သစ်တော ၆။




အမြင့်ကြောက်သော ငှက်







မြင့်မိုလ်ခင်ရဲ့အသုဘ ရက်မလည်မခြင်း တည်ငြိမ်လည်းမအား။ ဝမ်းနည်းပူဆွေးစိတ်ဖြင့်ပင် မြင့်မိုလ်အိမ်ပြေးလိုက် အပြင်မှာပတ်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်လိုက်နှင့် ရက်လည်ကိစ္စအတွက် အလုပ်တွေရှုပ်နေလေတော့သည်။





သက်ထားဖြူ ကတော့ တည်ငြိမ် စိတ်မကောင်းဖြစ်ပြီး အလုပ်ရှုပ်နေကြောင်းသိသည်ထင့်။ ခုရက်ပိုင်းခဏခဏ ပေါ်မလာဘဲ တစ်ညသာ စိတ်မကောင်းကြောင်းလာပြောသွားလေ၏။ မြင့်မိုလ်ခင်ရဲ ့ကိုယ်ရောင်ကို ကြည့်ပြီး အသက်အန္တရယ်ရှိကြောင်း ကြို ပြောနိုင်သော်လည်း လူသတ်သမားမည်သူမည်ဝါဖြစ်သည်ကိုတော့ သူမလည်း မသိကြောင်း . . သို့သော် လူသတ်သမားကို မြင်လျှ င်တော့ ၎င်းရဲ ့ကိုယ်ရောင်ကိုကြည့်ကာ ဤသူသည်လူသတ်သမားဖြစ်သည်ဟု ဖော်ထုတ်ပေးနိုင်ကြောင်း ကိုပါ တောင်းတောင်းပန်ပန်ဖြင့်ပြောပြသွားသေးသည်။





ရည်လည်ဆွမ်းသွပ်ပြီးနောက် ဦးဘောဂအောင်နှင့် ဒေါ်ရွှေမိတို့လည်း ဆွေမျ ို းမျ ားရှင့်အတူ နယ်သို့ပြန်သွားကြကုန်၏။ သားဖြစ်သူ အောင်ပြည့်ကိုလည်း တစ်ယောက်တည်း ဝမ်းနည်းစိတ်လေနေမည်စိုးသဖြင့် ကျေ ာင်းခွင့်ရက်ရှည်တင်ကာ ၎င်းတို့နှင့်အတူ ဇာတိတွင် ခေတ္တပြန်လည်နေထိုင်ရန် တပါတည်းပြန်ခေါ်သွားလေတော့သည်။ အိမ်ကိုတော့ တံခါးပိတ်ကာ သော့ကို တည်ငြိမ့်ထံတွင် အပ်ခဲ့ကြလေ၏။





ယခုမှပင် အလုပ်တွေအားသွားသဖြင့်. . . . သေဆုံးသွားသည့် မိမိအသဲနင့်အောင်ချ စ်ရသူ မြင့်မိုလ်ခင်ကို တည်ငြိမ် အတိုးချ ၍လွမ်းရပေတော့မည်။ သို့သော် ၎င်းအနေဖြင့် အချ ိန်ကြာမြင့်စွာ လွမ်းခွင့် ဆွေးခွင့် မရလိုက်ပါချေ ။ နောက်တစ်နေ့မနက် တည်ငြိမ်ကျေ ာင်းသွားဖို့ အိမ်ရှေ ့သို့ထွက်လိုက်သောအခါ Letter Box ၌ CD တစ်ချ ပ်ကိုတွေ ့ရလေသည်။ ကျေ ာင်းချ ိန်လိုသေးသဖြင့် အိမ်ထဲသို့ပြန်ဝင်ကာ လက်တော့တွင် CD ခွေကို ထိုးကြည့်လိုက်သောအခါ ကုတင်တစ်လုံးပေါ်တွင် မြင့်မိုလ်ခင်နှင့် လူရွယ်တစ်ဦးတို့ ပုံသဏ္ဌာန်မျ ို းစုံဖြင့် ကာမစပ်ယှက်နေကြသည့် ခိုးရိုက်ဗီဒီယိုဖိုင်ကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှားကြီး တွေ ့မြင်ရလေတော့သည်။





အံ့သြစိတ် ဝမ်းနည်းစိတ် ဒေါသစိတ် ယူကြုံ းမရစိတ် တို့ဖြင့် ထိုမူဗီကို အချ ိန်အတော်ကြာအောင် တည်ငြိမ် ကြောင်ကြောင်ကြီး စိုက်ကြည့်နေမိတော့၏။ ထို့နောက် တည်ငြိမ်သည် အနားရှိ ဖန်ခွက်တစ်လုံးကို ကောက်ကိုင်လိုက်ကာ





'' ဟာ. . .ကဲကွာ . . .''





ဟု ရင်ခေါင်းသံကြီးဖြင့် ရေရွတ်လျှ က် လက်တော့ သို့ပေါက်ခွဲမည်အပြု





'' စိတ်ကို ထိန်းပါ ကိုတည်ငြိမ်ရယ် . . . သူ ရှင့်အပေါ်မှာ လှည့်စားနေတယ် သစ္စာမဲ့နေတယ် ဆိုတာ အစကတည်းက ကျွ န်မ သတိပေးပြီးသားပဲ . . . သတ္တဝါတွေ မှန်သမျှ ဟာ သူတို့ပြု ခဲ့ဖူးတဲ့ ကံကို သူတို့ပြန်လည်ခံစားရတာပါရှင်ရယ် . . .''





သက်ထားဖြူ ရောက်လာ၍ ရွယ်မြှောက်ထားသည့် တည်ငြိမ်၏လက်ကို ဆွဲကိုင်ကာ တားမြစ်လေသည်။ တည်ငြိမ်လည်း အချ ိန်အတော်ကြာအောင် တွေတွေကြီး စဉ်းစားပြီးကာမှ ခေါင်းကိုမော့လျှ က် '' ဟူးးးး '' ခနဲ လေပူတစ်ချ က်မှုတ်ထုတ်လိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ်သို့ ပြန်ချ လိုက်လေတော့သည်။





'' ကျေ းဇူးပါပဲ သက်ထားဖြူ ရယ် . . .''







.



