိပ်အားနာလာပြီ။ အဲ့ဒီတော့ ကုတင်ပေါ်မှာပဲ အိပ်ပါရှင်ရယ်။ ကုတင်က အကျ ယ်ကြီးပါ။ တစ်ယောက်တစ်ခြမ်းစီအိပ်ကြတာပေါ့။ ရှင့်စိတ်ထဲ တမျ ို းဖြစ်ရင် ကျွ န်မ ကိုယ်ဖျေ ာက်ထားပါ့မယ် '





ဟု သက်ထားဖြူ ကအတန်တန်ပြောသဖြင့် နောက်ဆုံး တည်ငြိမ်လည်း သူမ၏ ဆန္ဒကို လိုက်လျေှ ာပြီး ကုတင်ပေါ်မှာပဲ သက်သောင့်သက်သာ အိပ်ဆက်ဖြစ်နေ လေတော့သည်။



.



.



.



.



.



.



.



ဟန်နီချ ို ၏ အထက်အရာရှိ ငမူး ရဲအုပ် မြမောင်သည် ဆေးခွင့်ယူထားရာမှ အသဲကင်ဆာဖြင့် အနိစ္စရောက်သွား၏။ ၎င်း နေရာတွင် ရဲအုပ်ဇော်ဦးဆိုသူ ရောက်လာသောကြောင့် ဟန်နီချ ို သည် သူမကိုင်တွယ်နေသော မိုးထက် အမှုကို ရဲအုပ်ဇော်ဦး ထံသို့လွှဲပြောင်းပေးလိုက်ရလေတော့သည်။ ရဲအုပ်ဇော်ဦးသည် နှာဗူးသွေးရှိသူပီပီ ရုပ်ရည်ချေ ာမောပြီး ကိုယ်ခန္ဓာပြေပြစ်လှပါသော ဟန်နီချ ို ကို မြင်မြင်ခြင်း မျ က်စိကျ သွားလေသည်။





ဟန်နီချ ို နှင့် မိုးထက်တို့၏ ပတ်သက်မှုကို သိသောအခါ ၎င်းသည် မိုးထက်ကို နည်းမျ ို းစုံ ပညာပြလေတော့၏။ ထို့ကြောင့် ဦးစစ်မြို င်လည်း တိုင်းရဲရုံးသို့ ထပ်မံသွားရောက်ရပြန်သည်။ ဦးစစ်မြို င် တိုင်းရဲရုံးမှ အပြန်တွင်တော့ ရဲအုပ်ဇော်ဦးလည်း ဖုန်းတစ်ကောကို ရိုသေစွာ လက်ခံစကားပြောလိုက်ရလေသည်။ ထို့နောက် ၎င်းသည် ခြေသုတ်ပုဆိုးမြွေဆွယ်ကျ ို းကဲ့သို့ ဖြစ်သွားကာ မိုးထက်ကို ပြသာနာရှာခြင်းလည်း နိတ္ထိတံ သွားလေတော့၏။





သို့သော် ရဲအုပ်ဇော်ဦးသည် မိုးထက်အား အငြို းအမှတ်ထားကာ အမှုမျ ားကို အစကအဆုံး ပြန်လည်စစ်ဆေးလျှ က် မရ ရသည့်သက်သေမျ ားကို စုစည်းတည်ဆောက်၍ လူသတ်တရားခံအပြစ် ရုံးတင်လိုက်လေတော့သည်။ ထို့ကြောင့် ဟန်နီချ ို ့အနေဖြင့် အမှုမျ ား၏ တရားခံအစစ်ပေါ်ပေါက်ေစေရန် မိမိနည်းမိမိဟန်ဖြင့် စုံစမ်းရပေတော့မည်။ ကိုမိုးထက် တရားခံမှန်လျှ င် ပြစ်ဒဏ်ခံရပေမည်။ တရားခံ မဟုတ်ခဲ့သော် ပြစ်ဒဏ်မှ လွတ်ကင်းရပေမည်။ တရားဥပဒေကို ယိုယွင်းတိမ်းစောင်းမှု မဖြစ်စေရ။ ဤကဲ့သို့ သူမဆန္ဒပြု မိလေသည်။





ယခုပုံအတိုင်းဆိုလျှ င် ရဲအုပ်ဇော်ဦးသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် အားကိုး၍ မရတော့။၎င်းသည် ကိုမိုးထက်အပေါ်တွင် မျ က်မှန်စိမ်းတပ်လျှ က် ကိုမိုးထက်ပြစ်ဒဏ်ကျ ရေးကိုသာ အားသွန်ကြို းပမ်းတော့မည်မှာမလွဲ။



ထို့ကြောင့် ဟန်နီချ ို လည်း ဦးချ မ်းသာမှ စ၍ မြင့်မိုလ်ခင် . . .ခင်မောင်ဇင်နှင့် သဇင်စိုး တို့၏ အမှုမျ ားအားလုံးကို ပိုက်စိပ်တိုက်ကာ ထပ်မံ စုံစမ်းရန်ပြင်ဆင်ရလေတော့သည်။









