အမြင့်ကြောက်သော ငှက်
တည်ငြိမ်အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းတွင်ထိုင်လျှ က် တီဗီကြည့်နေသော သက်ထားဖြူ ကိုတွေ ့ရလေသည်။ တည်ငြိမ်က
'' အမယ် . . .မယ်မင်းကြီးမ။ ခဗျ ားက ရာရာစစ တီဗီတွေဘာတွေ ဖွင့်ကြည့်နေလို့ပါလား ''
ဟု ပြောလိုက်လေရာ သက်ထားဖြူ က မျ က်စောင်းလေးပြန်ထိုးပြီး
'' ဘာလည်း မကြည့်ရဘူးလား။ သူမျ ားတီဗီကြည့်တာ ဘာအပြစ်ရှိလို့လည်း ''
ဟူ၍ အသံစာစာလေးဖြင့် ရန်တွေ ့မေးလေး ပြန်မေးလေ၏။
'' မဟုတ်ပါဘူး။ ကြည့်လို့ရပါတယ်။ ငါက အံ့သြလို့ပါ။ သရဲမက အဲ့ဒီလို တီဗီတွေဘာတွေ ဖွင့်လို့ ပိတ်လို့ရလို့လား ''
'' ဒီမှာ ကျွ န်မပြောချ င်တာက . . . အရင်ဆုံး ရှင် ကျွ န်မကို ခေါ် ခေါ် နေတဲ့ သရဲမဆိုတဲ့ အသုံးအနှုန်းကိုပြင်လိုက်ပါ ''
'' ဒါဆို ငါက မင်းကို ဘယ်လိုခေါ်ရမှာလည်း ''
'' ကျွ န်မမှာ နာမည်ရှိတယ်။ သက်ထားဖြူ တဲ့ . . . ''
'' ဟုတ်ပါပြီ မသက်ထားဖြူ ရယ်။ ပြောစမ်းပါဦး တီဗီကြည့်တာအပြင် နောက်ထပ်ကော ခင်ဗျ ား ဘာတွေမျ ားထပ်လုပ်လို့ရသေးတယ်ဆိုတဲ့ အကြောင်းလေး ''
'' ကျွ န်မက သာမာန်လူသားတစ်ယောက်လိုပဲ အားလုံး လုပ်နိုင်ကိုင်နိုင် ခံစားနိုင်တယ်။ အဲ့ဒါအပြင် ကျွ န်မက အစာမစားပဲလည်း အကြာကြီးနေနိုင်သလို ကျွ န်မမြင်စေချ င်တဲ့သူမှ ကျွ န်မကိုမြင်ရအာင်လည်း ကျွ န်မလုပ်နိုင်တယ်။ နံရံတွေ တံခါးတွေကို ဖောက်ထွင်းသွားလာနိုင်တာကတော့ ရှင်သိပြီးသားပါ ''
'' အိုးး ဒါဆိုမင်းက အတော်တော့စွမ်းတာပဲ။ အခြား ဝိဉာ ဉ်တွေကော မင်းလို စွမ်းကြလား ''
'' ဘယ်ကသာ စွမ်းရမှာလည်း။ ကျွ န်မပဲ ဒါမျ ို းတွေလုပ်လို့ရတာ။ ဘာလို့လည်းဆိုတော့ ကျွ န်မက လူ့ဘဝမသေခင်မှာ ဥပုတ်စောင့် ပုတီးစိတ် မေတ္တာပို့ အလှူ အတန်း စတဲ့ ကုသိုလ်ကောင်းမှုတွေကို အတော်လုပ်ခဲ့တယ်။ ဒါကြောင့် မကျွ တ်မလွတ်သေးတဲ့ ခုလိုဘဝမျ ို းမှာ နေရပေမယ့် ကျွန်မပြု ခဲ့ဖူးတဲ့ကုသိုလ်ကံတွေကြောင့် အစွမ်းသတိ္တတွေ ပိုင်ဆိုင်ခဲ့ရတယ်။
ဒါ့အပြင်ကို သမ္မထစွမ်းအားကိုလည်း အတော်လေးကျ င့်ကြံဖြစ်ခဲ့တယ်။ ကျွ န်မဟာ လူ့ဘဝ ကတည်းက လူတစ်ယောက်ရဲ ့ ကိုယ်ခန္ဓာကထွက်တဲ့အရောင်တွေကို မြင်နိုင်ဖတ်နိုင်တယ်။ အဲ့ဒီအရောင်တွေကတဆင့် အဲ့ဒီလူရဲ ့စိတ်နေသဘောထားနဲ့ ရှေ ့ဆက်ဖြစ်တော့မယ့်အကြောင်းအရာတွေကို ခန့်မှန်းနိုင်တယ်လေ။ တစ်ခါတလေ အရောင်တွေနဲ့ပတ်သက်ပြီး ရှေ ့ဆက်ဖြစ်မယ့်ဟာတွေကို ကျွ န်မကြို ပြောရင် ရှင်ယုံကြည်စေချ င်တယ်။ ဘာလို့လဲဆိုတော့ ကျွ န်မပြောရင် မမှားဘူး။ ''
'' သြော်. . . အဲ့လိုလား။ ဒါနဲ့ မင်းက အစာအဆိပ်သင့်သေခဲ့တာဆို။ မင်း သေမယ်ဆိုတာ မင်းကိုယ်ရောင်ကိုပြန်ကြည့်ပြီး မင်းမသိဘူးလား။ ပြီးတော့ ဒီလောက် ကောင်းမှုကုသိုလ်တွေလုပ်ထားပြီး မင်းကဘာလို့နတ်ပြည်တန်းမရောက်ဘဲ ဒီမှာ ဝိဉာဉ်လာဖြစ်နေတာလည်း။ ''
