အမြင့်ကြောက်သော ငှက်
မနက်ခင်း ရောင်နီပျ ို းချ ိန်တွင် တပ်မှူ းသီဟသူ ရာမာဝတီရွှေမြို ့တော်သို့ ပြန်ရောက်လာလေသည်။ ၎င်းနှင့်အတူ တပ်သား ၁၀၀ ခန့်သာ ပြန်ပါလာလေတော့၏။ နေရောင်ပြခံတပ်တွင်တော့ လက်ထောက်တပ်မှူ းနှင့် ကျ န်စစ်သသည်ရဲမက်မျ ားက သစ္စာရှိစွာဖြင့် အင်အားကြီးမားလှသော မဟာမိတ်တပ်ကြီးကို တတ်နိုင်သမျှ မနိုင်မနင်းခံလျှ က် အသက်ပေးရင်း ကျ န်ရစ်ခဲ့ကြလေသည်။
တပ်မှူ းသီဟသူ ၏လျေှ ာက်တင်ချ က်အရ ရန်သူတပ်တွင် ဆင်တပ်မပါ။ အမြှောက် အလက် ၅၀ ခန့်ပါ၍ မီးပေါက်သေနတ် ကိုင်တပ်သား ၅၀၀ ခန့်ပါသည်ဟု သိရှိရပေသည်။ တပ်မှူ းတပ်ကဲမျ ားနှင့် လက်ရွေးစင် စစ်သည် ၅၀၀ ခန့်မှာ မြင်းစီးကြ၍ ကျ န်စစ်သည်မျ ားမှာ ဓား လှံ ရဲဒင်း အဲမောင်း တင်းပုတ် ချွ န်းသီး လေးမြား ဒူးလေး စသည်တို့ကို ကိုင်ဆွဲကြသည်ဟု ဆိုလေ၏။
ဒူးလေးနှင့် လေး စသည်လက်နက်မျ ားကို ကိုင်ဆွဲသော မိဂသီ စစ်သည်မျ ားသည် အခွင့်ရေးရလျှ င်ရသလို မြားမိုးရွာသကဲ့သို့ မြားတံမြောက်မျ ားစွာကို တစ်ချ ိန်တည်း၌ စုပေါင်းပြစ်လွှတ်နိုင်စွမ်းကြလေသည်။ ထို့အပြင် မိဂသီတပ်သားမျ ားသည် လူကောင်လူထည်ကြီးမားခိုင်မာ၍ အသတ်အပုတ်အရာတွင်လည်း ကျွ မ်းကျ င်သလောက် ရက်စက်ကြမ်းကြု တ်ကြလေ၏။
နေရောင်ပြသို့အရောက်တွင် ရန်သူတပ်အင်အား ၇၀၀၀ ခန့်ရှိလိမ့်မည်ဟု ထင်ရပြီး နေရောင်ပြကျ သော် ရွှေမြို ့တော်သို့ ရန်သူအင်အား အနည်းဆုံး ၅၅၀၀ ခန့် ရောက်ရှိလာနိုင်ကြောင်း တပ်မှူ းသီဟသူက တာရာဒေဝီအား ခန့်မှန်းလျေှ ာက်ထားလေသည်။
တာရာဒေဝီလည်း တပ်မှူ းသီဟသူ ကို တပ်သား ၁၇၀၀ ခန့်ရှိသော အပြင်စည်းမြို ့ရိုးခံတပ်တွင် အမတ်ငယ်မျ ားကို ခေါင်းဆောင်၍ ကွပ်ကဲရန် အမိန့်ပေးလိုက်လေသည်။ တပ်မှူ းက ၎င်းနှင့်အတူပြန်ပါလာသော တပ်သား ၁၀၀ တို့နှင့် ပြည်သူမျ ားပူးပေါင်းလျှ က် ရေနွေးပူမျ ား ဆီပူမျ ား ချ က်ခြင်းကြို ချ က်ရန် ကျေ ာက်တုံးကျေ ာက်ခဲမျ ား စုဆောင်းရန် ခွင့်တောင်းလေရာ တာရာဒေဝီက
'' ဒီနိုင်ငံတော်မှာ ရန်သူတွေ ဝိုင်းနေပြီ။ ယခု ဤနေရာတွင် ရှိကြသူအားလုံးသည် တိုင်းပြည်ချ စ်စိတ် နိုင်ငံချ စ်စိတ်ကို အရင်းပြု ပြီး ရွှေပြည်တော်ကြီး၏ ရန်စွယ်အပေါင်းကို အသက်စွန့်တွန်းလှန်ကြဖို့ရာ ဆုံးဖြတ်ချ က်ချ ထားသူတွေချ ည်းသာ။ သို့ဖြစ်၍ ရွှေပြည်ကြီးအတွက် ကောင်းမည်ဟုထင်မိသမျှ . . . ရန်သူအပေါင်းအား ခြေဖျ က်နိုင်လိမ့်မည်ဟု ယူဆရသမျှ အလုံးစုံလုပ်ဆောင်ပါလေ . . .သခင်မခွင့်ပြု တယ် ''
ဟု ခွင့်ပြု မိန့်ကြားလိုက်လေ၏။
မနက် နာရီပြန် ၁၀ ချ က်တီးချ ိန် . . .
