သခင့် ဆီသို့ အပိုင်း ၁၃ ( ဇာတ်သိမ်း )



အမြင့်ကြောက်သော ငှက်







ရာမာဝတီ နန်းရင်ပြင်တွင် မှူ းမတ်ဗိုလ်ပါ စုံညီစွာ တက်ရောက်လာလေသည်။ စစ်သေနာပတိ ဦးကြိုင်လည်း မိဂသီမှ ပြန်ရောက်လို့ နေလေ၏။





သစ္စာဖောက် အမတ်အိုကြီး မျ ားကို ဆံပင်ကွက်ကျ ားရိတ်ကာ အတုလမာရဇိန် မြတ်စွာဘုရားတွင် ဆွေမျ ို းမျ ားနှင့်တကွ ဘုရားကျွ န်အဖြစ် လှူ လိုက်ပြီးဖြစ်လေ၏။ မယ်တော်ကြီးဘက်သို့ပါသော အမတ်ငယ်မျ ားကိုတော့ ကျေ ာ ၁၀၀ ရင် ၁၀၀ ရိုက် ဥစ္စာသိမ်း၍ မြို င်ရပ်နှင်လိုက်လေသည်။





'' မင်္ဂလာပါ အမတ်မင်း ဝန်မင်းအပေါင်းတို့။ ပြည့်ရန်မျ ားလည်း ရှင်းလေပြီ။ ပြည့်ဆူးမျ ားကိုလည်း နှုတ်ထွင် ဖယ်ရှားပြီးလေပြီ။ သို့အတွက် တာရာ့၏ဆန္ဒတော်အား မင်းကြီးမျ ားသိစေရန် အသိပေးကြေငြာပါ့မည် ''





ရွစိရွစိဖြစ်နေသော မင်းပရိတ်သတ်အပေါင်းတို့လည်း ငြိမ်သက်သွားပြီး . . . တာရာဒေဝီသခင်မ ဘဇာအရေးကိုမြန်း ကြေငြာမိန့်ကြား လေမည်နည်း . . .ဟု စိတ်ဝင်တစား ရှိကြကုန်၏။





တာရာဒေဝီစံမြန်းလျှ က်ရှိသည့် ပုလ္လင်တော်၏ ဘယ်ညာ တစ်ဖက်တစ်ချ က်ရပ်၍ ခစားလျှ က်ရှိကြသော ရွှေကိုယ်တော် ခင်သုန်နှင့် ငွေကိုယ်တော် ခင်သူဇာတို့လည်း သခင်မ၏ မျ က်နှာတော်ကို လှမ်းမျေှ ာ်ကြည့်လိုက်ကြလေသည်။





မင်းကြီးကတော့ မှူ းမတ်မျ ား၏ ရှေ့ ယာဘက်နဘေး၌ မှန်စီရွှေချ ခုံကြီးတစ်လုံးပေါ်တွင် ပုလ္လင်ချ ိတ်ထိုင်လျှ က် မျ က်လုံးကို မှေးစင်းကာ တစ်စုံတစ်ရာကို တွေးတောနေလေသည်။ မင်းကြီး၏ သဏ္ဍာန်မှာ တာရာဒေဝီမိန့်ကြားမည့် အကြောင်းအရာကို ရာနှုန်းပြည့်မဟုတ်သော်မှ အတော်အတန်ပင် ကြို တင်သိမြင်နေသည့်ဟန်။





ထိုစဉ် ဦးကြို င်က ရှေ့သို့ထွက်လာကာ တာရာဒေဝီအား ဦးညွှတ်အရိုအသေးပေးလိုက်ပြီး ၎င်း လျေှ ာက်တင်လိုသည်မျ ားကို လျေှ ာက်တင်လေတော့၏။





'' မှန်ပါ . . သခင်မ မမိန့်မြွက်ခင် ကျွ န်တော်မျ ို းကြီး ဝန်ခံလျေှ ာက်ထားပါရစေဖျ ား။ ထားရင်လည်းရှင် သတ်ရင်လည်း သေရပါမည် . . .တကယ်တော့ ကျွ န်တော်မျ ို းကြီးဟာ သားဖြစ်သူမောင်သုတ၏ တပ်တော်ရိက္ခာ ခိုးဝှက်ရောင်းချ သည့် ပြစ်မှုနှင့်ပတ်သက်၍. . . . ''





ဦးကြို င်၏ စကား မဆုံးခင်မှာပင် မင်းကြီးက ထိုင်ရာမှ ဝုန်းခနဲ ထလျှ က်





'' ဒီလိုပါ တာရာရယ် . . . .ဦးကြို င်က . . . .ဦးအေးတို့ရဲ့ ရွှေပြည်ထိန်း ဌာနကို နဂိုလ်ကတည်းက သံသယရှိနေတာမို့ သူ့ရဲ့သားတော် မောင်သုတကတဆင့် ရွှေပြည်ထိန်းဌာနဆီ တပ်ရိက္ခာအနည်းငယ် ထုတ်ရောင်းပြီး ပူးပေါင်းဟန်ဆောင် သတင်းနှိုက်စေခဲ့တယ်။ အဲ့အကြောင်း လျေှ ာက်တင်မလို့ မဟုတ်လား ဦးကြီးတော်ရဲဲ့။