မိုးထက်၏ CB ထဲသို့ ဗီဒီယိုဖိုင်တစ်ခုတက်လာသည်။ ပေးပို့သူမှာ မိမိ မသိသော အမည်ဖြင့်။ မိုးထက်လည်း ဗီဒီယိုကိုဖွင့်ကြည့်လိုက်လေရာ . . .





'' အိုးးး မြင့် မြင့် မိုလ် ခင်ပါ လားး ''





ပါးစပ်ကပင် ယောင်ယမ်းရေရွတ်မိလေတော့သည်။



.



.





ဤဗီဒီယိုဖိုင်သည် မြင့်မိုလ်ခင် တည်ငြိမ့်ကိုသစ္စာဖောက်ကြောင်း အကောင်းဆုံး သက်သေပင်ဖြစ်တော့သည်။ သို့သော် မြင့်မိုလ်ခင်လည်း သေပြီးပြီမို့ အဟောင်းတွေလည်း အသစ်မဖြစ်စေချ င်တော့. . . သေသူအကြောင်းလည်း မကောင်းပြောမနေချ င်တော့တာကြောင့် မိုးထက်လည်း ထိုကိစ္စကို မည်သူကိုမျှ အသိမပေးတော့ရန် ဆုံးဖြတ်ချ က်ချ လိုက်လေသည်။





ဗီဒီယိုဖိုင်ကိုတော့ ဖျ က်မပစ်သေး။ မြင့်မိုလ်ခင်ကဲ့သို့ ခန္ဓာကိုယ်ကော ရုပ်အဆင်းပါ ပြောစရာမလိုအောင် အစစအရာရာ လှပပြည့်စုံနေတဲ့ မိန်းကလေးတစ်ယောက်ရဲ ့ ဤကဲ့သို့ ရှယ်ဗီဒီယိုမျ ို းကိုဖျ က်ပစ်ရလောက်အောင် မိုးထက် မရူးမိုက်သေး။ ထိုကြောင့် သူလည်း ဗီဒီယိုဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး ဖုန်းထဲတွင် သိမ်းထားလိုက်လေတော့သည်။





သူမ ဆီကို ရောက်လာတဲ့ CD ချ ပ်ကို ဖွင့်လိုက်တော့ သေဆုံးသူမြင့်မိုလ်ခင်နှင့် အမျ ို းသားတစ်ယောက် ကာမစပ်ယှက်နေသော ခိုးရိုက် ဗီဒီယို။ ထို ဗီဒီယိုရဲ ့အောက်ခြေမှာပါတဲ့ ရက်စွဲက မြင့်မိုလ်ခင် သေဆုံးတဲ့ရက်စွဲ။ အမျ ို းသားကို မြင်ဖူးသလိုရှိသဖြင့် ဟန်နီချ ို သေခြာကြည့်လိုက်သည်။





'' ဟုတ်ပြီ။ ဒါ ဦးချ မ်းသာရဲ ့တူ ။ အိမ်မှာမနေဘဲ လွင့်နေတဲ့ ခက်မောင်ဇင် ဆိုတဲ့ သူငယ်ပဲ ''





ဦးချ မ်းသာသေဆုံးမှုမှာ ဒီကောင့်ကိုမသင်ကာလို့ တပ်ဖွဲ့တွေကို ခြေရာခံလိုက်ခိုင်းထားတာ။ မြင့်မိုလ်ခင်မဆုံးခင် နှစ်ရက်လောက်က ခြေရာဖျေ ာက်ပြီး ပျေ ာက်သွားတယ်။ ခု ဗီဒီယို ဖိုင်အရဆိုရင်တော့ မြင့်မိုလ်ခင်ဟာ မသေဆုံးခင်မှာ သင်းနဲ့အတူတူရှိတာ သေခြာသွားပြီ။





အဲဒီတော့ လူသတ်တရားခံဟာ သင်းဖြစ်ရင်ဖြစ် မဖြစ်ရင် ဒီ ဗီဒီယိုကို ခိုးရိုက်ခဲ့တဲ့သူပဲ ဖြစ်ရမယ်။ ''





ဟန်နီချ ို ဟာ ခေါင်းထဲရှိ အချ က်အလက်မျ ားကို ဆက်စပ်တွေးတော ကောက်ချ က်ချ လိုက်ပြီး ရှေ ့စားပွဲပေါ်ရှိဖုန်းခွက်ကို ကောက်ကိုင်ကာ ဖုန်းခေါ်ဆိုလိုက်လေသည်။





'' ဟယ်လို. . .ဆြာ မြသောင်းလား ''





'' . . . . . .''





'' ခင်မောင်ဇင်ကို မတွေ ့တွေ ့အောင်ရှာပြီး ဖမ်းလိုက်တော့ . . . .''





'' . . . . . .''





ယခု လက်ရှိအခြေအနေအရ သံသယတရားခံနှစ်ဦးထဲမှ တစ်ဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းရန် ဆြာကြီး မြသောင်းနှင့်အဖွဲ ့ကို တာဝန်ပေးလိုက်ပေပြီ။ နောက်ထပ် '' ဗီဒီယို ခိုးရိုက်သူမှာ မည်သူလဲ '' ဟူသည့် မေးခွန်းကိုတော့ သူမအနေဖြင့် ဆက်လက်အဖြေရှာရမည် ဖြစ်ပေတော့သည်။



.



.



.



အလုပ်ရှုပ်ရသည့်အထဲ ကိုမိုးထက်က တစခန်းထလာပြန်သည်။ ပြည်ဘက်ကို ကုမ္ပဏ္ဏီအလုပ်ကိစ္စနဲ့ ခေတ္တသွားရမည် တဲ့။ သူခရီးကပြန်လာလျှ င် ဟိုတစ်ခါကလို ကိုတည်ငြိမ်တို့အိမ်ကို ညအိပ်သွားလည်ကြဖို့ပင် ပူဆာနေသေးသည်။





