မင်းသားကြီး အပိုင်း ၄



 အမြင့်ကြောက်သော ငှက်




ကျွန်မသတိရလာတော့ ဒီအိမ်က ဂိုထောင် ထဲကို ရောက်နေတော့တာ။ တစ်ခုထူးခြားတာက ကျွန်မမှာ ဘယ်လိုအစွမ်းတွေရှိတယ် . . .ကျွန်မ ဘာလုပ်လို့ရတယ် . . ဘာလုပ်လို့ မရဘူး ဆိုတာတွေကို ကိုယ့်ဘာသာကိုယ် အလိုလို သိနေတာပဲ။ နောက်တစ်ခုက ကျွန်မကသာ အဲ့ဒီကာလလေးကို ဘာမှ မကြာဘူးထင်လိုက်ပေမယ့် ဒီမှာတော့ လနဲ့နှစ်နဲ့ချီသွားပြီး အရာရာဟာ ပြောင်းလည်း နေကြပြီ။



ကိုစိုင်းတံခွန်က တက်သစ်စ မင်းသားလေး ဘဝကနေ အအောင်မြင်ဆုံးမင်းသားကြီးတစ်ယောက် ဖြစ်နေသလို . . ကျွန်မရဲ့အခင်မင်ရဆုံး သူငယ်ချင်းဖြစ်တဲ့ ဇွန်သူဝင်း ကလည်း သင်းနဲ့ အကြောင်းပါသွား ပါလေကော ''





'' ဒါဆို ခဗျားပြောတဲ့ . . . ကိုစိုင်းတံခွန် ခင်ဗျားအပေါ်မှာ ယုတ်မာခဲ့ကြတယ် ဆိုတဲ့ ဇာတ်လမ်းကို မဇွန်သူဝင်း မသိဘူးပေါ့ ''




'' အင်းး မသိလောက်ဘူးထင်တယ်ရှင့်။ ကျွန်မ လူ့ဘဝတုန်းက ကိုစိုင်းတံခွန်ကို ခရက်နေတာ ညတွေဆို ဖုန်းပြောဖြစ်ကြတာ တွေကိုတော့ သူသိတယ်။ ဒါပေမယ့် ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေတဲ့နေ့မှာ သူလည်း ကျွန်မရဲ့အခန်းမှာ ရှိမနေတော့ . . .ကိုစိုင်းတံခွန်လှမ်းချိန်းလို့ ကျွန်မသွားတွေ့တာ လည်းသူမသိနိုင်သလို ကျွန်မ ဘာလို့သေတယ်ဆိုတာကိုလည်း သူမတွေးတတ်နိုင်လောက်ဘူး။





ရှင်ပြောမှ သတိရတယ်။ ကျွန်မသူငယ်ချင်းကို သူတစ်ယောက်တည်းရှိတဲ့အချိန် အေးအေးဆေးဆေးစောင့်ပြီး ဒီလောက် အကျင့်မကောင်းတဲ့ လူနဲ့ ဘယ်လိုအကြောင်းပါသွားတယ်ဆိုတာကို သေခြာသိအောင်မေးရမယ်။ ပြီးတော့ သင်းရဲ့ ရက်စက်ယုတ်မာ ရွံစရာကောင်းပုံတွေကိုလည်း သူသိအောင်သေသေခြာခြာပြောပြရမယ်။ ဇွန်သူဝင်းက ပိုက်ဆံရှိပြီး အေးတယ်ရိုးတယ်လေ . .တော်ကြာ ကိုစိုင်းတံခွန်ရဲ့ အလှည့်အပတ် အယုံသွင်းတာတွေ ခံရပြီးဒုက္ခရောက်သွားမှာကို ကျွန်မ အရမ်းစိုးရိမ်မိလို့။





ရွှေရတီ စကားကြောင့် ဝေယံမျက်လုံးပြူးသွားပြီးး





'' ဟုတ်မှလည်းလုပ်ပါ မမလေးရယ်။ တော်ကြာ အားလုံးလန့်ဖြန့်ပြီး ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေပါဦးမယ် ''





လို့ သတိပေးစကားဆိုရတော့တာပေါ့။ ထိုအခါ သူမက ဝေယံ့စကားကို သဘောကျဟန်နဲ့ တခစ်ခစ်ရယ်မောလျှ က် . . .





'' စိတ်ချပါရှင် . . ကျွန်မရဲ့သူငယ်ချင်းကို ကျွန်မ လန့်အောင်ဖြန့်အောင်မလုပ်ပါဘူး။ သူနဲ့ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းကို ကျွန်မရှာပါ့မယ် ''





လို့ ဝေယံကို ကတိပေးလေတယ်။ ထိုနောက် ဝေယံလည်း အိပ်ချင်လာတာနဲ့ . .





'' ကဲ ကဲ ဒါဆိုလည်း အိပ်ကြဆို့ဗျာ။အချိန်လည်းမစောတော့ဘူး ''





လို့ သူမကို အိပ်ဆက်ဖို့ ဆော်သြလိုက်ပြီး သူကိုယ်တိုင်လည်း အိပ်ယာပေါ်သို့ လှဲချ ကာ ဆောင်ကို ဆွဲခြုံ လိုက်ပါတော့တယ်။





ဇွန်သူဝင်း ဇောချွေးတွေပြန်ပြီး လန့် နိုးလာတယ်။ သူမရဲ့ဘေးမှာ ကိုစိုင်းတံခွန်က အကျီချွတ်နဲ့ အိပ်မောကျ လျှက်။ သူမရဲ့ ကိုယ်ပေါ်မှာလည်း အဝတ်အစားများရှိမနေ။





စိတ်အေးအေးထားလို့ ဖြေးဖြေးခြင်းစဉ်းစားလိုက်တော့မှ ညဦးပိုင်းမှာ ကိုစိုင်းတံခွန်နဲ့ အတော်ကြာကြာလေး ချစ်ပွဲဝင်ခဲ့ကြပြီးနောက် မလှုပ်နိုင်မကိုင်နိုင် မောမောပမ်းပမ်းနဲ့ အိပ်ပျော်သွားးးပြီး အိပ်မက်များ မြင်မက်နေခြင်းဖြစ်ကြောင်း ဇွန်သူဝင်းရဲ့ အတွေးထဲမှာ ပြန်ပေါ်လာတော့တယ်။





