အမြင့်ကြောက်သော ငှက်
'' ဒီကောင်ဟာ တရားခံဆိုတာ သေခြာသွားပြီ ။ သက်မာတို့ ဘာဆက်လုပ်ကြမလဲဟင်. . .မမသူဇာ''
သက်မာက မေးလိုက်တော့ ဒေါ်သူဇာက အလေးအနက်စဉ်းစားထားသောအမှုအရာဖြင့် . . . .
'' မမသဘောကတော့ ဒီကောင့်ကို တိုင်ဟယ် တောဟယ် အမှုဖွင့်ဟင်တွေ မလုပ်ချ င်ဘူး။ လုပ်လို့လည်းမဖြစ်ဘူး။ တို့ရဲ ့သိက္ခာတွေပါ ကုန်းကောက်စရာမရှိအောင် ကြသွားမှာစိုးရတယ်လေ။
အဲ့ဒီတော့ ဒီကောင့်ရဲ့အဒေါ် မမထားကို ဟောဒီကသက်သေအထောက်အထားတွေနဲ့ ဒီကောင်မမတို့နှစ်ယောက်ရဲ ့ အပေါ်မှာ ကျ ူ းလွန်ခဲ့သမျှ တေ ွမမတို့ပြောပြကြမယ်။ တို့ မိန်းမသားသုံးယောက်နဲ့ပဲ ဒီပြသနာကို တိုးတိုးတိတ်တိတ်ပြီးစေပြီး ဒီကောင်ကို နယ်ကိုပြန်ခိုင်းလိုက်ကြမယ်။
အဲ့ဒါမကောင်းဘူးလား။ မမတို့ လိုချ င်တာက ဒါမျ ု ိးတွေ နောက်ထပ်မကြုံ ရဖို့ပဲလေ။ ပြီးပြီးသားတွေကိုတော့ မေ့နိုင်အောင်ပဲကြို းစားရတော့မှာပေါ့။ ဘယ်တတ်နိုင်မလဲ။ ကျ ယ်ကျ ယ် ကျ ယ်ကျ ယ် ဆိုရင် အားလုံးအရှက်တွေကွဲပြီး တို့ရဲ ့အိမ်ထောင်ရေးတွေပါ ထိခိုက်ကုန်လိမ့်မယ် ''
ဟူ၍သူမ၏ အစီအစဉ်ကို ပြောပြလိုက်တော့သည်။
'' ကောင်းတယ်မမ။ သက်မာလည်း ဒီလို အေးအေးဆေးဆေးပြီးသွားတာကိုပဲ သဘောကြပါတယ်။ ဒါဖြင့်ရင် သက်မာတို့ မမထားကိုဖုန်းဆက်ပြီး အိမ်ပြန်ခေါ်လိုက်မယ် . . . .''
ဟုဆိုကာ သူမ၏လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆေးရုံရှိဒေါ်ထားထား ထံသို့ ဖုန်းခေါ်ဆိုတော့လေသည်။
ဒေါ်ထားထားနှင့်ဖုန်းပြောပြီးနောက် သက်မာက . . .