နောက်မျ ားကျ သခင်မက မောင်သုတကိုလည်း ဆုတော်လာဘ်တော်မျ ား ပေးသနားဦးမှာပါ။ ကဲ ကဲ . . နေရာပြန်ဝင် နေရာပြန်ဝင် ။ သခင်မ မိန့်စရာရှိတာ ဆက်မိန့်ပါစေဗျ ာ ''





ဟု စကားအတင်းဖြတ်လျေှ ာက်ပြီး ဦးကြို င်ကို နေရာသို့ပြန်ဝင်ခိုင်းလိုက်လေသည်။ ဦးကြို င်လည်း





'' မင်းကြီး သုနက္ခတ်သည် အချ ိန်အခါ နေရာဒေသကိုလိုက်၍ ပါးနပ်လိမ္မာလှပါပေစွ။ တဖက်လူအားလည်း သနားညှာတာ ကာကွယ်သမှု ပြု တတ်ပါပေစွ ''





ဟု စိတ်ထဲ၌ ဝမ်းမြောက်ဝမ်းသာ ချ ီးမွမ်းလျှ က် နေရာသို့ ပြန်ဝင်လေ၏။





ထို့နောက် တာရာဒေဝီက ဆက်လက်မိန့်ကြားလေသည်။





'' ဖခမြည်းတော် မင်းကြီးက တာရာ့အား ထီးမွေနန်းမွေပေးခဲ့၍ တာရာ ဘုရင်မတစ်ပါး ဖြစ်ခဲ့ရလေသည်။ ဤရာမာဝတီပြည်၏ ဘုရင်မတာဝန်ကို စတင်ထမ်းရွက်သည်မှ စ၍ တာရာ့အနေဖြင့် တိုင်းရေးပြည်ရာ တို့ဖြင့် အချ ိန်ကုန်ရသည်မို့ ခင်ပွန်းသည်အား ဂရုတစိုက် ပြု စုယုယချ ိန် လွန်စွာနည်းပါးခဲ့ရလေ၏။





ယခုအခါ တာရာ့ခင်ပွန်းသည်ဖြစ်သူ ရေဝိုင်းမင်းသားသည် ခြေတစ်ဖက် တိတိပြတ်ထွက်ကာ ကျေ ာ၌လည်း လွန်စွာ နက်သော ဒဏ်ရာကြီးတစ်ခု ရရှိလို့ နေခြေပြီ။ သို့တွက် ဇနီးကောင်းပီသစွာဖြင့် ခင်ပွန်းသည်အား တာရာ အနီးကပ်ပြု စုရန် ဆန္ဒရှိလေသည်။





ရွှေပြည်တော်ဘက်မှ ကြည့်သော် ရေဝိုင်းမင်းသားသည် ရွှေပြည်တော်အား သစ္စာပျ က်ခဲ့သူ သစ္စာဖောက်တစ်ဦးဖြစ်သော်လည်း ဇနီးသည်တစ်ဦး အနေဖြင့် ရှုမြင်ရသော် ၎င်းသည် တာရာ့အား အသက်ပေး၍ ကာကွယ်စောင့်ရှောက်ခဲ့သူတစ်ဦးလည်း ဖြစ်လေ၏။





သို့အတွက် တာရာသည် ပြည့်ရှင်ဘုရင်မတစ်ပါးအနေဖြင့် ရေဝိုင်းမင်းသားကို မြောက်ဘက် ဥတ္တနိဂုံးဆီသို့ ပြည်နှင်ဒဏ်ပေးဖို့ရာ ဆုံးဖြတ်ချ က်ချ ပြီးဖြစ်လေသည်။ ထိုထက် ကြီးလေးသော အပြစ်တို့ကိုမပေးသည်မှာ ယခု ၎င်းရရှိလျှ က်ရှိသော ဒဏ်ရာမျ ားနှင့်ပင်လျှ င် ၎င်း၏ အပြစ် ထိုက်တန်နေသောကြောင့်ဖြစ်လေ၏။





ရေဝိုင်းမင်းသား ဥတ္တရနိဂုံးသို့ သွားသော် . . . . ဒဏ်ရာအနာတရနှင့် မမာကျ န်းသူ ခင်ပွန်းသယ်၏နောက်သို့ တာရာလည်း လိုက်ပါသွား၍ ပြု စု လုပ်ကျေွ းမှသာလျှ င် ဇနီးကောင်းပီသ ပေတော့မည်။ ဤအချ က်သည် ဘုရင်မတာဝန် ကြေပွန်စွာဖြင့် သစ္စာဖောက်အား တာရာ အပြစ်ပေးသကဲ့သို့ ဇနီးသည် တာဝန်ကိုလည်း ကြေပြွန်အောင်ထမ်းဆောင်ခြင်းပင်။





ထို့အပြင် တာရာကိုယ်၌လည်း . .တာဝန်ဝတ္တရား အနှောင်အဖွဲ့ အပူအပန် ဂုဏ်ပကာသန ကင်းကင်းနှင့် အေးချ မ်းသော သာမာန်ပြည်သူတစ်ယောက်၏ ဘဝကိုသာ လိုလားလှပေပြီ။





ထို့ကြောင့် . . .