ရွေကိုယ်တော် ခင်သုန်က ၇၀၀ ကျေ ာ်သော ကိုယ်ရံတော်ရဲမက် တို့ကို ဦးဆောင်လျှ က် အတွင်းစည်းနန်းတော်တံတိုင်းပေါ်တွင် အသင့်အနေအထားဖြင့်။ နီညို ရောင် တိုက်ပွဲဝင် စစ်ဝတ်စုံကို ကျ စ်ကျ စ်လစ်လစ် ချ ပ်ချ ပ်ရပ်ရပ်ဝတ်ဆင်ထားသော သူမ၏ အသွင်မှာ အမြင်ဆန်းသလောက် လက်တွင် မီးပေါက်သေနတ်ကိုကိုင်ဆွဲပြီး ကျေ ာ၌ ဆောင်ဓားနှစ်လက်ကို ယှက်သိုင်းထားသည့်ဟန်မှာလည်း ကိုယ်ရံတော် တပ်မှူ းတစ်ဦးဟု အထူးပြောစရာမလိုလောက်အောင်ပင် မာန်ပါလှပေ၏။
အပြင်စည်း မြို ့ရိုးပေါ်တွင် တလူလူ လွှင့်ထူထားသော ရွှေရောင် အဝါရောင် အနီရောင် အပြာရောင် အနက်ရောင် စသည့် ရောင်စုံအလံမျ ားက ရာမာဝတီရွှေပြည်တော်ကြီး၏ ပိုင်စိုးမှု ကြံ့ခိုင်မှု ဂုဏ်သရေကြီးမားမှု ကြီးကျ ယ်မြင့်မြတ်မှုတို့ကို ကိုယ်စားပြု နေသည့်နှယ်။
အမြောက်ကြီး အလက် ၃၀ မှာလည်း ရန်သူလာမည့် မြို ့ပြင်ဘက်သို့ အကြအန ချ ိန်ရွယ်ထားပြီး။ သူရဲခို ပြအိုး မျ ားတွင် သေနတ်ကိုင်တပ်သား အယောက် ၂၀၀ နှင့် မြားကိုင်ရဲမက်မျ ားက အသင့်ခိုအောင်းနေရာယူလျှ က်။ စက်လက်ကြီး ၁၀ လက်မှာတော့ မြို့ရိုး၏ အကာအကွယ်အကောင်းဆုံး နေရာတွင် အထိုင်တကျ နှင့်။
တပ်မှူ းသီဟသူသည် လက်တစ်ဖက်မှ ရွှေဓားကို တင်းတင်းကိုင်ကာ လက်တစ်ဖက်က ခါးထောက်လျှ က် အရောင်တလက်လက်တောက်သော မျ က်လုံးအစုံဖြင့် ရန်သူလာမည့်လမ်းကို မှန်းမျေှ ာ်ကြည့်ရင်း . . . .မိမိနိုင်ငံတော်ကို ကာကွယ်ဖို့ရန် မိမိရဲဘော်ရဲဘက်မျ ားအတွက် လက်စားချေ သွေးကြွေးဆပ်ဖို့ရန် စိတ်အားထက်သန်၍ နေလေသည်။
ထိုစဉ် မြို ့ရိုးမျေှ ာ်စဉ်ပေါ်မှ အချ က်ပေးခရာသံ ထွက်ပေါ်လို့လာလေ၏။ တပ်သားအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြလေသည်။ သီဟသူလည်း အဝေးကြည့်မှန်ပြောင်းကိုယူ၍ ကြည့်လိုက်လေရာ မျ က်စိတစ်ဆုံး စက်ဝိုင်းခုံးတစ်နေရာမှ လှုပ်လှုပ်ရွရွဖြင့် ရန်သူမဟာမိတ်တို့ ချ ီတက်လာသည်ကို တွေ့မြင်ရလေ၏။
ထို့ကြောင့် သီဟသူက အမြှောက်တာဝန်ခံတပ်ဗိုလ်ကို အပါးသို့ခေါ်ကာ . . .ရန်သူတို့တွင် အမြှောက် အလက် ၅၀ ခန့်ပါဝင်သော်လည်း အပေါ့စားလက်လုပ်အမြောက်လေးမျ ားဖြစ်၍ မိမိတို့ အမြှောက်ကြီးမျ ားလောက် အဝေးသို့ မရောက်နိုင်ကြောင်း . . . အနှီအမြှောက်လေးမျ ားနေရာယူဖို့ရန် မိမိတို့ ချ ိန်ရွယ်ထားသော အမြှောက်ကြီးမျ ား၏ ပစ်ကွင်းသို့ ဖြတ်သန်းလာရမည်ဖြစ်ကြောင်း . . .ထို့ကြောင့် အမြှောက်ပြစ်ကွင်းအတွင်း ရန်သူတပ်မျ ား ရောက်ရှိသည်နှင့် မိမိတို့မှ တတ်စွမ်းသမျှ အဆက်မပြတ် ပြစ်ခတ်ဖြို ခွင်းရန်လိုအပ်ကြောင်း . . .စသည့် စစ်ရေးဆိုင်ရာ အချ က်အလက်မျ ားကို ရှင်းလင်းပြောကြား၍ အမိန့်ပေးလိုက်လေသည်။
၎င်းနောက် တပ်ကို အသင့်ပြင်လျှ က် အခြေအနေကို ဆက်လက်စောင့်ကြည့်နေလေရာ ခေတ္တအကြာတွင် အမြှောက်ဗိုလ်၏ . . .ပစ် . . . ဟု ကျ ယ်ကျ ယ်လောင်လောင် အမိန့်ပေးသံနှင့်အတူ အမြှောက်သံတို့လည်း အဆက်မပြတ် ထွက်ပေါ်လာလေ၏။
