ပြည်တန်ဆာ့ ဂုဏ် အပိုင်း ၂





ရေတွင်မပျေ ာ်သော ငါး



သက်အောင် တံခါးကို အသံမကြားအောင် သေခြာပြန်ပိတ်ပြီး ခြေသံလုံလုံဖြင့် အထဲသို့ဝင်ခဲ့လိုက်သည်။ အချ ိန်မှာ ည ၁၀ နာရီခွဲပြီ။ မ တစ်ယောက် အိပ်ခန်းထဲတွင် အိပ်နေလောက်ပြီ ဟု သူ ခန့်မှန်းမိလေသည်။



အိပ်ခန်းရှိရာသို့ တဖြေးဖြေးလျေှ ာက်လာခဲ့ရာ ဧည့်ခန်းသို့ အရောက်တွင် ခပ်သဲ့သဲ့ ကြားလိုက်ရသည့် အသံကြောင့် သက်အောင် ခြေလှမ်းမျ ားတုန့်သွားရလေ၏။



. . .ဘယ်လိုပါလိမ့် . . . ဟု စိတ်ထဲမှာတွေးရင်း သေခြာအောင် နားစိုက်ထောင်မိပြန်သည်။ ထို့နောက် သက်အောင်တစ်ယောက် ကြက်သီးမွှေးညှင်းတွေ ထောင်ထသွားရလေတော့၏။



သေခြာလေပြီ။ လူနှစ်ယောက်၏အသံ။ ရှင်းအောင်ထပ်ပြောရလျှ င် အမျ ို းသားတစ်ဦးနှင့် အမျ ို းသမီးတစ်ဦးတို့၏ အသံ။ထို့အပြင် အနှီ အသံမျ ားသည် ပုံမှန်အနေအထားမဟုတ်။ မည်သည့်အချ ိန်တွင် ထိုကဲ့သို့ အသံမျ ို းထွက်ပေါ်တတ်သည်ကို သက်အောင်အသိဆုံးပင်။



သက်အောင် ခြေကို အတတ်နိုင်ဆုံးဖွကာ အိပ်ခန်းဆီသို့ ခပ်သုတ်သုတ်လျေှ ာက်ခဲ့လေ၏။ အိပ်ခန်းနှင့်နီးလာလေ အသံဗလံတွေကို ပို၍ ကျ ယ်ကျ ယ်ကြားရလေဖြစ်ပြီး အခန်းဝသို့ရောက်သော် အခန်းတံခါးမှာ သုံးပုံတစ်ပုံခန့်ပွင့်လျှ က် ခပ်ဟ ဟ ဖြစ်နေကြောင်းတွေ့ရလေသည်။



တံခါးကို အနည်းငယ်ထပ်တွန်း၍ အထဲကို အသာအကဲခတ်လိုက်သောအခါ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သက်အောင်၏ နှလုံးသွေးတို့ တပွက် ပွက် ဆူပွက်သွားရလေတော့၏။



မ နှင့် အခြားအမျ ို းသားတစ်ယောက်။ နှစ်ယောက်စလုံးတွင် အဝတ်အစားမျ ားမရှိကြ။ မ က ကုတင်ခေါင်းရင်းလက်ရန်းကို လက်ထောက်အားပြု လျှ က် သူမ၏ ခန္ဓာကိုယ်ကို ကော့ကာ အနောက်သို့ပြစ်ထားလေသည်။ အမျ ို းသားမှာမူ မ၏ နောက် ဒန်းလော့ပေါ်တွင် ဒူးထောက်၍ လက်တစ်ဖက်နှင့် မရဲ့ဆံနွယ်တို့ကို ရစ်ပတ် ဆောင့်ဆွဲလို့ ကျ န်လက်တစ်ဖက်ဖြင့် မရဲ့ ခါးသိမ်သိမ်ရှိ မရှိမယ့်ရှိမယ့် ဘေးသားမျ ားကို ဖြစ်ညှစ်ဆုပ်ကိုင်ကာ ခပ်ကြမ်းကြမ်းခပ်တင်းတင်း တစ်ချ က်ခြင်း လှုပ်ရှားနေလေသည်။



အသံရှူ သံပြင်းပြင်းမျ ား



အသားချ င်း တဖတ်ဖတ် ထိရိုက်သံမျ ား



ရမ္မက်ပြင်းပြင်း အော်ငြီးနေသည့် မ၏ အမေတသံ အကိုခေါ်သံမျ ား



အမျ ို းသား၏ တ ဟင်း ဟင်း မာန်တင်းသံမျ ား



ကုတင်လှုပ်သံ မျ ား . . . .



စသည့် စသည့် အသံတို့က သက်အောင်၏ နားထဲသို့ သံရည်ပူဖြင့်လောင်းထည့်နေသလို။ အခန်းထဲရှိ တဏှာ သားကောင်နှစ်ဦးကတော့ တဏှာရာဂ ဝဲထဲတွင် အရှိန်အဟုန်ဖြင့် စိတ်လွတ်ကိုယ်လွတ် ယစ်မူးမြောပါနေကြရင်း သက်အောင်ကြည့်နေသည်ကိုပင် သတိမထားမိကြ။



. . . . . လုပ်ရက်လိုက်တာ မမရယ်။ လုပ်ရက်လိုက်တာ။ မောင်နဲ့ အမြဲတမ်း ချ စ်နေချ င်တယ်ဆို ။ ခုတော့ အခြားတစ်ယောက်ရဲ့ လက်ထဲမှာ ဖြစ်ချ င်တိုင်းကို ပိုးဆိုးပက်ဆက် ဖြစ်နေပါပေါ့လား။ ခု မောင် မြင်နေရတဲ့ မ က . . . တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရ အကြင်နာအပြည့်နဲ့ မောင့်အပေါ်မှာ အရမ်းချ စ်ခဲ့တဲ့ မ မဟုတ်တော့ဘဲ အခြားသူစိမ်းမိန်းမတစ်ယောက်ကို မြင်နေရသလိုပါပဲလား။ ရက်စက်တယ် မ ရယ်။ မ သိပ်ရက်ဆက်တယ်။ . . . .



သက်အောင်၏ စိတ်ထဲတွင် နှလုံးသားထဲတွင် မွန်းကြပ်သထက် မွန်းကြပ်လာသလို အသားမျ ားလည်းတဆတ်ဆတ်တုန်၍ လည်ကြောမျ ားလည်းထောင်ထလို့ လာချေ သည်။ အနှီမြင်ကွင်းကို ဆက်ကြည့်နေရမည် အနှီအသံတို့ကို ဆက်ကြားနေရမည် ဆိုပါက သက်အောင် လူသတ်မိပေတော့မည်။



သူ ဘာလုပ်ရမည်နည်း။



သူ မည်သို့ ဆုံးဖြတ်ရမည်နည်း။



ပုံမှန်အချ ိန်တွင် ရင့်ကျ က်မှု အားနည်းကာ ကလေးဆန်ဟန်ရှိသော်လည်း အခက်အခဲ အကြပ်အတည်းနှင့် ကြုံ ရချ ိန် ကျ င်းထဲကြပ်ထဲသို့ ရောက်ချ ိန်မျ ား၌ တစ်ပါးသူမျ ားထက် ပိုမိုထူးကဲစွာ တည်ငြိမ်ရင့်ကျ က် သွားခြင်းသည် သက်အောင်၏ စူပါ ပါဝါပင် ဖြစ်လေ၏။ ဤသို့သော ကောင်းမွန်လွန်းလှသည့် အားသာချ က်ကြောင့်ပင် သူသည် စိန်ခေါ်မှုအပွဲပွဲကို ရင်ဆိုင်ဖြတ်ကျေ ာ်ကာ ယခုလို အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်အနေဖြင့် ရပ်တည်နိုင်ခဲ့ခြင်း မဟုတ်ပါလား။