ရာမာဝတီပြည့်ရှင် ကျွ န်ုပ် တာရာဒေဝီသခင်မ သည် ယနေ့ယခု အချ ိန်မှ စ၍ မင်းကြီး သုနက္ခတ်အား ရာမာဝတီ ထီးနန်းလွှဲအပ်ကြောင်း ကြေငြာလိုက်လေသည်။





ဘုရင့်ရုံးတော်ဝန်ကြီး က မင်းကြီးကို ဘုရင်မင်းမြတ်တံဆိပ်တော် ဆက်သလိုက်ပါ ''



.



.



တာရာဒေဝီက အထက်ပါအတိုင်း အရှည်သဝေးရှင်းပြပြောဆိုပြီး အမိန့်တော်မှတ်လိုက်လေရာ မင်းပရိတ်သတ်အပေါင်းလည်း အံ့သြဝမ်းနည်းဖြစ်ကြရလေတော့သည်။





ခင်သုန်၏ မျ က်နှာတွင်လည်း မျ က်ရည်စမျ ားဖြင့်။





ခင်သူဇာမှာမူ . . '' သိပ်ချ စ်ကြသူနှစ်ဦး နီးရမလိုနှင့် ဝေးကြရပြန်ပြီ ''. . . . ဟု မင်းကြီးနှင့် သခင်မအတွက် တွေးတောပူပန်ကာ ဟန်မဆောင်နိုင်တော့ဘဲ လူပုံအလည်၌ပင်လျှ င် ခြုံ းပွဲချ ၍ ငိုကျေွ းလိုက်လေတော့၏။



.



.



.



တာရာဒေဝီ မှာ တဆတ်ဆတ်တုန်ယီသော နှုတ်ခမ်းတို့ကို တင်းတင်းစေ့ပြီး လက်နှစ်ဖက်ဖြင့် ပုလ္လင်ဘောင်ကို ကျ စ်ကျ စ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ သူမ၏ စိတ်ထဲတွင်တော့ သူမနှင့် မင်းကြီး၏ မဆုံဆည်းနိုင်သော ဘဝနှစ်ခုအတွက် အင်မတန် ဝမ်းနည်းယူကြုံ းမရ ဖြစ်စွာဖြင့် ဒေါမနဿ ဝေဒနာမျ ားဖိဆီးလျှ က် . . .





'' တာရာ့ကို ခွင့်လွှတ်ပါ မောင်တော်ရယ်။ တာရာ မောင်တော့်ကို အသဲနစ်အောင်ချ စ်ပါတယ်။ သို့ပေမယ့် အသက်နဲ့လည်းပြီး တာရာ့ကို ကာကွယ်လို့ သူ့ရဲ့အချ စ်ကို သက်သေထူခဲ့တဲ့ ခင်ပွန်းသည်ရေဝိုင်းမင်းသားကို ဘယ်လိုနှလုံးသားမျ ို းနဲ့မျ ား တာရာ စိမ်းကားရက်နိုင်ပါ့မလဲ။ ရေဝိုင်းမင်းသား အသက်ရှင်သမျှ သူသိပ်ချ စ်ရတဲ့ တာရာဒေဝီဟာ သူ့အတွက်သာ ဖြစ်ပါစေတော့ . . . . သူ တစ်ဦးတည်းအတွက်သာ ဖြစ်ပါစေတော့ ရှင်ရယ် . . . .''



.



.



.



မင်းကြီး သုနက္ခတ်ကတော့ မျ က်နှာကို အပေါ်ကိုမော့၍ မျ က်လုံးကို စုံမှိတ်ကာ တာရာဒေဝီ၏ သဘောတော်အား အလုံးစုံနားလည်ဟန်ဖြင့် ရှိလေ၏။





. . . .မိမိအပေါ်တွင် တာရာဒေဝီ ထားရှိသည့် အချ စ် . . .ရေဝိုင်းမင်းသားအပေါ်ရှိ တာရာဒေဝီ၏ သစ္စာ ဂရုဏာ . . . အရာအားလုံးကို မိမိ ခံစားနားလည်နိုင်လေသည်။





မိမိနှင့် တာရာသည် လူချ င်းပေါင်းကြရမှ နီးကြသည်မဟုတ်။ တစ်ဦး၏ ရင်ထဲမှ မေတ္တာတရားကို တစ်ဦးက အပြန်အလှန်သိမြင်ခံစားကာ အချ ိန်တိုင်း နေရာတိုင်းတွင် အနီးဆုံးသူမျ ားအဖြစ် အမြဲတမ်း ရှိနေကြလေ၏။





တာရာဒေဝီ လွှဲအပ်သော ထီးနန်း ဆိုသည်မှာလည်း ထီးနန်းစည်းစိမ်မဟုတ်။ ထီးနန်းတာဝန်သာလျှ င်ဖြစ်လေသည်။ တာရာဒေဝီ စိတ်ဖြောင့်လက်ဖြောင့် စိတ်အေးချ မ်းသာစွာ ခင်ပွန်းသယ်အား ပြု စုယုယလုပ်ကျေွ းခွင့် ရရှိနိုင်စေရန် မိမိမှ လိုအပ်သည့်နေရာတွင် ဖြည့်တင်းတာဝန်ယူပေးရခြင်းဖြစ်သည် ဟူ၍သာ မင်းကြီးမှတ်ထင်လေ၏။ . . . .





