အမြင့် ကြောက်သော ငှက်
ကိစ္စအားလုံး အေးအေးဆေးဆေးဖြစ်သွားလေပြီ။ ဂျ င်မီ့နဲ့ အပေါင်းအပါတွေကိုလည်း စခန်းမှူ းတို့က ဖမ်းဆီးခေါ်ဆောင်သွားကြသလို ရှေ ့နေကြီးနဲ့ မြို ့မိမြို ့ဖတွေကလည်း ဆူးလေးကို ပေးသင့်ပေးထိုက်တဲ့ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးအပ်ပြီး ပြန်သွားကြချေ ပြီ။
ထိုအခါမှ လူခန့်က ဝမ်းပန်းတနည်းငိုကြွေးနေကြတဲ့ ဒေါ်ကျ င်မေတို့သားအမိကို . . .
ဆူးလေးရဲ ့ပိုင်ဆိုင်မှုတွေအပေါ် ဒေါ်ကျ င်မေ ခုလိုလောဘတက်ရတာ လောင်းကစားလုပ်လိုတာနဲ့ အကြွေးတွေဆပ််လိုတာကြောင့်ဖြစ်ကြောင်း
အကြွေးတင်ရတာကလည်း လောင်းကစားလုပ်သည့်အတွက်ကြောင့်ဖြစ်ကြောင်း
ဒါ့ကြောင့် ပြသနာရဲ အရင်းခံမှာ လောင်းကစားပင်ဖြစ်တာမို့ ထိုလောင်းကစားကို ရပ်တန်းကရပ်ပြီး ဘဝသစ်ထူထောင်ရန် လိုအပ်ကြောင်း
ပြေးကြည့်မှ ဆွေမျ ို းဟူ၍ ဒီလူတွေပင်ရှိတာကြောင့် ရက်ရက်ဆက်ဆက်အိမ်ပေါ်ကနှင်ချ တာမျ ို း မိမိမလုပ်လိုဘဲ အင်းမအိမ်နဲ့ဆိုင်ကို သေခြာစွာဆက်လက်ဦးစီလုပ်ကိုင်စေလိုကြောင်း
မိမိမှ ဆိုင်အတွက်လိုအပ်သည့် အကူအညီမျ ားကို ထောက်ပံ့ပေးမည့်အပြင် အကြွေးမျ ားကိုလည်း ဆပ်ပေးမည်ဖြစ်ကြောင်း
ထို့အပြင် အင်းမဆိုင်မှရတဲ့ အကျ ို းအမြတ်တစ်စုံတစ်ရာကို မိမိတို့လင်မယားထံပေးစရာမလိုဘဲ ဇူးဇူးနဲ့ ဒေါ်ကျ င်မေတို့သားအမိ အချ ို းကြ စုဆောင်းသုံးစွဲပိုင်ခွင့်ရှိကြောင်း
နောက်ပိုင်း ဆိုင်တိုးတက်စည်ကားလာတဲ့ အခြေအနေကိုကြည့်ပြီး ရသင့်ရထိုက်တဲ့ ပိုင်ဆိုင်မှုတွေကို ပေးကောင်းပေးရာ ခွဲဝေလွှဲပြောင်းပေးမည်ဖြစ်ကြောင်း. . . .
စသဖြင့် ပြောဆိုညှိနှိုင်းလေရာ ဒေါ်ကျ င်မေတို့သားမိလည်း နောင်တတရားတို့ကို ရင်မှာပိုက်လျှ က် ဝမ်းမြောက်ဝမ်းသာလက်ခံကြလေတယ်။
.
.
.
