အမြင့်ကြောက်သော ငှက်
အိမ်အဟောင်းမှာကတည်းက မိုးထက်နှင့် ဟန်နီချ ို ပိတ်ရက်မျ ားမှာ အေးဆေးချ ိန်းတွေ ့နေကြ။ ယခု သူငယ်ချ င်းဖြစ်သူ တည်ငြိမ် က အိမ်အသစ်ဝယ်လိုက်ပြန်တော့လည်း ချ စ်သူနှစ်ဦးသား အိမ်အသစ်ဆီသို့ထွက်ခဲ့ကြမိပြန်သည်။
မိုးထက်ဟာ စိုက်ပျ ို းရေးကုမ္ပဏ္ဏီတစ်ခုမှ လက်ထောက်မန်နေဂျ ာဖြစ်ပြီး ကုမ္ပဏ္ဏီကပေးသောအဆောင်တွင်နေထိုင်လေသည်။ ဟန်နီချ ို မှာမူ ဒုရဲအုပ်မကလေးဖြစ်ကာ စခန်းတွင် လိုင်းခန်းရလေသည်။ မိုးထက်နှင့် တည်ငြိမ်မှာ ပြည်မြို ့သားမျ ားဖြစ်ပြီး ဟန်နီချ ို မှာမူ ပုသိမ်သူဖြစ်သည်။ ဟန်နီချ ို သည် ပုသိမ်သူဆိုသည့်အတိုင်း အသားဖြူ ဖြူ ကိုယ်လုံးလှလှဖြင့် ရုပ်ရည်မှာလည်း ပြေပြစ်ချေ ာမောသည့်အထဲတွင် ပါဝင်လေသည်။
မိုးထက်နှင့်ဟန်နီချ ို သည် ချ စ်သူ သက်တမ်း တစ်နှစ်ကျေ ာ် နှစ်နှစ်နီးနီး ရှိခဲ့ကြသည့်အားလျေှ ာ်စွာ တစ်ဦးနှင့်တစ်ဦး လွန်စွာ အကျွ မ်းဝင်ခဲ့ကြပြီး ဖြစ်လေရာ အားလပ်ရက်မျ ားတွင် ၎င်းတို့နှစ်ဦးလွတ်လွတ်လပ်လပ်တွေ ့ဆုံနိုင်ရန် ငယ်သူငယ်ချ င်းဖြစ်သူ တည်ငြိမ်ထံမှ မိုးထက်က အိမ်သော့တောင်းထားခြင်းဖြစ်လေ၏။
တည်ငြိမ် ကတော့ ငွေကြေးလည်းပြည့်စုံ ထူးလည်းထူးချွ န်သူဖြစ်ပြီး နယ်သာလန်နှင့် အမေရိကန်နိုင်ငံမျ ားတွင် သဘာဝပတ်ဝန်းကျ င်ထိန်းသိမ်းရေးဆိုင်ရာ ဒီဂရီ ဘွဲ ့တံဆိပ်မျ ားရယူခဲ့ကာ သစ်တောနှင့် သယံဇာတ ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ကောလိပ်ကျေ ာင်းတစ်ခုတွင် ကထိကတာဝန်ကို ထမ်းဆောင်နေသူဖြစ်လေသည်။ ၎င်း၏ဖခင်မှာ သစ်တောမင်းကြီး ဦးအောင်မြို င်ဖြစ်ပီး မျ ို းနှင့်ရိုးနှင့် ချ မ်းသာကြသူမျ ားလည်းဖြစ်ကြသည်။
.
.
.
.
