အမြင့်ကြောက်သော ငှက်
တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် . . . ဆြာဝန်ကတော် ဒေါ်သူဇာအောင်နှင့် ကျေ ာင်းဆြာမ မသက်မာတို့နှစ်ယောက် ဒေါ်ထားထား ၏အိမ်သို့ ရောက်နေကြလေသည်။ ပိတ်ရက်ဖြစ်သဖြင့် အာလာဘသလာဘ ပြောကြရန် လာကြခြင်းဖြစ်သည်ဟု အကြောင်းပြထားကြသော်လည်း အမှန်တကယ်မှာမူ ၎င်းတို့စိတ်ထဲရှိသံသယတရားခံ ရဲရင့်ဆိုသူအား လေ့လာအကဲခတ်နိုင်ရန်အတွက် ဖြစ်ပေသည်။
ဒေါ်ထားထားမှာ အသက် ၃၈ . .၃၉ ခန့်ရှိနေပြီဖြစ်သော အပျ ို ဟိုင်းကြီးတစ်ယောက်ဖြစ်၍ ငါးလုံးတန်း၏ အလည်တည့်တည့်အကျ ဆုံး ၃ အိမ်မြောက်အိမ်တွင်နေထိုင်လေသည်။ သူမသည် ဆေးရုံတစ်ခုတွင် သူနာပြု ဆြာမကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပြီး အသက်အနည်းငယ်ကြီးပြီဟုဆိုနိုင်သော်လည်း ဘာတစ်ခုမျှ မပျ က်ဆီးသေးသူ ဖြစ်ပေသည်။
သူမသည် လွန်စွာ လှလှပပ ကျေ ာ့ကျေ ာ့မော့မော့ နေထိုင်တတ်သူဖြစ်ပြီး မျ က်နှာတွင် မိတ်ကပ်ကို အစဉ်အဖြင့် မှုန်နေအောင်လိမ်းချ ယ်ကာ နှုတ်ခမ်းနီကို နီရဲနေအောင် ဆိုးတတ်လေ၏။ ထို့အပြင် ကျေ ာလည်လောက်ရှိသော သူမ၏ ဆံနွယ်တို့ကို ဖြောင့်ကာ ရွှေအိုအောင်ပါးပါးလေးဆိုးထားသေးသည်။
မြန်မာဝတ်စုံရိုးရိုးလေးမျ ားဖြင့်ပင် သူမ၏ကျ စ်လစ်လှပသော ခန္ဓာကိုယ်သေးသေးလေးကို ပေါ်လွင်သည်ထက်ပေါ်လွင်စေရန် ဝတ်စားတန်ဆာ ဆင်ယင်တတ်သူလည်း ဖြစ်ပေသည်။
ဒေါ်ထားထားက ဒေါ်သူဇာနှင့် မသက်မာကို နေရာပေးကာ လက်ဖက်သုတ်. . .ရေနွေးကြမ်း စသည်တို့ဖြင့် ဧည့်ခံရန်ပြင်ဆင်လေသည်။
'' သား. . .တူလေး. .
ရဲရင့် ရေ. . .လက်ဖက်ချ ဉ်လေးသုတ်ခဲ့ဟေ့။ ဒီမှာ မင်းမမတွေကို ကျေွ းရအောင်. . . .။ ပြီးတော့ရေနွေးဓာတ်ဘူးလေးနဲ့ အခါးပန်းကန်တွေပါယူခဲ့ ''
ဒေါ်ထားထားက ဧည့်ခန်းစက်တီခုံပေါ်တွင် ထိုင်ရာမှမထဘဲ အိမ်နောက်ဖေးဘက်သို့လှည့်ကာ အော်ပြောလိုက်လေရာ . . .
'' ဟုတ်ကဲ့ပါ. . . . အန်တီထား ''
အိမ်နောက်ဖေးမှ သာယာကြချ ို မြသော အသံတစ်သံထွက်ပေါ်လာလေသည်။ ထို့နောက် ဒေါ်ထားထားတို့ အမျ ို းသမီးသုံးဦးတို့သည် . . . .
'' မမထားက အရွယ်တင်လိုက်တာနော်. . .
အို. . . .သက်မာကမှ အရပ်မြင့်မြင့် သွယ်သွယ်သပ်သပ်ကလေးနဲ့လှတာ . . . .
မမ သူဇာ ကတော့ ခန္ဓာကိုယ်အလှဆုံးပါပဲ . . . .''