သက်အောင် စိတ်ကို လျေ ာ့ချ လိုက်ပြီး လေပူတစ်ချ က်မှုတ်ထုတ်လိုက်လျှ က် အိပ်ခန်းဝမှ ထမင်းစားခန်းဆီသို့ အသာထွက်ခဲ့လိုက်လေသည်။ ထမင်းစားခန်းသို့ရောက်လျှ င် ရေခဲသေတ္တာအတွင်းမှ ကုတ်တစ်ဗူးကို ထုတ်ယူ၍ ဧည့်ခန်းသို့ပြန်လျေှ ာက်ခဲ့လေ၏။ ထို့နောက် ဆိုဖာခုံပေါ်တွင်ထိုင်ကာ ကုတ်ကို တစ်ဂျ ို က်ခြင်းသောက်ရင်း အိပ်ခန်းထဲမှ လူနှစ်ဦး၏ တဟုန်းဟုန်းတောက်လောက်လျှ က်ရှိသော ရာဂါမီးမျ ား ငြိမ်းသေ သွားမည့်အချ ိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်လေတော့သည်။



သက်အောင်တစ်သက် သောက်ဖူးခဲ့သမျှ ကိုကာကိုလာတို့ထဲတွင် ယခု သောက်သုံးနေသော ကိုကာကိုလာသည် အရသာ ရှိလှပေစွ။



' မ နဲ့ ကိုလှဦးဟာ ဟိုးငယ်စဉ်ဘဝကတည်းက အရမ်းချ စ်ကြတဲ့ ချ စ်သူတွေပါ။ မိဘတွေ သဘောမတူလို ဝေးကွာခဲ့ကြရပြီး ခုလို မ မောင်နဲ့ အိမ်ထောင်ကျ ပြီးကာမှ ပြန်ဆုံကြတော့ . . . . ဟီးး ဟီးးး ဟင့် ဟင့် '



မ က ခုထက်ထိ အဝတ်တွေ ပြန်မဝတ်ရသေး။ တံဘတ်ကြီးတစ်ထည်ကို ရင်လျှ ားပတ်ထားရင်း ဆက်တီခုံပေါ်တွင် ထိုင်ကာ သက်အောင်ကို အထက်ပါအတိုင်းရှင်းပြပြီး ခေါင်းကိုပြန်ငုံ့ကာ တ ဟီး ဟီး ငိုကျေွ းနေလေသည်။ ကိုလှဦးဆိုသူကလည်း သူမ၏ နဘေးတွင် မျ က်နှာငယ်လေးနှင့်ထိုင်လျှ က်။



' ဒါနဲ့မြန်းမရယ် . . .ကျ တော် လက်ထပ်ခွင့်တောင်းတော့ လက်ခံခဲ့ရသေးလား။ မ ရဲ့လူကိုပဲ ဆက်စောင့်ကရောပေါ့။ ကျ တော်နဲ့ ယူပြီးတော့မှ ခုလို ဖောက်လွှဲဖောက်ပြန်တွေလုပ်တာကတော့ မ ကျ တော့်ကို သစ္စာမဲ့တာပဲ။ မလိုပဲ ကျ နော့်မှာလည်း ငယ်စဉ်အခါမှာ သံယောဇဉ်တွယ်ခဲ့ရသူရှိပါတယ်။



ဒါပေမယ့် မနဲ့လက်ထပ်ပြီးကတည်းက မ ကို ကျ တော် ကြင်ကြင်နာနာနဲ့ သစ္စာရှိရှိ သားမတ်မတ်မယားမတ်မတ် ပေါင်းသင်းရှာဖွေ ကျေွ းမွေးခဲ့တယ်။ မ မဟုတ်တဲ့ ဘယ်မိန်းကလေးအပေါ်မှာမှ ဖောက်လွှဲဖေါက်ပြန်စိတ်ဓာတ် မမွေးခဲ့ဘူး။ မ ကသာ . . . '



' ဟင့် ဟင့် ဟီးး အား အားးလုံး မ အမှားတွေချ ည်းပါပဲရှင်။ တကယ်တော့ ကိုလှဦးနဲ့မ ပြန်တွေ့ကြရလိမ့်မယ်လို့ မ တကယ်မမျေှ ာ်လင့်ခဲ့ပါဘူး။ မောင် လက်ထပ်ခွင့်တောင်းတဲ့အချ ိန်မှာ ကိုလှဦးကလည်းအနားမှာမရှိ မောင်ကလည်း ငြင်းစရာမလိုလောက်အောင် ပြည့်စုံနေတဲ့ သူတစ်ယောက်မို့ မ ခေါင်းငြိမ့်မိခဲ့တာပါ။



ရက်စက်လွန်းတဲ့ ကံကြမ္မာက မ အိမ်ထောင်သည်ဘဝရောက်ကမှာ ကိုလှဦးနဲ့ ပြန်ဆုံစေခဲ့တယ်လေ။ ခုလို ဖြစ်သွားရတဲ့အပေါ်မှာ မလည်း တကယ်ကို စိတ်မကောင်းပါဘူး။ ကိုလှဦးကိုလည်း အဆုံးရှုံးမခံနိုင်သလို နှစ်နဲ့ချ ီပေါင်းသင်းလာခဲ့ရတဲ့ မောင့်ကိုလည်း သံယောဇဉ်ဖြစ်မိတယ် အားနာမိတယ် သနားမိတယ်။ '



' တော်ပါတော့ မ ရယ်။ အပိုတွေပြောမနေပါနဲ့တော့။ ကိုယ့်ရဲ့ ကာမပိုင်လင်သားအပေါ်မှာ သစ္စာပျ က်ယွင်းခံပြီး ခန္ဓာကိုယ်ကို ပုံအပ်သည်အထိ ကိုလှဦးအပေါ်မှာ မ စိတ်နှစ်ထားပြီးပြီပဲ။ ကဲပါလေ . . ဒီလို လုပ်ကြတာပေါ့ '



သက်အောင်က စကားကို မဆက်သေးဘဲ သက်ပြင်းတစ်ချ က်ချ ကာ မျ က်နှာကို အပေါ်သို့မော့၍ စဉ်းစားဟန်ပြု လိုက်လေ၏။



' ပြော ပြောပါ မောင်ရယ် . . . မောင်ဆုံးဖြတ်သမျှ နာခံဖို့ မောင်ပေးသမျှ အပြစ်တွေကို ခံယူဖို့ မ အနေနဲ့ အသင့်ပါပဲ ဟီးး ဟီးး အီးးး '



သက်အောင်က ကိုလှဦး ဘက်ကိုလှည့်ပြီး



' ကိုလှဦး တကယ်လို့ ခုအချ ိန်မှာ ကျ ု ပ်သာရှိမနေဘူးဆိုရင် ခဗျ ား မ ကို တကယ်ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ပေါင်းသင်းနိုင်မှာ မို့လို့လား။ မ က ကျ တော်နဲ့ ငြားပြီးသားနော် '