အိပ်မက်က အရမ်းကြီး ဆိုးတဲ့ အိပ်မက်ဆိုးမဟုတ်ပေမယ့် ဇွန်သူဝင်းအတွက်တော့ မနှစ်မြို့စရာကောင်းသည်မှာ အမှန်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားရှာတဲ့ သူငယ်ချင်းရွှေရတီနဲ့ အိပ်မက်ထဲမှာ ပြန်တွေ့ပြီး အပြန်အလှန်စကားတွေပြောနေကြရတာ။





ရွှေရတီက . . ကိုစိုင်းတံခွန်နဲ့ သူမခင်မင်ကြတုန်းက တတားတား တဆီးဆီး လုပ်ခဲ့ပြီး ကိုယ်တိုင်ကြတော့ ကိုစိုင်းတံခွန်နဲ့ ဘာလို့လက်ထပ်ခဲ့ရသလဲ . . လို့ ဇွန်သူဝင်းကို မကြေမချမ်းနဲ့မေးခွန်းထုတ်နေလေရဲ့။





ဒါနဲ့ပဲ ဇွန်သူဝင်းလည်း . . . ရွှေရတီ ဆုံးပါးပြီး တစ်နှစ်လောက်အကြာမှာ မိဘတွေက သူမကို အိမ်ထောင်ချပေးဖို့စီစဉ်ခဲ့ကြောင်း . . မင်းသားတစ်ယောက် ဖြစ်တယ်ဆိုတာ သိပေမယ့် ကိုစိုင်းတံခွန်လို့ ထင်မှတ်မထားကြောင်း . . . တကယ်တမ်းတွေ့ဆုံရတဲ့အခါမှ ကိုစိုင်းတံခွန် ဖြစ်မှန်းသိလိုက်ရကြောင်း . . . ၎င်းကို စကားပြောဆို အကဲခတ်ကြည့်တော့ သူမလက်ခံနိုင်မည့်အနေအထားရှိတာမို့ မိဘများလည်း စိတ်ချ မ်းသာအောင် ခေါင်းငြိမ့်ခဲ့ခြင်းဖြစ်ကြောင်း . . .စသဖြင့် ရွှေရတီ ကြေနပ်အောင် လှည့်ပတ်ဖြေကြားရတော့တာပေါ့။





အဲ့ဒီအခါကြမှ ရွှေရတီလည်း





'' အင်းးလေ ငါနဲ့ ကိုစိုင်းတံခွန်ရဲ့ ဇာတ်လမ်းကိုမှ နင်မသိတော့ သူဟာ လုယုတ်မာတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း နင်မသိဘူးပေါ့။ နင့်မှာအပြစ်မရှိပါဘူးလေ ''





လို့ စိတ်လျော့သွားတော့တယ်။





အဲ့ဒီနောက် ရွှေရတီက မျက်နှာကြောကော လေသံပါ သိသိသာသာပျော့ပြောင်းသွားပြီး . . သူမနဲ့ ကိုစိုင်းတံခွန် ချိန်းဆိုတွေ့ဆိုခဲ့ကြပုံ . .သူမကို ကိုစိုင်းတံခွန်က ဆေးခပ်ပြီး သူ့ရဲ့သူငယ်ချင်းတွေနဲ့ ယုတ်မာမိုက်ရိုင်းခဲ့ကြပုံ . . သူမ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပုံများကို ဇွန်သူဝင်းကို ပြောပြပြန်တယ်။





ရွှေရတီ့စကားကြားရတော့ ဇွန်သူဝင်းလည်း အရမ်းကို အံ့သြသွားတဲ့ဟန်နဲ့





'' ဟုတ်ကော ဟုတ်ရဲ့လားဟယ်။ ကိုစိုင်းတံခွန်က အဲ့လို အောက်တန်းကျ တဲ့ အလုပ်တွေကို တကယ်လုပ်ခဲ့တာလား ''





လို့ မေးခွန်းပြန်ထုတ်လိုက်တော့ ရွှေရတီက ခနဲ့ ပြုံးပြုံးပြီး





'' ငါက ခံရတာသူပါ ဇွန်သူဝင်းရယ် . . ပြီးတော့ မိန်းကလေးတစ်ယောက် ။ ကိုယ့်ရဲ့ အိနြေ္ဒသိက္ခာကို စတေးပြီး အခြားသူကို မဟုတ်တမ်းတရား စွပ်ဆွဲပါ့မလား ''





လို့ ခပ်လေးလေး ပြန်ပြောရှာတယ်။





'' ငါတော့ မယုံနိုင်ဘူး သူငယ်ချင်းရယ်။ ကိုစိုင်းတံခွန် ဟာ အင်မတန် ရိုးသားပြီး စိတ်ထားဖြူ စင်တဲ့လူတစ်ယောက်ဆိုတာ ငါကောင်းကောင်းကြီး အာမခံရဲတယ်။ နင် လူမြန်းမှားသလား ဟယ် . . .''





'' ဟင်း ဟင်း အေးပေါ့လေ . .နင့်ယောကျ်ားဖြစ်နေပြီ ဆိုမှတော့ နင်သူ့အပေါ်ကို အကောင်းမြင်တာ မဆန်းပါဘူး။ ပြီးတော့ ကိုစိုင်းတံခွန်ဟာ နာမည်ကျော် ရုပ်ရှင်မင်းသားပီပီ အင်မတန် ဟန်ဆောင်ကောင်းနေတော့လည်း သူ့ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို နင်နားလည်အောင်ပြောပြရဖို့အခက်သား။ ဒါပေမယ့် သေခြာတာတစ်ခုကတော့ သူငါ့ကို အဲ့ဒီလိုတွေ ကြံစည်ခဲ့တယ်။ သူ့ကြောင့် ငါ သေခဲ့ရတယ် ဆိုတာပဲ။





အဲ့ဒါကို ငါမကြေနပ်လို့ သူ့ကိုလက်စားပြန်ချေ ပြီး မိုက်ဇာတ်သိမ်းပေးဖို့ ခု ဒီကို ရောက်လာခဲ့တာပဲ။ ခက်တာက . . အဲ့ဒီလူယုတ်မာက ငါ့ရဲ့အချ စ်ဆုံးသူငယ်ချင်းဖြစ်တဲ့ နင်ရဲ့ ယေကျ်ားဖြစ်နေပြီဆိုတော့ . . . .''