'' မမထားက ခုပြန်လာခဲ့မယ်တဲ့ မမသူဇာ။ ဆေးရုံနဲ့ ဒီနဲ့က သွားရလာရတာ အနည်းဆုံး မိနစ်နှစ်ဆယ် နာရီဝက်တော့ကြာမှာပဲ။ ဒီကြားထဲမှာ သက်မာတို့တွေ ဟိုငမိုက်သားအိပ်နေတုန်း သင်းရဲ ့ခြေတွေလက်တွေကို ကုတင်တိုင်တွေနဲ့ တုတ်ထားရင်မကောင်းဘူးလား။
မမထားပြန်ရောက်တော့မှ သင်းရဲ ့ရှေ ့မှာတင် သင်းအပြစ်တွေကို မမထားကို သေခြာပြောပြပြီး သင်းကိုနယ်ပြန်မပို့ခင် ဓုတ်နဲ့ရိုက် ဆုံးမခိုင်းရမယ်။ ခုကတည်းက ကြို းတုတ်ထားရင် အဲ့ဒီအခါကြ သင်းဘယ်ကိုမှ ပြေးလို့မရတော့ဘူး ''
ဟုအကြံပြု လေရာ
'' ကောင်းသားပဲ ''
ဒေါ်သူဇာကလည်း ထောက်ခံလေသည်။
ထို့နောက် သူမတို့နှစ်ဦးသည် ရဲရင့်အားတုတ်နှောင်ရန် ကြို းရှာဖွေလေရာ ကံအားလျေှ ာ်စွာဖြင့် ဧည့်ခန်းရှိ ရှိုးကေ့ဘီရိုတစ်လုံးအောက်တွင် အခွေလိုက်ပုံထားသော ကြို းခွေတစ်ခွေကို တွေ ့ရှိရလေသည်။ ထို့အပြင် ၎င်း ဘီရိုခေါင်မိုးပေါ်တွင် တင်ထားသော ကြက်မွှေးတစ်ချေ ာင်းကိုလည်း တွေ ့ရှိပြန်လေ၏။
ဒေါ်ထားထားက ကြက်မွှေးကို လှမ်းယူကာ မသက်မာထံသို့ပေးလိုက်ပြီး
'' သက်မာ . . .ဒီကြက်မွှေးကို ယူထား။ မမထားလာရင် ဟိုအကောင့်ကိုရိုက်ဖို့ ကြက်မွှေး အဆင်သင့်ပေးလို့ရအောင်။ ပြီးတော့ မမထား ဒီကောင့်ကို ကြို းချ ည်နေတုန်း သက်မာက ကြက်မွှေးကိုင်ပြီးစောင့်ကြည့်နေ။ ဒီကောင်နိုးလာပြီး ရုတ်ရုတ် ရုတ်ရုတ် ထလုပ်ရင် ကြက်မွှေးရိုးနဲ့ မျ က်ခွက်ကို ဆောင့်ထိုးပြစ်လိုက်။ ပြီးရင် မလှုပ်နိုင်အောင်ကို ဖြတ်ရိုက်တော့။ ဟုတ်ပြီလား . . . .မမ နောက်ဖေးသွားပြီး ကြို းဖြတ်ဖို့ ကတ်ကြေးဖြစ်ဖြစ် ဓားဖြစ်ဖြစ် သွားယူလိုက်ဦးမယ် ''
ဟု မသက်မာကိုမှာကြားကာ အိမ်နောက်ဖေးဘက်သို့ဝင်ရောက်သွားလေတော့သည်။
ခဏအကြာမှာတော့ ကတ်ကြေးတစ်လက်ကိုင်လျှ က် ဒေါ်သူဇာပြန်ရောက်လာပြီး ရဲရင့်ကို ထုတ်နှောင်ရန် ကြို းမျ ားကိုဖြစ်တောက်ကာ အိပ်အခန်းအတွင်းသို့ သူမတို့နှစ်ဦးစလုံး ပြန်လည်ဝင်ရောက်ခဲ့ပါတော့သည်။
ကုတင်ပါ်တွင် ရဲရင်သည် တခေါခေါ တခူးခူး အိပ်မောကျ လျှ က်ပင်။ ဒေါ်သူဇာအောင်လည်း ရဲရင့်အိပ်နေသော ကုတင်ပေါ်သို့ခပ်ဖွဖွတက်ကာ ၎င်း၏ခြေလက်တို့ကို ကုတင်တိုင်ဖြင့် သေခြာစွာ တုတ်နှောင်လေတော့သည်။ မသက်မာက တော့ ကြက်မွှေးကို ကိုင်လျှ က် အသင့်အနေအထားနှင့် ကုတင်နဘေးတွင် ရပ်စောင့်နေလေသည်။
ရဲရင့်သည် လွန်စွာ အိပ်မောကျ နေချ ိန်ဖြစ်သောကြောင့် သူ၏ခြေလက်မျ ား အတုတ်အနှောင်ခံနေရသည့်အဖြစ်ကို လုံးဝ မသိသည့်အပြင် ၎င်းသည် ခြေကားယားလက်ကားယား အိပ်ဆက်နေသဖြင့် ဒေါ်သူဇာအဖို့ တုတ်ရနှောင်ရသည်မှာလည်း မျ ားစွာလွယ်ကူလှပေသည်။ ဒေါ်သူဇာလည်း ရဲရင့် မရုန်းနိုင်မကန်နိုင်ရန် ကြို းကို သေသေခြာခြာချ ည်နှောင်ခဲ့ပြီးမှ ကုတင်အောက်သို့ပြန်ဆင်းခဲ့လေသည်။
ထို့နောက် ဒေါ်သူဇာတို့သည် ရဲရင့်ကို စောင့်ကြည့်ကာ ဒေါ်ထားထာပြန်အလာကို စောင့်မျေှ ာ်နေကြလေတော့၏။ ထိုအချ ိန်တွင်ရဲရင့် နိုးလာလေသည်။
မျ က်လုံးကိုဖွင့်ကြည့်လိုက်ရာ ကုတင်ဘေးတွင်ရပ်လျှ က်ရှိသော ဒေါ်သူဇာနှင့် မသက်မာကိုတွေ ့ရသောကြောင့် . . .