စသဖြင့် မိန်းမတို့ထုံးစံအတိုင်း ဘုတ်ကျ ီးမြှောက် ကျ ီးဘုတ်မြှောက်စကားမျ ားကို သူတလှည့်ကိုယ်တလှည့် ပြောဆိုလျှ က်လက်ဖက်သုတ်အလာကို စောင့်ဆိုင်းနေကြလေတော့သည်။
ခဏအကြာတွင်. . . .
'' ရပါပြီဗျ ားး. . . . .။ ကျွန်တော့်ရဲ ့လက်ရာ မန္တလေးချ ဉ်စပ်လဖက်သုတ်ကလေးကို ရွှေဖီမိုလ်းလွတ်အညွန့်လေးတွေ ခပ်ထားတဲ့ အခါးရည်လေးနဲ့ သုံးဆောင်ကြပါ . . .''
ရဲရင့်ဆိုသော သူငယ်သည် ဖော်ရွေပြူ ငှာသော အသံကိုပြု လျှ က် လက်ဖက်ပန်းကန် ဓာတ်ဘူး ပန်းကန်လုံးတို့ တင်ဆောင်လာသည့်ဗန်းကို ကိုင်ကာ အိမ်နောက်ဖေးမှ ထွက်လာလေသည်။
ထို့နောက် ဒေါ်သူဇာတို့ရှေ ့ရှိ စက်တီစားပွဲပေါ်သို့ နေရာချ လိုက်ကာ ရေနွေးပန်ကန်တစ်ခွက်ချ င်းစီိအတွင်းသို့ ရေနွေးငှဲ ့ပေးပြီး ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်ထားထားအနီးသို့သွားကာ ရိုကျ ို းသော အမူအရာဖြင့် ရပ်တန့်နေလေတော့၏။
ဒေါ်သူဇာတို့လည်း ရဲရင့်ကိုအနီးကပ်တွေ ့လိုက်ရတော့မှ ၎င်းသည် အသက် ၂၀ တစ်ပတ်လည်မျှ သာ ရှိသေးသော အသားလတ်လတ် အလုံးအရပ်ကောင်းကောင်း မေးရိုးခိုင်ခိုင်ဖြင့် ယောကျ ်ားချေ ာ တစ်ဦးဖြစ်ကြောင်း ပိုမိုသေခြာစွာ သိရှိလိုက်ရလေသည်။ထို့အပြင် '' ငါ့တို့ကို ဆက်ဆံခဲ့တာ ဒီကလေး ဆိုရင်. . .'' ဟူသည့်အတွေးမျ ားဖြင့် နှစ်ယောက်စလုံး ကြက်သီးတဖျ ဉ်းဖျ ဉ်းထကာ ရင်ခုန်နှုန်းမျ ား ပိုမို၍မြန်ဆန်လာကြတော့သည်။
ဒေါ်ထားထားက ၎င်း၏တူ ရဲရင့်နှင့် ဒေါ်သူဇာတို့ကို မိတ်ဆက်ပေးလေသည်။
'' အိမ်ချ င်းတွေက ကပ်နေကြပေမယ့် ကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်နေကြတော့ တို့ညီမတွေ ခုလိုအေးအေးတေးဆေး မတွေ ့ဖြစ်ကြတာတောင် ကြာပြီပဲ။ ဟောဒီက မမထားရဲ ့တူ ရဲရင့်နဲ့လည်း သူဇာတို့ကို ခုမှပဲမိတ်ဆက်ပေးရတော့မယ်။ သူ့နာမည်က ရဲရင့် တဲ့။ နယ်မှာနေတဲ့ မမရဲ ့ အကိုကြီးကမွေးတာလေ။ မမတူအရင်းပေါ့။ ခု ဒီမှာ မမတစ်ယောက်တည်းမို့ အဖော်ရအောင်လို့ဆိုပြီး သူ့အဖေကလွှတ်လိုက်တာ ''
ရဲရင့်၏ကျေ ာကို ကိုင်လျှ က် ဒေါ်ထားထားက ဒေါ်သူဇာတို့ကို ပြောလိုက်ပြီး တဖန် ရဲရင့်ကိုလည်း . . . .
'' ဒါကတော မမသက်မာတဲ့ ညာဘက်အစွန်ဆုံးအိမ်မှာနေတာလေ။ ဒါက မမသူဇာတဲ့ အန်တီထားတို့ဘေးအိမ်ကလေ။ မှတ်ထားနော်သား . . .နောက် မမတို့က လိုအပ်လို့ခိုင်းရင် အကူအညီပေးရမယ် လုပ်ပေးရမယ်. . .ဟုတ်ပြီလား. . .''