လွမ်းစိတ်ကို နာကြည်းစိတ်ဖြင့် ဖြေသိမ့်ခဲ့ရသော်လည်း တည်ငြိမ် မြင့်မိုလ်ခင်ကို လုံးလုံး မေ့မရသေး။ ယနေ့ထူးထူးခြားခြား သူမကို ပိုမို၍ သတိရနေမိလေသည်။ ပါတ်သက်မှုတွေကလည်း မျ ားခဲ့သလို သတိရအောင့်မေ့စရာတွေကလည်း မျ ားခဲ့တယ်မဟုတ်ပါလား။ မတော်လိုက်ရသည့် ယောက်ဖဖြစ်သူ တပည့် အောင်ပြည့်ကလည်း ခွင့်ယူသွားရာ ခုထက်ထိစာမလာသတင်းမကြားသေး။ အောင်ပြည့် ဆိုကာမှ . . . .မြင့်မိုလ်မဆုံးခင် အောင်ပြည့် မိမိဆီက စာအုပ်တစ်အုပ်ငှါးသွာတဲ့အကြောင်းကို ခေါင်းထဲပြန်ပေါ်လာလေသည်။ ထိုစာအုပ်ထဲမှ တချ ို ့အကြောင်းအရာမျ ားသည် ယခုရေးသားနေသည့် သစ်တောဆိုင်ရာ စာတန်းအတွက် ပြန်လည်မှီငြမ်းရန် လိုအပ်နေချေ ပြီ။





တည်ငြိမ်က စားပွဲပေါ်ရှိ ဖုန်းကိုကောက်ကိုင်လိုက်ကာ နယ်ရှိ အောင်ပြည့်၏အိမ်သို့ ဖုန်းဆက်လိုက်လေသည်။





'' . . . . . . . . ''





'' . . . . . . . . ''





'' . . . . . . . . ''





၎င်း၏ မိခင်ဖြစ်သူ ဖုန်းလာကိုင်ပြီး အောင်ပြည့် အိမ်မှာမရှိကြောင်း . . . စိတ်ပြေလက်ပျေ ာက်ဟုဆိုကာ သူ၏ သူငယ်ချ င်းမျ ားဖြင့် အညာဘက်သို့ဘုရားဖူးထွက်သွားကြောင်း . . .



စိတ်သစ်လူသစ် ဘဝသစ် ဖြစ်စေရန် ဖုန်းအသစ် ဟန်းဆက်အသစ်ပင် ဝယ်ကိုင်သွားသေးပြီး ဖုန်းနံပါတ်လည်း ပေးမသွားကြောင်း . . . .



ရောက်ရာအရပ်မှ တစ်ခါတရံတော့ဖုန်းဆက်တတ်ကြောင်း . . . .



၎င်း၏ သူငယ်ချ င်းမျ ား၏ ဖုန်းမျ ားနှင့် ကြုံ သလိုဆက်သဖြင့် ဖုန်းနံပါတ်လည်း သေခြာမသိကြောင်း . . . .





ပြောပြလေ၏။ ထို့နောက် တည်ငြိမ်နှင့် အလာဘ သလာဘ မျ ားပြောကာ အဖွားကြီးက သူ့သမီးကို သတိရလာ၍ ငိုပြန်၏။။ တည်ငြိမ်လည်း စိတ်ထဲတွင် လွန်စွာမကောင်းလှပေ။ ထို့ကြောင့် ဖွားတော်ကို အားပေးနှစ်သိမ့်စကားမျ ား အတန်ကြာအောင် တတ်စွမ်းသမျှ ပြောကြားပေးလေသည်။





အားရအောင်ငိုပြီးနောက် ကျေ းဇူးတင်စကားဆိုကာ ဖွားတော် ဖုန်းချ သွားလေ၏။ မိမိစာအုပ်မှာတော့ အောင်ပြည့်ထံမှပြန်လည်ရှိဖို့ရာ လမ်းစဝေးလေပြီ။ နောက်နေ့မျ ားတွင်မှ ပန်းဆိုတန်းဘက်ရှိစာအုပ်ဆိုင်မျ ားသို့ သွားရောက်ရှာဖွေရပေတော့မည်။





'' နောက်ဆုံး ရှာမရသည့်အဆုံးတွင် ယိုဒယားသို့လှမ်းမှာရပေတော့မည် ''





ဟု တည်ငြိမ်တွေးတောလိုက်လေ၏။





ကျေ ာင်းချ ိန်ပြီးသောအခါ ကားလေးမောင်း၍ တည်ငြိမ် အိမ်သို့ပြန်ခဲ့လေသည်။ လမ်းတွင် သက်ထားဖြူ ကို သတိရ၍ စတိုးဆိုင်တစ်ဆိုင်သို့ဝင်ကာ သူမအတွက် အဝတ်အစားသုံးစုံခန့်ဝယ်ယူခဲ့လေ၏။ ထို့အပြင် ညအခါ၌ သူမနှင့်ကော်ဖီအတူတူသောက်ရင်း စားရန် ချေ ာကလက်ကွတ်ကီးမျ ားကိုလည်း ဝယ်ယူခဲ့ပြန်သည်။ တည်ငြိမ်သည် မိမိအနေဖြင့် သူမကို မသိမသာသံယောဇဉ်တွယ်နေမိကြောင်း သူမနှင့်စကားပြောရသည်ကို သာယာကြေနပ်နေမိကြောင်း တဖြေးဖြေးသတိထားမိလာလေသည်။





'' သြော်. . . .သက်ထားဖြူ သက်ထားဖြူ ။ လှည့်စားခြင်းမရှိ မယာကင်းစင် ပကတိရိုးသားလှတဲ့ ချ စ်စရာ့ တစ္ဆေမလေး ''





တည်ငြိမ် သက်ထားဖြူ အကြောင်းတွေးရင်း တစ်ကိုယ်တည်းပြုံ းလိုက်မိပြန်သည်။



.



.



.





အိမ်သို့ရောက်သောအခါ တည်ငြိမ်လည်း ဖေဖေ့ကိုနှုတ်ဆက်ကာ အိပ်ခန်းအတွင်းသို့ တန်းဝင်ခဲ့လေ၏။





'' သား . . .လက်ထဲက ဘာထုတ်တွေလဲကွ . . .''