ဦးချ မ်းသာ သေဆုံးမှုမှာ ကိုမိုးထက်ကို သံသယရှိပေမယ့် သူသတ်တာပါဟု လက်ဆုပ်လိုက်ကိုင် သက်သေပြစရာ ဘာမှမရှိပေ။ ထို့အပြင် ဟန်နီချ ို သတိထားစောင့်ကြည့်ရသည့်ပုံအရ ကိုမိုးထက် နေပုံ ပြောပုံ ဆက်ဆံပုံတွေဟာ လူသတ်မှုတစ်ခုကို ကျ ူ းလွန်ထားသည့် တရားခံတစ်ယောက်နှင့် လုံးဝမတူညီဘဲ ပကတိဖြူ စင်ပွင့်လင်းမှုရှိလှသည်ဟု သူမ သုံးသပ်မိသည်။ တဖန် သူပြန်လာလျှ င် ကိုတည်ငြိမ်အိမ်သို့ သွားအိပ်ဖို့ကိစ္စကိုလည်း မိမိအား တဂျ ီဂျ ီတောင်းဆိုနေသည်မှာ သူသည်လုံးဝထွက်ပြေးမည့်သူမဟုတ်ကြောင်းကို တနည်းအားဖြင့် ဖော်ပြနေခြင်းဖြစ်သည်ဟု ဟန်နီချ ို ယူဆမိပြန်၏။





ရဲမှူ းက အမှုတွေကို မိမိစိတ်ကြို က် ကိုင်တွယ်ဖြေရှင်းခွင့် ပေးထားသဖြင့် ဟန်နီချ ို လည်း ကိုမိုးထက်ကို ပိတ်ပင်တားဆီးမှု တစ်စုံတရာ လုပ်မနေတော့ပဲ လမ်းခရီးတွင် အစစအရာရာဂရုစိုက်ဖို့နှင့် သူမဆီသို့ အမြန်ဆုံးပြန်လာခဲ့ဖို့ရန်ကိုသာ မှာကြားလိုက်လေသည်။



ပြန်ရောက်လျှ င်လုပ်ဆောင်ရန် ၎င်းပူဆာနေသည့်အစီအစဉ်ကိုလည်း ခေါင်းငြိမ့်လိုက်လေတော့၏။



.



.



.



.



ဟန်နီချ ို လည်း သံသယတရားခံ ခင်မောင်ဇင်ကို ဖမ်းမိရန်ကိုသာ အလေးပေးကြို းပမ်းခဲ့လေသည်။ ၎င်းသည် ဦးချ မ်းသာ သေဆုံးမှုကော မြင့်မိုလ်ခင်သေဆုံးမှုတွင်ပါ တရားခံဖြစ်နိုင်ခြေအမျ ားဆုံးသူ မဟုတ်ပါလား။ သေဆုံးသူနှစ်ဦးတွင်တွေ ့ရသည့် ဒဏ်ရာအနေအထားမှာ တူညီနေသောကြောင့် တရားခံသည် တစ်ဦးတည်းဖြစ်နိုင်သည်ဟု ဟန်နီချ ို သုံးသပ်မိလေသည်။ ထို့ကြောင့် ခင်မောင်ဇင်ကို ဖမ်းမိလျှ င် အမှုနှစ်ခုစလုံးအတွက် အကျ ို းရှိနိုင်ပေမည်။





သို့သော် ဟန်နီချ ို ၏ တွေးထင်ယူဆချ က်အားလုံးသည် လေထဲတွင်လွင့်ပြယ် ပျ က်ဆီးကာ ခဲလေသမျှ သဲရေကျ ရသည့်အဖြစ်ကို သူမရင်ဆိုင်လိုက်ရလေသည်။ တနေ့သောမနက်ခင်းတွင် ဆြာမြသောင်းတို့အဖွဲ ့က လှိုင်သာယာဘက်ချ မ်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ သဇင်စိုး အမည်ရသည့် ကွမ်းယာသည် မိန်းမငယ်လေးတစ်ဦး၏ အိမ်ထဲတွင် လည်ပင်းထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေကြသော ခင်မောင်ဇင်နှင့် အနှီမိန်းမငယ်ကို တွေ့ရှိရကြောင်း သတင်းပို့လာသည်။ ဟန်နီချ ို လည်း ချ က်ခြင်းပင် ထိုနေရာသို့လိုက်သွား လိုက်လေတော့၏။





ခင်မောင်ဇင်ဟူသည့် လူငယ်မှာလည်း တဏှာဗီဇကမသေး။ ၎င်းသေဆုံးနေပုံမှာ ကုတင်အောက်တွင်မှောက်လျှ က်သား ဝတ်လစ်စလစ်ကြီးဖြစ်ကာ သဇင်စိုး ဆိုသည့် ကလေးမမှာလည်း ကုတင်ပေါ်တွင် ဝတ်လစ်စလစ်နှင့်ပင် အသက်ပျေ ာက်နေခြင်းဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် မသေဆုံးခင် လိင်ဆက်ဆံနေကြသည် သို့မဟုတ် လိင်ဆက်ဆံရန်ကြံစည်နေကြသည်ဟု အကြမ်းဖျ င်းအားဖြင့်ကောက်ချ က်ချ နိုင်လေ၏။





ထို့အပြင် ဦးချ မ်းသာမှစကာ ယခု ၎င်းတို့နှစ်ဦးအထိ သေဆုံးသူအားလုံး၏ ဒဏ်ရာ ဒဏ်ချ က်တို့မှာ ချွ တ်စွပ်နီးပါးတူညီမှုရှိကြပြီး တစ်ချ က်တည်းအသက်ပျေ ာက်သွားနိုင်စေရန် အသေအခြာလေ့ကျ င့်ထားသည့် တစ်စုံတစ်ဦး၏ လက်ချ က်ဖြစ်ကြောင်းတွေ ့ရှိရလေသည်။





ဟန်နီချ ို လည်း နဘေးရှိစောင်ကိုယူပြီး ပိုးလိုးပက်လက် သေဆုံးနေသည့် ကလေးမလေး၏အလောင်းကိုဖုံးဖိပေးလိုက်ရင်း





'' အင်း ညို ညို ညက်ညက် သွယ်သွယ်သပ်သပ်ကလေးနဲ စွဲဆောင်မှုအတော်ရှိတဲ့ကလေးမပဲ ''