ဟု ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်လေ၏။ ထိုအခါ ကိုလှဦးက အံ့သြသော မျ က်လုံးတို့ဖြင့် သက်အောင်ကို အတော်ကြာကြာလေးပြန်ကြည့်ပြီးမှ နွယ်နီထွန်းဘယ်ဘဝရောက်ရောက် ၎င်းအနေဖြင့် သူမကို တန်ဖိုးတထားနှင့် ဘဝ တစ်သက်တာ ပေါင်းသင်းလက်တွဲသွားနိုင်ကြောင်း အထစ် ထစ် အငေါ့ ငေါ့ဖြင့် ပြန်လည်ဖြေကြားလေသည်။



ကိုလှဦး၏ စကားဆုံးသောအခါ သက်အောင်က မ ကို စိုက်ကြည့်လျှ က် အောက်ပါအတိုင်းစကားဆိုလေ၏။



' ဒီမှာ မ ။ မလည်း ဥပဒေ ဆြာမတစ်ယောက်ပဲ။ ခု ဖြစ်ပျ က်ခဲ့တဲ့ အဖြစ်အပျ က်တွေအရ မတို့ကို ပိုင်နက်ကျ ူ းလွန်မှု မယားခိုးမှု တစ်လင်တစ်မယားဥပဒေ တွေနဲ့ ဒုက္ခကောင်းကောင်းပေးလို့ရတယ်ဆိုတာ မ သဘောပေါက်မှာပါ။ ဒါပေမယ့် ကျ တော် မလုပ်ပါဘူး။ ကျ တော့်ထက် ပိုပြီး သံယောဇဉ်ရှိလို့မှ လူ့ကျ င့်ဝတ် လူ့သီလကို အပျ က်ခံပြီး မ ဒီလူကို ရွေးခဲ့ပြီးပြီပဲ။



ကျွ န်တော် ပေါင်းသင်းလာခဲ့တဲ့ ကာလတွေအတွင်း သာယာပျေ ာ်ရွှင်ဖွယ်ကောင်းတဲ့အချ ိန်တွေကို မကြောင့် ကျ တော်ရခဲ့ပါတယ်။ ကျ တော်က မကို နှစ်နှစ်ကာကာချ စ်ခင်မြတ်နိုးခဲ့သလို . . မ ကလည်းကျ တော့်ကို လင်သားတစ်ယောက်လိုသာမက မောင်ငယ်လေးတစ်ယောက်လိုပါ ဂရုတစိုက်နဲ့ ပြု စု စောင့်ရှောက် ပေးခဲ့တယ်။ ကြင်နာယုယခဲ့တယ်။



တကယ်တော့ ကျ တော်ဟာ . . . ဖေဖေနဲ့မေမေ ဆုံးပါးသွားပြီးကတည်းက တစ်ကောင်ကြွက် တစ်မျ က်နှာပါ မ ရယ်။ ကျ တော့်ရဲ့ အထီးကျ န်အဖော်မဲ့လှတဲ့ဘဝကို မ ကြောင့် အချ ိန်အတိုင်းအတာတစ်ခုအထိ စိုစိုပြည်ပြည် ပျေ ာ်ပျေ ာ်ရွှင်ရွှင် ဖြစ်ခွင့်ရတဲ့ အတွက် ကျ တော် မကို ကျေ းဇူးတင်ပါတယ်။



ဒါပေမယ့် ခုတော့ ဒါတွေအားလုံးပြီးသွားပါပြီ။ မ ကို ကျ တော်ကွာရှင်း ပေးမယ်။ ကျ တော်နဲ့ကွာရှင်းပြီးတာနဲ့ တပြို င်တည်း ကိုတင်ဦးနဲ့ မကို လက်ထပ်ပေးပြီး မ တို့နှစ်ယောက် ရှေ့ဆက် နေဖို့ထိုင်ဖို့နဲ့ ဘဝထူထောင်ဖို့ ဒီကွန်ဒိုခန်းနဲ့ ငွေ သိန်း ၄၀၀ ကျ တော်လက်ဖွဲ့လိုက်ပါ့မယ်။ ဒါ မ နဲ့ အတူတူနေခဲ့ရပြီး ကျ တော် ပျေ ာ်ရွှင်ခွင့်ရတဲ့ အချ ိန်ကာလလေးတွေအတွက် ကျ တော့်ဘက်က မ ကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်တယ်လို့ပဲ မှတ်ပါတော့။



ခုတော့ ကျ တော် ရုံးကို ပြန်တော့မယ်။ မ လည်း ပြန်အိပ်တော့။ ကိုလှဦးလည်း ပြန်ချ င်ရင်ပြန် မပြန်ချ င်လည်း ဒီမှာသာ ဆက်အိပ်ပေတော့ . . . ဟုတ်ပြီလား။ ကျ တော် စီစဉ်စရာရှိတာတွေစီစဉ်ပြီး မနက် ၁၀ နာရီခွဲအရောက် ရှေ့နေနဲ့ လာခဲ့မယ်။



ကဲ . . ခွင့်ပြု ကြဦး '



သက်အောင်က စကားကိုအဆုံးသတ်ကာ နှုတ်ဆက်လိုက်ပြီး . . . မ တို့နှစ်ဦးကို ကျေ ာခိုင်း၍ အခန်းတံခါးဝဆီသို့ တလှမ်းချ င်းလျေှ ာက်လှမ်းခဲ့လေတော့သည်။



' မ မှားပြီ မောင်ရေ . . . . မ အမှားတွေပါမောင်ရဲ့ မ မိုက်မိတာပါတာ။ သနားဖို့ကောင်းလိုက်လေခြင်း မောင်လေးရယ် . . . . ဒီလိုလူမျ ို းအပေါ်ကိုမှ ဒီလို လုပ်ရက်ရတယ်လို့ မိနွယ်နီရယ် . . . မ ကို ခွင့်မလွှတ်ပါနဲ့ရှင် မ ကို ခွင့်မလွှတ်ပါနဲ့ မောင် ရဲ့. . . . . ဟီးး ဟီးး အီးးး ဟီးးး '



ဧည်ခန်းဆက်တီခုံတွင်ထိုင်လျှ က် မျ က်နှာကို လက်ဝါးဖြင့်အုပ်ကာ ကြူ ကြူ ပါအောင် ရှိုက်ကြီးတငင် ငိုကြွေးချ လိုက်သည့် မ ၏ ငိုသံတို့ကို သက်အောင်မကြားနိုင်တော့။ ကြားလည်းမကြားလိုတော့။



ဤသို့ဖြင့် သက်အောင်သည် နောက်တစ်နေ့မနက်ခင်းတွင် ရှေ့နေမျ ား အသိသက်သေမျ ားရှေ့၌ လက်မှတ်ထိုးကာ ချ စ်မယားအပါအဝင် ကွန်ဒိုတိုက်ခန်းတစ်ခန်းနှင့် ငွေသိန်းလေးရာအား ကိုလှဦးထံသို့ လှူ ဒါန်းလိုက်လေတော့သည်။ ဖောက်ပြန်တတ်သော မိန်းမအား ကုတ်ကပ်ဖက်တွယ်မထားဘဲ အလျှ င်အမြန် စွန့်ပစ်ဖယ်ရှားလိုက်သော သက်အောင်၏ လုပ်ရပ်အား နတ်ကောင်းနတ်မြတ်မျ ားက သာဓုခေါ်ကြလေကုန်၏။