တဝုန်းဝုန်း တဒိုင်းဒိုင်း ပေါက်ကွဲကာ ရန်သူမျ ားလည်း သေကြေပျ က်ဆီးကြလေသည်။ သို့သော် သဲသဲမဲမဲ တက်၍သာလာဆဲ။ ရာမာဝတီတပ်သားတို့ကလည်း အမြှောက် အလက် ၃၀ ကို ကျ ည်ထည့်လိုက် ယမ်းထိုးလိုက်ဖြင့် ရန်သူမျ ားအား မရပ်မနားပြစ်ခတ်ဆဲ။
ထူးခြားသည်မှာ ရန်သူမျ ားသည် မရပ်မနားပြစ်ခတ်နေသည့် အမြှောက်ဆံမျ ားကြားမှ သာမာန်ထက် ပိုမိုလျှ င်မြန်သော အဟုန်ဖြင့် မကြောက်မရွံ့ အပြေးတက်လာကြခြင်း ဖြစ်လေသည်။ တချ ို ့ဆိုလျှ င် အမြှောက်ပစ်ကွင်းကိုပင် ကျေ ာ်လွန်၍လာချေ ပြီ။ ၎င်းတို့ သည် ဓား လေး သေနတ် စသည်တို့ကို ကျေ ာတွင်လွယ်ကာ လူတစ်ကိုယ်စာ ပျ ဉ်ချ ပ်အထူသားကြီးမျ ားကို ကိုင်ဆောင်ထားကြလေ၏။
အချ ိန်အနည်းငယ်ကြာသော် ရာမာဝတီအမြောက်မျ ား တအုန်းအုန်း ပြစ်ခတ်နေလျှ က်နှင့်ပင် ပစ်ကွင်းကိုကျေ ာ်လွန်၍ မြို ့ရိုးဘက်သို့ ချ ဉ်းကပ်နိုင်သော ရန်သူတပ်သားမျ ား မျ ားသည်ထက် မျ ားလာလေတော့သည်။
တပ်မှူ းသီဟသူလည်း သေနတ်ကိုင် တပ်သားမျ ားကို ပြစ်ခတ်ရန်အမိန့်ပေးလိုက်လေ၏။
'' ဒိုင်းး ဒိုင်းး ဒိန်းး ဒိန်းးး ဖောင်းးး ဒိုင်းး . . .''
အမြှောက်သံအပြင် သေနတ်သံမျ ားလည်း ဆူညံသွားပြန်သည်။ ယမ်းငွေ့ ယမ်းနံ့မျ ားလည်း မွှန်ထွန်၍ နေလေ၏။ သို့သော် ရန်သူမျ ားသည် ပျ ဉ်ပြားကြီးမျ ားကို အမိုးသဖွယ် အသုံးပြု ကာ ချ ဉ်းကပ်လာကြသဖြင့် သီဟသူ ခန့်မှန်းထားသလောက် ထိရောက်မှုမရှိလှ။
ရန်သူတို့က တဖြေးဖြေးနီးကပ်လို့လာခြေပြီ။ မြို ့ရိုးပေါ်မှ စစ်သည်မျ ားကလည်း မြားတံမျ ားအဆက်မပြတ် ပြစ်လွှတ်ကြလေသည်။ သို့သော် သေနတ်ကဲ့သို့ပင် . . ထိရောက်မှုမရှိလှ။ ရန်သူတို့၏ အကာအကွယ်ပျ ဉ်ပြားမျ ားကိုသာ သွားရောက်ထိမှန်သည်က မျ ားလေ၏။
မဟာမိတ် ရန်သူမျ ားသည် မြို ့ရိုးထံတဖြေးဖြေးချ ဉ်းကပ်လာပြီး တစ်နေရာသို့ရောက်သောအခါ ချ ဉ်းကပ်မှုကို ခေတ္တရပ်တန့်ကာ အကာအကွယ်ပျ ဉ်ပြားတို့ကို လျှ င်မြန်စွာလှပ်၍ မြို ့ရိုးပေါ်ရှိ ရာမာဝတီ ရဲမက်မျ ားအား မြားဖြင့် တပြို င်တည်း ဝိုင်းဝန်း ပြစ်ခတ်ကြလေတော့သည်။ မြားတံပေါင်းမြောက်မျ ားစွာ မြို ့ရိုးပေါ်သို့ ကျ ရောက်လာသဖြင့် ရာမာဝတီစစ်သည်မျ ားလည်း သေကြေဒဏ်ရာရကြကုန်၏။ အထူးသဖြင့် အမြောက်တပ်မှာ ပိုမိုထူးကဲစွာ အထိနာလေ၏။
ရာမာဝတီ တပ်မျ ား ဤသို့ တစ်ချ က်အထိနာသွားစဉ် အမြှောက်ပစ်ကွင်း၏နောက်တွင် ကျ န်ရစ်ခဲ့သော ရန်သူတို့သည် မြင်းမျ ား၏ အနောက်၌ အမြှောက်မျ ားကို ဘီးတပ်၍ ချ ိတ်လျှ က် ပစ်ကွင်းကို ဒုန်းဆိုင်း ကျေ ာ်လွန်လာကြလေတော့သည်။
မြို ့ရိုးပေါ်ရှိ အမြောက်မျ ား၏ ပစ်ခတ်မှုအရှိန်ကို ခေတ္တရပ်တန့်စေလျှ က် သေးငယ်ပေါ့ပါးသော လက်လုပ်အမြှောက်မျ ားကို မြင်းဖြင့်ဆွဲကာ ပြစ်ကွင်းကို ကျေ ာ်လွန်လာစေသည့် ရန်သူ့ ဗျ ူ ဟာကို သီဟသူ ကောင်းကောင်းသဘောပေါက်လိုက်လေသည်။ သို့သော် နောက်ကျ သွားချေ ပြီ။