ထို့ကြောင့် မင်းကြီးက တာရာဒေဝီ၏ ထီးနန်းလွှဲအပ်ခြင်းကိုလည်း ငြင်းဆန်ရန် အားမထုတ်တော့။ သာမာန်ပြည်သူမျ ားအနေဖြင့် တာရာဒေဝီတို့ ဥတ္တရနိဂုံးသို့ သွားရောက်နေထိုင်ကြမည့်အရေးတွင်လည်း အတားအဆီးမပြု တော့။





မင်းကြီးသည် အချ ိန်အတော်ကြာအောင် မျ က်လုံးမှိတ်ကာ ခေါင်းမော့ထားလျှ က်ရှိရာမှ မျ က်လုံးကို ဖွင့်၍ ခေါင်းကို တဖြေးဖြေးပြန်ချ ပြီးလျှ င်





'' အင်းးလေ . . .တာရာတို့ မြောက်ပိုင်းကိုသွားနေမယ်ဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရသည်ပ။ ဟိုမှာက နဲနဲ အေးပေမယ့် ဆေးမြစ်ဆေးဥတွေနဲ့ ဆေးဆြာတွေပေါလို့ မင်းသားအတွက်လည်း အဆင်ပြေမှာပါ။ ခင်သုန်ကတော့ သခင်မနဲ့ အတူလိုက်သွားပေါ့။ ခုလောလောဆယ် ရွှေတပ်က တပ်မှူ းတွေကို လာမယ့်အကြောင်း ဆက်သွယ်လိုက် ''





ဟု တာရာဒေဝီတို့အတွက် အစီအစဉ်ဆွဲဖို့ရာ ပြင်ဆင်တော့လေသည်။ ထို့နောက် မင်းကြီးကပင် မှူ းမတ်မျ ားဘက်သို့လှည့်၍





'' ကဲ ကဲ ဝန်မင်းတို့လည်း ပင်ပမ်းကြပြီ။ ညီလာခံသိမ်းပြီး ပြန်နားကြတော့။ ယဉ်ကျေ းမှု ဝန်မင်းက ပုဏ္ဏားတော်တွေနဲ့တိုင်ပင်ပြီး နန်းတက်ပွဲကျ င်းပဖို့ ဆောင်ရွက်ပါလေ ''





ဟု မိန့်ကြားကာ ညီလာခံ ဆဲလိုက်လေတော့၏။





ဇာတ်သိမ်းသော် . . .





မင်းကြီး သုနက္ခတ်သည် ခင်သူဇာအား မိဖုရားမြှောက်၍ ရာဇဘိတ်သိပ် ခံကာ ရာမာဝတီထီးနန်းကို တက်တော်မူ၏။





မင်းကြီးက မိဂသီပြည်အား ထီးစိုက်နန်းစိုက် တိုင်းပြည်အဖြစ်ထားရှိပါက နောင်တွင်လည်း အန္တရာယ်ပေးလာနိုင်မည်ဟု ယူဆလျှ က် ရာမာဝတီနိုင်ငံတော်၏ ပြည်နယ်ကြီးတစ်ခုအဖြစ်သာ ထားရှိပြီး သစ္စာတော်ခံ ကလိုပေါကို စားစေ၏။ ကလိုပေါကလည်း မင်းကြီးကို လေးစားချ စ်ခင်ရင်းစွဲရှိသည့် အားလျေှ ာ်စွာ မင်းကြီးပေးသနားသောရာထူးအား ဝမ်းမြောက်ဝမ်းသာ လက်ခံလေသည်။





အရေးကြုံ စဉ် သခင်ဘက်မှ ရပ်ခဲ့သော အမတ်ငယ်မျ ားကိုလည်း ထိုက်သင့်သလို ရာထူးစည်းစိမ်မျ ား တိုးမြှင့် မြှောက်စား၍ သူကောင်းပြု လေ၏။





ထို့အပြင် မင်းကြီးသည် ဦးကြို င်၏သား မောင်သုတကို ခေါ်ယူပြီး ၎င်း၏ အပြစ်ကို သိစေကာ ဆိုဆုံးမလေသည်။ မောင်သုတလည်း မင်းပြစ်မင်းဒဏ် သင့်မည်စိုးသဖြင့် လွန်စွာကြောက်ရွံ့ခြင်းပြင်းလျှ က် လိမ္မာသည့်ဘက်သို့ လုံးလုံးရောက်လေတော့သည်။ ထိုအခါမှ မင်းကြီးက ၎င်းအား ဖျေ ာ်ဖြေရေး အမတ်အဖြစ် တာဝန်ပေးလေရာ အပျေ ာ်အပါးမျ ို းစုံလိုက်စားခဲ့ဖူးသည့် မောင်သုတနှင့် ၎င်းရရှိသည့်ရာထူးနေရာ လွန်စွာပင် အံ့ဝန်ခွင်ကြဖြစ်သွားလေတော့၏။