ဟူ၍ မိတ်ဆက်ပေးကာ မှာကြားလေရာ ရဲရင့်က . . . .
'' ဟုတ်ကဲ့ပါခင်ဗျ ာ. . . .။ ကျွ န်တော့်နာမည်ရဲရင့်ပါ။ ကျွန်တော့်ကို ကိုယ့်မောင်လို ကိုယ့်တူလို သဘောထားပြီး ခိုင်းချ င်ရာခိုင်းလို့ရပါတယ် မမသူဇာနဲ့ မမသက်မာ. . . . ''
ဟု ချ ို သာယဉ်ကျေ းစွာ ပြန်လည်ပြောကြားလိုက်လေ၏။
'' အဲ့ဒါပဲကြည့်တော့ သူဇာနဲ့သက်မာရေ ။ ရဲရင့်က ယောကျ ်ားလေးဆိုပေမယ့် သိပ်ယဉ်ကျေ းတာ . . . . ''
ဒေါ်ထားထားကတော့ သူမ၏တူဖြစ်သူ လိမ္မာရေးကြားရှိပုံကို ကြည့်၍ ဂုဏ်ယူမဆုံးဖြစ်နေဟန်ပင်။ ဒေါ်သူဇာတို့ နှစ်ဦးကတော့ ရဲရင့်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်နေကြကာ ၎င်း၏နှုတ်ဆက်မှုကို ပြန်လည်အသိအမှတ်ပြု ရန် မေ့နေကြလေသည်။ အတန်ကြာပြီးမှ မသက်မာက သတိဝင်ကာ သူမရဲ ့နဘေးရှိဒေါ်သူဇာကို တံထောင်နှင့်မသိမသာ တွက်လိုက်ပြီးး
'' အေး . . .အေးး ပါကွယ်။ မမတို့ကိုလည်း ကိုယ့်အမအရင်းတွေလိုသဘောထားပါ။ အိမ်လည်း ဝင်ပါထွက်ပါကွယ်. . . . .''
ဟူ၍ ဟန်ဆောင်ပန်ဆောင် မချ ိသွားဖြဲ ပြုံ းပြလျှ က် ရဲရင့်ကို ပြန်ပြောလိုက်လေတော့သည်။ ထိုအခါကြမှ ဒေါ်သူဇာကလည်း. . .
'' မမလည်း သက်မာလိုပါပဲကွယ်။ မင်းအားရင် မမအိမ်ဘက်လည်း လာ လည်လှည့်ပေါ့ ''
ဟု ကပြာကယာ ပြောလိုက်ရသော်လည်း ဒေါ်သူဇာ၏ စိတ်ထဲမှာတော့ . . . .
'' သေနာလေး. . .အိမ်ကို ဝင်ရုံထွက်ရုံ လာလည်ရုံတင်မဟုတ်ဘူး . . .ငါတို့ကိုပါ ဟိုဒင်းဟိုဟာ ပြု ပြီးပြီလားမသိဘူး '' . . . .လို့ ကျ ိတ်မနိုင်ခဲမရ တွေးတောနေလေတော့သည်။
'' အန်တီထားနဲ့ မမတို့ လိုတာရှိရင်ခေါ်လိုက်နော်။ နောက်ဖေးမှာ ကျွ န်တော် ထမင်းဟင်း ချ က်ဖို့တွေရှိနေသေးလို့ ခွင့်ပြု ပါဦး ခင်ဗျ ာ. . .''
ရဲရင့်က ချ ို သာစွာ နှုတ်ဆက်လျှ က် အိမ်နောက်ဖေးဘက်သို့ ပြန်လည်ဝင်ရောက်သွားလေ တော့သည်။ ထိုအခါကျ မှ ဒေါ်သူဇာတို့နှစ်ဦးလည်း ၎င်းတို့သိလိုသမျှ ရဲရင့်၏ အချ က်အလက်တို့ကို ဒေါ်ထားထားဆီမှ မြှောက်ကာ ပင့်ကာဖြင့် စုံစမ်းမေးမြန်းလေတော့သည်။
'' မမထားရဲ ့တူ လက်ဖက်သုတ်ထားတဲ့လက်ရာကလည်းရှယ်ပဲ မမရယ်။ ခုလည်း ဟင်းချ က်မယ်ဆိုပြီး နောက်ဖေးဝင်သွားတော့ သူက မီးဖိုချေ ာင်ကိစ္စတွေဘာတွေကိုပါ အတော်လေးကို နိုင်နင်းနေတဲ့ပုံပဲနော် . . .''