အိမ်အသစ်ကလေးက အရင်ကွန်ဒိုလိုမဟုတ်။ ခြံဝင်းလေးဖြင့် တစ်ထပ်တိုက်ကလေး။ တစ်ထပ်ဆိုပေမယ့် ခပ်ကျ ယ်ကျ ယ်ပဲ။ မိုးထက်တို့စုံတွဲ တံခါးဖွင့်လိုက်သည်နှင့် အဲယားကွန်း ဆိုဖာဆက်တီ တီဗီ အပေါ်စက်အောက်စက် စောင်းဘောက် စသည့် ဇိမ်ခံပစ္စည်းမျ ားအပြည့်အစုံထားရှိသည့် ဧည့်ခန်းက ဆီးကြို နေသည်။
ဧည့်ခန်း၏ ဘေးဘက်က လျေှ ာက်လမ်းလေးအတိုင်းဝင်သွားတော့ လမ်း၏ ညာဘက်တွင် အခန်းတံခါးတစ်ခု တွေ့ရလေသည်။ ထိုအခန်းသည်း တည်ငြိမ်၏ အိပ်ခန်းဖြစ်ပုံရ၏။ ထိုအခန်း၏ မျ က်နှာချ င်းဆိုင်ဘက်တွင်တော့ အခန်းတံခါးပေါက် နှစ်ခု တွေ ့ရကာ အခန်းတံခါးတစ်ခုပေါ်တွင် '' မိုးထက် '' ဟု သငေ်္ဘာဆေးဖြင့် ရေးထားသောကြောင့် မိုးထက်လည်း တံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ကြည့်လို်က်လေသည်။
အခန်းလေးက အနည်းငယ်ကျ ဉ်းသည်။ သို့သော် ကျွ န်းသားကုတင်တောင့်တောင့်ပေါ်တွင် ထူထဲသော ဒန်းလော့ မွှေ့ယာနှင့်အတူ စောင်ခေါင်းအုံးစုံလင်စွာဖြင့်။ ထိုကုတင်၏ ဘေးဘက်တွင် တီဗီ အောက်စက် တင်ထားသော ခုံတစ်လုံးနှင့် ဆိုဖာဆက်တီနှစ်ခုံ။ ရေချ ို းခန်းအိမ်သာလည်း တွဲလျှ က်ပါပြီး ရေစိမ်ကန်ပင်ပါသေးသည်။ ထိုအပြင် ကုတင်နဘေးရှိ အိပ်ခန်းနံရံတစ်ဖက်ကိုလည်း မှန်ချ ပ်အကြီးကြီး ကပ်ထားလေ၏။
မိုးထက်သည် သူငယ်ချ င်းဖြစ်သူ တည်ငြိမ်က မိမိအတွက်စီစဉ်ပေးထားသော အခန်း၏ အပြင်အဆင်ကိုကြည့်ကာ မျ ားစွာ သဘောခွေ ့နေလေသည်။
'' ဒီကောင်ကြီးက ကိုယ်တို့အပေါ်မှာ အတော်စေတနာထားတာပဲကွ။ အခန်းကိုပြင်ဆင်ပေးထားတာ ဟော်တယ်ရှုံးမယ်။ ကိုယ်တော့ အခန်းလေးကို သိပ်ကြို က်သွားပြီ။ ဟန်နီ ကောဘယ်လိုလည်း။ ကိုယ်တို့နေရမယ့်အခန်းလေးကို သဘောမကြဘူးလား ''
မိုးထက်ကမေးလိုက်တော့ ဟန်နီချ ို က မျ က်နှာလေးရဲတွတ်သွားလျှ က် ရှက်အားပိုလျှ က်
'' အို. . .ကိုကလည်း ဘာတွေပြောနေမှန်းမသိဘူး. . .''
ဟု မပီကလာလေးပြန်ပြောကာ မိုးထက်၏ ကျေ ာပြင်ကို သူမ၏လက်သီးဆုပ်ကလေးမျ ားဖြင့် ခပ်ဖွဖွထုပြီး အခန်းထဲမှ အိမ်နောက်ဖေး ထမင်းစားခန်းဘက်သို့ အပြေးကလေးထွက်ခွာသွားလေတော့သည်။
ဝယ်လာသော ကိုရီးယားကင်နှင့် ကြေးအိုးဆီချ က်ကို ချ စ်သူနှစ်ယောက် ထမင်းစားစားပွဲတွင် လက်ဆုံစားလိုက်ကြသည်။ မိုးထက်က ဦးစွာ ဝနှင့်၍ လက်ဆေးပြီး ရေခဲသေတ္တာထဲမှာ ကုတ် တစ်ဗူးဖောက်သောက်ကာ အိပ်ခန်းအတွင်းသို့အရင်ဝင်သွားရာ ဟန်နီချ ို တစ်ယောက်တည်း ထမင်းစားခန်းထဲတွင် စားသောက်ရင်း ကျ န်နေရစ်ခဲ့လေ၏။