ရွှေကိုယ်တော်ခင်သုန်မှာတော့ ရွှေကိုယ်တော်အဖြစ်ကော နယ်စားအဖြစ်ပါ လစာရိက္ခာယူလျှ က် ဥတ္တရနိဂုံးကို စီမံအုပ်ချ ု ပ်ရပေတော့မည်။ ထို့အပြင် သူမသည် . . . တိုင်းရေးပြည်ရာတို့နှင့် မပတ်သက်တော့ဘဲ သာမာန်ပြည်သူမျ ားသို့နေထိုင်ကာ ဆေးကုသခြင်းခံယူမည့် တာရာဒေဝီတို့ ဇနီးမောင်နှံကိုလည်း အလုပ်အကျေွ းပြု ရမည် ဖြစ်လေ၏။





မနက် ရောင်နီလာစ အာရုံတက်အချ ိန် . . . ကျေ းငှက်ကလေးမျ ားပင် အိပ်တန်းမထသေး။ ဆောင်းလေအေးက တစိမ့်စိမ့်သွေးကာ ခွာညို ပန်းရနံ့မျ ားလည်း တသင်းသင်းမွှေးပြန့် နေလေသည်။ ရေဗဟို စည်တော်မှ စည်တော်သံ ငါးချ က်တိတိ ယွန်းလိုက်လေ၏။





နယ်စားသစ် ရွှေကိုယ်တော်ခင်သုန်ဦးဆောင်သည့် လူတန်းက တံခွန်အလံမျ ားကိုထောင်လျှ က် မြို့တံခါးမှ တရွေ့ရွေ့ထွက်ခွာသွားကြလေပြီ။ မင်းကြီးသုနက္ခတ်နှင့် မိဖုရားကြီး ခင်သူဇာမှာတော့ မြို့ရိုးမျေှ ာ်စင်ပေါ်မှ ထိုလူတန်းကို ကြည့်ရှုကြလျှ က် . . . .။





မင်းကြီးက တစ်ခွန်းတစ်ပါဒမျှ စကားမဆိုဘဲ ရွှေနှုတ်တော်အားတင်းတင်းစေ့ထားလေသည်။ ၎င်း၏ မျ က်လုံးအစုံမှာတော့ လူတန်းအလည်ရှိ မြင်းဖြူ နှစ်ကောင်ကသည့် ရွှေပိန်းချ မြင်းလှည်းတစ်စီး၌သာ မမှိတ်မသုန် စူးစိုက်တည်ရှိနေဆဲ။





. . . .တာရာရယ် . . . .အရင်တစ်ခါ အမောင်သွား၍ မင်းကိုထာရစ်ခဲ့သည်။ ယခုတဖန် မင်းကသွား၍ အမောင့်ကို ထားခဲ့ပြန်ပြီ။ . . . သွားဦးတော့ တာရာရယ် . . .သွားလေဦးတော့ . . . .





လူတန်းက ဝေးသထက်ဝေးကာ အမြင်အာရုံမှ ရေးတေးတေးဖြင့် တဖြေးဖြေးပျေ ာက်ကွယ်လို့ သွားချေ ပြီ။ ခင်သူဇာက မင်းကြီး၏ ပုခုံးနှစ်ဖက်ပေါ်သို့ လက်ကလေးမျ ားတင်လိုက်ပြီး





'' သွားကြပါစို့ မင်းကြီးရယ် ။ ရာသီဥတုက အေးလှပါဘိ။ တော်ကြာ ကျ န်းမာရေးကို ထိခိုက်မည်ပ။ မင်းကြီးလည်း အစစအရာရာ စီစဉ်ပေးထားပြီးပြီပဲ . . .သခင်မတို့ ဟိုမှာ အဆင်ပြေမှာပါ ။





ပြီးတော့ သခင်မက အခြားတပြည်တစ်ရွာသို့ ကြွတာမှ မဟုတ်ပါပဲ။ မင်းကြီးနဲ့သခင်မ ကံမကုန်သေးရင် တစ်နေ့ ပြန်လည်ဆုံဆည်းကြရမှာပါ ''





ဟု မင်းကြီးစိတ်ပြေအောင် ပြောဆိုဖြေသိမ့်လိုက်လေသည်။





ထိုအခါ မင်းကြီးက ခင်သူဇာ၏ ပုခုံးလေးအား ကြင်နာစွာ ပြန်ဖက်လိုက်ပြီး





'' အေးကွယ် . . .ပြန်ကြစို့ရဲ့။ ကိုယ်တော် မည်သို့မျှ မခံစားရပါဘူးလေ။ ကိုယ်တော့် အတွက် မပူပန်ပါနှင့်။ ကိုယ်တော့်နဘေးမှာ ဟောဒီက သူဇာလေး ရှိနေပြီပဲ ''





ဟူ၍ ပြန်လည် မိန့်ကြားရှာလေ၏။





ထိုသို့ မိန့်ကြားသော်လည်း မင်းကြီး၏ ရွှေစိတ်တော်အတွင်း၌ ဘလောင်ဆူလျှ က်ရှိသည်ကို ခင်သူဇာ မသိဘဲရှိပါလိမ့်မည်လားး။





'' သြော် . . .မင်းကြီးရယ် . . . .''