'' ဒါက ဒီလိုရှင့် . . .။ ကျွ န်မသေမယ့်နေ့က ကျွ န်မက ဥပုဉ် စောင့်နေတာ။ ဥပုဉ်စောင့်တော့ တနေကုန် မှန်မကြည့်ဖြစ်ဘူးလေ။ မှန်မကြည့်ဖြစ်တော့ ကျွ န်မကိုယ်ရောင်ကို ကျွ န်မဘယ်တွေ ့ပါတော့မလည်း။ ည ၈ နာရီခွဲလောက်ကျ မှ အရင်ဖြစ်ခဲ့ဖူးတဲ့ လေနာရောဂါပြန်ထလာလို့ ဥပုတ်ထွက်ပြီး စားပွဲပေါ်မှာရှိတဲ့ မှိုကြော်လေးနဲ့ ကျ န်တဲ့ ဟင်းလေးဘာလေးစုပြီး ထမင်းစားလိုက်မိတာ။ ဘာကနေဘယ်လိုအခန့်မသင့်သွားတယ်မသိပါဘူး . . .တခါတည်း ဒီဘဝရောက်လာတော့တာပဲ။
ပြီးတော့ ကျွ န်မက ဒီအိမ်လေးကို အရမ်းကြို က်တာလေ။ ကျွ န်မလည်းသေကော သုဂတိရောက်ဖို့ ကုသိုလ်တွေရှိပါလျှ က်နဲ့ ဒီအိမ်လေးကို စွဲပြီး ဒီအိမ်လေးမှာပဲ ဝိဉာဉ်ပြန်ဖြစ်တော့တာပေါ့။ ရှင်ပြောတဲ့ သရဲမ ဆိုပါတော့ရှင်။ ဒါပေမယ့် အဲ့လိုခေါ်တာကြီးက အတော်ကိုနားထောင်မကောင်းဘူးရှင့် . . .သိရဲ ့လား ''
ဟူ၍ သက်ထားဖြူ က သူမရဲ ့အကြောင်းကို တည်ငြိမ့်အား သေချ ာရှင်းပြလိုက်လေသည်။ တည်ငြိမ်လည်း
'' မင်းအကြောင်းကလည်း ရယ်ရမလို ငိုရမလိုပါလား ''
ဟု သက်ထားဖြူ ကို စနောက်လေရာ သူမက နှုတ်ခမ်းလေးဆူလျှ က်
'' သူမျ ား သေတဲ့အကြောင်းက ရယ်စလား . . .တကယ်တည်း ကိုယ်ချ င်းစာတရားမရှိတဲ့သူ . . . . . . . . . . . ''
အသံစာစာလေးဖြင့် အဆက်မပြတ် ရန်တွေ ့လေ၏။
'' ဟုတ်ပါပြီ။ မရယ်တော့ပါဘူး မမရယ်။ ဝမ်းနည်းပါ့မယ်။ ဟုတ်ပြီလား။ ''
ဟု တည်ငြိမ်က ပြန်လည် ချေ ာ့မော့လိုက်မှသာ သူမ၏ မြည်တွန်တောက်တီမှုမျ ားလည်း အဆုံးးသပ်သွားလေတော့သည်။
'' မင်းက လူတစ်ယောက်နဲ့မခြား ခုလိုနေနိုင်ထိုင်နိုင်ပါလျှ က်နဲ့ ငါရောက်စတုန်းကတည်းက ခုလိုပေါ်တင်မနေဘဲ သရဲလိုလို ဝိဉာဉ်လိုလို လုပ်နေရတာလည်း ''
တည်ငြိမ်က ဆက်လက်မေးမြန်းလေရာ သူမက မျ က်လုံးကလေးတွေ ထောင့်ကပ်လျှ က် . . .
'' အို. . .ဒါကတော့ ရောက်လာတဲ့ အိမ်ရှင်အသစ်က သဘောကောင်းမကောင်း အခြေအနေ ဟန် မဟန် စောင့်ကြည့်ရဦးမယ်လေ။ စတွေ ့တွေ ့ခြင်း ဘယ်ရင်းရင်းနီးနီးနေလို့ရမှာလည်း။ ''
'' . . .ဒီလိုလား။ ခုကော အခြေအနေက ဘယ်လိုလည်း ''
'' မဆိုးပါဘူး။ ခုလို ရုပ်ချေ ာသဘောကောင်းပြီး စွန်းဖိုင်းတဲ့ဘဲကြီးဆိုတော့ ဒီက ပွင့်ပွင့်လင်းလင်းရင်းရင်းနီးနီး နေလို့ရတာပေါ့။ သဘောမကောင်း အခြေအနေမဟန် ရုပ်ဆိုးဆိုးနဲ့ ဘဲကြီးဆိုရင်တော့ ချေ ာက်လွှတ်သင့်ရင် ချေ ာက်လွှတ်ရမယ်လေ ''
'' သြော် . . .ခဗျ ားက ကျ ု ပ်သဘောမကောင်းရင် ချေ ာက်လွှတ်မှာပေါ့လေ ''
'' ရှင့်ကိုတော့ ချေ ာက်မှာမဟုတ်ဘူး။ ဂုတ်ချ ို းပြီး စားပစ်လိုက်မှာ ''
သက်ထားဖြူ က သူမရဲ ့လက်ကလေးတွေကို အပေါ်မြှောက်လျှ က် သရဲချေ ာက်သည့်ဟန်ကို ချ စ်စဖွယ်အမူအရာလေးဖြင့်လုပ်ပြပြီး ပြန်ပြောလိုက်လေရာ တည်ငြိမ်လည်း . . .