'' အဝတ်အစားလေး နည်းနည်းပါးပါးပါ ဖေဖေ ''





ဖေဖေက လှမ်းမေးနေပြန်၍ သူသင့်အောင်ကြည့်ဖြေခဲ့ရသေးသည်။ အိပ်ခန်းထဲသို့ရောက်သောအခါ မှန်တင်ခုံတွင် ထဘီရင်လျှ ားဖြင့် အလှပြင်နေသော သက်ထားဖြူ ကို အခန့်သားတွေ ့ရသဖြင့် တည်ငြိမ်လည်း အံ့အားသင့်သွားကာ





'' အိုးးး မမက ရေမိုးချ ို းပြီးအလှတွေဘာတွေ ပြင်နေလို့ပါလား ''





ဟု ပြောလိုက်လေသည်။ ထိုအခါ သက်ထားဖြူ က တည်ငြိမ့်ဘက်သို့လှည့်ကြည့်လိုက်ပြီး ချ စ်ရာမျ က်နှာပေးလေးဖြင့် မျ က်လုံးလေးထောင့်ကပ်လျှ က်





'' ဘာဖြစ်တုန်း သူမျ ားဘာသာ သူမျ ားရေချ ို းပြီး အလှပြင်တာ ''





ဟု နှုတ်ခမ်းလေးဆူကာ ရန်ပြန်တွေ ့လေ၏။





'' မင်း ရေချ ို းတဲ့ ရေသံတွေ ဖေဖေတို့ကြားသွားရင် ပြသနာပေါ့ကွ ''





'' အို မကြားပါဘူး။ ဒီက ရေမချ ို းခင် ဘိုးတော်ကို အကဲခတ်ပြီးသား။ သူအိမ်ရှေ ့မှာ သတင်းစာ မဲဖတ်နေတုန်း ချ ို းလိုက်တာ။ ပြီးတော့ ရှင့်ရေချ ို းခန်းက အသံလုံပါတယ်ရှင့် ဟဲ ဟဲ ''





သက်ထားဖြူ က ရယ်ကျ ဲကျ ဲဖြင့်မျ က်နှာချ ို သွေးနေပြန်သည်။





'' ဟုတ်ပါပြီ။ ဒီအလှပြင်ပစ္စည်းတွေကကော မင်းဟာတွေပဲလား ''





'' ဟုတ်တာပေါ့ရှင့်။ ဘိုးတော်မသိခင် သူနေနေတဲ့ ကျွ န်မအခန်းထဲက သွားယူထားရတာ။ ဒါတွေက ကျွ န်မ မသေခင်ကတည်းက ဟာတွေ။ အတော် ဒိတ်အောက်နေပြီ။ ဒါပေမယ့် ကျွ န်မက သရဲဆိုတော့ ဘာမှမဖြစ်ဘူးလေ။ သုံးလို့တယ်။ မိန်းကလေးဆိုတာက အခက်သားလား သရဲဖြစ်နေတာတောင် တခါတလေတော့ လှချ င်ပချ င်စိတ်ကလေးက ရှိနေသေးတာ ''





သက်ထားဖြူ ရဲ ့စကားသံကိုကြားရတော့ တည်ငြိမ် စိတ်မကောင်းဖြစ်မိသွားလေ၏။ ထို့ကြောင့်





'' ကဲပါ ဟုတ်ပါပြီ။ နောက်နေ့ကျ မှ အလှပြင်ပစ္စည်းအသစ်တွေ ကိုယ်ဝယ်ပေးပါ့မယ်။ ခုလောလောဆယ်တော့ ဒီမှာ မင်းအတွက် ဝတ်စုံသုံးစုံဝယ်လာတယ်။ မင်း ကိုယ်မဖျေ ာက်တဲ့အချ ိန်ဝတ်ပေါ့။ ''





ဟုဆိုကာ လက်ထဲရှိ အထုပ်မျ ားကို သက်ထားဖြူ းအား ကမ်းပေးလိုက်လေသည်။





'' ဟယ်. . .ကြည့်စမ်းး သဘောကောင်းလိုက်တဲ့ လူကြီးဟယ် ''





သက်ထားဖြူ က အဝတ်အစားမျ ားကိုထုတ်ကြည့်ရင်း ကလေးတစ်ယောက်လို ပျေ ာ်ရွှင်နေလေတော့သည်။ ပါးစပ်မှလည်း တည်ငြိမ် ပိုချေ ာလာစေရန် ကျ န်းမာချ မ်းသာစေရန် ဆုတွေ တတွတ်တွတ်တောင်းပေးလေ၏။





တည်ငြိမ်လည်း သက်ထားဖြူ ပျေ ာ်ရွှင်နေပုံကိုကြည့်၍ ပီတိဖြစ်ရလေသည်။





'' တကယ်တော့ မင်းက အလှမပြင်လည်း လှပြီးသားပါ သက်ထားဖြူ ရယ်. . . . .''



.



.



.