ဟု စဉ်းစားမိကာ ကလေးမလေး၏အဖြစ်ဆိုးအတွက် သက်ပြင်းမောတစ်ချ က် ချ လိုက်မိလေတော့သည်။





ယခုဆိုလျှ င် တရားခံဟု ယူဆထားသော ခင်မောင်ဇင်လည်း သေလေပြီ။ သူမအတွက် လမ်းစဟူ၍ ခင်မောင်ဇင်နှင့် မြင့်မိုလ်ခင်တို့ နေပုံထိုင်ပုံမျ ားကို တိတ်တဆိတ်ခိုးရိုက်ထားသည့် ဗီဒီယိုတစ်ခုသာကျ န်တော့လေသည်။ ထိုဗီဒီယိုကို ခိုးရိုက်သူသည်သာ တရားခံ အစစ်ဖြစ်ပေတော့မည်။





ဖြစ်နိုင်ခြေမျ ားကို ဆက်စပ်တွေးတောရင်း ဟန်နီချ ို ၏ စိတ်ထဲတွင် ဦးချ မ်းသာနှင့် ကိုမိုးထက် အကြီးအကျ ယ်ပြသနာတက်ဖူးပုံ . . .မြင့်မိုလ်ခင်သည် လွန်စွာလည်ပတ်ကြောင်း ငွေမက်သဖြင့်ကိုတည်ငြိမ့်ကိုလှည့်စားနေခြင်းသာဖြစ်ကြောင်း ကိုတည်ငြိမ်နှင့် သူမကို လုံးဝသဘောမတူဘဲ ရသည့်နည်းဖြင့်ခွဲမည်ဖြစ်ကြောင်း ကိုမိုးထက် မိမိကို မကြာခဏပြောဆိုဖူးခဲ့ပုံ . . .မျ ားကို ပြန်လည်မြင်ယောင်လာမိလေသည်။ ထို့ကြောင့် ဟန်နီချ ို လည်း





'' လိုလို ပိုပို ပြည်ဂတ်ကို လှမ်းအကြောင်းကြားပြီး ကိုမိုးထက်ကို စောင့်ကြည့်ခိုင်းထားဦးမှပါ ''





ဟုတွေးတောလျှ က် ပြည်ဂတ်သို့ဖုန်းဆက်ရန် ဖုံးကိုထုတ်လိုက်လေသည်။





ပြည်ဂတ်ဖုန်းနံပါတ် ရိုက်ထည့်မပြီးသေးခင်မှာပင် ဖုန်းရင်းတုန်းသံ မည်လာလေသည်။ ဟန်နီချ ို ကြည့်လိုက်တော့ ကိုမိုးထက်ရဲ့ဖုန်း။ သူမလည်း ဖုန်းကိုလက်ခံပြီးစကားပြောလိုက်လေသည်။





'' ဟန်နီ ချ စ် ။ ကိုယ်ပြန်လာပြီ သိလား။ ခု သာယာဝတီတောင်ကျေ ာ်လာပြီ။ နေ့လည်ဘက်လောက်ရန်ကုန်ရောက်မှာ။ အဲ့ဒါ တည်ငြိမ့်ဆီကို သွားလည်ဖို့ ညနေကျ ရင် ကိုယ်လာခေါ်လှည့်မယ် ''





ဟန်နီချ ို လည်း လွန်စွာ တွေးရကြပ်သွားလေသည်။



ပြီးခဲ့သည့် လူသတ်မှုမျ ားတွင် ဦးချ မ်းသာ ရဲ ့အမှုက လူတွေအိပ်ချ ိန် အကာလ ညအခါ။ မြင့်မိုလ်ခင် အမှုက သူမတစ်ကိုယ်တည်း အိမ်ထဲတွင် နေစဉ် ။ ယခု ခင်မောင်ဇင်နှင့် သဇင်ဖြူ တို့ အမှုကလည်း သဇင်ဖြူ ၏အိမ်သည် အခြားအိမ်မျ ားနှင့် အတော်အတန်ကွာဝေးသည့်အပြင် ညဘက်တွင်ဖြစ်ပွားပြီး မနက်ဘက်ကျ ကာမှ သဇင်ဖြူ ရဲ ့မိတ်ဆွေ နှင်းနုက စတင် တွေ ့ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအမှုမျ ားတွင် လူသက်သေဟူ၍ မယ်မယ်ရရ မပေါ်ပေါက်ခဲ့။ ထို့အပြင် လူသတ်သမားက သေခြာကြံစည် လေ့လာထားအဖြင့် ပစ္စည်းသက်သေလည်းမကျ န်ခဲ့သလောက်။





တရားခံဟု ယူဆရသူမျ ားထဲမှ ခင်မောင်ဇင်မှာ အသတ်ခံလိုက်ရလေပြီ။ ကိုမိုးထက်ကလည်း တရားခံလက္ခဏာလုံးဝမပေါက်။ သူသာတရားခံဆိုလျှ င် ယခုကဲ့သို့ လူတွေအမျ ားကြီးသတ်ပြီးသည့်နောက် မည်သည့်အကြောင်းနှင့်မျှ ရန်ကုန်တွင်နေတော့မည်မဟုတ်။ ဝေးရာသို့ပြေးပေတော့မယ်။ သို့သော် ထိုသို့မဟုတ်ဘဲ ကိုမိုးထက်သည် အလုပ်ကိစ္စရှိ၍ အခြားနယ် မသွားမဖြစ်သွားရလျှ င်တောင် ရန်ကုန်ကိုအမြန်ဆုံးပြန်လာပြီး သူမနှင့် ချ စ်ရည်လူးရန်ကိုသာ အချ ိန်တိုင်းကြံစည်နေသူ ဖြစ်လေတော့၏။ အမှုတွေက ကောက်ရိုးပုံတွင် အပ်ပျေ ာက်ရှာမရ ဖြစ်၍နေချေ ပြီ။





နောက်ဆုံး ဟန်နီချ ို လည်း





'' ဒီတစ်ညတော့အမှုကိစ္စတွေ ခေါင်းထဲက ခဏထုတ်ပြီး ကို နဲ့ပဲ ကိုတည်ငြိမ်အိမ်ကို သွားလည်လိုက်တော့မယ် ''





ဟု ဆုံးဖြတ်လိုက်ပြီး မိုးထက်ကို စကားပြန်လိုက်လေတော့သည်။





'' ဟုတ်ကဲ့ . . .ကောင်းပါပြီ ကို ရယ်. . . .''