သို့သော် ညဘက်တွင် သက်အောင်သည် နေ့အခါက မြို သိပ်ကြိတ်မှိတ်အောင့်အီးထားရသမျှ ကို အတိုးချ လျှ က် အကောင်းစား စားသောက်ဆိုင်တစ်ခုသို့သွား၍ တစ်ကိုယ်တည်း ကြေကွဲရလေတော့သည်။ အတူတူနေထိုင်ခဲ့ကြစဉ်ကာလတစ်လျေှ ာက်လုံး သူ့အပေါ်တွင် အစစအရာရာ နွေထွေးကြင်နာမှုအပြည့်ပေးခဲ့သော မ ကိုရုတ်တရက် ချ က်ခြင်းဆိုသလို စွန့်လွှတ်လိုက်ရသည်မဟုတ်ပါလား။ အချ ိန်ကာလ တိုတောင်းပေမယ့် သက်အောင်ဘက်က ချ ည်နှောင်ခဲ့သည့်သံယောဇဉ်ပမာဏက မသေးလှပေ။



' ဒီအဖြစ်အပျ က်ကြီးသာ တကယ်မဟုတ်ခဲ့ရင် သိပ်ကောင်းမှာပဲ မ ရယ်။ ကျွ န်တော် ဒီအမှန်တရားကို လုံးဝ လက်မခံနိုင်သေးဘူး။ မကတော့ ခုလောက်ဆို တပါးသူရင်ခွင်မှာ ပျေ ာ်နေရောပေါ့ . . . '



ကြေကွဲခြင်းမျ ားစွာကို တထွေးကြီးပွေ့ပိုက်လျှ က် မျ က်ရည်နှင့် ရောနေပြီဖြစ်သော အကောင်းစားယမကာကို တစိမ့်စိမ့်မှီဝဲရင်း သက်အောင် တမြေ့မြေ့ဆွေးနေမိလေ၏။



သို့သော် သတိတမံ ဉာဏ်ကတုတ်နှင့် ပညာချွ န်းအုပ်သူ ဖြစ်သည့်အလျေှ ာက် မှောက်လောက်အောင်တော့ သူ အလွန်အကျွ ံမသောက်ဖြစ်။ နဲနဲထွေလာရုံဖြင့် ဝိတ်တာကို ဘေလ်တောင်း ငွေရှင်းပြီး ထွက်ခဲ့လိုက်လေသည်။ ငွေရှိသော်လည်း အဖော်မပါဘဲ အထီးကျ န် တစ်ကောင်ကြွက် ရှေ့ဆက်လျေှ ာက်လှမ်းရမည့် ဘဝတွင် အရာရာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင်ဆောင်ရွက်နိုင်မှသာ တော်ကာကြမည်ဟု သက်အောင် ကောင်းကောင်းသဘောပေါက်လေ၏။

.

.

.

စားသောက်ဆိုင်မှ ကားကို ကိုယ်တိုင်မောင်းထွက်ခဲ့ပြီး ခဏအကြာ လူပြတ်သော လမ်းကွေ့တစ်နေရာအရောက် လမ်းမီးတိုင်အောက်တွင် အသားဖြူ ဖြူ ကိုယ်လုံးသွယ်သွယ် အမျ ို းသမီးတစ်ဦးအား အမျ ို းသားနှစ်ဦးမှ ဆွဲလားရမ်းလားလုပ်နေသည်ကို သက်အောင် တွေ့လိုက်ရလေသည်။ ထို့ကြောင့် သက်အောင်လည်း ၎င်းတို့၏ နဘေးသို့ရောက်သည်ရှိသော် ကားကိုအရှိန်လျေ ာ့၍ အကဲခတ်ကြည့်လိုက်လေ၏။



အဆွဲအလွဲခံနေရသော အမျ ို းသမီးမှာ ကျေ ာလည်လောက်ရှိသည့် ဆံပင်တို့ကို အရောင်စုံဆိုးကာဖွားဖွားချ ထားပြီး သွယ်သွယ်လှလှ သူမ ခန္ဓာကိုယ်၏ကောက်ကြောင်းမျ ား အထင်းသားပေါ်စေမည့် အဝတ်အစားတို့ကို တင်းရင်းနေအောင််ဝတ်ဆင်ထားလေသည်။ အမျ ို းသားနှစ်ဦးမှာလည်း ပညာမဲ့ လူမိုက် နှာဗူးစရိုက်ရှိသူမျ ားဖြစ်ကြောင်း ရုပ်လက္ခဏာမျ ားကိုမြင်ရုံဖြင့် သိနိုင်ပေ၏။



' . . . အင်းး ညငှက် တစ်ကောင်ကို အဝေမတည့်ဖြစ်နေကြတာထင်တယ် . . . '



သက်အောင်လည်း ဝင်မပါတော့ဘဲ ကိုယ်လမ်းကိုယ် ဆက်သွားဖို့ရန်သာ ဆုံးဖြတ်၍ ကားကိုဆက်မောင်းခဲ့လေသည်။



သို့သော် ၎င်းတို့ကို ကျေ ာ်လာခဲ့ပြီး မလှမ်းမကမ်းသို့အရောက်. . . ရုန်းရင်းကန်ရင်းကားဘက်သို့ လှည့်လိုက်သည့် အမျ ို းသမီး၏ မျ က်နှာချေ ာချေ ာလေးကို ဘက်မှန်ထဲမှ ဖြတ်ခနဲ မြင်လိုက်ရသည်တွင် သက်အောင် ရင်ထဲမှာ အမည်မသိဝေဒနာတစ်ခု ခံစားလိုက်ရလေတော့သည်။



ထို့ကြောင့် သက်အောင် ကားကို လမ်းဘေးသို့ထိုးရပ်လိုက်ကာ

ဘက်မှန်ထဲမှနေ၍ ၎င်းတို့သုံးဦး၏ အခြေအနေကို ဆက်လက်စောင့်ကြည့်နေလိုက်လေ၏။



မြင်ကွင်းကတော့ မကောင်းလှ။ အမျ ို းသားနှစ်ဦး၏ ခေါ်ယူမှုနောက်သို့ အမျ ို းသမီးက မလိုက်လို၍ ငြင်းဆိုရုန်းကန်နေသည့်ဟန် ရှိလေသည်။ အနှီအမျ ို းသမီး၏ မျ က်နှာလှလှလေးကို အတော်ကို ရင်းရင်းနီးနီးတွေ့ဖူးမြင်ဖူးနေသည်ဟု သက်အောင် ထင်မှတ်မိလေ၏။



သို့သော် မည်သည့်နေရာ မည်သည့်အချ ိန်တွင် မည်ကဲ့သို့ တွေ့ဖူးမြင်ဖူးခဲ့သည်ကို ပြန်လည်စဉ်းစားဖို့ရန် အခွင့်အရေးမရှိတော့။ သကောင့်သားနှစ်ဦးက အမျ ို းသမီး၏ပါးကို ဘယ်ပြန်ညာပြန် ရိုက်လို့နေခြေပြီ။



ပြသနာတစ်ခုကိုတော့ ရင်ဆိုင်ဖြေရှင်းရဖို့ရန် သေခြာ သွားလေတော့သည်။ တစ်ကိုယ်တည်းအေးအေးဆေးဆေးနေလို၍ အဖော်လိုက်ပေးမည်ဆိုသည့် မာန်နေဂျ ာ ကိုသန့်ဇင်တို့ကို မခေါ်ခဲ့မိခြင်း မှာ သူ့ရဲ့အမှားပင်။ သက်အောင် ပါးစပ်မှ လေပူတစ်ချ က်ကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီး



' အင်းလေ . . ဘာပြဲဖစ်ဖြစ် ငါတစ်ယောက်တည်းဆိုတော့ နောက်ဆုံးနည်းကိုပဲ သုံးရတော့မှာပေါ့ '



ဟု ဆုံးဖြတ်ချ က်ချ ကာ ဘက်ဂီယာထိုးပြီး ကားကို အနောက်သို့ ပြန်ဆုတ်ခဲ့လေတော့၏။

.

