အမြင့်ကြောက်သော ငှက်
သီတင်းကျွတ် . သူများရွှေဆိုင်တွေ ရောင်းနေရသော်လည်း မိဘကစည်းပွားခွဲပေးလိုက်တာမို့ အခုမှ စဖွင့်ရရှာတဲ့ ကျွ န်တော့်ရဲရွှေဆိုင်လေးမှာမူ ဝယ်သူမဆိုထားဘိ အလှူ ခံတောင်မလာပေ။ တစ်နေ့မှာ အခြားဆိုင်တွေ ရောင်းဝယ်ဖောက်ကားနေတာကို ပျင်းရိငြီးငွေ့ခြင်းများစွာဖြင့် ကျွန်တော်ကြည့်နေခိုက် အသက် ၄၀ . .၄၅ ခန့် အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူကြီးတစ်ယောက် ကျွန်တော့်ဆိုင်သို့ စိုက်စိုက်မြိုက်မြိုက်ဝင်လာတော့တယ်။ ထိုလူကြီးက ကျွန်တော့်ကို တွေ့တွေ့ခြင်း
'' ဆွဲကြိုး ၅ ကျ ပ်သား အပ်ချင်လို့ ကွ . . ''
လို့ လှမ်းပြောလေရဲ့။
'' အလုပ်မဖြစ်တော့လည်း မဖြစ်ဘူး။ ဖြစ်တော့လည်း ငါးကျပ်သားဆွဲကြိုးတောင် အပ်မယ့်သူတန်းဝင်လာတာပါလား ''
ဆိုတဲ့အတွေးနဲ့ ကျွန်တော်ရဲ့ မျ က်နှာလည်းချက်ခြင်းပြုံးရွှင်သွားပြီး ထိုလူကြီးကို ပြူငှါယဉ်ကျေးစွာ ကြိုဆိုလျှက် နေရထိုင်ခင်းပေးလိုက်တော့တာပေါ့။
ဒါပေမယ့် တကယ်တမ်းပြောဆိုကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဆြာကြီးက ဦးနှောက်မမှန်တဲ့ စိတ်ဝေဒနာရှင်ကြီးမှန်း ကျွန်တော်သိလိုက်ရတယ်။ သူကိုယ်သူ မိတ်ဆက်တာက ဦးသူရ တဲ့။ ကျန်တဲ့ စကားတွေကတော့ အမြီးအမောက်မတည့် ဂယောက်ဂယက်တွေ။
ကျွန်တော်လည်း . . . သားသားနားနား ခန့်ခန့်ငြားငြားကြီးနဲ့ ဘယ်အတွက် ဒီလူကြီး စိတ်ရောဂါရနေတယ်ဆိုတာ စိတ်ဝင်စားမိတာနဲ့ ချက်ခြင်းမောင်းမထုတ်သေးဘဲ အနည်းအပါးမေမြန်းစပ်စုကြည့်လိုက်တော့ ထိုသူကြီးက ကျွန်တော့်ကို
'' ငါ့တူကြီးကို ဦးလေးက တူလိုသားလိုသဘောထားလို့ ပြောပြရဦးမယ်. . .''
လို့ စကားအစပြု လိုက်ပြီး ရှေ့ဖော်ပြပါ ဇာတ်လမ်းကို ကျကျ နန ပြောပြနေတော့တာ။ လူကြီးရဲ့စကားဆုံးသွားတော့ ကျွန်တော်လည်း အံ့သြတကြီးနဲ့ သူ့ကိုပြန်မေးလိုက်တယ်။
'' ဒါဆို လေးလေးက ရွှေရတီ့ရဲ့ အရင်ရည်းစား သူရအောင်ပေါ့ ''
'' ဟုတ်တယ် ။ ဦးလေးက သူရအောင်ပဲ ''
'' နေပါဦး . . လေးလေးက ဘာလို့ဒီဇာတ်လမ်းကို ခရေစိတွင်းကျ သိနေရတာလည်း ''
'' သိတာပေါ့ကွာ . . .ငါအသက်မက ချစ်ခဲ့ရတဲ့ ငါ့ချစ်သူရွှေရတီရဲ့ ဇာတ်လမ်းပဲ။ ကို စိုင်းတံခွန် ငါ့ကိုလာတွေ့ကတည်းက သူ့ဝိဉာဉ် ပြန်ရောက်နေတယ်ဆိုတာကြားပြီး ငါစိတ်ဝင်စားနေခဲ့တာ။ နောက် အဲ့ဒီအိမ်မှာ ပြည့်စုံအောင်လည်းသေ ရယ်ဒီကျော်လည်း အဖမ်းခံရ စသဖြင့် ကိစ္စတွေ ရုပ်ရုပ် ရုပ်ရုပ်ဖြစ်တော့ ငါလည်း သိချင်လွန်းပြီး ဇွန်သူဝင်းကို ဝင်မေးကြည့်လိုက်တော့တာပေါ့ ''
'' သြော် . . ဒီလိုကိုးးး။ ဒါနဲ့ လေးလေး ဘာလို့ ဟိန်းသူကို ဝင်ဝင်ထိုးနေတာလည်း ''