'' မမသူဇာနဲ့ မမသက်မာ ကျွ န်တော့်အခန်းထဲ . . . . .''
ရဲရင့်သည် စကားမဆုံးသေးခင် သူ၏ခြေလက်တို့ကို ကုတင်တိုင်တို့နှင့် ချ ည်နှောင်ထားခြင်းခံထားရသည့်အဖြစ်ကို သိရှိသွားကာ ထိတ်ထိတ်ပြာပြာဖြစ်သွားလေတော့သည်။
'' မမသူဇာတို့ ကျွ န်. .ကျွ န်နော့်ကို ဘာ. . .ဘာ လို့ ကြို းတွေနဲ့ချ ည်ထားတာလည်း ဟင်. . . . . ''
ရဲရင့်က နဝေတိမ်နောင် မျ က်နှာထားဖြင့် ဒေါ်သူဇာတို့ကို လှမ်းမေးလေရာ . . . .
'' ဘာလို့ကြို းတုတ်ထားတာလည်း . . .ဟုတ်လားး ။ လူယုတ်မာကောင်. . .နင့်အပြစ်နင်မသိဘူးလား ''
ဟု ဒေါ်သူဇာက ခပ်ဆတ်ဆတ် ပြန်ပြောလေသည်။
'' ကျွ န်. . .ကျွ န် တော် ဘာ. . .ဘာ လုပ်ခဲ့လို့လဲဗျ ာ။ ပြီး ပြီးတော့ ဘာ. . .ဘာ ယုတ်မာခဲ့တာလည်း ဟင် ''
ထိုအခါ မသက်မာက . . .
'' မမသူဇာ . . .ဒီအကောင် တော်တော်မျ က်နှာပြောင်တယ်။ သူလုပ်ခဲ့တဲ့ ယုတ်မာမှုတွေကို မသိချ င်ယောင်ဆောင်ပြီး မျ က်နှာငယ်လေးနဲ့ အရူးကွက်နင်းနေတာ။ သက်မာတော့ မမထားလာတာကို မစောင့်နိုင်တော့ဘူး။ ဒီကောင့်ကို အခုကတည်းက ဆုံးမချ င်နေပြီ။ ဘယ်လိုလဲ . . . .''
