'' ဝက်သားကြို က်တဲ့ တောကား ၃ ''



အမြင့်ကြောက်သော ငှက်







'' ကောင်လေးရေ. .ထကွ။ ခရီးဆက်ကြမယ် ''





မကြာပါဘူး . . .ဦးသောင်းငွေရဲ ့ အော်နှိုးတဲ့အသံထွက်လာပါကော။ လူခန့်လည်း အိပ်ယာကထလိုက်ပြီး ဆန်အိတ်တွေပေါ်က ဆင်းခဲ့တော့တာပေါ့။ ခေါင်းခန်းထဲမှာ မိမိုးဆိုတဲ့အမျ ို းသမီးက ကာထားတဲ့တဘက်တွေကို ပြန်ဖြု တ်လို့ ခေါက်သိမ်းနေလေရဲ ့။ သူ့ပုံစံမြင်ရတာ ကားပေါ်ရောက်စကလို သတ်သတ်ခပ်ခပ်မဟုတ်တော့ဘူး။ ဆံထုံးလည်းပြေကျ လို့ ဆံပင်တွေ ဖရိုဖရဲနဲ့။ လူခန့်လည်း ဆန်အိတ်တွေပေါ်တက်မအိပ်ခင် ခုခဲ့တဲ့ ဂျ မ်းတုံးနှစ်ခုကို ပြေးဖြု တ်ပြီး ကားတံခါးကို ဆွဲဖွင့်ကာ ကားခေါင်းခန်းထဲကို ဝင်ခဲ့တော့တယ်။





အဲ့ဒီနောက် ဦးသောင်းငွေက စက်နှိုးပြီး ကားထွက်ဖို့ပြင်တော့ လူခန့်က ရှေ ့နောက်ဘေးဘယ်ညာ ရှင်းမရှင်းကြည့်ပေးရတယ်လေ။ လမ်းမပေါ်ကားရောက်သွားတော့ လူခန့်လည်း မိမိုးကို ထပ်ပြီး စူးစမ်း မိပြန်တာပေါ့။ သူမရဲ ့ အဝတ်အစားတွေက ကပိုယို ဖြစ်နေပြီး ခါးတို ရင်စေ့ အကျၤ ီလေးရဲ ့ အပေါ်ကြယ်သီးနှစ်လုံးလောက်ကလည်း ပြု တ်ထွက်နေဆဲ။ ပါးနှစ်ဖက်မှာ ကွက်ထားတဲ့ ပါးကွက်ကျ ားတွေက ရောက်စကလို ထူထူထဲထဲ မဟုတ်တော့ဘဲ ပျ က်လုပျ က်ခင်။ ပါးကွက်တွေရဲ ့ အလယ်လောက်မှာ မျ က်ရည်စီးကြောင်း နှစ်ကြောင်းကအပြို င် ပေါ်နေသေး။





လူခန့် ကြည့်နေမှန်းသိတော့ မိမိုးက မလုံမလဲနဲ့ ပြု တ်နေတဲ့ကြယ်သီးနှစ်လုံးကို ကပြာကယာပြန်တပ်လိုက်လို့ ဒက်ဘုတ်ပေါ်က ဖလံထည်လေးကိုပါ ယူပြီး ကောက်လျှ ို လိုက်တော့တယ်။ ကြယ်သီးပြု တ်လို့ ခပ်အစ်အစ်ထွက်နေတဲ့ သူမရဲ ့ရင်နှစ်မွှာ အထက်ပိုင်းလည်း လုံလုံခြုံ ခြုံ ဖြစ်သွားတော့တာပေါ့။ ပြီးတော့ မိမိုးက သူမရဲ ့ အိတ်ကလေးထဲက အဝတ်တစ်ထည်ကို ပြန်ထုတ်လိုက်ပြီး ထိုင်ခုံကို သုတ်ပေးပြန်တယ်။ အဲ့ဒီတော့မှ လူခန့် သတိထားမိသွားတာက ထိုင်ခုံ တစ်လျေှ ာက်မှာ ဘာမှန်းမသိတဲ့အရည်တွေ တုတ်တုတ်ရွှဲစိုနေတော့တာ။





'' ဘာရည်တွေလည်း . . .''





လူခန့်က မေးလိုက်တော့ ဦးသောင်းငွေက





'' ဘာရည်ဖြစ်ဖြစ်ကွာ သုတ်လိုက်ရင် ပြောင်တာပဲ။ မိမိုးရယ် သေခြာသုတ်ပေးလိုက်ပါ ''





ဟု ပြန်ပြောတာကြောင့် လူခန့်လည်း ဆက်မမေးဖြစ်တော့။ မိမိုးကတော့ ရှက်ရွံ ့ရံွ ့မျ က်နှာလေးနဲ့





'' အားနာလိုက်တာ မောင်လေးရယ် . . .'' တဲ့။





ခုံကို သေသေခြာခြာသုတ်ပေးပြီးတော့ အဝတ်စလေးကို အိတ်ထဲ ပြန်ထည်လိုက်ကာ ခပ်ယဲ့ယဲ့လေးပြုံ းရင်း မိမိုးက စကားဆိုလာပြန်တယ်။