ဟန်နီချ ို သည် စားပွဲခုံတွင်ထိုင်လျှ က် ကြေးအိုးဆီချ က်ကို မဲစားနေရာမှ သူမ၏ နောက်ဘက်တွင် တစ်စုံတစ်ဦးရောက်ရှိနေသည်ဟု ခံစားလာမိလေသည်။ လှည့်ကြည့်ပြန်တော့လည်း မည်သူမျှ မရှိ။ သူမလည်း စားလက်စကိုလက်စသတ်ကာ ဘေစင်တွင် ပန်းခန်ခွက်ယောက်တို့ကို ဆေးကြောလိုက်သည်။ ထိုစဉ် စိတ်ထဲ ထင့်သွားသဖြင့် နောက်သို့လှည့်ကြည့်လိုက်မိပြန်ရာ ထမင်းစားခန်းဝမှ အိပ်ခန်းမျ ားရှိရာ လျေှ ာက်လမ်းအတွင်းသို့ ဖြတ်ခနဲဝင်သွားသော အရိပ်သဏ္ဌာန်တစ်ခုကို မြင်တွေ ့လိုက်ရသည်ဟု ထင်မြင်မိလေ၏။ ဧည့်ခန်းနှင့် လျေှ ာက်လမ်းကို ကာစီးထားသော ခန်းစီးမှာမူ ငြိမ်သက်လျှ က်။
ဟန်နီချ ို လည်း '' ငါ စိတ်ထင်မှားတာပဲ ဖြစ်မှာပါလေ '' ဟုတွေးတောကာ ပန်းကန်မျ ားကို ပန်းကန်စင်ပေါ်တင်ပြီး ကိုမိုးထက်စောင့်နေသည့် အခန်းရှိရာသို့ထွက်ခဲ့ပါတော့သည်။
ဟန်နီချ ို အခန်းတံခါးဖွင့်လိုက်တော့ ခန်းထဲတွင် ကိုမိုးထက်ရှိမနေ။ '' အိမ်သာဝင်နေတာဖြစ်မယ် '' အထင်ဖြင့် ဟန်နီချ ို လည်းအခန်းအတွင်းသို့ဝင်လိုက်ရာ တစ်စုံတစ်ယောက်က သူမ၏ပုခုံးကို နောက်မှနေလက်ဖြင့်ဆုပ်ကိုင်လိုက်လေသည်။ ဟန်နီချ ို လည်း ထိုလက်ကို ဆွဲဖမ်းပြီး '' ယားး '' ခနဲတစ်ချ က်အော်ကာ လိမ်ချ ို းလိုက်လေရာ တ အ အ အော်ညဉ်းလျှ က် သူမလက်ထဲတွင် လိမ်ဖယ်ဖယ်ဖြင့် ကိုမိုးထက်တစ်ယောက် ပါလာလေတော့သည်။
ဟန်နီချ ို ကလွှတ်ပေးလိုက်တော့မှ
'' ကိုယ် ကိုယ် ပါ ဟန်နီရဲ ့။ ဟန့်နီကို လန့်အောင်လှန့်တာ။ ဟန်နီကမလန့်ဘဲ ကိုယ်ပဲ အီစလံဝေသွားတယ်။ ''
မိုးထက်က အလိမ်ခံရသည့်လက်ကို အခြားလက်တစ်ဖက်ဖြင့် နှိပ်နယ်ရင်း ရှုံ ့မဲ့မဲ့ မျ က်နှာဖြင့် ပြောကြားလေ၏။ ထိုအခါ ဟန်နီချ ို ကလည်း ဂုဏ်ယူဝံ့ကြွားသော မျ က်နှာပေးဖြင့် မေးစိဝိုင်းဝိုင်းလေးကို လက်ဖြင့်ပွတ်ကာ
'' ဘယ်လန့်လိမ့်မလဲ။ ဟောဒီက ဒုရဲအုပ်ရှင့်။ ဆိုးပေ့ ရမ်းပေ့ဆိုတဲ့ လူဆိုးလူသွမ်းကြီးတွေနဲ့တောင် အပြို င်ကျ ဲလာဖူးပြီးသား။ ကိုယ့်လောက်ကတော့ ငွင်းး ငွင်းးး ''
ဟုပြန်လည် လှောင်ပြောင်လေသည်။
'' မှန်းးး . . . .ကြည့်ရအောင်။ လက်ဘာဖြစ်သွားလည်း ''
ဟန်နီချ ို က မေးလည်းမေး မိုးထက်၏ လက်ကိုလည်း ဆွဲကြည့်လိုက်လေရာ မိုးထက်က လက်ကို ဆန့်တန်းပေးထားလိုက်လေသည်။ ဟန်နီချ ို က မိုးထက်လက်ကို ပွတ်သပ်ရင်း