'' ဟားး ဟားး ဟားး . . . .ဟုတ်ပါပြီ မမရယ် . . .စားချ င်ရင်လည်း နောက်မှသာစားပါ။ ခုတော့ ညနေအတော်စောင်းနေပြီ။ ရေလေးချ ို လိုက်ပါရစေဦး။ ကိုယ့် ကိုရီးယားကားပဲ ကိုယ်ပြီးအောင်ဆက်ကြည့်တော်မူပါတော့ ''
ဟုပြောကာ အိမ်ခန်းတွင်းသို့ဝင်ရန် ပြင်လိုက်လေတော့၏။ ထိုအချ ိန်တွင်
'' ကလင် ကလင် ကလင် . . . .''
အခန်းထောင့်ရှိကြို းဖုန်းမှ ဘဲလ်သံမြည်လာ၍ တည်ငြိမ်လည်း အခန်းထဲသို့မဝင်သေးဘဲ ဖုန်းသွားကိုင်လိုက်လေတော့သည်။ တဖက်မှ ဖေဖေ ဦးစစ်မြို င်၏ စကားပြောသံ . . . .
'' သား . . .ရန်ကင်းမှာ နေတဲ့ ဖေဖေ့ရဲ ့လုပ်ဖော်ကိုင်ဘက် ဦးချ မ်းသာ ကိုသိလား ''
'' ဟုတ်ကဲ့ဖေဖေ။ ဖေဖေနဲ့ သစ်တောဝန်ထမ်းဘဝတုန်းက တစ်ဌာနတည်းလုပ်ခဲ့တာမဟုတ်လား ''
'' ဟုတ်တယ်သား။ ခု သူဆုံးသွားလို့တဲ့။မနေ့ညက အသတ်ခံရတာဆိုပဲ။ အဲ့တာ သားမနက်ကျ ရင် သူ့အိမ်ကို နာရေးသွားမေးလိုက်ပါဦးကွာ။ ဖေဖေကလည်း ဒူးနာပြန်ထနေတော့ ရန်ကုန်ကို မလာနိုင်ဘူးဖြစ်နေတယ်။ သူ့အိမ်မှာ သူ့မိသားစုနဲ့ ဆွေမျ ို းသားချ င်းတွေတော့ ရှိမှာပေါ့ကွာ။ သူ့အလောင်းကတော့ လောလောဆယ် ရဲဖက်ကယူထားတယ်တဲ့။
သူ့မိန်းမ မမြင့်ကြည်ကိုလည်း ဖေဖေ ဒူးနာနေလို့ မလာဖြစ်တဲ့အကြောင်းနဲ့ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းကို သေသေခြာခြာပြောပြပေးပါကွာ။ ''
'' ဟုတ်ကဲ့ ဖေဖေ ။ သားမနက် ကျေ ာင်းသွားရင်း ဝင်လိုက်ပါ့မယ်။ ''
'' အေး. . .ဖေဖေ စိတ်ချ မယ်နော် သား . . .''
'' ဟုတ်ကဲ့ စိတ်ချ ပါဖေဖေ။ သားသွားဖြစ်အောင်သွားလိုက်ပါ့မယ် ''
'' အေးး ဒါဆို ဒါပဲနော် ''
တည်ငြိမ်လည်း ဖုန်းကိုချ လိုက်ပြီး မျ က်နှာကို အပေါ်ကိုမော့လျှ က် '' ဟူးးး '' ခနဲ လေပူတစ်ချ က််မှုတ်ထုတ်လိုက်ကာ
'' ဦးချ မ်းသာ တောင်သေပြီ ဆိုပဲ။ အသတ်ခံရတာတဲ့ ''
ဟူ၍ တစ်ကိုယ်တည်း ရေရွတ်လိုက်လေသည်။
'' သစ်တော တိုင်းမန်နေဂျ ာ ဦးချ မ်းသာ လား ''
သက်ထားဖြူ ကလှမ်းမေးလိုက်တော့ တည်ငြိမ်က . . .