.

.

ဆိုက်ကနက်ကားအမဲရောင်ကြီး နောက်ပြန်ဆုတ်လာ၍ ၎င်းတို့အနားတွင် ထိုးရပ်လိုက်သဖြင့် အမျ ို းသားနှစ်ဦး အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်သွားလေသည်။ ချ ု ပ်ကိုင်ရိုက်ပုတ်ခံနေရသည့် အမျ ို းသမီးကိုလည်း လွှတ်ပေးလိုက်လေ၏။



သက်အောင်က ကားအံဝက်အတွင်းမှ တစ်စုံတစ်ရာကို နှိုက်ယူ၍ ခါးကြားတွင်ထိုးကာ ကားတံခါးဖွင့်ပြီး အောက်သို့ ဆင်းလိုက်လေသည်။ သေခြာအကဲခတ်ကြည့်လိုက်ရာ အမျ ို းသားနှစ်ဦးက သူ့ထက်အသက်ငယ်မည့်ဟန်ရှိသည့်အတွက် . . .



' ဒီမှာ ငါ့ညီတို့ ' . . ဟူ၍ စကားစလိုက်လေ၏။



ကားပေါ်မှဟန်ပါပါဖြင့်ဆင်းလာလျှ က် ၎င်းတို့ကို စကားလာပြောသည့် သက်အောင်အား လူငယ်နှစ်ဦးက . . . ဒီလူဘာလဲကွာ။ ဘာလာရှုပ်တာလည်း။ သူရဲကောင်းဝင်လုပ်ချ င်တာလား . . . . ဟူသည့် အကြည့်မျ ို းဖြင့် မိုက်ကန်းကန်း ရှူ သိုးသိုးပြန်ကြည့်ကြလေသည်။ သက်အောင်ကတော့ အနှီဆိုးသွမ်းလူငယ်တို့၏ အကြည့်ကို ဂရုမစိုက်ဘဲ စလက်စ စကားကိုသာ ဆက်လိုက်လေ၏။



' ငါ့ညီတွေ မင်းတို့ ၄ သိန်းတန် ဖာချ ဖူးလားကွ '



၎င်းတို့နှင့်သိလည်းမသိ တစ်ကြိမ်တစ်ခါမျှ လည်း မတွေ့မမြင်ဘူးဘဲ ဤသို့ ဆိုင်းမဆင့်ဗုံမဆင့်လာမေးနေသော သက်အောင်ကို လူငယ်နှစ်ဦးက ခေတ္တမျှ အံ့အားတသင့်ကြောင်ကြည့်နေကြပြီး ခဏကြာမှ အရပ်ရှည်ရှည်အသားမဲမဲနှင့် လူငယ်က သတိဝင်လာဟန်ဖြင့်



' ခဗျ ားနဲ့ ကျ ု ပ်နဲ့ သိလို့လား။ ဟေ့လူကြီး သောက်ဇယားလာမကပ်နဲ့နော်။ ဒီမှာတွေ့လား '



ဟု ကြိမ်းဝါးကာ ခါးကြားမှ ဓားကို ဆွဲထုတ်လိုက်လေသည်။



' အိုးး ဟိုးးဟိုးး နေကြပါဦးကွာ။ စိတ်မကြီးပါနဲ့ ။အကိုက တကယ်သိချ င်လို့မေးတာပါ။ လေးငါး သိန်းတန်တဲ့ ဖာ ကို ငါ့ညီတို့ ချ ဘူးကြလား။ ချ ဘူးတယ်ဆိုရင် ဘယ်လိုနေလဲ။ လန်းလား အမှန်အကန်လေးလိုပဲလား။ အကိုလည်း အဲ့ဒီဘက်မှာ ဝါသနာပါလို့ စုံစမ်းကြည့်တာပါ။ '



သက်အောင်၏ စကားဆုံးသောအခါ အရပ်ပုပုအသားဖြူ ဖြူ နှင့် အနည်းငယ် ယဉ်ကျေ းဟန်ရှိသော လူငယ်က



' နေစမ်းပါကွာ။ မင်းဓားကြီးသိမ်းစမ်းပါ '



ဟု သူ့လူလက်ထဲက ဓားကို ဆွဲလုလိုက်ပြီး



' ဟဲ ဟဲ ကျ တော်တို့က လမ်းဘေးလူမိုက်တွေပဲ ကိုကြီးရဲ့။ လေး ငါး သိန်းတန်တော့ ဘယ်ချ ဖူးမလဲ။ ခု ဒါလေးတောင် ကျ တော်တို့ ဆြာကြီးအရှိန်နဲ့စားရမလားလို့ လာမတာ။ ကိုကြီးပြောတဲ့ လေး ငါး သိန်းတန်ဆိုလို့ကတော့ ကိုကြီးရယ် . . ဘာပြောကောင်းမလဲ။ ဖွေးဥ လုံးတင်း ဝင်းမွှတ် နေတော့မှာပေါ့။ အသားလေးကို လျှ ာနဲ့ထိကြည့်ရင်တောင် ချ ို မလားပဲရယ် '



ဟူ၍ သက်အောင်ကို အသေအခြာပြန်ရှင်းပြလေသည်။ သက်အောင်လည်း ဂျ ပု၏ လူရေးသူရေး သိတတ်ပုံကို သဘောကြ၍ တ ဟဲ ဟဲ ရယ်မောလျှ က်



' အေးးးကွ။ အကိုကလည်း ခု ငါ့ညီတို့ကို အဲ့ဒီကိစ္စညှိမလို့။ ဒီလိုကွာ . . . အကို့အနေနဲ့ ဟောဒီကောင်မလေးကို ဒီညအတွက် သိပ်လိုချ င်သွားတယ်။ '



သက်အောင်၏ စကားကြောင့် လောရှည်ငမဲတူ၏ မျ က်နှာ အတော်ပင် တင်းမာသွားပြီး ဂျ ပုကတော့ သက်အောင်ဘာဆက်ပြောမည်ကို ဆက်လက်နားထောင်နေလေသည်။ အမျ ို းသမီးကတော့ မဲ့ပြုံ းလေး ခပ်မဲ့မဲ့ပြုံ းရင်း လက်ပိုက်ကာ သက်အောင်ကို စိုက်ကြည့်နေလေ၏။