ဟူ၍ ရဲရင့်ဘက်သို့ မေးတစ်ချ က်ငေါ့ကာ ဆြာမပီပီသူတပါးအား ရိုက်နှက်ဆုံးမရန် ဒေါ်သူဇာကို အဖော်ညှိလေသည်။
'' အေး. . .ကောင်းတယ်။ လူယုတ်မာ ဒါမှမှတ်မှာ။ ချ ကြမယ်။ ''
ဒေါ်သူဇာကလည်း ဝမ်းသာအားရ ထောက်ခံလေသည်။ ထို့နောက် ဒေါ်သူဇာနှင့် မသက်မာသည် ကြက်မွှေးကို တစ်ယောက်တလှည့်ကိုင်ကာ ကုတင်ပေါ်တွင် ကြို းတုတ်ခံထားရသည့်ရဲရင့်၏ လက်မောင်း ပေါင် တင်ပါးဟစသည်တို့ကို ကောင်းစွာရိုက်နှက်လေတော့သည်။ ရဲရင့်လည်း ဘာမှန်းညာမှန်းမသိဘဲ အရိုက်နှက်ခံနေရသောကြောင့် အော်ဟစ်ရုန်းကန်လေတော့၏။
'' ဖျ န်းး ဖျ န်းး ဗြမ်းး . . . . ''
'' အားး. . .အမလေးး . . .သေပါပြီဗျ ''
'' ကောင်စုတ် သေနာကျ ဘာခုမှ သေပါပြီလည်းး ဆော်ဟေ့ ''
'' ဖုန်းး ဗြမ်းးး ဖျ န်းးး . . . ''
'' အမေ့ အားး အားးး နာတယ် . . . .''
'' နာနာတီးစမ်းပါ သက်မာရယ်။ ဒီ နှမချ င်းမစာနာတဲ့ နှာဗူးကို . . . .''
ဒေါ်သူနှင့် မသက်မတို့သည် ရိုက်ရင်းနှင့် မိမိတို့ကြုံ တွေ ့ခံစားခဲ့ရမှုမျ ားကို ပြန်လည်မြင်ယောင်လာကြပြီး ပို၍ ပို၍ မခံမရပ်နိုင် ဖြစ်လာကြကာ ရဲရင့်အား အချ က်မျ ားစွာ ရိုက်နှက်လေတော့သည်။ ရဲရင့်လည်း ဘာမှန်းညာမှန်းမသိဘဲ ကုတင်တွင်ကြို းတုတ်ကာ အရိုက်ခံနေရသဖြင့် တဖြေးဖြေးနာလည်းနာ ဒေါသလည်းထွက်လာပြီး ၎င်းအားရိုက်နှက်လျှ က်ရှိသော ဒေါ်သူဇာနှင့်မသက်မာတို့ကို အော်ဟစ်ဆဲဆိုလေတော့သည်။
'' ဖျ န်း ဗြောင်းး ဖျ န်းး . . . . ''
'' အားး အမလေးးး. . .အရူးကြီးတွေ လင်တရူးကြီးတွေ။ ငါ့အဒေါ်မရှိတုန်း ငါ့ကို မဟုတ်တာမလုပ်နဲ့ . . .အမလေး ကယ်ကြပါဦး . . .ဒီမှာ လင်တရူးမကြီးတွေပါ ''
'' ဟင်. . .မသာလေး သူကမျ ား တပြန်ကြီး။ နှာဗူးကောင်. . .လူယုတ်မာကောင်. . .နင်သာ မယားတရူး။ မယားတရူး ရူးပြီး ငါတို့ကို မဟုတ်တာကြံတာ။ မမ ကို ဓုတ်ပေးစမ်းသက်မာ . . . .''
'' ရော့. . .မမ ''
'' ကဲကယ်. . .ကဲဟယ်. . .ဖျေ ာင်းး ဖျေ ာင်းး ဖျေ ာင်းးး ဗြန်းးး. . .မှတ်ပြီလားး. . .မသာကောင် ''
ရဲရင့်ရဲ ့ အပြောကြောင့် ဒေါ်သူဇာဟာ အင်မတန် ဒေါသထွက်သွားပြီး မသက်မာ၏ လက်ထဲမှ ဓုတ်ကိုယူကာ ရဲရင့်အား ဆက်လက်ရိုက်နှက်လေတော့သည်။
'' အားး. . .အောင့်မလေးး. . .သေပါပြီ . . .အရူးမကြီးတွေ. . ထွက်သွားး. . . .ထွက်သွားး ''
'' မသာ. .နင်သာ မယားတရူးဟဲ့. . .ကိုင်းး မှတ်ပြီလား ဖျ န်းးး ဖျ န်းးး နောက်ယုတ်မာဦးမလား ဖျေ ာင်းးး ဗြောင်းး . . . .''
