ပြည်တန်ဆာ့ ဂုဏ် အပိုင်း ၅





ခုတစ်ခါတွင်တော့ သက်အောင်က ပန်းရောင်ဝတ်ဆင်ထားသည့် အကျၤ ီလည်ပင်းပေါက်မှ သူမ၏ရင်နှစ်မွှာဖွေးဖွေးမို့မို့မျ ား အစ်ထွက်လာသည်အထိကို တင်းနေအောင်ဆွဲဖက်ပြစ်လိုက်လေတော့၏။



အနမ်းမျ ား. . . ကြင်နာမှု အပြည့်ဖြင့် တရှိုက်မတ်မတ် အနမ်းမျ ား။



တပြွတ်ပြွတ် တဗြွတ်ဗြွတ် အသံမျ ားထွက်အောင်ကိုပင် အတော် အားပြင်းပြင်း အပြန်အလှန် ရှိုက်နမ်းကြရင်း . . ချ က်ခြင်း လွတ်ထွက် ပျေ ာက်ဆုံးသွားတော့မည့်အလား တစ်ဦး၏ ခန္ဓာကိုယ်ကို တစ်ဦးက ပွတ်သပ် ကိုင်တွယ်ကြပြန်သည်။



သက်အောင်က ပန်းရောင်၏ ကျေ ာပြင်စင်းစင်း ခါးသိမ်သိမ်ချ ို င့်ချ ို င့် ထိုမှတဆင့် ဝိုင်းဆက်ပြည့်တင်းသော တင်သားဆိုင်နှစ်ခု . . .



ပန်းရောင်က သက်အောင်၏ ဦးခေါင်းနောက်ပိုင်း ပုခုံးနှစ်ဖက်နှင့် ကျေ ာပြင်ကျ ယ်ကျ ယ် . . . .



နှစ်ဦးစလုံး အသက်ရှူ သံမျ ား တဟူးဟူး တဟဲဟဲ ပြင်းထန် မြန်ဆန်နေကြလေသည်။



ရင်တွေ တဒိန်းဒိန်းခုန်နေကြလေသည်။



အနမ်းမိုးကြမ်းကြမ်းမျ ားကို အတော်ကြာသည်အထိ အားရအောင်ရွာသွန်းပြီသောအခါ ပန်းရောင်က ဦးစွာ သတိဝင်လာပြီး သက်အောင်၏ ရင်ခွင်ထဲမှ အသာရုန်းထွက်လျှ က် ရှက်ပြုံ းလှလှလေးပြုံ းကာ ချ စ်အရှိန်သတ်ဖို့ရာ စကားဆိုလေ၏။



'' ရုံးခန်းထဲမှာ မတော်ပါဘူး အကိုရယ် . . ပြီး ပြီးတော့ ''



'' ပြီးတော့ ဘာဖြစ်လဲ . .ပန်းရောင်ရဲ့ ''



'' ပန်းရောင်က ခုဆိုရင် အရင်လို မိန်းမပျ က်တစ်ယောက် မဟုတ်တော့ဘူးလေ။ ဆေးလုပ်ငန်းပိုင်ရှင် သူဌေးကိုသက်အောင်ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်နေပြီမဟုတ်လား။



ပန်းရောင်တစ်ခါက အကို့ကို ပြောခဲ့ဖူးပါတယ်။ ပန်းရောင်သာတကယ်ပြောင်းလည်းမယ်ဆိုရင် အကို့ကိုလည်း ဒီလို အခွင့်အရေးတွေ ပေးချ င်မှ ပေးနိုင်တော့မယ်ဆိုတာကိုလေ။ ပန်းရောင်ရဲ့ဂုဏ် ပန်းရောင်ရဲ့ အိနြေ္ဒ ပန်းရောင်သူဌေးရဲ့ဂုဏ် ပန်းရောင်သူဌေးရဲ့ အိနြေ္ဒ အဲ့တာတွေအကုန်လုံးကို ပန်းရောင်ထိန်းပါရစေလားရှင် . . . .''



'' သြော် . . ပန်းရောင်ရယ် . . . ''



ပန်းရောင်နှင့်ပတ်သက်၍ သက်အောင် မတင်မကျ ဖြစ်နေသည့် အကြောင်းအရာတစ်ခုရှိလေသည်။



ပန်းရောင်သည် မိခင်ဖြစ်သူရဲ့ နှလုံးရောဂါအခြေအနေကြောင့် မိခင်နှင့် သက်အောင်အား ပေးမဆုံချ င်ဟု သူမကိုယ်တိုင်တစ်ခါပြောဖူးလေ၏။ ဤသို့သော အဖြစ်မျ ို းအဘယ်အတွက် ရှိနေရသနည်း။ မည်သည့်အကြောင်းအရင်းမျ ားကြောင့် သူနှင့် ပန်းရောင်၏ မိခင့် နှလုံးရောဂါ ဆက်စပ်နေရသနည်း။ ထိုမေးခွန်းမျ ားကို တွေးတောရင်း သက်အောင်စိတ်ထဲ၌ . . ပန်းရောင် သူ့အား ထိန်ချ န်ဝှက်ကွယ်ထားသည့် ပုစ္ဆာတစ်ရပ် ရှိနေလိမ့်ဦးမည် . .ဟု ထင်မြင် ယူဆမိလေသည်။



ပန်းရောင်သည် သူနှင့် ငယ်စဉ်ကတည်းက ကွဲကွာ သွားခဲ့ရသည့် ခိုင်ဖြူ လေးပင် အမှန်ဖြစ်နေသည်လော။ သူမကတော့ ယခုထက်ထိ ဝန်မခံသေးဘဲ တွင်တွင်သာငြင်းလျှ က်။ ထိုကဲ့သို့ ငြင်းမည်ဆိုလည်း ငြင်းလောက်သည့် နာကြည်းစရာမျ ား သူမတို့ထံတွင် ရှိနေသည်မဟုတ်ပါလား။



အလုပ်လျေှ ာက်လွှာ တင်စရာမလိုဘဲ ပန်းရောင်ကို အလုပ်ခန့်ခဲ့သဖြင့် သူမ၏ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်မျ ားမှ လွဲ၍ ကျ န်သည့် ဘိုင်အိုဂရပ်ဖီမျ ားကို မသိရခြင်းကလည်း သက်အောင်အတွက် အခက်ကြုံ စေတော့၏။



ထို့ကြောင့် သက်အောင်လည်း အချ ိန်ရရင်ရသလို ပန်းရောင်၏ အသွားအလာအနေအထိုင်မျ ားကို သတိထားစောင့်ကြည့်နေခဲ့လေသည်။ ညနေ ရုံးဆင်းချ ိန်နောက်ပိုင်းတွင် သူမတို့နေထိုင်ရာ ဆီသို့ အနည်းဆုံးတစ်ခေါက်တော့ ကားဖြင့်ပတ်ကြည့်ဖြစ်လေ၏။



အနှီလုပ်ရပ်တွင်တော့ သူမ၏ အကြောင်းစုံစမ်းလိုခြင်းအပြင် သူမကို အချ ိန်ပြည့် မြင်တွေ့နေလိုခြင်းကလည်း ပါဝင်စွက်ဖက်နေကြောင်း သက်အောင် ဝန်ခံရပေမည်။ သို့သော် ပန်းရောင်က သူမ၏မိခင်ဖြစ်သူနှင့် သူ့အား မျ က်နှာချ င်းမဆိုင်လိုသေးဟု သက်အောင်နားလည်ထားသောကြောင့် အိမ်ထဲအထိ ဝင်ရောက်တွေ့ဆုံခြင်းမျ ို း မပြု ဘဲ ခပ်လှမ်းလှမ်းမှသာ ကားမောင်း၍ ပတ်ပြန်ဖြစ်လေသည်။

.