'' မမ မောင်လေးကိုမှီပြီး ခဏလောက်မှိန်းပါရစေ ''





လူခန့်လည်း သနားသလိုလိုရှိတာနဲ့ ခေါင်းအသာငြိမ့်ပြလိုက်တော့ သူမရဲ ့ခန္ဓာကိုယ်ဟာ လူခန့်ရဲ ့ဘက်ကို လဲပြို လို့လာပါကော။ သူမက ခေါင်းကို လူခန့် ပုခုံးပေါ်မှာ မှီရင်း လက်တစ်ဖက်ကလည်း လူခန့်ကို သိုင်းဖက်လိုက်တယ်။ လူခန့်က ထိန်းဖက်လေးပြန်ဖက်ထားလိုက်တော့ မိမိုးရဲ ့ ပျေ ာ့ပြောင်းတဲ့ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်နေဆဲ။





'' မသက်သာပါဘူး မောင်လေးရယ်။ အီစိမ့်နေတာပဲ . . .''





မိမိုးက လူခန့်ကို လေသံတိုးတိုးနဲ့ ခပ်ငြီးငြီးလေး ပြောပြနေတာ ကားမောင်းနေတဲ့ ဦးသောင်းငွေက ကြားသွားပြီး





'' ငါ့ကိုမှီအိပ်လည်းရပါတယ် ဟ။ ကောင်လေးကို ပလီပလာတွေ သွားလုပ်မနေပါနဲ့။ လာပါမိမိုးရယ် ''





လို့ လှမ်းခေါ်လိုက်တော့





'' ကိုယ့်ဘာသာကိုယ် ကားအေးအေးဆေးဆေးမောင်းပါရှင်ရယ်။ ရှင့် သမက်လောင်းလေး မှည့်တစ်ပေါက်မစွန်းစေရပါဘူး ''





သူမက ဦးသောင်းငွေကို မျ က်စောင်းလေးထိုးလို့ ရန်ပြန်တွေ့တယ်လေ။ ဦးသောင်းငွေကတော့ သဘောကျ ဟန်နဲ့ '' တဟား ဟား '' ရယ်ပြီး ကားကို ဆက်မောင်းနေတော့တယ်။ လူခန့်ကတော့ နှုတ်ဆိတ်လျှ က်။







မကွေးကိုရောက်တော့ မိမိုးညွှန်ပြတဲ့နေရာမှာ ဦးသောင်းငွေက ကားရပ်ပေးလိုက်တယ်။ မိမိုးလည်း လူခန့်တို့ကို နှုတ်ဆက်ပြီး ယိုင်နဲ့နဲ့ နဲ့ကားပေါ်ကဆင်းသွားတော့တာပေါ့။ ကားပေါ်ကမဆင်းခင် လူခန့်ကို ခပ်ဆွေးဆွေးလေး ကြည့်သွားသေးတယ်။





အဲ့ဒီနောက် လူခန့်တို့ ဆြာတပည့်လည်း မိမိုးကို လက်ပြပြီး ခရီးဆက်ခဲ့ကြပါတော့တယ်။







ဒီလိုနဲ့ လူခန့်တစ်ယောက် ဆြာဖြစ်သူ ဦးသောင်းငွေရဲ ့ ကုန်ကားမှာ စပါယ်ရာလိုက်ရင်း နယ်တကာ လှည့်နေရတော့တာပေါ့။ ဦးသောင်းငွေက သူ့ရဲ့ဝါသနာအရ ကြုံ ရင်ကြုံ သလို မိန်းမထွေတွေ ကားပေါ်တင်လာတတ်တယ်လေ။ လူခန့်ကတော့ ရေလိုက်သင့် ငါးလိုက်သင့်ပါပဲ။ ဒါပေမယ့် ကြွံ့ သွားအောင်တော့ ဘယ်တော့မှ မနေဘူး။ ဦးသောင်းငွေကလည်း ကွမ်းနဲ့ မိန်းမသာ ဖြတ်မရတာ ကျ န်တဲ့ အရက် ဖဲ လောင်းကစား ဘာဘာညာညာ ကမရှိ။ နောက်ဆုံးကုန်ကုန်ပြောရရင် ဆေးလိပ်တောင်မဖွာတတ်။ ပြီးတော့ သူ့ရဲ ့မိန်းမဇယားကလည်း ငွေရေးကြေးရေး ထွေထွေထူးထူး ကုန်တာမရှိဘဲ တစ်ခါတလေ လက်ဆောင်လေးဘာလေးလောက်နဲ့ပဲ ဇာတ်လမ်းပြတ်သွားတာမို့ ဆြာတပည့်နှစ်ယောက် ပိုက်ဆံစုမိကြတယ်။





ဦးသောင်းငွေက ကြုံ ရင်ကြုံ သလိုလူခန့်ကို ကားမောင်းသင်ပေးသလို မကြာခဏလည်း အစမ်းပေးမောင်းခိုင်းတယ်။ လူခန့်ကလည်း စိတ်ဝင်တစား ကြို းပမ်းသင်ယူတော့ မကြာခင်မှာပဲ ကားမောင်းအတော်ဟုတ်လာတော့တာပေါ့။ လူခန့်ဟာ ဦးတိတ်ရှောင်နဲ့ အပေးအယူလုပ်ထားတဲ့ ကတိကလည်းရှိသေးတာကြောင့် နွေရာသီရောက်လို့ ပူအိုက်လာတာကိုအကြောင်းပြပြီး ကားနားနေရတဲ့ညတွေမှာ အိမ်ထဲမှာမအိပ်တော့ဘဲ ကားနောက်ခန်းမှာထွက်အိပ်တော့တယ်။ လူခန့် ကားပေါ်ကို ပထမဦးဆုံးထွက်အိပ်တဲ့ညက စောင်တစ်ထည်ကိုပိုက်ပြီး မခေတ္တာကားနားကိုရောက်လာတယ်လေ။ လူခန့်က . . .