. . . ဇူးဇူးဟာ ထောင်ထဲမှာ ဆြာကောင်းသမားကောင်းနဲ့တွေ ့ခဲ့ရတယ်။ သူ့ရဲ ့ဆြာက လူသတ်မှုတစ်ခုနဲ့ ထောင်ထဲရောက်နေတဲ့ အကျေ ာ်ဆြာကြီးတစ်ယောက်ပဲ။ သူ့ရဲ ့သမီးလေးကို လူတစ်ယောက်က အဓမ္မကျ င့်နေတာကို တွေ ့လို့ လည်ပင်းကို တစ်ချ က်တည်းခုတ်သတ်လိုက်တာ။ ဇူးဇူးဟာ စားသောက်ဆိုင်ပိုင်ရှင်ရဲ ့သားမှန်းသိကော အဖိုးကြီးက ဇူးဇူးကို ခင်ခင်မင်မင်ဆက်ဆံခဲ့တယ်။ တကယ်ဆို ဇူးဇူးဟာ ကိုယ်နဲ့အသက်ကွာလှတဲ့ သက်ကြီးရွယ်အိုတစ်ယောက်နဲ့ အပေါင်းအသင်းမလုပ်လိုပေမယ့် ကိုယ့်ထက်လက်စပြင်းတဲ့ စီနီယာကြီးဖြစ်နေတာကြောင့် အလိုက်အထိုက်ပြန်လည် ဆက်ဆံရတာပေါ့။
ဒါပေမယ့် တဖြေးဖြေးပေါင်းကြည့်ရင်း အဖိုးကြီးကို ဇူးဇူးလေးစားလာခဲ့တယ်။ နောက်ဆုံးမှာတော့ အဖိုးကြီးနဲ့ဇူးဇူးဟာ သားအဖတွေလိုကို ရင်းနှီးသွားကြပါကော။ အဖိုးကြီးက ဖိုရုံ တန်းစီးလေ။ ဒါ့ကြောင့် ဇူးဇူးကို အကြော်အလှော်ပညာသင်ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် ဘဝရပ်တည်နေထိုင်နည်းတွေ ခံယူချ က်တွေ အတွေးအခေါ်ဒသနတွေကိုပါ အဖိုးကြီးဆီကနေ ဇူးဇူးဆည်းပူးခွင့်ရခဲ့ပြီး ဆိုးသွမ်းတဲ့အကျ င့်အကြံ အတွေးအခေါ်တွေ တစ်ဆထက်တစ်ဆ နည်းပါးပျေ ာက်ကွယ်လာခဲ့တော့တယ်။ ခု လွတ်ငြိမ်းချ မ်းသာခွင့်မှာ ဇူးဇူးနဲ့အတူ အဖိုးကြီးပါလွတ်မြောက်လာလို့ သူ့ရဲ ့ဇာတိဖြစ်တဲ့ ကျေ ာက်ပန်းတောင်းကို ပြန်သွားတော့တာ။ . . .
.
.
ဇူးဇူးကလည်း ၎င်းလိမ္မာသွားသည့်အကြောင်း အထက်ပါအတိုင်းပြောပြပြီး ဆိုင်ကို ရှေ ့ဆက် တိုးတက်ကြီးပွားအောင်လုပ်ဆောင်ဖို့ရာ စိတ်အားတက်ကြွစွာဖြင့် ကတိပေးလေတယ်။
လူခန့်လည်း အင်းမမှာ ဆူးလေးဘက်က မိသားစုတွေနဲ့ နှစ်ရက်လောက်ပျေ ာ်ပျေ ာ်ရွှင်ရွှင် နေထိုင်လည်ပတ်ပြီး စီစဉ်ပေးစရာရှိတာတွေ စီစဉ်ပေးခဲ့ကာ ဆူးလေးကိုတပါတည်းခေါ်လို့ မြို ့ကိုပြန်ခဲ့ပါတော့တယ်။
လူခန့်နဲ့ဆူးလေးဟာ မင်္ဂလာပွဲကို အင်းမမှာတစ်ကြိမ် လူခန့်တို့ မြို ့ပေါ်မှာတစ်ကြိမ် နှစ်ကြိမ်ကျ င်းပကြတယ်။
မခတ္တာက ခင်ပွန်းဖြစ်တဲ့ ကိုကျေ ာ်သူရ နဲ့အတူ အင်းမမှာလုပ်တဲ့မင်္ဂလာပွဲကို တက်ရောက်လာရင်း ဖခင်ဦးသောင်းငွေတို့လင်မယားကိုပါ ဝင်ရောက်ကန်တော့တယ်။ ဦးသောင်းငွေရဲ ့ မိန်းမ မသက်ထားကတော့ အရွယ်မတိမ်းမယိမ်းလည်းဖြစ် ယခင်က အလုပ်ရှင်တွေလည်းဖြစ်ခဲ့ဖူးတဲ့ မခတ္တာတို့ဇနီးမောင်နှံရဲ ့ ကန်တော့ကို ခံရတာမို့ အတော်ကို ရှက်အမ်းအမ်းဖြစ်နေရှာတော့တာ။