'' ဟုတ်တယ် သက်ထားရဲ ့။ ဒါနဲ့ သူ့ကို သိလို့လား ''
'' သိတာပေါ့ရှင့်။ ကျွ န်မဒယ်ဒီကလည်း သစ်တောဝန်ထမ်းပဲကို ''
'' သြော်. . .ဟုတ်သား ။ ကိုယ်မေ့နေတာ။ ''
'' ဒီမှာ . . .ကျွ န်မစိတ်ထဲမှာ ထင့်နေတာတစ်ခုကို ရှင့်ကို ပြောပြရမလား ''
သက်ထားဖြူ က ချ င့်ချ င့်ချ ိန်ချ ိန် အမူအရာလေးနှင့် ပြောလိုက်လေသည်။
'' ပြောလေ။ ဘာမျ ားလည်း ''
'' ဒီလိုရှင့်. . . . . ခု ဦးလှဘူး အသတ်ခံရတာ ပြသနာအားလုံးရဲ ့ နိဒါန်းပဲ။ ဒီ့ထက်ရှုပ်ထွေးတဲ့ ဒီထက်ဖြေရှင်းရခက်တဲ့ ပြသနာတွေ ဆက်တိုက်ဖြစ်လာတော့မယ်ဆိုတာ ကျွ န်မကြို တင်ခံစားမိနေသလိုပဲ ''
'' ဟုတ်ရဲ့လား သက်ထားရယ် . . . . ''
'' ဟုတ်တယ်ရှင့်။ ဒါကြောင့် ဒီအချ ိန်ကစပြီး ရှင့်ကို သွားတာလာတာစားတာသောက်တာကအစ အရာရာ သတိထားဖို့ သက်ထားအကြံပေးရစေ ''
'' အေးပါ သက်ထားရယ်။ ကိုယ်တတ်နိုင်သမျှ သတိကပ်ပြီးနေပါ့မယ်။ ကဲ အချ ိန်လည်းနောက်ကျ နေပြီ။ ကိုယ်ရေသွားချ ို းလိုက်ဦးမယ် . . . . ''
ဟုပြောကာ တည်ငြိမ်လည်း အခန်းအတွင်းသို့ ဝင်ခဲ့လိုက်ပါတော့သည်။
တည်ငြိမ် အိပ်မပျေ ာ်သေးဘဲ အိပ်ယာထက်တွင်အတွေးနယ်ချ ဲ ့နေမိသည်။
'' အင်းး . . . . ဦးချ မ်းသာ ဦးချ မ်းသာ ''
ဦးချ မ်းသာနှင့် ဖေဖေဦးစစ်မြို င်သည် လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းမျ ားဖြစ်ကြသော်လည်း အကျ င့်သီလချ င်းမှာ ဆီနှင့်ရေလို ကွာခြားလှပေ၏။ ဝန်ထမ်းဘဝတစ်လျေှ ာက်လုံး ဖေဖေသည် လာဘ်ပေးလာဘ်ယူအမှုမှန်သမျှ ကိုရှောင်ရှားကာ ဘဝကိုရိုးသားစွာဖြင့် ဂုဏ်သရေရှိရှိ ဖြတ်သန်းခဲ့လေသည်။ ဖေဖေအမြဲပြောသောစကားတစ်ခွန်းက '' အဖေတို့က လာဘ်ပေးလာဘ်ယူလုပ်စားစရာမှ မလိုတာပဲသားရယ်။ နဂိုကတည်းက ချ မ်းသာပြီးသားကို။ ဖေဖေ ဒီအလုပ်ဝင်လုပ်ဖြစ်တယ်ဆိုတာက တကယ်ကို သစ်ပင်သစ်တောကို ဝါသနာပါလို့ သဘာဝပတ်ဝန်းကျ င်ကို ထိန်းသိမ်းစောင့်ရှောက်ချ င်လို့ '' ဟူ၍ ဖြစ်လေသည်။
ဦးချ မ်းသာမှာမူ ဖေဖေလိုမဟုတ်ခဲ့။ လွန်စွာ ငွေကြေးခုံမင်ကာ လာဘ်ပေးလာဘ်ယူဘက်တွင်လည်း အင်မတန်လက်သံပြောင်သည်ဟုပင် နာမည်သတင်းကြီးလေ၏။ ထို့အပြင် မိန်းမသညာကိစ္စ၌လည်း စွမ်းစွမ်းတမံ ရှုပ်ပွေသူတစ်ဦးဖြစ်၍ အနီးအနားတွင် မိန်းကလေးမိန်းမငယ် တစ်ဦးမရှိလျှ င်ကို မနေတတ်သူတစ်ဦးပင်။ အသောက်အစားအရာ၌လည်း ဦးချ မ်းသာသည် အပေါင်းအသင်းမျ ားက '' ကြွက်တွင်း '' ဟု တင်စားခေါ်ဝေါ်ခြင်းခံထားရသူ ဖြစ်လေသည်။ ဤကဲ့သို့အကျ င့်စရိုက်ချ င်း လွန်စွာကွဲပြားလှသော ဖေဖေနှင့်ဦးချ မ်းသာတို့သည် မည်သို့မည်ပုံ အပေါင်းအသင်းဖြစ်သွားကြသည်ကို တည်ငြိမ့်အနေဖြင့် မတွေးတတ်အောင်ပင် ဖြစ်နေတော့လေ၏။