'' အဲ့ကောင်ကို သောက်မြင်ကပ်လို့ကွ။ ကိုစိုင်းတံခွန် အစစ်ကိုတောင် ငါဒီလောက်အမြင်မကပ်ဘူး။ ဒါပေမယ့် ဒင်းကိုတော့ ဘယ်ဘဝကရေစက်ဆိုးရယ်ကြောင့်မသိဘူး အတော်ကို ကြည့်မရတာ ''
'' တစ်ခုရှိသေးတယ် . . .စောစောက လေးလေးပြောသွားတဲ့ ဇာတ်လမ်းမှာ ရွှေရတီကို ကြံစည်တဲ့အထဲ ပြည့်စုံအောင်တင်မဟုတ်ဘဲ အခြားတစ်ယောက်ပါ ပါသေးတယ်ဆို။ အဲ့ဒီသူကော ခုထက်ထိ မပေါ်သေးဘူးလား။ လေးလေးကကော မစုံစမ်းဘူးလား ''
ဝေယံ့ရဲ့အမေးကို လူကြီးက တစ်ချက်ပြုံးလိုက်တယ်။ ပြီးတော့မှ
'' ရွှေရတီကို ယုတ်မာခဲ့ကြတာက သုံးယောက်ကွ။ နှစ်ယောက်က ပေါင်းကြံတဲ့ သူတွေပေါ့ကွာ။ ကျန်တဲ့တစ်ယောက်က အချောင်လိုက်လာတာ . . .ပြည့်စုံအောင်ရဲ့ တပည့် မြစ်ဝကျွန်းပေါ်သား။ အဲ့ဒီကောင်က လှေမှောက်လို့ မသာပေါ်သွားတယ်။
ပေါင်းကြံတဲ့ သူနှစ်ယောက်ထဲမှာ . . .ပြည့်စုံအောင်က ရယ်ဒီကျော် ဇွန်သူဝင်းကိုအသတ် ရှေ့ကနေ ဓားစာဝင်ခံလို့ သေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ခုထက်ထိ လွတ်မြောက်နေသေးတာပေါ့။ ဒါပေမယ့် အဲ့ဒီတရားခံကို ဦးလေး ရှာစရာမလိုပါဘူး။
ငါ့တူကြီးပဲ စဉ်းစားကြည့်လေ . . ကိုယ့်ရှေ့မှာ အခြားနာမည်ကြီး မင်းသားတစ်ယောက်နဲ့ သွာကုန်းဖို့ တွင်တွင်ကြိုးစားနေတဲ့ တားမရဆီးမရ ချစ်သူတစ်ယောက်ကို ဘယ်ယောကျ်ားလေးက သည်းခံပြီး ဒီအတိုင်းထိုင်ကြည့်နေလိမ့်မယ်လို့ မင်းထင်သလဲ။ ပြည့်စုံအောင်က ဇွန်သူဝင်းအတွက် စဉ်းစားတယ် . . ငါက ငါနဲ့ ရွှေရတီ ရဲ့ အနာဂါတ်အရေးအတွက် စဉ်းစားတယ်လေ။ တို့နှစ်ယောက်ပေါင်းမိခဲ့တာ မဆန်းပါဘူး။ နောက်တော့မှ ငါသောက်မြင်ကတ်နေတဲ့ ဟိန်းသူဘက်ကို လွှဲချလိုက်တော့တာပေါ့ . . .ဟားး ဟားး ငါ့အကြံမပိုင်ဘူးလား။ ''
လူကြီးက ပြောလည်းပြော သူစကားသူလည်း အရမ်းသဘောကျ ပြီး တ ဟား ဟား ရယ်မောလို့ ကျွ န်တော့်ရဲ့ဆိုင်ထဲကနေ ထွက်ခွာသွားပါတော့တယ်။
ကျွန်တော်လည်း ခေါင်းကိုတွင်တွင်ခါရင်း ကျန်ရစ်ခဲ့တော့တာပေါ့။
တပါတ်လောက်ကြာတဲ့အခါ မနက်ပိုင်း ဆိုင်မဖွင့်မှီ ကမ်းနားလမ်းတလျှောက် ကျွန်တော် လမ်းလျှောက်ဖြစ်ခဲ့တယ်။ တစ်နေရာအရောက် လူတွေအုံနေကြလို့ ဝင်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ လူတစ်ယောက် ရေတွေရွှဲပြီး ပက်လက်ကြီးလဲလျှက်။ ဘေးနားက လူတွေ ပြောသံကြားတာကတော့ သေပြီဆိုပဲ။ ကျွန်တော်လည်း သေခြာအောင်ထပ်ကြည့်လိုက်တော့ . .ဟိုတစ်နေ့က ကျွန်တော့်ဆိုင်ကိုဝင်လာတဲ့ ဦးသူရ ကြီးဖြစ်နေပါလေကော။
ကျွန်တော် အတော်လေးစိတ်မကောင်းဖြစ်သွားသလို အတော်လေးလည်း တုန်လှုပ်မိသွားတယ်။ အဲ့ဒီနောက်တော့ သဗ္ဗေသင်္ခါရ အနိစ္စ လို့ပဲ တရားနှလုံးသွင်းပြီး အိမ်ကိုဖြေးဖြေးခြင်း လျှောက်ခဲ့လိုက်တော့တာပေါ့။
'' ဘုတ် . . .''