အင်းမပွဲပြီးတဲ့အခါမှာ မြို ့ပေါ်ပွဲအတွက် လူခန့်က ဒေါ်ကျ င်မေတို့သားမိနဲ့ ယောက်ဖတော်ဇူးဇူးကိုမြို ့ပေါ်ကို ခေါ်ခဲ့ပြီး အိမ်မှာတည်းစေတယ်။ ဦးသောင်းငွေတို့လင်မယားလည်း မြို ့ကိုလိုက်လာတာနဲ့ လူခန့်ရဲ ့အိမ်မှာလူတွေစုံသွားကြပြီး မင်္ဂလာပွဲမကျ င်းပခင် တစ်ရက်အလိုညမှာ လူခန့်ရဲ ့လက်ရာ ဘဲကင် အခေါက်ကင်နဲ့ အခြားစားသောက်ဖွယ်ရာမျ ားကို ဟိုဘက်ဒီဘက်အမျ ို းတွေအားလုံးပျေ ာ်ပျေ ာ်ရွှင်ရွှင် ဝိုင်းဖွဲ ့စားသောက်ဖြစ်လိုက်ကြတာပေါ့။
လူခန့်ရဲ ့မင်္ဂလာဆောင်နှစ်ခုစလုံးမှာ ပျေ ာ်တပြုံ းပြုံ းမော်မဆုံးနိုင်အောင်ဖြစ်နေကြသူတွေကတော့. . မကြီးမြသီ . . ထိပ်ဆုံးကပဲ။ ပြီးရင် အောင်ဘုနဲ့ သူဇာတို့လင်မယား . . .သူဇာ့ရဲ ့အမေဒေါ်နွဲ ့ သူဇာ့ရဲ ့ညီမနဲ့ မောင်ငယ်လေးဖြစ်ကြတဲ့ သီတာနဲ့ မောင်သူရ စတဲ့ လူခန့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ကြတယ်။
ဦးပုကြီးကလည်း သူ့ဇနီးသည်တရုတ်မနဲ့အတူ မြို ့ပေါ်ပွဲကော အင်းမပွဲပါ တက်ရောက်ချ ီးမြှင့်လေတယ်။
လူခန့်အိမ်ကိုရောက်ကတည်းက ဇူးဇူးဟာ မကြီးမြသီကို ခိုးပြီးတကြည့်ကြည့်လုပ်နေတော့တာ။ လူခန့် ရိပ်စားမိတာပေါ့။ မကြီးကလည်း မင်္ဂကိစ္စမအားတဲ့ကြားက ဇူးဇူးကို တစ်ချ က်တစ်ချ က်ပြန်ကြည့် သလားပဲ။
. . . .သူဇာ့ညီမသီတာရှိနေတာကို စိတ်မဝင်စားဘဲ မကြီးကို ချ ည်းကြည့်နေတော့ ဒီကောင်ဟာ အနုထက် အရင့်ကို စိတ်ဝင်စားတဲ့ကောင်ပဲဖြစ်ရမယ်။ . . .အင်း သူတို့အခြေအနေကို စောင့်ကြည့်မှ ။ . . .
လို့တွေးမိရင်း ရှေ့ဆက်ဖြစ်လာမယ့်အကြောင်းတွေကို မြင်ယောင်ပြီး လူခန့်တစ်ကိုယ်တည်းပြုံ းလိုက်မိသေး။
အရင် လူခန့်နဲ့မကြီးတို့နေတဲ့အိမ်နဲ့ အောင်ဘုတို့မိသားစု နေတဲ့အိမ်တွေရဲ ့နောက်ဘက် ခပ်လှမ်းလှမ်းမှာ ဆူးလေးနဲ့မင်္ဂလာဆောင်ပြီး နှစ်ယောက်တည်းနေဖို့ တစ်ထပ်တိုက်အိမ်လှလှကလေးကို ဇိမ်ခံပစ္စည်းအစုံအလင်တပ်ပြီး လူခန့်က ရှယ်ဆောက်ထားတာ။