ရန်သူမျ ားသည် ၎င်းတို့ အမြောက်မျ ား၏ သေးငယ်ပေါ့ပါးမှု တပ်ဆင်နေရာချ ရန်လွယ်ကူမှု ဟူသည့်အားသာချ က်မျ ားကို အမိအရဆုပ်ကိုင်ပြီး. . . . အဝေးမရောက်မှု ပေါက်ကွဲအားမကောင်းမှု ဟူသည့် အားနည်းချ က်တို့ကို ပြန်လည်ချေ ဖျ က်နိုင်ပြီ မဟုတ်ပါလား။ ၎င်းတို့သည် အမြှောက်မျ ားကို လွယ်ကူလျှ င်မြန်စွာနေရာချ ပြီးလျှ င် မြို ့ရိုးပေါ်သို့ ပစ်ခတ်ကြလေတော့၏။
ထို့အပြင် လေးမြားသေနတ်ကိုင် ရန်သူမျ ားကလည်း ထိုအမြောက်မျ ား၏ ပစ်ခတ်မှုကို အကာအကွယ်ယူလျှ က် မြို ့ရိုးပေါ်သို့ ရှိရာလက်နက်နှင့် အဆက်မပြတ်ပစ်ခတ်ကြပြန်သည်။ ဤသို့ အမြောက်အား သေနတ်လေးမြားအား တို့ဖြင့် ဖိပြစ်ပြီးလျှ င် ရန်သူမဟာမိတ်အချ ို ့သည် မြို ့ရိုးတံခါးကို တိုက်ဖွင့်ရန် သစ်လုံးကြီးတစ်ခုကို သယ်ဆောင် ချ ဉ်းကပ်လာလေချေ ပြီ။
မဟာမိတ်မျ ား၏ ပစ်ခတ်မှုကြောင့်ရာမာဝတီတပ်သားမျ ားလည်း တဖွဲဖွဲကျ ဆုံးကြကုန်၏။ တစ်ခုခံသာသည်မှာ စက်လက်ကြီးမျ ားကို ခြေကွယ်မျ က်ကွယ် အမြင့်နေရာမျ ားတွင် အထိုင်ချ ထားသဖြင့် မဟာမိတ်တို့ ကျ ည်ဆံ လေမြားမျ ား ထိုနေရာသို့ အလွယ်တကူမရောက်ရှိနိုင်ခြင်းဖြစ်လေသည်။
တပ်မှူ း သီဟသူက အချ က်ပြလိုက်လေရာ စက်လက်ကြီးမျ ားစတင်လှုပ်ရှား၍ မီးကြည်မျ ား တဖောင်းဖောင်း တွက်ကျ လာလေတော့၏။ အချ ို ့သော ရာမာဝတီတပ်သားမျ ားကလည်း ကျေ ာက်ခဲတုံးကြီးမျ ား ယူဆောင်လာကာ မဟာမိတ်တို့အပေါ်သို့ ပစ်ချ ကြလေသည်။ ရေနွေးပူများ ဆီချ က်ပူမျ ားနှင့်လည်း လောင်းချ ကြကုန်၏။
ရန်သူမဟာမိတ်တို့လည်း မွစကျ ဲအောင်အဖြစ်ဆိုးကာ မရှုမလှ ကျ ဆုံးကြလေတော့သည်။ စက်လက်ကြီးမျ ား၏ ပြင်းအားသည် ရန်သူတို့၏အကာအကွယ်ပျ ဉ်ပြား တစ်ချ ပ်ကိုပင် ပေါက်ထွက်စေနိုင်သောကြာင့် နောက်ဆုံးတွင် ရန်သူမဟာမိတ်တို့လည်း ပျ ဉ်ပြားမျ ားကို နှစ်ပြားသုံးပြားထပ်လျှ က် ထိုနောက်တွင် ဝင်ရောက်ပုန်းကွယ်ရင်း ပြန်လည် ပြစ်ခတ်ကြရလေတော့သည်။
စက်လက်ကြီးမျ ားသည် ပြင်းအားကောင်းကောင်းဖြင့် အဆက်မပြတ် ပြစ်ခတ်နိုင်စွမ်းကြသော်လည်း ကျ ည်ကုန်မြန်၍ ကျ ည်ထိုးချ ိန် အနည်းငယ်ကြာညောင်းလေသည်။ ၎င်းအချ ိန်တွင် မဟာမိတ်တို့သည် အကာအကွယ်နောက်မှ ထွက်ကာ မြို ့ရိုးပေါ်သို့ သေနတ်အင်အား မြားအင်အားနိုင်နိုင်ဖြင့် ပြစ်ခတ်ကြလျှ က် မြို ့ရိုးတံခါးဖွင့်ရန် ကြံကြပြန်၏။ မြို ့ရိုးပေါ်ရှိ ရာမာဝတီတပ်သားမျ ားလည်း သေကြကြေကြ ပျ က်ဆီးကြရ ပြန်လေသည်။
စက်လက်မျ ား ကျ ည်ထိုးပြီးချ ိန် ရာမာဝတီ မှ ပြန်လည်ပစ်ခတ်ပြန်ရာ မဟာမိတ်တို့ အတုံးအရုံးကျ ဆုံးပြီး အကာအကွယ်နောက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးကြပြန်၏။ ထို့နောက် ကျ ည်ထိုးချ ိန်တွင် မဟာမိတ်ဘက်မှ တဖန် ထပစ်ပြီး မြို ့တံခါးဖွင့်ဖို့ရာ ကြံကြပြန်သည်။ ကျ ည်ထိုးပြီးသော် ရာမာဝတီမှ ပြန်ပစ်၍ မဟာမိတ်တို့ အကာအကွယ်နောက်သို့ ပြေးကြပြန်လေ၏။