သက်ထားဖြူ က ၎င်းအတွက်အဝတ်အစားမျ ားကို တစ်ထည်ပြီးတစ်ထည် ဝတ်ကြည့်ပြီးနောက် တည်ငြိမ့်ကို စကားဆိုလာပြန်သည်။





'' အကို . . . .မနေ့ညက ဖေဖေ့ရဲ ့အသံကို သက်ထားကြားရတယ်။ သူ့ဆီကို လာခဲ့ပါတဲ့။ အကိုကိုလည်း ခေါ်ခဲ့ဖို့ပြောနေတယ်။ သူ့ဆီကိုလာရင် အခုဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ တဖက်တလမ်းက အထောက်အကူဖြစ်နိုင်တယ် လို့ သက်ထားကို ပြောတယ်။





အဲ့ဒါ သက်ထားတော့ ဖေဖေ့ဆီကိုသွားချ င်တယ်။ အစ်ကို လိုက်ပို့မယ်မဟုတ်လား။ မနက်ဖြန် တနင်္ဂနွေဆိုတော့ ကျေ ာင်းလည်းပိတ်တာပဲ ''





ဟူ၍ သက်ထားဖြူ က မှော်ဘီမြို ့စွန် တောစပ်တစ်နေရာတွင် တောရဆောက်တည်နေသည့် သူမ၏ဖခင်ဦးလှဘူး တဖြစ်လည်း ဦးဇင်းကြီး ရေဝတ ထံသို့ သွားရောက်ရန် ပူဆာလေရာ တည်ငြိမ်လည်း



အန်ကယ်ဦးလှဘူးကိုမတွေ ့ရသည်မှာ ကြာသဖြင့် တွေ ့လိုသည်ကတစ်ကြောင်း ၎င်းထံသို့လာပါက အမှုကိစ္စအတွက် အကျ ို းရှိနိုင်သည်ဟု ဆိုသောကြောင့် တစ်ကြောင်း . . . .စသဖြင့် တွေးတောဆင်ခြင်ကာ သက်ထားဖြူ ၏ ဆန္ဒကိုလိုက်လျေ ာရန် ကတိပေးလိုက်လေတော့သည်။



.



.



.



တည်ငြိမ် ရေချ ို းပြီးသောအခါ ထမင်းစားရန်အတွက် အခန်းအပြင်သို့ထွက်ခဲ့ရာ ထမင်းစားပွဲတွင် ဖေဖေနှင့်တွေ့သဖြင့် မနက်ကျ လျှ င် ကိစ္စတစ်ခုဖြင့် မှော်ဘီဘက်သို့သွားရမည့်အကြောင်းကို တခါတည်း အသိပေးလိုက်တော့သည်။ သက်ထားဖြူ ပါနေသောကြောင့် ဖေဖေ့မိတ်ဆွေ ဦးဇင်းနှင့်သွားတွေ ့မည်အကြောင်းကိုတော့ မပြောဖြစ်တော့။





ဦးစစ်မြို င်က မိမိလည်းမနက်ကျ လျှ င် သစ်တောအရာရှိဟောင်းမျ ားတွေ ့ဆုံပွဲ တက်ရောက်ရန်ရှိကြောင်း ထို့နောက် မိတ်ဆွေသူငယ်ချ င်းဟောင်းမျ ားနှင့် ပျေ ာ်ပျေ ာ်ပါးပါး နားနားနေနေတစ်နေရာရာတွင် အပန်းဖြေရန်အစီအစဉ်ရှိကြောင်း ပြန်လည်ပြောပြလေ၏။ ထို့နောက် ၎င်းကဆက်လက်၍





'' သားသွားစရာရှိတာသွားလေ။ မောင်ပြူ းကို အိမ်စောင့်ထားခဲ့ကြတာပေါ့ ''





ဟူ၍ တည်ငြိမ့်ကို သွားလိုရာသို့ စိတ်ဖြောင့်ဖြောင့်သွားရန် တိုက်တွန်းပြန်သည်။





'' ဟုတ်ကဲ့ ဖေဖေ ''





ထို့နောက် သားဖနှစ်ယောက်သား ထမင်းလက်ဆုံစားကြပြီး ဦးစစ်မြို င်က ဘုရားဝတ်ပြု ရန်ဘုရားခန်းသို့ ဝင်သွားလေတော့သည်။ တည်ငြိမ်လည်း မိမိအိပ်ခန်းသို့ပြန်ကာ သက်ထားဖြူ နှင့်တီဗီကြည့်ရင်း ကော်ဖီအတူတူသောက်ကြရန် အခန်းထဲမှာပင် စီစဉ်လိုက်လေတော့၏။





မနက်ရောက်သောအခါ ဦးစစ်မြို င်နှင့် တည်ငြိမ်သည် ကားတစ်ယောက်တစ်စီးစီဖြင့် အိမ်မှ ရှေ ့ဆင့်နောက်ဆင့်ဆိုသလိုထွက်ခဲ့ကြသဖြင့် မောင်ပြူ းတစ်ယောက်သာ အိမ်စောင့်ရင်း ကျ န်ခဲ့လေတော့သည်။





တည်ငြိမ့်ဘေးထိုင်ခုံတွင် သက်ထားဖြူ လိုက်ပါလာသည်ကို တည်ငြိမ်တစ်ယောက်သာ တွေ ့မြင်ရလေ၏။ ၎င်းတို့နှစ်ဦး လှည်းတန်းတွင် ပွို င့်စောင့်နေကြစဉ် ဖုန်းဝင်လာသဖြင့် တည်ငြိမ် ကောက်ကိုင်လိုက်ရာ တပည့်ကျေ ာ်အောင်ပြည့်ထံမှဖြစ်၍နေချေ သည်။





၎င်းက အညာ ဘုရားဖူးအပြန် ပြည်ဘက်မှပတ်ကာ ရန်ကုန်သို့ဝင်ခဲ့ခြင်းဖြစ်ကြောင်း . . .ယခု အခါ တည်ငြိမ့်အိမ်နားသို့ရောက်နေပြီဖြစ်ကြောင်း . . . အဟောင်းမျ ားအသစ်မဖြစ်လို၍ မိမိအိမ်သို့မသွားတော့ဘဲ တည်ငြိမ်အိမ်၌ပင်တည်းခိုရန် ဆန္ဒရှိကြောင်း . . . ပြောကြားလေ၏။





တည်ငြိမ်လည်း . . .