ဤသို့ဖြင့် ဒေါ်သူဇာတို့က ရိုက်လိုက် ရဲရင့်က အော်ဆဲလိုက်. . .ဒေါ်သူဇာတို့က ဒေါသထွက်ကာထပ်ရိုက်လိုက်. . .ရဲရင့်က နာကြင်စွာ အော်ဟစ်ဆဲဆိုလိုက်. . .စသဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လင်တရူး မယားတရူး မျ ားဖြစ်ကြောင်းစွပ်ဆွဲကြလျှ က် ဆူဆူညံညံ ရိုက်နှက်အော်ဟစ်နေကြစဉ်တွင် အခန်းတံခါးပွင့်လာကာ အခန်းတွင်းသို့ဒေါ်ထားထားဝင်ရောက်လာလေတော့သည်။
'' ဟယ်. . .ဘယ်လိုတွေ ဖြစ်နေကြတာလည်း။ သူဇာနဲ့ သက်မာတို့ ညဉ်း တို့ဘယ့်နှယ့်ကြောင့် ငါ့တူကို ရိုက်နှက်နေကြရတာတုန်း. . .''
ဟူ၍ ဒေါ်ထားထားက ပြောပြောဆိုဆိုဖြင့် ရဲရင့်ရှိရာကုတင်ဆီသို့အပြေးသွားကာ ကြို းမျ ားကိုဖြေပေးနေလေတော့၏။ ထိုအခါကြမှ ဒေါ်သူဇာတို့လည်း ကုတင်နောက်သို့ဆုတ်ကာ ကိုယ်ကိုရှဲ ပေးလိုက်ကြသည်။
ကြို းမျ ား ပြည်သွားပြီးနောက် ရဲရင့်မှာ ဒေါ်ထားထားကို ဖက်ကာ. . . .
'' အတန်တီထားး. . .သူ သူတို့ သူတို့ . . . .သားးကိုလေ ''
ဟုဆိုပြီး ၎င်းအား ဂြို လ်ကြည့် ကြည့်နေကြသော ဒေါ်သူဇာတို့နှစ်ဦးကို ညွှန်ပြလျှ က် . . .တ ဟီးး ဟီးး ရှိုက်ငိုပါတော့သည်။ ဒေါ်ထားထား၏ အသံ ခပ်မာမာထွက်ပေါ်လာလေသည်။
'' ကဲပြောစမ်းပါဦး။ ငါမရှိတုန်းး ငါ့တူကို ကြို းတုတ်ပြီး ရိုက်နှက်နေရတဲ့ အကြောင်းလေးကို ''
'' မမထား. . .ဒီကောင် လူယုတ်မာ။ သက် သက်မာ တို့ကို ဒီကောင် ယုတ်မာခဲ့တယ် ''
မသက်မာက ပြန်ပြောလေရာ . . . .
'' ဟေ. . .ငါ့တူလေးက ညဉ်း တို့ကို ယုတ်မာခဲ့တယ်။ ဟုတ်လား။ ဘယ်လိုတွေယုတ်မာခဲ့လို့တုန်း. . .ပြောစမ်းပါဦး ''
'' ဧည့်ခန်းထဲမှာ အေးဆေးထိုင်ပြောကြရအောင်လားမမထား။ မမထားရဲ ့တူ သူဇာတို့အပေါ်မှာ ယုတ်မာခဲ့တာကို သူဇာတို့သက်သေတွေနဲ့တကွ မမထားကို ရှင်းပြပါ့မယ်။ လာ. . .သက်မာ။ အဲ့ဒီသက်သေတွေပါယူခဲ့ . . .''