'' ဘာမှမဖြစ်ပါဘူးး။ အကောင်းကြီးရှိသေးတယ် . . . .အို . . . . ''
သူမစကားမဆုံးသေးခင်မှာပင် မိုးထက်က သူမ၏လက်အား ဆောင့်ဆွဲလိုက်ကာ ယိုင်ကျ လာသော သူမ၏ကိုယ်လုံးလှလှလေးကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး မွေ ့ယာထက်သို့လှဲချ လိုက်လေတော့သည်။
'' ဒီတစ်ခါတော့ ရဲအုပ်မလေး ခံလိုက်ရပြီ ''
မိုးထက်က ချ စ်သူ၏ ခန္ဓာကိုယ်လေးကို ထွေးပွေ ့ထားရင်း ပြောလိုက်တော့ ဟန်နီမြင့်ကလည် မိုးထက်၏ မျ က်နှာကို ရည်ဝေစွာ မော့ကြည့်လျှ က်
'' ရဲအုပ်လည်း အသဲနဲ့ပါပဲ ရှင်ရယ် ''
ဟု တုန်တုန်ယင်ယင်လေးပြန်ပြောရှာလေသည်။ မိုးထက်လည်း ဟန်နီချ ို ကို အုပ်မိုးထားရာမှ မွှေ့ယာပေါ်တွင်ပြန်ထိုင်လိုက်ပြီး ပက်လက်ကလေးဖြစ်နေသည့် ချ စ်သူ၏ အလှအပတို့ကို တစိမ့်စိမ့်ကြည့်ရှုခံစားနေမိလေ၏။ ခဏကြာတော့မှ မိုးထက်ဆီမှ စကားသံထွက်လာလေသည်။
'' ချ စ်မယ်နော် ဟန်နီ ''
'' ကို့ သဘောပါပဲရှင်။ ဒါပေမယ့် မီးလေးတော့ပိတ်လိုက်ဦး ''
'' သြော် . . .ဟုတ်သားပဲ ကိုယ်မေ့နေတာ ''
'' ချေ ာက် ''
အခန်းတစ်ခန်းလုံး အမှောင်ဖုံးသွားလေတော့၏။
အခန်းတွင်း၌ ချ စ်သူနှစ်ဦးသည် တညိမ့်ညိမ့်တညှင်းညှင်းစီးဆင်းလျှ က်ရှိသော ချ စ်ရေယာဉ်ကြောတွင် စုန်ချ ီဆန်ချ ီ လူးလာကူးခတ်လျှ က် . . . .
ဟန်နီချ ို သည် ပြန့်ကျ ဲကျ နေသော ကျေ ာလည်လောက်အထိရှည်သည့် သူမ၏ဆံပင်တို့ကို စုသိမ်းကာ စားပွဲပေါ်မှ ခေါင်းစည်းကြို းဖြင့် စည်းလိုက်လေသည်။ ကွင်းလုံးပုံနေသည့် ထဘီကို ကောက်စွပ်ကာ ရင်လျ ားလေး ခပ်တင်းတင်းစည်းလိုက်ပြန်သည်။ ထို့နောက် အခန်းတခါးကို ဖွင့်ကာ ထမင်းစားခန်းဘက်ဆီသို့ ထွက်လာခဲ့လေသည်။ သူမ လွန်စွာရေငတ်နေလေပြီ။ ရေခဲ သေတ္တာထဲမှ ဆန်းကစ်တစ်ဗူးလောက် ဖောက်သောက်ရပေမည်။ ကိုမိုးထက်ကတော့ အခန်းထဲမှာ ပိုးလိုးပက်လက် အိပ်ဆက်လျှ က်။
'' ဖောက်. . .''
ဆန်းကစ်ဗူးကို ဖောက်သောက်လိုက်ရင်း ဟန်နီချ ို သည် သူမအဖြစ်ကိုသူမတွေးကာ ပြုံ းလိုက်မိသည်။ သူမသည် ထက်သည်။ လျှ င်သည်။ ကိုယ်လက်ပေါက်ပန်း အတတ်ကို ကျွ မ်းကျ င်သည်။ အပစ်အခတ် တိကျ သည်။ လူဆိုးလူသွမ်းမျ ားကို သူတင်ကိုယ်တင် အပြို င်နွဲ၍ အကြိမ်ကြိမ်လက်ရဖမ်းဆီးဖူးသည်။ အနေအထိုင်တည်တန့်ပြီး အေးဆက်ဆက်နိုင်လှသည်။