၄ နှစ်ခန့်ကြာသော် . . .





ဥတ္တရနိဂုံးမြို ့တော် ဆင်ခြေဖုံးအရပ်ရှိ ခြံကျ ယ်ဝန်းကျ ယ်နှင့် နှစ်ထပ်ပျ ဉ်ထောင်အိမ်ကြီး၏ လသာဆောင်၌ တာရာဒေဝီသည် နောက်မှီ ခုံရှည်တစ်ခုပေါ်တွင် အေးဆေးသက်သာထိုင်လျှ က် ကဗျ ာပုရပိုဒ်တစ်ခုကိုဖတ်ရင်း နို့တစ်ခွက်သောက်ကာ မနက်ခင်း၏ နေပူဆာကို လှုံနေလေသည်။ မောင်တော် ရေဝိုင်းမင်းသား နတ်ရွာလားပြီးနောက်ပိုင်း သူမအတွက် ပြု စရာဟူ၍ စာဖတ်ခြင်း ကဗျ ာလင်္ကာသီကုံးဖွဲ့ဆိုခြင်း စသည့်အမှုမျ ားပင်ရှိတော့သည် မဟုတ်ပါလား။





ထိုစဉ် ဥတ္တရနိဂုံး နန်းတော်မှ မင်းချ င်းတစ်ယောက် ရောက်ရှိလာပြီး တာရာဒေဝီ့ ခြေရင်းတွင် ဒူးတုတ်ခစားကာ





'' ရွှေနန်းတော်မှ စာချွ န်လွှာရောက်၍ နယ်စားမင်းက သခင်မထံ ပို့ဆက်စေလိုက်ကြောင်းပါဖျ ားး ''





ဟူ၍ စာချွ န်လွှာကို ဆက်သလေသည်။ တာရာဒေဝီလည်း စာချွ န်အား လက်ခံထားလိုက်ပြီး မင်းချ င်းကို ပြန်လွှတ်လိုက်လေသည်။





မင်းချ င်း အရိုအသေပေးကာ ပြန်သွားပြီးနောက် တာရာဒေဝီ စာချွ န်ကို ဖွင့်ဖောက် ဖတ်ကြားလိုက်လေရာ အောက်ပါအတိုင်း တွေ့ရလေတော့၏။





.



.



.



သို့ . . . ရွှေနန်းရှင် သခင်မဖျ ား





ရိုသေလေးမြတ် သိမှတ်ခြင်းမျ ားစွာဖြင့် ကျွ န်တော်မျ ို းမ စာရေးလျေှ ာက်တင်အပ်ပါသည်။





ရေဝိုင်းကိုယ်တော်လေး နတ်ရွာစံ ကံတော်ကုန် သည်ဟု ကြားသိရ၍ ကျွ န်တော်မျ ို းမ လွန်စွာ စိတ်မကောင်းဖြစ်ရပါ၏။ မဖုရား နှင့်ထပ်တူ ထပ်မျျှ ဝမ်းနည်းကြေကွဲ ခံစားရပါသည်။





သို့သော် ယခုအခါ မဖုရားသည် လွတ်လပ်သူ တစ်ဦး ဖြစ်ချေ ပြီမို့ ခင်သူဇာ သည်စာကိုရေးသားလျေှ ာက်တင်အပ်ပါသည်။ ချ စ်သောသူနှင့် ကွေကွင်းရသော ဒုက္ခ . . .မချ စ်မနှစ်သက်သောသူနှင့် အတူနေထိုင်ရသော ဒုက္ခ ဟူသည့် ဒုက္ခကြီးနှစ်ရပ်တို့တွင် မင်းကြီးနှင့် မဖုရားတို့နှစ်ဦးသည် ချ စ်သောသူနှင့် ကွေကွင်းရခြင်းတည်းဟူသော ဒုက္ခကြီးကို နှစ်ရှည်လမျ ားသည်းခံ ခံစားခဲ့ကြရပြီး ဖြစ်ပါသည်ဖျ ား။





ယခုအခါ ခင်သူဇာ အနေဖြင့် မင်းကြီးနှင့် မဖုရားတို့ နှစ်ဦးကြားရှိ တဟုန်းဟုန်းတောက်လောင်ပူပန်လျှ က်ရှိသော အနှီဒုက္ခမီးကြီးအား ငြှိမ်းသတ်ပါရစေတော့။