ရှေးဦးစွာ ဒေါ်သူဇာက ဒေါ်ထားထားအား သူမတို့ကျ ူ းလွန်ခံခဲ့ရသည့်အဖြစ်အပျ က်မျ ားကို ပြောပြပြီး
သူမတို့ကို ကျ ူ းလွန်ခဲ့သူမှာ သူမတို့ခင်ပွန်းမျ ားနှင့် အလုံး အရပ်မတိမ်းမယိမ်းသာ ဖြစ်ပုံ
သူမတို့နှင့် နေထိုင်ချ ိန်ကြာညောင်းလှပြီး အားအင်အပြည့်ပါသောကြောင့် ငယ်ရွယ်သန်မာသူဟု ခန့်မှန်းရပုံ
ထိုသူ့ဆီမှာ ရေမွှေးနံ့ရခဲ့ပုံ
စသည်တို့ကိုပါ တစ်ခုချ င်းရှင်းပြလေသည်။
ထို့နောက် ရဲရင့်၏ အလုံးအရပ် . . .၎င်း၏ အခန်းအတွင်းမှ သူမတို့ရရှိခဲ့သော မိန်းမအဝတ်အစားမျ ား. . . . မျ က်နှာဖုံးမျ ား . . .မိတ်ကပ်ဘောက်ခ်. . .ရေမွှေးပုလင်း စသည်တို့နှင့် သူမတို့၏ အယူအဆ. . . .တွေ့ရှိသောအချ က်အလက် မျ ားပေါ်တွင်မူတည်ကာ ရဲရင့်အား မယားတရူးရူးနေသဖြင့် ညအချ ိန်တွင် သူမတို့အားလာရောက်ကြံစည်သူဖြစ်ကြောင်း စွပ်ဆွဲလေသည်။
ထိုအခါ ဒေါ်ထားထားက မျ က်နှာကြောအနည်းငယ်ပျေ ာ့သွားပြီး . . . .
'' ဟာ. . .ဒါတော့လုံးဝမဖြစ်နိုင်ဘူး။ ရဲရင့်ဟာ မယားတရူး တစ်ယောက်လုံးဝမဟုတ်ပါဘူးကွယ်။ မမထားကိုယုံပါ။ ပြီးတော့ ငါ့ညီမတွေကို ကျ ူ းလွန်တာလည်း သူလုံးဝမဟုတ်ပါဘူး။ မမထားအာမခံဝံ့ပါတယ်။ ''
ဟု ရဲရင့်ဘက်မှ ငြင်းဆန်ခြေပလေသည်။
'' သူက မယားတရူးရူးပြီး သူဇာတို့ကို ကြံစည်တာမဟုတ်ဘူးဆိုရင် ဘာလို့သူ့ရဲ ့ဆီမှာ ဟော့ဒီက မိန်းမအဝတ်အစားတွေ သိမ်းထားရတာလည်း ''
ဒေါ်သူဇာကမေးလိုက်လေရာ ဒေါ်ထားထာက စိတ်ပျ က်လက်ပျ က်အမူအရာဖြင့်
'' မမထားက အရင်ကတော့ ဒါကိုဖွင့်မပြောဘူးလို့နေတာ။ ခု မပြောလို့မဖြစ်တော့ ပြောရတော့မှာပေါ့။ တကယ်တော့ ရဲရင်က အပုန်းလေးပါကွယ် . . . .''
'' ဟင်. . .အပုန်းး ဟုတ်လားး ''
'' ဟုတ်တယ်. . .အပုန်းလေး။ ပြောရင် အခြောက်ကလေးပေါ့။ အခြောက်ဆိုတော့ အခြောက်တွေရဲ ့ထုံးစံအတိုင်း ဟိုစပ်စပ်ဒီစပ်စပ်ဝါသနာပါတယ်လေ။ ဒါကြောင့် သူက စည်းပွားရေးကော အိမ်မှုကိစ္စတွေပါ အကုန်ရနေတာ။ ''
ဒေါ်ထားထားက စားပွဲပေါ်ရှိရေမွှေးပုလင်းလေးကိုကောင်ကိုင်လိုက်ပြီး
'' ဟော့ ဒီ ရေမွှေးကလည်း သူဒီရောက်စက ဗေဒင်သွားမေးပြီး ဗေဒင်ဆြာက အဆောင်ပေးလိုက်တာ။ ကောင်လေးက အခြောက်လေးဆိုတော့ နတ်တွေ ဗေဒင်တွေကို သိပ်ဝါသနာပါတယ်လေ။ မမထားကလည်း . . .သူ့ဝါသနာပဲ လေ. . အဲ့ဒီလောက်တော့ လုပ်ပါစေ. . .ဆိုပြီး လွှတ်ပေးထားလိုက်တယ်။
အဲ့ဒီ ရေမွှေးနံ့က တိုက်တိုက်ဆိုင်ဆိုင် သူဇာတို့ကို ကျ ူ းလွန်စော်ကားသွားတဲ့ တရားခံသုံးတဲ့ ရေမွှေးနံ ့နဲ့ သွားတူနေတာပါ။
ပြီးတော့ ဟော့ဒီက မိန်းမအဝတ်အစားတွေ မျ က်နှာဖုံးတွေ မိတ်ကပ်တွေကလည်း သူပဲသုံးတာပဲလေ။ နယ်မှာဆို သူက ညဘက်တွေမှာ မိန်းမလိုဝတ် မိတ်ကပ်တွေချ ယ်ပြီး အပြင်လျေှ ာက်လည်လေ့ရှိတယ်။ တခါတလေ မျ က်နှာဖုံး ပါးပါးလေးတွေလည်း ဖုံးတတ်တယ်။ အခြောက်တွေရဲ ့အထာနေမှာပေါ့အေ . . . .''