ဤမျှ လောက်အေးဆက်မာကျေ ာလျှ က်ရှိသည့် သူမ၏နှလုံးသားသည် ကိုမိုးထက်နှင့်ကျ မှ အရည်ပျေ ာ်ခဲ့ရသည်။ ထို့အပြင် သူမ၏ဘဝ သူမ၏အလှ သူမ၏အသွေးအသား အားလုံးကို ကိုမိုးထက်ထံတွင် ယုံယုံကြည်ကြည်ပုံအပ်ခဲ့မိသည်။ အချ စ်၏ စွမ်းပကားက ကြီးမားလှပေစွ။
ကိုမိုးထက်ကလည်း မိမိကို လွန်စွာချ စ်ခင်တန်ဖိုးထားကြောင်း သူမ သိရှိခံစားနေရလေ၏။ ဒီဝါကျွ တ်လျှ င် အထက်သို့ခွင့်တင်ကာ ကိုမိုးထက်နှင့် သူမ နှစ်ပါးဂဟေဆက်ကာ ရွှေလက်တွဲကြရန် သဘောတူညီပြီးဖြစ်ကြလေသည်။
ဟန်နီချ ို လည်း ဆန်းကစ်ကို တစိမ့်စိမ့်သောက်ရင်း အတွေးနယ်ချ ဲ့လျှ က် အိပ်ခန်းရှိရာဘက်ဆီသို့ ပြန်လည်လျေှ ာက်လှမ်းလာခဲ့ရာ အိပ်ခန်းနှင့်ကျ ပ်လျှ က် ဘေးခန်းတံခါးဝသို့ရောက်သောအခါ ထိုအခန်းအတွင်းမှ
'' တောက် . . . .'' ခနဲ တောက်ခေါက်သံတစ်ချ က်ကို ခပ်ကျ ယ်ကျ ာ် ကြားလိုက်ရလေ၏။
အခြားအမျ ို းသမီးမျ ားကဲ့သို့ ကြောက်ရွံ့မှုမရှိသော ဟန်နီချ ို သည် ချ က်ခြင်းဆိုသလို ထိုအခန်းတံခါးကိုတွန်းဖွင့်ကာ အခန်းထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်လေရာ အခန်းထဲတွင် လူပုဂ္ဂို လ်တစ်စုံတစ်ယောက်ကို မတွေ ့ရဘဲ ကုတင်လွတ်တစ်လုံးကိုသာ တွေ ့ရလေသည်။ ဟန်နီချ ို က အခန်းကို ဆက်လက်အကဲခတ်မိပြန်သည်။ အခန်းမှာ လူနေပုံမရ။ သို့သော် ဖုန်တော့သိပ်မရှိလှပေ။ အဲယားကွန်းတစ်လုံးတပ်ဆင်ထားပြီး မဖွင့်တာကြာသည့်ဟန်ရှိပေသည်။ ဆက်လက်ပြီး ဟန်နီချ ို က ရေချ ို းခန်းအိမ်သာ ဘက်သို့ ဝင်ကြည့်ပြန်ရာ အသုံးပြု ရသေးဟန်မရှိသော အသစ်ဆက်ဆက်မျ ား ဖြစ်ကြောင်းတွေ ့ရှိရပေသည်။
ထို့နောက် ဟန်နီချ ို လည်း အခန်းထဲမှ ပြန်ထွက်ခဲ့ကာ အခန်းတံခါးကိုပြန်ပိတ်လိုက်တော့သည်။
'' အခန်းထဲမှာ ဘယ်သူမှလည်း မရှိဘူး။ ဒါဆို တောက်ခေါက်သံက ဘယ်ကထွက်လာတာလည်း။ ငါမျ ားနားကြားမှာတာမျ ားလား ''
အခန်းဝတွင် ရပ်လျှ က် တွေးရခက်နေစဉ်တွင် အိမ်ရှေ ့ဘက်ဆီမှ ခပ်သော့သော့ဝင်လာသော ခြေသံကို ကြားလိုက်ရ၍ သူမလှည့်ကြည့်လိုက်ရာ . . . .
'' ဟာ. . . .ဟန် ဟန် နီ ''
'' အို . . .ကို ကို တည်ငြိမ် ''
ဟန်နီချ ို ၏ မျ က်နှာကလေးမှာ ချ က်ခြင်းဆိုသလို နီရဲသွားပြီး ထဘီရင်လျ ားပေါ်တွင် အစ်ထွက်နေသည့် သူမ၏ရင်သားဖြူ ဖြူ တို့ကို လက်ဖြင့်ကာပြာကသီကွယ်လျှ က် ကိုမိုးထက်ရှိရာအခန်းတံခါးကိုဖွင့်ကာ အပြေးကလေးဝင်လိုက်မိပါတော့သည်။
.
.
.
.