'' အစ်မ ဘာခိုင်းမလို့လည်း '' လို့မေးလိုက်တော့ . . . .





'' ဘာမှခိုင်းမလို့မဟုတ်ဘူး။ အအေးကြို က်ပြီး ကားပေါ်ထွက်အိပ်တာ စောင်မပါဘူးမဟုတ်လား။ ရော့. . .ဒီမှာ စောင် . . .မနက်စောစောပိုင်းတွေ အေးသေးတယ် ကိုယ်တော်လေးရဲ ့ . . .တကယ်တည်း . . .''





ဆိုပြီး စောင့်စောင့်အောင့်အောင့် ငြီးငြီးငြူ ငြူ လေးပြောလို့ လူခန့်ကို စောင်လာပေးရှာတယ်။ ပြီးတော့ အဓိပ္ပါယ်ပါပါလေးကြည့်လို့ တစ်ချ က်ပြုံ းပြပြီး အနားကပြန်ထွက်သွားပါကော။ သူမကြောင့် လူခန့်ရဲ ့ရင်ထဲမှာ လှိုင်းတပိုးလေးတွေ ထသွားတာတော့ အမှန်ပဲ။ မခတ္တာ လူခန့်မြင်ကွင်းထဲကပျေ ာက်သွားတော့ . . .





'' ကောင်လေး. . . ဖီးလ်တွေစွတ်တက်မနေနဲ့။ အဲ့ကလေးမလေးက မင်းကိုသက်သက်လာအီနေတာ။ တကယ်တော့ သူက မင်းအတွက်မဟုတ်ဘူး။ မင်းနောက်တော့ သိလာမှာပါ။ ကဲ . .လာ လာ ဝ နဲ့ အပျ င်းပြေစကားလေးဘာလေးပြောရအောင် ''





လူခန့်ရဲ ့နောက်ကနေ တရုတ်သံဝဲဝဲကြီးထွက်လာပြီး ဦးတိတ်ရှောင် ပေါ်လာပါတော့တယ်။





လူခန့်လည်း ဦးတိတ်ေရှောင်ကိုတွေ ့တွေ့ခြင်း





'' ဦးတိတ်ရှောင်ရယ် . . .ဒီတစ်နေ့တော့ အသင့်စားလေးနဲ့သာ ဖြေသိမ့်လိုက်ဦး။ ညနေကမှ ကားနားရတာဆိုတော့ ဒီနားမှာရှိတဲ့ စတိုးဆိုင်ကိုထွက်ပြီး ဦးလေးမသိအောင် ခိုးဝယ်ထားရတာ။ ကားက နောက်သုံးရက်လောက်ထပ်နားရဦးမယ်ထင်တယ်။ နောက်နေ့တွေကျ မှ အခေါက်ကင် တို့ ဘာတို့ ဝယ်ပေးမယ်နော် . . .''





ဟု ဆိုကာ ဘေးလွယ်အိတ်ထဲမှာ ဝှက်ထားတဲ့ အသင့်စား ဝက်ပေါင်ခြောက်ကင်ထုတ်လေးကို ထုတ်ပေးလိုက်တော့ တရုတ်ကြီးက





'' ရပါတယ် လု ရယ်။ ဝ လေ ဝက်သားနံ့ကို မရတာ အတော်ကြာပြီ။ ဒရိုင်ဘာ ဦးသောင်းငွေနဲ့ အုံနာဦးပုကို . . .ဝ က လူ့ကို ကိုယ်ထင်ပြနည်းကား ပြလို့မရဘူးလေ။ အသံတွေ အိပ်မက်တွေပဲ ပေးလို့ရတာ။ ဒါတောင် အကြာကြီး စကားပြောလို့မရဘူး။ ဘာကြောင့်အဲ့ဒီလို ဖြစ်တယ်ဆိုတာတော့ ဝ လည်းသေခြာမသိဘူး။ ဝ စိတ်အထင်တော့ . . . ဆြာတော်တွေ ပြောပြောနေတဲ့ ပဋ္ဌာန်းဆက်လားဘာလား အဲ့ဒါကြောင့်လို့ထင်တာပဲ။