တဖန် ဦးချ မ်းသာရဲ ့အကြောင်းမှာ မပါမဖြစ်တွေးရမည့်သူက မိမိ၏ငယ်သူငယ်ချ င်း '' မိုးထက် ''။ မိုးထက်သည် အနေအေးကာ သဘောကောင်းသော်လည်း မဟုတ်မခံ ရှူ းရှူ းဒိုင်းဒိုင်းစိတ်ရှိသူဖြစ်လေသည်။ ကြံရည်ဖန်ရည်လည်းကောင်းမွန်ကာ လုပ်ရဲကိုင်ရဲလည်းရှိလှပေ၏။ မိမိနှင့် မြင့်မိုလ်တွဲနေသည်ကိုလည်း မိုးထက်က သိပ်သဘောမကြလှ။ မြင့်မိုလ်၏ ဇာတ်ကြောင်းတွေအားလုံးကို ၎င်းသိထားသည်ဟု ဆိုလေသည်။
ရဲမေဟန်နီချ ို နှင့်မကြို က်ခင်က မိုးထက်သည် ဦးချ မ်းသာ၏ တစ်ဦးတည်းသောသမီးဖြစ်သူ ခင်သူဇာ ဆိုသော အလန်းမလေးဖြင့် ကြို က်ခဲ့ဖူးလေသည်။ ထိုကိစ္စကို ဦးချ မ်းသာသိသောအခါ ၎င်း၏သမီးနှင့် မိုးထက်ကို သဘောမတူဘဲ အတင်းခွဲ၍ ခင်သူဇာကို သူဌေးတစ်ယောက်နှင့် ပေးစားလိုက်လေ၏။
ထိုအချ ိန်မှစ၍ မိုးထက်လည်း အလုပ်ကိုလုံးလုံးမသွားတော့ဘဲ အရက်ကိုအဖော်ပြု လျှ က် အသောက်သမားကြီးလုံးလုံးဖြစ်သွားလေတော့သည်။ နောက်ဆုံး၌ တည်ငြိမ်က မိုးထက်ကို ချေ ာ့မော့ဖြောင်းပြသောအခါမှ '' နက်ဖန်ခါကစပြီးအလုပ်ပြန်ဆင်းပါတော့မယ် '' ဟုကတိပေးကာ ထိုနေ့ညတွင် နောက်ဆုံးအနေဖြင့် သူငယ်ချ င်းနှစ်ယောက်သွားသောက်ကြလေသည်။
အရက်ဆိုင်သို့ရောက်သောအခါ ကံဆိုးမိုးမှောင်ကျ စွာဖြင့် ဦးချ မ်းသာတို့ဝိုင်းနှင့်တိုးလေ၏။ မိုးထက်နှင့် ဦးချ မ်းသာသည် မူးမူးဖြင့် ပန်ကုံးပြို င်စွပ်ကြရာ ဦးချ မ်းသာက မိုးထက် ထက်စာလျှ င် ငွေကြေးဓနအင်အားလွန်စွာသာလွန်သူဖြစ်သောကြောင့် အနိုင်ရလေတော့သည်။ တည်ငြိမ်သည် မိုးထက်ဘက်မှ မိမိဝင်ပါလျှ င် ဦးချ မ်းသာတို့ မည်သို့မျှ မယှဉ်နိုင်ကြောင်းအတတ်သိသော်လည်း ပန်းကုံးစွပ်ခြင်းဟူသည်မှာ အရေမရအဖတ်မတင်အလုပ်ဖြစ်သည်ဟု ယူဆထားသဖြင့် မိုးထက်ကို ဝင်မကူတော့ဘဲ ခပ်မစိပ်ပင်နေခဲ့လေ၏။
ဦးချ မ်းသာက တဖက်ဝိုင်းမှနေ၍
'' မတူရင်မတုနဲ့ကွ။ လူဆိုတာ တန်ရာတန်ရာပေါ့ကွာ။ ဒီလိုအဆင့်နဲ့မျ ား ငါ့သမီးကို တက်မှန်းရဲသေးတယ်။ ငါ့သမီးက သူဌေးကတော်လုပ်မယ့် မိန်းမကွ။ အုတ်ကြားမြက်ပေါက်တွေနဲ့ မတူဘူး မတန်ဘူး။ ဒီလောက်မှ သောက်ဆင့်မရှိရင် တက်မလာခဲ့နဲ့ ''
စသဖြင့် မိုးထက်မခံမရပ်နိုင်ဖြစ်မည့်စကားမျ ားကို အဆက်မပြတ်စောင်းမြောင်းပြောဆို ကြုံ းဝါးနေလေရာ မိုးထက်လည်းတဖြေးဖြေးဒေါသအိုးပေါက်ကွဲလာပြီး ဦးချ မ်းသာကို ရိုက်နှက်ရန်ပြင်သဖြင့် တည်ငြိမ်က ထိန်းသိမ်းချေ ာ့မော့ကာ အိမ်သို့ပြန်ခဲ့ကြရခြင်းဖြစ်လေသည်။ အိမ်အပြန်လမ်းတစ်လျေှ ာက်လုံးတွင်လည်း မိုးထက်သည် ကားမောင်းနေသော တည်ငြိမ်၏ဘေးတွင်ထိုင်လျှ က် ခေါင်းငိုက်စိုက်ကျ ကာ ဦးချ မ်းသာကို သတ်မည့်ဖြတ်မည့်အကြောင်းကိုပင် အာလေးလျှ ာလေးဖြင့်တရစပ် ကြုံ းဝါးပြီး လိုက်ပါလာလေတော့၏။