ညနေ မြင့်မိုလ်နှင့်ချ ိန်းထားတာရှိသဖြင့် လက်ချ ာကို အပြီးဖြတ်ပြီး တည်ငြိမ် အိမ်သို့စောစောပြန်ခဲ့သည်။ ချ ိန်းထားသည်က ၅ နာရီ အခုပင် ၃ နာရီခွဲပြီမဟုတ်ပါလား။ ရေမိုးချ ို း အဝတ်အစားလည်း ကားမောင်းပြန်ထွက် ကားပိတ်တာနဲ့ဘာနဲ့ ခပ်သွက်သွက်လုပ်မှ မချ ိန်မှီပေတော့မည်။
တည်ငြိမ်လည်း ကားကို ခပ်မြန်မြန်မောင်းလာပြီး အိမ်ရောက်သည်နှင့်တပြို က်နက် အိမ်တံခါးကိုဖွင့်ကာ အိမ်ထဲသို့ အလောတကြီးဝင်ခဲ့မိ၏။ မိမိအခန်းသို့အသွား လျေှ ာက်လမ်းတွင် မထင်မှတ်ဘဲ ဟန်နီချ ု ိကို ရင်လျ ားနှင့်တွေ ့ကာ သူမက အရှက်သည်းပြီး သူမတို့ အခန်းထဲသို့ပြေးဝင်သွားလေသည်။
'' မိုးထက်တို့ စုံတွဲ အိမ်ရောက်နေကြပြီး ငါပြန်မလာသေးဘူးအမှတ်နဲ့ လွတ်လွတ်လပ်လပ်နေ နေကြပုံပေါ်တယ် ''
ဟု တည်ငြိမ် တွေးလိုက်မိလေ၏။ သို့သော် မိမိမှာလည်း အနည်းငယ်အရင်လိုနေသောကြောင့် ၎င်းတို့နှစ်ဦးအားအရေးစိုက်ချ ိန်မရဘဲ အခန်းထဲသို့ဝင်၍ ရေမိုးချ ို းရန်ကိုသာပြင်ဆင်ရပေတော့သည်။
တည်ငြိမ် ရေချ ို းအဝတ်လည်းပြီးအခန်းအပြင်သို့ပြန်ထွက်လာချ ိန်တွင် မိုးထက်တို့စုံတွဲက ဧည့်ခန်းအတွင်းသို့ ရောက်နှင့်နေကြပေပြီ။ ဟန်နီချ ို ကတော့ အရှက်သိပ်မပြေသေးသည့်ဟန်ဖြင့် ခပ်ရွံ ့ရွံ့ရှိလေ၏။ သူမ အနေအထိုင် မအမ်းရစေရန် တည်ငြိမ်ကပဲစပြီး ၎င်းတို့ကိုနှုတ်ဆက်လိုက်သည်။
'' မိုးထက် မင်းတို့ဘယ်တုန်းကရောက်လည်း ''
'' နေ့လည်ကတည်းက ကွ။ ဒါနဲ့ ဒီနေ့မင်းပြန်လာတာစောလှချ ည်းလား ''
'' အေးကွာ . . . ငါ မြင့်မိုလ်ကို မုန့်လိုက်ကျေွ းပြီး ရုပ်ရှင်ပါလိုက်ပြဖို့ ချ ိန်းထားတယ်။ အဲဒါကြောင့် စောစောလက်ခြာဖြတ်ပြီး ကျေ ာင်းကလစ်ခဲ့တာကွ။ မင်းတို့အေးဆေးနေကြဦးလေ။ ''
'' မနေတော့ပါဘူးကွာ။ မင်းလည်း သွားစရာရှိနေတာပဲ။ ဟန်နီကလည်း သိပ်နေမကောင်းဘူးတဲ့။ အဲ့ဒါ ခုပဲ ငါ စခန်းကို ပြန်လိုက်ပို့တော့မလို့ ''
'' အေးပါ။ ကျ န်းမာရေးလည်း ဂရုစိုက်ဦး။ ဟန်နီတို့အလုပ်က မလွယ်ဘူး။ ၂၄ နာရီ ဂျ ူ တီလိုဖြစ်နေတာမဟုတ်လား။ ''
တည်ငြိမ်က ဟန်နီချ ို ကိုပါ လှမ်းပြောလိုက်တော့ ဟန်နီချ ို လည်း နှစ်လိုဖွယ်လေးပြန်ပြုံ းပြလိုက်ပြီး
'' ဟုတ်ကဲ့ ရှင့် '' တဲ့ . . . .။
'' ကောင်ကြီး မင်းအိမ်သစ်မှာ ငါ့အတွက်တစ်နေရာစာစီစဉ်ပေးထားတာ ကျေ းဇူးပဲကွာ ''
မိုးထက်က တည်ငြိမ့်ကို ကျေ းဇူးစကားဆိုပြန်သည်။
'' မလိုပါဘူး ငါ့ကောင်ရာ။ အစကတည်းက မင်းကို ဒီမှာလာနေပါလို့ ငါခဏခဏပြောသားပဲ။ ဒီမှာက ငါတစ်ယောက်တည်းရယ်။ လွတ်လွတ်လပ်လပ်ရှိပါတယ်ကွ။ မင်းကသာ အလုပ်နဲ့ဝေးလို့ ဘာလို့ အကြောင်းပြနေတာကိုးးး။