'' လောလောဆယ် ငါက ကိစ္စတစ်ခုနဲ့ မှော်ဘီဘက်ကို သွားနေတာ။ ဒီလိုလုပ်. . .မင်းငါ့ အိမ်ကိုသွားလိုက်။ ငါမောင်ပြူ းကို ဖုန်းလှမ်းဆက်ထားလိုက်မယ်။ အိမ်မှာ ဖေဖေလည်းရောက်နေတယ်။ ဒါပေမယ့် ဒီနေ့ သူလည်းအိမ်မှာမရှိဘူး။ ငါပြန်မရောက်ခင် သူပြန်လာလို့ရှိရင်လည်း အကျ ို းအကြောင်းပြောပြထားလိုက်ပေါ့။ လောလောဆယ်နေဖို့ စားဖို့ ရေမိုးချ ို းဖို့ကို မောင်ပြူ းစီစဉ်ပေးလိမ့်မယ်။ ညအိပ်ဖို့ကိုတော့ ငါပြန်လာမှ ကြည့်ကျ က်စီစဉ်ကြတာပေါ့ ။ ဖေဖေနဲ့လည်း မင်းကို မိတ်ဆက်ပေးရဦးမယ် ''





ဟူ၍ အစီအစဉ်ဆွဲပေးလိုက်လေတော့သည်။ တည်ငြိမ်က မိမိဆီမှ ငှါးထားသည့် စာအုပ်အကြောင်း မေးမြန်းလေရာ . . . .





'' စာအုပ်က ရန်ကုန်အိမ်က ကျွ န်တော့်စာရေးစားပွဲပေါ်မှာ ကျ န်ခဲ့တာ။ ကျွ န်တော်ကတော့ လောလောဆယ် သွားယူမပေးပါရစေနဲ့ဦး။ ကျွ န်တော့်ကိုယ်ကို ကျွ န်တော်သိတယ်။ အဲ့ဒီအိမ်ရောက်ရင် စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး။ ငိုမိလိမ့်မယ်။





ဆြာလမ်းကြုံ ရင် ဝင်ယူလိုက်ပါလား ဆြာရယ်။ ဆြာ့မှာလည်း အိမ်သော့ပါလာတာပဲ။ တပည့်ကို ကူညီပါနော် ''





အောင်ပြည့်က တောင်းပန်သော လေသံဖြင့် ပြန်လည်ပြောကြားလေသည်။ တည်ငြိမ်လည်း





'' အေးပါကွာ။ ငါကြုံ ရင် ဝင်ယူလိုက်ပါ့မယ်။ ခုတော့ မင်းလည်း ခရီးပမ်းလာကောပေါ့။ ငါ့အိမ်မှာ နားနားနေနေနေဦး။ ဟုတ်ပြီလား။ အဆင်မပြေတာရှိရင် ဖုန်းလှမ်းဆက်လိုက်။ ဘာပြောဦးမလဲ ''





'' ပြောစရာမရှိတော့ပါဘူး ဆြာရယ်။ ကျေ းဇူးလည်းအရမ်းတင်ပါတယ် ''





'' ရပါတယ်ကွာ။ မင်းနဲ့ငါနဲ့က ပြောရမယ့်လူတွေမဟုတ်ပါဘူး။ ဒါဆို ဒါပဲနော် . . . .''





တည်ငြိမ်ကဖုန်းချ လိုက်ပြီး . . .





'' ဒီကောင် ကိုယ့်ဆီက ငှါးထားတဲ့စာအုပ်က ရန်ကုန်အိမ်က သူ့စားပွဲပေါ်မှာတဲ့ ''





ဟု စိတ်ပျ က်လက်ပျ က်အမူအရာဖြင့် သက်ထားဖြူ ဘက်သို့လှည့်ကာ ပြောကြားလိုက်ရာ သူမက အိမ်သော့အဆင်သင့်ပါလာလျှ င် ယခုပင်ဝင်ယူသင့်ကြောင်း . . .သူမလည်း ထိုအိမ်သို့ ရောက်ဖူးလိုကြောင်း . . .မှော်ဘီသွားဖို့မှာလည်း အချ ိန်မျ ားစွာရှိသေးကြောင်း ပူဆာသဖြင့် တည်ငြိမ်လည်း အောင်ပြည့်တို့အိမ်ဘက်သို့ ကားကို မောင်းလိုက်လေတော့သည်။



.



.



.



အိမ်တံခါးဖွင့်လိုက်သောအခါ တစ်အိမ်လုံး မှောင်မဲလျှ က်။ ဦးစွာ တည်ငြိမ်က ဖုန်းမှ Flash Light ကိုဖွင့်ကာ မိန်းရှိရာသို့သွားပြီး မိန်းဖွင့်လိုက်သည်။ ထို့နောက် မီးချေ ာင်းခလုပ်မျ ားကို ဖွင့်လိုက်တော့မှ တစ်အိမ်လုံးလင်းထိန်သွားတော့သည်။





တည်ငြိမ်က အောင်ပြည့် အခန်းထဲသို့ တန်းဝင်သွားကာ စားပွဲပေါ်တွင် စာအုပ်ကိုရှာဖွေလေရာ လွယ်ကူစွာပင်တွေ ့ရသဖြင့် ဘေးလွယ်အိတ်ထဲသို့ကောက်ထည့်လိုက်ပြီး အခန်းပြင်သို့ပြန်ထွက်ခဲ့လေသည်။