သို့သော် ထိုနေ့ည တစ်ညသာ။ နောက်နေ့မှစ၍ ပေးထားသည့်ကတိအတိုင်း မိုးထက်သည် အလုပ်ပြန်ဆင်းသွားပြီး ၎င်းထံမှ ဦးချ မ်းသာ ခင်သူဇာ စသဖြင့် အသံပလံတို့လုံးဝထွက်မလာတော့ဘဲ စိတ်သစ်လူသစ်တစ်ယောက်ဖြစ်သွားသည်ကို တည်ငြိမ့်အနေဖြင့် ဝမ်းမြောက်ဖွယ်ရာ တွေ ့မြင်ရလေတော့သည်။
တည်ငြိမ်လည်း ဦးချ မ်းသာ၏အကြောင်း . . ဦးချ မ်းသာနှင့် မိုးထက် ပတ်သက်ဆက်စပ်ပုံတို့ကို တွေးတောရင်မောကာ '' ဟင်း . . .'' ခနဲ သက်ပြင်းတစ်ချ က်ချ လိုက်ပြီး
'' ဦးချ မ်းသာကို သတ်တာ မိုးထက်မဟုတ်ပါစေနဲ့ '' ဟု စိတ်ထဲမှ ဆုတောင်းရေရွတ်လိုက်လေ၏။ နာရီကို ကြည့်လိုက်ရာ ည ၁၁ နာရီခွဲလေပြီ။ ထို့ကြောင့် တည်ငြိမ်လည်း အတွေးစကိုဖြတ်ကာ အိပ်ပျေ ာ်အောင် အိပ်လိုက်ပါတော့သည်။
နောက်နေ့မရက်တွင် တည်ငြိမ်သည် ကျေ ာင်းမသွားခင် နာရေးအိမ်သို့ဝင်လိုက်လေသည်။ နာရေးဖြစ်သဖြင့် နယ်မှ ဆွေမျ ို းမျ ားရောက်နေသော်လည်း တကယ်တမ်း ဦးချ မ်းသာနှင့်အတူနေသော အိမ်သားဟူ၍ ၎င်း၏ဇနီး ဒေါ်မြင့်ကြည်နှင့် အမဖြစ်သူ ဒေါ်ကြို င်တို့နှစ်ဦးသာ ရှိသည်ဟု သိခဲ့ရလေသည်။ တည်ငြိမ်လည်း ဒေါ်မြင့်ကြည်ကို ဖေဖေဦးစစ်မြို င်ကစကားပါးလိုက်ကြောင်းနှင့် အားပေးစကားမျ ားပြောကြားကာ ခဏနေပြီး အိမ်ပြင်သို့ပြန်ထွက်ခဲ့လေသည်။
အိမ်ပေါက်ဝတွင် ဟန်နီချ ို နှင့်တွေ ့သဖြင့် နှစ်ယောက်သားလှမ်းနှုတ်ဆက်လိုက်ပြီး စကားပြောဖြစ်ကြပြန်သည်။ ခုလို ယူနီဖောင်းနဲ့ အပွင့်နဲ့ ဆိုတော့လည်း ဟန်နီချ ို ကိုမြင်ရသည်မှာ တည်ငြိမ်၏မျ က်လုံးထဲတွင် တစ်မျ ို းတစ်ဖုံ ဆွဲဆောင်မှုဖြစ်၍နေလေ၏။ ဒေါင်ကောင်းကောင်းနှင့် လှပဖွံ ့ဖြို းသော သူမ၏ခန္ဓာကိုယ်ပေါ်တွင် ကာကီရောင်ရှပ်အကျၤ ီယူနီဖောင်းလက်ရှည်နှင့် စကတ်ထဘီအပြာရင့်ရောင်ကို သေသေသပ်သပ်ဝတ်ဆင်ထားသည်မှာ ကြည့်လိုပင်ကောင်းသေးတော့သည်။
ထို့အပြင် ဆံပင်ကိုအပြောင်သိမ်းကာ နောက်တွင်စုထုံးထားပြီး ဇာပုဝါလေးဖြင့်ထုတ်ထားသောကြောင့် သူမ၏မျ က်နှာလေးမှာ ရှင်းပြီး လှပတင့်တယ် လျှ က်ရှိလေ၏။ ရွှန်းလဲ့ကြည်လင်နေသော သူမရဲ ့မျ က်လုံးအစုံမှာလည်း တပါးသူ၏ စိတ်နှလုံးကို ဖောက်ထွင်းသိမြင်နိုင်သည့်အလား စူးရှတောက်ပလှလေသည်။ တည်ငြိမ်သည် လွန်ခဲ့သောရက်ပိုင်းကမှ မိမိအိမ်တွင်တွေ ့ခဲ့ရသည့် အရှက်သဲစွာစိုးရွံ့လျှ က်ရှိသော ဟန်နီချ ို ၏ပုံစံအမူအရာနှင့် ယခုမြင်တွေ ့နေရသည့် တည်ကြည်ရဲရင့်ကာ အရာရာကို ရင်ဆိုင်ဖို့ အားမာန်အပြည့်ရှိနေပုံပေါ်သော ဒုရဲအုပ်မလေးဟန်နီချ ို ၏ဟန်ပန်အနေအထားတို့ကို ယှဉ်ထိုးချ ိန်ဆပြီး မျ ားစွာ အံသြနေမိတော့လေသည်။