.

.

ကျ န်းမာရေးချ ူ ခြာလွန်သူ လက်ထောက်မန်နေဂျ ာ ကိုဇော်ထက်သည် တစ်နှစ်ကျေ ာ်ခန့် အနားယူကာ ကြပ်ကြပ်မတ်မတ် ဆေးဝါးကုသပြီးနောက် ကံအားလျေှ ာ်စွာ ပြန်လည်ကျ န်းမာလာပြီး ခွင့်ပြန်ဝင်နိုင်ရှာလေ၏။ သက်အောင်လည်း ကိုဇော်ထက် ခွင့်ပြန်ဝင်သောအခါ ကူဖော်လောင်ဖက်အင်အားတောင့်သွားသဖြင့် အလုပ်သက်သာသွားပြီး ညစဉ် ရုံး၌အိပ်စရာမလိုတော့။



ကိုသန့်ဇင်ရှာပေးထားသော ရှစ်မိုင်က အိမ်ကြီးသို့ လွန်ခဲ့သည့်တပတ်မှ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ပြီး တစ်ပါတ်လျှ င် သုံးလေး ညမျှ ပြန်လည်အိပ်စက်ခွင့်ရခဲ့လေသည်။ အနှီအိမ်တွင် လက်တို့လက်တောင်း အဖြစ် နယ်မှ ဆွေမျ ို းနီးစပ်တော်သူ ဖိုးသဲ ဟုအမည်ရသော အသက် ၂၄ ခန့်ကောင်လေးတစ်ဦးနှင့် မာလီထမင်းချ က်အလုပ်အတွက် ယုံကြည်စိတ်ချ ရသည့် ဦးသိန်းနှင့် ဒေါ်ငြိမ်း ဟူသော ဦးကြီးဒေါ်ကြီး လင်မယားနှစ်ယောက်ကို သက်အောင် ခေါ်ယူခန့်ထားခဲ့လေသည်။



ထို့နောက် ညပိုင်း အားလပ်ချ ိန်ပိုထွက်လာသော သက်အောင်သည် ဖိုးသဲကို အဖော်အဖြစ်ခေါ်ယူလျှ က် ပန်းရောင်တို့ အိမ်ဘက်သို့ တဝဲလည်လည် လုပ်ကောင်းနေလေတော့၏။

.

.

.

တစ်ညနေတွင် သက်အောင်သည် ရုံးဆင်း အိမ်ပြန် ရေချ ို းပြီး ရှို းစမိုးထုတ်ကာ တပည့်ကျေ ာ်ဖိုးသဲကို ခေါ်လျှ က် ပန်းရောင်တို့ရပ်ကွက်သို့ထွက်ခဲ့လိုက်လေသည်။ ပန်းရောင်အိမ်ရှေ့ရောက်သောအခါ သူမကို မတွေ့ရဘဲ သူမတို့နေထိုင်သော ပထမထပ် မီးလင်းနေသည်ကိုသာ တွေ့မြင်ရ၍ တိုက်အောက်တွင် ခေတ္တမျှ ကားရပ်ပြီး အခြေအနေအကဲခတ်ဖြစ်ကြလေ၏။



'' အိမ်မှာရှိမှာပါ ဆြာရဲ့။ အခန်းလည်းမီးလင်းနေတာပဲ ''



'' အေးလေ . . ဟုတ်မှာပါ။ သူလည်း ရုံးမှာ အလုပ်ပင်ပမ်းထားသမျှ ရေမိုးချ ို းပြီး နားကရောပေါ့။ ငါကသာ သူ့ကို အမြဲတွေ့ချ င်နေလို့ လျေှ ာက်ပြန်သံပေးလုပ်နေမိတာ ''



'' ဒါဆိုလည်း ဆြာရယ် . . ဒုက္ခခံမနေပါနဲ့ ကိုယ့်ရဲ့ဝန်ထမ်းပဲ။ ပြီးတော့ ကိုယ်နဲ့လည်း ခင်နေတာပဲ။ ဖုန်းဆက်ခေါ်ပြီး တစ်နေရာရာသွားကြပေါ့။ ကျ တော် ဘစ်ကားနဲ့ပြန်လိုက်ပါ့မယ် ''



'' ဒီလိုလုပ်လို့ မဖြစ်ဘူး ငသဲရဲ့။ ခုဟာက အလုပ်ချိန် ပြင်ပမဟုတ်လား။ ''



'' သြော် ဆြာရယ် . .ကျ တော်တို့ ခုနေနေတဲ့ အိမ်ကြီး အိမ်တက်လုပ်တုန်းကတောင် မပန်းရောင်ပဲ အစစအရာရာ ဦးစီးပြီး စီစဉ်သွားတာမဟုတ်လား။ မပန်းရောင်က ဆြာ့ကို အလုပ်ကိစ္စတင်မဟုတ်ဘဲ ပုဂ္ဂို လ်ရေးအရလည်း ခင်ပါတယ် ဆြာရဲ့။ ''



'' ပုဂ္ဂို လ်ရေးအရ ခင်တာက ခင်တာပဲလေ။ ဟိုဟာက မနက်ပိုင်း အလှူ အတန်းလုပ်ပြီး ဘုန်းကြီးဆွမ်းကပ်တာ။ ခုဟာက ညပိုင်း ငါ့ဘာငါ မနေနိုင်မထိုင်နိုင်တွေ့ချ င်နေတာ။ သူ့ကို ဖုန်းဆက်ခေါ်လို့သင့်မလား။ သူ့ရဲ့ ဂုဏ်သိက္ခာက ရှိသေးတယ်။ တော်ကြာ ဘေးပတ်ဝန်းကျ င်က . . ဒီ မိန်းကလေးကို သူ့သူဌေးက ညတွေဆို ကားနဲ့လာ လာခေါ်သွားတယ် . . လို့မြင်ရင် မခက်ဘူးလား ''



'' ဒါဆို အိမ်ထဲဝင်တွေ့ကြရအောင်။ သူဌေးလာတာဆိုတော့ သူလည်း လက်ဖက်ကလေးဘာလေးနဲ့ ဧည့်ခံမှာပါ။ ကျ တော်လည်း လက်ဖက်သုပ်စားရတာပေါ့ ဟဲ ဟဲ ''