'' ဒါတင် ဘယ်ကမလဲ မမသူဇာရယ် . . .စကားပြောတာဆိုတာကလည်း ယဉ်ကျေ းသမှုရှိလိုက်တာ။ တကယ်ကိုလိမ္မာတဲ့ ကလေးပဲ။ ဟုတ်တယ်မဟုတ်လား မမထား။ မမထားတော့ ဒီလိုတူမျ ို းရတားတာ ကံကောင်းတာပဲ . . . .''
ဒေါ်သူဇာနှင့် မသက်မာတို့က အစပျ ို းပေးလိုက်ရာ ဒေါ်ထားထားက
'' မမတူ မောင်ရဲရင့် လိမ္မာရေးခြားရှိတာကတော့ ပြောမနေပါနဲ့တော့ သူဇာတို့ရယ်။ နယ်မှာဆို ငွေရေးကြေးရေး ကျ န်းမာရေး စည်းပွားရေးကအစ နောက်ဆုံး မီးဖိုချေ ာင်နဲ့ အိမ်မှုကိစ္စအဆုံး သူ့အဖေကော သူ့အမေပါ သူ့ကို အတော်ကိုအားကိုးရတာ . . . . . . . . .''
ရဲရင့်သည် စည်းပွားရေးဘက်တွင်လည်း လွန်စွာအားထားရပြီး မိဘမျ ားပိုင်ဆိုင်သော လယ်ဧကမြောက်မျ ားစွာအတွက် သူရင်းငှားမျ ားစွာကို ဦးစီးဦးဆောင်ပြုလျှ က် သေခြာစွာ စီမံကွပ်ကဲတတ်သူဖြစ်ကြောင်း . . . .
အိမ်မှုကိစ္စမျ ို းစုံတို့ကိုလည်း နိုင်နင်းကာ မြန်မာစာ တရုတ်စာ ကုလားစာ စသဖြင့် ကြော်လှော်ချ က်ပြု တ်မှုတော်တော်မျ ားမျ ားကို ကျွမ်းကျ င်သူဖြစ်ကြောင်း . . . .
ထို့အပြင် ဉာဏ်ပညာထက်မြက်၍ အတတ်ပညာ အသိပညာဟူသမျှ ကို မိန်းမအရာ ယောကျ ်ားအရာ လူငယ်ရာ လူကြီးအရာ မခွဲခြားပဲ ဆည်းပူးလေ့လာ တတ်သူဖြစ်ကြောင်း . . . . .
စသည့်ရဲရင့် ၏ တော်ကြောင်းကောင်းကြောင်းတို့ကို ဒေါ်ထားထားထံမှ ဒေါ်သူဇာတို့သိရှိရလေသည်။ နယ်တွင် ဤမျှ လောက် ထူးချွ န်ထက်မြက်စွာ လိမ္မာရေးရှိသောရဲရင့်သည် ရည်းစားသညာကိစ္စနှင့် မြို ့သို့ ရောက်ရှိလာခြင်းဖြစ်သည် ဆို၏။
၎င်းနှင့် နှစ်ရှည်လမျ ားတွဲခဲ့သော ချ စ်သူသည် ၎င်းမဟုတ်သည့် အခြားတစ်ယောက်နှင့်ယူသွားသဖြင့် အသဲကွဲကာ စိတ်လေနေသောကြောင့် စိတ်ပြေလက်ပျေ ာက်လည်း ဖြစ်စေရန် . . . .သူမ ကိုလည်းအဖော်ရစေရန် ရဲရင့်၏အဖေ သူမ၏ အစ်ကိုကြီးဖြစ်သူက ရဲရင့်ကို နယ်မှ နေ၍ သူမထံသို့လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်ထားထားက ပြောပြပြန်သည်။ ထို့နောက် ဒေါ်ထားထားက
အသဲကွဲကာ အိမ်သို့ရောက်လာသော်လည်း ရဲရင့်သည် အလကားမနေဘဲ မနက် စောစောထကာ ဈေ းသွား ထမင်းဟင်းချ က် အဝတ်လျေှ ာ်မီးပူတိုက် စသည့်အိမ်မှုကိစ္စမျ ို းစုံကို ဒေါ်ထားထား လှည့်မကြည့်ရလောက်အောင်အထိ တစ်နေကုန် လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့် ယခုအခါ သူမတွင် လုပ်စရာအလုပ်ဟူ၍ ဆေးရုံသွားဆေးရုံပြန်သာရှိတော့ပြီး လွန်စွာ ဇိမ်ကျ လျှ က်ရှိကြောင်း. . .ထမင်းချ ိုင့်ထည့်ဖို့ရာကိုပင် ကိုယ်တိုင်ကြောင့်ကြ စိုက်စရာမလိုတော့ကြောင်း . . .. .ဆက်လက်ပြောပြလေသည်။
ဒေါ်သူဇာတို့အတွက် တန်ဖိုးရှိဆုံးသတင်းတစ်ပုဒ်အနေဖြင့် . . . . .