ပြည်ဂတ်ကိုလည်း ဖုန်းမဆက်ဖြစ်တော့။









မိုးထက်တို့စုံတွဲလည်း မြေအိုးမြီးရှည် ရှမ်းခေါက်ဆွဲ စသည့်ရှမ်းစာမျ ားအပြင် ငါးကင်တစ်ကောင်ကိုပါဝယ်ယူပြီး တည်ငြိမ့်အိမ်သို့ထွက်ခဲ့ကြလေသည်။ ညပိုင်းတွင်အပြင်ထွက်မစားကြတော့ဘဲ ဝယ်ယူလာသည့်အစားအသောက်မျ ားကိုသာ သုံးယောက်သားပျေ ာ်ပျေ ာ်ပါးပါးစားသောက်ကြလေ၏။ ထို့နောက် တည်ငြိမ်က ထုံစံအတိုင်းကော်ဖီဖျေ ာ်တိုက်လေရာ အိမ်ရှေ ့ဧည့်ခန်းတွင် ကော်ဖီသောက်ရင်း အေးအေးဆေးစကားပြောကြပြီး ည ကိုးနာရီခွဲခန့်တွင်တော့ မိုးထက်တို့ စုံတွဲလည်း အိပ်ယာဝင်ရန်ပြင်ဆင်ကြလေသည်။





'' ဟေ့ကောင် မိုးထက် ဒီည ဆယ့်တစ်နာရီခွဲ ဘိုင်ယန်နဲ့ အာဆယ်နယ်ပွဲရှိတယ်။ မင်းကြည့်မယ်မဟုတ်လား။ တို့ အာကြီးကို အားပေးရမယ်လေ ''





မိုးထက်တို့ စက်တီခုံမှထာကာ အိပ်ခန်းသို့သွားမည်အလုပ် တည်ငြိမ်က လှမ်းပြောလိုက်ရာ မိုးထက်လည်း တစ်ချ က်စဉ်းစားလိုက်ပြီး





'' အေးး ကြည့်မယ်လေ။ ဧည့်ခန်းက တီဗီအကြီးမှာပဲ ကြည့်ကြမယ်မဟုတ်လား။ ငါထွက်ခဲ့မယ်။ ''





ဟု ပြန်လည်အဖြေပေးလိုက်လေသည်။





'' အေးလေ။ ဧည်ခန်းမှာပဲကြည့်ကြမယ်။ နှစ်ယောက်ဆိုတော့ အားပေးရတာ မြို င်တာပေါ့ ''





'' အေးပါ။ ငါ ဆယ့်တစ်နာရီ နှစ်ဆယ်လောက်ထွက်ခဲ့မယ် ''





'' အေး အေး ''





ထို့နောက်မိုးထက်လည်း ဟန်နီချ ို ၏ပုခုံးကိုဖက်ကာ နှစ်ယောက်သား အိပ်ခန်းဆီသို့ ထွက်ခဲ့ကြလေတော့သည်။



.



.



.



.



.



.



အခန်းထဲသို့ရောက်လျှ င်ရောက်ခြင်း မိုးထက်က တံခါးကို ခပ်မြန်မြန်ဆွဲပိတ်ကာ ချ စ်သူ ဟန်နီချ ို ကို အမှတ်မထင် ဆတ်ကနဲပွေ ့ဖက် နမ်းရှုံ့လေတော့၏။





'' အို. . .ကို့. . .အွန့် . . . . . .''





နောက်ထပ် ဘာသံမှထပ်ထွက်မလာနိုင်တော့ဘဲ ဟန်နီချ ို ခမြာ မိုးထက်၏အနမ်းကြမ်းကြမ်းမျ ားအောက်တွင် နစ်မြောသွားရလေသည်။





လေးငါးရက်ခန့် ခွဲခွာနေခဲ့ရသည်ထင့် မိုးထက်ကလည်း အရူးအမူးဖြစ်နေသလို ဟန်နီချ ို ကလည်း တောင့်တောင့်တတ ရှိနေသည့်အနေအထားပင်။ အဝတ်အစားမျ ားကို အပြန်အလှန်ချွ တ်ပစ်လိုက်ကြပြီး တစ်ဦးကိုတစ် ဦးအနမ်းမိုးတွေ ချေွ ကြလေသည်။ ထို့နောက် ဟန်နီချ ို က မိုးထက်၏ရင်ဘတ်ကို ဦးအောင်ဆောင့်တွန်းလိုက်သဖြင့် မိုးထက်လည်း ကုတင်ပေါ်သို့ပက်လက်လန်ကြသွားလေတော့သည်။





မျ က်လုံးကလေးစင်းကာ နှုတ်ခမ်းလေးကိုက်ရင်း ဖြေးဖြေးခြင်းလှုပ်ရှားနေသည့် ချ စ်သူ ရဲမေလေး၏ မျ က်နှာလှလှလေးကို မြင်ရသည်မှာ မိုးထက်အတွက်တော့ တစ်သက်မမေ့နိုင်စရာပင် ဖြစ်၍နေပေတော့၏။









ကိုတည်ငြိမ်နှင့် ဘောပွဲကြည့်ရန် ကိုမိုးထက်က ထွက်သွားလေပြီ။ ဟန်နီချ ို လည်း အဝတ်အစားတွေပြန်မဝတ်တော့ဘဲ လွတ်လွတ်လပ်လပ်အိပ်တော့မည်ဟု စောင်အထူကိုယူခြုံ လိုက်လေသည်။ သို့သော် မျ က်စိကြောင်နေသဖြင့် တော်တော်နှင့်အိပ်မပျေ ာ်နိုင်ပါ။ ထိုကြောင့် ဟန်နီချ ို လည်း ကိုမိုးထက် ဖုန်းအသစ်ထဲရှိ ဂိမ်းမျ ားကိုဆော့ရန် ကုတင်ဘေး စားပွဲပေါ်ရှိ ဖုန်းကိုလှမ်းယူလိုက်လေသည်။





သူမသည် ဂိမ်းမျ ားသို့ တန်းမဝင်သေးဘဲ ဂလယ်ရီထဲရှိ ဓာတ်ပုံမျ ားကို စပ်စုသောအခါ ဗီဒီယိုဖိုင်တစ်ခုကိုပါ တွေ ့ရသဖြင့် စိတ်ဝင်စားသွားပြီး ဖွင့်ကြည့်မိလေတော့သည်။