' ဒါကြောင့် ငါ့ညီတို့ကို ဆော်ဖိုးငွေလေးသိန်းနဲ့ ဟော်တယ်ခ နှစ်သိန်း ပေါင်းခြောက်သိန်းထုတ်ပေးလိုက်မယ်။ အဲ့ဒီငွေခြောက်သိန်းကို ငါ့ညီတို့ ကြို က်သလိုသုံး။ ဆော်ပဲခေါ်ချ ချ ဘိုးဘွားရိပ်သာကိုပဲ သွားလှူ လှူ အကိုနဲ့မဆိုင်တော့ဘူး။ ငါ့ညီတို့က ဟောဒီက အမျ ို းသမီးကို အကိုနဲ့ ထားပြစ်ခဲ့ဖို့ပဲ။ ငါ့ညီတို့ စဉ်းစားကြပေါ့ '



သက်အောင်၏ စကားဆုံးသောအခါ ဆိုးသွမ်းလူငယ်နှစ်ယောက်လည်း ခေါင်းချ င်းဆိုင်၍ တိုင်ပင်ကြလေရာ တတ်ပုက သဘောတူဖို့ရန်အားသန်သော်လည်း လောရှည်မှာမူ လူမိုက်ဂုဏ်ကို ထိန်းလိုဟန်ဖြင့် ခံတန်တန် အနေအထားတွင် ရှိလေ၏။



သို့သော် သက်အောင်က အပေါ်ထပ်ကုတ်အကျၤ ီကိုလှပ်ကာ ခါးတွင်ထိုးထားသည့် ပစ္စတိုကိုပြလိုက်ပြီး



' ဒီမှာ ငါ့ညီတို့ . . .ဘာမှ ထွေထွေထူးထူးစဉ်းစားမနေပါနဲ့ကွာ။ အကိုက အားလုံးကောင်းဖို့ပြောတာပါ '



ဟု ဆိုလိုက်သည်တွင်တော့ လောရှည်သည်လည်း သက်အောင်နှင့်သဘောညီသွားလျှ က် ငွေခြောက်သိန်းကိုလိမ်လိမ်မာမာယူ၍ ကျေ းဇူးတင်ကြောင်းအထပ်ထပ်ပြောပြီး ပြာပြာသလဲ ထွက်ခွာသွားကြလေတော့သည်။

.

.

.

' ကဲ . . လာ မိန်းကလေး ကားပေါ်တက်။ မင်းအိမ်ကို ကိုယ်လိုက်ပို့မယ် '



သက်အောင်က ကားတံခါးဖွင့်ကာ ကားပေါ်တက်လိုက်ပြီး မိန်းကလေးကိုလည်း ကားပေါ်တက်စေ၍ သူမ၏ အိမ်ကို လိုက်ပို့ရန် ဟန်ပြင်လေသည်။ မိန်းကလေးက သက်အောင်ရဲ့စကားကို လိုက်လျေ ာဘဲ ဟက်ခနဲ တစ်ချ က်ရယ်လိုက်ပြီး



' ရှင် ခုလို့ ကူညီတာ ကျေ းဇူးတင်ပါတယ်။ ဒါပေမယ့် ကျ မအိမ်ပြန်လို့ တော့ မဖြစ်သေးဘူးရှင့်။ အလုပ်လုပ်ဖို့ ဖောက်သည်စောင့်ရဦးမယ်။ ဖောက်သည်မရရင် ပိုက်ဆံမရဘူး။ ဒီခေတ်ကြီးကလည်း ပိုက်ဆံမရှိရင် အသက်တောင်ရှူ လို့ရတာ မလွယ်ဘူးလေ '



ဟုဆိုကာ ကားပေါ်သို့ မတက်ဘဲနေလေရာ သက်အောင်လည်း



' ဒီမှာ မိန်းကလေး . . မင်းဒီနေ့ရမယ့် ညကြေးတွေဘာတွေ ခေါင်းထဲကထုတ်ထားလိုက်စမ်းပါ။ ခု မင်းတွေးရမှာက အိမ်ပြန်ပြီး နွေးနွေးထွေးထွေးအိပ်ဖို့ပဲ။ ကျ န်တာ အားလုံး ငါတာဝန်ယူတယ် . . ဟုတ်ပြီလား '



ဟု ခပ်ဆတ်ဆတ်လေးပြောလိုက်မိလေ၏။ ထိုအခါမှ မိန်းကလေးက ခံစားချ က် နည်းပါးလှသောမျ က်နှာဖြင့် သက်အောင်ကို မအီမလည် ခပ်ယဲ့ယဲ့ ပြုံ းပြရင်း ကားတံခါးဆွဲဖွင့်ကာ သူရဲ့ဘေးခုံတွင် ဝင်ထိုင်လေသည်။



' လိုက်ပို့ရမယ့်နေရာ ကိုယ့်ကိုပြော '



သက်အောင်လည်း မိန်းကလေးကို လိုက်ပို့မည့်နေရာအားမေးမြန်းရင်း ကားကို မောင်းထွက်လာခဲ့ကာ အခြားသိလိုသည်မျ ားကို စပ်စုလိုက်လေတော့၏။

.

.

.

' ကျ မ နာမည်က ပန်းရောင်။ နေတာက ကြည့်မြင့်တိုင် x x x ရပ်ကွက်မှာ။ ခုနက ရှင်နဲ့တွေ့ခဲ့တဲ့နေရာက ဖောက်သည်ရှာဖို့ ကျ မ ကျ က်စားနေကြ နေရာပဲ။



ကျ မက တစ်နေ့တစ်ကြိမ်ပဲ လိုက်တယ်။ အကာအကွယ်မသုံးရင် လက်မခံဘူး။ ကြေးက တစ်သိန်း။ ကျ မကတစ်ဝက်ရတယ် ကျ မရဲ့ဘောစ့်က တစ်ဝက်တယ်။ ကျ မအကြောင်းကတော့ဒါပဲ။ ရှင်ဘာသိချ င်သေးလည်း။ '



' နေပါဦး ကလေးမရဲ မင်းရဲ့ခန္ဓာကိုယ်နဲ့ရင်းပြီး မင်းဖာသာရှာထားတဲ့ငွေကို ဘာလို့ ဘောစ့်ဆိုတဲ့လူကို တစ်ဝက်ပေးနေရတာလဲ '



' ရော် . . ရှင်ကတော့ခက်ပြီ။ ဘောစ့်ကို မပေးလို့ဖြစ်မလား။ ဘော့စ်က နယ်ခံလေ။ သူက ကျ မတို့ရဲ့ ကျ န်းမာရေး လူမူရေး တွေကို အားလုံးတာဝန်ခံတယ်။ အန္တရာယ်မဖြစ်အောင် ရဲမဖမ်းအောင်လည်းကာကွယ်ပေးတယ်လေ '



' ဒါဆို အသွင်ယူပြီးဖမ်းတယ်တို့ ဘာတို့ စသဖြင့် ရဲဖမ်းခံရတဲ့ မိန်းကလေးတွေက ဘောစ့်ဆိုတာနဲ့ အလုပ်မလုပ်လို့လား '



' ဒါက ဘောစ့်ချ င်းကွာတယ်ရှင့်။ တချ ို ့ဘောစ့်က အထက်ကို အရမ်းပိုင်တယ်။ တချ ို ့ဘောစ့်တွေကြတော့ မဖြစ်သလောက်တွေရယ်။ တကယ်ခံရကြေးဆို အဲ့ဒီမဖြစ်သလောက် ဘောစ့်ကို ကပ်မိတဲ့ မိန်းကလေတွေက ခံရတော့တာပဲ '