ရဲရင့်သည် ညပိုင်းတွင် စာထိုင်ဖတ်သောအကျ င့်ရှိကာ အိပ်ယာဝင်ညဉ့်နက်လေ့ရှိကြောင်း . . . .မည်မျှ ပင် အိပ်ယာဝင်နောက်ကျ သော်လည်း ၎င်းသည် မနက် ငါးနာရီ ငါးနာရီခွဲခန့်တွင်နိုးထ၍ ခြောက်နာရီခန့်တွင် စတင်ဈေ းသွားကာ ဒေါ်ထားထား ဆေးရုံသွားချ ိန် ခုနှစ်နာရီခွဲ ရှစ်နာရီအမှီ ထမင်းချ ို င့်ထည့်ရန် ပြင်ဆင် ချ က်ပြု တ်ပေးလေ့ရှိကြောင်း . . . . .
သူမဆေးရုံသွားပြီးနောက်မှ ရဲရင့်သည် အိပ်ခန်းထဲသို့ဝင်လျှ က် နှစ်ခြို က်စွာ တရေးတစ်မော ပြန်လည်အိပ်နေတတ်ပြီး မနက် ၁၀ နာရီခန့်မှ ပြန်လည်နိုးထကာ အိမ်မှုကိစ္စတို့ကို တစ်နေကုန် လုပ်ကိုင်ဆောာင်ရွက် တော့သည် ဖြစ်ကြောင်း . . . . .
သိရှိလိုက်ရလေသည်။ တဖန် . . . .
ဒေါ်ထားထားသည် လွန်စွာမေ့လျေ ာ့တတ်သူဖြစ်သဖြင့် ပစ္စည်းတစ်ခုခုအိမ်တွင် ကျ န်ခဲ့လျှ င် အိမ်သို့ပြန်ယူရလေ့ရှိကြောင်း . . . .
ထိုအခါ အိမ်တံခါးဖွင့်ပေးရန်အတွက် ပြန်လည်အိပ်ပျေ ာ်နေသော ရဲရင့်ကို မနှိုးလိုသဖြင့် အိမ်တံခါးသော့ကို အိမ်ရှေ ့ပေါက်ဝရှိ ဘယ်ဘက်ပန်းအိုးထဲတွင် သိုဝှက်ထားရှိခဲ့ကြောင်း . . . .တို့ကိုပါ ဒေါ်ထားထားရီက ဒေါ်သူဇာတို့နှစ်ဦးကို လူရင်းအချ င်ချ င်း ဖွင့်ဟပြောကြားခဲ့လေသည်။
ထိုသတင်းကို အခြေပြု ၍ ဒေါ်သူဇာနှင့် မသက်မာတို့သည် ဒေါ်ထားထားဆေးရုံသွားပြီး ရဲရင့်ပြန်အိပ်နေခိုက် ဒေါ်ထားထား၏အိမ်အတွင်းသို့ခိုးဝင်ကာ ရဲရင့်၏ အခြေအနေနှင့် ၎င်း၏ပစ္စည်းပစ္စယာမျ ား. . .အသုံးအဆောင်မျ ားကို လေ့လာစစ်ဆေးရန် ကြံစည် အားထုတ်ကြလေတော့သည်။
မနက် ရှစ်နာရီခွဲ. . . . .။ ဒေါ်သူဇာနှင့် မသက်မာတို့ သည် ဒေါ်ထားထား၏ အိမ် သို့ရောက်ရှိနေလေသည်။ အပျ ို ကြီးကတော့ မရှိတော့။ မနက်ခုနှစ်နာရီခွဲ ကတည်းက ဂျ ူ တီဝင်ရန် ဆေးရုံသို့ သွားချေ ပြီ။