ရှေးသူတော်ကောင်း ပညာရှိတို့ ၏အဆိုအရ မေတ္တာဟူသည် မျှ ဝေသုံးစွဲသော်လည်း မကုန်ခမ်းမလျေ ာ့ပါးနိုင်သည့် အနန္တရအစွမ်း သတ္တိပင် ဖြစ်ပါလေရာ . . . မင်းကြီး၏ စိတ်ဝိဉာဉ် မင်းကြီး၏ ကိုယ်ခန္ဓာ မင်းကြီး၏ အချ စ် မင်းကြီး မေတ္တာ စေတနာ စသည်တို့ကို ခင်သူဇာ တစ်ကိုယ်တည်း အပိုင်သိမ်းဆည်းထားရန် မရစကောင်းပါ။





သို့အတွက် ကျွ န်တော်မျ ို းမအား မဖုရားကြည်ဖြူ သည်ရှိသော် . . . မဟာပထဝီမြေပြင်နှင့်တူသော မင်းကြီး၏ သစ္စာတရား ရင်ခွင်ကျ ယ်၌ မဖုရား၏ အချ စ် မျ ို းစေ့အား ကျွ န်တော်မျ ို းမ ခင်သူဇာ၏ မေတ္တာရေစင်တို့ သွန်းလောင်လျှ က် အခက်အလက်ဝေဆာရှင်သန်ဖို့ရာ ပူးပေါင်းစိုက်ပျ ို းခွင့် ပြု တော်မူပါကြောင်း စိတ်ကောင်းစေတနာမှန်ဖြင့် ရည်သန်လျေှ ာက်ထားလိုက်ရပါသည်ဖျ ား။





မဖုရား ကိုယ်စိတ်နှစ်ဖြာ ကျ န်းမာချ မ်းသာစွာ ရှိနိုင်ပါစေသား။





ရှိခိုး ဦးတင်လျှ က် . . . .





ညီမတော် ခင်သူဇာ



.



.



''





တာရာဒေဝီ စာချွ န်လွှာကိုဖွင့်ဖတ်ပြီးသည်ရှိသော် အသေအခြာ ခေါက်၍ သူမ၏ ရင်ခွင်တွင် ကပ်ထားလိုက်လေသည်။





. . . .သြော် ခင်သူဇာရယ် . . .ကိုယ်ချ င်းစာတရားကြီးမားလှချ ည်းလား . . .စိတ်ရင်းစိတ်ထား ဖြူ စင်မွန်မြတ်လှချ ည်းလား။ မဖုရားအပေါ် ငါ့ညီမထားရှိတဲ့ စေတနာမှန်ကို မဖုရားနားလည်လိုက်ပါပြီ။ ကောင်းကောင်းကြီး နားလည်လိုက်ပါပြီ ညီမရယ် . . . . .





ညနေ နေဝင်ချ ိန် . . . နေမင်းသူရိန်က အနောက်ဂေါ်ရာ ကျွ န်းဆီသို့ တအိအိနိမ့်ဆင်း လျှ ို းကွယ် လျှ က် ။ ဝန်းကျ င်တစ်ခုလုံး အမှောင်ဘက်သို့ ဖုံးခြေတော့မည်။ ရာမာဝတီ မြို ့တံခါးကြီးလည်း ပိတ်ချေ ပြီ။





ရာမာဝတီမြို ့သို့လာရာ မြေနီလမ်းမကြီးတစ်လျေှ ာက် သူအိုတစ်ဦးမောင်းနှင်လာသည့် မြင်းဖြူ တစ်ကောင်တပ် မြင်းလှည်းတစ်စီး တရွေ့ရွေ့ရွေ့လျ ားလို့ လာလေ၏။ မြို ့တံခါးရှေ့သို့ရောက်သော် မြင်းလှည်းရပ်တန့်သွားပြီး ပေါင်းမိုးဆောင်အတွင်းမှ နီညိုရောင် အဝတ်ပုဝါကို ခေါင်းတွင်ခြုံ သိုင်းထားသည့် အမျ ို းသမီးတစ်ဦးဆင်းလာကာ မြို ့တံခါးအား တဘုန်းဘုန်းပုတ်လေသည်။ ပါးစပ်မှလည်း





'' အရေးကြီးကိစ္စရှိသည်မို့ မြို ့ထဲကို ယခုဝင်ပါရစေ။ တံခါးဖွင့်ပေးကြပါ ''





ဟု တဆာဆာ အော်ဟစ်လေ၏။





အစပိုင်းတွင် မြို ့ရိုးပေါ်ရှိ အစောင့်တပ်သားတို့က အမျ ို းသမီးအား အလေးမထားဟန်ဖြင့် မမြင်ယောင်ပြု ၍ နေကြသေးသည်။ သို့သော် အချ ိန်ကြာလာသည်နှင့်အမျှ အနှီအမျ ို းသမီး၏ အသံသည် ၎င်းတို့အတွက် အနှောက်အယှက်ဖြစ်လာလေ၏။ ထို့ကြောင့် မြို ့စောင့်တပ်မှူ းက အမျ ို းသမီးအား မောင်းထုတ်ရန် မြို ့ရိုးပေါ်မှ ဆင်းလာလေတော့သည်။