ရွှေရတီရဲ့ စကားကြောင့် ဇွန်သူဝင်း ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး ခင်ပွန်းသည်အတွက် တောင်းပန်ကာကွယ်ရတော့တာပေါ့။





'' စိတ် စိတ် ထိန်းပါ သူငယ်ချ င်းရယ်။ ခုအချိန်မှာ ငါနဲ့ ကိုစိုင်းတံခွန်ရဲ့ဘဝက တစ်သားတည်းဖြစ်နေပါပြီ။ ပြီးတော့ သူ သူလည်း ဒီလို အကျင့်မကောင်းတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့လောက်ပါဘူး။ သေခြာစုံစမ်းပါဦးဟာ။





လောလောဆယ်မှာပဲ သူ့ကိုမှီခိုနေရတဲ့ ရုပ်ရှင်လေကသားတွေ မရှိဆင်းရဲသားတွေအများကြီးရယ်ပါ။ သူတစ်ခုခုဖြစ်ရင် အဲ့ဒီလူတွေကို ဘယ်သူစောင့်ရှောက်ပါ့မလဲ။ ကိုစိုင်းတံခွန်ရဲ့အပေါ်မှာ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်စေချင်တယ် ရွှေရတီရယ် . . .''





ဇွန်သူဝင်းရဲ့တောင်းပန်စကားကြောင့် ရွှေရတီက ဟက်ခနဲ ခနဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး





'' တကယ်တော့ဘာမှ စောင့်ကြည့်စရာမလိုဘူးလေ။ သူ ငါ့ကို ယုတ်မာခဲ့တာကရှင်းနေတာပဲ။ အင်းး . . ဒါပေမယ့် သူက နင့်ယောကျ်ားဖြစ်နေတော့ ငါသူ့ကို ခုချ က်ခြင်း မသတ်သေးပါဘူး။ နင့်အပေါ်မှာ သူဘယ်လိုဆက်ဆံသလဲ . . ရှေ့ဆက်ပြီး သူ့ရဲ့ဘဝကို လောကအတွက် အကျိုးရှိအောင် ဘယ်လိုအသုံးချလည်း . .ဆိုတာတွေကို စောင့်ကြည့်ပြီးတော့မှ သူ့ကို သတ်သင့်မသတ်သင့်စဉ်းစားမယ် ''





ရွှေရတီ့ရဲ့ အဖြေစကားကို ကြားလိုက်ရတော့ ဇွန်သူဝင်းလည်း ဝမ်းသာသွားပြီး သူမကို ကျေးဇူးတင်ကြောင်း ပြောလိုက်မိတော့တယ်။ ကိုစိုင်းတံခွန်ရဲ့အပေါ်မှာလည်း အာမခံကြောင်း ကတိအထပ်ထပ်ပေးလိုက်တော့တာပေါ့။





အဲ့ဒီနောက် . . .ငါသွားမယ်ဆိုပြီး ရွှေရတီပြောက်သွားသလို ဇွန်သူဝင်းလည်း အိပ်မက်ကနေ နိုးလာခဲ့တော့တယ်။





အထက်ပါအတိုင်း သူမမက်ခဲ့တဲ့ အိပ်မက်ရဲ့ ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်တွေးတောရင်း ဇွန်သူဝင်း အတော်ကို တုန်လှုပ်မိတာတော့ အမှန်။ နားသယ်စပ်မှာ ချွေးစေးတွေနဲ့မို့ မျက်နှာသစ်ချ င်လာတာနဲ့ ရေချိုးခန်းကိုသွားဖို့ အိပ်ယာက ထလိုက်တယ်။ ညဦးမှာ ချွတ်ထားမိခဲ့တဲ့ ညအိပ်ဂါဝန်က စောင်တွေထဲ ရောလုံးနေပြီလေ။ ဒါကြောင့် စောင်ပုံထဲမှာ အဲ့ဒါလေးကိုရှာပြီး သူမရဲ့ သေးသေးတင်းတင်း ကိုယ်ခန္ဓာလေးမှာ ပတ်လိုက်တော့တာပေါ့။





အင်္ကျီဗလာနဲ့ အိပ်မောကျ နေတဲ့ ကိုစိုင်းတံခွန်ရဲ့ကိုယ်ပေါ်ကိုလည်း စောင်တစ်ထည်လွှားခြုံ ပေးလိုက်တယ်။ အဲ့ဒီနောက် လင်သားဖြစ်သူကို တစိမ့်စိမ့်ကြည့်ပြီး





''. . . သြော် . .အကို အကို အိပ်နေလိုက်တာမြန်း ကလေးလေးကျ နေတာပဲ။ အပြစ်ကင်းစင်လိုက်တာ။ မိန်းမကိုလည်း ချစ်လိုက် ဂရုစိုက်လိုက်တာ တအားပဲ။ ဒီလိုလူမျိုးက အိပ်မက်ထဲမှာ ရွှေရတီ စွပ်ဆွဲခဲ့သလို ယုတ်ညံ့နိမ့်ကျ တဲ့အလုပ်မျိုးကို လုပ်ပါ့မလား။ မဖြစ်နိုင်တာ. . . .။ ''





လို့ သူမ တစ်ဦးတည်း မှတ်ချက်ချ လိုကိမိတော့တယ်။ အဲ့ဒီနောက် ဆက်လက်တွေးရင်း ခင်ပွန်းသည်အတွက် စိုးရိမ်စိတ်တွေ ဝင်လာမိပြန်ကော။ ဒါကြောင့် မနက်စောစောထလို့ ရွှေတီဂုံဘုရားသွားဖူးပြီး ကောင်းမှုကုသိုလ်များလုပ်ရင်း ရွှေရတီကိုပါ တခါတည်း အမျှ အတမ်းများပေးဝေဖို့



ဇွန်သူဝင်း ဆုံးဖြတ်ချက်ချ လိုက်မိပါတော့တယ်။ အဲ့ဒီနောက်တော့ သူမလည်း ကုတင်ပေါ်က အသာဆင်းပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်တော့တာပေါ့။





မဇွန်သူဝင်းက . . ရွှေတီဂုံဘုရားကို ကားမောင်းပို့ပေးပါဆိုလို့ ဝေယံလိုက်ပို့ရတယ်။ ထုံးစံအတိုင်း မဇွန်သူဝင်းနဲ့အတူ သင်းသင်း ဝင်းဝင်း ညီအစ်မပါ ပါလာကြတာပေါ့။ ဦးမြကြီးတို့လင်မယားကတော့ အိမ်စောင့်ကျန်ခဲ့လေရဲ့။ ဟိုဘက်တစ်ထပ်အိမ်မှာက အိမ်တံခါးပိတ်ထားလျှ က်။ မနက်စောစော ရယ်ဒီကျော် တနေရာရာသွားတာလား ညကတည်းက ပြန်မလာတာလည်း ဝေယံသတိမထားမိဘူး။ ကိုစိုင်းတံခွန်ကတော့ ရှူတင်ထသွားပြီလို့ မဇွန်သူဝင်းကပြောတယ်။