. . . . .ဦးစွာ ဟန်နီချ ို အတော်ကို အံ့သြသွားရလေသည်။ ထို့နောက် တဖြေးဖြေး ဝမ်းနည်းမိလာပြန်၏။ ဗီဒီယိုဖိုင်ထဲတွင် သူမထံသို့ တစ်စုံတစ်ဦးက CD ချ ပ်ဖြင့်ပို့ပေးလိုက်သည့် မြင့်မိုလ်ခင်တို့ ဇာတ်လမ်းကို တွေ ့မြင်နေရပေပြီ။ ဤပုံအတိုင်းဆိုလျှ င်တော့ ကိုမိုးထက်ကို ဖမ်းမှဖြစ်ပေတော့မည်။





ထိုဖုန်းသည် လွန်ခဲ့သော တစ်လခန့်ကမှ ကိုမိုးထက် အင်စတော့မန့်ဖြင့် ဝယ်ယူခဲ့သော နောက်ဆုံးပေါ်အမျ ို းအစားဖြစ်လေသည်။ ဈေ းလည်း အတော်ပေးရ၏။ မြင့်မိုလ်ခင်တို့နေပုံထိုင်ပုံကို ခိုးရိုက်ထားသည့် ခိုးရိုက်ဗီဒီယိုမျ ို းကို FULL HD ကဲ့သို့ ကြည်လင်ထင်ရှားအောင် ရိုက်ကူးနိုင်မည့်ဖုန်းဟူ၍ ယခုကိုမိုးထက်၏ဖုန်းအမျ ို းအစားအပါအဝင် နောက်ထပ် အမျ ို းအစား တစ်မျ ို းနှစ်မျ ို းထက် မပိုနိုင်ပေ။





ဤဇာတ်လမ်းသည် အဘယ်အတွက်ကြောင့် ကိုမိုးထက် ဖုန်းထဲတွင် ရှိနေရသနည်း။ ကိုမိုးထက်ကိုယ်တိုင်က ဤဇာတ်လမ်းကို ရိုက်ကူးခဲ့သည့်သူလား စသဖြင့် သူမ၏ခေါင်းထဲတွင် မေးခွန်းမျ ားစွာပေါ်ပေါက်လာလေသည်။ နောက်ဆုံးတွင် ဟန်နီချ ို လည်း သက်ပြင်းတစ်ချ က်ချ လိုက်ကာ စခန်းသို့ ဖုန်းခေါ်လိုက်လေတော့၏။



.



.



.



.



.



.



ချ စ်သူနှင့် ဇာတ်လမ်းကောင်းသွားသဖြင့် မိုးထက်လည်း ဘောပွဲစပြီး ငါးမိနစ်ကျေ ာ်မှ ဧည့်ခန်းသို့သွားဖြစ်တော့သည်။





'' ဆောရီးကွာ . . .ငါသူငယ်ချ င်း ခရီးကပြန်ပြန်ခြင်း ချ စ်သူနဲ့အတူတူအိပ်ချ င်မှာပေါ့။ ငါက အလိုက်ကမ်းဆိုးမသိ ဘောပွဲကြည့်ဖို့ ခေါ်မိပြီ ''





တည်ငြိမ်က ရယ်ကျ ဲကျ ဲဖြင့်လှမ်းစလိုက်ရာ မိုးထက်က





'' ဟာ မင်းကလည်း. . .ငါလည်း ဘောပွဲကြို က်ပါတယ်ကွ။ အာကြီးပွဲဆို ပိုတောင်ကြို က်သေး။ မင်းမကြည့်တာင် ငါက ကြည့်မှာ ''





ဟု ပြန်ပြောလေသည်။





'' အို . . .ဒါဆို မင်းက အာကြီးပွဲကို ဟွာနဲ့ကို လည်းနိုင်တယ်ပေါ့ ''





'' ဟွာက နောက်ရက်တွေလည်း ဟွာလို့ရသေးတယ်။ အာကြီးပွဲက သူကန်တုန်းလေးကြည့်ရတာ ''





'' ဒီကောင်ကတော့လုပ်ပြီ ''





'' ဟားး းး ဟားး းး ဟားး ဟားးး းးး ''





သူငယ်ချ င်းနှစ်ယောက် ပြို င်တူရယ်လိုက်ကြပြီး အာကြီးပွဲကို စိတ်ပါဝင်စားစွာ ဆက်လက်အားပေးကြလေတော့၏။





မိုးထက်တို့သူငယ်ချ င်းနှစ်ယောက် မည်မျှ ပင် အားပေးသော်လည်း အာဆယ်နယ်မှာမူ ပထမပိုင်းပွဲမပြီးခင်တွင်ပင် ဘိုင်ယန်မြူ းနစ်ကို ရှစ်ဂိုးရှုံးလေ၏။ ထို့ကြောင့် ၎င်းတို့လည်း အာကြီးကို စိတ်ပျ က်ကာ ဒုတိယပိုင်းဆက်မကြည့်ကြတော့ဘဲ တီဗီပိတ်လျှ က် အိပ်ခန်းမျ ားအတွင်းသို့ ကိုယ်စီဝင်ခဲ့ကြလေတော့သည်။











မိုးထက်က ကုတင်ပေါ်သို့တက်လိုက်ပြီး အိပ်ပျေ ာ်နေသည့် ချ စ်သူ၏ပါးပြင်ကို နမ်းရှုံ ့လိုက်ရာ





'' ဟင် . . .ကို . . .''





ဟု အာမေဋိတ်သံလေးပြု လျှ က် ဟန်နီချ ို လူးလွန့်နိုးထလာလေ၏။ မိုးထက်လည်း ဘာမှ ပြောမနေတော့ဘဲ ကိုယ်ပေါ်ရှိ အဝတ်အစားမျ ာကို ကာပြာကသီ ဆွဲချွ တ်ပြီး စောင်အောက်သို့တိုးဝင်ကာ ချ စ်သူအား အဆက်မပြတ်အနမ်းတွေ ချေွ ပြန်တော့သည်။





ဟန်နီချ ို မှာမူ သူမတွေ့မြင်ခဲ့ရသည့် ဗီဒီယိုကိစ္စကြောင့် အစပိုင်းတွင် စိတ်မပါသလိုရှိသော်လည်း မိုးထက်၏ အချ စ်ရေယဉ်ကြောအောက်တွင် ကြာကြာတောင့်မခံနိုင်ရှာဘဲ တဖြေးဖြေးဖြင့်နှစ်ဝင်မြောပါသွားရလေတော့သည်။





'' ချ စ် . . .ဝမ်းလျ ားမှောက်လိုက်ကွာ . . . .''