ဤသို့ဖြင့် မဟာမိတ်တပ်မျ ားက . . . မြို ့တံခါးကိုဖွင့်လို့ ရာမာဝတီမြို ့တွင်းသို့ ဝင်ရောက်ရန် ကြံစည်မှုသည် ရာမာဝတီသားတို့၏ ကြံ့ကြံ့ခံတွန်းလန်ခြင်းကြောင့် မအောင်မြင်ဘဲရှိလေရာ နေမွန်းလွဲကာ နေ့လည် နာရီပြန်တစ်ချ က်ခွဲချ ိန်သို့ တိုင်ခဲ့လေတော့သည်။
ထိုစဉ် မြို ့တော်အတွင်း၌ မြောက်ဘက် ဆြာတော်ဦးသုန်ကျေ ာင်းဘက်မှ လူအယောက် ၃၀၀ ခန့်ပါဝင်သော တပ်စုတစ်စုထွက်လာလေသည်။ ထိုလူစုသည် မြင်းတစ်ကောင်ကသည့် ဘီးတပ်ဝေါယာဉ်တစ်စီးကို ဝန်းရံကြလျှ က် တပ်ဦးတွင် မျ က်နှာအဝတ်အုပ်ထားသည့် အဲမောင်းကိုင် လူတစ်ဦးက အုန်းခံွရောင်မြင်းကြီးကိုစီးကာ အနှီလူစုကို ဦးဆောင်လေ၏။
မြို ့တွင်း အသင့်စောင့်နေသည့် ၉၀၀ သော လှံရှည်ကိုင် အရပ်သားတပ်ကို ကြီးမှူ းရသော တပ်ဗိုလ်သည်လည်း မသင်ကာဖွယ် ထိုသူမျ ားကို မြင်လျှ င်မြင်ခြင်း ၎င်း၏တပ်ကို တပ်လှန့်လိုက်လေသည်။
အရပ်သားတပ်နှင့် နီးကပ်လာသောအခါ ထိုသူအယောက် ၃၀၀ သည် အရပ်သားတပ်အား အဆက်မပြတ် တရကြမ်း ပြစ်ခတ်ထိုးခုတ်ကြလေတော့၏။ အရပ်သားတပ်ကလည်း ပြန်လည်ပြစ်ခတ်တိုက်ခိုက်ကြရာ နှစ်ဦးနှစ်ဖက် အထိနာကြလေသည်။
အရပ်သားတပ်မှာ အင်အား ၉၀၀ ခန့်ရှိသော်လည်း လက်နက်အနေဖြင့် လှံရှည်မျ ားသာ ကိုင်ဆောင်ထားရသဖြင့် ကိုးချ က်ပစ် မီးပေါက်သေနတ် အလက် ၃၀ ပါကာ ကျ န်လက်နက်မျ ို းစုံတို့ကို ကိုင်စွဲထားသည့် ရန်သူအယောက် ၃၀၀ အား အလွန်ပင် အားသွန်တိုက်ခိုက် နေရလေတော့သည်။
တပ်မှူ းသီဟသူလည်း ရန်သူမဟာမိတ်တပ်တို့ကို မြို ့ရိုးပေါ်မှ အခိုင်ခုခံနေစဉ် မြို ့တွင်း၌ မိမိ၏အရပ်သားတပ်ကို အခြားအဖွဲ့တစ်ခုမှ တိုက်ခိုက်နေသည်ကို လှမ်းမြင်သဖြင့် မြို ့တွင်းသို့ ကပြာကယာ ဆင်းခဲ့ရလေသည်။ ထိုအချ ိန်တွင် အဲမောင်းကိုင် မြင်းစီးပုဂ္ဂို လ်သည် အဲမောင်းကို မွှေ့ယမ်းလျှ က် တပ်ဖွဲ့နှစ်ဖွဲ့တိုက်ခိုက်နေသည့်ကြားမှ ထိုးဖောက်ကာ မြို ့တံခါးဆီသို့ ဒုန်းဆိုင်း၍ အပြင်းနှင်နေချေ ပြီ။
သီဟသူလည်း မြို ့တံခါးရှေ့မှ ပိတ်ရပ်လို့ လက်သုံးတော်ရွှေဓားကို ဓားအိမ်မှ ဆွဲထုတ်ရင်း ထိုသူကို တားဆီးလိုက်လေ၏။ ထိုအခါ ထိုသူက မြင်းပေါ်မှ ဆင်းလိုက်ပြီး လျှ င်မြန်သောအဟုန်ဖြင့် သီဟသူ့ထံသို့ ပြေးလာကာ အဲမောင်းဖြင့်တိုက်ခိုက်လေတော့သည်။ တပ်မှူ းသီဟသူလည်း ၎င်း၏ ဓားဖြင့် ပြန်လည်ခုခံတိုက်ခိုက်လေ၏။
တိုက်ကွက် နှစ်ကွက် သုံးခွက် တိုက်ခိုက်အပြီး လူချ င်းပြန်အခွာတွင် သီဟသူ သိလိုက်ရချေ ပြီ . . .ထိုသူ၏ ကိုယ်ခံပညာသည် မြင့်မားလှပေသည်။ အဲမောင်း ခုတ်ချ က်မျ ားမှာလည်း အားပါ၍ တိကြလှပေ၏။ အမှန်စင်စစ် မိမိ၏ ကိုယ်ခံပညာသည် မညံ့လှ။ ရာမာဝတီ ပြည်အဝှမ်းလုံးတွင် လက်ချ ို းရည်တွက် နိုင်ကောင်းသည့် အတန်းအစားအတွင်းတွင် ပါဝင်လေသည်။ သို့သော် ထိုသူကိုတော့ မယှဉ်နိုင်ကြောင်း သီဟသူ ကောင်းကောင်းသဘောပေါက်လိုက်လေ၏။
မျ က်နှာအဝတ်စည်းလူက ၎င်း၏မျ က်နှာမှ အဝတ်ကို ဖြု တ်လိုက်လေသည်။ တပ်မှူ းသီဟသူ လွန်စွာ အံ့သြသွားကာ
'' ရေ ရေ . .ရေဝိုင် ကိုယ်တော်လေး ''