ဘုရားပေါ်ရောက်ကာ ဘုရားဝတ်ပြု ပုတီးစိပ် ပန်း ရေချမ်း ဆီမီး စသဖြင့် ဆက်ကပ်လှူ ဒါန်းပူဇော်ကြပြီးလို့ အိမ်ပြန်မယ်အလုပ်မှာ အဒေါ်ကြီးတစ်ယောက်က ဝေယံတို့လူသိုက်ကို လာမိတ်ဆက်လေတယ်။ ကြည့်ရတာ အပူသည်မျက်နှာနဲ့။





'' ဒီက တူမကြီးက ရုပ်ရှင်မင်းသား စိုင်းတံခွန်ရဲ့ ဇနီးသည်လား ဟင် . . .''





'' ဟုတ်ပါတယ် ရှင့် ''





သူမကို ဦးတည်မေးလိုက်တဲ့မေးခွန်းကို မဇွန်သူဝင်းက ဟုတ်မှန်ကြောင်းဝင်ခံလိုက်တော့ ဒေါ်ကြီးရဲ့ ညှိုးနေတဲ့ မျက်နှာဟာ အနည်းငယ် လန်းရွင်သွားပြီး



သူမ၏ အမည်မှာ ဒေါ်သိန်းနွဲ့ ဖြစ်ကြောင်း



အမျိုးသားမှာ ကုမ္ပဏ္ဏီတစ်ခုမှ ရုံးအုပ်ကြီးဖြစ်၍ သူမတို့တွင် သားလေးတစ်ယောက် သမီးလေးတစ်ယောက်ရှိကြောင်း





သူမဟာ ကိုစိုင်းတံခွန်ရဲ့ အမာခံပရိတ်သတ်ဖြစ်ပါကြောင်း





ကိုစိုင်းတံခွန်နှင့် မဇွန်သူဝင်း စုံတွဲပွဲတက်ကြတဲ့ပုံကို မဂ္ဂဇင်းတစ်ခုမှာ မြင်မိတာမို့ မဇွန်သူဝင်းကို ကိုစိုင်းတံခွန်ရဲ့ မိန်းမအဖြစ် ယခုကဲ့သို့ အတတ်ပြောနိုင်ခြင်းဖြစ်ကြောင်း





တဖန် ကိုစိုင်းတံခွန်နဲ့ အဆိုတော် ရယ်ဒီကျော်မှာလည်း ညီကိုများဖြစ်ကြသည်ကို သူမသိရှိထားပါကြောင်း



သူမ လာရောက်ပြောဆိုရသည်မှာလည်း ရယ်ဒီကျော့်ကိစ္စပင်ဖြစ်ကြောင်း





ဘုရားပေါ်တွင် မဇွန်သူဝင်းနှင့် ယခုကဲ့သို့ တွေ့စုံခွင့်ရခြင်းသည် သူမအား ဘုရားသိကြားမခြင်းဖြစ်ကြောင်း





စသဖြင့် ရှင်းပြပြောဆိုလေတယ်။ ရယ်ဒီကျော့် ကိစ္စဆိုတော့ မဇွန်သူဝင်းက အနည်းငယ် မျက်နှာပျက်သွားပြီး





'' ပြောစမ်းပါဦး ဒေါ်လေးရယ် . . ဒီကောင်ဘာပြသနာတွေရှာပြန်ပြီလည်းမသိဘူး ''





လို့ စိုးရိမ်တကြီးမေးလိုက်တာပေါ့။ ထိုအခါ အဒေါ်ကြီးက ဝမ်းနည်းယူကြုံးမရဟန်နဲ့ သူမ တွေ့ကြုံ နေရတဲ့ ပြသနာကို ပြောပြပါတော့တယ်။





'' အန်တီ့ သမီးလေးနာမည်က ပြည့်ပြည်ဖြိုးတဲ့။ သမီးလေးက အန်တီ့ခင်ပွန်း အလုပ်ဝင်နေတဲ့ ကုမ္ပဏ္ဏီပိုင်ရှင်သူဌေးကြီး ဦးဝင်းမော်ရဲ့သား မောင်လူမော်နဲ့ မေတ္တာမျှ နေကြတာ နှစ်နှစ်ခွဲ လောက်ကြာပါပြီကွယ်။ သူဌေးသားလေးဆိုပေမယ့် မောင်လူမော်က ထောင်ထောင်လွှားလွှားထဲက မဟုတ်ဘူးကွယ့်။ အနေအေး သဘောကောင်းပြီး သမီးလေးကိုလည်း အလွန်ချစ်ရှာတယ်။





မောင်လူမော်က သမီးလေးနဲ့ မေတ္တာမျှ နေကြတာကို သူ့မိဘတွေကိုဖွင့်ပြောပြလိုက်တော့ . . .သူဌေးကြီးတို့ကလည်း နာမည်နဲ့လိုက်အောင် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချ စ်စရာကောင်းတဲ့ သမီးလေးကို သူတို့ချွေးမလောင်းအဖြစ် ကြည်ကြည်ဖြူ ဖြူ ပဲ သဘောတူကြပါတယ်။



သူတို့နှစ်ယောက်ဟာ လာမယ့်သီတင်းကျွတ်မှာ လက်ထပ်ကြဖို့ လူသိရှင်ကြား ပြောဆိုထားပြီးသား။





အဲ့လို မောင်လူမော်နဲ့နှစ်ယောက် သူချစ်ကိုယ်ချစ်နေလာခဲ့ကြရင်း လွန်ခဲ့တဲ့ တစ်နှစ်လောက် အဆိုတော် ရယ်ဒီကျော် ဆိုတဲ့ ကောင်လေး စပေါ်လာတဲ့အချိန်ကစပြီး သမီးလေး မူစပျက်လာခဲ့တော့တာပဲ။ သမီးလေးက ရယ်ဒီကျော့်ကို ရူးရူးမူးမူး စွဲလန်း သွားပြီး အဲ့ကောင်လေးပါတဲ့ ရှိုးပွဲမှန်သမျှ သွားကြည့်ခဲ့တဲ့အပြင် ရဲ့ အဲ့ကောင်လေးရဲ့ ခွေသစ်မိတ်ဆက်ပွဲ အင်တာဗြူးပွဲ တွေကိုလည်း ရှေ့ဆုံးက ရောက်အောင်သွားတော့တာ။ အိမ်မှာလည် အဲ့ဒီအဆိုတော်ကောင်လေးရဲ့ သီချ င်းတွေကို တစ်နေကုန်ဖွင့်သလို သူ့ရဲ့ ကွန်ပြူတာနဲ့ ဖုန်း ထဲမှာလည်း အဲ့ကောင်လေးရဲ့ သီချင်းတွေနဲ့ ဓာတ်ပုံတွေချည်းပဲ။