'' အို . . .သိပ်ကဲတာပဲ ကို ရယ် . . . . . ''



.



.



.



.



.



.



မိုးထက်တို့စုံတွဲ အိမ်လာလည်သဖြင့် သက်ထားဖြူ က တည်ငြိမ့်အခန်းထဲရောက်၍နေပြန်သည်။ သို့သော် သူတို့နှစ်ဦးလည်း နားလည်မှုရသွားကြလေပြီ။ တစ်အိမ်တည်းတွင် အတူတူနေရကာ အကြောင်းသိသူချ င်း ဖြစ်သဖြင့် ရင်းနှီးမှုကလည်း ပိုမိုလာခဲ့ပြီမဟုတ်ပါလား။ ထို့ကြောင့် တည်ငြိမ်က ဧည့်ခန်းသို့ထွက်မအိပ်တော့ဘဲ အခန်းထဲရှိ ဆိုဖာစက်တီမှာပင် အိပ်ရန်ပြင်ဆင်ပြီး သက်ထားဖြူ ကိုတော့ ကုတင်ပေါ်တွင် နေရာပေးလိုက်လေသည်။





'' ကျွ န်မမပြောဘူးလား ရှင်တို့ အာဆယ်နယ်ကြီး ရှုံးမှာပါလို့ . . .''





သက်ထားဖြူ က မအိပ်သေးဘဲ စကားစလိုက်သည်။





'' မင်းက ဘောပွဲ အရှုံးအနိုင်လည်း ကြို ဟောနိုင်တယ်လား ''





'' မဟုတ်ပါဘူး။ ကျွ န်မက အာဆယ်နယ်မကြို က်လို့ပြောတာပါ ''





တည်ငြိမ့်က ကိုယ့်နှဖူးကိုယ်ရိုက်၍





'' သေလိုက်ပါတော့ကွာ။ ငါက မင်းကြို ပြောတာမှန်လို့ မင်းမှာ ဘောပွဲခန့်မှန်းတတ်တဲ့ အစွမ်းရှိတယ် ထင်နေတာ ''





'' ခိ ခိ ခိ အဲ့လိုတော့မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ရှင်တို့ ဖင်ထောင်ပြီးစာကျ က်နေကြတဲ့ အချ ိန်ကတည်းက ကျွ န်မက ဘောပွဲကြည့်တယ်လေ။ ဒါကြောင့် ပညာရေးဘက်မှာ အားနည်းတာပေါ့။ ''





'' အိုးး ဒါဆို မင်းက ဘောပွဲကြည့်တဲ့နေရာမှာ အိုးစားဗစ်ပေါ့ ''





'' ဟုတ်တယ်. . . .ဒါကြောင့်လည်း ရလဒ်ကို ရှင်တို့ထက်ကျွ န်မက ပိုခန့်မှန်းနိုင်တာပေါ့ ''





'' ဒါနဲ့ နေပါဦး . . .မင်းက လူ့ဘဝက ပုတီးစိပ် တရားထိုင်တာတွေလုပ်တာဆို . . . .





'' အို . .ရှင်ကလည်း ပုတီးစိပ် တရားထိုင်တာက သပ်သပ် ဘေးပွဲကြည့်တာက သပ်သပ် ဘာဆိုင်လို့လည်း တစ်ချ ိန်စီခွဲထားတာပေါ့ ''





'' ခုလည်း မင်း တို့နဲ့အတူတူ ဘောပွဲလာကြည့်နေတာမဟုတ်လား ''





'' ဟိ ဟိ ဟုတ်တယ်လေ။ ရှင့်ဘေးမှာ ကျွ န်မထိုင်ကြည့်နေတာ။ ရှင်တို့အာကြီးက တော်တော်ဖျ င်းပါတယ်ရှင် . . . . .''





'' အမလေး မိုးထက်မသိတာ တော်သေးတာပေါ့ ဘောပွဲဆြာမရယ်။ ခဗျ ားလေးရဲ ့ ဘောပွဲကြည့်တဲ့ ဝါသနာကိုတော့ ကျ ု ပ်က Credit ပေးပါတယ်။ ''





'' ခစ် ခစ် ခစ် . . . မသိပါဘူးရှင့် ကျွ န်မက ကိုယ်ဖျေ ာက်ထားတာကိုးး ''





ထို့နောက် တည်ငြိမ်နှင့် သက်ထားဖြူ တို့လည်း ရောက်တတ်ရာရာ စကားမျ ားကို ၁၅ မိနစ်ခန့်ပြောဖြစ်ကြပြီး အိပ်ဆက်လိုက်ကြလေတော့သည်။



.



.



.



.



.



.



မနက်ရောက်သောအခါ ဟန်နီချ ို ၏ စခန်းမှ ပုလိပ်မျ ားသည် ရပ်ကွက်လူကြီးတစ်ချ ို ့ကိုခေါ်လာကာ မိုးထက်ကို လာရောက်ဖမ်းဆီးကြလေ၏။ တည်ငြိမ်လည်း အိမ်သို့ ရဲမျ ားရောက်လာသဖြင့် တအံ့တသြဖြစ်၍နေခြေသည်။ မိုးထက်ကတော့ ဘာမှမသိသည့်ဟန်ဖြင့်





'' ဟန်နီ ကိုယ့်ကို ဘာလို့ ဖမ်းကြမှာလဲ ''





ဟု မေးခွန်းထုတ်လေရာ ဟန်နီချ ို က ဦးချ မ်းသာသေဆုံးမှု မြင့်မိုလ်ခင်သေဆုံးမှုမျ ားတွင် မည်သည့်အချ က်အလက်မျ ားက မည်ကဲ့သို့ ၎င်းအားသံသယရှိဖွယ်ရာဖြစ်နေသည့်အကြောင်းကို ဝမ်းနည်းစွာရှင်းပြလေ၏။





'' ဒါဆိုလည်း အစကတည်းက ပွင့်ပွင့်လင်းလင်း ကြို ပြောကောပေါ့ ဟန်နီရယ် . . .''