ခေတ်မှီငယ်ရွယ်သော်လည်း လူကောင်သေးကာ ဆတ်ကော့လတ်ကော့နိုင်လှသော ဦးချ မ်းသာ၏သမီး ခင်သူဇာနှင့် ရေစက်ကုန်ပြီး ယခုလို တောင့်တောင့်ဖြောင့်ဖြောင့် ဖွံ ့ဖံွ ့လှလှနှင့် ကျ က်သရေရှိသည့် ဟန်နီချ ို လိုအမျ ို းသမီးနှင့် ဆုံဆည်းခွင့်ရရှိသွားသည့် သူငယ်ချ င်းမိုးထက်အတွက်လည်း လွန်စွာ ဝမ်းသာပီတိဖြစ်မိလေ၏။ တဖန် သူငယ်ချ င်းဖြစ်သူ မိုးထက်အား ၎င်း၏ချ စ်သူကပင် ၎င်းကိုပြန်ဖမ်းရသည့်အဖြစ်မျ ို း ပေါ်ပေါက်မှာကိုလည်း တည်ငြိမ်အနေဖြင့်စိုးရိမ်စိတ်ဝင်မိပြန်သည်။ ထိုကြောင့်
'' ဦးချ မ်းသာကို သတ်တာ မိုးထက် မဟုတ်ပါစေနဲ့ ''
ဟု တည်ငြိမ်၏စိတ်ထဲတွင် ထပ်ကာထပ်ကာဆုတောင်းနေမိလေတော့သည်။
. . . .ဦးချ မ်းသာမှာ ည ၁၀ နာရီထိုးခန့်တွင် ခြံဝင်းထဲသို့ဆင်းကာ လမ်းလျေှ ာက်ရင်း လည်မျ ို တည့်တည့်ကို ဓားမြောင်ကဲ့သို့ လက်နက်ဖြင့် အထိုးခံရ၍ သေဆုံးရခြင်းဖြစ်ပြီး ယခုအခါ အလောင်းကို ရင်ခွဲရုံမှတဆင့် ရေဝေးသို့ပို့လိုက်ပြီဖြစ်ကြောင်း
ဘန်ကောက်သို့ရောက်နေသော ၎င်း၏ သမီးဖြစ်သူ ခင်သူဇာတို့လင်မယားကို စောင့်လို၍ မနက်ဖန်ခါ နေ့လည်ကြမှ သဂြို လ်ရန်စီစဉ်ထားကြောင်း
ထို့အပြင် ဦးချ မ်းသာတို့အိမ်တွင် ၎င်း၏ဇနီးနှင့် အမအပြင် ခင်မောင်ဇင် ဟုအမည်ရသည့် မိန်းမဘက်မှတူ တစ်ယောက်လည်းရှိကြောင်း
သို့သော် ထိုသူသည် ခပ်ဆိုးဆိုးခပ်သွမ်းသွမ်းထဲကဖြစ်ပြီး အိမ်ကိုမပြန်ဘဲ လနဲ့ချ ီ၍ တခြားနေရာမျ ားတွင် ပျေ ာ်သလိုနေတတ်သဖြင့် ယခုထက်ထိ ဆက်သွယ်လို့မရကြောင်း
ဦးချ မ်းသာနှင့်လည်း အပေါက်အလမ်းတည့်သူမဟုတ်ကြောင်း . . . .
စသည့်အချ က်အလက်မျ ားကို တည်ငြိမ်က ဟန်နီချ ို နှင့်စကားပြောရင်း သိခဲ့ရလေ၏။ ထို့နောက် တည်ငြိမ်လည်း ကျေ ာင်းသို့ထွက်ခဲ့လေတော့သည်။
.
.
..
.
.
ညနေပိုင်းတွင် တည်ငြိမ်သည် ကျေ ာင်းကပြန်ခဲ့ပြီးနောက် မြင့်မိုလ်ကို သင်တန်းမှဝင်ကြို ခဲ့လေ၏။ သူမက ကန်တော်ကြီးသွာချ င်သည်ဟု ပူဆာသဖြင့် တည်ငြိမ်၏အိမ်နှင့်လည်း လမ်းကြုံ တာကြောင့် စာအုပ်လွယ်အိပ်စသည့် မလိုသည့်ပစ္စည်းမျ ားကိုထားခဲ့ရန် အိမ်သို့ ခဏဝင်ခဲ့ကြသည်။ ထို့နောက် ကန်တော်ကြီးသို့ထွက်ခဲ့ကြပြီး ချ စ်သူနှစ်ဦး လည်ကာပတ်ကာ ဝယ်ခြမ်းစားသောက်ကြလျှ က် ည ၈ နာရီခွဲ ခန့်ကျ မှ အိမ်တွင် လွယ်အိတ်ဝင်ယူ၍ မြင့်မိုလ်ကို ပြန်ပို့လိုက်လေတော့သည်။
တည်ငြိမ်အိမ်သို့ပြန်ရောက်တော့ သက်ထားဖြူ က စိုးရိမ်စွာဖြင့် စကားစီးဆိုလေ၏။
'' ရှင့်အမျ ို းသမီးရဲ ့ ကိုယ်ရောင်ဟာ အရမ်းကို ဖြူ ဖတ်ဖြူ လျေ ာ်ဖြစ်ပြီးသိပ်ကိုမှေးမှိန်နေတယ်။ အဲ့ဒါမကောင်းဘူး။ သူဟာ မကြခင်မှာ အန ္တရာယ်ဆိုးနဲ့ကြုံ ရတော့မယ်။ အခန့်မသင့်ရင် အသက်ကိုတောင်ထိခိုက်သွားနိုင်တယ် ''