မောင်လူမော်က သဝန်မတိုတတ်ပေမယ့် အန်တီက မောင်လူမော့်ကို အားနာတာကြောင် . . . သမီးလေးနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်တိုင်း ကိုယ့်ချစ်သူမဟုတ်တဲ့ အခြားယောကျ်ားလေးတစ်ယောက်အပေါ်မှာ အဲ့ဒီလောက်ကြီးအထိ စိတ်မယိုင်သင့်ကြောင်း . . မောင်လူမော့်ရဲ့ ခံစားချ က်ကို နားလည်မှုပေးပြီး ဆင်ခြင်သင့်ကြောင်း စသဖြင့် ပြောဆိုဆုံးမတာပေါ့။ ဒါပေမယ့် အရာမထင်ခဲ့ပါဘူး။ အန်တီ့စကားကို နားမဝင်ဘဲ မောင်ရယ်ဒီကျော်ရဲ့အနားကို ရောက်အောင်သွားရင်း တဆထက်တဆ ရင်းနှီးမှုရလာတဲ့ အရိပ်အယောင်တွေတောင် သမီးလေးဆီမှာ တဖြေးဖြေး တွေ့လာရတယ်။





နောက်ဆုံးတော့ မောင်လူမော်နဲ့ လက်ထပ်ခါနီး တစ်လလောက်အလိုကျ မှ သမီးလေး အိမ်ကနေ ပျောက်သွားတော့တာပါပဲကွယ်။ ခုဆိုရင် သမီးလေး ပျောက်သွားတာ သုံးရက်ရှိသွားပြီ။ မောင်လူမော်ကတော့ သမီးရဲ့အပေါ်မှာ တကယ့်ကိုကောင်းပြီး မေတ္တာစစ်နဲ့ချစ်ရှာတဲ့ လူငယ်တစ်ယောက်ပါလေ။





သမီးလေး ပျောက်သွားတာကို သူသိသိခြင်း အဲ့ဒီကိစ္စကို သူ့ရဲ့မိဘတွေမသိအောင် ထိန်ချန်ထားပြီး သမီးလေးကိုသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမြန်ဆုံးရှာဖွေကြဖို့ အန်တီတို့ကို တိုင်ပင်ရှာတယ်။ သမီးလေးကို ပြန်တွေ့ဖို့သာအဓိက နောက်ဖြစ်လာမယ့် ပြသနာကို သူအကုန်တာဝန်ယူမယ် . .တဲ့လေ။





အန်တီတို့ကလည်း . . စိတ်ဆတ်ပြီး ပြတ်ပြတ်သားသားလုပ်တတ်တဲ့ သူဌေးကြီး ဦးဝင်းမော်ရဲ့ဒေါသကို ကြောက်မိတာအမှန်ပဲ။ သူဌေးကြီးသာ ဒီကိစ္စ သိသွားရင် အန်တီ့အမျိုးသားကို အလုပ်ဖြုတ်ပြစ်မယ့်အပြင် အန်တီတို့ ခုနေနေတဲ့ သူပေးထားတဲ့ တိုက်ခန်းလေးပါ ပြန်သိမ်းသွားမှာ။ ဒါဆို အန်တီတို့ ဘဝပျက်ပြီပေါ့။





အဲ့ဒါနဲ့ နောက်ဆုံးတော့အန်တီတို့လည်း မောင်လူမော်ကိုအားနာပေမယ့် ရွေးစရာလမ်းမရှိတာမို့ သူပြောတာကိုလက်ခံလိုက်ရပြီး သမီးလေးရဲ့သတင်းကို လူသိပ်အသိမခံတော့ဘဲ တိုးတိုးတိတ်တိတ် စုံစမ်းခဲ့ကြတော့တယ်။ စခန်းရောက်ရင် ကျယ်ကျယ် ကျယ်ကျယ် ဖြစ်သွားမှာစိုးလို့ လူပျောက်တွေ ဘာတွေလည်း မတိုင်ဖြစ်တော့ဘူး။ မောင်လူမော်ကတော့ အန်တီတို့ဆီကို နေ့တိုင်းလာပြီး သားကြီးနဲ့အတူတူ သမီးလေးကို ထွက်ရှာနေကြတော့တာပေါ့။





ဒီလိုနဲ့မနေ့ကည ၉ နာရီလောက်မှာ သားကြီးကို သူ့သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောလာတယ်။ သမီးလေးကို မောင်ရယ်ဒီကျော်နဲ့အတူတူ ထောက်ကျန့်ဘက်မှာ ကားတစ်စီးနဲ့ မြင်လိုက်မိတယ် တဲ့။ အဲ့သတင်းလည်းကြားကော သားကြီးကော သူ့ဖအေပါ ထလိုက်ပြီး နှစ်ယောက်စလုံးကို သတ်မယ် ဖြတ်မယ် အတင်းလုပ်ကြပါလေကော။ ဒေါသကြီးနေတဲ့ လင်နဲ့သားကိုအန်တီ့မှာ မနည်းတားထားရတာ။





မဖြစ်သင့်တာမဖြစ်ရလေအောင် သူတို့ကိုသာ တားနေရတယ်. . . တကယ်တော့ အန်တီလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ အဲ့ဒါနဲ့ မောင် လူမော်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြလိုက်တော့ ညတွင်းချင်းပဲ အန်တီတို့ဆီကို ရောက်လာပါလေကော။