'' ဒီမှာ . . .နှမရဲ့။ မြို ့တံခါးက ပိတ်သွားလေပြီ။ ဒီအချ ိန်ဆို ရွှေမြို ့တော်လုံခြုံ ရေးအရ မောင်ကြီးတို့မှာလည်း ဖွင့်ပေးဖို့ရာ မစွမ်းသာဘူး။ ဒါကြောင့် မနက်ခြောက်နာရီ မြို ့တံခါးဖွင့်ချ ိန်ရောက် မှသာ မြို ့တော်သို့ ဝင်ပါလော့။ ဒီကနေ့တော့ ငါ့နှမတို့ အနည်းငယ် အချ ိန်နှောင်းသွားလေပြီ ''





တပ်မှူ းက အမျ ို သမီး၏ ရှေ့သို့ရောက်သောအခါ အထက်ပါအတိုင်း ရှင်းပြပြောဆိုလျှ က် အမျ ို းသမီးအား နှင်ထုတ်လေသည်။





အမျ ို းသမီးက အခက်တွေ့ဟန်ဖြင့်





'' ဒါမှ ဒုက္ခပါပဲရှင်။ နှမတို့မှာ ဒီတစ်ညအဖို့ နေစရာ သွားစရာ မရှိပါစ။ နှမကိုသနားသဖြင့် မြို ့တံခါးဖွင့်လို့ရလျှ င်သာ ဖွင့်ပေးပါ တပ်မှူ းရယ် ''





တပ်မှူ းလည်း ခေါင်းကိုကုတ်လျှ က် ခတ္တမျှ စဉ်းစားလိုက်ပြီး





'' ဒီလိုလုပ် နှမရယ် . . .ဟိုးဘက် ရှေ့က ရွာစုမှာ မောင်ကြီးရဲ့ ကြီးတော်တို့ နေကြလေတယ်။ မောင်ကြီး ဒီကနေစာရေးပေးလိုက်မယ်။ ဤစာကိုပြပြီး ဒီတစ်ညတာကို အဲ့ဒီရွာမှာ ငါ့နှမ စိတ်အေးချ မ်းသာစွာ တည်းခိုပါတော့ ။





မောင်ကြီး စာရေးချ ည်ဦးမယ်။ ငါ့နှမ ဒီကပင် ခတ္တစောင့်ရစ်ပါ ''





ဟု ပြောဆိုမှာကြား၍ စာရေးရန် မြို ့ရိုးပေါ်သို့ ပြန်တက်ဖို့ ပြင်လေသည်။










'' တော်ပါပေတယ် မောင်မင်း။ မိမိတာဝန်ဝတ္တရားကို မပျ က်ယွင်းစေဘဲ တပါးသူ၏ အခက်အခဲကိုလည်း အဆင်ပြေအောင် ကူညီတတ်ပါပေတယ်။ ရှေ့ဆက် မောင်မင်းအတွက် တက်လမ်းမျ ား ရှိလာမည်ပ။ ကာယ ဉာဏ ပြည့်စုံအောင်သာ ကြို းစားဖြည့်ဆည်းထား ''





ဟု ဆိုလျှ က် သူမ၏ခေါင်းပေါ်တွင် လွှမ်းခြုံ ထားသော တံဘက်ပုဝါကို လှစ်လှပ်လိုက်လေ၏။





မြို ့စောင့်တပ်မှူ းတစ်ယောက် ခတ္တခဏမျှ အံ့သြမှင်သက်သွားပြီးမှ လွန်စွာ ဝမ်းမြောက်ဝမ်းသာ ရှိသွားဟန်ဖြင့် မြို ့ရိုးပေါ်ရှိ ရဲမက်မျ ားဘက်သို့ နောက်ပြန်လှည့်ကာ





'' တာရာဒေဝီသခင်မ ပြန်လာပြီဟေ့။ ဘုရင်မ ပြန်လာပြီကွ ''





ဟု ကြွေးကျေ ာ် အသိပေးလိုက်လေတော့သည်။ တဆက်တည်းမှာပင် တပ်မှူ းက တာရာဒေဝီသခင်မ၏ရှေ့တွင် ဒူးတုပ်ဝပ်ဆင်း အရိုအသေပေးလိုက်လေ၏။



.



.



.



တာရာဒေဝီ၏ ရွှေစိတ်တော်တွင်တော့





'' ဘုရင်မ မဟုတ်တော့ပါဘူး တပ်မှူ းရယ်။ ကျွ န်ုပ်ဟာ မောင်တော်မင်းကြီးကို ပါရမီဖြည့်မယ့် မိဖုရားပါ။ မောင်တော်မင်းကြီးအတွက်ဆိုလျှ င် အစဉ်အမြဲ အသင့်ရှိနေမယ့် မိဖုရားတစ်ပါးရယ်ပါလေ . . . . .''



.



.



.



ပြီး ပါ ပြီ ။





ကိုယ်စိတ်နှစ်ဖြာ ကျ န်းမာ ချ မ်းသာ ကြပါစေ။





( သဗ္ဗေသင်္ခါရ အနိစ္စ )





အမြင့်ကြောက်သော ငှက်