ဝ က သူတို့ကို ဒီမှာ ဝ ရှိကြောင်း ပြောပြပြီး ဝက်သားတောင်းဖို့လုပ်လည်း သူတို့က ဝ အသံကြားတာနဲ့ ဟိုနတ်နှစ်ကောင်ထဲက တစ်ကောင်ထင်နေတော့ ဝက်သားဇာတ်လမ်းကို မရောက်လိုက်ဘဲ အချ ိန်ကုန် သွားရပြန်ကော။ ပြီးတော့ ဝ က ဒီကားကိုစွဲနေတာဆိုတော့ ဒီကားရှိတဲ့ အဝန်းအဝိုင်းလောက်ပဲ သွားလို့လာလို့ အဆင်ပြေတယ်လေ။ အဝန်းအပြင်ထွက်ချ င်ရင် မရဘူးတော့မဟုတ်ဘူး ရတော့ရတယ်။ ဟို နတ်ပြောရ ဒီနတ်ခွင့်ပန်ရနဲ့ လူ့ တို့ လူတွေ ပတ်စပို့လုပ်ရတာထက် သုံးဆလောက်ပိုကြာတယ်။





လူ့ရောက်လာလို့ ဝ ဆက်သွယ်ကြည့်လိုက်တာ . . . ဆက်သွယ်လို့ရတော့ ဝ အတော်ပျေ ာ်သွားတာပေါ့ ။ ကျေ းဇူးတင်ပါတယ် လူ့ ရယ်။ နောက်နေ့တွေလည်း ဒီနေ့လိုပဲ ဝ ဖို့ စီစဉ်ပေးပါဦး။ ''





ဟု အရှည်သဝေး ရှင်းပြပြီး ကျေ းဇူးတင်စကား ဆိုလေတယ်။ အဲ့ဒီနောက်





'' လူ့ အဲ့ဒီ ဝက်ပေါင်ခြောက်လေးတွေကို ဖြေးဖြေးချ င်းထုတ်စားလေ။ ဝ က လူ့စားနေတဲ့ အနံ့လေးရရင်အဆင်ပြေပြီ ''





ဦးတိတ်ရှောင်က ပြောပြန်တာကြောင့် လူခန့်လည်း သဘောကြလျှ က်





'' တယ်ဟုတ်ပါလား . . .''





ဟုဆိုကာ ဝက်ပေါင်ခြောက်ထုတ်ကိုဖောက်ပြီး တစ်ချေ ာင်းချ င်း ခပ်ဖြေးဖြေးထုတ်စားတော့တာပေါ့ ။





'' ကောင်လေးရေ . . .ခေတ္တာကို မင်းရင်မခုန်နဲ့ကွ။ ဝ က လူ ့ကို သူ့ထက်လှတဲ့ ကောင်မလေးနဲ့ ပေးစားမယ်။ ချ မ်းသာအောင်လည်း လုပ်ပေးဦးမယ်။ ဒါပေမယ့် လူ့က လူ့ရဲ ့ဆြာလို မိန်းမရှုပ်လို့တော့မရဘူး။ မိန်းမကိစ္စကင်းရှင်းရမယ်။ အသောက်အစား ဘက်ကတော့ လူ့ ကို ဝ က စိတ်ချ ပြီးသားပါ။ ဘယ်လိုလည်း . . .ဝ ကို ကတိပေးနိုင်လား ''





လူခန့် စားသောက်နေတာကို ဦးတိတ်ရှောင်က အနံ့ခံရင်း ပြောလိုက်ပြန်ရာ လူခန့်က





'' ဟာ . . .ဦးတိတ်ရှောင်ကလည်း . . .ခင်ဗျ ား ကျ ု ပ်ကို မိန်းမပေးစားတာ မပေးစားတာ. . . မတာ မ မ တာ အသာထားစမ်းပါ။ ကျ ု ပ်က ဦးလေးလို ရှုပ်ရှုပ်ယှက်ယှက်တွေ နဂိုလ်ကတည်းကကို ဝါသနာမပါတာ။ ပြီးတော့ မခတ္တာကိုလည်း ကိုယ့်အမ လိုပဲ သဘောထားတာပါဗျ ''





'' အေးလေ . . .ပြီးတာပဲ။ ဝ စကားကို နားထောင်ရင် အားလုံး လူ့ကောင်းစားဖို့အတွက်ချ ည်းပဲ ''





'' ဒါနဲ့ နေပါဦး။ ခင်ဗျ ား ပြောတော့ ကားရှိတဲ့ ခြံအပြင်ကနေထွက်ဖို့ခက်တယ်ဆို။ ကားကို အနီရောင်သုတ်ဖို့ကြ ဦးပုဆီ ဘယ်လိုလုပ်အိပ်မက်သွားပေးတာတုန်း ''





'' ဒါက ဒီလိုကွ။ တစ်နေ့ ဦးပု က လာဘ်ဖွင့် ဘာဖွင့် စသဖြင့်ပေါ့ကွာ သူ့ရဲ ့ နတ်အစီအရင်တွေလုပ်ချ င်တာနဲ့ ကားကို သူ့ခြံထဲမှာ တစ်ညခေါ်သိပ်တယ်လေ။ အဲ့ဒီနေ့ည အိမ်စောင့်နတ်လစ်တုန်း ငါလည်း ငါဖြစ်ချ င်တာလေး အဖိုးကြီး ကို အိမ်မက်ဝင်ပေးတာ . . . .ဘာမှတောင်မပြောလိုက်ရသေးဘူး . . . ' ကားအနီရောင်သုတ်ပေး။ ဒါဆို မ မယ် ' . . . ပဲရှိသေးတယ် အိမ်စောင့်နတ်ပြန် ဝင်လာလို့ ငါလစ်ခဲ့ရတယ်။