ဟု ပါးစပ်မှ အယောင်ယောင်အမှားမှားဖြင့် ရေရွတ်စကားမျ ား ထွက်ကျ ကုန်တော့၏။ ထိုအခါ ရေဝိုင်းမင်းသားက
'' ဟုတ်တယ် သီဟသူ။ ငါရေဝိုင်းမင်းသားပဲ။ သင့်ကို အနာတရမဖြစ်စေချ င်ဘူး။ ငါ့အရေးကို မဟန့်နှင့်။ ခု ငါ့ရှေ့ကဖယ် ''
ဟု ပြန်လည်မိန့်ကြားလေသည်။ တပ်မှူ းလည်း ရေဝိုင်းမင်းသား၏ သစ္စာဖောက်ပြန်မှုကို သိရှိသွားရသဖြင့် ဆောင်ဓားကို တင်းတင်းကိုင်လျှ က်
'' ကိုယ်တော်နှင့် ပညာချ င်းမယှဉ်သာကြောင်း အကျွ န်ကောင်းကောင်းသိပါသည်။ သို့သော် အကျွ န်သည် ရှင်လျှ င်လည်း ရာမာဝတီ၏ သစ္စာတော်ခံ သေလျှ င်လည်း ရာမာဝတီ၏ ဝိဉာဉ် ပင်။ သို့အတွက် ကိုယ်တော့် အနေဖြင့် အကျွ န့်ကို ကျေ ာ်ဖြတ်ပြီးမှ စိတ်တိုင်းကျ ပြု ပါလေ ''
ဟု ပြောလည်းပြော ရေဝိုင်းမင်းသားထံသို့ အပြေးသွားကာ ထပ်မံတိုက်ခိုက်လေတော့၏။
အုပ်မိုး၍ ပိုင်းလိုက်သော တပ်မှူ းသီဟသူ၏ ဓားသွားကို ရေဝိုင်းမင်းသားက ၎င်းကိုင်ဆောင်ထားသည့် အဲမောင်းသွားဖြင့် ဟန့်တားကာ တွန်းပယ်ပြစ်လိုက်လေသည်။ ထို့နောက် မင်းသားက ကိုယ်ဟန်အနည်းငယ်ပျ က်သွားသည့် သီဟသူ၏ ခါးအား အဲမောင်းရိုးတံဖြင့် ရိုက်ပြီး ကိုယ်ကို ရှေ့သို့တိုးလေရာ သီဟသူလည်း ကော့လျှ က်သား မင်းသား၏ ကျေ ာဘက်သို့ ရောက်ရှိသွားလေ၏။ ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ကျေ ာပေးထားသည့်အနေအထားတွင် မင်းသားက အဲမောင်းကိုစင်္ကြာသဏ္ဍာန် တစ်ချ က်မွှေ့၍ သီဟသူ၏ ကျေ ာအား နောက်ပြန် ထိုးစိုက်ချ လိုက်လေတော့သည်။
မြို ့စောင့်တပ်မှူ းလည်း ကျ လေပြီ။ မြို့တံခါးလည်းပွင့်လေပြီ။ မဟာမိတ်တပ်မျ ားလည်း အင်အား အလုံးအရင်းဖြင့် မြို ့ထဲသို့ ဝင်ရောက်လာကြလေပြီ။
မယ်တော်ကြီးနှင့် ရေဝိုင်းမင်းသားတို့ သစ္စာဖောက်ကြ၍ မြို ့တံခါးကို ဖွင့်ပေးလိုက်ကြလေပြီ ဖြစ်ကြောင်း . . ယခုအခါ ရန်သူတပ်မျ ားမြို ့တွင်းသို့ဝင်လာကြပြီး မြင်မြင်သမျှ ကို ထိုးခုတ်ခြေမှုန်းနေကြလေပြီ ဖြစ်ကြောင်း .
တပ်ဗိုလ်တစ်ဦးက နန်းတော်တံတိုင်းပေါ်ရှိ ရွှေကိုယ်တော်ကို တံတိုင်းအောက်မှ အော်ဟစ်သတင်းပို့နေဆဲမှာပင် ကျေ ာသို့ မြားတစ်ချေ ာင်းလာရောက်စိုက်ဝင်ပြီး လဲကျ သွားလေသည်။
ခင်သုန် တက်တစ်ချ က် ခပ်ပြင်းပြင် ခေါက်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်လေရာ နန်းတော်တံတိုင်း အနီးသို့ မဟာမိတ်တို့ တဖြေးဖြေးချ ဉ်းကပ်လာကြပြီ ဖြစ်လေ၏။ သူမ၏ ခန့်မှန်းချ က်အရ မဟာမိတ်တပ်သားပေါင်း ၁၅၀၀ . . ၂၀၀၀ ခန့် ရှိကြလိမ့်ဦးမည်ဟု ယူဆရပြီး ၎င်းတို့၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် မိဂသီဘုရင် စောလူးသည် လွန်စွာမြင့်မားသန်မာလှသော မြင်းအနက်ကြီးကို စီးနင်းလျှ က် ပုဆိန်ကြီး နှစ်လက်အား ကျေ ာတွင်သိုင်းလွယ်ကာ တပ်ကို ကွပ်ကဲနေလေသည်။ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေး ပရပစ်နှင့် ခန္ဓာကိုယ် ဖွံ့ထွားကြံ့ခိုင်သည့် စောလူးကို မြင်တွေ့ရသည်မှာ ပီဘိ ဘီလူးသဘက်ကြီး တစ်ကောင်နှယ်။