မင်္ဂလာပွဲပြီးလို့ အားလုံးလူစုခွဲ ကိုယ်စီအိမ်ပြန်ကြတော့ လူခန့်ဟာ အသစ်ဝယ်ထားတဲ့ ဖို့ဒ် ဖိုးကပ် ကားလေးပေါ် ဆူးလေးကိုတင်ပြီး အဲ့ဒီအိမ်လေးရှေ ့အထိ ကိုယ်တိုင်မောင်းလာခဲ့တော့တယ်။ အိမ်လေးရဲ ့ရှေ ့မှာ ရွှေကြို းတားမယ့်သူတွေ ရှိမနေ။ အဲ့ဒီလို မရှိရအောင်လည်း အစကတည်းကပေးကောင်းပေးရာပေးထားနှင့်ပြီး သေခြာစီစဉ်ခဲ့ရတာမဟုတ်လား။ ကိုယ့်ရဲ ့မိန်းမ နုနုထွတ်ထွတ် လှလှတင်းတင်းလေးကို အားရပါးရချ စ်ပွဲဝင်ဖို့ အားပျ ို းနေတဲ့အချ ိန်မှာ အနှောက်အယှက်ကလေးတစ်ခုတောင် အဝင်ခံလို့ဘယ်ဖြစ်ပါ့မလဲ။
အိပ်ခန်းထဲရောက်တော့ လူခန့်ကခပ်နွမ်းနွမ်းရှိတာနဲ့ ရေဝင်ချ ို းလိုက်ပြီး ဆူးလေးကတော့ မှန်တင်ခုံရှေ ့မှာ ဆံထုံးတွေဖြု တ် အဝတ်အစားတွေလည်းနဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ လူခန့် ရေချ ို းခန်းကထွက်လာတော့ ဆူးလေးလည်း ညအိပ်ဝတ်စုံ ပေါ်အောက်ဝမ်းဆက်ဂါဝန်လေးကို လည်းပြီးနေပြီလေ။
လူခန့်လည်း ဆူးလေးရဲ ့အနားကိုသွားလို့ သူမကိုထိုင်ရာကဆွဲထူကာ ပွေ ့ဖက်နမ်းရှုံ့လိုက်တော့တယ်။ အဲ့ဒီနောက် သူမရဲ ့ဂါဝန်ကြို းစလေးကိုကိုင်လိုက်ပြီး
'' အင်းမမှာတွေ ့တဲ့ညတုန်းက အခွင့်အရေးမရတာနဲ့ပဲ ကိုယ့်ချ စ်သူလေးကို ဝ အောင်မချ စ်လိုက်ရဘူး။ ခု . . .ဒီကြို းလေးကိုဆွဲလိုက်တာနဲ့ ဆူးရဲ ့တစ်ကိုယ်လုံးကို ကိုယ်ပိုင်ပြီပဲ။ ကဲ . . .ဘယ်လိုလည်း။ ''
ဟုပြီတီတီလေးပြောလိုက်ရာ ဆူးလေးက လူခန့်ရဲ ့ရင်ဘက်ကို လက်သီးဆုပ်ကလေးတွေနဲ့ ဖွဖွလေးထုရင်း
'' ဟွန်းး အကဲကြီး . . . သိပ်မုန်းဖို့ကောင်းတာ။ အခွင့်အရေးမရလို့ပဲ တော်တော့တယ်။ အဲ့ဒီနေ့ညက သူချ စ်သမျှ နမ်းသမျှ ကို ဒီကအသံမထွက်မိအောင် အောင့်ပြီးသည်းခံထားရတာ သတိလစ်လုမတတ်ပဲရှင့် . . .သိရဲ ့လား. . . ''
ဟူ၍ မပီကလာ ခပ်ချွဲ ချွဲ လေး ပြန်ပြောလေတယ်။ လူခန့်လည်း အနှီချ စ်စရာ့ ကောင်မလေးကို မိမိ ရင်ခွင်ထဲမှာ ထွေးပွေ ့ထားရင်း အချ စ်စိတ်တွေဆထက်တပိုးတိုးပွားလာတာနဲ့ ဒီ့ထက်အချ ိန်ဆွဲမနေနိုင်တော့ဘဲ အိပ်ယာထက်သို့သူမကိုဆွဲလှဲပြီး အားရပါးရချ စ်ပွဲဝင်ပြစ်လိုက်တော့မယ်လို့ တွေးတောကြံစည်နေတုန်းမှာ . . . .
'' ဟင် . . .ဦးတိတ်ရှောင် ''
အမှန်ပဲ။ ဦးတိတ်ရှောင်က တံခါးဝမှာရပ်ပြီး လူခန့်ကို လက်ယက်ခေါ်နေတော့တာ။
'' ဟာ . . .ဒီယောက္ခမ ကွာ . . .''
လူခန့် စိတ်ထဲကနေ ငြီးငြူ လိုက်မိပြီး ဆူးလေးကို မအီမလည်လေးပြုံ းပြကာ
'' ဆူး ခဏလေးနော် . . .''