အဖိုးကြီးကတော့ မနက်ကမှ နတ်အစီအရင်တွေလုပ်ထားတာ။ ညကြအိပ်မက်ပေးတယ်ဆိုပြီး သိပ်ပျေ ာ်နေမှာပေါ့။ နောက်နေ့မနက်လည်းကြကော ဦးသောင်းငွေကို ခေါ်ပြီး ကားကို ချ က်ခြင်း အနီရောင်မှုတ်ခိုင်းတော့တာပဲ။ ''





'' သြော် . . .ဒီလိုလား။ ဒါဆို ခင်ဗျ ားက ဒီခြံထဲမှာလည်း သွားချ င်တိုင်းသွားမရဘူးပေါ့ ''





'' အဲ့လိုလည်း မဟုတ်ပြန်ဘူးကွ။ ဒီမှာကြတော့ အနေကြာပြီး ခြံစောင့်နတ်တွေ အိမ်စောင့်နတ်တွေ နဲ့ ငါနဲ့က ခင်နေကြပြီလေ။ အဲ့ဒီတော့ ငါ လွတ်လွတ်လပ်လပ်သွားလို့ လာလို့ရပါတယ် ''





'' ဒါဆို အစကတည်းက ခင်ဗျ ား ဦးလေးကို ဆက်သွယ်ပြီး ဝက်သားလေးဘာလေးမတောင်းဘူးလား ''





'' ဝ ပြောပါကော လူ့ရယ်. . .သူ့ကို ဆက်သွယ်ရတာက ခက်တယ်။ ဦးပုထက်တောင် ခက်သေးတယ်။ စကားလေး သုံးလေးခွန်းပြောဖို့တောင် မလွယ်ဘူး။ ဝ အထင်တော့ ဒီလူ မိန်းမသိပ်ရှုပ်လို့ထင်တယ်။ ဝ အထင်ကို ပြောတာနော် . . . .ဒါကြောင့် လူ့ကို လည်း ဝ ဆက်သွယ်လို့ရအောင် မိန်းမမရှုပ်ဖို့ပြောနေရတာပေါ့ ''





'' ဟုတ်ပါပြီ. . .ဦးတိတ်ရှောင်ရယ် . . .ကျ ု ပ် မိန်းမလည်း မရှုပ်ပါဘူး။ ခင်ဗျ ား ပြောသမျှ လည်း နားထောင်ပါ့မယ် . . .ပြီးတော့ ခင်ဗျ ားအတွက် နေ့တိုင်းလည်း ဝက်သားယူလာပေးပါ့မယ် ''





လူခန့်က နောက်ဆုံး ကျ န်တဲ့ ဝက်ပေါင်ခြောက်လေးကို ပါးစပ်ထဲသို့ထည့်ရင်း ပြောလိုက်ရာ ဦးတိတ်ရှောင်က





'' ကောင်းတယ် လူ့ရဲ ့။ ဝ စကားကိုနားထောင်ရင် လူ့ ကြီးပွားမှာပဲ။ ''





ဟု ထောပနာပြု လိုက်လေတော့တယ်။







လူခန့်က အားတဲ့အချ ိန်တိုင်း ကားကို တသသလုပ်နေတော့ အုံနာဦးပုက အရမ်းသဘောကြသလို ဒရိုင်ဘာ ဦးသောင်းငွေလည်း သူ့ရဲ ့တပည့်ကြောင့် မျ က်နှာရနေတော့တာပေါ့။ ကားမောင်းသင်တာကိုလည်း မခိုမကပ်ဘဲ ကြို းစားပမ်းစားသင်ယူလိုက်တော့ ဦးသောင်းငွေနဲ့ အတူအလုပ်တွဲလုပ်ပြီး တစ်နှစ်အတွင်းမှာပဲ တချ ို ့နေရာတွေမှာ ဦးသောင်းငွေ မျ က်နှာလွှဲလို့ရတဲ့အထိ တိုးတက်လာတော့တယ်။ ကားလေးမောင်းလိုင်စင်လည်း ရပြီးလို့ ကားကြီးလိုင်စင် လျေှ ာက်ဖို့ စောင့်နေရတာ။ ဦးပုကတော့ . . .ကားကိုသာ သေခြာမောင်းတတ်အောင်ကျ င့်ပါ။ သူ့နည်းသူ့ဟန်နဲ့ လိုင်စင်ကြီးကျ အောင်လုပ်ပေးမယ် . . .တဲ့။