အားလုံးတိုင်ပင်လိုက်ကြတော့ . .၉ နာရီလောက်က ထောက်ကျန့်မှာ ကားနှင့်တွေ့လိုက်ရပေမယ့် ခု ၁၀ နာရီကျော်ပြီမို့ အဲ့ဒီမှာ ရှိချင်မှရှိတော့မှာ . . အန်တီတို့ အိမ်ကနေ ထောက်ကျန့် အထိဆိုလည်း အနည်းဆုံး တစ်နာရီလောက်တော့ ကားမောင်းရဦးမှာ . . .လို့ စဉ်းစားမိကြပြီး အချိန်လည်း မရှိတော့တာနဲ့ ဒီနေ့မနက်ကျ မှပဲ သားကြီးနဲ့ မောင်လူမော် တို့နှစ်ယောက် ထောက်ကျန့်ကို လိုက်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။



အခုဆိုရင် သားကြီးတို့က ထောက်ကြန့်ကို သွားနေကြပြီ။ အန်တီ့ခင်ပွန်းကတော့ မောင်လူမော့် ဖခင် သူဌေးကြီးမရိပ်မိအောင် ဟန်မပျက်ရုံးသွားဖို့ ပြင်ဆင်ရတာပေါ့။ အန်တီကတော့ သမီးလေးကို အမြန်ဆုံးပြန်တွေ့ရဖို့နဲ့ ကံကြမ္မာအဆိုးအညံ့တွေ ပြေပျောက်ဖို့ ဘုရားမှာကောင်းမှုကုသိုလ်ပြု ဆုတောင်းရင်း တူမကြီးနဲ့ အခုလို ဆုံခဲ့ရတာပါ။





ဒီကတူမကြီးကို တွေ့တွေ့ခြင်း မင်းသားစိုင်းတံခွန်ရဲ့ အမျိုးသမီးဆိုတာ အန်တီ တန်းမှတ်မိတယ်။ အဲ့ဒီနောက် ဆက်စဉ်းစားလိုက်တော့ . . သူနဲ့ မောင်ရယ်ဒီကျော်က ညီကိုဝမ်းကွဲတော်ကြတယ်လို့ အင်တာဗြူးတစ်ခုမှာ မင်းသားက ဖြေထားဖူးတာ အန်တီသတိရမိပြန်တယ်။ ဒါကြောင့် ရယ်ဒီကျော်တို့ ရှိမယ့်နေရာကို တူမကြီးမြန်း သိလေမလား ခန့်မှန်းနိုင်လေမလားရယ်လို့ အားကိုးတကြီးနဲ့ လာမေးမိတာပါ။





အန်တီ့တို့ အဖြစ်က ဆိုးပါတယ် တူမကြီးရယ်။ သားကလည် စိတ်ဆတ်ပြီး သိပ်မလိမ္မာဘူး။ သားမက်ကောင်းကောင်းလေး ရမယ်ကြံပြန်တော့လည်း ခုလို သမီးက ယောင်းမမြင်းစီးထွက်ပြနဲ့ ဆိုတော့ . . . ။ အန်တီ့အနေနဲ့ မောင်လူမော့်ကိုလည်း အရမ်းအားနာမိတာပဲ။ သူ့အတွက် စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဖြစ်နိုင်ရင်တော့ အန်တီတို့ကို ကူညီပါ တူမကြီးရယ် . . . အန်တီ တူမကြီးရဲ့ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူးး ''





ဒေါ်သိန်းနွဲလို့ အမည်ရတဲ့ အဒေါ်ကြီးက သူမရဲ့ အခက်အခဲများကို အထက်ပါအတိုင်း စီကာ စဉ်ကာ ရင်ဖွင့်ပြောကြားရင်း ဝမ်းနည်းလာဟန်ဖြင့် မျက်ရည်များဝေ့ဝဲလာကာ တ အင့်အင့် ရိုက်ငိုပါတော့တယ်။ ဝေယံတို့ အားလုံးလည်း စိတ်မကောင်းဖြစ်ကြရတာပေါ့။ ပြည့်ပြည့်ဖြိုးဆိုတဲ့ သမီးမိုက်ကလေးကိုလည်း ဒေါမနသများဖြစ်ကြရတယ်။





မဇွန်သူဝင်းက ဒေါ်သိန်းနွဲ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး





'' ဘာမှ စိတ်ညစ်မနေနဲ့တော့ ဒေါ်ဒေါ်။ ထောက်ကြန့်မှာ တွေ့တယ်ဆိုကတည်းက အဲဒီနှစ်ယောက်ဘယ်သွားလည်းဆိုတာ ကျွန်မခန့်မှန်းမိတယ်။ ဒါပေမယ့် ဒေါ်ဒေါ်တို့လိုက်မသွားကြနဲ့တော့။ တော်ကြာ ဒေါ်ဒေါ်သားကြောင့် လက်လွန်ခြေလွန်ဖြစ်ကုန်ရင် ဒေါ်ဒေါ်ပဲ ထပ်စိတ်ဆင်းရဲရမှာ။





အဲ့ဒီတော့ ဒီလိုလုပ်။ ဒေါ်ဒေါ့်ရဲ့ အိမ်လိပ်စာနဲ့ ဒေါ်ဒေါ်ကိုင်တဲ့ ဖုန်းနံပါတ် ကျွန်မကို ပေးလိုက်ပါ။ ညနေရောက်တာနဲ့ ဒေါ်ဒေါ်ရဲ့သမီးလေးကို ကျွန်မပြန်ခေါ်ထားပြီး ဒေါ်ဒေါ့်ကို လှမ်းအကြောင်းကြားလိုက်မယ်။ အခြား ဘယ်သူမှလည်း မသိစေရဘူး။ ဒေါ်ဒေါ် စိတ်အေးချ မ်းသာစွာနဲ့ အိမ်မှာစောင့်နေရစ်ပေတော့ ''





လို့ ကလေးမကို ပြန်ခေါ်ပေးမည်အကြောင်း ဝန်ခံကတိပေးလိုက်တယ်။ ထိုအခါ ဒေါ်သိန်းနွဲ့ကြီးလည်း သူမရဲ့အိမ်လိပ်စာတွေ ဖုန်းနံပါတ်တွေပေးပြီး မဇွန်သူဝင်းကို ကျေးဇူးတင်စကား အထပ်ထပ်ဆိုကာ ထွက်ခွာသွားပါတော့တယ်။





ဘုရားကုန်းတော်ပေါ်က ပြန်ဆင်းလာပြီး ကားပေါ်မှာထိုင်မိကြတော့ . . ဘယ်မောင်းရမလဲ . .လို့ မဇွန်သူဝင်းကို ဝေယံ လှမ်းမေးလိုက်တော့ သူမက