'' ငလူးမသားရယ် ငတ်ကြီးကကျ နေသေးတယ်။ အိမ်ထဲကို ဝင်တွေ့လို့ မရတဲ့ အကြောင်းတွေရှိလို့ပေါ့။ မဟုတ်ရင် ငါက ဝင်တွေ့ပြီးနေပြီ။ မင်းအပြောတောင်မစောင့်ဘူး။ အိမ်ကြမှ လေနာထပြီး သေသည်အထိ လဖက်ကိုသုတ်စား။ မင်းကို လက်ဖက်သား ပိသာလိုက်ဝယ်ပေးထားမယ်။ ဟုတ်ပြီလား။ ခုတော့ ပြန်ကြစို့ ''



ဆြာတပည့်နှစ်ယောက် အပြန်အလှန်စကားပြောကြပြီး အိမ်မပြန်ခင် ကားပြတင်းပေါက်မှ ခေါင်းထုတ်ကာ ပန်းရောင်တို့ အခန်းဆီသို့ သက်အောင် တစ်ချ က်မော့ကြည့်လိုက်လေသည်။



ထိုစဉ် ပန်းရောင်တို့ အခန်းဝရံတာမှ အသက် ၆၀ ဝန်းကျ င် အသားဖြူ ဖြူ အမျ ို းသမီးကြီး တစ်ဦးထွက်လာကာ သက်အောင်နှင့် အကြည့်ချ င်းဆုံလေတော့၏။ ခန္ဓာကိုယ်ပိန်ခြောက်ခြောက်နှင့် မျ က်ချေ ာင်မျ ားကြပြီး ကျ န်းမာရောင်းကောင်းပုံမရသော ထိုအမျ ို းသမီးကြီးသည် ပန်းရောင်၏ မိခင်ဆိုသူ ဖြစ်ဟန်တူလေသည်။ သူမသည် ယခုအချ ိန်၌ ဇယာထောက်လို့ ရောဂါဘယဖိဆီး၍ အိုမင်းမစွမ်းဖြစ်နေသော်လည်း ငယ်စဉ်အခါတွင် ရုပ်ရည်ရူပကာ တင့်တယ်ပြေပြစ်မည့် မိန်းမချေ ာကြီး တစ်ဦးဖြစ်ခဲ့ကြောင်း မြင်ရုံဖြင့်ပင် သိသာပေ၏။



ိုထို့အပြင် အနှီအမျ ို းသမီးကြီးအား ရင်းရင်းနီးနီးတွေ့မြင် ဖူးသည်ဟု သက်အောင်ခံစားရလေ၏။ အမျ ို းသမီးကြီးကလည်း သက်အောင်အား အံ့သြဟန်ဖြင့် သေသေခြာခြာ စိုက်ကြည့်နေလေသည်။ ဤကဲ့သို့ အတော်ကြာကြာ တစ်ယောက်တပြန် ကြည့်နေပြီးကာမှ အမျ ို းသမီးကြီးက ဦးစွာ မျ က်နှာလွှဲကာ အိမ်ထဲသို့ ပြန်ဝင်သွားလေ၏။



သက်အောင်လည်း ကားမောင်းထွက်ခဲ့လိုက်လေတော့သည်။



'' အင်းး . . ခိုင်ဖြူ ရဲ့ မေမေ ဒေါ်လေးမေ နဲ့ အတော်ကိုဆင်ပါလား။ ဟိုတုန်း ငါက ငယ်သေးလို့ သိပ်မမှတ်မိတာနဲ့ ခု အဖွားကြီးက အသက်ရလာပြီး ရုပ်ကြသွားတာနဲ့ မို့သာ သေသေခြာခြာ မပြောနိုင်တာ။ ငါ့စိတ်ထဲတော့ ဒေါ်လေးမေ လို့ပဲထင်မိတယ်။



ပန်းရောင်ရယ် . .'မင်းဟာ ခိုင်ဖြူ ဆိုရင်လည်း ငါ့ကို ပွင့်ပွင့်လင်းလင် ပြောပါလားကွာ။ မင်းတို့ မိသားစုအပေါ်မှာ တင်နေတဲ့ အကြွေးကို ငါပြန်ဆပ်ပါရစေတော့ . . . . ''



သက်အောင်၏ စိတ်ထဲတွင် အတွေးပေါင်းမျ ားစွာ။ စကားလုံးပေါင်းမျ ားစွာ ဖြင့် ။

.

.

သက်အောင် ဖိုးသဲနှင့်လည်း စကားမပြောဖြစ်တော့ဘဲ ကားကိုမောင်းထွက်ခဲ့လေတော့သည်။



ပန်းရောင်တို့အိမ်နှင့်မလှမ်းမကမ်း လမ်းဒေါင့်တစ်နေရာသို့အရောက်တွင် ပန်းရောင်နှင့် အမျ ို းသားသုံးဦး ရပ်လျှ က်သား စကားပြောဆိုနေကြသည်ကို ကားမောင်းရင်း သက်အောင် တွေ့မြင်ရလေ၏။ သက်အောင်လည်း ကားကို ရပ်လိုက်ပြီး



'' ဖိုးသဲ သွားကွာ . . . .ဘာတွေဖြစ်နေကြလည်း သွားစုံစမ်းခဲ့။ သူတို့မသိစေနဲ့ ''



ဟု ဖိုးသဲကို စေခိုင်းလိုက်လေရာ ဖိုးသဲဲတစ်ယောက် ကားပေါ်မှာဆင်းလျှ က် ခိုးကြောင်ခိုးဝှက်ဖြင့် ပန်းရောင်တို့ရှိရာသို့ ထွက်ခွာသွားလေတော့၏။



ခေတ္တမျှ ကြာသော် ပြာယိပြာယာဖြင့် ဖိုးသဲပြန်ရောက်လာပြီး



'' မကောင်းတော့ဘူး ဆြာရေ မကောင်းတော့ဘူး။ ဟိုငနှဲနှစ်ကောင်က အစ်မကို ဘယ်ကိုလည်းမသိဘူး လိုက်ခဲ့ဖို့ခေါ်နေတာ။ အစ်မက မလိုက်ချ င်ဘူး။ ဒါကို အရှက်ခွဲမယ် ဘာညာနဲ့ အေယိုးဒေက ချ ိမ်းခြောက်နေတယ် ။ ကျ တော်တို့ ဝင်မှဖြစ်မယ်ထင်တယ် ဆြာရေ . . .''