ဒ့ါအပြင် လူခန့်နဲ့ ဦးတိတ်ရှောင်ရဲ ့ ဆက်ဆံရေးကလည်း အတော်ကို တိုးတက်လာခဲ့တယ်။ ဦးတိတ်ရှောင်က ညတိုင်းလိုလို လူခန့်မအိပ်ခင်ရောက်လာပြီး လူခန့်ယူလာတဲ့ ဝက်သားတစ်မျ ို းမျ ို းကို တောင်းလေ့ရှိတယ်လေ။ သူတို့နှစ်ယောက်သား စားသောက်ပြီးတဲ့အခါကြရင် စကားစမြည်ပြောကြပြီး လူခန့်ကို ကြော်နည်းလှာ်နည်းတွေသင်ပေးတော့တာပဲ။ နောက်ပိုင်းမှာတော့ လူခန့်လည်း ဦးတိတ်ရှောင်ရဲ ့ ပညာရပ်တွေကို စိတ်ဝင်စားလာတာနဲ့ မိုးကော ဆောင်းပါ အဆင်ပြေသွားအောင် ကားထားတဲ့ နေရာနားမှာ လေးတိုင်တဲလေးတစ်လုံးကို လေကာမိုးကာထိုးပြီး အိပ်လိုက်ဖြစ်တော့တယ်။ . . .ဦးသောင်းငွေတို့သားဖကိုတော့ အိမ်မကြီးထဲမှာ မိမိ နေရင် မခတ္တာ အနေကြပ်မှာဆိုးလို့ . . . ဘာဘာ ညာညာ စသဖြင့် ညာပြောရတာပေါ့။





ညရောက်ရင် ဦးတိတ်ရှောင်က လာသင်ပေးလိုက် . . .ကားနားရက်တွေဆို လူခန့်က အစ်မတွေအိမ်သွားပြီး လက်စွမ်းပြလိုက် . . . ဦးသောင်းငွေတို့ သားအဖကို လက်စွမ်းပြလိုက်နဲ့ အလုပ်ကို ဖြစ်နေကြတာ။ ကြော်ဖို့ လှော်ဖို့ ပစ္စည်း ပစ္စယတွေကိုလည်း ဦတိတ်ရှောင်ရဲ ့လမ်းညွှန်မှုနဲ့ လူခန့်ကကိုယ်ပိုင်ပဲဝယ်ချ မ်းထားလိုက်တော့တယ် ။





ဦးသောင်းငွေဆို လူခန့်ကြော်တဲ့ ခေါက်ဆွဲကြော်ကို အရမ်းကြို က်လို့ တစ်နေ့တည်း သုံးခါ ပြန်ကြော်ခိုင်းပြီး စားရသလို ခတ္တာကလည်း လူခန့်ရဲ ့ ကြက်ကုန်းဘောင်ကို အသဲစွဲဖြစ်နေတော့တာ။ မကြီးအိမ်ရောက်ရင်တော့ ချ ို ချ ဉ်ကြော်နဲ့ ချ ဉ်ငံစပ် ဟင်းချ ို လုပ်ပေးရတာကမျ ားတယ်။ အဲ့ဒါတွေက ယောက်ဖတော်ရဲ ့ အကြို က်တွေလေ။





လူခန့်ရဲ ့ ဟင်းချ က်ကောင်းမှုအတွက် ဝိုင်းဝန်းချ ီးမွမ်းကြပြီး ဒါတွေဘယ်လိုလုပ်တတ်လာတာလဲ မေးမြန်းကြတော့ လူခန့်လည်း ဦးသောင်းငွေတို့ သားအဖကို . . . . မကြီးသင်ပေးထားတာ လိုလို ဘာလိုလို အာဖျ ံကွီးလိုက်ရပြီး မကြီးတို့လင်မယားကိုတော့ . . .ဦးသောင်းငွေ ဆီကတတ်သယောင်ယောင်နဲ့ ညာပြောလိုက်တော့တာပေါ့။





အုံနာဦးပု နတ်ဆက်ဖို့ကိုလည်း လူခန့်က ကြက်ကောင်လုံးပေါင်းနဲ့ ကြက်ပေါင်အရွကြော် တွေကို ရှယ် လုပ်ပေးလိုက်တာကြောင့် ဦးပုကြီး ခမြာ ဝမ်းမြောက်ဝမ်းသာအရမ်းဖြစ်ပြီး လူခန့်ကို ချ ီးကျ ူ းလို့ကို မဆုံးနိုင်တော့ဘူး။







ကားထွက်လိုက် အိမ်ပြန်နားလိုက် ကြော်လိုက်ချ က်လိုက်နဲ့ ရက်တွေ လတွေကြာလာတာနဲ့အမျှ ဦးသောင်းငွေတို့ သားအဖနဲ့ လူခန့်ရဲ ့ ကြားက သံယောဇဉ်ကလည်း ခိုင်မြဲ သထက်ခိုင်မြဲလာခဲ့တော့တယ်။ မခတ္တာနဲ့လူခန့်လည်း အနေအထိုင် အပြောအဆို အတော်ကို ရင်းနှီးလာပြီး လက်ပွန်းတတီးဖြစ်လာကြတော့တာပေါ့။