စောလူး၏ နဘေး၌ သစ္စာပေါက်မျ ားဖြစ်ကြသည့် ကေသီမိဖုရားကြီး ရေဝိုင်းမင်းသား ကြေးကိုယ်တော်မှောင်မှတ် မင်းကံစီမြို ့စား ငကောင်း နယ်ခြားစောင့်တပ်မှူ း ငရဲ တို့က လက်နက်ကိုယ်စီ မြင်းကိုယ်စီနှင့် အစီအရီရပ်နေကြလျှ က်။ ခင်သုန်လည်း လက်ဦးမှုရယူသည့်အနေဖြင့် ကိုးချ က်ပစ်သေနတ်မျ ား ကိုင်ဆောင်ထားသော ကိုယ်ရံတော် တပ်သား အယောက် ၇၀ အား ရန်သူမျ ားကို စတင်ပြစ်ခတ်ရန် အမိန့်ပေးလိုက်လေ၏။
သေနတ်သံမျ ား တဖောင်းဖောင်း တဒိုင်းဒိုင်း ထွက်ပေါ်လာပြီး ရန်သူမဟာမိတ်မျ ား လဲပြို ကုန်ကြလေသည်။ သို့သော် မဟာမိတ်တို့ထံတွင် အမြောက်လေး ၁၀ လက်ခန့် အကောင်းပကတိ ကျ န်ရစ်နေသေးပေရာ . . .မဟာမိတ်တို့ကလည်း သေနတ်မျ ား အမြောက်မျ ားနှင့် ပြန်လည်ပစ်ခတ်ကြ၍ နန်းစောင့်တပ်သားအမျ ားအပြား ကျ ဆုံးကြရလေသည်။
ခင်သုန်လည်း . . .ဤကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြသော အခြေအနေတွင် နန်းတံခါးကိုဖွင့်၍ ရန်သူမျ ားကို ဝင်ရောက်တိုက်ခိုက်နိုင်သော် အတိုင်းအတာတစ်ခုအထိ အကျ ို းရှိလိမ့်မည်ဟု တွေးတောမိလေ၏။ ထို့ကြောင့် နန်းစောင့်သူရဲ ၄၀၀ ကို သူမကဦးဆောင်ပြီး နန်းပြင်ထွက်ကာ အသေခံတိုက်ကြမည့်အကြောင်း နန်းစောင့်တပ်မှူ းကို တိုင်ပင်လိုက်လေသည်။
သို့သော် နန်းစောင့်တပ်မှူ းငထင်ငယ် ဆိုသူက ခင်သုန်၏ အကြံကို လုံးဝလက်မခံဘဲ . . .ရန်သူအင်အားမှာ မျ ားပြားလှသည့်အပြင် အတွင်းလူမျ ားပါ ပါဝင်လုပ်ကြံနေကြသဖြင့် အောင်မြင်စွာ တွန်းလှန်နိုင်ဖို့ရာ မလွယ်ကူတော့ကြောင်း . . . သို့ဖြစ်၍ ၎င်းနှင့် နန်းစောင့်တပ်သားမျ ားက ရန်သူအပေါင်းကို ကြံ့ကြံ့ခံထားသည့်အချ ိန်တွင် ရွှေကိုယ်တော်နှင့် တပ်သားအချ ို ့က သခင်မကို ပင့်ဆောင်ထွက်ပြေးကြရမည် ဖြစ်ကြောင်း . . . .ယခုအချ ိန်တွင် သခင်မ၏ လုံခြုံရေးသည်သာ အဓိကကြသဖြင့် သခင်မကိုသာ ဘေးမသီရန်မခစေဘဲ ကယ်တင်ပင့်ဆောင်ရန် လိုအပ်ကြောင်း . . . . စသဖြင့် အကျ ို းသင့်အကြောင်းသင့် ပြန်လည်လျေှ ာက်ထားလေ၏။
တပ်မှူ း၏ လျေှ ာက်ထားမှုမှာ သင့်လျေှ ာ်နေသည်မို့ ခင်သုန်လည်း မည်သို့မျှ မငြင်းသာတော့ဘဲ တပ်သားအယောက် ၅၀ ကို ရွေးထုတ်လျှ က် သခင်မကို ကယ်တင်ထွက်ပြေးဖို့ရန် နန်းတွင်းသို့ ဝင်ခဲ့လိုက်လေတော့သည်။
ခင်သုန်၏ လျေှ ာက်တင်သံအဆုံးမှာ တာရာဒေဝီ လက်သုံးတော်ရွှေဓားကို လွှတ်ချ လိုက်လေ၏။ သူမ ဘဝ ပြီးဆုံးသွားချေ ပြီ။ မြို ့တော်လည်းကျ . . .အယုံကြည်ရဆုံးသော သူမျ ားကလည်း သစ္စာပျ က်ယွင်း . . .ယခုဆိုလျှ င် ရန်သူတော်မျ ားက နန်းတွင်း သို့ပင် ချ ဉ်းနင်းဝင်ရောက် ကြတော့မည်မဟုတ်ပါလား။
သူမ၏ အပေါ်တွင် လွန်စွာ နားလည်သိတတ် ချ စ်မြတ်နိုးမှုပေးခဲ့သော ကြင်ယာတော်ရေဝိုင်းမင်းသား . . .သူမက ဘုရားတဆူ ဂူတစ်လုံးနှယ် အမိနှင့်မခြားလေးစားသမှု ပြု စုမြှောက်စားထားသော မယ်တော် ကေသီမိဖုရားကြီး . . . အနှီ အနှီ ပုဂ္ဂို လ်မျ ားမှ သူမအား သစ္စာဖောက်ခြင်း ဟူသည် ဤကမ ္ဘာလောကတွင် ယုံနိုင်ဖွယ်ရာ မရှိဆုံးသော စကားပင်။ သို့သော် ခင်သုန်၏ လျေှ ာက်တင်ချ က်အရ ဤဖြစ်ရပ်မျ ားသည် ယခုလက်တွေ ့ဒိဋ္ဌအမှန်တကယ် ဖြစ်ပျ က်၍ နေကြလေ၏။