ဟု ဆိုလေသည်။



ထို့ကြောင့် သက်အောင်လည်း ဖိုးသဲကို ကားပေါ်တက်စေ၍ အခင်းနေရာသို့ ထွက်ခဲ့လိုက်လေတော့၏။



အနားသို့ရောက်သော် ကားပေါ်မှ ဆင်း၍ သက်အောင်အကဲခတ်လိုက်သောအခါ အသက် ၂၀ ကျေ ာ်ပတ်လည် လူငယ်သုံးဦးက ပန်းရောင်အား ထိကပါးရိကပါးလုပ်နေသည်ကို တွေ့ရလေသည်။ ထိုလူငယ်တို့သည် ကားပေါ်မှ ဆင်းလာသော သက်အောင်တို့ကို မြင်သော် ရန်မူရန်ပြင်ကြလေ၏။



သက်အောင်က ရန်မဖြစ်လို၍



'' ဒါ အကို့မိတ်ဆွေ မိန်းကလေးပါ။ မနှောက်ယှက်ကြပါနဲ့ကွာ။ အကို တောင်းပန်ပါတယ် ''



ဟု ပြေရာပြေကြောင်း ပြောဆို ညှိနှိုင်းပါသေးသည်။ သို့သော် ထိုဆိုးသွားလူငယ်မျ ားက လက်မခံပဲ



'' ခဗျ ားနဲ့ ဘာဆိုင်လို့လဲ . . . ကိုယ့်လမ်းကိုယ်သွား. . .ဆြာကြီးလား . . .ဘာ ခဗျ ားရဲ့မိတ်ဆွေလည်း . . ဂွင်လာမကျေ ာ်နဲ့ . . . လိုချ င်ရင် နောက်နေ့မှ ငှါးတော့ . . ဒီနေ့ ကျ ု ပ်တို့ ဦးထားပြီးပြီ ''



စသဖြင့် မိုက်ရိုင်းစွာ ပြန်လည်ပြောဆိုလေ၏။ သက်အောင်လည်း မည်သို့မျှ သည်းခံရန်မသင့်တော့သည်မို့ ဖိုးသဲကို မျ က်ရိပ်ပြလိုက်လေတော့သည်။



ဖိုးသဲ ဟူသည် လူကောင်ပိန်ပိန် အသားဖြူ လျေ ာ်လျေ ာ်ဖြင့် ကနွဲကလျှ ဟန်ရှိသော်လည်း ရွာသား ပွဲကျေ ာင်းထွက် ပြောင်းပြန်သမား မဟုတ်ပါလား။ လူသုံးလေးယောက်လောက်ကို အသာလေးထိန်းနိုင်လေ၏။ ထို့ကြောင့် စိုးသွမ်းလူငယ်မျ ားအနက်မှ နှစ်ဦးသည် ဖိုးသဲလက်ချ က်ဖြင့် မှောက်လေတော့သည်။



ကျ န်တစ်ဦးမှာမူ သက်အောင်အား ရန်ပြု ရန် သက်အောင်ထံသို့ ပြေးလာလေ၏။ သို့သော် ထိုလူငယ် အနားသို့ မကပ်လိုက်နိုင်။ သက်အောင်ထုတ်ချ ိန်လိုက်သော သေနတ်ကိုမြင်၍ သူလူမျ ားကို ကမန်းကထမ်းထူကာ ခြေကုန်သုတ်ကြရလေတော့သည်။



'' ချေ ာက် ''



သက်အောင်က ဟန်ပါပါဖြင့် သတ်နတ်လေးအား မိုးပေါ်သို့ထောင်ကာ မောင်းကိုဆွဲလိုက်လေ၏။ ထို့နောက် ပြောင်းဝမှ ထွက်လာသည့် မီးတောက်ကလေးအား ဟူးးခနဲ မှုတ်ကာ



'' ဒီမီးခြစ်ကလေးက အသုံးတော့ဝင်သား။ ကိုယ်တွေက ဆေးလိပ်မသောက်တတ်ပေမယ့် မီးခြစ်ခရေဇီလေ။ ဟိုတစ်ခါ နိုင်ငံခြားထွက်တုန်း ဒါလေးတွေ့တာနဲ့ သေနတ်အစစ်နဲ့ အရမ်းတူတယ်ဆိုပြီး ဝယ်ခဲ့မိတာ မှန်တာပဲ။ ဒါနဲ့ဆိုရင် ဒါလေးကူတာ နှစ်ခါရှိပြီ ''



ဟုဆိုလျှ က် ခါးကြားသို့ စတိုင်ကျ ကျ ပြန်ထိုးထည့်လိုက်လေသည်။ ထိုအခါ ပန်းရောင်က သက်အောင်ကို ပြုံ းပြလိုက်ပြီး



'' ဒါ သေနတ်အစစ်မဟုတ်ဘူးဆိုတာ ပန်းရောင်က ဟိုတစ်ခါကတည်းက ရိပ်မိပြီးသားပါ။ ဟိုကောင်တွေ အတော်ခြာလို့မရိပ်မိတာ ''



'' ဒါက ဒီလိုရှိတယ် ပန်းရောင်ရဲဲ့။ ခုခေတ်လူမိုက်ဆိုတာက သူတို့နိုင်မယ်ထင်တဲ့သူကိုသာ အုပ်စုဖွဲ့အနိုင်ကျ င့်တတ်ကြပေမယ့် သူတို့နာမှာ သူတို့ခံရမှာကြတော့ မတရားကြောက်ကြတာ။ တဖက်က သူတို့ထက် အားသာသွားပြီ သူတို့မနိုင်နိုင်တော့ဘူးလို့ ထင်ပြီဆိုတာနဲ့ ဘာမှ မစဉ်းစားတော့ဘဲ တစ်ချ ို းတည်း လစ်ကြတော့တာပဲ။ ကိုယ်က အဲ့ဒီသဘောကို သိထားတယ်လေ . . ဒါနဲ့ နေပါဦး . .'ဘာဖြစ်ကြတာလည်း။ အရင်လို ပြသနာမျ ို းပဲလား ''



'' ဟူးးး ဟုတ်တာပေါ့ အကိုရယ်။ ပန်းရောင်မှာက ဒီပြသနာပဲရှိတာပဲ။ သူတို့ထဲမှာ . . ဖိုးသဲလက်ချ က်နဲ့ အရင်ဆုံးမှောက်သွားတဲ့ တစ်ယောက်က ပန်းရောင်နဲ့ သိဖူးတယ်လေ။ ခုလည်း ပန်းရောင်ကိုတွေ့တော့ အရင်လိုထင်ပြီး လာခေါ်ကြတာ ''



ပန်းရောင်က သက်ပြင်းလေးတစ်ချ က်ချ ကာ စိတ်ပျ က်လက်ပျ က်အမူအရာလေးဖြင့် သက်အောင်၏ အမေးကို ပြန်လည်ရှင်းပြလေ၏။



'' ပန်းရောင်က တစ်ယောက်တည်း ဘယ်သွားတာလည်း။ ''



'' အမေ့အတွက် ဆေးကုန်နေလို့ ဟိုဘက်နားကဆေးဆိုင်မှာ သွားဝယ်တဲ့ အကိုရဲ့ ''



'' အင်းလေ . . . ခုလို ကိုယ်တို့နဲ့တွေ့ပြီး ပြသနာအေးသွားတော့လည်း ပြီးတာပဲ. . ကဲ လာလာ ကားပေါ်တက် ကိုယ် အိမ်နားထိလိုက်ပို့မယ်။ ''



ကားပေါ်သို့ရောက်ကြသောအခါ သက်အောင်က ကားမောင်းရင်းနှင့်



ခုဏက ပန်းရောင်တို့အိမ်ရှေ့သို့ သူရောက်ခဲ့ရာ ဝရံတာသို့ထွက်လာသော ဖြူ ဖြူ ပိန်ပိန် အဒေါ်ကြီးတစ်ယာက်နှင့် တွေ့ဖြစ်ကြခဲ့ကြကြောင်း