'' ကိုစိုင်း ရဲ့ရှူ တင်ကို မောင်း '' တဲ့။




ရှူ တင်ကိုရောက်တော့ မဇွန်သူဝင်းက ဗီဒီယိုရိုက်နေတဲ့ ကိုစိုင်းတံခွန်ကို ဝင်တွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်လေ။





'' ကိုယ် ဒီလောက် အတန်တန် သတိပေးတဲ့ကြားက ဒီကောင် ဂြိုဟ်မွှေပြန်ပြီ။ ပြောလိုက်ရင် မျက်နှာက ဂျ စ်ကန်ကန်နဲ့ မကြိုက်လိုလို မကြည်သလိုလိုနဲ့။ ဒီကောင့်ကို ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး။ ကြပ်ကြပ် ပညာပေးမှ ရတော့မယ်





ထောက်ကြန့်မှာ တွေ့ခဲ့တာဆိုတော့ မှော်ဘီက ကိုယ်ဝယ်ထားတဲ့ ခြံကို သွားတာဖြစ်နိုင်တယ်။ ခြံတံခါးနဲ့ အိမ်တံခါးသော့အပိုတွေ ဒီကောင့်ကို ပေးထားမိတာ ကိုယ့်အမှားပဲ ''





ကိုစိုင်းတံခွန်က ရယ်ဒီကျော့်ရဲ့လုပ်ရပ်ကို စိတ်တိုသွားတဲ့ပုံနဲ့ မကြေမနပ် ငြီးတွားရင်း နောင်တစကားပါဆိုလေတယ်။ အဲ့ဒီနောက်တော့ . . အောင်ထွန်းကို ပစ္စည်းတွေသိမ်းခိုင်းပြီး ဒါရိုက်တာကို ခွင့်တောင်းလို့ မှော်ဘီိခြံကို ချက်ခြင်းထသွားဖို့ ပြင်တော့တာပဲ။ ဝေယံလည်း လမ်းသိပ်မသိတာမို့ ကိုစိုင်းတံခွန်တို့ ကားနောက်ကပဲ အသာကပ်လိုက်ခဲ့ရတော့တာပေါ့။





ရယ်ဒီကျော် အိပ်ယာနိုးလာတော့ မနက် ၁၀ နာရီ ၄၅ ဖြစ်နေပြီ။ သူနဲ့ ပြည့်ပြည့်ဖြိုးဆိုတဲ့ကလေးမ ကိုစိုင်းတံခွန်ဝယ်ထားတဲ့ မှော်ဘီခြံထဲက အိမ်လေးမှာ ရောက်နေကြတာပေါ့။ ဒီနေရာက ခြံကြီး ဝန်းကြီးတွေဖြစ်တဲ့အပြင် တစ်ခြံနဲ့တစ်ခြံလည်းအလှမ်းဝေးတာကြောင့် ဒါမင်းသား ဒါအဆိုတော် စသဖြင့် သိပ်စပ်မစုကြဘူး။ ဒါ့ကြောင့် ရယ်ဒီကျော့်အတွက်တော့ မှော်ဘီခြံဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲပေါ့။





ခုလည်းရန်ကုန်မှာ သွားရလာရတာ မလွတ်လပ်တာနဲ့ ပြည့်ပြည့်ဖြိုးလေးကို ခေါ်ပြီး ဒီကို ဒိုးခဲ့မိတာ။ ဒီနေရာကို မိန်းကလေးတိုင်းကိုတော့ သူခေါ်လာလေ့မရှိဘူးရယ်။ ပြည့်ပြည့်ဖြိုးဆိုတဲ့ကလေးမကတော့ အခြားမိန်းကလေတွေနဲ့ မတူလို့ သူနဲ့ဒီအထိရောက်လာခဲ့တာပဲ။





မတူတာမှ ရယ်ဒီကျော့်အပေါ်ထားတဲ့ စိတ်ထားချင်းလည်း မတူသလို အထိအတွေ့အရသာချင်းလည်းမတူဘူး။ သူ့နားကို ကပ်တဲ့ ကလေးမတွေက များသောအားဖြင့် အဆိုတော်ရူးမလေးတွေလေ။ သူ့မတို့တက်လမ်းအတွက် ရယ်ဒီကျော့်ဆီမှာ အသုံးတော်ခံကြတာ။ အဲ့ဒီတော့ ဘာဘာညာညာ ကိစ္စတွေကလည်း အလုပ်သဘော ဆန်ကြတာပေါ့။ သူမတို့ တိုးတက်ရာတိုးတက်ကြောင်း အထောက်အပံ့ပေးနိုင်မယ့် တစ်ယောက်ယောက်နဲ့ ရယ်ဒီကျော်ချိတ်ပေးပြီးသွားရင် သူနဲ့ဇာတ်လမ်းကပြတ်ပြီ။





အဆိုတော်ရူးမဟုတ်ဘဲ သာမာန်ဖန် ပရိတ်သတ် မလေးတွေကတော့ ရယ်ဒီကျော့်ရဲ့အတွင်းစည်းအထိ အရမ်းကြီး တိုးမလာဝံ့ကြတာများပါတယ်။ အဲ့ဒီမလာဝံ့တဲ့အထဲကမှ ပြည့်ပြည့်ဖြိုးက ချွန်းချွန်းပေါက်ပေါက်နဲ့ သူအနားအထိ ရောက်လာခဲ့တဲ့ တစ်ယောက်ပေါ့။ ပြောရရင် . . ပြည့်ပြည့်ဖြိုးက သူ့ကို တကယ်ကြွေတာ အသေခရက်တာ။ ကျန်တဲ့ ဘာမျှော်လင့်ချက်မှ မပါဘူး။





ရယ်ဒီကျော်ကလည်း ဒါမျိုးကို အကြိုက်လေ။ သူ့အပေါ်မှာ အထင်ကြီး အလေးထားပြီး အစစအရာရာ သူ့အလိုကို ဦးစားပေးလိုက်လျောတတ်တဲ့ . . သူခိုင်းရင် ဘာကိုမှ မငြင်းဆန်တတ်တဲ့ . . ပြည့်ပြည့်တင်းတင်း နုနုမွှတ်မွှတ် လက်မလွှတ်ချင်စရာ အထိအတွေ့အရသာ အပြည့်နဲ့ မိန်းကလေးတစ်ယောက်ကို မငြင်းဆန်မိတာ ရယ်ဒီကျော့်အမှားတော့လည်း မဟုတ်ပေဘူး။