အထက်ပါအတွေးမျ ားကို တွေးတောရင်း တာရာဒေဝီသည် မျ က်နှာတော်လှလှလေး နေထိပန်းနှယ် ညှို းနွယ်းကျ ုံ လှီလျှ က် တဖြေးဖြေးသွေးရောင်ကင်းမဲ့ ဖြူ ရော်လာကာ နောက်ဆုံးတွင် တုန်ယီကြေကွဲစွာ တသိမ့်သိမ့်ရှိုက်ငင်ငိုကျေွ းချ လိုက်လေတော့သည်။
ထိုအခါ ခင်သုန်က အရှင်သခင့် ဖြစ်အင်ကို ကြည့်၍ အားမလိုအားမရဖြစ်ဟန်ဖြင့် တာရာဒေဝီ၏ လက်မောင်းနှစ်ဖက်အား ဆုပ်ကိုင်ပြီး အောက်ပါအတိုင်း ခတ်ဆတ်ဆတ် ပြောဆိုလိုက်လေ၏။
'' သခင်မသည် ဤရမာဝတီ ရွှေပြည်တော်၏ ဧကရာဇ်တစ်ပါးမဟုတ်လေသလော . . . ။သခင်မအနေဖြင့် ယခုအချ ိန်တွင် ကြေကွဲပျေ ာ့ညံ့နေ၍မဖြစ်။ သခင်မအား သစ္စာပျ က်သူမျ ားရှိသကဲ့သို့ သခင်မထံတွင် အသက်ပေးလျှ က် သစ္စာမြဲသူ သစ္စာမြဲလျှ က် အသက်ပေးသွားကြရသူမျ ား တပုံတပင် ပင်ရှိနေသေး၏။
ရေဝိုင်းမင်းသား သစ္စာပျ က်သည်ကို အားလျေ ာ့စိတ်ပျ က်၍ သခင်မ အရှုံးပေးလိုက်ပါလျှ င် သခင်မထံသို့ ယခု အပြင်းချ ီလာနေပြီဖြစ်သော ရေဝိုင်းမင်းသားထက် သခင်မအပေါ်တွင် ချ စ်ခင်မြတ်နိုးသည့် သခင်မကလည်း ၎င်းအပေါ်တွင် ရေဝိုင်းမင်းသားထက်မက တွယ်တာ နှစ်သက်သည့် မင်းကြီးသုနက္ခတ်အား သခင်မမည်သို့ မျ က်နှာပြအံ့နည်း။
မင်းကြီး ယခုပင်လာနေချေ ပြီ။ မင်းကြီးရှိနေသ၍ သခင်မ မရှုံးသေး။ မင်းကြီး ရှိနေသ၍ သခင်မ၏ ဘဝ အဓိပ္ပါယ်မမဲ့သေး။ ဤရာမာဝတီရွှေပြည်တော်ကြီးနှင့် မင်းကြီးသုနက္ခတ် တို့သည် သခင်မအား အစဉ်သဖြင့် လွန်ကဲစွာ တောင့်တလိုလားလျှ က်သာ။ အကျွ န်မအပါအဝင် နန်းစောင့် ငယ်ကျွ န်မျ ားသည်လည်း သခင်မ၏ အမိန့်တော်မျ ားအား စောင့်မျေှ ာ်ငံ့လင့်လျှ က်သာ။ ''
.
.
.
.
'' မင်း မင်းကြီး . . .ဟုတ်ပေသည် မင်းကြီး . . . မိမိဘဝတွင် မင်းကြီးရှိနေပေသေး၏။ မည်သည့်အခြေအနေ မည်သည့်နေရာ မည်သည့်ဘဝ သို့ရောက်ရှိပါစေ အစဉ်အမြဲအားဖြင့် မိမိဘက်တွင် အသင့်ရှိနေမည့် မောင်တော်မင်းကြီးရှိလေသည်။ မောင်တော်၏ သစ္စာတော်သည် ထာဝရဖြစ်၏။ မောင်တော်၏ မေတ္တာတရားသည် အနိုင်းအဆ မဲ့ပေ၏ ''
ခင်သုန်၏ စကားတို့ကြောင့် တာရာဒေဝီ သတိပြန်ဝင်လာလေသည်။ မျ က်နှာတော်သည်လည်း ပြန်လည်၍ သွေးရောင်လွှမ်းခြုံ တင်းမာခက်ထန်လာလေ၏။ ထို့နောက် ရွှေဓားကို ပြန်လည်ကောက်ကိုင်လိုက်ပြီး မျ က်ရည်တို့ကိုသုတ်ကာ
'' ငါမေသော် ငါ့တိုင်းပြည်လည်း တည်မြဲခံမာစေရမည်။ သစ္စာပျ က်သူ ပုန်စားသူ ကျ ူ းကျေ ာ်သူ အပေါင်းအား ငါ့လက်ဖြင့် သုတ်သင်အံ့။ ယခုပင် မြို ့မြောက်တံခါးကို ဖွင့်ကာ မြောက်ဘက်မှ ချ ီတက်လာသော မင်းကြီး၏ တပ်တော်နှင့် သွားရောက်ပူးပေါင်းမည်။ အသင့်ပြင်ကြ ''
ဟု ခင်သုန်တို့အား ကြည်လင်ပြတ်သားသော အသံတော်ဖြင့် အမိန့်ပေးလိုက်လေတော့သည်။
.
.
.
ဆက်ရန်