' မင်းတို့ဘောစ့်က ပိုင်တယ်ပေါ့ '



' ပိုင်တာပေါ့ရှင့်။ ကျ မတို့ဘောစ့်နဲ့အလုပ်လုပ်တဲ့သူတိုင်း ဘာရှော့မှ မရှိစေရဘူး။ သူ့စည်းကို မကျေ ာ်ရင်ပေါ့။ ကျေ ာ်လာခဲ့ရင်တော့ အဲ့ဒီသူ ဒီလောကထဲက ပျေ ာက်သွားတော့တာပဲ '



' သြော် . .ဒီလိုလား။ ဒါနဲ့ မင်းရဲ့ဘောစ့်က ပိုင်တယ်လည်းပြောသေးတယ် ဟိုကောင်နှစ်ကောင်က မင်းကို ဘာလို့ ဆွဲလားရမ်းလားနဲ့ ရိုက်နက်နေရတာလဲ '



' အို . . သိပ်အမေးအမြန်းထူတာပဲ။ ဘာလဲ . . ရှင်ကရဲလား '



' ဟာ မဟုတ်ပါဘူး။ ကိုယ်က စိတ်ဝင်စားလို့မေးကြည့်တာ။ ပြီး ပြီးတော့ မင်း မင်းက . . .'



သက်အောင်က စကားမဆက်သေးဘဲ ပြောဖို့ မပြောဖို့ စဉ်းစားနေလေ၏။ ထိုအခါ ပန်းရောင်က စိတ်မရှည်ဟန်ဖြင့်



' ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ . . . '



' ပြီးတော့ . . မင်းက ကိုယ်ငယ်ငယ်က အရမ်းကိုရင်းနီးခဲ့ဖူးတဲ့ ကလေးမတစ်ယောက်နဲ့ အတော်ကို ဆင်နေလို့ '



' ဟား ဟားး ဟားး းးဟားး '



သူမ၏ ရယ်သံစူးစူးလေးက သက်အောင်ကို လှောင်ပြောင်နေသလိုပင်။



အားရအောင်ရယ်ပြီးမှ ပန်းရောင်က မျ က်နှာလှလှကို ပြန်တည်လိုက်ပြီး



'ရှင်ရယ် . . ငယ်ငယ်ကဆုံခဲ့ဖူးတဲ့ ငယ်ချ စ်ဦးနဲ့ တူတယ်တို့ ဘာတို့ဆိုပြီး ကျ မအပေါ် သံယောဇဉ်တွေ လာမနွယ်ပါနဲ့ရှင်။ နာမည်တူမရှား လူတူမရှားပါ။



ရှင့်ပုံစံကြီးကြည့်ရတာ တကယ့်လူကြီးလူကောင်းပုံစံနဲ့ အရက်ကိုတောင် ခုမှ လောက်လောက်လားလားသောက်ဖူးခဲ့တဲ့အနေအထား။ ကျ မက ကြက်မရှင့်။ အဝေးကြီးပါရှင်။



ဒီမှာ လူကြီးရဲ့ . . အဆင့်အတန်းတွေ ဂုဏ်တွေ ဒြပ်တွေ မြင့်မားလှပါတယ်ဆိုတဲ့ ရှင်တို့ ဘဝတွေကိုလည်း ကျ မစိတ်မဝင်စားဘူး။ ကျ မရဲဲ့ စုတ်ပြတ်သတ်ပြီး ဖြစ်ချ င်ရာဖြစ်နေတဲ့ ဘဝကိုလည်း ရှင်စိတ်ဝင်စားစရာမလိုဘူး ရှင်းလား . . .။မီးဆိုတာ မလောင်ခင်တည်းက တားရတာမို့ ရှင့်ကိုကျ မကြို သတိပေးထားရတာ။



ကဲ . .ဒါတွေ ထားပါလေ။ ရှင်သိချ င်တာကို ကျ မပြောပြမယ်။ ကျ မကိုဆွဲလွဲနေတဲ့ကောင်တွေထဲက လောရှည်ကောင်က ကျ မဘောစ့်ရဲ့ လေးယောက်မြောက် မယားပါသားရှင့်။ ဂျ ပုက သူ့သူငယ်ချ င်း။ ဘောစ့်အရှိန်နဲ့ ကျ မကို အနိုင်ကျ င့်နေ့ကြ။ ဒီတစ်ခါတော့ ကျ မက အနိုင်ကျ င့်မခံတော့ဘူးဆိုတဲ့ အတွေးနဲ့ သူတို့အလိုကိုမလိုက်ဘဲ နေမိလို့ ကျ မကို ရိုက်ကြနှက်ကြတာ။ သိပြီလား . . .'



မိန်းကလေးရဲ့ စကားဆုံးသောအခါ သက်အောင်လည်း သက်ပြင်းတစ်ချ က်ချ လိုက်ပြီး



' မင်းလည်းမလွယ်သလို မင်းဘဝကလည်း မလွယ်ပါလားကွာ '



ဟူ၍ ခပ်ဆွေးဆွေး ငြီးငြူ လိုက်မိလေတော့၏။



ဤသို့ဖြင့် သက်အောင်သည် မိန်းကလေးအား သိလိုသည်မျ ားကို မေးမြန်းလျှ က် ကားဖြေးဖြေးချ င်းမောင်းလာခဲ့လေရာ ကြည့်မြင်တိုင် x x x ရပ်ရှိ မထင်မရှားလမ်းနှစ်ခု ဆုံရာသို့အရောက်တွင် သူမက



' တော်ပြီ ရှင်ကျ မကို ဒီအထိပဲပို့တော့။ ကျ န်တာ ကျ မဘာသာလမ်းဆက်လျေ ာက်တော့မယ်။ အိမ်ကရောက်ခါ နီးပါပြီ '



ဟု ကားရပ်ခိုင်းလေသည်။ လမ်းဘေးသို့ ကားထိုးရပ်ပေးလိုက်သောအခါ သူမက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကားပေါ်မှ မဆင်းသေးဘဲ သက်အောင်ဘက်သို့လှည့်ကာ အောက်ပါအတိုင်း မေးမြန်းလေ၏။



' ကဲ . . ဆြာကြီး ခုည ကျ မရဲ့ဝင်ငွေအတွက် ဘယ်လိုလုပ်မှာလဲ '



သက်အောင်လည်း အနည်းငယ်စဉ်းစားဟန်ပြု လျှ က်



' ဒီလိုလုပ်ကွာ . . တစ်ညကို တစ်သိန်းမဟုတ်လား။ ကိုယ်မင်းအတွက် တစ်ပတ်စာ ခုနှစ်သိန်းပေးခဲ့မယ်။ မင်းအလုပ်မသွားဘဲ အိမ်မှာ တစ်ပတ်တိတိ ဒီအတိုင်းနေလို့ မရဘူးလား '



ဟူ၍ သူမကို ကမ်းလှမ်းလိုက်လေ၏။ ထိုအခါ သူမက တစ်ချ က်တွေဝေသွားပြီးမှ



' ဒီလိုရှိတယ်ရှင့်။ မနက်ဖန်တစ်ရက်ကိုတော့ ရှင်ငွေဘယ်လောက်ပုံပေးပေး ရှင့်ကို ပေးလို့မရတော့ဘူး။ ကျ မ ဘောစ့် ကြို ချ ိတ်ပေးထားတဲ့ အော်ဒါ လက်ခံထားပြီးသားဖြစ်နေပြီ။ ကျ မက အလုပ်လုပ်ရင် ကတိမဖျ က်တတ်ဘူး။ ကျ န်တဲ့ရက်တွေဆိုရင်တော့ ရှင့်ရဲ့အော်ဒါကို ကျ မ လက်ခံနိုင်ပါတယ်။ ရှင်က ကျ မကို ငွေပေးထားတာကိုးး '