ဟုခွင့်ပန်လို့ ဦးတိတ်ရှောင်ခေါ်ဆောင်ရာသို့ ဆောင့်ဆောင့်အောင့်အောင့် လိုက်ခဲ့ပါတော့တယ်။
ဦးတိတ်ရှောင်က လူခန့်ကို ကားနီကြီးရဲ ့ ဂိုထောင်ခေါ်မိုးပေါ်ကို ခေါ်သွားလေတယ်။ ဂိုထောင်ပေါ်လည်းရောက်ကော ဦးတိတ်ရှောင်က
'' လူ့က ဝ သမီးနဲ့ ညားပြီး အဆင်တွေပြေနေတော့ ဝ ကို မေ့နေတယ်ပေါ့ ''
ဟုစကားနာထိုးလေရာ လူခန့်က တောင်းတောင်းပန်ပန်အမူအရာနဲ့
'' မဟုတ်ပါဘူး ဦးတိတ်ရှောင်ရယ်။ ခင်ဗျ ားကိုကျ ု ပ် အမြဲသတိရပါတယ်။ ကျ ု ပ်ခုလို ချ မ်းချ မ်းသာသာ ပြည့်ပြည့်စုံစုံ နေနိုင်တာ. . . ဆူးလေးနဲ့ လက်တွဲခွင့်ရတာ တွေဟာ ခင်ဗျ ားရဲ ့ကျေ းဇူးတွေပါ။ ခင်ဗျ ားရဲ ့ကျေ းဇူးကို ကျ ု ပ်တစ်သက်မမေ့ပါဘူး။ မနက်ဖြန် ကျ ု ပ်နဲ့ ဆူးလေး မင်္ဂလာဦးဆွမ်းကပ်ရင်တောင် ခင်ဗျ ားအတွက် အလှူ အတန်းတွေလုပ်ပြီး အမျှ ဝေပေးဦးမလို့ပါပဲ ''
လို့ ဦးတိတ်ရှောင် ကြေနပ်အောင် ပြန်ရှင်းပြလိုက်တော့တယ်။
'' ဒီလိုကြတော့လည်း ဝရဲ ့ သားမက်ကလေးက ဘယ်ဆိုးလို့လည်းကွ။ ဝ က လူ့ကိုစတာပါ။ တကယ်တော့ ဂျ င်မီအဖမ်းခံလိုက်ရတာကော ဝသားဇူးဇူးထောင်ကလွတ်ပြီး လိမ္မာလာတာကော ကျ င်မေတို့သားအမိ လောဘတွေ မာနတွေ ပြစ်ပါယ်ပြီး အကောင်းဘက်ကိုကူးပြောင်းသွားကြတာတွေကိုပါ ဝသိပြီးပါပြီ။
ဒီ့အတွက် ဝ လူ့ကို အမျ ားကြီး ကျေ းဇူးတင်သလို ဝ ရဲ ့သားနဲ့ သမီး . . .ဝရဲ့ စည်းစိမ်ဥစ္စာတွေကိုလူ့ရဲ ့လက်ထဲမှာထားခဲ့ရမှာကိုလည်း ဝ လုံးဝ စိတ်ချ သွားပါပြီ ''
'' ကျ ု ပ်လက်ထဲမှာ ထားခဲ့မယ်ဆိုရအောင် ခင်ဗျ ားက ဘယ်သွားမလို့လဲ ''
'' ဝ တစ်ခါပြောဖူးပါကော . . . တိုက်ကြီးဘုံကျေ ာင်းက အန်းကုန်းနတ်ဘိုးဘိုးက ဝကို သူ့ဆီမှာ ရုက္ခစိုးလာလုပ်ဖို့ခေါ်ထားတယ်ဆိုတာ။ အဲ့ဒါ . . .ခု ဝ အဲ့ဒီကို သွားရမယ့်အချ ိန်ကြပြီ။
ဒီညက ရုက္ခစိုးလုပ်ဖို့ ဝ အဓိဌာန်ဝင်ထားတဲ့ အဓိဌာန်ပီးဆုံးတဲ့ညပဲ။ မနက်ဖန်ကနေစပြီး ရုက္ခစိုးဖြစ်ရတော့မှာမို့ နင်ခင်တဲ့လူတွေသွားနှုတ်ဆက် စားချ င်တာလည်းစားလာခဲ့ ဆိုပြီး အန်ကုန်းက အထူးအခွင့်အရေးပေးလိုက်လို့ လူ့ကိုလာနှုတ်ဆက်ရင်း လူ့ကင်တဲ့ အခေါက်ကင်နဲ့ ဘဲကင်လေး လာစားတာ ''
'' ဟာ . . .အခေါက်ကင်က ခုလုပ်ပြီးသား ဘယ်ရှိမလဲ ဦးတိတ်ရှောင်ရဲ ့ ။ မင်္ဂလာပွဲရှိလို့ ဒီရက်ပိုင်း ဆိုင်ပိတ်ထားတာလေ . . .''