အခန်းအပြင်သို့ရောက်သောအခါ သက်ထားဖြူ က မြင့်မိုလ်ခင်၏အခန်းထဲမှထွက်လာလေသည်။ သူမ၏လက်ထဲတွင်လည်း စာအုပ်တစ်အုပ်ကိုင်ထားလေ၏။





'' မင်း အဲ့အခန်းထဲဘာဝင်လုပ်တာလည်း ''





ဟု တည်ငြိမ်က သူမကိုမေးလိုက်တော့ သူမက ရယ်ကျ ဲကျ ဲဖြင့်





'' ဝင် စပ်စုတာပေါ့ . . .ဒီမှာ ဒါက အခန်းထောင့်က ဘီရိုအံဝှက်ထဲကတွေ ့တာ။ ရဲတွေဝင်စစ်တုန်းက မတွေ ့ဘဲကျ န်ခဲ့တာနေမှာပေါ့။ ရှင့် ဆော်ရဲ ့ ဒိုင်ယာရီလေ။ ရှင်မဖတ်ချ င်ဘူူလား . . .''





ဟု တည်ငြိမ့်အား စာအုပ်ကိုကမ်းပေးလိုက်ရင်း ပြန်ပြောလေသည်။ ထိုအခါ တည်ငြိမ်လည်း သက်ပြင်းတစ်ချ က်ချ လိုက်ပြီး





'' မြင့်မိုလ်ခင်ဟာ ငါ့အပေါ် စိတ်ရင်းအမှန်နဲ့ မဆက်ဆံခဲ့ဘူး။ မာယာတွေမျ ားပြီး သိပ်ကို လျှ ို ့ဝှက်ခဲ့တယ်။ အင်းလေ. . . ဒီစာအုပ်ကို ဖတ်ရရင်တော့ သူ့ကွယ်ဝှက်ထားတဲ့ သူ့ရဲ ့ဘဝမှန်ကို ငါသိရမယ်ထင်တာပဲ။ နောက်မှ အေးအေးဆေးဆေးဖတ်ရမယ်။ ကျေ းဇူးပဲကွာ. . .''





ဟု သက်ထားဖြူ ကို ကျေ းဇူးတင်စကားဆိုလျှ က် စာအုပ်ကို လွယ်အိပ်ထဲသို့ ထည့်လိုက်လေသည်။





ထို့နောက် တည်ငြိမ်တို့သည် မီးပိတ် အိမ်တံခါးပြန်ပိတ်ကာ လိုရာ ခရီးသို့ ဆက်လက်ထွက်ခွာခဲ့ကြလေတော့၏။









ဦးဇင်းကြီးရေဝတ ရဲ ့ တောရကျေ ာင်းမှာ မှော်ဘီမြို ့ပြင်၌ရှိပြီး ရန်ကုန်မှလာလျှ င် လမ်း၏ယာဘက်ခြမ်းသိ်ု့ဝင်သွားရသည်။ မြို ့နှင့်အတော်အတန်ကွာဝေးလှပြီး ပဲခူးရိုးမတောစပ်တစ်နေရာဖြစ်ပုံရ၏။ လမ်းတွင် တောင်ကုန်းလေးမျ ား စမ်းချေ ာင်းလေးမျ ားကိုလည်း ဖြတ်သန်းသွားရသည်။





ကျေ ာင်းသင်္ခမ်းမှာမူ အတော်အတန်မြင့်ပြီးကျ ယ်ဝန်းသည့် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိလေသည်။ နွေဦးရာသီဖြစ်သော်လည်း ကျေ ာင်းသင်္ခမ်းရှိသည့် တောင်ကုန်းတဝိုက်တွင်တော့ သစ်ပင်ကြီးမျ ားဖြင့် အုံ့စိုင်းစိမ်းစိုလျှ က်ရှိသည်။ တောင်ပေါ်မှ ဘေးပတ်ဝန်းကျ င်သို့လှမ်းမျေှ ာ်ကြည့်လိုက်သောအခါ ရွက်ဟောင်းကြွေ၍ ရွက်နုဝေစ အရိုးဖြို င်ဖြို င်သစ်ပင်မျ ားဖြင့် ချ ယ်သထားသည့် အဝါရောင် နွေပန်းချ ီကားတစ်ချ ပ်ကို တွေ ့ရမည်ဖြစ်သည်။





ဦးဇင်းကြီးရေဝတ မြို ့ကျေ ာင်းမှာနေစဉ်က ၎င်းထံသို့ တည်ငြိမ် နှစ်ခေါက်လောက်ရောက်ဖူးသည်။ တောရကျေ ာင်း ဆောက်တည်ပြီးနောက်ပိုင်း ဦးဇင်းကြီးထံသို့ ရောက်ဖူးသည်မှာ ဒီတစ်ခါ ပထမဦးဆုံးအကြိမ်။ လမ်းကကြမ်းပြီး ခလုတ်ကသင်းလည်းမျ ားလှသည်။ မိမိဆလွန်းကားကို ဖေဖေ့ကို ပေး၍ ဖေဖေ ဟမ်းမားကြီး ယူခဲ့မိ၍သာတော်ပေတော့သည် ဟု တည်ငြိမ်တွေးမိလေ၏။





လမ်းကြောင်းအတွက်ကတော့ ပူစရာမလို။ သက်ထားးဖြူ ကလမ်းပြသည်။ သူနဲ့သူ့အဖေက စိတ်ခြင်းအမြဲအဆက်အသွယ် ရှိပြီး တစ်ပတ်တစ်ခါလောက် ဒီကျေ ာင်းကို သူလာဖြစ်သည်ဆိုပဲ။