လူခန့်က ခတ္တာ ရဲ ့ အပေါ်မှာ စိတ်ဝင်စားသယောင်ရှိပေမယ့် တစ်ခါက ဦးတိတ်ရှောင် သတိပေးထားဖူးတာကတစ်ကြောင်း သူမရဲ ့အတွင်းစိတ်က မိမိအပေါ်မှာ ဘယ်လို သဘောထားမှန် မသိနိုင်တာက တစ်ကြောင်းကြောင့် လူခန့်ဟာ ခတ္တာကို ဖွင့်ပြောဖို့ တုန့်ဆိုင်းနေရတာ။ အပြင်ပန်း ကြည့်ပြီး ဆုံးဖြတ်ရရင်တော့ ခတ္တာကလည်း လူခန့်အပေါ်မှာ စိတ်ဝင်စားသလိုလို ရေလောင်းမြောင်းပေးနေသလိုလို လုပ်နေတာက အမှန်။ ဦးသောင်းငွေကတော့ မသိသယောင်ဆောင်နေတာလား အတယ်ပဲမသိတာလား မဆိုနိုင်ဘူး။ အဲ့ဒီကိစ္စအတွက် ဘာစကားမှ ဟမလာဘူးလေ။







တစ်ညတော့ ရာသီဥတုက ခပ်အေးအေးရှိတာနဲ့ လူခန့်လည်း စောင်လေးခြုံ ပြီး တဲလေးထဲမှာ ကွေးနေလိုက်တယ်။ ည သန်းခေါင်လောက်ကျ တော့ ဦးတိတ်ရှောင် ပေါ်လာပြီး ပြာယိပြာယာဟန်နဲ့ လူခန့်ကို နှိုးတော့တာပဲ။





'' ကောင်လေး . . .ထ ထ . . .တင်ဦးတို့ ငမူးတစ်သိုက် နောက်ဖေးပေါက်ကနေ ခြံထဲဝင်လာပြီး ဦးသောင်းငွေတို့ အိမ်ဆီကို သွားနေကြပြီ။ တင်ဦး လက်ထဲမှာလည်း ဓာတ်ဆီပုံးလို ပုံးတစ်ပုံး ကိုင်ထားသေးတယ်။ မဟုတ်မှ လွဲကော . .ဒီကောင်တွေ အိမ်မီးရှို ့မလို့ထင်တယ် ''





လူခန့်လည်း စိုးရိမ်သွားပြီး . . .





'' တင်ဦး . . .ဒီကောင်အလုပ်ပြု တ်တာ ဦးလေးကြောင့်ရယ်လို့ ဦးလေးကို အငြို းထား ဒုက္ခပေးချ င်ပုံရတယ်။ မဖြစ်ဘူး . . .ဒီကောင်တွေကို မောင်းထုတ်မှ ရမယ် ''





ဟူ၍ အိပ်ယာမှ ခပ်မြန်မြန်ထပြီး ဦးသောင်းငွေ တို့အိမ်ဘက်ကို သွားဖို့လုပ်တော့ ဦးတိတ်ရှောင်က





'' ဟိုက လူလေးယောက်လောက်ရှိတယ်။ ဘာပဲဖြစ်ဖြစ် လေးခွတော့ယူသွားဦး။ ငမူးတွေဆိုပေမယ့် ပေါ့လို့မဖြစ်ဘူး။ ကားခေါင်းခန်းထဲက ထိုင်ခုံနောက်မှာ လေးခွရှိတယ်မဟုတ်လား ''





ဟု သတိပေး လိုက်တော့မှ လူခန့်လည်း ကားခေါင်းထဲမှာ လေးခွ ထားထားတာကို သတိရပြီး တစ်ခါတည်းဝင်ယူခဲ့တော့တာပေါ့။



.



.



.



.



.



လူခန့် အိမ်နားကိုရောက်သွားတော့ အမှောင်ရိပ်မှာ ကုတ်ခြောင်းခြောင်းလုပ်ပြီး မကောင်ကြံဖို့ ကြို းစားနေတဲ့ ငမူးလေးကောင်ကို တွေ ့ရတယ်။ လူခန့်လည်း သစ်ပင်တစ်ပင်ကို ကွယ်လိုက်ပြီး မပြောမဆိုနဲ့ ထိုသူတွေဆီကို လောက်စာလုံးတွေနဲ့ ပြစ်ခတ်တော့တာပေါ့။ ငမူးတွေလည်း နဖူးကွဲ ခေါင်းပေါက်ဖြစ်ပြီး . . .အမလေး အဘလေး. . .တလို့ ကြောက်အားလန့်အားနဲ့ ထွက်ပြေးကြတော့တယ်။





ငမူးတွေရဲ ့ အော်သံဟစ်သံကြောင့် ဦးသောင်းငွေနိုးလာပြီး အိမ်တံခါးဖွင့်လို့ ဒုတ်တစ်ချေ ာင်းနဲ့ ထွက်လာတယ်လေ။ ဓာတ်မီးနဲ့ ထိုးကြည့်လို့ ပြေးသွားတဲ့ တင်ဦးတို့ကို မြင်တော့





'' ခွေးမသားတွေ . . .'' ဆိုပြီးနောက်ကလိုက်သွားတာ လူခန့်တောင် တားချ ိန်မရလိုက်ဘူး။ ခပ်လှမ်းလှမ်းအရောက်မှာ ဦးသောင်းငွေဟာ သစ်ပင်မြစ်ကို ခလုတ်တိုက်ပြီး ဟတ်ထိုးလည်းပါကော။ အဲ့ဒီတော့မှ လူခန့်လည်း ဦးသောင်းငွေဆီ အပြေးသွားထူပေးလိုက်ရတော့တာပေါ့။ ခတ္တာကလည်း အိပ်မှုံ့စုံဝါးနဲ့ အိမ်ထဲက ထွက်လာပြီး