ဆိုင်ပုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်တာမို့ ငိုက်နေတဲ့ ကျွန်တော် လန့်နိုးသွားတယ်။ ကြည့်လိုက်တော့ ဦးသူရကြီးလိုပဲ အသက် ၄၀ . . ၄၅ နှစ်ခန့်ရှိတဲ့ လူကြီးတစ်ယောက်။ လူပုံက အတော်ကိုသန့်သန့် ခန့်ခန့်။ သူဌေးဆိုတာထက်ကို ပိုပြောလို့ရတယ်။ အသက်ကြီးပေမယ့် ဗိုက်ရွှဲအဝလွန်တာမျိုးလည်း မရှိ။ ခန္ဓာကိုယ်က တောင့်တောင့်ဖြောင့်ဖြောင့်။
ဘေးမှာက အသက် ၂၀ ဝန်ကျ င်ရှိတဲ့ မိန်းမချောတစ်ယောက်လည်းပါလာလေရဲ့။ မိန်းကလေးကလည်း ချောတာမှ အတော့်ကိုချောတာ။ ဆံပင်ရှည်ရှည်နက်နက်မှောင်မှောင် မသွယ်လွန်းမဝိုင်းလွန်းတဲ့မျက်နှာကျ ဖြူ ဖွေးလှပတဲ့ အသားအရေ မို့မောက်တဲ့ရင် သိပ်တဲ့ခါး လုံးဝိုင်းဖွံ့ထွားတဲ့ တင် တို့နဲ့ယဉ်ချင်တိုသ်းယဉ် လှချင်တိုင်းကို လှနေရှာတော့တာ။
လူကြီးက ကောင်မလေးရဲ့လက်ကို ဆွဲထားရင်း ကျွ န်တော့်ကို
'' ဒီမှာ ငါ့ညီ . . စိန်လက်စွပ် ပုံစံတူနှစ်ကွင်း လုပ်ချင်လို့ကွ။ စိန်ကောင်းကောင်းဖွေးဖွေး ရွှေရည်လည်းမှီမှီ ။ ပိုင်ဆံက ကုန်ချင်သလောက်ကုန်ပါစေကွာ ရပါတယ်။
အမှန် အကိုက မင်းမိဘတွေရဲ့ ဆိုင်ကြီးမှာလုပ်နေ့ကြ။ ဒီလို ဆိုင်လေးတွေ တစ်ခါမှ မလုပ်ဖူးဘူးကွ။ ဒါပေမယ့် ဒီနေ့ မင်း မိဘတွေက သီတင်းကျွတ်လပြည်ကျော် တစ်ရက်နေ့မို့ ဆိုင်ပိတ်ထားတယ် တဲ့။ အဲ့ဒါ အစောင့်ကောင်မလေး ဒီကို ညွှန်လိုက်လို့ ကိုတို့လည်း မင်းဆီမှာ အားပေးဖို့ လာခဲ့တာပဲ ''
လို့ဖော်ဖော်ရွေရွေ ပြောပြလေရဲ့။ ကျွန်တော်လည်း
'' အင်းလူကြီးကလည်း သန့်သန့် ဖြောင့်ဖြောင့် ဆော်လေးကလည်း တောင့်တောင့်ချောချော မဟုတ်မှလွဲရော ဒီလူကြီးရဲ့ သမီးလေးဖြစ်ဖို့ များတယ်။ သမီးလေး မင်္ဂလာဆောင်မှာမို့ သူ့အဖေက သူ့စိတ်တိုင်းကြ မင်္ဂလာလက်စွပ် လာအပ်ပေးဖြစ်ရမယ် ''
လို့တွေးလိုက်ပြီး ပစ္စည်းအတွက် စိတ်ချ ဖို့အကြောင်း . . . ပစ္စည်းမှန်မှန်ကို ဈေးနှုန်ချိုသာစွာနဲ့ လုပ်ပေးမှာဖြစ်ကြောင်း . . ဖေဖေမေမေတို့နဲ့ခွဲဖွင့်တယ်ဆိုပေမယ့် အရာအားလုံးကို ဖေဖေမေမေတို့ရဲ့ စံနှုန်းနဲ့ပဲ သွားတဲ့အကြောင်း . . .စသဖြင့် ရှင်းပြလိုက်ပြီး ကောင်မလေးရဲ့ လက်ကိုလက်တိုင်းယူလိုက်တော့တယ်။