ကဲကဲ ပြန်မယ်ဆိုတော့လည်း ပြန်ကြတော့ အချ ိန်ကလည်းမစောတော့ဘူး။ ဟန့်နီကိုလည်း သေခြာလိုက်ပို့လိုက်ဦး ''
တည်ငြိမ်က ပြောလိုက်တော့ မိုးထက်က ရယ်ကျ ဲကျဲ နှင့်
'' မပူပါနဲ့ ငါ့ကောင်ရာ။ သူက ဒုရဲအုပ်မကြီးပါ။ တော်ရုံ တန်ရုံကတော့ အေးဆေးပဲ။ မဟုတ်ဘူးလားဟန်နီ ''
ဟု ဟန်နီချ ို ဘက်ကိုလှည့်ကာ ပြောမေး မေးလိုက်လေသည်။ ဟန်နီချ ို ကတော့ ခပ်ပြုံ းပြုံ းလေးဖြင့် ခေါင်းလေးသာငြိမ့်ပြရှာလေ၏။ ထို့နောက် မိုးထက်တို့စုံတွဲသည် တည်ငြိမ့်ကိုနှုတ်ဆက်ပြီး ထွက်ခွာသွားလေတော့သည်။
'' ဟောင့် မိုးထက် မင်းလာနေမယ်ဆို ငါ့အိမ်က အဆင်သင့်ပဲနော် . . . .''
တည်ငြိမ် လည်း မိုးထက်ကိုအော်ပြောလိုက်ပြီး မြင့်မိုလ်ဆီသို့သွားရန် ပြန်ဆင်ရလေတော့သည်။
.
.
.
.
တည်ငြိမ်သည် အောင်ပြည့် ကိုအကြောင်းပြု ပြီး ၎င်း၏အစ်မဖြစ်သူ မြင့်မိုလ်နှင့် ဆုံစည်းခွင့်ရခဲ့ခြင်းဖြစ်သည်။ အောင်ပြည့်ဟူသည်မှာ သစ်တောဆိုင်ရာ ဘွဲ ့လွန်တန်းတက်ရောက်ရန် တည်ငြိမ့်ထံတွင် ပညာသင်ကြားနေသောလူရွယ်တစ်ယောက်ပင်။ ၎င်းသည် လွန်စွာသွက်လက်ထက်မြက်ပြီး ကြို းစားလိုစိတ်ပြင်းပြသောသူဖြစ်သဖြင့် တည်ငြိမ်၏ အားအထားရဆုံး မျေှ ာ်လင့်ချ က်ထားခြင်းခံရဆုံး တပည့်တစ်ယောက်လည်းဖြစ်သည်။ သူသည် အခါသင့်လျှ င်သင့်သလို တည်ငြိမ့်ထံသို့ချ ည်းကပ်ကာ သိရှိလိုသည်မျ ားကို မေးမြန်းလေ့လာဆည်းပူးတတ်၏။
အတိုပြောရသော် တည်ငြိမ်နှင့်အောင်ပြည့်သည် တဖြေးဖြေးရင်းနှီးကျွ မ်းဝင်လာပြီး အောင်ပြည့်၏အစ်မ မြင့်မိုလ်ခင်နှင့် တည်ငြိမ်တို့ တွေ ့ဆုံမိကြကာ မေတ္တာမျှ သွားကြခြင်းဖြစ်သည်။ မေတ္တာမျှ သည်ဟုဆိုရာတွင်လည်း မြင့်မိုလ်ခင်ဘက်ကတော့ သိပ်နွေးနွေးထွေးထွေးမရှိလှဘဲ အေးဆက်ဆက်နိုင်သေးသည်ဟု တည်ငြိမ်ခံစားရသည်။ သူမသည် လွန်စွာလှသည်။ မြင်သူ ပုရိသအပေါင်းတို့ စွဲမက်တသရင်မောရမည့် ကိုယ်လုံးကိုယ်ပေါက်ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပြီး ခေတ်နဲ့လျေှ ာ်ညီစွာလည်း ဝတ်တတ်စားတတ်ရှိသဖြင့် တည်ငြိမ်သည် သူမကိုမြင်မြင်ခြင်းမှာပင် မေတ္တာစိတ်တို့ယိုဖိတ်ကာ သူမ၏အချ စ်ကိုရရှိနိုင်ရန် ကြို ပမ်းခဲ့ခြင်းဖြစ်သည်။
တည်ငြိမ်၏ ရာထူးဂုဏ်သိမ် ပညာအရေအချ င်း ငွေကြေးဥစ္စာ ရုပ်ရည်ရူပကာ စသည့်အရည်အချ င်းမျ ားသည် သူမအတွက် ဘာတစ်ခုမှငြင်းစရာမလိုလောက်အောင်ပြည့်စုံနေသောကြောင့် မြင့်မိုလ်ကလည်း တည်ငြိမ့်ကို ခေါင်းငြိမ့်ခဲ့လေ၏။
.