တည်ငြိမ်တို့ ကျေ ာင်းသို့ရောက်ချ ိန်တွင် ဦးဇင်းကြီးကို မတွေ့ရဘဲ ၎င်း၏လက်ရင်းငယ်တပည့် ကပ္ပိယကြီး ဦးကြာစေ့ကိုသာ တွေ ့ရလေသည်။ ကပ္ပိယကြီးသည် လူပျ ို လူလွတ်တစ်ယောက်ဖြစ်ပြီး ဦးဇင်းကြီး ဝန်ထမ်းဘဝကတည်းက တွေဆုံခဲ့ကြခြင်းဖြစ်သည်။ ကပ္ပိယကြီးက တည်ငြိမ်တို့ကို တောင်စွန်းရှိ အရိပ်ကောင်းသော ဇရပ်တစ်ခုပေါ်တွင် နေရာထိုင်ခင်းပေးပြီး ရေနွေးကြမ်းနှင့် ပြေ ာင်းဖူးခြောက်လှော်တို့ဖြင့် တည်ခင်းဧည့်ခံလေသည်။ ၎င်းသည် သက်ထားဖြူ ကို မြင်ရပုံမပေါ်။ သို့သော် ပါလာမှန်းသိသဖြင့် ရေနွေးပန်းကန်လုံး နှစ်ခွက်ယူလာလေသည်။





ဦးဇင်းကြီးမှာ တည်ငြိမ်တို့ရောက်မလာခင် ဆယ့်ငါးမိနစ်ခန့်မှ တရားထိုင်ဝင်သွားကြောင်း . . .တစ်ခါထိုင်လျှ င် နှစ်နာရီခန့်ကြာတတ်သဖြင့် အေးအေးလူလူ အပမ်းဖြေရင်း စောင့်စားကြရန် ပြောကြားပြီး ကပ္ပိယကြီးလည်း တည်ငြိမ်တို့အနားမှ ထွက်ခွာသွားလေသည်။





'' တောတောင်ရှုခင်းတွေက သိပ်လှတာပဲနော်။ လေရူးလေးတွေကတိုက် ရွက်ဝါလေးတွေကကြွေပြီး သက်ထားရဲ ့စိတ်ထဲမှာ တစ်ခုခုကို လွမ်းမော လာသလိုဘဲ။ ဒီကြားထဲ ဥသြ အော်သံလေးက တစ်ချ က်တစ်ချ က် ကြားရသေးတယ် ''





သက်ထားဖြူ က စကားစလိုက်ရာ တည်ငြိမ်ကလည်း ရီဝေလွမ်းမောသည့် ဟန်ဖြင့်





'' ဟုတ်တယ် သက်ထား။ နွေဦးရာသီဆိုတာ ဒီလိုပဲ။ သူ့ရဲ ့ဖမ်းစားမှုဟာ စိတ်မခိုင်ရင် ရူးတောင်သွားနိုင်တယ်. . .''





'' ဒီအချ ိန်မျ ို းမှာ ကို ချ စ်ရသူလေးနဲ့နှစ်ယောက်အတူတူ ဆိုရင် ဘယ်လောက်မျ ားကောင်းလိုက်မလဲ ကိုတည်ငြိမ်ရယ် . . .''





'' ခုလည်း ကိုယ်ချ စ်ရသူလေးနဲ့ နှစ်ယောက်အတူပဲလေ ''





'' ရှင် . . . . .''





''. . . .ဟုတ်တယ် သက်ထား။ ကို မင်းကို ချ စ်နေမိပြီ ''





ရာသီဥတု၏လှုံ့ဆော်မှုကြောင့်လား နှလုံးသား၏လှုံ့ဆော်မှုကြောင့်လား အဖြေရှာမရပဲ တည်ငြိမ်ထိုစကားကို ဘယ်လိုပြောမိလိုက်မှန်းမသိတော့။ သက်ထားဖြူ လည်း တအံ့တသြလေးဖြစ်သွားပြီးမှ





'' အို . . .ကို ရယ် . . . .သက် သက် ထား တို့က ဘဝချ င်း ခြားနားနေကြတယ်လေ ရှင်ရယ် . . . .''





ဟု ပြောကာ မျ က်နှာလေးငြို းငယ်သွားလေတော့သည်။ တည်ငြိမ်လည်း သက်ထားဖြူ စိတ်မကောင်းဖြစ်သွားမှန်းသိသဖြင့် အာရုံပြောင်းစေရန်





'' ကဲပါ . .အချ ိန်တွေရပါသေးတယ်။ ဟောဒီက သရဲမလေးကို ချ စ်တဲ့အကြောင်းတွေ နောက်မှတစ်ဝကြီးပြောပြမယ်။ ခုလောလောဆယ်တော့ ဦးဇင်းကြီးကို စောင့်ရင်း မြင့်မိုလ်ခင်ရဲ ့ ဒိုင်ယာရီ ကိုဖတ်ကြမယ် ''





ဟု ဒိုင်ယာရီ စာအုပ်ကိုထုတ်ကာ သက်ထားဖြူ ကို စည်းရုံးလိုက်လေသည်။ သူမျ ားအတွင်းရေးကို စပ်စုရန်အတွက် မိန်းခလေးမျ ားသည် အချ ိန်မလင့် စိတ်ပါဝင်စားကြသည် မဟုတ်ပါလား။





သက်ထားဖြူ လည်း ပြုံ တုံ့တုံ ့မျ က်နှာပေးလေးဖြင့် တည်ငြိမ့်ကို ခပ်ကြာကြာလေး တစ်ချ က်စိုက်ကြည့်ကာ





'' အင်းးး '' ဆိုပြီး ခေါင်းငြိမ့်လိုက်လေသည်။





ခပ်လှမ်းလှမ်းတွင် ထင်းခွဲနေသည့် ကပ္ပိယကြီး ဦးကြာစေ့မှာတော့ တစ်ကိုယ်တည်းစကားပြောလိုက် ရယ်လိုက်မောလိုက် လုပ်နေသည့် တည်ငြိမ့်ကို ကြည့်ပြီး ခေါင်းကို ခပ်လေးလေးခါရမ်းလိုက်လေတော့သည်။



.