ထိုအဒေါ်ကြီမှာ ပန်းရောင်၏ မိခင်ဖြစ်သည်ဟု သူယူဆကြောင်း ပြောဆိုမေးမြန်းလေရာ ပန်းရောင်က ခေတ္တမျှ အနည်းငယ် စိတ်ညစ်သွားဟန်ရှိလျှ က် နောက်တော့မှ အနှီအဒေါ်ကြီးသည် သူမ၏ မိခင် ဟုတ်မှန်ကြောင်းဝန်ခံလေ၏။



'' ဒုက္ခပါပဲ အကိုရယ် . . ကို ပန်းရောင်တို့ဘက် ခဏခဏ လာနေတာတော့ ပန်းရောင်ရိပ်မိပါတယ်။ ခုလို အိမ်နားအထိရောက်ပြီး အမေနဲ့ တွေ့သွားလိမ့်မယ်လို့တော့ ပန်းရောင်ထင်မထားမိဘူး။ အမေကကော အကို့ကို မြင်သွားသေးလား ''



'' မြင်သွားတယ် ပန်းရောင် . . .''



'' ဒါ ဒါ ဆို သူ သူ ဘယ် ဘယ် လိုဖြစ်သွားလည်း ''



ပန်းရောင်၏ ဟန်မှာ လွန်စွာ စိုးရိမ်ပုံပေါ်နေလေသည်။ သက်အောင်အနေဖြင့်တော့ အဒေါ်ကြီးကို ကြည့်ရသည်မှာ ပန်းရောင်စိတ်ပူသလောက် တုန်လှုပ်သည့် လက္ခဏာမရှိ ဟု ယူဆမိလေ၏။



သက်အောင်လည်း ရရှိလာသည့် အခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ



'' မလိမ်ပါနဲ့တော့ ပန်းရောင်ရယ်။ အဲ့ဒီအဒေါ်ကြီးဟာ ခိုင်ဖြူ လေးရဲ့မေမေ ဒေါ်လေးမေ။ မင်းဟာ ခိုင်ဖြူ လေး မဟုတ်လား။ ပြောစမ်ပါ ပန်းရောင်ရယ် . .ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ။ မင်းတို့ မိသားစု အပေါ်မှာ ဖေဖေတင်ခဲ့တဲ့ အကြွေးတွေကို သားတစ်ယောက်အနေနဲ့ အကို ပြန်ဆပ်ပါရစေ ''



ဟု အပိုင်မေးမြန်းလိုက်လေတော့သည်။



ပန်းရောင်လည်း ဘာမှ ပြန်မပြောနိုင်တော့ဘဲ တအင့်အင့်ရှိုက်ငိုကာ လိုက်ပါလာလေတော့၏။



အိမ်ရှေ့သို့ရောက်သော် သက်အောင်က ပန်းရောင်အားမျ က်ရည်မျ ားသုတ်ပေးလျှ က်



'' ခိုင့်ဖြူ ့ကို အကို ပန်းရောင်လို့ပဲ ဆက်ခေါ်မယ်နော်။ ဒေါ်လေးမေ ကိုကြည့်ရတာ အကို့ကို သေသေခြာခြာမှတ်မိပုံမရသေးဘူး။ သူလည်း ဇဝေဇဝါဖြစ်နေတဲပုံပဲ။ ပြီးတော့ အကို ခန့်မှန်းလို့ရသလောက်ဆိုရင် သူ့မှာ အကို့တို့အပေါ်ကို အရမ်း သဘောထားတင်းမာနေတဲ့ဟန် မရှိပါဘူး။ သေခြာ ဖြေးဖြေးခြင်းရှင်းပြရင် ဒေါ်လေးအနေနဲ့ လက်ခံလောက်ပါတယ်။



အဲ့ဒီတော့ ဘာမှ စိတ်ပူမနေနဲ့. . ။ ဒီတိုင်း ဘာမှ မဖြစ်ခဲ့သလို စိတ်အေးလက်အေးသာ အိမ်ပေါ်ကိုတက်လိုက် . . . . ဟုတ်ပြီလား။ နောက်ပြီး ပန်းရောင်ကို ခုလို ကိုယ်နဲ့ လှမ်းတဲ့နေရာမှာ သားမိနှစ်ယောက်တည်းထားရတာ အကို စိတ်မချ တော့ဘူး။ ဒီည ပန်းရောင်ကြုံ ခဲ့ရတဲ့ ပြသနာလိုတွေ နောက်ထပ်မတွေ့နိုင်ဘူးလို ပြောလို့မရဘူူလေ။



အကိုလည်း ခြံကျ ယ်ကျ ယ်နဲ့ အိမ်ကြီးကြီးဝယ်မိပြီး နေမယ့်သူနည်းနေတာ။ အဲ့ဒီတော့ ပန်းရောင်တို့သားမိ အကို့ဆီကို လာနေပါတော့။ ပန်းရောင်အတွက်လည်း အကိုစိတ်မပူရတော့သလို ဒေါ်လေးမေ ကိုလည်း အကိုအနီးကပ် ပြု စုစောင့်ရှောက်ခွင့်ရတာပေါ့။ မဟုတ်ဘူးလား ''



ဟု ပြောဆိုနှစ်သိမ့်ပေးရင်း အိမ်ကိုပါ အပါခေါ်လိုက်လေတော့သည်။ ခိုင်ဖြူ တစ်ဖြစ်လည်း ပန်းရောင်ခမြာမှာတော့ ထွေထွေထူးထူးဘာမှ ပြန်မပြောနိုင်ရှာဘဲ သက်အောင်ကိုသာ တွေတွေလေးကြည့်ရင်း



'' အကို ကောင်းသလိုသာ စီစဉ်ပါတော့ရှင်။ ပန်းရောင်ကတော့ မေမေ စိတ်မပြေနိုင်မှာကိုပဲ စိုးရိမ်မိယ် ''



ဟူ၍သာ အားငယ်စွာ ဆိုရှာလေ၏။



သက်အောင်လည်း အကောင်းဆုံးဖြစ်အောင် သူ စီစဉ်မည်ဖြစ်ကြောင်း ဒီကြားကာလအတောအတွင်း၌ ပန်းရောင်အနေဖြင့် စိတ်ညစ်စရာမျ ားကို စဉ်းစားမနေဘဲ စိတ်ချ မ်းချ မ်းသာသာနေဖို့ရန်သာ အရေးကြီးကြောင်း နှစ်သိမ့်ကတိထားကာ သူမအားနှုတ်ဆက်ပြီး ထွက်ခွာလာခဲ့လိုက်လေတော့သည်။