ဒါကြောင့် ရယ်ဒီကျော်လည်း သူ့မှာ ရှိတဲ့ ပညာကုန် ဆေးဝါးကုန်ထုတ်ပြီး ကောင်မလေးကို စွဲသထက်စွဲအောင် တဝကြီး ချ စ်ပွဲဆင်ခဲ့တာပေါ့။ လက်ထပ်ဖို့ ဘာညာ အထိတော့ ရယ်ဒီကျော်တွေးမထားသေးပါဘူး။ တကယ် ချစ်မချစ် တာဝန်ယူနိုင် မယူနိုင်လည်း မသေခြာသေးဘူး။ အဲ့တာတွေ အားလုံးကို နောင်ခါလာနောင်ဈေးဆိုသလို နောက်မှ ကြည့်ရှင်းတော့မယ် လို့ပဲ သူခံယူထားတာ။





ရယ်ဒီကျော် ပြည့်ပြည့်ဖြိုးရဲ့အကြောင်းကို ပြန်လည်စဉ်းစားနေစဉ်မှာပဲ ဘေးနားမှာ အိပ်နေတဲ့ သူမနိုးလာလေရဲ့။





'' ကို မထသေးဘဲ ဘာတွေ တွေးနေတာလည်း ''





ကလေးမရဲ့အသံကြောင့် ရယ်ဒီကျော်လှည့်ကြည့်လိုက်တော့ သူမက ခြုံ ထားတဲ့ စောင်ကို ခါးအထိ ဆွဲလှန်လိုက်ရင်း ရယ်ဒီကျော့်ကို လှမ်းမေးလိုက်တာဖြစ်နေတယ်။ ညတုန်းက လိုအပ်တဲ့ဆေးတွေကို သူမကိုလည်းတိုက် ကိုယ်တိုင်းလည်းသောက်ပြီး အပြတ်ဆွဲလိုက်တာ မနက်လေးနားရီထိုးသည်အထိ မဟုတ်ပါလား။ ခုဆိုရင် ပြည့်ပြည့်ဖြိုးလေးခမြာ ငိုရ လူးရလွန်းလို့ မျက်လုံးတွေလည်း အစ်မို့လို့ ။ အော်ရဟစ်ရလွန်းလို့ အသံလေးလည်း ဝင်တင်တင်ဖြစ်လို့။





ဒါပေမယ့် ဝိုင်းစက်ဖြူ ဖွေးတဲ့ ရင်နှာမွှာ တင်းတင်း အတိုင်းသားပေါ်လွင်ပြီး လှချင်တိုင်းလှနေတဲ့ သူမကို မြင်လိုက်ရပြန်တော့ ရယ်ဒီကျော်ရဲ့ ရာဂပိုးတွေက အကင်းမသေဘဲ ချ က်ခြင်းဆိုသလို ပြန်လည်ထကြွလာတော့တာပေါ့။ ဒါကြောင့် ရယ်ဒီကျော်လည်း သူမရဲ့အမေးကို အဖြေပြန်ပေးမနေတော့ဘဲ . . .ကိုယ်ပေါ်ကစောင်ကို ဖယ်ပြီး အိပ်ယာထဖို့ပြင်နေတဲ့ သူမကို အိပ်ယာပေါ်သို့ ပြန်လည်တွန်းချ လိုက်ပါတော့တယ်။





အစပိုင်းတွင်တော့ ရယ်ဒီကျော်ရဲ့ နမ်းရှုံ့သံတွေနဲ့အတူ





'' ကို . .မကဲနဲ့ကွာ . . . ဆယ့်တစ်နာရီထိုး တော့မယ် . . .အို . .ကို့ လူဆိုးကြီးပဲ . . ညကလည်း သူ့စိတ်ကြိုက် နေခဲ့ပြီကို . . .တော်ပြီကွာ . . .ကို . . ''





စသဖြင့် ပြည့်ပြည့်ဖြိုးရဲ့ ဟန့်တာ ငြင်းပယ်သံလေးတွေ ခပ်ကျ ယ်ကျ ယ် ခပ်စူးစူး ထွက်ပေါ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြေးဖြေး အသံပျော့သွားကာ နောက်ဆုံးမှာတော့ သူမရဲ့ တ ဟီးးဟီး တဟင်းးဟင်းး ငြီးညူ လှိုက်လှဲသံတွေသာ ထွက်ပေါ်လို့လာပါတော့တယ်။





ပြည့်ပြည့်ဖြိုးက အားနဲ့မာန်နဲ့ အပေါ်ကနေ ခပ်သွက်သွက်လှုပ်ရှားနေပေမယ့် ရယ်ဒီကျော်က အားမရဟန်နဲ့ သူမကိုဘေးသို့ဆွဲချ ပြီး အပေါ်ဘက်ကနေ သူ တလှည့်နေရာယူလိုက်တယ်။ အဲ့ဒီနောက် သူမရဲ့ပေါင်တံ တင်းတင်းနှစ်ဘက်ရဲ့အောက်ကို လက်လျှို မလိုက်ပြီး အချစ်သံစဉ်ကို အပြင်းဆုံး တီခပ်ဖို့ အားယူလိုက်တဲ့အချိန်မှာ . . အခန်းတံခါးကို တဘုန်းဘုန်းလာရိုက်တဲ့အသံ ထွက်ပေါ်လာပါလေကော။





ရယ်ဒီကျော်လည်း အရှိန်ပျက်သွားတာမို့ ဒေါနဲ့မောနဲ့ ကုတင်ပေါ်ကဆင်းလိုက်ပြီး ပုဆိုးကို ကောက်စွပ်လို့ အခန်းတံခါးရှိရာကို ခပ်မြန်မြန်လျှောက်ခဲ့တော့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ . . အနီးအနားမှာ ရှိတဲ့ ကလေးတစ်ယောက်ယောက်လာ လက်ကမြင်းတာ။ ဒီလောက်လက်ကမြင်းတဲ့ခလေး ငါ့အကြောင်းကောင်းကောင်းသိမယ် . . လို့ တွေးနေမိတာပေါ့။





ဒါပေမယ့် တကယ်တမ်းတံခါးဖွင့်လိုက်တော့ ရယ်ဒီကျော်တွေ့လိုက်ရတာက ဒေါသရောင်ထင်းနေတဲ့ ကိုစိုင်းတံခွန်ရဲ့ မျက်နှာပါပဲ ။



.

ဆက်ရန်





အမြင့်ကြောက်သော ငှက်