.



.



.



.



.



.



ဟန်နီချ ို ဒီနက် ယူနီဖောင်းဝတ်ဖြင့် သဇင်စိုး တို့အိမ်ဘက်သို့ စနည်းနာထွက်ခဲ့သည်မှာ မှန်သွားခြေပြီ။ မြေနီလမ်းအတိုင်း ကြွကြွ ရွရွလေးလှမ်းလျေှ ာက်နေသော အသားဖြူ ဖြူ အရပ်မြင့်မြင့် ကိုယ်ဟန်ပြေပြစ်လှပသည့် ဟန်နီချ ို ကို ခေါ်တော တစ်သောင်းအားဖြင့်ကြည့်လျှ က် လူငယ်တစ်ဦး အနားသို့မရဲတရဲ ချ ည်းကပ်လာလေသည်။





'' မ မမ က သဇင်စိုး အမှုအတွက် လာ တာလားဟင် . . . .''





ဟန်နီချ ို အကဲခတ်ကြည့်လိုက်ရာ ထိုသူငယ်သည် ဤအနီးဝင်းကျ င်တွင်တော့ ပိုက်ဆံအတော်အတန်ရှိသည့် ရပ်ကွက်သူဌေးတစ်ဦး၏ သားဖြစ်ပုံရ၏။ ပုံပန်းမကြလှသော ဝတ်စားဆင်ယင်ပုံနှင့် ကေကို ပြောင်အောင်ဖီးထားကာ လည်ပင်းတွင်လည်း ကင်မရာ တစ်လုံး ချ ိတ်ဆွဲထားသေးသည်။





'' အင်းး ပိုတို ဂရပ်ပါ ရူးဖြစ်ပုံ ရတယ် . . . . ''





ဟု ဟန်နီချ ို တွေးလိုက်ပြီး အမှုအတွက်အထောက်အကူ ရလို့ရငြား ၎င်းကို ပြေပြေလည်လည် ဆက်ဆံရန် ဆုံးဖြတ်လိုက်လေသည်။





'' အေးး ဟုတ်တယ် မောင်လေးရဲ ့ ။ မောင်လေး မမကို ဘာပြောစရာရှိလို့လဲ ''





'' ဒီ ဒီလို ပါ မမ။ အဲ့ အဲ့ သဇင်စိုး ဆိုတဲ့ မိန်းမက ဘဲ ဘဲ မျ ားတယ်။ ခု သူနဲ့အတူတူ သေသွားတဲ့ တစ်ယောက်မတိုင်ခင် အ အရင် တစ်ယောက် ရှိခဲ့ဖူးသေးတယ် ''





ဟု လူငယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောပြလေ၏။ထိုအခါ ဟန်နီချ ို က





'' ဟုတ်လား မောင်လေး။ မင်း အဲ့တစ်ယောက်ကို မြင်ဘူးလား။ ဘယ်သူလည်းဆိုတာကော မောင်လေးသိလား ''





ဟု ပြန်မေးလိုက်လေရာ လူငယ်က ၎င်း၏အိတ်ထဲမှ ဓာတ်ပုံ တစ်ပုံကို ဆွဲထုတ်ကာ





'' ဘယ် ဘယ် သူလည်းတော့ ကျ ကျွ န် တော် မ မသိဘူး။ ဒါ ဒါပေမယ့် အဲ့ အဲ့ လူ တစ်ခါ သဇင်စိုးကို လိုက် လိုက် ပို့တုန်း ကျွန်တော် သူတို့နှစ်ယောက်ကို ဓာတ်ပုံ ရိုက်ထားမိလိုက်တယ်။ အ အမှန်က ကျ ကျွ န်တော် က သူတို့နောက် က ငှက်ကလေးကို ဓာတ် ဓာတ်ပုံ လှမ်းရိုက်တာပါ။ ''





ဟုဆိုကာ ထိုဓာတ်ပုံကို ဟန်နီချ ို ့လက်ထဲသို့ ထည့်ကာ လှည့်ထွက်သွားလေ၏။ ထွက်မသွားသေးခင်





'' ကျ ကျွ န်တော် က ဥ ဥ ပဒေ ကို ကူ ကူညီချ င်လို့ ပါ။ မ မမ ကို နှာ နှာ ဗူးလာ ထတာ မ မဟုတ်ပါဘူးး ''





ဟု ပြောသွားသဖြင့် ဟန်နီချ ို ပြုံ းလိုက်ရသေးသည်။ သူမလည်း ထိုလူငယ်ကို ကျေ းဇူးတင်ကြောင်း လှမ်းအော်ပြောလိုက်ပြီး ဓာတ်ပုံကိုကြည့်လိုက်ရာ သဇင်စိုးနှင့် အတူတူလူငယ်တစ်ယောက် လက်တွဲကာ လမ်းလျေှ ာက်နေသည့်ပုံကို တွေ ့ရလေတော့သည်။





'' ဟင် . . .ဒါ ဒါ . . . . .သူ သူပဲ . . . .''







 ဆက်ရန်







အမြင့်ကြောက်သော ငှက်