.
.
.
တည်ငြိမ်သည် ကော်ဖီသောက်နေသည့် မိမိချ စ်သူ၏ မျ က်နှာကို တစိမ့်စိမ့်ကြည့်မဝနိုင်ဖြစ်နေလေသည်။ ပြစ်မျ ို းမှဲ့မထင်ဆိုသော အလှအပမျ ို းကို မြင့်မိုလ်ခင် ၌ပိုင်ဆိုင်ထားသည်ဟု ၎င်းအနေဖြင့်ခံယူမိ၏။ ဆံပင်ရှည်ကို အဖျ ားကောက်ထားသည့် ခေတ်ဆန်ဆန် ဆံကေသာနှင့် မရှည်လွန်းမဝိုင်းလွန်းသောသူမ၏မျ က်နှာ။ ထူထဲနက်မှောင်ကာ ဇင်ယော်တောင်ကဲ့သို့ ပြေပြေကလေးကွေးညွှတ်နေသောမျ က်ခုံး အောက်ရှိမျ က်တောင်ကော့ကော့မျ ားနှင့် ကြည်လင်ဝိုင်းစက်သောမျ က်လုံးတစ်စုံ။ သေးကွယ်ချွ န်မြသောနှာတံစင်းစင်း။ နှုတ်ခမ်းပါးပါးတို့ဖြင့် အနားသတ်အပ်သော ပါးစပ်အတွင်းရှိ သွားတို့က ညီညာဖြူ ဖွေးလျှ က်။ မေးစေ့ဝိုင်းဝိုင်းလေးနှင့်တဆက်တည်းရှိကြသည့် ပါးပြင်ပြည့်ပြည့်မျ ား။ စသဖြင့် တည်ငြိမ်သည် မိမိချ စ်ရသူ မြင့်မိုလ်၏ ချေ ာမောလှပသောမျ က်နှာကလေးကို ကြည့်မဝရှုမဝ နိုင်အောင်ဖြစ်နေမိလေတော့သည်။
မြင့်မိုလ်ခင်ကတော့ မိမိကိုတည်ငြိမ်ကြည့်နေကြောင်းကို သိပ်ဂရုမထားဟန်ဖြင့် ကော်ဖီကို သောက်လိုက် ဆန်းဝှစ် ကိုစားလိုက်လုပ်နေလေသည်။ စားသောက်ပြီးသောအခါ ပိုက်ဆံရှင်း၍ ၎င်းတို့စုံတွဲသည်ရုပ်ရှင်ရုံသို့ထွက်ခဲ့ကြလေ၏။ ရုပ်ရှင်ရုံထဲတွင်လည်း တည်ငြိမ်သည် ထူးထူးခြားခြားမည်သည့်အခွင့်အရေးမှမရဘဲ သူမ၏လက်ကလေးကိုကိုင်ထားရရုံနှင့်ပင် ကြေနပ်ခဲ့ရသည်။
ရုပ်ရှင်ကြည့်အပြီး တည်ငြိမ်က မြင့်မိုလ်ကို သူမတို့ခြံဝအထိလိုက်ပို့ပေးခဲ့သည်။ မြင့်မိုလ်က ကားပေါ်ကဆင်းပြီး တည်ငြိမ်ဘက်သို့လှည့်ကာ
'' ကိုက သိပ်သဘောကောင်းတာပဲ။ အရမ်းချ စ်တယ်သိလား။ အ. . .မွှားး ''
ဟုဆိုပြီးလျှ င် ပါးစပ်မှ '' ပြွက် '' အခနဲအသံထွက်လျှ က် ဖလိုင်းကစ်ပေးလိုက်သောကြောင့် တည်ငြိမ်၏ရင်ခွင်ကို တည့်တည့်ထိသွားရပြန်သည်။ ထို့နောက် တည်ငြိမ်သည် ကြေနပ်ပီတိတို့ကို တပွေ ့တပိုက်ထွေးပိုက်လျှ က် အိမ်သို့ပြန်လာခဲ့ပြီး အိပ်ဆက်ရန်ပြင်ဆင်လိုက်လေတော့သည်။
ဆက်ရန်
အမြင့်ကြောက်သော ငှက်