ဟူ၍ ရှင်းပြလေသည်။
'' ဒါဆို သူ့ရည်းစား သူမျ ားနဲ့ယူသွားလို့အသဲကွဲ လာတယ်ဆိုတာကကော. . .''
မသက်မာက ကြားဖြတ်မေးလိုက်လေရာ ဒေါ်ထားထားက . . .
'' ဟုတ်တယ်လေသက်မာရဲ ့။ နယ်မှာနေတုန်းက ရဲရင့်မှာ ရည်းစားရှိတယ်။ . . .ခင်မောင်သန်း . . .တဲ့။ သူ့ကို ချူ စားနေရင်း . . .တင်မေနွဲ့. . .ဆိုတဲ့ ကလေးမတစ်ယောက်နဲ့ အိမ်ထောင်ပြု သွားလို့ ရဲရင့်က မစားနိုင်မအိပ်နိုင် အသဲ တွေကွဲပြနေတော့တာ။ အဲ့ဒါကို မမထားရဲ ့အကို သူ့အဖေက ကြည့်မရလို့ဆိုပြီး ကောင်လေးကို ဒီကိုပို့လိုက်တာပဲ။
မမထားလည်း ဒီရောက်တော့ ချေ ာ့ကာမော့နဲ့ပြောပြပြီး နားချ လိုက်တော့ ရဲရင့်ကပုံမှန်ပြန်ဖြစ်လာတယ်လေ။ ဒါပေမယ့် အခြောက် သန္ဓေကပါနေတော့ ညဘက်ဆိုရင် သူ့ရဲ့ အခန်းထဲမှာ မိန်းမလိုတွေဝတ်ပြီး အလှတွေပြင်နေတတ်တုန်းပဲ။ သူ့မြို ့သူ့ရွာမဟုတ်တော့ အိမ်အပြင်တော့မထွက်ရဲဘူးလေ။
မမလည်း အိမ်အပြင်မထွက်ဘဲ သူ့ဘာသာသူ အခန်းထဲမှာ အလှပြင်တာလောက်ကတော့ ပြင်ပါစေလေဆိုပြီး လွှတ်ထားလိုက်တော့တာ ''
ဒေါ်ထားထားက ရဲရင့်ရဲ့ အကြောင်းစုံကို စီကာပတ်ကုံးပြောပြပြီး မောပမ်းသွားဟန်ဖြင့် . . .ဟူးး ခနဲ . . .သက်ပြင်းတစ်ချ က်မှုတ်ထုတ်ကာ ရှေ ့စားပွဲပေါ်ရှိ ဖန်ရေတခေါင်းမှ ရေတစ်ခွက်ကို ငှဲ့သောက်လိုက်လေတော့သည်။
'' ဒါဆို ကျွ န်မတို့ ရဲရင့်ကို မှားပြီး စွပ်ဆွဲမိပြီ။ ကောင်လေးသနားပါတယ်။ သူ့ခမြာ အသဲကွဲနေတဲ့ အချ ိန်ကြမှ အရိုက်အနှက်ပါခံရတော့တယ် . . . .မမထားရယ် သူဇာတို့တောင်းပန်ပါတယ် ''
ဒေါ်သူဇာက မျ က်နှာမကောင်းစွာဖြင့်ပြောလိုက်လေသည်။ မသက်မာကလည်း
'' ဟုတ်ပါတယ်မမရယ်။ သက်မာလည်း တောင်းပန်ပါတယ် ''
'' ရပါတယ် ငါ့ညီမတို့ရယ်။ ငါ့ညီမတွေ ခံစားချ က်ကို မမထားကိုယ်ချ င်းစာနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ မမထားလည်း ငါ့ညီမတို့လောက် တောင်မကဘဲ ဒီထက်မက ဆိုးရွားတဲ့ အဖြစ်အပျ က်မျ ို း ကြုံ ခဲ့ဘူးလို့ပဲ ''
ဟူ၍ ဒေါ်ထားထားက ပြန်လည်ပြောကြားလိုက်လေရာ . . . ဒေါ်သူဇာကော မသက်မာ လွန်စွာအံ့သြသွားပြီး. . . .