အိမ်ရှေ ့ ဧည့်ခန်းတွင်တော့ အတန်ငယ်မှောင်မှိုက်လို့နေလေသည်။ ဒေါ်ထားထားတို့လည်း အိမ်အတွင်းဘက်သို့ ဆက်ဝင်ခဲ့ကြရာ ဧည့်ခန်း၏နောက်ကပ်လျှ က် ညဘက်ခြမ်းတွင် အခန်းတံခါးတစ်ခုကိုတွေ ့ရသည်။ ဒေါ်သူဇာက တံခါးကို ဖြေးညှင်းစွာတွန်းဖွင့် လိုက်ရာ အလွယ်တကူ ပွင့်သွားပြီး အခန်းတွင်းရှိကုတင်ပေါ်တွင် ပိုးလိုးပက်လက်အိပ်ကာ တခူးခူး အိပ်မော ကျ လျှ က်ရှိသော မောင်ရဲရင့် ကိုတွေ ့ရှိရလေသည်။ ဒေါ်သူဇာတို့လည်း ခြေသံဖွကာ အခန်းတွင်းသို့ဝင်ခဲ့ပြီး အခန်း၏အခြေအနေကို လေ့လာလိုက်ကြသည်။
အခန်း၏ အပြင်အဆင်မှာ လွန်စွာရိုးရှင်းပြီး အခန်းတွင်းတွင် မောင်ရဲရင့်အိပ်နေသောကုတင်တစ်လုံး . . . .ကုတင်၏ ညာဘက်တွင် စာကြည့်စားပွဲနှင့် ထိုင်ခုံတစ်စုံ . . . .ကုတင်ခြေရင်းခပ်လှမ်းလှမ်းတွင် အခန်းနံရံနှင့်ကပ်လျှ က်ထောင်ထားသော ဘီရိုတစ်လုံး သာထားရှိလေသည်။
ဒေါ်သူဇာက စာရေးစားပွဲပေါ်သို့ လေ့လာလေရာ ကျ န်းမာရေးစာစောင်အနည်းငယ်. . . .ဗလာစာအုပ်တစ်အုပ်နှင့် စာရေးကရိယာမျ ားထည့်ထားသော ခွက်တစ်ခု တို့ကိုသာ တွေ ့ရှိရလေသည်။
ဒေါ်သူဇာ က စားပွဲပေါ်သို့ စပ်စုနေချ ိန်တွင် မသက်မာက ဘီရိုတံခါးကို ဖွင့်ကာ ဘီရိုထဲသို့ ကြည့်ရှုရှာဖွေလေသည်။ ဘီရိုမှာ သုံးထပ်ဘီရိုဖြစ်ပြီး အပေါ်နှစ်ထပ်မှာ ဟောတိုက်ပ် ဖြစ်ကာ အောက်ဆုံးထပ်ကိုတော့ နှစ်ခန်းခွဲကာ အတွင်းတံခါးလေးနှစ်ခု ထပ်မံတပ်ဆင်ထားလေသည်။
ဘီရိုအပေါ်ဆုံးထပ်တွင် အမျ ို းသားဝတ်အကျၤ ီမျ ို းစုံ ဆယ်ထည်ခန့်နှင့် တံဘက် အကြီးနှစ်ထည် အသေးတစ်ထည် တို့ကို ခေါက်ရိုးကျ အောင်မီးပူတိုက်ကာ သုံးပုံခွဲ၍ ထပ်ထားသည်ကို မသက်မာတွေ ့ရှိရလေသည်။ ဒုတိယထပ်တွင် ပုဆိုးနှစ်ပုံနှင့် ဘောင်းဘီတစ်ပုံကို တွေ ့ရှိရလေသည်။
မသက်မာသည် တတိယထပ် အခန်းလေးနှစ်ခန်းရှိ တံခါးမျ ားကို ခပ်ဖြေးဖြေး ဆွဲဖွင့်လိုက်ပြီးနောက် သူမ၏မျ က်နှာတွင် ထူးဆန်းအံ့သြသောအရိပ်အယောင်တို့ ယှက်သန်းသွားလေသည်။ ဒေါ်သူဇာကိုလည်း ဘီရိုထဲသို့ လာကြည့်ရန် လက်ဟန်ခြေဟန်ပြု ၍ ခေါ်ဆိုလိုက်ရာ ဒေါ်သူဇာက ဘီရိုရှိရာသို့ခပ်သုတ်သုတ်ကလေးလာရောက်လျှ က် မသက်မာညွှန်ပြသော အောက်ဆုံးထပ်ရှိ အခန်းနှစ်ခန်းအတွင်းသို့ကြည့် လိုက်လေတော့၏။
'' ဟယ်. . . .ဘယ့်နှယ့် ဟာတွေပါလိမ့် . . . .''