'' ကိုခိုင်ကျေ ာ်နဲဲ့ ဆြာတို့ စကားမျ ားပြီးနောက် ဒေါ်လေးတို့မိသားစုလည်း ကိုခိုင်ကျေ ာ်ရဲ့ဇာတိဖြစ်တဲ့ မင်းဘူးဘက်ကို ပြောင်းခဲ့ကြတယ်။ ကိုခိုင်ကျေ ာ်က သူရိုးရိုးသားသားကြို းကြို းစားစား လုပ်ပါလျှ က်နဲ့ ဆြာ သူ့အပေါ်မှာ အထင်မှားပြီး ရင့်ရင့်သီးသီး ဆက်ဆံခံ့တာကို အတော်ကို မကြေမချ မ်းဖြစ်နေခဲ့တာ။



ကျ န်းမာရေးကလည်း မကောင်းတော့ဘူးလေ။ အဲ့ဒီမကြေမနပ်စိတ်နဲ့ပဲ အရင်ရှိခဲ့ဖူးတဲ့ ရောဂါအခံတွေပြန်ထလာလို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ ဒေါ်လေးကပဲ ဈေ းဗန်းခေါင်းရွက်ရတော့တာပေါ့။



မကြာပါဘူး . . ကိုခိုင်ကျေ ာ်ဆုံးပါးသွားပြီး လောကအလယ်မှာ ဒေါ်လေးနဲ့ သမီးနှစ်ယောက်တည် ဖြစ်သွားခဲ့တော့တယ်။ ကိုခိုင်ကျေ ာ့် ဇာတိဆိုပေမယ့် သူ့မှာက ဆွေမျ ို းနည်းတာကြောင့် လောက်လောက်လားလား အဒေါ်တို့ကို ကူမယ့်ကယ်မယ့်သူ မရှိခဲ့ပါဘူး။ အဲ့ဒီအချ ိန်မှာ ရန်ကုန်မှာ ရောက်နေတဲ့ ဒေါ်လေးရဲဲ့ငယ်သူငယ်ချ င်းတစ်ယောက်နဲ့ အဆက်အသွယ်ရပြီး ဒေါ်လေးတို့သားမိနှစ်ယောက် ရန်ကုန်ကို ပြောင်းခဲ့တာပဲ။



ရန်ကုန်ကိုရောက်ပြီး သူငယ်ချ င်းနဲ့အတူတူ သားမိနှစ်ယောက် ကြုံ ရာကျ ပန်းလုပ်စားရင်း သူငယ်ချ င်းက ဆုံးပြန်တယ်။ ဒေါ်လေးကလည်း အသက်ရလာလို့ နှလုံးရောဂါ စပြီးစွဲကပ်ပါလေကော။



ဒေါ်လေးက ရောက်တဲ့အရပ်မှာ မင်းညီမကို မဖြစ်ဖြစ်အောင် ကျေ ာင်းထားခဲ့ပါတယ်။ သူကစာတော်တယ်လေ။ ဒါပေမယ့် ဒေါ်လေး ရောဂါဖြစ်ပြီး အလုပ်သိပ်မလုပ်နိုင်မှန်းသိတော့ သူ့ခမြာ ဆယ်တန်းနဲ့တင် ကျေ ာင်းထွက်ပြီး ဒေါ်လေးကို ကူညီခဲ့ရရှာတော့တယ်။ နောက်ပိုင်းတော့ ဒေါ်လေးက တဖြေးဖြေး အကျ ပိုင်းကိုရောက်လာပြီး ပိုက်ဆံရှာဖို့တာဝန်ဟာ သမီးလေးရဲ့ခေါင်းပေါ်ကို ရောက်လာတော့တာ အခုထက်ထိပါပဲ။ ''



'' ကျ တော် တကယ်ကို စိတ်မကောင်းပါဘူး ဒေါ်လေးမေရယ်။ ဒေါ်လေးတို့မိသားစု အတော်ကို ဒုက္ခကြုံ ခဲ့ရတာပဲ။ ဦးလေးခိုင်ကျေ ာ်ကို ဖေဖေခုလို မှားယွင်းစွပ်ဆွဲခဲ့မိတာကိုလည်း သားတစ်ယောက်အနေနဲ့ ကျ တော် အနူးအညွှတ်တောင်းပန်ပါတယ်။ ခုအချ ိန်ကစပြီး ဒေါ်လေးတို့မိသားစုအပေါ်မှာ ကျ တော်တို့တင်ခဲ့သမျှ အကြွေးတွေကို ကျ တော်ပြန်စပ်ပါရစေ။ ဒေါ်လေးနဲ့ ခိုင်ဖြူ ့ကို ကျ တော် ကြည့်ရှုစောင့်ရှောက်ပါရစေ။



ဒီလိုလုပ်လို့ ဦးလေးကို ပြန်မရနိုင်တော့ဘူးဆိုတာ ကျ တော်နားလည်ပါတယ်။ ဒါပေမယ့် ကျ တော် တတ်နိုင်သလောက်လေးတော့ ကျ တော့်ကို ပြန်လည်ပေးဆပ်ခွင့်ပြု ပါ ဒေါ်လေးရယ်။ ရှေ့ဆက်ပြီးဒေါ်လေးတို့ သားမိနှစ်ယောက်ရဲ့ဘဝတွေ သာယာပျေ ာ်ရွှင်စေရပါမယ်လို့ ကျ တော်ကတိပေးပါတယ်။ ''



'' အင်းပါလေ . . .တကယ်တမ်းကျ အဲ့ဒီပြသနာက သားတို့နဲ့ဘာမှ မဆိုင်ပါဘူး။ လူကြီးတွေအချ င်းချ င်း အထင်အမြင်လွဲတဲ့ကိစ္စပါ။ အဲ့ဒီအချ ိန်မှာ သားနဲ့သမီးက ကလေးတွေပဲရှိကြသေးတာပဲ။



အစပိုင်းတော့ ဒေါ်လေးမေလည်း ဒီလို မဟုတ်မမှန်စွပ်ဆွဲခံရတာကို ခံပြင်းတာပေါ့။ နောက်ပိုင်း အသက်ကလေးရလာပြီး တရားနဲ့ယှဉ်စားကြည်တော့မှ အကျ ို းတရားအားလုံးဟာ အကြောင်းအရင်းရှိလို့ ဖြစ်ပျ က်ပေါ်ပေါက်လာရတာပါ။



တကယ်တမ်းဆို ဆြာဦးဘအောင်ဟာလည်း ပြတ်ပြတ်မှန်မှန်နဲ့ သဘောကောင်းရှာပါတယ်။ ကြည့်စရာရှိရင်လည်း သေသေခြာခြာ ကြည့်ရှုစောင့်ရှောက်တတ်တယ်။ ကိုခိုင်ကျေ ာ်ရဲ့ ကံကြမ္မာကကို ဒီလိုအချ ိန်မှာ ဒီလို ခြောက်တွန်းခံရပြီး အထင်လွဲခံရဖို့ ပါလာလို့ လို့ပဲမှတ်ပါတော့တယ်။ ဒေါ်လေးအနေနဲ့ ဆြာ့ကိုလည်း အပြစ်မမြင်ရက်တော့ပါဘူးလေ။