'' မမထားလည်း ဒါမျ ို းအဖြစ်တွေကြုံ ဖူးတယ်။ ဒီထက်တောင်ဆိုးသေးတယ် .. . .ဟုတ်လား ''
ဟု သံပြို င်မေးမြန်းလိုက်ကြလေတော့သည်။
ထိုအခါ ဒေါ်ထားထားက ဝမ်းနည်းရီဝေသော မျ က်နှာဖြင့် . . . .
'' ဟုတ်ပါတယ် သူဇာတို့ရယ်။ မမဟာ အပျ ို ကြီး အမည်ခံထားပေမယ့် တကယ်တမ်းတော့ အပျ ို စင်စစ်စစ်တစ်ယောက် မဟုတ်တော့ပါဘူး။ မမ ရဲ့ဘဝဟာ ပန်းကောင်းအညွန့်ချ ို းခံလိုက်ရပါပြီကွယ်. . . .။
မမလည်း အရမ်းရှက်တာနဲ့ ဒီကိစ္စတွေကို ဘယ်သူ့မှပေးမသိဘဲ မမရဲ ့ရင်ထဲမှာပဲမြို သိပ်ထားခဲ့တာပါ။ ခုလို ငါ့ညီမတွေမှာပါ ဒီလို ပြသနာကြီးတက်ပြီဆိုတော့ မမလည်း မမတွေ ့ကြုံ ရခဲ့သမျှ ကို ဖွင့်ပြောပြဖို့ အချ ိန်တန်ပြီလေ. . . .။
ဘာလို့လဲဆိုတော့ ညီမလေးတို့ မမကို ပြောပြတဲ့ အချ က်အလက်တွေအရဆိုရင် တရားခံဟာ တစ်ယောက်တည်းဖြစ်နိုင်တယ်။ ညီမလေးတို့ကို ကျ ူ းလွန်ခဲ့တဲ့ လူနဲ့ မမနဲ့တွေ ့ကြုံ ခဲ့ရတဲ့လူဟာ တစ်ယောက်တည်းပဲဖြစ်ဖို့မျ ားတယ်။
မမကတော့ လွန်ခဲ့တဲ့ လေးလလောက်ကတည်းက အဲ့ဒီလူနဲ့ ဆုံတွေ့နေခဲ့ရတာပါ။ အဖြစ်အပျ က်ကတော့. . . . .''
ဒေါ်ထားထား က ၎င်း ကြုံ တွေ့ခဲ့သမျှ အဖြစ်အပျ က် အဆိုးအကောင်းတို့ကို ဒေါ်သူဇာတို့နှစ်ဦးအား တစိမ့်စိမ့် ဖောက်သည်ချ နေတော့လေသည်။ ဒေါ်သူဇာနှင့် မသက်မာတို့ကလည်း ဒေါ်ထားထားပြောသမျှ ကို စိတ်ဝင်တစား နားထောင်နေကြလေတော့၏။
ဆက်ရန်
အမြင့်ကြောက်သော ငှက်