ဒေါ်သူဇာတို့ တွေ ့မြင်ခဲ့ရသည့် ပစ္စည်းမျ ားသည်ကားး . . . . . .
ဒေါ်သူဇာအောင်နှင့် မသက်မာ တို့သည် ဘီရိုအောက်ဆုံးနှစ်ကန့်ရှိ ပစ္စည်းမျ ားကို အသံမထွက်အောင် တတ်နိုင်သမျှ သတိထားကာ ယူငင်လိုက်ကြပြီး အိပ်ခန်းအတွင်းမှ အိမ်ရှေ ့ဧည့်ခန်းဆီသို့ တိတ်တဆိတ်ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ဧည့်ခန်းသို့ရောက်သောအခါ ၎င်းတို့ယူဆောင်လာသော ပစ္စည်းမျ ားကို စက်တီစားပွဲပေါ်သို့ချ ကာ တစ်ခုချ င်း သေသေခြာခြာကြည့်ရှုလေရာ . . . .
မိန်းမဝတ် အကျၤ ီနှင့် ထဘီ ဝမ်းဆက် နှစ်စုံ. . . . အပေါ်အောက်တစ်ဆက်တည်း ဂါဝန် သုံးထည် . . . .
အလျ ား ၁ ပေ အနံနှင့် အမြင့် ၇ လက်မခန့်စီရှိသော မိတ်ကပ်ဘောက် တစ်ဘူး . . . . . .
ပလပ်စတစ်အကြည်သားမျ က်နှာဖုံး နှစ်ခု . . . .
ရေမွှေးတစ်ပုလင်း . . . . .
တို့ဖြစ်ကြောင်း တွေ ့ရှိရလေသည်။
ဒေါ်သူဇာအောင်က အဝတ်အထည်တို့ကို ကိုင်ကြည့်ကာ
'' သေခြာပြီသက်မာ. . . .ဒီကလေးဟာ သူ့ချ စ်သူကောင်မလေး သူမျ ားနဲ့ယူသွားလို့ အသဲကွဲပြီး မယားတရူးရူးနေတာပဲ။ ဒီမှာတွေ ့လား. . . . သူသိမ်းထားတာ သူ့ကောင်မလေးနဲ့ အဝတ်အစားတွေနေမှာ။ ''
'' ဟုတ်ပါ့မလား မသူဇာရဲ ့ ''
'' ဘာလို့မဟုတ်ရမှာလည်း သက်မာရယ်။ ဒီအိမ်မှာ မမထားနဲ့ သူနှစ်ယောက်ပဲရှိတာ။ ဒီအဝတ်တွေကိုလည်း ကြည့်ဦး. . . .မမထားလို ခန္ဓာကိုယ် သေးသေးကျ စ်ကျ စ် ရှိတဲ့သူမပြောနဲ့ အစ်မလို အရပ်ကောင်းပြီး ခန္ဓာကိုယ် ပြည့်တင်းတဲ့သူတောင် နည်းနည်းချေ ာင်ဦးမလားပဲ။ အဲ့ဒီတော့ ဒီအဝတ်အစားတွေဟာ ဘယ်လိုမှ မမထားရဲ ့ အဝတ်တွေမဖြစ်နိုင်ဘူး။
သူနဲ့ကွဲခဲ့တဲ့ ကောင်မလေးက တော်တော်လေးဖွံ ့ထွားသန်မာပုံရတယ်။ မဟုတ်မှလွဲကော . . . . ဒီသူငယ်ဟာ မြို ့ကိုမလာခင် သူ့ချ စ်သူ ကလေးမရဲ ့ အဝတ်အစားအချ ို ့ကို မရမကရှာယူလာပြီး ခုထက်ထိသိမ်းထားတာဖြစ်ပုံရတယ်။ ''
'' အင်းး. . .မမသူဇာပြောတာလည်း ဟုတ်တာပဲနော်။ ဒါနဲ့ဒီမိတ်ကပ် ဘောက်ခ်နဲ့ ပလတ်စတစ်မျ က်နှာဖုံးတွေကကောဘာလုပ်တာလဲဟင်. . .''