'' ဟင် . . .ဖေဖေ ဖေဖေ ဘာဖြစ်တာလည်း '' ဟု စိုးရိမ်တကြီးအော်ဟစ်လို့ လူခန့်တို့အနားကို အပြေးရောက်လာပါတော့တယ်။





ဦးတိတ်ရှောင်ကတော့ ဦးသောင်းငွေရဲ ့ဖြစ်အင်ကိုကြည့်ပြီး တခွိခွိ သဘောကြလျှ က်။









မနက်ကျ တော့ လူခန့်က ရပ်ကွက်ရုံးကို တိုင် ရဲကိုပါခေါ်ပြီး တင်ဦးတို့ကို ပညာပေးလိုက်တော့ ငမူးတွေလည်း ငိုယိုပြီး မှားမိကြောင်းတောင်းပန်ကြတယ်။ နောက်နောင် ဒီလို မဖြစ်စေရပါဘူးလို့လည်း ကတိတွေအထပ်ထပ်ပေးကြတော့ လူခန့်လည်း သူတို့ မိန်းမတွေ ကလေးတွေကို သနားတာနဲ့ ကြေအေးပေးလိုက်တယ်လေ။





တင်ဦးတို့နဲ့ ဇာတ်လမ်းပြတ်သွားပေမယ့် ဦးသောင်းငွေကတော့ ကိုယ်ဒေါသနဲ့ကိုယ် ခလုတ်တိုက်လည်းတာ လက်ဖျ ံရိုးအက်သွားလို့ ဆေးကုနေရပြီး ကားမထွက်နိုင်တော့။ ဒါပေမယ့် အုံနာဦးပုက ဦးသောင်းငွေကို အပြစ်မတင်တဲ့အပြင် ဆေးကုသစရိတ်တွေပါ အားလုံးအကုန်ခံရှာတယ်။





'' ကားမထွက်နိုင်တာက ကိစ္စမရှိဘူး။ ကျွ န်တော့်မှာ နောက်ထပ်ကား ၅ စီးရှိသေးတာပဲ။ အဲ့ဒါတွေနဲ့ အဆင်ပြေအောင် လွှဲပေးလိုက်လို့ရတယ်။ ခင်ဗျ ားသာ စိတ်အေးလက်အေးနားပြီး ဒဏ်ရာသက်သာအောင်ကု ''





တဲ့။





ဒါ့အပြင် ဦးပုက . . .





'' ဒီကားက ရပ်ထားရမယ့်အတူတူ ငါ့တူကြီးမောင်းပြီး မြို ့ထဲမှာ အကြောင်းတို ကုန်တိုက်ပါလား။ ဦးလေးက ငါ့တူကို ဒရိုင်ဘာခ ကြည့်ပေးမယ်လေ။ မင်းမှာ ကားလေးလိုင်စင်လည်းရထားပြီပဲ။ မြို ့ထဲမှာက သိပ်မစစ်ပါဘူး။ စစ်တော့လည်း ဦးလေးဆီ ဖုန်လှမ်းဆက်လိုက်။ ဦးလေးကြည့်ကျ က် ရှင်းပေးမယ် ''





ဟု လူခန့်ကို ကမ်းလှမ်းလာတာကြောင့် လူခန့်လည်း အလုပ်အအားမနေလိုတာနဲ့ ခေါင်းငြိမ့်လိုက်တော့တယ်။





ဦးပုက လူခန့်ကို ခင်မင်ရင်းစွဲရှိတော့ ခုလိုသူပေးတဲ့အလုပ်ကို လက်ခံလိုက်တာကို အတော်ဝမ်းသာသွားတဲ့ပုံ။ မနက်ဖန် မနက် ကားစထွက်ရမယ့်အကြောင်း . . . မနက်ကျ ရင် လူခန့်အဖို့ စပါယ်ရာ တစ်ယောက် သူလွှတ်ပေးလိုက်မယ့်အကြောင်း စသဖြင့် ပြောကြားပြီး ဆိုက်ကားငှါးလို့ အိမ်ပြန်သွားတော့တယ်။ မပြန်ခင် လူခန့်အနားကပ်ပြီး ကားနားတဲ့ ရက်တစ်ရက် ရက် မှာ သူနတ်တင်ဖို့ ကြက်ကောင်လုံးကြော် နှစ်ကောင်လောက် ရှယ် လုပ်ပေးဖို့ ပူဆာသွားသေးတယ်လေ။





ဦးသောင်းငွေကတော့ . . .





'' ကြို းစားကွ ဒါမင်းအတွက် အခွင့်အရေးပဲ ''





လို့ ဝမ်းမြောက်စွာနဲ့ လူခန့်ကို အားပေးစကားပြောကြားလိုက်ပါတော့တယ်။



.



.



.



ဆက်ရန်





အမြင့်ကြောက်သော ငှက်