'' သြော်လူ့ရယ် . . .စားဖိုဆောင်က ဖရီဇာထဲကို ဝ ကြည့်ခဲ့ပြီးပါပြီ။ ဝက်သားတွေရှိတယ်လေ။ ဘဲတစ်ကောင်လည်းတွေ ့တယ် ''
'' ဟုတ်တယ်လေ . . . ဟိုနေ့က အမျ ို းတွေကို ကင်ကြွေးရင်း ပိုတဲ့အစိမ်းတွေ။ အဲ့ဒါဘာဖြစ်လည်း . . .''
'' ဘာဖြစ်ရမှာလည်းလူ့ရဲ ့ မီးမွှေးလို့ရတဲ့ မီးဖိုရှိတယ်။ အသားစိမ်းတွေလည်းရှိတယ်။ ဝ သားမက်ဆူပါစားဖိုမှူ းကြီး လူ့ လည်းရှိတယ် ဆိုမှတော့ . . . . အခေါက်ကင် ဖြစ်ပြီပေါ့ . . .။ ကဲ . . .ပြောနေကြာတယ်။ ဝ ကို ခုလိုက်ကင်ကြွေးတော့ ''
'' ဟာ . . .ဦးတိတ်ရှောင်ကလည်း အခေါက်ကင် ကင်ရတာက အကြာကြီးပဲကိုးဗျ ာ . . .''
'' ကြာတော့ဘာဖြစ်လည်း။ ဝ စောင့်နိုင်ပါတယ်။ မနက်ဖန် အာရုံမတက်ခင် ရရင်တော်ပြီလေ. . . . ''
'' အို . . . . အဖေရယ် . . .ကြာတော့ ဒီည ကျွ န်တော်အဖေ့သမီးနဲ့ ဘာ ဘာ . . .''
'' အောင်မလေးလူ့ရယ်. . .ဝ သမီးနဲ့ အိပ်တာက နောက်နေ့တွေ အိပ်လည်းဖြစ်ပါတယ်။ ဝ ကိုက ဒီတစ်ညပဲ လူ ့ကျေွ းခွင့်မွေးခွင့်ရှိတော့တာ။ နောက်နေ့ ဝ နတ်ဖြစ်သွားလို့ ဘုံကျေ ာင်းရောက်သွားရင် လူ့လာကျေွ းချ င်ရင်တောင် ဒီလို အခေါက်ကင်တွေ အသားကင်တွေ ကျေွ းလို့မရတော့ဘူး။ ပန်းသီးတွေ လိမ္မော်သီးတွေပဲ ဝ က စားလို့ရတော့မှာ. . .။ ဒါကြောင် ဒီတစ်ညတော့ လူ့လည်း ဝကို စေတနာပါပါလေး သေခြာကင်ကျေွ း။ ဝ ကလည်း ဟိုတုန်းကလို အငွေ ့ကိုမစားဘူး။ တကယ်ကို အားရှိပါးရှိစားပြစ်လိုက်မယ်။ ဟုတ်ပြီလား . . .။
ကဲ . . .ပြောနေကြာပါတယ်လူ့ရယ်။ တော်ကြာ နေထွက်လာလို့ ဝ မစားလိုက်ရဘဲ ငတ် နေဦးမယ်။ လာပါ . . . .လာပါ . . . .လာစမ်းပါ . . .လူ့လက်ရာလေး စားချ င်လွန်းလို့ပါ . . . . .''
.
.
.
ဦးတိတ်ရှောင်က လူခန့်ရဲ ့လက်ကိုဆွဲလျှ က် စားဖိုဆောင်ရှိရာသို့ အတင်းခေါ်ဆောင်သွားသလို လူခန့်ကလည်း ဦးတိတ်ရှောင်ခေါ်ဆောင်ရာသို့ ကပ်တတ် ကပ်တတ်နဲ့ မလိုက်ချ င်လိုက်ချ င် လိုက်ပါသွားရပါတော့တယ်။
ပြီးပါပြီ။
ကျေ းဇူးတင်စွာဖြင့်
အမြင့် ကြောက်သော ငှက်