'' ဒါက ဒီလိုရှိလောက်တယ် သက်မာရဲ ့။ မမအထင်သာမလွဲဘူးဆိုရင် ဒီသူငယ်ဟာ နယ်မှာနေစဉ်ကတည်းက မိတ်ကပ်ပညာ ရုပ်ပြောင်းရုပ်လွှဲပညာတွေကို ဆြာတစ်ဦးဦးဆီက တတ်မြောက်ထားလိမ့်မယ်။ မမထားပြောပြတဲ့အထဲမှာပါပါကောလား
. . . ရဲရင့်က ပညာဗဟုသုတ ဆိုရင် မိန်းမအရာ ယောကျ ်ားအရာ ရွေးမနေဘူး။ အားလုံးကို ဆည်းကပ်လေ့လာတော့တာပဲ။ အဲ့ဒါကြောင့် စည်းပွားအရှာတော်သလို အိမ်မှုကိစ္စနဲ့ အချ က်အပြု တ်မှာလည်း ဒီလောက် ကျွ မ်းကျ င်နေတာ . . . .
ဆိုတာလေ ''
'' ဟုတ်ကဲ့ မမသူဇာ '' သက်မာက စကားဝင်ထောက်ပေးလိုက်သည်။ ဒေါ်သူဇာက ဆက်လက်၍ . . . .
'' အဲ့ဒီတော့ သူက ဒီလို ပညာတွေမတတ်ဘူးလို့မပြောနိုင်ဘူး။ ညပိုင်းတွေမှာ သူဟာ သူ့ချ စ်သူရဲ ့အဝတ်အစားတွေကိုထုတ်ကြည့်ပြီး ချ စ်သူကို သတိရလာမယ်။ လွမ်းလာမယ်။ ဒီလိုနဲ့ တဖြေးဖြေးစိတ်ဖောက်လာပြီး သူ့ချ စ်သူနဲ့ အတူတူနေချ င်လာမယ်။
ဒါကြောင့် သူ့အဒေါ် မမထားမသိအောင် သူတတ်တဲ့ပညာနဲ့ ဟောဒီ မိတ်ကပ်တွေ မျ က်နှာဖုံးတွေသုံးပြီး မမတို့ရဲ ့ခင်ပွန်းသည်တွေဟန်ဆောင် . . . . .မမတို့ကို သူ့ချ စ်သူအမှတ်နဲ့ပဲဖြစ်ဖြစ်. . .သူ့ချ စ်သူနေရာမှာ အစားထိုးပြီးပဲဖြစ်ဖြစ် လာရောက်ကျ ူ းလွန်တာ ဖြစ်ဖို့မျ ားတယ်။ ''
'' ဟာ. . .ဒါဆိုရင်တော့ သူက တရားခံဖြစ်ဖို့သေခြာသလောက်ရှိပြီပေါ့။ ''
ဟူ၍ မသက်မာက မေးလိုက်ရာ ဒေါ်သူဇာက သူမ၏ရှေ ့စားပွဲပေါ်မှ ရေမွှေးပုလင်းကို ကောက်ကိုင်လိုက်ကာ . . . .
'' ဒါကတော့ သက်မာရယ်. . . . ဒီမှာ သက်သေခံရေမွှေးပုလင်းရှိနေတာပဲ။ ဒါကို မမတို့ အဖုံးဖွင့်ပြီး အနံ့ခံကြည့်ကြမယ်လေ။ မမတို့ကို ကျ ူ းလွန်သွားတဲ့ သူဆီက ရခဲ့တဲ့ ရေမွှေးနံ့နဲ့ တူနေရင်တော့ တရားခံက သူသေခြာပြီပဲ။
အရပ်အမောင်း ကိုယ်နေကိုယ်ထားကတော့ သူနဲ့ကွက်တိပဲဆိုတာ သက်မာလည်း အမြင်ပဲလေ ''
ဒေါ်သူဇာက ပြောပြောဆိုဆိုနှင့် ရေမွှေးပုလင်းအဖုံးကိုဖွင့်ကာ နမ်းရှုံ့အနံ့ခံကြည့်လိုက်လေသည်။ ထို့နောက် မသက်မာ ဆီသို့ပုလင်းဝကိုထိုးပေးကာ အနံ့ခံခိုင်းပြန်၏။ ထို့နောက် ၎င်းတို့နှစ်ဦးသည် တစ်ယောက်မျ က်နှာကို တစ်ယောက်ကြည့်ကာ သံပြို င်ပြောကြားလိုက်လေတော့သည်။
'' အတူတူ ပဲ ''
ဆက်ရန်
အမြင့်ကြောက်သော ငှက်