ခုလို သားက သမီးလေးကို ကြည့်ရှုစောင့်ရှောက်ထားတာကိုလည်း ဒေါ်လေးအရမ်းကိုကျေ းဇူးတင်ပါတယ်။ သားတို့အပေါ်ကိုလည်း ဒေါ်လေးရဲ့စိတ်ထဲမှာ ဘယ်လိုမှ မအောက်မေ့တော့ပါဘူး။ နေစရာအခန်းကော အလုပ်ပါ ပေးထားပြီးပြီပဲသားရယ် . . . သားတာဝန်ကြေပါပြီ။ ဒေါ်လေးတို့ဖို့ အခြားဒုက္ခမခံပါနဲ့တော့ ''



'' အဲ့ဒီလို ဘယ်ဟုတ်မလဲ မကြီးရယ် . . . ခုဆို သမီးပန်းရောင် ရုံးသွားရင် မကြီးတစ်ယောက်တည်း အိမ်မှာကျ န်ခဲ့တာ မဟုတ်လား။ မကြီးက ကိုယ့်ဘာသာကိုယ် ဖြစ်တယ်လို့ ထင်ပေမယ့် ပန်းရောင်လေးရဲဲ စိတ်ထဲမှာကြတော့ နှလုံးရောဂါဝေဒနာရှင် မိခင်ကြီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရတာ ဘယ်ဖြောင့်ပါ့မလဲ။ မဖြစ်သာလို့သာ စိတ်တထင့်ထင့်နဲ့ အလုပ်သွားနေရရှာတာ။



ပြီးတော့ မကြီးတို့က မိန်းမသားနှစ်ယောက်တည်းနေရတာဆိုတော့ ကြာရင် မကောင်းဘူး။ ခုခေတ်ကြီးက ခိုးဆိုးလုနှိုက် တွေက ပေါပါဘိသနဲ့။ တကယ်တမ်းအရေးရယ်အကြောင်းရယ်ဖြစ်ပြီဆို မကြီးတို့မှာ အားကိုစရာမရှိဘူးလေ။ ပန်းရောင်ကလည်း သမီးမိန်းမပျ ို လေးမဟုတ်လား။ မကြီးအတွက်မစဉ်းစားရင်တောင် သမီးလေးရဲ့ လုံခြုံ ရေးနဲ့ နောင်ရေးကို စဉ်းစားပြီး မောင်သက်အောင်တောင်းဆိုတာကို လက်ခံသင့်ပါတယ်မကြီးရယ်။



ဟိုမှာဆို အိမ်ကလည်းကျ ယ်တယ်။ အဖော်အလှော်တွေလည်းမျ ားတဲ့အပြင် ကျ န်းမာရေးကိစ္စဘာညာအတွက်လည်း ကားအဆင်သင့်။ အထူးကုဆေးရုံနဲ့လည်းမဝေးဘူး။ ဝယ်စားချ င်တာဝယ်စားနိုင်ဖို့ မားကက်တွေကလည်း နီးနီးလေးရယ်။ မကြီးတို့သာ အဲ့ဒီကိုပြောင်းနေရင် သမီးလေးကော မကြီးပါ အစစအရာရာ စိတ်ချ မ်းသာရမှာ . . သော်သော် ကတိပေးရဲတယ် သိလား ''



'' အင်းပါလေ . . . သမီးလေး စိတ်ချ မ်းသာမယ် အဆင်ပြေမယ်ဆိုရင်တော့ ဟော့ဒီက မောင်သက်အောင်ရဲ့ အစီအစဉ်ကို ကျ မ လက်ခံပါတော့မယ် ''



'' ဝမ်းသာလိုက်တာ ဒေါ်လေးမေရယ် . . . တိမ်းပါးသွားတဲ့ ကျ တော်ရဲ့ ဖေဖေနဲ့မေမေ့နေရာမှာ ဒေါ်လေးကိုအစားထိုးပြီး မိခင်ရင်းနဲ့မခြား လုပ်ကျေွ းပြု စုပါ့မယ်လို့ ကတိပေးပါတယ်။ ကျ တော် ဒေါ်လေးမေကို ကန်တော့ပါရစေ။ ကျ တော်တို့ မိုက်မှားမိခဲ့တဲ့ အပြစ်တွေမြန်းရှိခဲ့မယ်ဆိုရင် အာလုံးကို ကြေအေး ခွင့်လွှတ်ပေးပါခဗျ ာ ''



'' သာဓု သာဓု သာဓု ပါကွယ် . . ဘုန်းကြီးပါစေ သက်ရှည်ပါစေ လိုတိုင်းတ ရနိုင်ပါစေကွယ်။ သားကော သားရဲ့မိဘတွေအပါ်မှာပါ ဒေါ်လေးအနေနဲ့ ဘာအာဃာတ ဘာအမုန်းတရားမှ မရှိတော့ပါဘူး။ အားလုံးကို ခွင့်လွှတ်ကြေအေးပါတယ် သားရယ်။ ''

.

.

သက်အောင်က မာမီသော့်ကို အကူအညီတောင်းပြီး ပန်းရောင်မရှိသော အချ ိန်မျ ားတွင် ပန်းရောင့်မိခင် ဒေါ်လေးမေကို ခင်အောင်မင်အောင်ပေါင်း စည်းရုံးနားချ စေခဲ့သည်မှာ တစ်လခန့်ရှိခဲ့လေပြီ။ ကောင်းရမွန်ရာဖြစ်သည့်အတွက် နဂိုလ်စိတ်ရင်းကောင်းသော မာမီသော်ကလည်း အစွမ်းကုန်ကူညီရှာလေ၏။



အခြေအနေကောင်းသည်ဟု မာမီသော်က မီးစိမ်းပြမှသာ သက်အောင်ကိုယ်တိုင်လိုက်ပါ၍ ဒေါ်လေးမေကိုတွေ့ဆုံ တောင်းပန်ကန်တော့ကာ အိမ်သို့ အပါခေါ်ခြင်းဖြစ်လေသည်။ ယခင် သွားလေရာ မခွာဘဲရှိတတ်သော ကိုယ်ရေးအရာရှိလေးပန်းရောင်ကိုတော့ အလုပ်အကြောင်းပြကာ ရုံးတွင်ထားပြစ်ခဲ့လေ၏။ အနှီကိစ္စကို ပန်းရောင်အာ ဖုံးကွယ်ထား၍ အောင်မြင်သည့်အခါမှ ဖွင့်ပြောပြီး စပရိုက်လုပ်ရန် သက်အောင် ကြံစည်ထားခြင်းဖြစ်လေသည်။



ယခုအခါ အရေးတော်ပုံအောင်သဖြင့် သက်အောင်လည်း လူချ င်းတွေ့သည်အထိမစောင့်နိုင်တော့ဘဲ ပန်းရောင်ဆီသို့ ချ က်ခြင်းဖုန်းကောက်ဆက်ကာ အကျ ို းအကြောင်းကိုပြောပြလိုက်လေတော့၏။ ပန်းရောင်ခမြာ ပျေ ာ်ရွှင်လွန်း၍ စကားပင်ကောင်းကောင်းပြန်မပြောနိုင်ချေ ။ သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်နေရသည့် မိခင်နှင့် သက်အောင်တို့ကြားရှိ အစိုင်အခဲကြီး ကြေပျ က်သွားပြီ မဟုတ်ပါလား။