အဲ့ဒီနောက် ကျွန်တော်က လူကြီးရဲ့ဘက်ကိုလှည့်ပြီး
'' မိန်းကလေနဲ့ လက်ထပ်မယ့် အမျိုးသားရဲ့လက်တိုင်းကို အကိုကြီး မှတ်လာခဲ့သေးလား ''
လို့ မေးလိုက်တော့ ထိုသူ့မျက်နှာမှာ အပြုံးယောင်သမ်းသွားပြီး
'' သူနဲ့ လက်ထပ်မှာက ကိုလေကွာ . . .ကို့ရဲ့လက်တိုင်းသာယူထားလိုက်တော့ ''
လို့ သူလက်ကို ထိုးပေးပါလေကော။ ကျွန်တော်လည်း အဲဒီ့လူရဲ့ လက်တိုင်းကိုပဲ တအံ့တသြနဲ့ ယူထားလိုက်ရတော့တာပေါ့။
လက်တိုင်းပေးနေရင်လူကြီးက ကျွန်တော့်ကို စကားဆိုပြန်တယ်။
'' ဘာလည်း . . .ငါ့ညီက အကိုကြီးနဲ့ ဒီကညီမ အသက်အရမ်းကွာလို့ အံ့သြနေတာလား။ မအံ့သြပါနဲ့ကွာ . . . တကယ်တော့ အချ စ်မှာ အသက်အရွယ်အပိုင်းအခြား အချိန်ကာလ အကန့်အသတ်တွေ မရှိဘူးကွ။ အဲ့ဒါကို အချစ်လို့ခေါ်တယ်။ မင်းချစ်ဖူးတဲ့ တနေ့ကျ ရင် သိမှာပေါ့ ငါ့ညီရယ် ''
ကျွန်တော်လည်း ထိုလူကြီးရဲ့စကားကို ထောက်ခံတဲ့အနနဲ့ '' ဟုတ်ကဲ့ ကိုကြီး . . . ဆိုပြီး ခေါင်းငြိမ့်ပြလိုက်တော့တယ်။
အဲ့ဒီနောက် လူကြီးက
'' ဒီမှာ ငါ့ညီ . . .လက်စွပ်တွေမှာ အကိုတို့နှစ်ယောက်ရဲ့ နာမည်လေးတွေ ထိုးပေးလို့ရမလား ''
လို့ ကျွန်တော့်ကို မေးမြန်းပြန်တယ်။ ကျွန်တော်လည်း ရကြောင်း . . . ကျွမ်းကျင်တဲ့ ပန်းထိမ်ဆြာကို သေခြာ လှလှပပ ရေးခိုင်းပေးမှာဖြစ်ကြောင်း ကတိပေးလိုက်တော့ လူကြီးက ဝမ်းသာအားရနဲ့ သူတို့ရဲ့ နာမည်တွေကို အောက်ပါအတိုင်း ပြောပြလိုက်ပါတော့တယ် . . . ။
'' မိန်းကလေးစွပ်မယ့် အကွင်းမှာ ဝေယံ လို့ရေးကွာ . . .
ယောကျ်ားလေးဖို့ အကွင်းမှာတော့ ရွှေရတီလို့ ရေး . . .ဟုတ်ပြီလား။ သေခြာလည်း မှတ်ထားပေးဦးနော် . . . .''
သူ့စကားကို ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ဘဲ လက်ထဲက လက်စွပ်ကွင်းတိုင်းကြီးလည်း ဘုတ်ခနဲ လွတ်ကျ သွားပါတော့တယ်။
ပြီးပါပြီ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့
ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေ . . . .
အမြင့်ကြောက်သော ငှက်