ဟု ပြန်လည်ဖြေကြားလေသည်။ သူမရဲ့ အဖြေစကားထဲမှ မနက်ဖန်တစ်ရက်ဟု ဆိုလိုက်ခြင်းကို သက်အောင် ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသော်လည်း လုပ်ငန်းအပေါ်တွင်ထားရှိသည့် သူမ၏ စည်းကမ်းအား အလေးထားသည့်အနေဖြင့် သက်အောင် လက်ခံလိုက်ရလေတော့သည်။



' ဒါဆိုရင် ရှင်နဲ့ကျ မအပေးအယူ အိုကေ ပြီနော်။ ကျ မကို ခုနှစ်သိန်းမပေးနဲ့ ။ ရော့ တစ်သိန်းပြန်ယူ။ ကျ မက တစ်ရက် မပေးနိုင်ဘူးဆိုတော့ တစ်ရက်စာလျေ ာ့ပြီး ခြောက်သိန်းပဲယူမယ်။ ကျ မ သူမျ ားပိုက်ဆံ အလကားမလိုချ င်ဘူး '



' ကောင်းပြီကလေးမ '



သက်အောင်က သူမပြန်ပေးသော ငွေတစ်သိန်းကို အိပ်ထဲသို့ ပြန်ထည့်လိုက်လေ၏။



သူမက ပိုက်ဆံမျ ားကိုရည်တွက်ရင်း



' သြော် . . ခြောက်ရက်ကြီးမျ ားတောင် အိမ်မှာ နေရမှာဆိုတော့ ပျ င်းစရာကြီးပေါ့ '



ဟု ခပ်ငြီးငြီးလေးပြောလိုက်လေရာ သက်အောင်က သူမဘက်သို့လှည့်၍



' နောက်ဆုံးတစ်ရက်ကို ကိုယ်လာခေါ်လှည့်မယ်။ ရှော့ပင်ပတ်ထွက်ကြတာပေါ့။ မုန့်တွေလည်း စားကြမယ် '



ဟု အစီအစဉ်ဆွဲလိုက်လေသည်။ ထိုအခါ ပန်းရောင်လည်း မျ က်နှာ ဝင်း ပ သွားပြီး သက်အောင်၏ အကြံကို လက်ခံလေ၏။



' အိုကေလေ။ ထွက်ကြတာပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရှင်းကြေးနော်။ သဘောတူလား။ '



' သဘောတူပါတယ်ကလေးမရယ်။ မင်း့သဘောပါ '



' ဒါနဲ့ ရှော်ပင်ထွက်ရုံ မုန့်စားရုံပဲလားရှင် ကျ န်တဲ့ အစီအစဉ်လေးကော မပါဘူးလား '



သူ့ရဲ့ မျ က်နှာကို ညှို ့ဓာတ်ပြင်းပြင်းကြည့်ရင်း တစ်ခွန်းခြင်းမေးလိုက်တဲ့ ပန်းရောင်ရဲ့အမေးကို သက်အောင် ချ က်ခြင်း ပြန်လည်ဖြေဆိုဖို့ရန် ဆွံ့အသွားလေသည်။ အတန်ကြာအောင် သူမ၏ မျ က်နှာလှလှကို ပြန်လည်စိုြက်ကည့်နေမိပြီးမှ အကြည့်ကိုလွှဲကာ



' အဲ့ဒီနေ့ကြမှ စဉ်းစားကြတာပေါ့ကွာ '



ဟူသည့် မသေမခြာအဖြေမျ ို းကိုသာ သက်အောင် ပြန်လည်ဖြေကြားလိုက်နိုင်လေတော့၏။



ထို့နောက် နောက်ဆုံးနေ့တွင် တွေ့ဆုံရန် ချ ိန်းဆိုကြလေသည်။



' အဲ့ဒီနေ ကိုယ်ဘယ်ကိုလာခေါ်ရမလဲ '



' ဘယ်မှလာမခေါ်နဲ့ ညနေ 3 နာရီ x x x ကော်ဖီဆိုင်မှာစောင့်။ ကျ မလာခဲ့မယ်။ အပြန်ကျ မှ ဒီအထိလိုက်ပို့ပေါ့ ။ ဒီကြားထဲ ရှင်လိုအပ်ရင်လည်း ကျ မကိုဖုန်းဆက်လိုက်ပါ။ ကျ မရဲ့ ဖုန်းနံပါတ်က@@@@@@@@ ။မနက်ဖန်ကလွဲပြီး ဒီတစ်ပတ်စာ ကျ မကို ရှင်ပိုင်ပါတယ် '



ပန်းရောင်က စကားကို အဆုံးသတ်လိုက််ပြီး သက်အောင်၏ မျ က်နှာကို ခပ်စူးစူးတစ်ချ က် ထပ်မံစိုက်ကြည့်ကာ ကားတံခါးဖွင့်၍ ဆင်းသွားလေ၏။



ကားအောက်သို့ရောက်သော် သူမက ကားတံခါးပြန်လိုက်ပြီး ပြတင်းပေါက်မှနေ၍ ခနဲ့ပြုံ းလေးပြုံ းပြရင်း



' သြော် ဒါနဲ့ . . ရှင်က အတော်လေး ငွေကို အားကိုးတယ်နော် . . .'



ဟု သက်အောင်ကို ခနဲ့တဲ့တဲ့လှမ်းပြောပြန်သည်။



သက်အောင်လည်း သူမနဲအပြို င် ထွေထွေထူးထူးမပြောလိုတော့တာမို့



' အချ ိန်မစောတော့ဘူး ကလေးမ။ အချ မ်းလည်းပိုလာပြီ။ အိမ်အမြန်ပြန်ပြီး နွေးနွေးထွေးထွေးနေလိုက်တော့။ ကိုယ့်ကို ခွင့်ပြုဦး '



ဟု အသာပြုံ းပြရင်းဖြင့်သာ နှုတ်ဆက်စကားဆို၍ ကားကိုမောင်းထွက်လိုက် ခဲ့လေတော့သည်။



' . . . . . ဒီနေ့မနက်တင် ငွေသိန်းလေးရာနဲ့ ကွန်ဒိုတစ်ခန်းပေးပြီး မယားကို ကွာခဲ့တဲ့ ကိုယ့်ရဲ့အကြောင်းကိုသာ မင်းသိမယ်ဆိုရင် ငါ့ကို ဘယ်လောက်မြန်း မင်း စွပ်ဆွဲလို့ကောင်းလိုက်လိမ့်ဦးမလဲ မိန်းကလေးရယ် . . . '



သက်အောင် ရင်မှ ပြောလိုက်သော စကားသံမျ ားကိုတော့ ပန်းရောင်ဟူသည့် အနှီမိန်းကလေး မကြားနိုင်စကောင်းတော့။

.

.

.

ဆက်ရန်



ရေတွင်မပျေ ာ်သော ငါး