သက်အောင်အနေဖြင့် ပန်းရောင်တို့သားမိ ရှစ်မိုင်အိမ်သို့ ပြောင်းရွှေ့ရန် အမြန်ဆုံး စီစဉ်ရပေတော့မည်။



နောက်တစ်နေ့တွင် သက်အောင်သည် မာန်နေဂျ ာကိုသန့်ဇင်အား အလုပ်မျ ားလွှဲကာ ရုံးမှ ကုန်သယ်ကားတစ်စင်းခေါ်၍ ပန်းရောင်တို့နှင့်အတူ ပြောင်းကြရွှေ ့ကြလေတော့သည်။ သားမိနှစ်ယောက်တည်းဖြစ်သဖြင့် ပစ္စည်းပစ္စယ မျ ားမျ ားပြားပြားမသယ်ရဘဲ တစ်ကြောင်းတည်းနှင့် ပြီးလေ၏။



အိမ်ကြီးတွင် အခန်းမျ ားနေရာချ ပြီးသည့်နောက် သက်အောင်တို့လည်း ရုံးသို့မသွားတော့ဘဲ ရေမိုးချ ို းကာ နားလိုက်ကြလေတော့သည်။ ညနေပိုင်းတွင် သက်အောင် က ပန်းရောင်တို့သားမိ ကို ရွှေတိဂုံဘုရားသို့ လိုက်ပို့ပေး လိုက်လေ၏။ ဘုရားကအဆင်းတွင် ဒေါ်လေးမေ၏ ကျ န်းမာရေးအခြေအနေ အိုကေနေသဖြင့် ကမ်းနားလမ်းလေဟာပြင်ဈေ းသို့ သွားရောက်ကာ ပျေ ာ်ပျေ ာ်ပါးပါး စားသောက်ပြီးမှ အိမ်သို့ပြန်ခဲ့ကြလေတော့သည်။



အားလုံးပျေ ာ်ရွှင်ခဲ့ကြရလေ၏။

.

.

.

အိမ်ပြန်ရောက်သော် လည်ရပတ်ရ စားရသောက်ရတာ ပင်ပမ်းသဖြင့် အားလုံး ကိုယ့်အခန်းကိုယ် အသီးသီးဝင်ကာ အနားယူလိုက်ကြလေတော့သည်။ ဒေါ်လေးမေနှင့် ပန်းရောင်ကို အိမ်အောက်ထပ်တွင် အခန်းခြင်းကပ်လျှ က်ပင် သက်အောင်က နေရာစီစဉ်ပေးထားလေ၏။ အခန်းတိုင်းတွင် ရေချ ို ခန်း အိမ်သာ တွဲလျှ က်ပါသဖြင့် ဒေါ်လေးမေအတွက် ညရေးညတာ အပေါ့အပါးကိစ္စလည်း အဆင်ပြေမည်ဖြစ်သည်။



သက်အောင်ကတော့ အပေါ်ထပ်ရှိ သူ၏အိပ်ခန်းထဲတွင် အဝတ်အစားလဲလည်ဝတ်ဆင်ပြီး ရေခဲသေတ္တာထဲမှ ကော်ဖီအေးတစ်ဘူးကို ယူသောက်လျှ က် အိပ်ရကောင်းနိုးနိုး စရင်းကျ န်တွေစစ်ရကောင်းနိုးနိုး စဉ်းစားနေလေ၏။ ထိုစဉ် . .. .



" ဒေါက် ဒေါက် ဒေါက် "



တံခါး ခပ်ဖွဖွခေါက်သံကြားရသဖြင့် သက်အောင် ထဖွင့်ပေးလိုက်ရာ ဝိုင်အင်းကျ ီ ရင်စေ့လေးနှင့် စည်းလုံချ ည်တပါတ်နွမ်းလေးကို လျေ ာ့ယဲယဲ ဝတ်ဆင်ကာ ဆံပင်တို့ကို ဖားလျ ားချ ထားသည့် ပန်းရောင်ကို တွေ့လိုက်ရလေသည်။



" လာလေ ပန်းရောင် ''



သက်အောင်က ဖိတ်ခေါ်လိုက်လေရာ ပန်းရောင်လည်း သက်အောင်ကို ပြန်လည်ပြုံးပြ၍ အခန်းထဲသို့အသာဝင်ကာ တံခါးကိုပြန်ပိတ်လိုက်လေ၏။



" မနားသေးဘူးလား ပန်းရောင်ရဲ့ ။ ကိုယ်က ပမ်းရောင် အိပ်ပြီတောင်ထင်နေတာ။ မနက်ကလည်း အိမ်ပြောင်းရရွှေ ့ရ ညနေကြပြန်တော့လည်း ဘုရားဖူးရ လည်ရပတ်ရနဲ့ ပင်ပမ်းကောပေါ့။ ဒါနဲ့ ဒေါ်လေးကော အိပ်ပြီလား "



" ခုဏတင်ဆေးသောက်ပြီး အိပ်သွားတာ အကိုရဲ့။ ပန်းရောင်လည်း အမေအိပ်တော့ အခန်းကိုပြန်ပြီး အဝတ်အစားလည်း အိပ်ဖို့ပြင်တယ်လေ။ ဒါပေမယ့် မျ က်စိကြောင်နေလို့ အိပ်မပျေ ာ်တာနဲ့ ဟိုဟိုဒီဒီလျေ ာက်တွေးရင်း အကို့ကို ကျေ းဇူးတင်စိတ်တွေ တစိမ့်စိမ့် ပေါ်လာတယ်။ ဒါကြောင့် အပေါ်တက်လာပြီး အကို့ကို ကျေ းဇူးတင်စကားလာပြောတာ။ အကိုမအိပ်လောက်သေးဘူးလည်း ထင်လို့ပေါ့။ "



" သြော် ပန်းရောင်ရယ် ဒီလူနဲ့ ဒီလူက အဲ့လိုစကားတွေ ပြောရမယ့်သူတွေလား။ ကိုယ်ကသာ ပန်းရောင်တို့ မိသားစုအပေါ်မှာ အကြွေးတင်နေခဲ့သူပါ။



ကိုလေ ပန်းရောင်တို့ထွက်သွားပြီးကတည်းက ပန်းရောင်ကို တစ်နေ့မှ မေ့လို့မရခဲ့ပါဘူး။ သတင်းလည်း မမြဲ စုံစမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ စုံစမ်းမရဘဲ ခုလို အခြေအနေတွေမျ ို ရောက်တော့မှ ပြန်တွေ့ခဲ့ရတာ။



အချ ိန်တွေလွန်မှ ပြန်ရှာခဲ့နိုင်တဲ့ ကိုယ့်ရဲ့အပြစ်တွေပါ။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ကွာ ။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ "

.

.

ဆက်ရန်



ရေတွင်မပျေ ာ်သော ငါး