သက်ထားဖြူ ရဲ ့စကားကိုကြားလိုက်ရတော့ တည်ငြိမ်လည်း ချ စ်သူအတွက်လွန်စွာစိုးရိမ်သွားပြီး
'' ဟုတ်လို့လား သက်ထားဖြူ ရယ် . . .မင်း မင်း အမြင်မှားတာမျ ားလား။ ဒါ ဒါ ဒါမှမဟုတ် ငါ့ ကိုနောက်နေတာမျ ားလား ''
ဟု ထိတ်ထိတ်ပြာပြာဖြင့်ပြန်လည်မေးမြန်းလေသည်။
'' မဟုတ်ဘူးရှင့် ။ ကျွ န်မရှင့်ကိုမနောက်ပါဘူး။ ပြီးတော့ အမြင်လည်းမမှားဘူး။ ရှင့်ချ စ်သူအတွက် တကယ်ကိုစိုးရိမ်စရာအခြေအနေကိုရောက်နေတာ ''
'' ဒါဆို သူ့ဆီကို ကျရောက်လာမှာက ဘယ်လိုအန္တရာယ်မျ ို းလည်းဆိုတာကိုကော မင်းကြို မသိနိုင်ဘူးလား။ ပြီးတော့ ဘယ်လိုကာကွယ်လို့ရနိုင်မလဲ ဆိုတဲ့နည်းလမ်းကိုကောပေါ့။ ''
ထိုအခါ သက်ထားဖြူ က စိတ်ပျ က်လက်ပျ က်အမူအရာလေးဖြင့် ခေါင်းကို ခါလိုက်ပြီး '' ဟူးး '' ခနဲ လေပူတစ်ချ က်ကို မှုတ်ထုတ်လျှ က်
'' ဘယ်လို အန္တရာယ်မျ ို းလည်းဆိုတာတော့ ကျွ န်မလည်းမသိဘူးရှင့်။ ပြီးတော့ ကြို တင်တားဆီးဖို့ဆိုတာကလည်း . . . . . ''
ဟူ၍ စကားကိုမဆက်သေးဘဲ နေလေရာ တည်ငြိမ်က
'' ကြို တင်တားဆီးဖို့က ဘာ ဘာ ဖြစ်လည်း ဟင် ''
ဟု အလောတကြီးမေးမြန်းလိုက်လေ၏။ ထိုအခါမှ သက်ထားဖြူ လည်း မပြောမဖြစ်ပြောရတော့မည့်ဟန်ဖြင့်
'' ကျွ န်မပြောရင် ကျွ န်မကို ရှင်စိတ်မဆိုးပါနဲ့။ အဲ့ဒီလို ကြို တင်ကာကွယ်တားဆီးဖို့ဆိုတာက ကာယကံရှင်ကိုယ်တိုင်မှာ အရင် ကောင်းမှုကုသိုလ်အခံရှိနေဖို့လိုအပ်သလို ခုအချ ိန်မှာလည်းကျွန်မပြောတာကို ယုံကြည်ပြီး ကောင်းမှုကုသိုလ်တွေကို ထပ်ကာ ထပ်ကာ မလွတ်တမ်း လုပ်နေရမှာပဲဖြစ်တယ်။
ရှင့်ချ စ်သူကို ကျွ န်မမြင်ရသလောက်တော့ သူ့မှာ အရင်ပြု ထားတဲ့ ကုသိုလ်ကံအဟောင်းကလည်းအရမ်းကိုနဲနေပြီး ခုအချ ိန်မှာလည်း ဗရုပ်သုတ်ခတွေပဲ လုပ်ကိုင်ကျ င်လည်နေပုံရတယ်။ ကျွ န်မခုလိုပြောတာကိုလည်း သူယုံကြည်မယ့်ပုံမပေါ်ဘူး။ သူ့မှာ အကုသိုလ်ကံတွေပဲ အရမ်းအားကြီးနေတယ်။ ဘယ်လောက်တောင်လည်းဆိုရင် သူ့ကိုယ်စောင့်နတ်တောင် သူ့ကိုယ်မှာ မနေတော့ဘူး ''
ဟု ပြောလိုက်လေသည်။ တည်ငြိမ်လညိး မျ က်နှာအကြီးအကျ ယ်ပျ က်လျှ က်
'' သြော်. . .မြင့်မိုလ် မြင့်မိုလ် မင်း ဒီလောက်တောင် ဆိုးရမိုက်သလားကွာ။ ငါမသိအောင် မင်းဘာတွေလုပ်ထားသေးတာလည်း ဟင် ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ. . . .ခုလောလောဆယ်မှာ မင်းက ငါချ စ်ရတဲ့သူပဲ။ ချေ ာ့မော့ အကျ ို းအကြောင်းနားလည်အောင်ရှင်းပြပြီး ကုသိုလ်ကောင်းမှုတွေကို ရတတ်သမျှ တော့ လုပ်ခိုင်းရတော့မှာပေါ့ ''
ဟု တကိုယ်တည်းရေရွတ်မြည်တမ်းလျှ က် အခန်းထဲသို့ဝင်ရောက်သွားလေတော့၏။
ဆက်ရန်
အမြင့်ကြောက်သော ငှက်