'' ဒီလို ကြို မပြောမိလို့ ဟန်နီ့ကိုခွင့်လွှတ်ပါကိုယ်ရယ်။ ဟန်နီ့ ပါစင်နယ်အနေနဲ့ ကို့ရဲ ့ချ စ်သူနေရာက တွေးတော့ ကို သာတရားခံမဟုတ်ခဲ့ဘူးဆိုရင် ကို့အပေါ်မှာ ဟန်နီတို့ ခုလိုသံသယဝင်နေတာကို ကိုသိရပြီး စိတ်မကောင်းဖြစ်မှာ စိတ်ရှုပ်မှာ ဟန်နီစိုးတယ်။ တာဝန်အရကြပြန်တော့လည်း ကိုသာတကယ့်တရားခံဆို ဟန်နီပြောလိုက်လို့ ကို ထွက်ပြေးတိမ်းရှောင်သွားမှာ ဟန်နီမလိုလားဘူး။ ဟန်နီကို နားလည်ပေးပါနော် ''





ဟူ၍ မျ က်ရည်မျ ားရစ်ဝဲလျှ က်တောင်းပန်ရှာလေသည်။ မိုးထက်ကတော့ ဟန်နီချ ို ကို စိတ်နာဟန်ဖြင့်





'' ရပါတယ် ရဲမေ မမရယ်။ ခဗျ ားက တာဝန်အရဆိုရင် ကိုယ့်အသဲနှလုံးကိုတောင် ကိုယ်ချ နင်းပြစ်မယ့်သူဆိုတာ အစကတည်းက ကျ ု ပ်သိပါတယ်။ အဲ့ဒီတော့ ခုလည်း ခင်ဗျ ားတာဝန်ရှိတဲ့အတိုင်းသာ ဆက်လုပ်ပါ ''





ဟု သူမ၏မျ က်နှာကို ခပ်တင်းတင်းကြည့်ကာ နာနာကြည်းကြည်းပြောလိုက်လေ၏။ အခြေအနေတွေ တင်းမာလာသဖြင့် အံ့သြနေသော တည်ငြိမ်လည်း ပြန်လည်သတိဝင်လာကာ





'' ဒီမှာ သူငယ်ချ င်း မိုးထက်။ ဒီကိစ္စတွေ မင်းမလုပ်ဘူးဆိုတာ ငါယုံတယ်။ ဟန်နီချ ို လည်း ငါ့လိုပဲ မင်းကို ယုံကြည်မှာအမှန်ပဲလေ။ သူလည်း မင်းကို ဘယ်ဖမ်းချ င်ပါ့မလဲ။ ဒါပေမယ့် ခုအချ ိန်မှာ အချ က်အလည်းတွေ တော်တော်မျ ားမျ ားက မင်းဘက်ကိုညွှန်ပြနေလို့ မင်းကို ခဏ ထိန်းသိမ်းထားရမယ့်သဘောပဲ လို့ငါနားလည်တယ်။ ဟုတ်တယ် မဟုတ်လား ''





တည်ငြိမ်က မိုးထက်ကို ဖျေ ာင်းပြပြောဆိုရင်းဟန်နီချ ို ့ဘက်ကိုပါ လှည့်မေးလိုက်လေရာ ဟန်နီချ ို လည်း





'' ဟုတ် . . .ဟုတ် ပါ ပါ တယ် ရှင် . . . .''





ဟုဆိုကာ လက်ဝါးဖြင့်မျ က်နှာကို အုပ်ကာ ကြူ ကြူ ပါအောင် ငိုကြွေးပါတော့သည်။





မိုးထက်ကတော့ အံ့ကိုကျ ိတ်လျှ က်





'' ငါ နားလည်ပါတယ် သူငယ်ချ င်းရယ်။ ငါ့ကိုတရားခံမဟုတ်ဘဲ တရားခံဆိုပြီးဖမ်းတာကို ငါစိတ်မဆိုးပါဘူး။ လူဆိုတာ ဒီလိုပဲ ကံနိမ်တဲ့အခါ စွပ်ဆွဲခံရမှာပေါ့။ ဒါပေမယ့် ငါ ငါ အချ စ်ရဆုံးသူက ငါ့ယုံကြည်မှုကို ခုလိုအလွဲသုံးစားလုပ်တာ ငါစိတ်အထိခိုက်ဆုံးပဲ ''





ဟူ၍ ငြီးတွားလေ၏။





'' အေးပါကွာ။ ခုတော့မင်း အေးဆေးလိုက်သွားလိုက်ဦး။ မင်းအတွက် ငါအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်။ တရားကို နတ်စောင့်ပါတယ် သူငယ်ချ င်းရာ။ ဟန်နီကလည်း မိုးထက်နေဖို့ထိုင်ဖို့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးမယ်မဟုတ်လား။ ''





ဟန်နီချ ို က ငိုနေရင်း ခေါင်းလေးငြိမ့်ပြရှာသည်။





''မကြာပါဘူး မင်းလွတ်မှာပါ။ မင်းတရားခံမဟုတ်ဘူးဆိုတာ ငါသိတယ်။ အဲ့ဒီတော့ သူတို့ စစ်တာဆေးတာ တစ်ခုခုလွဲလို့ မင်းထောင်ကျ မယ်ဆိုရင် အင်္ဂလန်က စုံတောက်အဖွဲ ့ငှါးပြီးတော့ကို ဒီအမှုတွေကို ငါလိုက်ပေးမယ်။





ပြီးတော့ ငါ့ဖေဖေ့ကိုလည်း လှမ်းခေါ်လိုက်မယ်လေ။ မင်းသိပါတယ် ဖေဖေလာရင် အားလုံးပြီးသွားမှာပါ။ ဘာမှစိတ်မပူနဲ့ သူငယ်ချ င်း။ ဟုတ်ပြီလား ''





'' အေးပါကွာ။ ကျေ းဇူးတင်ပါတယ် သူငယ်ချ င်းရာ ''





ထို့နောက် ရဲနှစ်ယောက်က မိုးထက်ကိုလက်ထိပ်ခတ်ကာ စခန်းသို့ခေါ်ဆောင်သွားလေတော့၏။







ဆက်ရန်





အမြင့်ကြောက်သောငှက်